Friday, December 14, 2012

ရဲချုပ် ယောက်ဖ အရေးယူပေးစေလို (ပေးစာ)

အယ်ဒီတာထံ ပေးစာ — August 23, 2012 at 5:45 pm


ရဲတပ်ရင်းများ ကွပ်ကဲရေး (၃) မန္တလေး မှ ရဲမှူးကြီး ခင်မောင်ဝင်းက ကျွန်တော်တို့ ရဲတပ်ရင်း (၄) မှ မြေများကို ၄င်း၏ကိုယ်ကျိုးစီးပွါးအတွက် ရောင်းစားနေပါသည်။
ရဲမှူးကြီး ခင်မောင်ဝင်းက သူ့ကိုယ်သူ ရဲချုပ်၏ယောက်ဖ ဟု ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် အမြဲ ပြောလေ့ ရှိပါသည်။ ထိုသို့ပြောရုံနှင့် အားမရဘဲ ရဲချုပ်ကို တိုင်လိုက်မယ် ဟု ဆိုကာ ကျွန်တော်တို့ကို အမြဲ ခြိမ်းခြောက်လျက်ရှိပါသည်။ လက်အောက်ငယ်သားများကိုလည်း လူမဆန်စွာ ဆဲဆို အုပ်ချုပ် လျက်ရှိပါသည်။

(၁၀) တန်းပင် မအောင်သော ရဲချုပ်၏ ယောက်ဖက တပ်ရင်းမှူးများ၏ အကြီးအကဲလုပ်ကာ ငါတကော-ကော လျက်ရှိပါသည်။ ကျွန်တော်တို့သည် တပ်တွင်း အကြမ်းဖက်မှု သာမက
တပ်ရင်း(၄)မှ မြေများကို ၄င်း၏ အကျိုးစီးပွါး အတွက်ပါ ရောင်းချစားသော တပ်တွင်း အမြတ်ထုတ်မှု များကိုပါ တစ်ပြိုင်နက် ခံစားနေရပါသည်။
အဆိုပါမြေများသည် တပ်ရင်း(၄)၏ အနောက်ဘက် ကြက်ခြံဘေးမှ မြေများဖြစ်ပါသည်။ ထိုမြေများကို တူးယူရာတွင် အရိပ်ရသော သစ်ပင်ကြီးများကိုပါ ခုတ်လှဲပစ်လျက် ရှိပါသည်။ ထိုမြေများကို အားကစားကွင်းဆောက်လုပ်သောနေရာမှ ဒါရိုက်တာကို ရောင်းစားနေခြင်းဖြစ်ပါသည်။
တပ်ရင်း(၄)သို့ မြေကားကြီးများ နေ့စဉ် ဥဒဟိုသွားလာ မြေသယ်လျက်ရှိပါသည်။ တပ်ရင်းမှူးကိုလည်း ရဲမှူးကြီး ခင်မောင်ဝင်းက သူ့ကိုယ်သူ ရဲချုပ်ယောက်ဖဟူသော အရှိန်ဖြင့် ပါးစပ်ပိတ် ခေါင်းငြိမ့် လုပ်ခိုင်း နေပါသဖြင့် တပ်ရင်းမှူးလည်း သိသိကြီးနှင့် ငြိမ်ခံနေရပါသည်။
ကျွန်တော်တို့ လက်အောက်ငယ်သားများ ငတ်ပြတ်နေချိန်တွင် ရဲချုပ်ယောက်ဖ ဦးခင်မောင်ဝင်းက တပ်ပိုင်မြေများကို သူ့ကိုယ်ကျိုး အတွက်ရောင်းစားနေပါသည်။
သို့ပါ၍ နိုင်ငံတော်သမ္မတကြီး နှင့် ပြည်ထဲရေးဝန်ကြီးတို့မှ ကျွန်တော်တို့ ငယ်သားများအပေါ် စာနာသော အားဖြင့် ရဲမှူးကြီး ခင်မောင်လွင်၏ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှု များကို အချိန်မီ ရပ်တန့်ပေးပါရန် လေးလေးစားစွာဖြင့် တောင်းဆိုလိုက်ရပါသည်
(စာကြွင်း။  ။ ငယ်သားများကိုလည်း ရဲချုပ် ယောက်ဖက တိရစ္ဆာန်တွေလို သဘောထားပြီး နှိပ်စက်နေပါတယ်။ မြေတွေကို လည်း ကိုယ်ကျိုးအတွက် တကယ် ရောင်းစားနေတာပါ။ အားကစားကွင်းနေရာနဲ့ တပ်ရင်း(၄)ရွှေစာရံ နေရာကို သွားကြည့်ရင် သိနိုင်ပါတယ်။)
တိုင်းပြည်ချစ်တဲ့ ရဲတပ်ဖွဲ့ဝင်များ  narinjara

မောင်တော ဒေသခံများက နိုင်ငံတော် သမ္မတကြီးထံ ပေးစာ

အယ်ဒီတာထံ ပေးစာ — July 2, 2012 at 11:04 am


သို့
သမ္မတကြီး ဦးသိန်းစိန်
နေပြည်တော် သမ္မတရုံး
ပြည်ထောင်စု မြန်မာနိုင်ငံ
လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား
ကျွန်ုပ်တို့လေးစားစွာဖြင့်သိရှိ စီမံခန့်ခွဲနိုင်ရန် အစီရင်ခံ တင်ပြအပ်ပါသည်။
ရခိုင်ပြည်နယ်မောင်တောမြို့ နှင့် မောင်တောမြို့ နယ်တို့တွင် ၈/၆/၁၂ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု၌ ငယ်သောအမှုကို ကြီးစေ ကြီးသော အမှုကို ပို၍ ကျယ်ပြန့်စေ ဆိုသော သဘောဖြင့် နိုင်ငံတော် တစိတ်တပိုင်းအား လက်လွတ်လိုသော ရည်ရွယ်ချက်နှင့် နိုင်ငံတော်ကို ရောင်းစားရန်ကြံစည် အကောင် အထည် ဖေါ်နေသူမှာ မောင်တော နစက ဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ် မှူးကြီး ဦးအောင်ကြီး ဖြစ်ကြောင်းကို အောက်ပါအချက်တို့ဖြင့် သက်သေထူ တိုင်ကြားအပ်သည်။

