Wednesday, October 16, 2013
တရားမ၀င် ၀င်ရောက်မှု တားဆီးရေးပါဝင်သည့် ရခိုင်တိုင်းရင်းသားတို့၏ တင်ပြချက်ကို အမြန်ဆောင်ရွက်ပေးရန် သမ္မတထံ သူရဦးရွှေမန်း တောင်းဆို
Posted on 5:29 PM
Tuesday, October 15, 2013
သံတွဲမှ ပြောင်းရွှေ့ခံရသူများ ကျောက်ဖြူထောင်ထဲတွင် ညှဉ်းပမ်းနှိပ်စက်ခံရပြီး (၇) ဦး တိုက်ပိတ်ခံထားရ
သတင်း — October 15, 2013 at 9:40 am
(နိရဉ္စရာ- ၁၅ အောက်တိုဘာ ၂၀၁၃)
သံတွဲမြို့ ပဋိပက္ခနှင့် ဆက်စပ် ဖမ်းဆီးခံရပြီး ကျောက်ဖြူထောင်သို့ ပြောင်းရွှေ့ခံရထားရသူများကို အာဏာပိုင်များက ကျောက်ဖြူထောင်ထဲတွင် ပြင်းပြင်းထန်ထန် ညှဉ်းပမ်းနှိပ်စက်နေကြောင်း သတင်း ရရှိသည်။
ယင်းပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးစောလိုင် (ခေါ်) ဦးမောင်ပု အပါအ၀င် လူ (၇) ဦးကိုလည်း ကျောက်ဖြူထောင်ထဲတွင် တိုက်ပိတ်ထားသည်ဟု ထောင်ထဲမှ များမကြာခင်က လွှတ်မြောက်လာသူများကို ကိုးကားပြီး ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။
“ သူတို့ နဲ့ ကျနော်တို့ မနေ့ညဉ့်က သွားတွေ့ပါတယ်။ ထောင်ထဲမှာ သံတွဲက ပြောင်းရွှေ့ခံရတဲ့ သူတွေကို နေပြည်တော် ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးတဲ့အခါ အကြီးအကျယ် ညှဉ်းပမ်းနှိပ်စက်မူတွေ ရှိတယ်လို့ ပြောပါတယ်။ နံပတ်တုတ်တွေနဲ့ ရိုက်ပုတ်ပြီး လူမဆံစွာ စစ်ဆေးတယ်လို့ သိရပါတယ်။ အဲဒီအထဲက ခုနှစ်ဦးကိုလည်း တိုက်ပိတ်ထားတယ်လို့ သူတို့က ပြောဆိုသွားပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာရဲတပ်ဖွဲ့ အနေဖြင့် အမူစစ်ဆေးသော အခါ စီစီပီစီ ကင်မရာတပ်ဆင်ထားမည် ဖြစ်ပြီး စစ်ဆေးချိန်တွင်လည်း ပြည်သူများရှေ့မှောက်တွင် စစ်ဆေးသွားမည် ဖြစ်ကြောင်းကို အစိုးရပိုင် သတင်းစာများတွင် မကြာခဏ ဖေါ်ပြနေသော်လည်း လက်တွေ့တွင် အပြောနှင့် အလုပ် တစ်ခြားစီ ဖြစ်နေသဖြင့် အစိုးရ အပေါ် ယုံကြည်မူ လုံးဝ လျှော့ကျသွားကြောင်း ဦးသန္တာမောင်က ပြောသည်။
“ အခု သူတို့ ပြောတာကတော့ တရားခံတွေကို ဖမ်းဆီး စစ်ဆေးစဉ် စီစီပီစီ ကင်မရာတွေ တပ်ဆင်ထားမယ်။ ပြည်သူတွေ ရှေ့မှောက် စစ်ဆေးမယ် စသဖြင့် ကျနော်တို့ သတင်းစာမှာ ရေးသားထားတာကို နေ့တိုင်းလိုလို ဖတ်နေရတယ်။ အခု ကျောက်ဖြူထောင်ထဲမှာ သံတွဲက ပြောင်းရွှေ့လာတဲ့သူတွေကို နေပြည်တော်က ရဲတွေ ပြင်းပြင်းထန်ထန် ညှဉ်းပမ်းနှိပ်စက်နေတယ်လို့ကြား ရတယ်။ ကျွန်တော်တို့က ဒါမျိုးတွေကို လုံးဝ မခံချင်ဘူး။ အစိုးရ အပေါ် အယုံကြည်တွေ ပျက်သွားပြီ” ဟု ဆိုသည်။
နေပြည်တော်မှ လာရောက် စစ်ဆေးသော ရဲများသည် သံတွဲထောင်မှ ပြောင်းရွှေ့ခံရသူ ၁၇ ဦးအား ညဥ့်လုံးပေါက် စစ်ဆေးမူများ ပြုလုပ်ကြောင်း၊ ယခင် စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးပုံစံမျိုး ညှဉ်းပမ်းနှိပ်စက်မူုများ ရှိကြောင်း ကြားသိရသည်ဟု သူက ဆိုသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သူ့အစိုးရ အနေဖြင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ရမည် ဖြစ်ကြောင်း အာမခံထားသော်လည်း လက်တွေ့တွင် သက်ဆိုင်ရာ အာဏာပိုင်များသည် ဥပဒေမဲ့ ဖမ်းဆီး ညှဉ်းပမ်း နှိပ်စက်ခြင်းများကို ဆက်လက် ပြုလုပ်နေကြသဖြင့် သမ္မတ၏ ပြောစကား အပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။
