Friday, May 3, 2013
ယိုင်သေရွာတွင် ဒဏ်ရာအပြင်းအထန်ရသူ ရခိုင်အမျိုးသား ခုနစ်လအကြာတွင် ကွယ်လွန်
Posted on 6:27 PM by tun tun
===================
စစ်တွေ ၊ ၃ မေလ ၂၀၁၃ ၊ Coral Arakan News ၊ [ Obituary ]
လွန်ခဲ့သော ခုနစ်လခန့်က မြောက်ဦးမြို့နယ် ယိုင်သေရွာ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ရပ်တွင်
ထိုတိုက်ပွဲတွင် ဦးအောင်ရွှေမြ ရရှိခဲ့သော ဒဏ်ရာများအနက် ၀မ်းဗိုက်တွင် ဂျင်ကလိမြှားစူးထိသော ဒဏ်ရာနှင့် ၀မ်းဗိုက် လှံချက်ထိသော ဒဏ်ရာတို့ကြောင့် အသက် ဆုံးပါးသွားရခြင်းဖြစ်သည်။
တိုက်ပွဲတွင် အဆိုပါ ဒဏ်ရာများအပြင် ဦးခွံထိခိုက်သည့် ဒဏ်ရာ၊ မေးရိုးပြုတ်သွားသည့် ဒဏ်ရာများအပြင် ခြေထောက်တစ်ဖက်ပါ ကျိုးကျန်ရစ်ခဲ့သည်။
မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးအောင်ရွှေမြ ( ၅၀-နှစ်) ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူအပြင် သမီး နှစ်ယောက် နှင့် သားတစ်ယောက်ကျန်ရစ်ခဲ့သည်။
၎င်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ယနေ့မွန်းလွဲ သုံးနာရီတွင် စစ်တွေမြို့ရင်ခွဲရုံမှ အာကျိပ်တော်ကုန်း သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မည် ဖြစ်သည်။ FACEBOOK
Subscribe to:
Post Comments (Atom)
No Response to "ယိုင်သေရွာတွင် ဒဏ်ရာအပြင်းအထန်ရသူ ရခိုင်အမျိုးသား ခုနစ်လအကြာတွင် ကွယ်လွန်"
Leave A Reply