အကြမ်းဖက်မှု ဖြစ်စေသော အခြေခံ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ( ၃၅၀ဝ ) နှင့် ခွင့်ပြုခြင်း  နိုင်ငံတော် ၏ တည်ဆဲဥပဒေကို ချိုးဖေါက်ပြီး သညန များအား ၄ လတွင် ၁၀ဝ၀ဝ ကျပ်အထိ ကောက်ခံ၍ ဘင်္ဂလီကုလား များကို ကိုင်ဆောင်ခွင့်ပြုခြင်း။
၎င်း ဘင်္ဂလီ အိမ်ထောင်စုစစ်ဆေးရာတွင်လည်း တရားမဝင် ဘင်္ဂလီတစ်ယောက်အား အိမ်ထောင်စုထဲ ထည့်လိုလျှင် ငွေကျပ်  ၂၀ဝ၀ဝ၀ မှ ၅၀ဝ၀ဝ၀ အထိယူပြီး အိမ်ထောင်စု ဝင်ခွင့်ပြုခြင်း။
၎င်းဘင်္ဂလီအား မိသားစုဝင် ဓါတ်ပုံထဲထည့်ရိုက်ရန် ငွေ ၅၀ဝ၀ ကျပ် ထပ်ပေးရခြင်း။
ဦးဒီလာ၊ ဦးလှမြိုင်၊ တို့သည်အကြမ်းဖက်မှု နောက်ကွယ်၌ ကြိုးကိုင်သူများဟု သိပါလျှက် ငွေယူပြီး သတင်းပေး အမာခံဟုဆိုကာ လုံခြုံရေးချထားပေးခြင်း။
နိုင်ငံတော်အစိုးရအဖွဲ့မှလိုအပ်သော ဦးတင်မောင်ဝင်းအား ဒီလာအိမ်၌ဝှက်ထားခြင်း။
ကျေးရွာ ရပ်ကွက်တို့အား မီးရှို့ဖျက်ဆီးသော ဘင်္ဂလီကုလားများအား မီးရှို့ဖျက်ဆီးနေစဉ်အတွင်း မည်သို့ သော အတားဆီးမှုမျှမပြုလုပ်ဘဲ ကားဖြင့်ရောက်လာပြီး မျက်ကွယ်ပြု ရှောင်ထွက်သွားခြင်း။
အကြမ်းဖက်မှုဖြစ်မည့်သတင်းကို ရခိုင်ကျေးရွာများမှ နေ့လယ် ၃ နာရီ ကတည်းက ဒေသနစက အဖွဲ့အား သတင်းပို့တိုင်ကြားသော်လည်း ညနေ ၅ နာရီ မီးလောင်လူသတ်ပြီးချိန်မှ ရောက်ရှိလာကြခြင်း
နယ်မြေနှင့်ဝေးသော ဒေသတို့တွင် လုံထိန်း/ ရဲ / တပ်မတော်တို့မှ ဝန်ထမ်းတို့သည် လက်နက်အပြည့် အစုံနှင့်ပင် ရွာထဲသို့မဝင်ရဲကြသော်လည်း နစကတို့ကမူ လက်နက်မပါဘဲ ဝင်ထွက်သွားလာနိုင်ခြင်း
၈/ ၆/ ၁၂ နေ့က အကြမ်းဖက်မှု ကျူးလွန်သူများကို ရဲနှင့် စစ်တပ်များက အရေးယူ ဖမ်းဆီး နေကြသည်ကို ၁၁/ ၆/ ၁၂ နောက်ပိုင်းတွင်  ရပ်တန့်ခိုင်းခြင်း
ဒေသအနှံ့အပြား၌ နစကဝတ်စုံ နစကသေနတ်ဖြင့် ဓါးပြမှုများအား တခုမှ မဖေါ်ထုတ်ခြင်း
၈/ ၆/ ၁၂ ခုနှစ် သောကြာနေ့ ဘင်္ဂလီများ ဆုတောင်းပွဲအပြီးတွင် မြို့မဘုန်းတော်ကြီးကျောင်းနှင့် ယူနိုက် တက် တည်းခိုခန်းအား ရာပေါင်းများစွာသော ဘင်္ဂလီများက ခဲဖြင့်ပေါက် ဖျက်ဆီးနေသည်ကို ရဲတပ်ဖွဲ့မှ မိုးပေါ် ထောင် သေနပ်ပစ်ဖေါက်၍ လူစုခွဲမှုအား အောင်ကြီးကအပြစ်တင် ကြိမ်းမောင်းခြင်း။
၎င်းမှစပြီး ဗိုလ်မှူးရွာထဲရှိ ရခိုင်အိမ်များကို မီးရှို့ဖျက်ဆီးနေကြသည်ကို မျက်ရည်စက်လက်ဖြင့် အဝေး မှကြည့် နေရုံမှလွဲ၍ ကယ်သူမဲ့ ဖြစ်နေသော ကျွန်ုပ်တို့ပြည်သူများမှ နစကမှူး ဗိုလ်မှူးကြီး  အောင်ကြီး ရောက်လာပြီးဟု  အားကိုးတကြီးဖြင့် ၀မ်းသာနေကြရာ  ဝမ်းသာခြင်းပင် မဆုံးလိုက် သူ၏ မျက်ကွယ်ပြု ခံခဲ့ရခြင်း။
၎င်းဖြစ်ရပ်တို့အား လုံခြုံရေးတို့ကို စောင့်ကြည့်ရုံသာ စောင့်ကြည့်ခိုင်းပြီး ဗိုလ်မှူးကြီး အောင်ကြီး တစ်စုံတစ်ရာ ဟန့်တားမူ မလုပ်ရန် နစကတပ်ဖွဲ့ဝင်များအား ညွှန်ကြားခြင်း
ဤဖြစ်ရပ်သည် အကြမ်းဖက်ကျူးကျော် သတ်ဖြတ်မှုဆိုသည်ကို သူကိုယ်တိုင် မသိလေခြင်းလော၊ အားပေး နေခြင်းလော၊ ကြံရာပါလော၊ သို့တည်းမဟုတ် အောင်ကြီးထက် အကြမ်းဖက်ဘင်္ဂလီများက ဩဇာကြီးနေ၍ လော။ ဤသို့ဆိုလျှင် အဘယ်ကြောင်းနည်း။ နိုင်ငံတော် အစိုးရ အဖွဲ့အနေဖြင့် စုံစမ်း ဖေါ်ထုတ်စစ်ဆေးသင့်ပါသည်။
မောင်တောမြို့ပေါ်တွင် မီးတိုက်မှုဖြစ်ပွါး ပြီးသောအခါ သရီကုန်ဘောင်၊ မောရဝတီဖက်သို့  မောင်တောမြို့ပေါ်မှ ကား ၄ စီး မောင် တောမှ ထွက်သွားပြီး ၄င်းကားပေါ်မှ ဆူပူ အကြမ်းဖက်လိုသူများက ဟောပြော သောအခါမှစ၍ မောင်တောနယ် တောင်ပိုင်းအား ဘင်္ဂလီများက မီးရှို့ ကြခြင်းဖြစ်ပါသည်။ မောင်တောမြို့ပေါ်၌ ထိထိရောက် ထိန်းသိမ်းနိုင်ခဲ့ပါလျှင်  နယ်ကျေးရွာများ၌ မီးရှို့ တိုက်ခိုက် လူသတ်မူများ ဖြစ်လာစရာ အစီအစဉ်မရှိဟု ဘင်္ဂလီ သတင်းရပ် ကွက်မှကြား သိရပါသည်။
နိုင်ငံတော်၏ ကျွေးမွေးသောအစာရေစာတို့ကို စားသောက်ပြီး နိုင်ငံတော်သစ္စာဖောက်ကာ သူပုန်အားပေး နိုင်ငံ တော်ကို ရောင်းစားသူ ဒုဗိုလ်မှူးကြီးအောင်ကြီးအား လက်ပိုက်ကြည့်နေကြလျှင် ကြည့်နေသူ နိုင်ငံခေါင်း ဆောင် တို့သည် ကြံရာပါဖြစ်ပေလိမ့်မည်။ ဦးရွှေမန်း ကိုယ်တိုင် ကိုယ့်တူကိုကိုယ် ဆုံးမမည်လော (သို့မဟုတ်) နိုင်ငံတော်က ဆုံးမမည်လား (သို့မဟုတ်) မည်သူက ဆုံးမမည်ကို အမြန်ဆုံး သိရှိလိုပါသည်။
မခံမရပ်နိုင်သူ မောင်တော ဒေသခံများ       narinjara