“ အခြေခံ ဥပဒေမှာ လူ တစ်ဦးကို ၂၄ နာရီထက် ဥပဒေမဲ့ ပိုမချုပ်ရဘူးလို့ ပြောဆိုထားတယ်။ အခု ၂၄ နာရီမကဘူး။ ရက်ပေါင်းများစွာ ရှိပြီး။ တရားရုံးလည်း မတင်ဘူး။ ဖမ်းဝရမ်းလည်း မပါဘဲနဲ့ ထိန်းသိမ်းထားတာ အခုဆိုရင် ၁၀ ရက်ကျော်သွားပြီ။ ဒါက ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်နိုင်ပါမလဲ” ဟု ၎င်းက ဆိုသည်။
သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးခံရသူ ယခုအခါ ၇၈ ဦး ရှိပြီး ထိုအထဲမှ ရခိုင်အမျိုးသား ၁၇ ဦးကို ကျောက်ဖြူထောင်သို့ အောက်တိုဘာလ ၁၀ ရက်နေ့ ညဥ့်အချိန်တွင် ပြောင်းရွှေ့ ယူဆောင်သွားခဲ့သည်။
၎င်း ထောင်ပြောင်းရွှေ့ခံရသူများကို နေပြည်တော်မှ ရဲတပ်ဖွဲ့ တစ်ခုမှ သံတွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လာရောက် စစ်ဆေးနေပြီး စစ်ဆေးစဉ် အတွင်း လူမဆံစွာ ညှဉ်းပမ်း နှိပ်စက်မူများ ရှိကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ယနေ ၅ နာရီခန့်တွင် ၎င်း ၁၇ ဦးထဲမှ သုံးကို ပြန်လည် လွှတ်ပေးခဲ့ရာ တစ်ဦးကို ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သော်လည်း ကျန် (၂) ဦးကို မူ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
တရားသေ ကွင်းလုံးကျွတ် လွတ်မြောက်လာသူမှာ သတွဲမြို့နယ် နာရေး ကူညီမှုအသင်းဥက္ကဌ ဦးဝင်းကိုလေးဖြစ်ပြီး အာမခံ (ခံဝန်) ဖြင့် လွှတ်မြောက်လာသူများမှာ မိုးမြင့်အောင်(ခ) ကိုယ်ငယ် နှင့် ဦးဌေးအောင် (အမျိုးဘာသာ သာသနာ ကူညီ စောင့်ရှောက်ရေး အသင်း) တို့ ဖြစ်ကြသည်။
- See more at: http://www.narinjara.com/burmese/?p=7385#sthash.3viOUT2a.dpufသံတွဲမြို့ ပဋိပက္ခနှင့် ဆက်စပ် ဖမ်းဆီးခံရပြီး ကျောက်ဖြူထောင်သို့ ပြောင်းရွှေ့ခံရထားရသူများကို အာဏာပိုင်များက ကျောက်ဖြူထောင်ထဲတွင် ပြင်းပြင်းထန်ထန် ညှဉ်းပမ်းနှိပ်စက်နေကြောင်း သတင်း ရရှိသည်။
ယင်းပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ သံတွဲမြို့နယ် ဥက္ကဌ ဦးစောလိုင် (ခေါ်) ဦးမောင်ပု အပါအ၀င် လူ (၇) ဦးကိုလည်း ကျောက်ဖြူထောင်ထဲတွင် တိုက်ပိတ်ထားသည်ဟု ထောင်ထဲမှ များမကြာခင်က လွှတ်မြောက်လာသူများကို ကိုးကားပြီး ကျောက်ဖြူ ဒေသခံ ဦးသန္တာမောင်က ပြောသည်။
“ သူတို့ နဲ့ ကျနော်တို့ မနေ့ညဉ့်က သွားတွေ့ပါတယ်။ ထောင်ထဲမှာ သံတွဲက ပြောင်းရွှေ့ခံရတဲ့ သူတွေကို နေပြည်တော် ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးတဲ့အခါ အကြီးအကျယ် ညှဉ်းပမ်းနှိပ်စက်မူတွေ ရှိတယ်လို့ ပြောပါတယ်။ နံပတ်တုတ်တွေနဲ့ ရိုက်ပုတ်ပြီး လူမဆံစွာ စစ်ဆေးတယ်လို့ သိရပါတယ်။ အဲဒီအထဲက ခုနှစ်ဦးကိုလည်း တိုက်ပိတ်ထားတယ်လို့ သူတို့က ပြောဆိုသွားပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာရဲတပ်ဖွဲ့ အနေဖြင့် အမူစစ်ဆေးသော အခါ စီစီပီစီ ကင်မရာတပ်ဆင်ထားမည် ဖြစ်ပြီး စစ်ဆေးချိန်တွင်လည်း ပြည်သူများရှေ့မှောက်တွင် စစ်ဆေးသွားမည် ဖြစ်ကြောင်းကို အစိုးရပိုင် သတင်းစာများတွင် မကြာခဏ ဖေါ်ပြနေသော်လည်း လက်တွေ့တွင် အပြောနှင့် အလုပ် တစ်ခြားစီ ဖြစ်နေသဖြင့် အစိုးရ အပေါ် ယုံကြည်မူ လုံးဝ လျှော့ကျသွားကြောင်း ဦးသန္တာမောင်က ပြောသည်။
