Saturday, November 9, 2013

ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁ဝ) ဘဏ်သူဌေး ဦးရဲကျော်သူ


ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁ဝ) ဘဏ်သူဌေး ဦးရဲကျော်သူသည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင် လုပ်ကိုင်သူ ၁၉ဝဝ ပြည့်နှစ် ဝန်းကျင်ကပင် အိန္ဒိယ ရူပီးငွေ သိန်းတရာခန့် ရင်းနှီးမြှုပ်နှံထားသည့် 'ဦးရဲကျော်သူ အင် ကုမ္ပဏီလီမီတက်' လုပ်ငန်းကို တည်ထောင်ခဲ့သူ၊ သူ့ခေတ် သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့်ထိသမျှ ငွေဖြစ်မည်ဟု တင်စားပြောခံရသူ၊ အိန္ဒိယ အစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ဝီရိယ တီထွင်ဉာဏ်နှင့် ပြည့်စုံ၍ လှေထိုးသား ဘဝမှ စီးပွားရေး လုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘဝမမေ့ဘဲ လှေထိုးသား ဘဝက အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှုတရပ်မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် ကုလားတပည့်ကလေးနှင့် အတူ မြို့ကိုလှည့်၍ 'အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင် ငွေတွေ မျောနေသည်၊ ဆယ်ယူကြလော့' ဟု အလုပ်လုပ်ရန် ဆော်သြလေ့ရှိသူ စသည့် ကောင်းသတင်း အဖုံဖုံနှင့် ပြည့်စုံသော စွန့်စားတီထွင် စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သည်။ ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁ဝ) ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်းဝါမြို့အနီး ပဲတလီကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင် တိုင်းရင်းသား ဦးဒိုးအောက့်ကယ် ဖြစ်၍ ညီအစ်ကို ၄ ဦးတွင် တတိယမြောက် ဖြစ်သည်။ အစ်ကို ရဲဘော်သွယ်၊ ရဲမြသွယ်နှင့် ညီမှာ ရဲအောင်ရှီ ဖြစ်သည်။ အရွယ်ရောက်လျှင် ညီအစ်ကို နှစ်ဦး မိမိတို့၏ ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် ပြန်လာကြသည်။ မကြာမီ အစ်ကိုဖြစ်သူမှာ မိဘများထံ ပြန်သွား၍ တဦးတည်း စစ်တွေ၌ ကြုံရာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံ့ခီ၏ ကုန်ရောင်းလှေတွင် လှေထိုးသား အဖြစ် စတင် လုပ်ကိုင်ခဲ့သည်။ အလုပ်ကို နေ့ညမရွေး အချိန်ပြည့် လုပ်ကိုင်သည်။ အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ဝီရိယရှိမှု၊ အမြော်အမြင်ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံ့ခီက သမီးဖြစ်သူ မသံဒါဖြူနှင့် လက်ထပ်ပေးခဲ့သည်။ လက်ထပ်ပွဲပြီးနောက် ရရှိသော မင်္ဂလာလက်ဖွဲ့ ရတနာ ရွှေငွေများကို ယောက္ခမ၏ အလုပ်တွင် ရှယ်ယာ အဖြစ် ပြန်လည်အပ်နှံ၍ စီးပွားရေးကို ဇောက်ချ လုပ်ကိုင်ခဲ့သည်။ သစ်လုပ်ငန်း၊ အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) မှ ဆေးရွက် ရောင်းဝယ်ရေး လုပ်ငန်း၊ ပင်လယ်ကူး လှေသမ္ဗန်များမှ မြစ်သဲရှင် ဝယ်ယူမှု လုပ်ငန်း၊ စစ်တွေမြို့အနီး မြေရိုင်းများ ဝယ်ယူ မြှုပ်နှံမှု လုပ်ငန်း၊ မြေငှား လုပ်ငန်း၊ ဆန်စပါး ရောင်းဝယ်ရေး၊ ဗျိုင်းတောင်၊ ဗျိုင်းမွေး ရောင်းဝယ်ရေး လုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ် ထိုအခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင် တဦး ဖြစ်ခဲ့သည်။ ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘဝနာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူလယ်သမားများ အပေါ် စာနာမှု ရှိသည်။ ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ်ဘရားသား စသည့် နိုင်ငံခြားသား ကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင် တောင်သူလယ်သမားများ မနစ်နာစေရန် စပါးဈေးကို ပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေး လုပ်ငန်းများ အနက် စစ်တွေမြို့၌ ဖွင့်လှစ်ခဲ့သည့် 'ဦးရဲကျော်သူ အင် ကုမ္ပဏီ လီမီတက်' လုပ်ငန်းသည် အထင်ရှားဆုံး ဖြစ်သည်။ ဤလုပ်ငန်းတွင် ကုမ္ပဏီ ရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေးခြင်း၊ ရွှေပေါင်၊ မြေပေါင် လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ်ငန်း ပိုင်ရှင်ဟု သတ်မှတ်ကြသည်။ ထိုဘဏ်လုပ်ငန်းသည် ၁၉၁ဝ ပြည့်နှစ် ဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှု ရူပီးငွေ သိန်းတရာကျော် ရှိသည်။ ဦးရဲကျော်သူ ကွယ်လွန်ပြီးနောက် သတ္တမမြောက် သားဖြစ်သူ ဦးရွှေသာသည် ၁၉၂၄ ခုနှစ် ဝန်းကျင်တွင် တရားဝင် ဘဏ်အဖြစ် စနစ်တကျ တည်ထောင်၍ ဆောင်ရွက်ခဲ့သည်။ ယင်းဘဏ်မှ 'မသံဒါဖြူ အင် ကုမ္ပဏီ လီမီတက်' ကို ခွဲခြားတည်ထောင်၍ အိမ်ငှားခ၊ မြေငှားခ ကောက်ခံသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယ အစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာ၏ အကြံပေး ဘုတ်အဖွဲ့ဝင် အဖြစ်လည်း ပါဝင် ဆောင်ရွက်ခဲ့ရသည်။ စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ ကျောင်းဆောက် အလှူဒါန အမြှောက်အမြား ပြုလုပ်ခဲ့သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော်ကြီးတို့ ဖြစ်သည်။ ထိုစဉ်က ထင်ရှားခဲ့သော လယ်တီ ဆရာတော်ကြီးကိုလည်း စစ်တွေမြို့သို့ ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သည်။ လူမှုရေး အနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီး သားဖွားဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သံကျောင်း (သို့) ဦးရဲကျော်သူ ကျောင်းဟု အမည်တွင်သော ဘုန်းကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင် ဆောက်လုပ်ရန် သစ်များဝယ်၍ စီစဉ်ခဲ့သည်။ နောင်အခါ ဖခင်ကို ရည်စူး၍ သားသမီးများက သံထည်များဖြင့် တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။ ဦးရဲကျော်သူနှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး ၁ဝ ဦး ထွန်းကား၍ သား ၄ ယောက်မှာ ထင်ရှားသည်။ သားအကြီးဆုံး ဦးချန်ထွန်းမှာ အင်္ဂလန်တွင် ဥပဒေပညာ သင်ကြားခဲ့ပြီး ဥပဒေ နောက်ဆုံးနှစ်၌ ပထမတန်းမှ အောင်မြင်ခဲ့ကာ နောင်အခါ ထင်ရှားသော ဥပဒေပညာရှင် တဦး ဖြစ်လာသည်။ ဦးချန်ထွန်း ကဲ့သို့ပင် သားများဖြစ်သော ဦးရွှေသာ၊ ဦးရွှေဘဲ၊ ဦးသာဇံ တို့ကိုလည်း အင်္ဂလန်သို့ စေလွှတ်၍ ဥပဒေပညာများ သင်ကြားစေခဲ့သည်။ ဘဝနိဂုံး ဦးရဲကျော်သူသည် အသက် (၇၇) နှစ် အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက် အင်္ဂါနေ့ နံနက် ရှစ်နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီးများ အတွက် အမွေအဖြစ် ရူပီးငွေ သိန်း ၇ဝ မျှ ကျန်ရစ်ခဲ့သည်။

Friday, November 8, 2013

မြည်းကပေးသော သင်ခန်းစာ


 ================ တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျ သွားခဲ့တယ် ။ မြည်းဟာ သနားစဖွယ် ကောင်းလောက်အောင် နာရီ ပေါင်းများစွာ အော်ဟစ်ငိုကြွေး နေခဲ့တယ် ။ လယ်သမားဟာ မြည်းရဲ့ အော်သံကို ကြားရပြီးတော့ သူဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားတယ် ။ ဒါနဲ့ပဲ လယ်သမားက မြည်းဟာလည်း အသက်ကြီးပါပြီ ၊ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါ ပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူ လို့ မဖြစ်နိုင်တော့ပါဘူး ဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနားချင်းတွေကို ခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့ အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီး ဖို့ကြပါတယ် ။ ပထမမှာတော့ မြည်းဟာ သူဘာ ဖြစ်တော့မယ် ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက်မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့ လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်း သွားခဲ့ရတယ် ။ မြေကြီး အနည်းငယ်ဖို့ပြီးတဲ့ အခါမှာ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တယ် ။ သူ မြင်လိုက်ရတာကို ကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြ တုန်လှုပ် သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချလိုက်တဲ့ အခါတိုင်း မြည်းဟာ သူ့ကျောပေါ် တင်လာတဲ့ မြေကြီးတွေကို ခါထုတ်ပြီး အဲဒီ မြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီး မြေကြီးတွေကို ဆက်ဖို့စေခဲ့ တယ် ။ လူတိုင်း လူတိုင်းဟာ ကျောပေါ် တင်လာတဲ့ မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြ တုန်လှုပ် နေခဲ့ရ ပါတယ် ။ ဒီလိုနဲ့ နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ် ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်း ၀ကနေ အပြင်ကို အောင်အောင် မြင်မြင်နဲ့ ရောက်ရှိသွား ပါတယ် ။ +++++++++++++++++++++++++++++++++++++++++++ ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင်လာတဲ့ လောကဓံနဲ့ ဒုက္ခတွေကို ခါချ ပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ် ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲ လိုတယ် ။ ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံးမပေး ပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီး တဆင့်ချင်းစီ လှမ်းတက်သွား လိုက်ပါ ။ သက်တန့်ချို — with Khin Aye Nge and Kaungkhant Koko.