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ (ပေးစာ)

အယ်ဒီတာထံ ပေးစာ — June 28, 2012 at 1:23 pm


ရခိုင်ပြည်နယ် မောင်တောနယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးအောင်ကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ
၈-၆-၂၀၁၂ နေ့ ဘင်္ဂါလီကုလားများ မောင်တောမြို့ ၌ စုဝေး ၀တ်ပြုဆုတောင်းပွဲလုပ်ရန် လက်ဆောင် ဘဏ္ဍာငွေ ရယူ၍ ဒုတိယ ဗိုလ်မှူးကြီးအောင်ကြီးမှ ခွင့်ပြုပေးခဲ့ပါသည်။

၎င်းနေ့  နေ့ လည်၂ နာရီခန့် တွင်ဘဂါင်္လီ ကုလားများ ဆုတောင်း အပြီးတွင် မြို့ မ ဘုန်းကြီးကျောင်းနှင့် ယူနှိုက်တက် ဧည့်ရိပ်သာကို ခဲဖြင့် ပေါက်ပြီး မီးရှို့ရန် ကြံရွယ်နေစဉ် ရဲတပ်ရင်း အမှတ် ၂ တပ်ဖွဲ့ ဝင်များ သေနတ်ဖြင့် မိုးပေါ်သို့ ထောင်ပစ်ခတ်သဖြင့် ၄င်းဘင်္ဂါလီလူစုမှ ရပ်ကွက် ၄ ဗိုလ်မှူးရွာ သဇင် ဧည့်ရိပ်သာ ဘက်သို့ ရွေ့ လျား စုရုံးလာပြီး ဧည့်ရိပ်သာကို မီးရှို့ ရန် အော်ဟစ်နေစဉ် နစက ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး အောင်ကြီးမှာလည်း ကိုယ်ရံတော် တပ်ဖွဲ့ ဝင်များနှင့် အတူကားနှစ်စီးနှင့် ၄င်းဆူပူနေသော ဘင်္ဂါလီလူစုနှင့် ကိုက်တစ်ရာခန့် အကွာသို့ ရောက်ရှိနေပြီး အချိန်မှီ တားဆီး နိုင်ပါလျှက် မျက်ကွယ်ပြုပြီး ဆူပူမူုဖြစ်နေသော ဘင်္ဂါလီ လူစုနှင့်၂ ဖာလုံခန့် ကွာဝေးသော ဆေးရုံဝင်း အတွင်းသို့ ကားကို နောက်ဆုတ် ရပ်တန့် စဉ် အတွင်း တွင် သဇင် ဧည့်ရိပ်သာနှင့် ဗိုလ်မူးရွာ အိမ်တန်းကို မိးရှို့ ပြီး ဒေါက်တာခင်မောင်လတ်တို့  တစ်အိမ်သားလုံး ကိုလည်း ဓါးဖြင့်ထိုး လုယက် အကြမ်းဖက်နေခြင်းများကို ၄င်း နစကဒုဗိုလ်မှူးကြီး အောင်ကြီး မှ မတားဆီးပဲ မျက်ကွယ် ပြုနေခဲ့ပါသည်။ ၄င်းနာရီပိုင်းအတွင်းမှာပဲ မောင်တောမြို့နယ်ရှိဝေသာလီရွာ၊ ရွှေရင်အေးရွာ၊ ခရေမြိုင်ရွာ၊ ကန်သာယာရွာ၊ ဗောဓိကုန်းရွာ၊ သရီကုန်ဘောင်ရွာ၊ ကိုင်းကြီးရွာ၊ မောရ၀တီရွာ များကိုလည်းမီးရှို့ လုယက် သတ်ဖြတ်ခံရခြင်းမှာလည်း ၄င်းနစကတပ်ဖွဲ့ မှ နယ်စပ် တလျောက် ကုလားကျေးရွာများ၌ တဖက် နိုင်ငံမှ တရားမ၀င် GSM တယ်လီဖုန်း တစ်လုံးလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် လာဘ်ငွေယူ၍ ရိုဟင်ဂျာ ဘင်္ဂါလီ ကုလား များအား ကိုင်ဆောင်ခွင့်ပြုထားခြင်းကြောင့် ဆက်သွယ်မူ အားကောင်းကာ နာရီပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျယ်ပြန့် စွာလုပ်ဆောင်သွားနိုင်ခြင်းဖြစ်သည်။
အဆိုပါအကြမ်းဖက်မူတွင် ဦးဆောင် ပါဝင်သူ ဘင်္ဂါလီ လူမျိုးများဖြစ်သော ကမ်းနား ဟိုတယ်ပိုင်ရှင် ဒီလ်လာ၊  မောင်လှမြိုင်၊ ဆော်လာမောက် နှင့် တခြားစီးပွားရေးသမား ဘင်္ဂလီ ကုလားများကို မောင်တောနယ်စပ် ဒေသလုံခြုံမှူး ကွပ်ကဲရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး အောင်ကြီးနှင့် အမှတ်(၁) ၀င်ထွက်ဂိတ် မောင်တော နယ်မြေခံ နစက အရာရှိများမှ ၄င်းကုလားများထံမှ လာဘ်ငွေယူပြီး သတင်းပေး အမာခံဆိုပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဝင်များ မဖမ်းဆီးနိုင်အောင်အကာကွယ်ပေးနေသောလုပ်ရပ်များကိုလည်းမျက်ဝါး ထင်ထင် တွေ့ မြင် နေရပါကြောင်း နိုင်ငံတော်သမ္မတကြီးနှင့် ကာကွယ်ရေး ဦးစီးချူပ်ကြီး သိသာနိုင်ပါရန် တင်ပြအပ်ပါသည်။
မောင်တောဒေသခံ နစကတပ်ဖွဲ့ ဝင်တစ်ဦး
( လုံးဝ တည်းဖြတ်ခြင်း မရှိဘဲ  ပေးပို့သော စာအတိုင်း ဖေါ်ပြလိုက်ပါသည်။)

ပြည်ပရောက် ရခိုင်များသို့ အမေရိကန်ရောက် မြန်မာ အမျိုးသမီး တစ်ဦး – ပေးစာ

အယ်ဒီတာထံ ပေးစာ — July 8, 2012 at 3:23 pm


ရခိုင်ပြည်သား အပေါင်းသို့

ကျမအနေနဲ့ ခုချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပေမယ့်လည်း အမိမြန်မာနိုင်ငံရဲ့သတင်းကို စဉ်ဆက်မပြတ် စောင့်ဖတ်ခြင်းနဲ့ နားထောင်ခြင်းများကို
အချိန်ရသလောက် ကျိုးစားဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။ ကျမငယ်စဉ်ကတည်းက ရခိုင်လူမျိုးတွေကို အင်မတန်မှလေးစားပါတယ်။ ဘာကြောင့်လဲဆိုရင်  ရခိုင်ကမ်းမြောင် ဒေသမှာ ရခိုင်လူမျိုးတွေကြောင့် မြန်မာပြည်ဟာ ဘင်္ဂလာပြည်လက်အောက်ခံ မဖြစ်ခဲ့ တာပါ။ ဘာသာရေးကိုလည်း အလွန်မှ ကြည်ညိုလေးစားတာသိထားတော့ အမျိုး၊ဘာသာ၊ သာသနာအတွက် အလွန်တရာဂုဏ်ယူမိပါတယ်။