“ အခု သူတို့ ပြောတာကတော့ တရားခံတွေကို ဖမ်းဆီး စစ်ဆေးစဉ် စီစီပီစီ ကင်မရာတွေ တပ်ဆင်ထားမယ်။ ပြည်သူတွေ ရှေ့မှောက် စစ်ဆေးမယ် စသဖြင့် ကျနော်တို့ သတင်းစာမှာ ရေးသားထားတာကို နေ့တိုင်းလိုလို ဖတ်နေရတယ်။ အခု ကျောက်ဖြူထောင်ထဲမှာ သံတွဲက ပြောင်းရွှေ့လာတဲ့သူတွေကို နေပြည်တော်က ရဲတွေ ပြင်းပြင်းထန်ထန် ညှဉ်းပမ်းနှိပ်စက်နေတယ်လို့ကြား
နေပြည်တော်မှ လာရောက် စစ်ဆေးသော ရဲများသည် သံတွဲထောင်မှ ပြောင်းရွှေ့ခံရသူ ၁၇ ဦးအား ညဥ့်လုံးပေါက် စစ်ဆေးမူများ ပြုလုပ်ကြောင်း၊ ယခင် စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးပုံစံမျိုး ညှဉ်းပမ်းနှိပ်စက်မူုများ ရှိကြောင်း ကြားသိရသည်ဟု သူက ဆိုသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သူ့အစိုးရ အနေဖြင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ရမည် ဖြစ်ကြောင်း အာမခံထားသော်လည်း လက်တွေ့တွင် သက်ဆိုင်ရာ အာဏာပိုင်များသည် ဥပဒေမဲ့ ဖမ်းဆီး ညှဉ်းပမ်း နှိပ်စက်ခြင်းများကို ဆက်လက် ပြုလုပ်နေကြသဖြင့် သမ္မတ၏ ပြောစကား အပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။
“ အခြေခံ ဥပဒေမှာ လူ တစ်ဦးကို ၂၄ နာရီထက် ဥပဒေမဲ့ ပိုမချုပ်ရဘူးလို့ ပြောဆိုထားတယ်။ အခု ၂၄ နာရီမကဘူး။ ရက်ပေါင်းများစွာ ရှိပြီး။ တရားရုံးလည်း မတင်ဘူး။ ဖမ်းဝရမ်းလည်း မပါဘဲနဲ့ ထိန်းသိမ်းထားတာ အခုဆိုရင် ၁၀ ရက်ကျော်သွားပြီ။ ဒါက ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်နိုင်ပါမလဲ” ဟု ၎င်းက ဆိုသည်။
သံတွဲပဋိပက္ခကြောင့် ဖမ်းဆီးခံရသူ ယခုအခါ ၇၈ ဦး ရှိပြီး ထိုအထဲမှ ရခိုင်အမျိုးသား ၁၇ ဦးကို ကျောက်ဖြူထောင်သို့ အောက်တိုဘာလ ၁၀ ရက်နေ့ ညဥ့်အချိန်တွင် ပြောင်းရွှေ့ ယူဆောင်သွားခဲ့သည်။
၎င်း ထောင်ပြောင်းရွှေ့ခံရသူများကို နေပြည်တော်မှ ရဲတပ်ဖွဲ့ တစ်ခုမှ သံတွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လာရောက် စစ်ဆေးနေပြီး စစ်ဆေးစဉ် အတွင်း လူမဆံစွာ ညှဉ်းပမ်း နှိပ်စက်မူများ ရှိကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ယနေ ၅ နာရီခန့်တွင် ၎င်း ၁၇ ဦးထဲမှ သုံးကို ပြန်လည် လွှတ်ပေးခဲ့ရာ တစ်ဦးကို ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သော်လည်း ကျန် (၂) ဦးကို မူ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
တရားသေ ကွင်းလုံးကျွတ် လွတ်မြောက်လာသူမှာ သတွဲမြို့နယ် နာရေး ကူညီမှုအသင်းဥက္ကဌ ဦးဝင်းကိုလေးဖြစ်ပြီး အာမခံ (ခံဝန်) ဖြင့် လွှတ်မြောက်လာသူများမှာ မိုးမြင့်အောင်(ခ) ကိုယ်ငယ် နှင့် ဦးဌေးအောင် (အမျိုးဘာသာ သာသနာ ကူညီ စောင့်ရှောက်ရေး အသင်း) တို့ ဖြစ်ကြသည်။
Posted on 8:10 PM
Monday, October 14, 2013
အချိန် ၅ မိနစ်လောက်ပေးပြီး ကြည့်စေချင်ပါတယ် ( သင်ရဲ့ အပြုအမူ သင့်ရဲ့ စေတနာ သင်ရဲ့တစ်ခြားသောသူအပေါ်ထားသော မေတ္တာသည် သေချာပေါက် သင့်ဆီ ပြန်လာမှာပါ(သို့ ) သင့်ကို ပြန်အကျိုးပေးမှာပါ ) မေတ္တာတရားသည် ရောင်ပြန်ဟပ်သည် ဆိုတာကိုလက်ခံရင်
Posted on 6:01 PM
လူတွေလေးစားအတုယူသင့်ပါတယ် ... ကိုယ့်သားသမီးမဟုတ်ဘူးဆိုပြီး သားသမီးချင်းကိုယ်ချင်းမစာနာတက်သောသူများအတွက်
Posted on 5:22 PM
ဒေါက်တာအေးချမ်း ရောက်နေချိန်မှာ နိုင်ငံတော်က သမိုင်းညီလာခံတခုကို ပြုလုပ်ပေးသင့်တယ်
photo.