အို...ရခိုင်သားတိ ရခိုင်သားတိ အထူးသတိထားကတ်ပါအထူးသတိ


အို...ရခိုင်သားတိ ရခိုင်သားတိ အထူးသတိထားကတ်ပါအထူးသတိ နဲ့ စာကိုဖတ်လေ့လာကတ်ပါနန့် ။သတင်းဟုတ်မဟုတ်ကိုလေ့ဆန်းစစ် ပြီးမှ ဝမ်းသာသာ ဝမ်းနာနာ ဖြစ်ချင်စာဖြစ်ကတ်ပါ။ဒေသတင်းဟုတ်မှန် ခကေ၊ရခိုင်သတင်းဌာနတိအပါအဝင် မြန်မာပြည်နဲ့ ပြည်ပကသတင်းဌာန တိအားလုံးအိပ်နိန်ကတ်စာလား။တိုင်းရင်းသားသတင်းဌာနတိသတိမထား လိုက်စာလား။ထည့်စိုင်းစားကတ်ပါ။ဒေပိုင်အချိန်မှာ သတင်းဌာနတိက တိုင်းရင်းသားလက်နက်ကိုင်စစ်တပ်တိကို မျက်စပစ်အာရုံစိုက်နိန်ရေ အချိန်မှာတောင် သတင်းဌာနကြီးတိကမသိလိုက်ဘဲ။ဒေ Kyaw Zaw ဆိုရေ အကောင့်( https://www.facebook.com/kyaw.zaw.7549 ) နဲ့ ဒေ ဂလိုဘယ်ပိုစ့် မြန်မာကဘဲ သတင်းရလိုက်တေဆိုစော်ဟုတ်ပါဖို့ လား။ ရခိုင့်တပ်မတော် (AA) ကစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဦးထွန်းမြတ်နိုင်နဲ့  သတင်းအင်တာဗျူးကို မြန်မာပြည်နာမည်ဟိန့် သတင်းဌာနတိကအင်တာဗျူး စာဖြစ်တေအတွက်လက်ခံလို့ ရရေ။ဒေဂု ဓာတ်ပုံပါသတင်းနဲ့ ပတ်သတ်လို့  အဓိကဒေသတင်းကိုတင်ထားစာက ဒေ Kyaw Zaw ဆိုစာတစ်ယောက်တည်းနဲ့  ပုံနှစ်မျိုးကိုတပြိုင်းတည်းတင်ထားရေ။တခြားသတင်းဌာနကဒေသတင်းမထွက်။ ယပြီးကေ ဒေ ဂလိုဘယ်ပိုစ့်မြန်မာဆိုရေ ခေါင်းစဉ်တစ်ခုကိုတပ်ထားပြီးကေ နောက်တစ်ခုမှာ သတင်းဌာန နာမည်ကိုဖြတ်ညှပ်ကပ်လုပ်ထားရေ။ယင်းသူ ကိုကုလားလား ဗမာလားမဝေဖန်လိုယာ။ဖေန်ချင်စာကတော့ခါ ဒေသူက ရည်ရွယ်ချက်တစ်ခုဟိန့် နိန်စာတော့မှန်ပါရေ။ရခိုင်မဟုတ်စာသေချာပါရေ။ ယေနက်လို့ ကျနော်ရို့ ရခိုင်သားတိစာဒေဂုအချိန်မှာ ဒေပိုင်မျှော်လင့်ချက်တိ ကြီးနိန်စာကိုသိလို့ သတင်းကိုအသုံးချပြီးကေ မွီထည့်လိုက်တေဆိုစာနဲ့ ရန်တိုက် တယ်။ရခိုင်သားကိုသွီးမြောက်ပီးနိန်ရေဆိုစာကိုမမိန့် ပါကေ့။အွန်လိုင်းထက်မှာ ရခိုင်သားတိဇာလောက်သွီးမြောက်နိန်ရေ၊အခဲတည်နိန်ကတ်တေစစ်တပ်ကို အမြင်စောင်းနိန်ကတ်တေဆိုစာအားလုံးအသိပါ။ဗမာစစ်တပ်ကိုရခိုင်လူမျိုး တစ်ခုတည်းက မကျေနပ်စာမဟုတ်ဆိုစာကိုအားလုံးနားလည်ပါဖို့ ။ကရင်တိလေ့ သီမကန်အောင်မုန်းပါရေ။ယေလေ့သော့ဘာသာစကားအရေးအသားကို တခြားလူနားမလည်စာကြောင့်တစ်ကြောင့်၊ပြင်မပေါ်ဘဲအွန်လိုင်းသုံးရေကရင်တိလေ့ ပရိယယ်ကြွယ်ဝစာကြောင့်တစ်ကြောင့်အသံမထွက်ပါ။ယေနက်လို့ ရခိုင်သားတိ ပါးနပ်ကတ်ပါ၊လိမ္မာကတ်ပါ။သတင်းကိုသေချာလေ့လာပြီးမှလက်ခံပါ။ဟုတ်လား မဟုတ်လားမသိသိန့် ငယ်ထိပ်ကို မြွီပေါက်ခံရရေလူပိုင် တဟူးဟူးနဲ့ ချက်မပျင် ကတ်ပါကေ့။ရုန်းရင်းဆန်ခတ်မလုပ်ပါကေ့။အမျိုးသားရေးကိစ္စတိုင်းကိုရခိုင်လိုသုံး နှုန်းရီးစားကတ်ပါ။ပြောကတ်ပါ။သိသာသိစီမမြင်စီကေ့ ဆိုပိုင်ကိုယ့်လုပ်ရပ်ကို ပန်းတိုင်မရောက်ဘဲတစ်ဖက်လူမသိပါစီကေ့။အချီးမဖောက်ပါကေ့။ကိုယ့်လုပ်ရပ် တစ်ခုကြောင့်နဲ့ အထက်မှာ မီးထတောက်လားနိုင်ပါရေ။ကိုယ့်ရခိုင်သားတိအကာ အကွယ်မဲ့လားနိုင်ရေဆိုစာမမိန့် စီဖို့ နဲ ဒေပိုင်သတင်းနဲ့ စပ်ဆိုင်ရေ(ဒေါက်တာ အေးမောင်က အစိုးရကရခိုင်တိုင်းရင်းသားများကိုမကာကွယ်ပါက မိမိတို့ လူမျိုး မှတာဝန်ယူကာကွယ်သွားမည်)ဆိုပြီးကေ သတင်းတစ်ပုဒ်မှားတင်ဖူးပါယာ။ကျိနော်လေ့ ရခိုင်လူမျိုးတစ်ယောက်အနိန်နဲ့ ဝမ်းသာဧလဲဖြစ်ပြီးတင်ခစော်ပါ။ယင်းချင့်တိ နောက်ကွယ်ကဇာတိဟိန့် နိန်လဲဆိုစာကိုသဘောပေါက်ကတ်ဖို့ ကျနော်အသိပီး လိုက်ပါရေနန့် ။အားလုံးနားလည်နိုင်ကတ်ပါစီ။ယင်းသတင်းတိနက်စပ်ဆိုင်ရေ လင့်(Links) ပါကားနန့် ။ဝင်ကြည့်နိုင်ပါရေ။https://www.facebook.com/photo.php?fbid=172417106286710&set=a.122065551321866.1073741827.100005552650330&type=1&theater ရခိုင်တပ်မတော်ရခိုင်ပြည်ကိုကာကွယ်ရန်ကမ်းရိုးတမ်းတစ် နေရာတွင်အဆင်သင့်ဖြစ်နေပြီဟုအမည်မဖေါ်လိုသူစစ်ဦးစီတယောက်၏အမေးအဖြေတခု၌ထုပ်ဖေါ်ပြောခဲ့သည်။ @[100004548515330:2048:Chit Thu Sky] — with Zaw Zaw Win and 13 others

Thursday, November 7, 2013

မင်းပြားသား ဒုံးညိုမင်းအကြောင်းနန့် ရှိခေတ် ဘုရင်တိ၏ အိပ်သူသက်ထား အဖြစ်ရွီးချယ်ခရေ ကျိန်းရိပ်သူများအကြောင်း ============================== ===============