ကျမအနေနဲ့ ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေကို အားမနာတမ်းပြောရမယ်ဆို ရင် ရခိုင်ပြည်နယ်မှာ ဥပမာ မွတ်ဆလင်ဘာသာဝင်တယောက်က အိမ်ထောင်ပြုလျှင် မိန်းမ ၄ ယောက်ယူခွင့်ရှိပြီး ခလေးမွေဖွားနှုန်းကလည်း အိမ်ထောင်စုတခုလျှင် ၂၈ ဦး အိမ်ထောင်တခုမှာ အနည်း ဆုံး ၁၀ ဦးနှုန်းနဲ့မွေးဖွားခဲ့တော့ ယခုအခါမှာတော့ ရခိုင်မိ သားစု ၁၀ ဦးလျှင် ခန့်မှန်းခြေ အလွန်ဆုံး ၂၀ နှုန်းတိုးခဲ့ပေ မယ့် မွတ်ဆလင်များက တော့ ၁၀ ဦးလျှင် ၂၀၀ နှုန်း တိုးပွားခဲ့ပါတယ်။ဒီတော့ ကနေ့အခြေအနေဟာ ရခိုင် လူနည်းစုဖြစ်ခဲ့တာ မဆန်းပါဘူး။

အဓိက အဲဒီကိစ္စဟာ ရခိုင်လူမျိုးတွေမှာပဲ တာဝန်ရှိပါတယ်။ အခုတင်ပြတာကို စိတ်မဆိုးပါနဲ့ အမှန်အတိုင်းရိုးသားစွာတင်ပြတာပါ။ ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ဆင်းရဲကြပ်တည်းလွန်းတာကြောင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနဲ့ အများဆုံးကတော့၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တော်လှန်ရေးအတွက် ထိုင်းနိုင်ငံကိုထွက်ခဲ့ကြသလို ထိုင်းနိုင်ငံမှာ လုပ်ကိုင်စားသောက်ဖို့ ရနောင်း၊ဘန်ကောက်၊မဲဆောက်၊ချင်းမိုင် စတဲ့နေရာတွေကို သောင်းနဲ့ချီရောက်ကြပါတယ်။မလေးရှားမှာတော့ သောင်းနဲ့ချီတဲ့ ရခိုင်လူမျိုးများရောက်နေ ကြပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာလည်း ဒုက္ခသသည်အစီအစဉ်နဲ့ ထောင်ချီတဲ့ ရခိုင်လူမျိုးတွေ ရောက်ရှိနေပါပြီ။အဆိုးဝါးဆုံးအချက်ကတော့ ရခိုင်လူမျိုးသည် မိမိတို့
အမျိုးသားရေးကို ထိန်သိမ်းတဲ့အနေနဲ့ အခြားသောလူမျိုးကို အိမ်ထောင်ပြုလေ့မရှိကြပါ။ထို့အပြင် ရခိုင်အမျိုးသမီးများကလည်း ပြည်ပနိုင်ငံတွေကို ထွက်လေ့မရှိကြတော့ ရခိုင် အမျိုးသားတွေအနေနဲ့ မိမိတို့လူမျိုးအချင်းချင်း အိမ်ထောင်ပြုဖို့ အခွင့်အလမ်းနည်းပါး ကြတာအမှန်ပါ။
ဒါကြောင့် အရင်ကဘယ်လိုဘဲဖြစ်ဖြစ်စေတော့ ယခုအချိန်မှာ မြန်မာပြည်လည်း အပြောင်းအလဲစတင်နေချိန်မို့ နိုင်ငံတကာရောက် ရခိုင်လူမျိုးများအနေနဲ့  ပြည်ပနိုင်ငံ
တွေမှာနေရတဲ့ အခက်အခဲပေါင်းစုံကို ကျမလိုဘဲခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါ တယ်။ ထို့ကြောင့် အမျိုးသားရေးတာဝန်တရပ်ကိုထမ်းဆောင်နိုင်ကြဖို့ မိမိတို့ဇာတိ
ရခိုင်ပြည်နယ်သို့ပြန်ကြပြီး မိမိတို့လူမျိုးများရဲ့ မျိုးဆက်သစ်များကို လမ်းပြပေး ကြ စေလိုပါ တယ်။ဒါ့အပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာ စွမ်းအားရှိသလောက်ပါဝင်ဆောင်ရွက်နိုင်ကြဖို့နဲ့ မိမိတို့ရခိုင်မျိုးဆက်သစ် တိုင်းရင်းသားစစ်စစ်များတိုး ပွားပြီး မျိုးဆက်အင် အားကောင်းအောင်ဆောင် ရွက်ဖို့ တိုက်တွန်းလိုပါတယ်။
ဆက်လက်ပြီး ပြည်ပမှာဘဲနေကြမယ်ဆိုရင် တဖြေးဖြေးနှင့် ရခိုင်လူမျိုးဆိုတာ နောင်အခါမှာ ပန်းချီဆွဲကြည့်ရမယ်လို့ သတိပေးပါရစေ။
ဒါကြောင့် ပြည်ပရောက်ရခိုင်အမျိုးသားများ(ရခိုင်လူမျိုးများအားလုံး) ရခိုင်ပြည် နယ်ကို ပြန် လာကြဖို့ တိုက်တွန်းပါရစေ။
ခင်စန်းနွယ်
(ဇီးကုန်းမြို့ ဦးစံလှဘော်၏ မြစ်။ ခေတ္တ/အမေရိကန်ပြည်ထောင်စု)   narinjara