------------------------------ ------------------------------ ------------------------------------
တနေ
့က ဒေါက်တာအေးချမ်းနဲ့  စကားပြောဖြစ်ပါတယ် ။ ရခိုင်ပြည်လုံးဆိုင်ရာ
ညီလာခံကို သွားမှာမို့  စာတမ်းတစောင် ရေးနေတယ်လို့  ပြောပြတယ် ။ ခုတော့
ဒေါက်တာအေးချမ်းဟာ ရန်ကုန်ကို ရောက်သွားပါပြီ ။ လေဆိပ်မှာ ကြိုနေကြတဲ့ 
ရခိုင်လူမျိုးတွေကို မြင်တော့ မျက်ရည်တောင် ၀ဲမိပါတယ် ။ ရုပ်ရှင်သရုပ်ဆောင်
နေထက်လင်း ၊ ရခိုင်အဆိုကျော်များဖြစ်ကြတဲ့  ၀င်းကိုခိုင် ၊ ညီမင်းခိုင်တို
့လို အနုပညာရှင်တွေလဲဘဲ ဒေါက်တာအေးချမ်းကို ကြိုဆိုနေတဲ့  ပြည်သူတွေရဲ့ 
ရှေ့မှာ မြင်ရတော့ အတူတူ လက်တွဲ ရှိနေပါလားဆိုတာတွေးပြီး သူတို့ ကိုလဲ
ကျေးဇူးတင်ဖြစ်ပါတယ် ။
မကြာသေးခင်က နယူးယောက်မြို့ မှာ ကရင်လူမျိုး ဖိုးခွါးနဲ့  ရွှေည၀ါဆရာတော်
ရောက်လာချိန် ဘုန်းကြီးကျောင်းမှာ စကားပြောဖြစ်ကြပါသေးတယ် ။ ဖိုးခွါးက
အခုဆိုရင် ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးကျော် ကွယ်လွန်သွားပြီ ဆိုတော့
ဒေါက်တာအေးချမ်းတယောက်ဘဲ ရှိတော့တယ် ။ ဒါကြောင့် ခင်ဗျားတို့ က
ဒေါက်တာအေးချမ်းရဲ့  ကျမ်းမာရေးကို ဂရုစိုက်ပေးပါလို့  ပြောရှာပါတယ် ။ သူ
မသေသင့်ဘူးနော် ။ သူ့ မှာ အလုပ်တွေ အများကြီး လုပ်စရာတွေ ရှိသေးတယ် ။
ဒေါက်တာအေးချမ်းကိုလဲဘဲ ကျနော်က အဲဒီလို သတိတရ ကျမ်းမာရေးကို
ဂရုစိုက်ပေးပါလို့  မှာကြောင်း ပြောပေးပါဆိုတယ် ။ ဒီစကားကိုလဲဘဲ
ဒေါက်တာအေးချမ်းကို ကျနော် ပြောပြလိုက်ပါသေးတယ် ။
ဖိုးခွါးပြောတာ မှန်တယ် ။ ဒေါက်တာအေးချမ်းဟာ ရခိုင်သမိုင်းပညာရှင်
တဦးဖြစ်သလို အခုဖြစ်နေတဲ့  သမိုင်းလိမ်ဘင်္ဂလိမ်ကုလားတွေနဲ့  ပါတ်သက်လို့ 
အဓိကတပ်ဦးကနေပြီး ဖြေရှင်းနေတဲ့  ပညာရှင်တဦးဖြစ်ပါတယ် ။ သူဟာ
ရခိုင်မျိုးချစ် လူကြီးလူကောင်းတဦး အနေနဲ့  အခုဆိုရင် မိဖပြည်သူတွေနဲ့ 
ထိတွေ့ ခွင့်ရသွားပါပြီ ။သူ့ ကို ရခိုင်သမိုင်းပညာရှင် တဦးမို့ 
အခုရခိုင်ပြည်နယ်ကို ပြန်သွားတဲ့  ခရီးစဉ်မှာ အစိုးရက သူ့ ရဲ
့လုံခြုံရေးကို အထူးဂရုစိုက်ပေးကြဖို့  အစိုးရကို မေတ္တာရပ်ခံပါရစေ ။
ဒေါက်တာအေးချမ်း ရှိနေချိန်မှာ အစိုးရကလဲဘဲ ရခိုင်သမိုင်းကော
မြန်မာသမိုင်းကိုပါ သမိုင်းစာတမ်းဟောပြောပွဲတွေ သတင်းစာရှင်းလင်းပွဲတွေကို