မိုင်းတိကို ပြန်ကြည့်ကေ ထူးထူးဆန်းဆန်းချေ တစ်ခုတွိရပါရေ ဇာလဲဆိုကေ .............. ကျိန်းရိပ်သူအကြောင်းမပါမပြီးဖြစ်နိန်လို့ပါ မြောက်ဦးခေတ် ကာလ ကောဇာသက္ကရာဇ် ၁၀၃၆ ခုနှစ် AD -1674 ခုနှစ်မာ စိုးစံခရေ သီရိသူရိယ ဥဂ္ဂါဗလ သုဓမ္မရာဇာ မင်းမြတ် နတ်ရွာစံပြီနောက် တိုင်းပြည် မငြိမ်မသက် ဖြစ်လို့ တိမ်းရှောင်လာရေ သုဝဏ္ဏကလျာဒေဝီ ဘုရင်မ စွာ ဆင်းရဲသူမ ပိုင်ဟန်ဆောင်ပနာ အခြံအရံအနည်းချေ နန့် ကျိန်းတောင်တန်း၏ အနောက်ဖက် ငဝေရွာမာ နိန်ထိုင်ခပါရေ ။ ဘုရင်မကြီးမာ ကိုယ်ဝန်အရင့်အမာ ပါလာစွာဖြစ်လို့ ကကောင်းမကြာခင်မာ သားချေ တစ်ယောက် မွီးလာပါရေ ။ ယင်းသားချေကို ကျိန်းဒုံးညို လို့ နာမည်ပီးပါရေ ။ မင်းပြားကျိန်းရိပ်အရပ်မာ နိန်ထိုင်းယင်း ဒုံးညို စွာကြီးပြင်းလာရေအခါ သူ့ မိခင် သုဝဏ္ဏကလျာ အား ကိုယ်ရို့၏ အဖြစ်အပျက်ကို မီးကြည့်လေသော် ငါ့သား၏ ခမည်းတော် ဥဂ္ဂါဗလ မင်းကို ခြိတ်ချောင်းဘုရားကြီးသို့ ဘုရားဖူးဇောင် လားခါ မုန်းနိန်ရေ နန်းတွင်းစစ်သားတစ်ယောက်ဖြစ်တေ သီဟ စစ်သူကြီးက သတ်ပစ်လို့ သီလခရေ ထီးနန်းကို လဲ လုယူလခရေ ယင်းအတွက်ကြောင်း အမိရို့လဲ ထွက်ပြီးတိမ်းရှောင်လာရရေ လို့သားဖြစ်သူအား ပြောပြရေခါ ဒုံးညို စွာ လူငယ် လူကြီး အားလုံးကို စုရုံးပနာ ခမည်းတော်၏ ထီးနန်းကို ပြန် ရအောင်ယူဖို့လို့ ကြိမ်းဝါးပနာ ဒုံးညို သူပုန်ထလေသည် ။ ဓါး လှံ လေး မြှား အစုံနန့် မြောက်ဦးနန်းကို ချီတက် ဝိုင်းရံရေအခါ နန်းတွင်းသား မူးမတ် ပြည်သူအပေါင်းရို့က မိမိရို့၏ အသျှင် ဥဂ္ဂါဗလ မင်း၏ သားတော် ဖြစ်နိန်စွာကို သိလိုက်ရခါ လက်ရှိ မင်းကို သတ်ပနာ ဒုံးညို ကို မင်းတင်မြှောက်ကြလေ၏ ။ ယင်း ဒုံးညို မင်းစွာ ရာဇဘိသေက ခံယူလျက် စန္ဒဝိဇယ ရာဇာ လို့ ဘွဲ့နာမည်နန့် ရက္ခပူရ ရခိုင်ပြည်ကြီးကို ထီးနန်း အုပ်ချုပ်မင်းလုပ်တော်မူ၏ ။ ထို ( စန္ဒဝိဇယ ရာဇာ ) မင်းစွာ ကျိန်းရိပ်သူ ဖြစ်တေ မိမိ အိမ်သူသက်ထား ကို မိဖုရား မြှောက်လေ၏ ။ ယင်းမိဖုရားကို ရွှီဂူဒေဝီ လို့နာမည်ပီးလိုက်ပါသည် ။ ယင်းမိဖုရားနန့် ကောဇာသက္ကရာဇ် ၁၀၇၁ ခုနှစ် AD 1079 ခုနှစ်ကစပြီးကေ ရခိုင်ပြည်ကြီးကို နှစ်ပေါင်း ၂၁ နှစ်ကြာအောင် စိုးစံခရေ မင်းတစ်ပါး ဖြစ်ပါလေတော့သည်။ ဒေနိန်ရာမာ ဆိုလိုချင်စွာက .........(ရခိုင်ပြည်မာ ) ရခိုင်နိုင်ငံမာ ဘုရင်လုပ်ခရေ ပုဂ္ဂိုလ်တိ ကျိန်းရိပ်သူတိနန့် မကင်းနိုင်ခဆိုစွာကို ပြောချင်ပါရေ ....... ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်မာ ရခိုင်ထီးနန်းပျက်လို့ ဗြိတိသျှ တိကို အင်္ဂလိပ်တိကို ပြန်လို့တော်လှန်ပုန်ကန် ခရေ မင်းသားကြီး ရွှီဘန်း ၏ အိမ်သူသက်ထားမာ လဲ ကျိန်းရိပ်သူပင် ဖြစ်ပါရေ ။ မြောက်ဦးမြို့ကို စတင်တည်ထောင်ခရေ ဘုရင် မင်းစောမွန်၏ မိဖုရားကြီး စောစစ်ဒေဝီ မာလဲ ကျိန်းရိပ်သူပင်ဖြစ်ပါရေ ။ တတိယ ဓညဝတီခေတ်မာ နာမည်ကျော်ကြားခရေ င/စွယ် ဆရာ ဘာရဲဖ မာလဲ ကျိန်းတောင်တောင်ရင်း ဗူးပင်ရွာသားတစ်ယောက်ဖြစ်ပါရေ သူ၏ အိမ်သူသက်ထားမာလဲ ကျိန်းရိပ်သူတစ်ယောက်ပင်ဖြစ်ပါရေ ။ ----------------------------------------------------------------------------------------------- အင်း........ကို လူပျိုတိ ဒေစာကို ဖတ်ပြီးကေ .......... ကျိန်းရိပ်သူတိ တော့ခါ မျက်စိလှုပ်လို့ဟိနိန်လီကတ်ဖို့ယာ ။ အယင်ခေတ်က ဘုရင်တိ ကျိန်းရိပ်သူတိကို ကကောင်းအိမ်သူသက်ထားအဖြစ်ရွီးချယ်ခရေ ဇာဖြစ်လို့ယင်းလောက်တောင်ရွီးချယ်ခလဲဆိုစွာကို သိချင်ပါရေထော.... အရီပါး (အရုပ်)လှလို့လား ?၊ အသံကောင်းလို့လား ? အသားဖြူလို့လား ? ခန္ဓာကိုယ် အနံ့ကောင်းလို့လား ? သွားအစဟိရေ အရိုးကောင်းလို့လား ? ဆံပင်ကောင်းလို့လား ? (or) ARE they All perfect in Every things ?. — with ဦး ခိုင် and 19 others.