Thursday, December 13, 2012

ရခိုင်သံဃာထု လက်ပံတောင်းတောင် ရဟန်း၊ ပြည်သူများနှင့် ထပ်တူ ရှိဟုဆို


မောင်အေး
ရခိုင်သံဃာထုဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ထပ်တူ ရှိနေတယ်လို့ ရခိုင် သံဃာတော်များ စည်းကမ်း ထိမ်းသိမ်းရေးနဲ့ တည်ငြိမ်ရေး အဖွဲ့ ဥက္ကဌ ဦးဥာဏက ပြောပါတယ်။
Photo by RSV
Photo by RSV
ဒီဇင်္ဘာလ ၁၂ ရက်နေ့က စစ်တွေ ဘုရားကြီး ရင်ပြင်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး နိရဉ္စရာက ဆက်သွယ်မေးမြန်းရာမှာ ဆရာတော် ဦးဥာဏက “ ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့ ထပ်တူ ရခိုင် ရဟန်းတော်တွေ ရှိနေတယ်ဆိုတာကို ပြသလိုတဲ့ အတွက် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်” လို့ ဆိုပါတယ်။
စစ်တွေမြို့ အတုမာရဇိန် ဘုရားကြီးမှာ ရခိုင် ရဟန်းတော် (၆၀) ခန့်ဟာ မနေ့  နေ့လည် တစ်နာရီ ခန့်မှာ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒ ဖေါ်ထုတ်ပွဲ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
“  ဦးဇင်းတို့ ဘုရားကြီး ရင်ပြင်ထဲမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေ အမြန်ဆုံး ကျန်းမာလာဖို့ ဦးဇင်းတို့ ဆုတောင်း မေတ္တာပို့ခဲ့တယ်” လို့ ဦးဥာဏက ဆိုပါတယ်။
“ ထိခိုက်ခဲ့ရတဲ့ ရဟန်းတော်တွေ၊ လူပုဂ္ဂ္ဂိုလ်တွေနည်းတူ ရခိုင်ပြည်နယ်က သံဃာတော်တွေလည်း ထပ်တူ ထိခိုက် ခံစားရတယ်။ ဒီရဟန်းတော်တွေရဲ့ လုပ်ရပ်ဟာ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ ပြည်သူ ပြည်သားတွေဘက်က ရပ်တည် တောင်းဆို တိုက်ပွဲဝင်တာသာ ဖြစ်တယ်။ ဒီလို ရဟန်းတော် တွေကို  အကြမ်းဖက် ဖြိုခွင်းတာဟာ လုံးဝ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံသစ်ကို လျှောက်လှမ်းစ ပြုနေတဲ့  မြန်မာနိုင်ငံ အဖို့လည်း  ကြီးလေးတဲ့ အဟန့် အတား ဖြစ်စေပါတယ်” လို့ ပြောပါတယ်။
အဲဒီ ဆန္ဒ ထုတ်ဖေါ်ပွဲမှာ အချက် (၆) ချက်ပါတဲ့ တောင်းဆိုချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတောင်းဆိုချက်တွေထဲမှာ အစိုးရက လက်ပံတောင်းတောင် အကြမ်းဖက်မူကို တရားဝင် ၀န်ချ တောင်းပန်ရန်၊ ရဟန်းတော်တွေကို အခမဲ့ လုံလောက်သော ဆေးဝါး ကုသပေးရန်၊ အကြမ်းဖက်မူကို ဦးဆောင်လုပ်တဲ့ တာဝန်ရှိသူ တွေကို အရေးယူ အပြစ်ပေးရန်၊ ဖမ်းဆီးထားတဲ့ သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ ပုသိမ်၊ စစ်ကိုင်းအပါအ၀င် တခြား မြို့ကြီးအတော်များများတွင်လည်း ပြုလုပ်ခဲ့ကြပါတယ်။   narinjara

မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို အရေးအခင်းကာလ အတွင်း မြန်မာဘက်သို့ ပြန်ပို့ခဲ့


ထွန်းထွန်း (ကော့စ်ဘဇား)
မနေ့က မောင်တောမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ဘင်္ဂလာနဲ့ မြန်မာ တပ်မှူး အဆင့် အလံ ဆွေးနွေးပွဲမှာ ဇွန်လနဲ့ အောက်တိုဘာလ အတွင်း ဘင်္ဂလာဒေခ်ျ့ကို ထွက်ပြေးလာသူ မြန်မာပြည်ဖွား ဘင်္ဂလီ အမျိုးသား ၄၇၅၁ ဦးကို မြန်မာဘက်ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ဘီဂျီဘီ နယ်ခြားစောင့် တပ်ဖွဲ့ ကိုယ်စားလှယ်တွေက ပြောဆိုတယ်လို့ ဆိုပါတယ်။
ယမန်နေ့က နှစ်နိုင်ငံ နစကနှင့် ဘီဂျီဘီ တပ်မှူးများ မောင်တောတွင် အစည်းအဝေး လုပ်နေစဉ်။
ယမန်နေ့က နှစ်နိုင်ငံ နစကနှင့် ဘီဂျီဘီ တပ်မှူးများ မောင်တောတွင် အစည်းအဝေး လုပ်နေစဉ်။
သူတို့ကို အစာရေစာတွေ ကျွေးမွေးတဲ့ အပြင် ဆေးဝါးက အစ ပြန်လည် ဖြည့်တင်းပြီး မြန်မာဘက်ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ထုတ်ဖေါ် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ တပ်မှူး စည်းအဝေးကို မောင်တောမြို့ နှစ်နိုင်ငံ ၀င်ထွက်ဂိတ် အမှတ်(၁) အဆောက်အဦးမှာ မနေ့က မနက် ၁၀နာရီ ကနေ နေ့လည် ၁နာရီ အထိပြုလုပ်ခဲ့ပါတယ်။
မြန်မာဘက်မှ နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဦးအောင်နိုင်ဦး ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၇ ဦး တက်ရောက်ခဲ့ ပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘက်ကတော့ စစ်တကောင်းမြို့အခြေစိုက် ဘီဂျီဘီမှ ဒုဗိုလ်မှူးကြီး မိုဟာမောက် ဇီလူဟောက်ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ဦးပါ အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ် အနီး ငါးရှာ၊ ထင်းခွေ၊ သစ်ခုတ်၊ တနေ့တာသွားလာပြီး  ၀မ်းစာ ရှာဖွေနေသူတွေ ဖမ်းဆီးမိရင်လည်း  ၁၉၈၀ ခုနှစ် နှစ်နိုင်ငံသဘောတူ စာချုပ်အရ ပြန်လည် လွှတ်ပေးဖို့ စစ်တကောင်းအခြေစိုက် ဒုဗိုလ်မှူးကြီး ဇီလူဟောက်က မြန်မာ နစကဘက်သို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။
အစည်းဝေးအတွင်း အချက်(၅)ကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ အဲဒီ အချက်တွေကတော့  (၁) တပြည်နဲ့ တပြည် အကြား တရားမ၀င်သွားလာ၍ ဖမ်းဆီးရမိပါက ပြန်ပို့ရေး၊ တရားမ၀င် သွားလာမှု ပိတ်ပင်တား ဆီးရေး၊ (၃) ဖမ်းဆီး ထောင်ချ ခံထားရသူများ ထောက်သက်စေ့လျှင် ပြန်လွှတ်ပေးရေး၊ (၄) မူးယစ်ဆေးဝါးများ လုပ်ငန်း နှိမ်နင်းရေး၊ (၅) မှောင်ခိုလမ်းမှ တင်ပို့သော ကုန်ပစ္စည်းများ ပိတ်ပင်တားဆီးရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲ အပြီးမှာ မြန်ဘက်က လွန်ခဲ့တဲ့ (၃) လခန့်က ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၁၅) ဦးကို ဘင်္ဂလာဒေခ်ျ့ကို လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။
ShareThis                                                                                                     narinjara

Tuesday, December 11, 2012

Sunday, November 14, 2010

မြင်းပုနှင့် မြင်းမောင်းသမား

မြင်းပုတကောင်ကို အ၀ီးပြီးကားလမ်းမကြီးတလျှောက် မောင်းနှင်း၏။ ၀န်တင်ကုန်ကားကြီးတစီး ရုတ်တရက်အနားက ပွတ်မောင်းလားရာ မြင်းပုသည်ကြောက်လန့်၍ ကားလမ်းဘဲဂျောက်ကမ်းဘားသို့ ခုန်ချထွက်ပြီးလား၏။ ကြောက်လန့်ဇောနန့် တိုးထွက်ပြီးနီသော မြင်းပု-ပုတုံးကို နှစ်ခေါက်ချိုးဆွဲကိုင်ကာ ကားလမ်းမကြီးထက်သို့ အားသကုန်ပြန်ဆွဲတင်၏။ မြင်းပုကလည့် လူပါမြင်းဂါရီကိုပါ ဆွဲထွက်ပြီး၏။