ဦးဆောင်ကျင်းပ ပေးဖို့  လိုအပ်ပါတယ် ။ မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံအမတ်ကြီး - Mr Derek Mitchel - ဟာ ၀ါရှင်တန်မှာ
သမိုင်းလိမ်ဘင်္ဂလီကုလားတွေကို အဓိက ဦးဆောင်နေတဲ့  ၀ါကာအူဒင်နဲ့  တွေ
့ဆုံပြီး အတူတကွ ဓါတ်ပုံရိုက်ခံကာ သမိုင်းလိမ် ဘင်္ဂလိမ်ကုလားအကြောင်းကို
ဆွေးနွေးခဲ့ သူဖြစ်ပါတယ် ။ သံအမတ်ကြီးအနေနဲ့  လက်ခံခြင်း မခံခြင်းဆိုတာသည်
ပဓါန မကျပေမဲ့  သူ့ ကို ပြောဆိုပြဖို့  ရှင်းလင်းဖို့ 
ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကို အစိုးရက စီစဉ်ပေးဖို့ 
လိုအပ်ပါတယ် ။ ဒါကြောင့်မို့ လို့ ဒေါက်တာအေးချမ်း ရောက်လာချိန်မှာ
အမေရိကန်သံအမတ်ကြီးနဲ့  တွေ့ ဆုံခွင့် လုပ်ပေးဖို့  ၊ နိုင်ငံခြားသား
သမိုင်းပညာရှင်များအပါအ၀င် သမိုင်းစာတမ်း ရှင်းလင်းပြုလုပ်ပေးဖို့ ဆိုတာကို
အစိုးရက ဦးဆောင်ကျင်းပပေးရန် လိုအပ်တယ်လို့  မြင်ပါတယ် ။ အမေရိကန်
သံအမတ်ကြီးနဲ့  တွေ့ ဆုံခွင့်ရအောင် ဖန်တီးပေးလိုက်တာဟာ ကောင်းသောအစီအစဉ်
တခုဖြစ်မှာပါ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးထဲမှာ အဲဒီလူမျိုး
မရှိဘူးဆိုတာကို သမိုင်းအထောက်အထားနဲ့  ပြောဆိုဖို့  ရခိုင်သမိုင်းပညာရှင်
ဒေါက်တာအေးချမ်းက ပြောဆိုရှင်းလင်းဖို့  သွားပါပြီ ။ အခုလို သမိုင်းပညာရှင်
တဦးက ပြောဆိုတာကို နိုင်ငံတော်က ဥပဒေတရပ်အနေနဲ့  ထုတ်ပြန်ပြီး မရှိသော
၎င်းလူမျိုးအား မသုံးစွဲရန်နှင့် သုံးစွဲခေါ်ဝေါ်သူများအား ဥပဒေအရ ထိရောက်စွာ
အရေးယူရန်ဖြစ်ကြောင်း ပုဒ်မ္မ ပုဒ်ထီးတွေနဲ့  ချမှတ်ဖို့  အခွင့်အလမ်း
ရရှိသွားပြီဖြစ်ပါတယ် ။ ဒီလို ဥပဒေအမိန့် တွေနဲ့  မပြုလုပ်ထားသမျှ
မြန်မာနိုင်ငံသားတွေနဲ့  အခြား နိုင်ငံခြားသားတွေဟာ သူတို့ ရဲ့ 
အဆင့်အတန်းမရှိလှတဲ့  မီဒီယာတွေကနေပြီး ပြောဆိုရေးသားနေကြအုံးမှာဖြစ်ပါ တယ်
။ သူ့ ကိုမှ သမိုင်းပညာရှင် စာတမ်းဖတ်ပွဲကို လုပ်ပေးရမှာလားဆိုပြီး
အစိုးရက တလွဲမာနတွေနဲ့  မပြုလုပ်ကြပါရန် အထူးတိုက်တွန်းလိုက်ရပါတယ် ။
ခိုင်အောင်ကျော် ( နယူးယောက် )
ဓာတ်ပုံ- ညီမင်းခိုင်၊ ထွန်းမြင့်ထွန်း — with Abu Chay and 4 others.
Posted on 4:04 PM
ရခိုင်ပြည်နယ်ရှိ ထင်းရှားရေ ဘုရားပွဲထဲ့က တစ်ခုဖြစ်တေ ဆံတော်ရှင် ဘုရားပွဲဖြစ်ပါရေ.