<<< ကိုယ်ပိုင်ဥစ္စာ မရှိပါ (အသောကမင်းကြီးရဲ့ ဘ၀နိဂုံး) >>>

Khine Myomin shared Thant Gyi's photo.
 ဓမ္မအမြင်နဲ့ ကြည့်လိုက်မယ်ဆိုရင် တိရိစ္ဆာန် လူ နတ် ဗြဟ္မာ သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာရယ်လို့မရှိပါဘူး
လောကအလိုအားဖြင့်တော့ကိုယ်ပိုင်ဥစ္စာပစ္စည်းဆိုတာ အနည်းနှင့်အများသာကွာခြားပါတယ်။ ရှိတန်သလောက်တော့ ရှိနေကြတာပါ။ ဒါပေမယ့် ပစ္စည်းဥစ္စာဆိုတာက (ရေ မီး မင်း ခိုးသူ သားဆိုးသမီး)ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတဲ့အတွက် အချိန်မရွေး ပျက်စီး ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ အဲဒီရန်သူမျိုးငါးပါးနဲ့ မကြုံသေးခင်မှာတော့ ကိုယ်ပိုင်ဥစ္စာလို့ ထင်နေတတ်ကြပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီပြောမယ်ဆိုရင် ပြည့်စုံခြင်းဆိုတဲ့အရာဟာ ပျက်ဆီးခြင်းလျှင်အဆုံးရှိတယ်တဲ့။ လောကမှာ ပြည့်စုံနေ၊ ကြီးပွားချမ်းသာနေခြင်းဟာ နောက်ဆုံးတစ်ချိန်မှာတော့ ပျက်ဆီးသွားကြတာချည်းပါပဲ။ မွေးဖွားခြင်းသည် သေခြင်းမှာအဆုံးရှိတယ်ဆိုသလိုပေါ့။ ပြည့်စုံချမ်းသာခြင်းသည်လည်း ပျက်ဆစီးခြင်းလျှင်အဆုံးရှိတယ်လို့ပြောရမှာပါ။ တကယ်တော့ ဒီစကားလုံးလေးက ဦးဇင်းတို့ဥာဏ်ကနေ ထွက်ပေါ်လာတာမဟုတ်ပဲ မြတ်စွာဘုရားရှင်ရဲ့ စကားလုံးတော်လေးပါ။ မှန်ပါတယ်။ စောစောက ပစ္စည်းဥစ္စာများ ဘယ်လိုပဲပြည့်စုံနေပါစေ၊ နောက်ဆုံးမှာတော့ (သေဆုံးချိန်)မှာတော့ဘာတစ်ခုမှယူသွားလို့မရပါဘူး။ထို့အတူ အခြံအရံများခြင်းဟာလည်း အခြံရံမဲ့ခြင်းမှာအဆုံးသတ်ပါတယ်။ လောကဘက်က ကောင်းတာမှန်သမျှ နောက်ဆုံးကျတော့ အကုန်လုံး ကင်းမဲ့ သွားတော့တာပဲလေ။ အဲဒီအကြောင်းလေးကိုသက်သေပြတဲ့အနေနဲ့ အာသောကမင်းကြီး၏အတ္ထုပ္ပတ္တိကိုဖတ်ခြင်းဖြင့်သိနိုင်ပါတယ်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် (၂၁၈)နှစ်လောက်မှာ အိန္ဒိယနိုင်ငံမှာ အသောကမင်းကြီးဆိုတာပေါ်ထွန်းခဲ့ပါတယ်။ ဇဗ္ဗူဒီပါတစ်ကျွန်းလုံးကို အစိုးရတယ်လို့ ဆိုပါတယ်။ အဋ္ဌကထာဆရာတွေရဲ့အဆိုရ ပြောမယ်ဆိုရင် အထက်ကောင်းကင် တစ်ယူဇနာအထိအစိုးရတယ်၊ ဘုန်းတန်ခိုးကြီးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် နောက်ဆုံးနတ်ရွာစံခါနီး အချိန်မှာတော့ ဆီးဖြူသီးတစ်ခြမ်းမျှသာပိုင်ဆိုင်အစိုးရတော့တယ်လို့ ဝိသုဒ္ဓိမဂ်မှာပြဆိုထားပါတယ်။ အသောကမင်းကြီးက စောစောပိုင်းကတော့ အလွန်တန်ခိုးကြီးတယ်။ ဇဗ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရတယ်လို့လည်းချီးကျူးရတယ်။ ပစ္စည်းဥစ္စာတွေလည်း အလွန်ပေါများပြည့်စုံပါတယ်။ တစ်နေ့တည်းနဲ့ကို (၉၆)ကုဋေတောင်လှူခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ဘုန်းတန်ခိုး သြဇာ အာဏာ အခြံအရံ စည်းစိမ်ဥစ္စာပြည့်စုံခဲ့တဲ့မင်းကြီး နောက်ဆုံး နတ်ရွာစံခါနီးကျတော့ ကျန်းမာရေးက ဖောက်ပြန်လာတယ်။ အာသောကမင်းကြီးထံမှာ ခစားနေတဲ့ မှူးကြီး အမတ်ကြီး စတဲ့သူတွေကလည်း ရိုသေမှုတွေပေါ့သွားဟန်တူပါတယ်။ အာသောကမင်းကြီးကျန်းမာရေးမကောင်းတဲ့အချိန်မှာ စားဖွယ်များကို မူလက ဆက်သနေကျအတိုင်း ရွှေခွက်နဲ့ဆက်သပါတယ်။ စားသုံးပြီးတဲ့အခါကျတော့ အာသောကမင်းကြီးက အဲဒီရွှေခွက်ကို ကုက္ကုဋာရာမကျောင်းကို ပို့လှူစေတယ်။ အဲဒီနောက် ငွေခွက်နဲ့ ဆက်သတယ်။ ရိုသေမှုတွေ တစ်စတစ်စ လျော့နည်းသွားပုံပါ။ အဲဒီငွေခွက်ကိုလည်း ကုက္ကုဋာရာမကျောင်းကိုလှူစေပြန်တယ်။ အဲဒီလို ရွှေခွက် ငွေခွက်တွေကိုလှူတယ်ဆိုတာကလည်း ကုဋေ တစ်ရာပြည့်ရန် လေးကုဋေလိုနေတဲ့အတွက် ပြည့်အောင်လှူတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ မှူးမတ်များက စားစရာ သောက်စရာများကို မြေခွက်နဲ့ဆက်သကြတယ်တဲ့။ ရိုသေမှုတွေ လေးစားမှုတွေ ကြောက်ရွံ့မှုတွေ အတော်နည်းသွားတဲ့သဘောပါ။ နောက်ဆုံးမှာတော့ မင်းကြီးရဲ့လက်ထဲကို ဇီးဖြူသီးတစ်ခြမ်းမျှသာရောက်လာပါတယ်။ အဲဒီတော့ အာသောကမင်းကြီးလည်း အင်မတန် ထိတ်လန့် တုန်လှုပ်ခြောက်ခြားသွားတော့ မှူးမတ်တွေ နန်းတွင်သူ နန်းတွင်သားတွေ ကိုစည်းဝေးစေပါတယ်။ စည်းဝေးပြီးတဲ့အခါမှာတော့ အာသောကမင်းကြီးက ဒီနိုင်ငံမြေကို ဘယ်သူအစိုးရသလဲလို့မေးတော့ မှူးမတ်တွေက အရှင်မင်းကြီးအစိုးရပါတယ်၊ ပိုင်ပါတယ်လို့လျှောက်ပါတယ်။ အဲဒီတော့ မင်းကြီးက မင်းတို့ပြောတဲ့အတိုင်း ငါပိုင်တာ ငါအစိုးရတာမဟုတ်တော့ဘူး။ အခုအခါမှာ ငါပိုင်တာ ငါအစိုးရတာဆိုလို့ ဆီးဖြူသီးတစ်ခြမ်းပဲရှိတော့တယ်လို့ပြောပြလိုက်တယ်တဲ့။ ပြီးတော့ “ပြည့်စုံခြင်းဟူသမျှ ပျက်ဆီးခြင်း အဆုံးရှိတယ်”လို့ဟောတော်မူတဲ့ မြတ်စွာဘုရားစကားတော် တရားတော် မှန်ကန်ကြောင်းကိုလည်း မြွတ်ဆိုသွားပါတယ်။ ဒါကြောင့် သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာမရှိဘူး။ သေတဲ့အခါ အားလုံးကို စွန့်လွှတ်သွားကြရမယ် ဆိုတာ တကယ်မှန်တဲ့ တရားတော်ပါ။ ငါ့ဟာ ငါဥစ္စာနဲ့ အစွဲအလမ်းကြီးနေကြပေမယ့် သေတဲ့အခါကျတော့ (သေတဲ့အခါကိုထားဦး။ အခုအာသောမင်းကြီးဆို သေတောင်မသေသေးခင် နာရုံပဲရှိပါသေးတယ်) ပိုင်ဆိုင်သမျှကိုစွန့်လွှတ်သွားခဲ့ရတာပါ။ သေချိန်ရောက်ရင်တော့ ပြောဖွယ်ရမရှိပါ။ အားလုံး အကုန်လုံးကိုစွန့်လွှတ်သွားကြရပါတယ်။ ကိုယ်မှာဝတ်ထားတဲ့ အဖိုးတန်တဲ့အရာဆို ဘယ်အရာမှတောင် ပါအောင်မယူနိုင်ကြပါဘူး။ ဘယ်သူ့မှာ ငါ့မိဘ ငါ့ဆရာသမားဆိုပြီး အဘိုးတန်းရွှေ ငွေတွေထည့်ပေးလိုက်တာမရှိပါဘူး။ မိမိတို့ပိုင်ဆိုင်တယ်လို့ ထင်ထားတဲ့ ရုပ်ခန္ဓာကိုယ်ပင် စွန့်ခွာကြရတာဆိုတော့ ကျန်တာပြောဖွယ်ရာမရှိတော့ပါဘူး။ အဲဒီလို ဘဝတိုင်း ကိုယ်ပိုင်တယ်လို့ထင်ထားတဲ့ ပစ္စည်းဥစ္စာများကို စွန့်လွှတ်သွားကြရတာတွေကို မြင်တော်မူလို့ မြတ်စွာဘုရားရှင်က မွေးဖွားခြင်းသည် သေဆုံးခြင်းလျှင်အဆုံးရှိတယ်၊ ပြည့်စုံခြင်းသည် ပျက်ဆီးခြင်းလျှင်အဆုံးရှိတယ်၊ လှပပျိုမြစ်ခြင်းသည် အိုခြင်းလျှင်အဆုံးရှိတယ် စသည်ဖြင့်ဟောတော်မူခဲ့တာပါ။ ဒါကြောင့် အားလုံးသော ဒကာ ဒကာမများလည်း အာသောကမင်းကြီး၏အဖြစ်ကိုသံဝေဂယူပြီး မအိုခင် မနာခင် မသေခင်မှာ ကိုယ်ပိုင်ဥစ္စာရှိအောင် ဒါန သီလ သမထ ဝိပဿနာများကိုကြိုးးစားပွားများအားထုတ်ပြီး ကိုယ်ပိုင်မယ့် ဥစ္စာများကိုထုတ်ယူနိုင်ပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) — with Ei July Eve and 95 others.

ကဲ အနောက်နိုင်ငံကို အတော်အားကိုးတဲ့လူတွေအတွက် ခင်ဗျားတို့ပြောတဲ့ UN တို့ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ ဒီ ဗွီဒီယိုကြည့်လိုက်ပါ... နောက်တစ်ခါထပ်တင်ခြင်းဖြစ်ပါတယ်... ဘယ်သူ့အတွက်ကို ကာကွယ်တာလဲဆိုတာ ဆန်းစစ်ကြည့်ပါ.. အချိန်လေး ၅ မိနစ်လောက်ပဲ ပေးပြီး တိုင်းရင်းသားညီအစ်ကိုများအတွက် ကာကွယ်ကြပါလို့ တိုက်တွန်းလိုပါတယ်ဗျာ.

ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ မူလတန်းကျောင်းတွေမှာ ရခိုင်ဖတ်စာ သင်ရိုးညွှန်းတမ်းတွေကို စပြီး သင်ကြားနေပြီလို့ သိရပါတယ်။

တပ်မတော်က ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျေးရွာနှင့် လူဦးရေ စာရင်း ကောက်ယူမည်ဟု ဆိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး



းးးးးးးးးးးးးးးးးးးးးးးးးးးးးး ရခိုင်ပြည်နယ် အတွင်းရှိ မွတ်ဆလင်ကျေးရွာအရေအတွက်၊တည်နေရာမြေပုံအညွှန်းနှင့် မှီတင်း နေထိုင်ကြသည့် မိသားစုလူဦးရေ စာရင်းများကို စစ်တပ်က ကောက်ယူရန် စီစဉ်နေကြောင်းသတင်းရရှိသည်။ ၎င်းစာရင်းအားယခုလတွင် အပြီးသတ်ပေးပို့ရန်ရခိုင်ပြည်နယ်ရှိတပ်ရင်းတပ်ဖွဲ့များသို့အနောက်ပိုင်းတိုင်းမှ ညွှန်ကြားထားသည်ဟု မြန်မာစစ်တပ်နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။ “တပ်မတော်က တစ်အိမ်တက်၊တစ်အိမ်ဆင်းပြီးတော့ကောက်မှာမဟုတ်ဘူး။ သူတို့က ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ချုပ်ရေးမှူးတွေနဲ့ရွာအလိုက် ကောက်ယူသွားမယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဆိုသည်။ ကောက်ယူရာတွင် နံပတ်(၁)ကျေးရွာအမည် (၂) အိမ်ခြေ (၃)တည်နေရာ(မြို့နယ်/ ခရိုင်(၄) တည်နေရာမြေပုံ အညွှန်း(၅) ကျေးရွာအတွင်းရှိ မိသားစုအရေအတွက် (၆)လူဦးရေ အရေအတွက် (၆) ဘာသာရေးအဆောက်အဦး၊စာသင်ကျောင်းနှင့် အခြားအဆောက်အဦးစာရင်းတို့ကိုကောက်ယူသွားမည်ဟု ဆိုသည်။ “တပ်က တပ်ရင်းတွေ၊တပ်ဖွဲ့တွေက မြို့နယ်တိုင်းမှာရှိပါတယ်။ မောင်တောမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာဆိုရင်လည်း တပ်ရင်း (၁၀) ခုလောက်ရှိပါတယ်။ အသစ်တပ်ဖွဲ့တွေ လာစရာလိုမယ်မထင်ဘူး။ လက်ရှိရှိနေတဲ့ တပ်အင်အားနဲ့ ရက်အနည်းငယ် အတွင်းကောက်ယူလို့ ရပါတယ်”ဟု ဆိုသည်။ ယခု စာရင်းကောက်ယူမည့် အစီအစဉ်တွင် ရခိုင်ကျေးရွာများမပါဝင်ကြောင်း၊မွတ်ဆလင်ကျေးရွာများသက်သက်ကိုသာ ကောက်ယူမည့်အစီအစဉ်ဖြစ်ကြောင်း၊ကောက်ယူမည့် ရည်ရွယ်ချက်ကိုမသိရှိရကြောင်း၊သို့သော်လည်းအရပ်ဘက်ကိစ္စထက် စစ်ဘက်ဆိုင်ရာကိစ္စရပ်များအတွက်ဖြစ်နိုင်ကြောင်း၎င်းက သုံးသပ် ပြောဆိုသည်။ ယခုကဲ့သို့စာရင်းကောက်မည့်ကိစ္စနှင့် ပတ်သက်ပြီးတပ်မတော်၏အတည်ပြုချက်ကို နိရဉ္စရာအနေဖြင့် သီးခြား ရယူနိုင်ခြင်းမရှိပါ

Wednesday, November 6, 2013

ရာဇ၀တ်မှုကျူးလွန်သော ဘင်္ဂလီများအား အမြန်ဆုံးအရေးယူပေးရန် RWU တောင်းဆို


 မိုးဇော် (သတင်း) ရခိုင်ပြည် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ရခိုင်အမျိုးသမီး (၃)ဦးကို ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်ခဲ့ သော အိစ္စလာမ်ဘာသာဝင် ဘင်္ဂလီများအား သက်ဆိုင်ရာ အာဏာပိုင်များက အမြန်ဆုံးထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ရခိုင်အမျိုး သမီးများ အစည်းအရုံး (RWU)က နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက " အမှန်တရားကိုမသိဘဲ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရင်တော့ ပြဿနာပြေလည်ဖို့ အခက်ခဲရှိတဲ့အကြောင်း ကျမတို့အနေနဲ့ နိုင်ငံတကာကို ထောက်ပြလိုပါတယ်။ တဆက်တည်းမှာပဲ မတရားသတ်ဖြတ်ခံရတဲ့ အမျိုးသမီးတွေ၊ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေ အတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အာဏာပိုင်တွေထံ ကျမတို့ တောင်းဆို မေတ္တာရပ်ခံပါတယ်။ အထူးသဖြင့် ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်တဲ့ ဆောင်ရွက်မှုတွေပေးဖို့ နိုင်ငံတော်အစိုးရထံ မေတ္တာရပ်ခံပါတယ်။ " ဟု ပြောသည်။ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီကျော်တွင် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ရခိုင်အမျိုးသမီး (၃)ဦး ငါးရှာသွားစဉ် အနီးအနားတွင် ရှိသော ငှက်ချောင်းကျေးရွာမှ ဘင်္ဂလီများက ဆင်တမော်ကျွန်းရှိ ဘင်္ဂလီဒုက္ခသည်စခန်းမှ ဘင်္ဂလီများနှင့် ပူးပေါင်းကာ အဆိုပါ ရခိုင်အမျိုးသမီးများအား အကြမ်းဖက်တိုက်ခဲ့သောကြောင့် အသက် ၃၀ ကျော် အရွယ်ရှိသည့် ဒေါ်လှခင်မှာ လှံဖြင့်အထိုးခံရသောဒဏ်ရာဖြင့် ယင်းနေရာ၌ပင်သေဆုံးသွားခဲ့ပြီး၊ အသက် (၁၈) နှစ် အရွယ်ရှိသော မမေသန်းခင်မှာ တုတ်၊ ဓါး၊ လှံဖြင့် တိုက်ခိုက်ခံခဲ့ရသောကြောင့် ဘယ်ဖက်လက်မောင်း၊ နောက်ကျော၊ ရင်အုံနှင့် ဦးခေါင်းတို့တွင် ပြင်းထန်သော ဒဏ်ရာရရှိကာ ယခု စစ်တွေဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုကို ခံနေရသည်ဟု စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်းအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ဇော်ထွန်းက ဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဟန်းရှင်လူ ပြည်သူများကိုယ်စား စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက ရာဇ၀တ်မှုကျူးလွန်သော ဘင်္ဂလီများအား နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်များက မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်ပေးရန်၊ စစ်တွေမြို့ပေါ် နေရာအနှံ့တွင် အိမ်၊ ကား၊ ဂိုဒေါင်တို့ကို ငှားရမ်းပြီး ဘင်္ဂလီများနှင့် ပူးပေါင်းလျှက် နည်းမျိုးစုံဖြင့် အပျက်လုပ်ငန်းများကို လုပ်ဆောင်နေကြသည်များကိုလည်း ထိရောက်စွာ အမြန်ဆုံးအရေးယူပေးရန် နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ထားသည်။ ၄င်းနည်းတူ လွန်ခဲ့သော ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်သူ မစုစုမွန်သည် သံတွဲမြို့တွင်နေထိုင်သော ဘင်္ဂလီများ၏ မုဒိန်းကျင့်မှုကိုခံခဲ့ရကြောင်း၊ သြဂုတ်လ ၂၅ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ကြိမ်နီပြင်ကျေးရွာမှ အသက် (၃၈)နှစ် အရွယ်ရှိသည့် ဒေါ်လှသန်းစိန်သည် သူမ၏ လယ်ထဲတွင် ဘင်္ဂလီများထံ အသတ်ခံခဲ့ရပြီး ထိုအမှုများအတွက် သက်ဆိုင်ရာ အာဏာပိုင်များက သေချာသော ဖမ်းဆီးစစ်ဆေးမှုများ မရှိသေးကြောင်း RWU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အသက် (၂၆) နှစ်အရွယ်ရှိသော မမိမိစံ အသတ်ခံရမှုနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ရဲများက ယခုထိ ရာဇ၀တ်မှုကျူးလွန် သော တရားခံအား စုံစမ်းဖော်ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မွတ်ဆလင်များအပေါ် တာဂတ်ထား တိုက်ခိုက်နေသည်ဆိုသော OIC နိုင်ငံများ၏ နားလည်နေမှုမှာ ပြောင်းပြန်ဖြစ်နေပြီး မိမိတို့ ရခိုင်များသည်သာ ကိုယ့်မြေ၌ လုံခြုံမှုကင်းမဲ့နေကြရကြောင်းကိုလည်း OIC မှ အမြင်မှန်ရလာစေရေးအတွက် အမှန်တရားဖော်ထုတ် သွားကြရန် အထူးလိုအပ်နေကြောင်း RWU မှ တိုက်တွန်းထားသည်။ http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/622-rwu-6112013

ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း


By Administrator - Wed Nov 06, 5:16 pm
မြန်မာနိုင်ငံတွင် သက်တမ်းအနုဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်း ယာယီဌာနချုပ် ဖွင့်လှစ် တည်ထောင်ထားသော ရခိုင်တပ်မတော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် The Voice သတင်းအဖွဲ့ လိုင်ဇာမြို့၌ တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
interv_rktmtsoz_NKK_01Voice : ရခိုင်တပ်မတော် အကြောင်းကို အနည်းငယ် ပြောပြပေးပါ။
UTMN : ကျွန်တော်တို့ ရခိုင်တပ်မတော် (Arakan Army )က ရခိုင်ပြည် ထဲမှာတော့ တက္ကသိုလ်ကျောင်းသား တွေနဲ့ နေရာအနှံ့အပြား တည်ဆောက်တာတော့ ကြာပါပြီ။ ပြည်တွင်းစစ် အစိတ်အပိုင်းမှာ ကျွန်တော်တို့ ရခိုင်တွေကတော့ မပါဘူးဗျ။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တွေက အရမ်းဆင်းရဲတယ်။ သယံဇာတ တွေလည်း အများကြီးရှိတယ်။ အလားအလာကောင်း တွေ အများကြီး ရှိပေမယ့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ အကုန်လုံးက အနိမ့်ဆုံးကို တဖြည်းဖြည်း ဆင်းသွားတော့ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား အရွယ်တုန်းက ဒါတွေကို မြင်လာတယ်။ အဲဒီတုန်းက ကရင်ပြည်တို့ ဘာတို့ဆိုတာ တိုက်ပွဲ ပြင်းထန်တယ်လေ။ ကရင်ပြည်က ကလေးတွေရော၊ ကလေးမ တွေရော အပြင်တွေ ရောက်ကုန်တယ်။ ဒုက္ခ ရောက်ပြီးမှပေါ့။ ဒါက ဘယ်လိုဖြစ်တယ် ဆိုတာ အကျိုးအကြောင်း ဆက်စပ်ယူလို့ ရတယ်လေနော်။ ဘာကြောင့် ဆင်းရဲနေတာလဲ။ ဘာကြောင့် ခက်ခဲနေတာလဲ။ စစ်ဖြစ်နေလို့ ခက်ခဲရတယ်။ စစ်ဖြစ်နေလို့ ဒုက္ခရောက်ကြတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်မှာ ကျတော့လည်း ဒီ့ထက်တောင် ပိုဆိုးနေတယ်။ အဲဒီအခြေအနေတွေဟာ ဘာကြောင့်လဲပေါ့။ ဒါတွေဟာ ဖိနှိပ်မှု ကြောင့်ပေါ့။
တကယ်ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အားမနာစတမ်း ပြောရ ရင်တော့ ကျွန်ပြုတာပေါ့ဗျာ။ ကျွန်တော်တို့ သွေးစုပ်ခံရတယ်လို့ပဲ မြင်တယ်။ ဥပမာ- လမ်းတစ်လမ်း ဖောက်ဖို့အတွက် ကျောက်တုံးတွေကို သယ်တဲ့နေရာက လမ်းဟာ အရမ်းဆိုးတယ်။ ဒါပေမဲ့ အဲဒီနေရာက ကျောက်တုံးတွေနဲ့ပဲ တခြားနေရာမှာ လမ်းတွေဖောက်သွားတယ်။ အဲလိုအနေ အထားမျိုးတွေ။ လျှပ်စစ်မီးတို့ ဘာတို့ ဆိုတာလည်း မရှိဘူးလေ။ ကျွန်တော် ရန်ကုန်ကို ပထမဆုံး ရောက်ဖူးတုန်းကဆိုရင် ၉၆ လောက်တုန်းက ဖြစ်မယ်ထင်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ စစ်တွေမှာ ဆိုရင် လျှပ်စစ်မီးက တစ်နေ့လုံးမှ နှစ်နာရီလောက် ပဲရတယ်။ ပြီးရင် တစ်ယူနစ်ကို ၄၀၀ ကျော်လောက် ပေးရတယ်။ ရန်ကုန်မှာ ၂၅ ကျပ်ပဲ ပေးရတယ်။
ကျွန်တော်တို့ ဆယ်တန်းအောင်စ ၁၉၉၆ တုန်းက ရန်ကုန်ကို လာကြတော့ ကျွန်တော်တို့ ရခိုင်ပြည်လေ အရမ်းမှောင်တာ။ အရမ်းမှောင်ပြီးမှ ပဲခူးရိုးမ ထိပ်ကို ရောက်တာနဲ့ ဟိုးဘက်မှာ လင်းပြီးမှ သစ်ပင်တွေ မှာတောင် လျှပ်စစ်မီး ထွန်းထားတယ်။ ဒါတွေဟာ ကွာခြားချက်တွေ၊ ခြားနားချက်တွေပဲ။ ဒီလိုမျိုး အကြောင်းတရားတွေပေါ့ အများကြီးပါ။ ဒါတွေဟာ ငါတို့ အခွင့်အရေးတွေ ဆုံးရှုံးနေ တာပဲပေါ့။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတယ်။ သို့သော် ကျွန်တော်တို့ မပါသလိုပဲပေါ့။ ကျွန်တော်တို့ ရပိုင်ခွင့် အခွင့်အရေးတွေကို ဆုံးရှုံးနေတယ်ပေါ့။ ဒီလိုမျိုး အကြောင်းတရား တွေကြောင့် ကျွန်တော်တို့ ရခိုင်တပ်မတော်ဟာ မွေးဖွားလာခဲ့တာပါ။
Voice : ရခိုင်တပ်မတော် ဖွဲ့ပြီးနောက်ပိုင်း အစိုးရနဲ့ တပ်ချင်းထိတွေ့မှု တွေရှိလား။
UTMN : ထိတွေ့မှုဆိုတာတော့ ကျွန်တော်တို့ ရခိုင်တပ်မတော်က အဓိက ကချင်ပြည်နယ်မှာ လှုပ်ရှားတာ များတယ်။ တခြားနယ်မြေ တွေမှာလည်း အများကြီးရှိတယ်။ တိုက်ပွဲကာလ မှာဆို ရှေ့တန်းတွေမှာ တပ်ရင်းအလိုက်တော့ မဟုတ်ဘူးပေါ့ ။ စစ်ကြောင်းအလိုက် ခံစစ်စခန်းတွေမှာ နေပြီးမှ လှုပ်ရှားတာ ရှိတယ်။ နောက်ပြီးမှ ရန်သူစစ်ကြောင်းတွေ ဝင်လာရင် လှုပ်ရှားထွက်ပြီးမှ ဖြတ်တောက်တာတွေ ရှိတယ်။ တိုက်ပွဲတွေကတော့ အများကြီးပါပဲ။
Voice : လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေအပိုင်းရော ဘယ်လိုရှိလဲ။
UTMN : အစိုးရက ကျွန်တော်တို့နဲ့တော့ ငြိမ်းချမ်းရေးကိစ္စ ဘာမှမပြော သေးဘူးဗျ။ ကျွန်တော်တို့က ကချင်ပြည်မှာ အခြေစိုက်ထားတယ် ဆိုတော့ သူတို့ အမြင်မှာ KIO/KIA နဲ့ ဆွေးနွေးလို့ အဆင်ပြေရင် အကုန်လုံး ပြီးသွားမယ်လို့များ ထင်လား မသိဘူးလေ။ ကျွန်တော်တို့ အမြင်ကျပြန်တော့ နောက်တစ်မျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာက နက်နက်ရှိုင်းရှိုင်း ရှိတယ်လေ။ အဲဒါကို တကယ်တမ်း တိုင်းရင်းသား တန်းတူအခွင့်အရေးတွေနဲ့ နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင် အကုန်လုံးနဲ့တော့ ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ ကချင်နဲ့ အပစ်ရပ်လိုက်လို့ ရခိုင်နဲ့ ပြဿနာ ပြီးသွားမယ်လို့တော့ မဟုတ်ဘူးလေ။ သူတို့ဘက်ကလည်း အကြောင်းပြချက်တွေ ကတော့ အများကြီးပေါ့ဗျာ။
Voice : ငြိမ်းချမ်းရေးဆွေး နွေးမှု မရှိသေးဘူးဆိုတော့ အစိုးရဘက်ကို ဘယ်လိုဖြစ်စေချင်လဲ။
UTMN : တကယ်တမ်းဆိုရင်တော့ ဒါကနိုင်ငံရေးကြောင့် ဖြစ်တဲ့ ပြဿနာတွေ ဆိုတော့ ကျွန်တော်တို့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်ပေါ်တိုးတက်မှု အခြေအနေမှာ ပူးပေါင်း ဆောင်ရွက်လိုတဲ့ ဆန္ဒတော့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဆန္ဒဆိုတာထက် လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီနိုင်ငံကို ပေါင်းပြီးတော့ တည်ဆောက်ရမှာပဲ။ ဒီတိုင်းပြည်ကြီး မအေးချမ်းရင် ကျွန်တော်တို့ အနာဂတ်မျိုးဆက်သစ် တွေရဲ့ အနာဂတ် တွေရော၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာရော၊ အပြင်ကိုထွက်ကြည့်ရင် အရမ်းကို သိသာပါတယ်။ ကျွန်တော်တို့ လူမျိုးတွေကို တခြားနိုင်ငံက ဘယ်လိုဆက်ဆံကြလဲ။ ဒါတွေကိုလည်း ဝိုင်းပြီး ကုစားရမှာပေါ့။