ကြောက်ဇောနန့်အတူ တစွတ်ထိုးကမ်းလမ်းမကြီးစောင်းသို့ ထွက်ပြီးယင်းထွက်ပြီးနီသည်ကို လက်လျှော့လိုက်ရသည့် မြင်းမောင်းသမားက “အဝေး.......လတုံး..!..။ ဟိုင်း.....အောင်နိုင်သူ.......သင့်ကြောက်စိတ်ကိုလေ့ အနိုင်ယူပါ..ဟုသိမ့်” ဟု စိတ်ပျက်လက်ပျက် အော်ဆိုလိုက်၏။

“တရိစ္ဆာန်က တရိစ္ဆာန်လားလမ်းထက်မှာရာ မောင်းနှင်းသင့်၏။”




ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
၁၈၊ ၁၀၊ ၂၀၁၀
Glada Hudik

မှတ်ချက်။ ။ Ass ကို ဗမာမှာ မြည်းလို့တွိ့ရပါရေ။ ရခိုင်မှာ ဇာခေါ်လေ မသိပါ။ ယင်းအတွက်နန့် မြင်းပုလို့ ဘာသာပြန်ထားပါရေ။ Ass ကို ရခိုင်ပိုင်ခေါ်စွာကို သိကေတချက် ပြောပီးကတ်ပါ။ အထူးကျေးဇူးတင်လျက်။

Thursday, September 30, 2010

ပုရွက်ဆိတ်နှင့်ဒေါင့်ဒေး

နီရောင်တောက်ပနီသော မိုးထက်စောစောတခုမှာ ပုရွက်ဆိတ်တကောင် ပေါ့ပါးလျင်မြန်စွာ အစာရှာထွက်လာယင်း လိပ်ပြာအဖြစ်သို့ အသွင်ပြောင်းခါနီးဖြစ်သော ဒေါင့်ဒေးအိမ်နားက ဖြတ်လာ၏။ သက်ဝင်ခါစ ဒေါင့်ဒေးက သူပုတုံးကိုတချက် လှုပ်ယမ်းလိုက်၏။ ပုတုံးလှုယမ်းမှုက ပုရွက်ဆိတ်အား ကဲ့ရဲ့ပြောဆိုရန် ဆွဲဆောင်လိုက်သလိုလို ဖြစ်လီ၏။ “ငရဲကြီးလိုက်တေပင်..။ တရိစ္ဆာန်ဖြစ်ရစွာတောင် ခြီးလက်မစုံ၊ သနားဖို့ကောင်းလိုက်တေပင်...။ ဇာလောက်ရုပ်ဆိုးလိုက်တေ ဘ၀လေးချင့်။ ငါက ထိုနားဒေနား ပြီးလွှားနိုင်ရေ။ ဧရာမကြီးမားရေသစ်ပင်အမြင့်တိကို ပြီးတက်နိုင်ရေ။ နင်ကား အေမရွတ်ခွံချေထဲမှာ ထောင်ကျကျလို့ရာ။ ပုတုံးချေတခုတည်းရာ လှုပ်နိုင်ရေ။ ဘ၀ငရဲဆိုစွာ ယင်းချင့်ရာမနားယေ..။” ဟု ပုရွက်ဆိတ် မျက်မှောင်ကုတ် ပြောလိုက်၏။ ဒေါင့်ဒေးမှာ ပြန်မပြောနိုင်ဘဲ ကြားရုံလောက်ရာ နားထောင်နီလိုက်ရ၏။

သုံးလေးရက်ကြာသောနောက်မှာ ပုရွက်ဆိတ် နောက်တခေါက် အနားကဖြတ်လာသောအခါ မရွတ်ခွံပိုးအိမ်အခွံတခုတည်းရာ ဟောင်းလောင်းတွိ့ရ၏။ ပါတ်ဝန်းကျင်းကိုတချက် သိုင်းဝိုင်းကြည့်လိုက်၏။ ဇာနားရောက်လားခလေ ဒေါင့်ဒေတကောင်း.... စိတ်မှာရည်ရွက်လိုက်၏။ အလွန်လှပသော ရောင်စုံအပြည့်နန့် လိပ်ပြာတောင်ပန်ခပ်နီသော အရိပ်ကြီးတခု ကျလာသည်ကို အလန့်တကြီးတွိ့လိုက်ရ၏။ လိပ်ပြာက ”တချက် ကြည့်စမ်..!..!..! အဆွေသနားရေ ဒေါင့်ဒေးသူငယ်ချင်းပါရာ...။ လျင်မြန်သွက်လက်တေ အဆွေခြီချောင်းတိ ခွန်အားဟိသလောက် ကျနှုပ်ကိုမှီအောင် လိုက်ပြီးကြည့်ပလင်..။ ကျနှုပ်ပြောရေစကားချေတိကို နားထောင်ချင်ကေ ကျနှုပ်ကိုမှီအောင် ချိတ်တက်ပါလတ်...အဆွေ..။“ ဟု ပြောယင်း ဆောင်းဦးပေါက် လီပြေလီညှင်းထဲ ပျံတက်လားလီ၏။


”ရုပ်သွင်ပြင်တိရေ ထင်ယောင်ထင်မှား ဖြစ်စီတတ်၏“

ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
၂၈၊ ၀၉၊ ၂၀၁၀

Tuesday, June 30, 2009

လယ်သမားကြီးနှင့် မြွီသူငယ်

တခုသောဆောင်ရာသီ၌ လယ်သမားကြီးတဦးသည် အလွန်ချမ်းအီးနီသော ရီခဲပြင်ထက်၌ ခွီလျှက်ဝပ်နီသော မြွီငယ်တကောင်အားတွိ့လီ၏။ လယ်သမားကြီးသည် အလွန်သနားဂရုနာ သက်ရောက်လာပြီး မြွီကိုကောက်ယူကာ သူ၏အနွီးထည်ဆောင်းဝတ်အင်္ကျီအိပ်မှာ ထည့်ထားလိုက်၏။

လယ်သမားကြီးကိုယ်ခန္ဓာ၏ နွီးထွေးမှု၊ ဆောင်းဝတ်အင်္ကျီ၏ လီလုံမှုများကြောင့် မြွီငယ်သည် ပြန်လည်သက်ဝင်လှုပ်ယှားလာ၏။ မြွီရို့၏သဘာဝအလျှောက် လယ်သမားကြီးအား ပေါက်ကိုက်လိုက်၏။ လယ်သမားကြီး၏ ကိုယ်ခန္ဓာတခုလုံး အဆိပ်ပြန့်ဝင်၍ ချက်ချင်ညိုမဲ့လာ၏။ လယ်သမားကြီးသည် အလွန်ကြောက်စိတ်ဝင်လာပြီး သူ၏ထွက်သက်နှင့်အတူ ‘ရန်သူကို ခါးဗိုက်မှာထည့်၍ သနားဂရုနာသက်မိခြင်းသည် အလွန်မိုက်မဲလီစွ၊ မှားလီစွ’ ဟု အော်ဟစ်မြည်တွန်လျက် ကြောက်ကြီးသာန်ဖက်ကျကာ ဘ၀တပါးသို့ ပြောင်းလားရလီ၏။



Aesop fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
(Glada Hudik)

စားစီလိုသောစေတနာ (၀ါ) ကခြည်သည်မျောက်များ

အခါတပါး၌ နန်းတွင်းမင်းသားတဦးမှာ လေ့ကျင့်ပီးထားသော မျောက်တအုပ်ဟိ၏။ ထိုမျောက်များသည် လူများကဲ့သို့ သရုပ်ဆောင်ကပြတတ်၏။ ဆရာခိုင်းသမျှ လိုက်နာဆောင်ရွက်တတ်၏။ အလှအပဆုံးသော ၀တ်စားဆင်ယင်မှုကို နှစ်သက်တတ်ကြ၏၊ ဂုဏ်ယူတတ်ကြ၏။ တရွာဝင်တရွာထွက်၊ တမြို့ဝင်တမြို့ထွက် ပွဲလန်းသဘင်ကြီးဖြစ်မြောက်အောင်ထိ ကပြဖျော်ဖြေကြ၏။ ပရိတ်ဿတ်များ၏ ကောင်းချီးသြဘာ၊ လက်ခုပ်သံများဖြင့် ချီကျူးမှုမျိုးစုံကို အမြဲပိုင်ဆိုင်ထားသူများဖြစ်ကြ၏။

တရက်နိသောအခါ ရွာတရွာ၌ မျောက်ဇာတ်သဘင်ကြီးသည် ရာမလက္ခဏဇာတ်လမ်းကို ကပြနီစိုင် အချေတယောက်သည် သူ၏ဘောင်းဖီအိပ်ထဲက ပဲတောင့်တဆုပ်ယူ၍ စားစီလိုသောစေတနာဖြင့် စင်မြင့်ထက်သို့ ဝေးတင်လိုက်၏။ ပဲတောက်များကိုမြင်ရသော ကခြည်သည်မျောက်များသည် ဇာတ်ကရန်စိတ်မရောက်နိုင်ဘဲ မျောက်ရို့၏သဘာဝအလျှောက် အငမ်းမရ (ဣနြေ္ဒမရ) ပဲတောင့်များကို လုယက်ကောက်စားကြ၏။ ၀တ်စား ဆင်ယင်ထားသော ဇာတ်ဝတ်တန်ဆာပလာများကို ဆွဲချွတ်ကြ၊ တကောင်နှင့်တကောင် ပဲတောင့်လုစားကြ၊ ခိုက်ရန်ဖြစ်ပွားကြနှင့် လူအုပ်ကြီး၏ သရော်ရယ် ရယ်သံများကြား၌
ရာမလက္ခဏဇာတ်ဝင်ခန်းကြီး မပြီးမပြတ် ဘရုပ်သုံးဆယ်ဖြင့် အဆုံးသတ်လိုက်ရ၏။

‘အရာရာတိုင်းသည် သင်ထင်မြင်ယူဆထားသည့်အတိုင်း အမြဲထာဝရမဟုတ်ပေ။’

Aesop fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

အမဲလိုက်ခွီးနှင့်ယုန်သူငယ်

တောင်ကုန်တခု၌ အမဲလိုက်ခွီးတကောင်သည် ယုန်သူငယ်တကောင်အား တောနီတရိစ္ဆာန်အချင်းချင်း မိတ်ဆွေအဖြစ်နောက်ယောင်ခံ အမဲလိုက်လာ၏။ သူ၏ချွန်ထက်သော သွားများဖြင့် တချက်တချက် ငုံကိုက်လိုက် ပြန်လွှတ်လိုက်ဖြင့် မိတ်ဆွေခွီးတကောင်ကဲ့သို့ တောကဇာတ်လိုက်လာ၏။

ယုန်သူငယ်သည် အမဲလိုက်ခွီး၏ ငုံကိုက်လိုက် ပြန်လွှတ်လိုက် လုပ်နီသော အပျော်ထမ်း တောကဇာတ်ခံနီရမှုဒါဏ်ကို မခံမရပ်နိုင်ဖြစ်လာ၍ ‘အဆွေ……အမဲလိုက်ခွီး၊ သင်သည်အကျွန်ုပ်အား တောကဇာတ်မည့်အစား သင်၏မူလဗီဇစိတ်ရင်းကို ဖော်ပြသင့်ပါ၏။ အကယ်၍သင်သည် မိတ်ဆွေတဦးဖြစ်ပါက ပဇာကြောင်း အကျွန်ုပ်ကို နာကြင်အောင်ကိုက်ရပါသနည်း။ အကယ်၍သင်သည် အကျွန်ုပ်၏ ရန်သူတဦးဆိုပါလျှင် (သို့မဟုတ်) အကျွန်ုပ်သည် ကိုယ်ပင်၏သားကောင်တကောင်ဖြစ်နီပါလျှင် ပဇာကြောင်း ဂျီချေတကောင်ကဲ့သို့ အကျွန်ုပ်အား မကိုက်ဖြတ်ပါသနည်း။ မိတ်ဆွေသယောင်ယောင်ကဲ့သို့ ရက်စက်ယုတ်မာခြင်းသည် ရန်သူတယောက်၏ရက်စက်ယုတ်မာမှုထက် ဆိုးဝါးစွာ နာကြင်ခံစားရပါ၏။’ ဟု ပြတ်သားစွာ မီးခွန်းထုတ်လိုက်၏။

အကယ်၍ သင်သည် တစုံတယောက်အား ယုံကြည်မှုဟိခြင်း၊ မဟိခြင်းကို သဲသဲကွဲကွဲ မိမိကိုယ်ကိုမိမိမသိလျှင် မည်သူကိုမှ မိတ်ဆွေအဖြစ် မယုံကြည်ပါနှင့်။

Aesop Stories
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

သမင်မနှင့်ခြင်္သေ့ဖို

တရံရောအခါ မြှားဒါဏ်ရာရနီသော သမင်မတကောင်သည် မုတ်ဆိုး၏အန္ဒရာယ်မှ လွတ်မြောက်ရန် တဟုန်းထိုးထွက်ပြီးလီ၏။ အန္ဒရာယ်မှလွတ်မြောက်လိုသော သမင်မသည် ပြီးလွှားနီယင်း ကျောက်ဂူတခုထဲသို့ ၀င်ပုန်းအောင်းနီလိုက်၏။ သမင်မသည် မုတ်ဆိုး၏အန္ဒရယ်မှ လွတ်မြောက်ပြီးဟုထင်မှတ်လျက် ကျောက်ဂူထဲဝပ်၍ မြှားဒါဏ်ရာကို လျှာဖြင့်ယက်နီယင်း နှစ်ပေါင်းများစွာဂူအောင်းကျက်စားနီသော ခြင်္သေ့ဖိုကြီးသည် သမင်မ၏ဂုတ်ဆက်ကို ရုတ်တရက်ချုပ်ကိုက်ထားလိုက်၏။ ခြင်္သေ့ဖိုကြီး သမင်မ၏ဂုတ်ဆက်ကို မဖြုတ်တမ်းချုပ်ကိုက်ထားနီစိုင် ‘ဒုဏ္ခတရားက အကျွန်ုပ်သာဖြစ်ပါ၏။ မုတ်ဆိုး၏အန္ဒရာယ်မှ လွတ်မြောက်လိုခြင်းငြှာ ကျောက်ဂူထဲဝင်ပြီးခါမှ ခြင်္သေ့ဖို၏ စားပွဲခုန်ထက်က အဟာရပြည်စုံသော ဟင်းလျှာဖြစ်ရပါ၏’ ဟု မြည်တွန်ပြီး ဘ၀နိဂုဏ်းချုပ်ရလီ၏။