Posted on 3:58 PM
နည်းပရိယာယ် နဲ့ အစိုးရစစ်မျက်နှာဖွင့်ခြင်း
ဗမာပြည်မှာ ဗုံးကွဲတာကို ရခိုင်တွေလို့ စွပ်စွဲနေတာဟာ ရခိုင်တွေကို အမျိုးမျိုး နှစ်ကွတ်တာကို အားမရသေးလို့ ထပ်ပြီးနှစ်ကွက်ဖို့ နည်းလမ်းသစ်တွေပါပဲ ဒါအစိုးရလည်းဖြစ်နိုင်တယ် ကုလားတွေလည်းဖြစ်နိုင်တယ် ရခိုင်တွေလည်း တော်တော် ကို သတိထားရပါမယ် စစ်အစိုးရရဲ့ နည်းပရိယာယ် နဲ့ သတ်ခဲ့တဲ့ အလောင်းတွေလည်းမနည်းတော့ပါဘူး ဒီနည်းပရိယာယ်တွေဟာတိုင်းရင်းသား အားလုံးတွေဆီမှာ သုံးလာခဲ့တာမို့ မွန်ပြည်သစ်ပါတီလည်း ပြိုခဲ့ပြီးပြီ ကရင် တပ်မတော်လည်း အစစ်စစ် အမွာမွာ ဖြစ်ခဲ့ရသလို ကျန်တိုင်းရင်းသားပါတီတွေ လည်း နလံမထူနိုင်ကြပါဘူး ဒါကြောင့် တိုင်းရင်းသားတွေ ကို လည်း သတိပေးချင်ပါတယ် ငြိမ်းချမ်းရေးဆိုတာ အနုနည်းနဲ့ စခန်းသိမ်း တိုက်ပွဲဆိုတာကို မမေ့ကြပါနဲ့ ဉပမာ ပြရရင် ကချင် တပ်မတော် နဲ့ ငြိမ်းချမ်းရေး ယူခဲ့စဉ် ကချင်ပြည်သူကို ဘိမ်းစားဖြစ်အောင် လုပ်ပြီး ကချင်တပ်မတော် ရဲ့ အဓိက ဝင်ငွေရနိုင်တာကို ယူငင်ဖျက်စီး ရောင်းလို့ရတာကို ရောင်းရင်း နလံမထူအောင် ရေရည် စီမံကိန်းနဲ့ လုပ်လာခဲ့တာ နောက်ပိုင်း ကချင် ခေါင်းဆောင်တွေ သဘောပေါက်လာတော့ ငြိမ်းချမ်ရေး ဖျက်ပြီး ကျူးကျော် စစ်ကိုခုခံ တော်လှန်ပြီးမှ ပြောင်မြောက်တဲ့ ကချင်သတျွှိကို ကမ္ဘာက သိခဲ့ရတယ်၊ နောက် မွန်ပြည်သစ်ပါတီ လည်း ငြိမ်းချမ်ရေး ယူလိုက်တော့ ခေါင်းဆောင်တွေကိုလုပ်ပိုင်ခွင့်ပေး မွန်ခေါင်းဆောင်တွေ နန်းတော်နဲ့မခြား ရွှေအိမ်ပေါ် အိပ်ပျော်သွားတော့ မွန်လူမျိုး ပျောက်ခါနီးလု ဖြစ်နေပြီဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး အစိုးရ စစ်ပရိယာယ် မှာ တိုင်းရင်းသား တပ်မတော်ကို တပြိုင် တည်း တိုက်ခိုက် မယ်ဆိုရင် မဖြစ်နိုင် တာမို့ တဖွဲ့ကို တိုက်ချင်ရင် ကျန်တဲ့ တပ်မတော်တွေကို ငြိမ်းချမ်းရေးယူရတယ်၊ ဟုတ်မဟုတ် သမိုင်းက ပြခဲ့ပြီးပါပြီ၊ ကချင် ရှမ်း မွန် ဝ တွေနဲ့ ငြိမ်းချမ်းရေး ယူနေချိန် ကရင်တပ်မတော်ကို သူတို့ လိုချင်တဲ့ အတိုင်းတာထိ ဖြိုခွင်းနိုင်ခဲ့တယ်၊ ပြီးမှ ငြိမ်းချမ်းရေး ဆိုပြီးလုပ်တယ် ပြီးတော့ ကချင်ကို အကြောင်းအမျိုးမျိုးပြကာ ထိုးစစ်ဆင်ပြန်တယ်၊ ကချင် တပ်မတော်ခုခံ စစ်ပွဲ မရှူးတာကြောင့် ကချင်တောင်တန်း ချောင်းဖြစ် မသွားပဲ စိမ်းလန်းခွင့် ရခဲ့တာပါ၊ အကယ်၍ ကချင် တပ်မတော် ရှူးနိမ်ခဲ့ရင် ရှမ်းတပ်မတော် နဲ့ ဝ တပ်မတော် မသက်သာ ဘူးဆိုတာကို မတွေးပဲ သိကြရမှာပါ၊ ဒါကြောင့် တိုင်းရင်းသား တပ်မတော်တွေအားလုံး ပြည်သူတွေလိုချင်တဲ့ ဖယ်ဒရယ် နိုင်ငံ တော်ဆီ မရောက်မချင်း စုပေါင်းကာကွယ်ပြီး ပြည်သူသည်အမိ ပြည်သူသည်အဖ ဆိုသော မူဝါဒနဲ့ ပြည်သူ့အသက်ကို စောင့်ရှောက်ကြပါလို့ နှိုးဆော်ရင်း----------------- ကျနော် ဆရိန်ရ နဒီ ကျော်မင်းခိုင်
Posted on 8:37 AM
Sunday, October 13, 2013
အမေရိကန်သွားမယ့် မြန်မာဒုက္ခသည်တွေ ကြန့်ကြာမှုနဲ့ကြုံ