Voice : ရခိုင်တပ်မတော် ဆိုတာက ၂၀၀၈ ခုနှစ်မှာ စဖွဲ့တယ်လို့ သိရတယ်။ အဲဒီအရင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိခဲ့လား။ ဘယ်လို ဖွဲ့ဖြစ်ခဲ့လဲ။
UTMN : လက်နက်ကိုင် အတွေ့အကြုံရယ် လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က နိုင်ငံရေးခံယူချက် အမြင်တွေပေါ့၊ နောက်ပြီး ကျွန်တော်တို့ ရခိုင်တွေ ကတော့ သမိုင်းပေး တာဝန်တွေလည်း ရှိတယ်လေ။ ကျွန်တော်တို့လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်နိုင်တဲ့ လူမျိုး တစ်မျိုးပဲလေ။ ဒါကြောင့် ဘဝပေးအသိ ရှိတယ်။ အဲဒါတွေနဲ့ပဲ ကျွန်တော်တို့ ရခိုင်တပ်မတော် တည်ထောင်တယ်။ တိုက်ပွဲအတွေ့အကြုံ ကတော့ ဒီမှာတိုက်တာတော့ ၂ နှစ်တိတိ ပါပဲ။ စပြီး သေနတ်သံ မြည်ကတည်းက ကျွန်တော်တို့ တိုက်လာတာပဲ။ ထိပ်ဆုံးကနေ တိုက်တာပဲ။ ဒါကလည်း မိတ်ဆွေအိမ်မှာ နေရင် မိတ်ဆွေ ပီသရတာပေါ့။ တစ်ဖက်ကလည်း ဖိနှိပ်တဲ့ ဘုံရန်သူကို တိုက်တာပဲလေ။ အခြားဟာ တွေလည်း အများကြီးရှိပါတယ်။ တချို့ကျတော့ စစ်ဘက်ဆိုင်ရာ သတင်း အချက်အလက် လုံခြုံရေးအရ မပြောနိုင်တာလည်း ရှိပါတယ်။
“လူမျိုးတိုင်းက ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ရှိသင့်တယ်ဆိုပြီး ကျွန်တော်တို့ ဖွဲ့ပေမယ့် သွေးထွက်သံယိုတွေနဲ့ မဖြေရှင်းလိုဘူး။ ဒါဟာ အချင်းချင်း သတ်ဖြတ်ဖို့အတွက် မဟုတ်ပါဘူး။ အခွင့်အရေးတွေ ကာကွယ်ဖို့အတွက်ပဲ…”
Voice : ရခိုင်ပြည်နယ်မှာ ကြုံရနေတဲ့ ပြဿနာတွေကို ရခိုင်တပ်မတော် အနေနဲ့ ဘယ်လိုပါဝင် ဖြေရှင်းဖို့ ရှိလဲ။
UTMN : ပုံမှန်တပ်တစ်ခုရဲ့ တာဝန်ဆိုရင်တော့ ကိုယ့်ရဲ့နယ်မြေ လုံခြုံရေး၊ ကိုယ့်ရဲ့ လူမျိုး လုံခြုံရေးအတွက် တာဝန်ရှိတယ်လေ။ ဒါပေမဲ့ ဒီပြဿနာတွေက သွေးရိုးသားရိုးဖြစ်တဲ့ ပြဿနာတွေ မဟုတ်လေတော့ ကျွန်တော်တို့လည်း နိုင်ငံရေးအရ ထိုးဖောက်မြင်နိုင်အောင် ကြည့်တတ်ဖို့ လိုတယ်။ ရခိုင်ပြည်မှာကျတော့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေကို ဆုံးဖြတ်နိုင် တာက ကျွန်တော်တို့ ရခိုင်လူမျိုးတွေ မဟုတ်ဘူးဗျ။ အဲဒါကြောင့် အချို့ကိစ္စတွေကျတော့ ဘယ်လိုကိုင်တွယ်ရမယ်။ ဘယ်လိုမျိုးလူထုကို စနစ်တကျ ဦးဆောင်မှုပေးပြီးမှ ဘယ်လို နည်းမှန်လမ်းမှန် ဖြေရှင်းသင့်တယ် ဆိုတဲ့ အနေအထားတွေက လုပ်ပိုင်ခွင့် မရှိဘူး ဖြစ်နေတယ်။ သူတို့ကလည်း ပေးမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် တဖြည်းဖြည်းချင်း တည်ဆောက်ယူရမှာပဲ၊ အချိန်ပေးပြီးမှ တည်ဆောက်ယူရမှာပဲ။ ဒါဟာ မဖြစ်သင့်တဲ့ ပြဿနာပဲလေ။ ပြီးရင် စနစ်တကျ စိစစ်ယူရမှာပေါ့။ ပြောနေကြတဲ့ ခိုးဝင်ဘင်္ဂါလီ ဘာညာ ပြောကြတယ်ပေါ့။ အချို့ကျတော့ နဂိုကတည်းက ရှိတဲ့သူ လည်းရှိတယ်။ ခိုးဝင်တဲ့သူလည်း ရှိတယ်။ ဒါကို စနစ်တကျ ဆောင်ရွက်တာ ကတော့ အကုန်လုံးအတွက် အကျိုးရှိပါလိမ့်မယ်။
Voice : လက်ရှိ ရခိုင်ပြည်နယ်က ရခိုင် နိုင်ငံရေးပါတီ တွေရဲ့ ဆောင်ရွက်မှု တွေကို အားရကျေနပ်မှုရှိလား။
interv_rktmtsoz_NKK_02UTMN  : ကျွန်တော့်အမြင် ကတော့ ပြည်တွင်းမှာ ရှိနေတဲ့ ပါတီကြီးနှစ်ခု၊ အခုဆိုရင် တစ်ခုပေါ့။ သူတို့ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို ကျွန်တော် Appreciate ဖြစ်ပါတယ်။ အားရကျေနပ်တယ် ရယ်လို့တော့ ပြောရခက်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ ခေါင်းဆောင်ကြီး တွေက ၂၀၀၈ အခြေခံ ဥပဒေအောက်မှာလည်း အကန့်အသတ်နဲ့ လုပ်ရတဲ့အပိုင်း ရှိတယ်လေ။ လွှတ်တော်ထဲမှာ ဖြစ်ဖြစ်၊ ဘယ်နယ်ပယ်မှာ ဖြစ်ဖြစ် သူတို့ရဲ့အပေါ်မှာ Glass Ceiling ရှိနေတယ်။ အဲဒီအကန့်အသတ် အောက်မှာ လုပ်နေရတယ်။ လုပ်ဖို့ လိုအပ်တာတွေတော့ အများကြီးပဲ ဖြစ်တယ်။ သူတို့ အကောင်းဆုံး လုပ်နေတာကို ကျေနပ်တယ်။ ကျွန်တော်တို့ အနေနဲ့လည်း အကောင်းဆုံး ကြိုးစားမယ်။ ဘာကြောင့်လဲ၊ လက်ရှိအခြေအနေမှာ အခွင့်အရေးလေး မသိမသာလေး ပွင့်လင်းမှု တချို့တွေပေါ့နော်၊ အဲဒါလေး ရရင်လည်း အဲဒါလေးယူပြီးမှ လူထုကို အကျိုးပြုတာ ပေါ့ဗျာ။ နောက်ပြီး ဆက်ပြီးလိုအပ်နေတာ တွေကိုလည်း ကျွန်တော်တို့ တိုက်ယူတာပေါ့။ ပြီးရင် တကယ်လို့ ညှိနှိုင်းလို့ ရမယ် ဆိုရင်လည်း ညှိနှိုင်းပြီးမှ လုပ်ကိုင်ကြတာပေါ့။ အဲလိုမျိုးရရင်တော့ အကုန်လုံး အတွက် တိုင်းပြည် အတွက်ရော၊ တိုင်းရင်းသားတွေ အတွက်ရော၊ ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ မြန်မာပြည်သူလူထု အတွက်ရော အကျိုးရှိပါလိမ့်မယ်။
ဒါမှ မဟုတ်ရင် ဒီပြည်ထောင်စုကြီးမှာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေကို နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေမှာ ဘေးဖယ်ထားတာ ဘာနဲ့တူလဲဆို ရခိုင်လူမျိုး ဆိုတာ ကိုယ့်နိုင်ငံနဲ့ ကိုယ်နေလာတဲ့ လူမျိုးပဲလေ။ အရှိကို အရှိတရားအတိုင်း ပြောမှာပေါ့။
ဒီနေ့ ဒီအချိန်မှာ ခေတ်ကာလက ပြောင်းလဲလာတယ်။ ကျွန်တော်တို့ အမြင်တွေကလည်း တိုးတက်ပြောင်းလဲပေး ရမှာပဲ။ ပြောင်းလဲလာတဲ့ အခြေအနေကို လက်မခံချင်လို့ မရဘူး။ ဒီပြည်ထောင်စုကြီးထဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူအခွင့်အရေးနဲ့ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်မယ်ဆိုရင် ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဒီနေရာမှာ ဒီ Process ကနေ ဘေးဖယ်ထားတာဟာ ဘာနဲ့တူလဲ ဆိုတော့ ကျွန်တော်တို့ အရင်နေခဲ့တဲ့ အနေအထားကို ပြန်တွန်းပို့တဲ့ အနေအထားများ ဖြစ်လာမလား ပေါ့လေ။ ကျွန်တော်တို့ ပျောက်သွားတာ ကတော့ အကြီးကြီးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်လိုချင်တာက အဲလောက်အကြီးကြီး မဟုတ်ပါဘူး။ ကျွန်တော်တို့ ရခိုင် တော်လှန်ရေးသမားကြီးတွေ ပြောတဲ့စကား ရှိတယ်လေ။ ရွှေပျောက်သွားတယ်ကွာ။ ဒါပေမဲ့ ကျွန်တော်တို့ ငွေကလေး ပြန်တောင်းတာပါ။ အဲဒီငွေကလေး ကိုမှ မပေးချင်ဘူး ဆိုရင် ပျောက်သွားတဲ့ ရွှေကို ပြန်တိုက်ယူတာ ပေါ့ဗျာ နော့။ ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ နိုင်သည်မနိုင်သည် ဆိုတာထက် ကျွန်တော်တို့မှာ တိုက်မယ့် တာဝန် ရှိတယ်။ ရပိုင်ခွင့်လည်း ရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့ ရပ်တည်ရမှာပဲ။ ဒါကြောင့် ဆွေးနွေးတာက ကောင်းတယ်။ အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါလိမ့်မယ်။