****************************** ******** မနန္ဒာချမ်း 13.10.2013 အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ ...မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းနေတဲ့ အခြေအနေက မြန်မာဒုက္ခသည်တွေအပါအ၀င် အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက ဒုက္ခသည်တွေကိုပါ ဂယက်ရိုက်လာပါတယ်။ အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်စခန်းတွေက မြန်မာ ဒုက္ခသည် ၂၀၀ လောက်ဟာ ဒီအောက်တိုဘာလထဲမှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချမယ့် အစီအစဉ်တွေ နှောင့်နှေးခဲ့ရသလို အခြေချနေထိုင်ခွင့် ဗီဇာကံစမ်းမဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းတချို့မှာလည်း ကြန့်ကြာမှုတွေ ရှိနေတာပါ။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပြီးသား ဒုက္ခသည်တွေကို အကူအညီပေးရေး အစီအစဉ်တွေမှာလည်း အခက်အခဲတွေ ရှိလာနေတဲ့အကြောင်းကို ဗွီအိုအေသတင်းထောက် Kane Farabaugh ရဲ့ သတင်းပေးပို့ချက်နဲ့အတူ မနန္ဒာချမ်းကတင်ပြပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ Obamacare လို့ခေါ်တဲ့ တန်ဖိုးနည်း ကျန်းမာရေး အာမခံအတွက် အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းကိစ္စ အစိုးရနဲ့ Republican အမတ်တွေအကြား ညှိနှိုင်းလို့မရ ဖြစ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းထားရတာ အခုဆိုရင် သီတင်းနှစ်ပတ် နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီဂယက်က အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းကနေ အမေရိကန် ပြည်ထောင်စုကို လာရောက် အခြေချနေထိုင်ကြဖို့ရှိနေတဲ့ ဒုက္ခသည်တွေကိုပါ ရိုက်ခတ်လာတာပါ။ ဒီအထဲမှာ ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည် တွေလည်း ပါဝင်ပါတယ်။ ထိုင်းနယ်စပ် တာ့ခ်ခရိုင်မှာရှိတဲ့ အုန်းဖြန်ဒုက္ခသည်စခန်းက မြန်မာဒုက္ခသည် ၇၀ ကျော်ဟာ အောက်တိုဘာလ ၄ ရက်၊ ၈ ရက်နဲ့ ၁၄ ရက်တွေမှာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာမယ့် အစီအစဉ် ပျက်သွားခဲ့ပြီး ဒီလထဲ နောက်ထပ်သွားမယ့် ဒုက္ခသည်တွေရဲ့ အခြေအနေဟာလည်း မရေရာတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်တယ်လို့ အုန်းဖြန်ဒုက္ခသည်စခန်းတာဝန်ခံက ဗွီအိုအေကို အခုလို ပြောပြပါတယ်။ “၄ ရက်နဲ့ ၁၄ ရက်နေ့ အမေရိကားကို ထွက်မယ့် အုန်းဖြန်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက ဘာကိစ္စမှန်းကျနော်တို့မသိဘူးပေါ့ လေ- သူတို့ ခနရပ်ဆိုင်းထားတယ်။ သူတို့ IOM ကနေအကြောင်းကြားလာတယ်။ ဒီလူတွေဟာ ခန ရပ်နားထားတယ်-တဲ့။ ဘယ်နေ့ ဘယ်ရက်ထွက်ရမလဲ မလာသေးဘူးနော်။ ဆက်စောင့်နေရအုံးမယ်လို့တော့ ပြောတာပဲ။ ၄ ရက်နေ့က ၈ ယောက်နော်၊ ၈ ရက်နေ့က ၂၀၊ ၁၄ ရက်နေ့က ၄၃ ယောက်၊ အားလုံးပေါင်း ၇၁ ယောက်နော်။ အခု နောက်သတင်းထပ်ကြားတာက ၁၈ ရက်နေ့ ထွက်ဖို့က အယောက် ၂၀ ရှိတယ်။ ၂၁ ရက်နေ့မှာက ၃၅ ယောက်၊ ၂၂ ရက်နေ့မှာက ၁၂ ယောက်၊ ၂၅ ရက်နေ့မှာက ၃ ယောက် အားလုံး လူ ၉၀ နော်- အားလုံး ready သူတို့လုပ်ထားပြီးပြီ။ အခုတော့ တစ်ယောက်မှ သွားမဖြစ်သေးဘူး။” ဒါ့အပြင် အခုလိုဖြစ်ရပ်မျိုး ကြုံဖူးတာဟာ ဒါ ပထမဆုံးဖြစ်ပြီး - အရင်က အမေရိကန်ပြည်ထောင်စုကနေ မြန်မာဒုက္ခသည်တွေကို ခေါ်ယူတဲ့အခါတိုင်း ဒီလို နှောင့်နှေးကြန့်ကြာမှုမျိုး၊ ခရီးစဉ်ပျက်ရတာမျိုးတွေ မရှိခဲ့ဘူးလို့လည်း အုန်းဖြန်ဒုက္ခသည်စခန်းတာဝန်ခံက ပြောပြပါတယ်။ “ခရီးသွားနေတဲ့လူတစ်ယောက်ကတော့ သတ်မှတ်တဲ့ရက်ရောက်တဲ့အချိန်မှာ သူကတော့ သွားချင်တာပေါ့နော်။ သို့သော်လည်းပဲ အခြေအနေ မပြေလည်မှုရှိတဲ့အပေါ်မှာ သည်းခံပြီးတော့ စောင့်ကြတာပေါ့။ ဒီလိုမျိုးတစ်ခါမှ လေး-ငါး-ခြောက်နှစ်အတွင်းမှာ ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးဗျ။ ဒါ ပထမဆုံးအကြိမ်ပဲထင်တယ်။” ထိုင်းနယ်စပ်တလျှောက်မှာ မြန်မာဒုက္ခသည်တွေ သိန်းနဲ့ချီရှိပြီး - မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာ ပြီးတဲ့နောက် ဒီဒုက္ခသည်တွေကို နေရပ်ပြန်လည်နေထိုင်းရေး အစီအစဉ်တွေ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရကတွေက လုပ်ဆောင်နေတာပါ။ ဒီအထဲကမှ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အသိအမှတ်ပြုခံထားရသူတချို့သာ တတိယနိုင်ငံတွေကို ထွက်ခွာရမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရကလည်း ဒုက္ခသည်ဦးရေ ၃၀၀၀ လောက်ကို အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချနေထိုင်ဖို့အတွက် ၂၀၁၃ ခုနှစ် ဇွန်လဆန်းက နောက်ဆုံးထားစာရင်းကောက်ယူခဲ့ပါ တယ်။ ဒီစာရင်းထဲကမှ အခုလို အသုတ်လိုက် အမေရိကန်ကို ထွက်ခွာဖို့ လုပ်ဆောင်နေတာပါ။ ဒါ့အပြင် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အခြေအနေက အမေရိကန် ပြည်ထောင်စုကို ရောက်နှင့်ပြီးသား ဒုက္ခသည်တွေကို အကူအညီပေးရေး အခြေအနေတွေမှာလည်း အခက်အခဲတွေ ကြုံနေရတာပါ။ ဒါကြောင့် ဒုက္ခသည်အခြေချနေထိုင်ရေး အကူအညီပေးနေတဲ့ International Institute က Suzane LeLaurin ကတော့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေတဲ့အတွက် ခိုလှုံဖို့ လာမယ့်သူတွေ အခက်အခဲတွေ့ရတဲ့အထိ ဖြစ်ရတာဟာ အမေရိကန် ပြည်ထောင်စုအတွက် ရှက်စရာကောင်းတဲ့ ဖြစ်ရပ်လို့ ပြောပါတယ်။ "ကျမတို့ တိုင်းပြည်အတွက်တော့ ဒါဟာ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ကမ္ဘာတ၀ှမ်း ကျမတို့ရဲ့ ဂုဏ်သိက္ခာအတွက်လည်း မကောင်းပါဘူး။ ကျမအထင် အားလုံးက ဖြစ်စေချင်တဲ့ဆန္ဒကတော့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေ အတူထိုင်ပြီး အစိုးရကလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ရေး သဘောတူညီချက်ရအောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။" သူ အကူအညီပေးနေတဲ့ မစ်ဇူရီပြည်နယ်မှာ လတ်တလောကိုပဲ မြန်မာနိုင်ငံက ဒုက္ခသည်တွေအပါအ၀င် အခြေချနေထိုင်ဖို့ အစီအစဉ်တွေ ရပ်ဆိုင်းနေတဲ့သူ ၃၀ ကျော်ရှိပါတယ်။ “ကျမတို့အဖွဲ့အနေနဲ့ ဒုက္ခသည်အဖြစ် အမေရိကန်ကို လာရောက် အခြေချနေ ထိုင်မယ့်သူတွေကို ကူညီပေးနေတဲ့ ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းလောက်က အစိုးရဆီက ရနေတာပါ။” တကယ်လို့သာ အစိုးရလုပ်ငန်းရပ်ဆိုင်းမှု အခြေအနေ ဆက်ဖြစ်နေဦးမယ် ဆိုရင်တော့ ဒီဒုက္ခသည်တွေကို ကူညီနေတဲ့ အိမ်ငှားစရိတ်၊ ရေဖိုးမီးဖိုး နဲ့ အစားအသောက်ကအစ ကျမတို့ ၀န်ထမ်းတွေ လခ အဆုံး - အကုန်လုံးမှာ အခက်အခဲတွေ ရှိလာမယ်လို့လည်း ဆူဇန် က ပြောဆိုခဲ့ပါတယ်။ အလားတူ ဒီဂယက်က ဒုက္ခသည်အစီအစဉ်မှာတင် မဟုတ်ပါဘူး။ အခြေချ နေထိုင်ခွင့် ဗီဇာကံစမ်းမဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းတချို့မှာလည်း ကြန့်ကြာမှုတွေဖြစ်နေတာပါ။ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကနေ DV ဗီဇာကံစမ်းမဲအကြောင်း သိသင့်တဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ဟောပြောပွဲတွေ ၃ ကြိမ်လုပ်ဖို့ စီစဉ်ထားတာမှာ စက်တင်ဘာလကုန်က တကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး အောက်တိုဘာလထဲ လုပ်ဖို့ စီစဉ်ထားတဲ့ ၂ ခုကိုတော့ ဖျက်သိမ်းတဲ့အကြောင်း U.S. Embassy Rangoon ရဲ့ Facebook စာမျက်နှာမှာ တရားဝင်ကြေညာထားပါတယ်....။
Posted on 4:13 PM
Subscribe to:
Posts (Atom)