Voice : လက်နက်ကိုင် ဖြေရှင်းတာနဲ့ ဆွေးနွေးတာနဲ့ ဘယ်အပိုင်းကို ပိုပြီး လိုလားပါသလဲ။
UTMN : သွေးထွက်သံယို ဖြေရှင်းတဲ့နည်းက သိပ်တော့ မကောင်းဘူး ပေါ့လေ။ ပြီးရင် တစ်ခါတစ်ခါ လူတွေ ပြောကြပါတယ်။ နှစ်ပေါင်း ၆၀ တိုက်တယ်။ ဘယ်သူမှလည်း မနိုင်ဘူး။ မပြီးပြတ်ဘူး ဆိုတဲ့ဟာမျိုး။ ဘာလို့မပြီးပြတ်လဲ ဆိုတော့ တိုင်းရင်းသားအပိုင်း ကလည်း ညီညွတ်မှု လိုအပ်ခဲ့လို့ ဖြစ်တယ်။
Voice : ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်ရော ရှိလား။
UTMN : ရွေးကောက်ပွဲဝင်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ရခိုင်တွေမှာ ပါတီ ရှိပါတယ်။ သူတို့ ဝင်ပါလိမ့်မယ်။ မျှော်လင့်ချက်တွေ ရှိတာက နိုင်ငံရေးအရ ဖြေရှင်းဖို့ ကြိုးစားကြတယ်။ တချို့ဆိုရင် တစ်စိတ်တစ်ပိုင်း ဖြေရှင်းကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘက်ကလည်း အကုန်စုပြီး သဘောတူ ညှိနှိုင်းဖို့ပြောနေတာ ရှိတယ်။ CNF တို့လိုမျိုး တခြား အဖွဲ့အစည်း တွေက ပြည်နယ်အဆင့် လက်မှတ်ထိုးကြတယ်။ တချို့ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးကြတယ်။ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီး လူထုနဲ့ နှီးနှောဖလှယ်ပွဲတွေ လုပ်ကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့လည်း အဲဒီလို အခွင့်အရေးမျိုး မျှော်လင့်တယ်၊ လိုလားတယ်။
တပ်မတော် ဖွဲ့စည်းတယ် ဆိုတာ လူမျိုးတိုင်းက ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ရှိသင့်တယ်ဆိုပြီး ကျွန်တော်တို့ ဖွဲ့ပေမယ့် သွေးထွက်သံယိုတွေနဲ့ မဖြေရှင်းလိုဘူး။ ဒါဟာ အချင်းချင်း သတ်ဖြတ်ဖို့အတွက် မဟုတ်ပါဘူး။ အခွင့်အရေးတွေ ကာကွယ်ဖို့အတွက်ပဲ ဖြစ်တယ်။ နှီးနှောဖလှယ်ပွဲတွေ လုပ်ကြတာ လူထုကို လမ်းကြောင်းတစ်ခုကို စနစ်တကျ ခေါ်ဆောင်မယ့် အခွင့်အရေးပဲ။ ကျွန်တော်တို့ ရခိုင်ဒေသမှာ ပြဿနာတွေ အများကြီး တက်နေတယ်။ ဒါကိုလူတွေက တစ်ယောက်တစ်ပေါက်နဲ့ အကျိုးအမြတ် ရတဲ့သူတွေကလည်း အခွင့်အရေး အမြတ်ထုတ်တယ်။ အကယ်၍သာ ဒါမှားတယ်၊ မှန်တယ်၊ ဒီအတိုင်းဖြစ်သင့်တယ် ဆိုပြီး တစ်ခုခုကို စနစ်တကျနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ရင် အဲဒီလို အဖြစ်အပျက်တွေ ရပ်ဆိုင်းသွားပါမယ်။
Voice : ခု လိုင်ဇာညီလာခံမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်အဆင့်ကို သွားဖို့ ဆုံးဖြတ်တယ်။ ရခိုင့်တပ်မတော်နဲ့ အစိုးရက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှု တစ်စုံတစ်ရာ မရှိသေးဘူး ဆိုတော့ ဘယ်လို ဆက်သွားမလဲ။
UTMN : ပြောရရင်တော့ တော်လှန်ရေးသမားက သေမှာ မကြောက်ဘူး။ ကျွန်တော်တို့က တိုက်မယ်ဆိုလည်း တိုက်ဖို့ အဆင်သင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ ကွန်မန်ဒိုတွေ ကိုလည်း စနစ်တကျ လေ့ကျင့်ထားပါတယ်။ ဗြုန်းခနဲဆို ကချင်ပြည်မှာရှိတဲ့ ရခိုင်အုပ်စုလေးလို့ အမြင်ရှိတဲ့သူလည်း ရှိမှာပေါ့။ ကျွန်တော်တို့ ဒီလောက်တော့ မအပါဘူး။ စနစ်တကျ ပြင်ဆင်မှု ရှိတယ်။ အနိုင်တိုက်နိုင်မယ် ဆိုတာထက် ကျွန်တော်တို့လည်း လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတယ်။ အပြုစွမ်းရည် ရှိသလို အဖျက်စွမ်းရည်လည်း ရှိတယ်လေ။ ဖျက်ချင်လို့ ပြောတာ မဟုတ်ပါဘူး။ အဲ့ဒီလိုလည်း မဖြစ်လာဖို့ မျှော်လင့်ထားတယ်။ ခု တိုင်းရင်းသားတွေ ဆွေးနွေးပြီး လက်မှတ်ထိုးတဲ့ အထဲမှာ ကျွန်တော်တို့လည်း ပါတယ်။ ကိုယ်စားလှယ် အဖွဲ့မှာလည်း ကျွန်တော်တို့လူ ပါတယ်။ တိုင်းရင်းသားအခွင့်အရေး အတွက် တန်းတူဆိုရင် ပြောရမှာပဲ။ သူတို့ဘယ်လို တုံ့ပြန် မယ်ဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းတယ်။
Voice : ရခိုင်တပ်မတော် AA ရဲ့ ခံယူချက်တွေ၊ ရပ်တည်ချက် တွေမှာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုရှိလဲ။
UTMN : ကျွန်တော်တို့မှာ အများကြီး တာဝန်ရှိပါတယ်။ တစ်ခုခုကို တရားနည်းလမ်းကျကျ ဖြေရှင်းမယ်ဆိုရင် ဘယ်သူက တရားဝင်တယ် မဝင်ဘူး သေချာ စိစစ်ရမယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း ဆိုတဲ့သူတွေ အပါအဝင် လူတွေက ရခိုင်တွေကို အပြစ်တင်ကြတယ်။ ကျွန်တော် နားမလည်ဘူး။ အများပြောတိုင်း မှန်တယ်လို့တော့ ပြောလို့မရဘူး။ ကျွန်တော်တို့ဘက်က ဝင်ကြည့်ဖို့လည်း လိုတယ်။ ရခိုင်လူမျိုးတွေ ကိုယ်တိုင် ရခိုင်ပြည်မှာနေပြီး အခွင့်အရေး တွေအကုန်လုံး ဆုံးရှုံးခံထားရတာ ဖြစ်တယ်။ လူ့အခွင့်အရေးကို အကာအကွယ်ယူပြီး မမှန်တာကို အမှန်လုပ်တာ ရခိုင်လူမျိုးတွေ ကိုရော၊ မြန်မာလူထု ကိုရော အကြီးအကျယ် စော်ကားမှုဖြစ်တယ်။
ပြောကြတာ နိုင်ငံကူး ချင်းကူး ဆင်းရဲတဲ့ မြန်မာနိုင်ငံကိုတော့ ကူးမှာမဟုတ်ဘူး။ တခြားကို သွားမှာပေါ့ ဆိုပြီးတော့။ ဒုက္ခရောက်နေတဲ့ သူတွေက ချမ်းသာတဲ့နိုင်ငံမှ မဟုတ်ဘူး၊ သူတို့အတွက် ခြေချလို့ရတဲ့ နိုင်ငံဆို ကူးမှာပဲ။ Genocide လို့ပြောနေကြတာ တကယ်မဟုတ်ပါဘူး။ မွတ်ဆလင် လော်ဘီ မီဒီယာတွေက ပြောတာ ဖြစ်မှာပါ။ တကယ် Genocide ဟုတ် မဟုတ် ကျွန်တော်တို့ အသိဆုံးပါ။ မြန်မာလူမျိုးတွေ ဒီလောက် မရိုင်းစိုင်းပါဘူး။ ပဋိပက္ခထဲမှာ သေတဲ့သူကလည်း အဲဒီ လောက် မများပါဘူး။ တခြားမွတ်ဆလင် တိုင်းပြည်တွေမှာ ကားဗုံးတစ်လုံး ကွဲရင်တောင် အဲ့ဒီထက်အများကြီး သေတယ်။ နေ့တိုင်းလည်း ကွဲနေတာပဲ။ မြန်မာနိုင်ငံမှာ ဖြစ်တာကို Genocide လို့ပြောရင် အရမ်း ရယ်စရာ ကောင်းပါတယ်။ မျှတတဲ့ အသုံးအနှုန်း မဟုတ်ပါဘူး။
နော်ကိုကို