‘အန္ဒရာယ်တခုမှလွတ်မြောက်ရန် ကြိုးစားခြင်းသည် နောက်ထပ်အန္ဒရာယ်တခု၏ သားကောင်မဖြစ်စီရန် အလွန်အရေးကြီးပါ၏’


Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik

ခွီးသူငယ်နှင့် ဂုန်းသကြဲ

ခွီးသူငယ်တကောင်သည် ကြက်ဥအလွန်ကြစ်တတ်၏။ ကြက်ဥစားရမှ စိတ်ကျေနပ်တတ်သည့် အလေ့အထဟိ၏။ တရက်သောအခါ အဿပြာ၊ ဂုန်းကောက်ရောင်းစားသော ဆင်းရဲသားအိမ် မောင်းကာစွမ်းအောက်၌ ဂုန်းသကြဲတလုံးကျနီ၏။ ခွီးသူငယ်သည် ထိုဂုန်းသကြဲကိုမြင်သောအခါ အလွန်ပျော်လား၏။ သူ၏ပါးစပ်ကို အကျယ်ဆုံးဖွင့်လိုက်ပြီး အာလောက်ကျ အားရပါးရ မျိုချလိုက်၏။

များမကြာခင် ခွီးသူငယ်သည် အကြီးအကျယ် ၀မ်းခဲ၊ ၀မ်းကြင့်လာ၏။ ၀မ်းခဲဝမ်းကြင့်ဝေဒနာကိုခံစားယင်း ညောင်မြစ်ကြား၌ ၀ပ်လျှက် ‘လုံးဝိုင်းသောအရာတိုင်း ကြက်ဥလို့ထင်မှတ်ခြင်းသည် အလွန်မိုက်မဲ့သော စိတ်ကူးစိတ်သန်းဖြစ်၏’ ဟု စိတ်၌ထင်မှတ်မိ၏။ ခွီးသူငယ်သည် ၀မ်းခဲဝမ်းကြင့်ရောဂါဖြင့် ညောင်မြစ်ကြား၌ ဘ၀တပါးသို့ ပြောင်းရလီ၏။

တွေးတောဆင်ခြင်ခြင်း၊ သုံးသပ်ခြင်းမဟိဘဲ စိတ်ကူးအထင်အတိုင်း လုပ်သောသူသည် မမျှော်လင့်သော အန္ဒရာယ်ကြီးနှင့်ရင်ဆိုင်ရ၏။

Aesop Fable
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
Glada Hudik
 
 
 
 
 
 
 
 
 
 
 
 
 
 
       အေဆွပ်ပုံပြင်များ       

Friday, August 19, 2011

ဖြတ်မရ

လူသိသျှင်ကြား
မချစ်ရလေ့
ဂျောင်ချေမှာကပ်
ထပ်ချစ်နီဖို့.........။


ခိုင်မြသိန်း (ချောင်းသာကြီး)
၁၂၊ ၀၈၊ ၂၀၁၁
Glada Hudik

Monday, August 1, 2011

စီးခြားစကား

ဘ၀ချင်း မတူ
အနီထားချင်း မဟန်လို့
ရောင်ပြန်ဟတ်တေ
နှစ်လုံးသားခံစားချက်ကို
ကြောခိုင်းထားခဖို့လား......။

မျက်တမှိတ်
ဂေါင်းတညှိတ်ချေနန့်
ကျေနပ်ကျန်ခရသူကို
`အစ်ကိုယ်တယောက်ပိုင် ချစ်နီမေနန်း
အစ်ကိုယ်ကြီး.......´။


ခိုင်မြသိန်း (ချောင်းသာကြီး)
၃၀၊ ၀၇၊ ၂၀၁၁
Glada Hudik

Thursday, December 16, 2010

Just I need

I need not Heaven
I need not Nivanna
Just peace the World

I need not the blessing of God
I need not the bless of Buddha
I need not the blessing of Shiva
Just your deeply blessing of Love

Khine Mra Thein (Choung Tha Gree)

စိတ်ချ

အေဘဝ
လောကကြီးမှာ
မဆုံရကေလေ့
ကြုံခွင့် တချက်ချေ
ပီးပါ.................။

အေရင်ဖတ်ထဲက အချစ်တိကို
ဖွင့်ဟ အန်ထုတ်ပြီးမှ
ရင်ခုန်သံတဖုတ်ဖုတ်နန့်
နောက်ဆုတ်ကျန်ခမေ
စိတ်ချ...................။


ခိုင်မြသိန်း (ချောင်သာကြီး)
၀၁၊ ၁၂၊ ၂၀၁၀
Glada Hudik

Sunday, November 14, 2010

စောင့်နီ...နန်း..

နီအ၀င်ညဇာခမ်း
ပုဇွန်ဆီရောင်သန်းလားကေလေ့
အရောက်လှမ်းလတ်မေ
ပေါက်ပန်းဖြူပင်အောက်က
စောင့်နီ....နန်း.......။



ခိုင်မြသိန်း (ချောင်းသာကြီး)
၁၉၊ ၁၀၊ ၂၀၁၀
Glada Hudik

Sunday, October 17, 2010

အဖြူရောင်ရဲစားစာ

သို့
.......................
.......................






မှ
..........................
..........................

 အလယ်မှာ
သလင်ဖြူစာသား
“အဖြူစင်ဆုံးချစ်ပြမေ
ရိုးမြီကျအောင်ထိ”

 ခိုင်မြသိန်း (ချောင်းသာကြီး)
၁၀၊ ၁၀၊ ၂၀၁၀
Glada Hudik

Thursday, September 30, 2010

ပါရမီဖြည့်ဖက်

ပါရမီဖြည့်ဖက်ဖြစ်နိုင်ခကေ
ငါ.....ဝေသန္ဒာရာ
တောထွက်တေ
ဈီးခြင်းတောင်းချေကိုထမ်း
လှမ်းပါလတ်ဝေ
မယ်မဒီ........။


ခိုင်မြသိန်း (ချောင်းသာကြီး)
၂၇၊ ၀၉၊ ၂၀၁၀
Glada Hudik
 
       အေဆွပ်ပုံပြင်များ       

Friday, December 7, 2012

Try My People, Try

Risk my Roma, risk!
Rise up my nation, rise up!
Rise up for yourself is
Risking for your people!

Anopheles Indo-China

Mosquitoes of South Korea factory smelled on,
Discovered the brown swollen veins,
Furthered to root of blood-vessel (heart):
Drooling jogging on,
Drilled and stuck into my heart,
I shuddered, guzzling the blood on,
Released it through lengthy steel-pipes
From the very base to the very top.


Beckoning

The White and Red:
Under the a two colour-flag
let us stand for national solidarity.
When the colours be reunited,
let us reaffirm the strength of national unity.
When the colours unfurl and flying in high,
It is national brilliance, glory, pride and delight.


On The Lip of Digging-Grave


The deep vales and every kinds of being
Were sleeping, we were sleeping.
The whole village was also snoozing
But a team of black-boots was awakening
And goose-stepping,
Toward the northern part of valleys, was so stright
Under the moon-light.

The Year 2004

The year 2004
polished our souls
And made many roles.

Converging at the convention
First, second and third front leaders
Shall be spelled in "Reunification".

Sunday, November 11, 2012

ထိုက်တန်သောပြုပြင်မှု

သခင်ဖြစ်ချင်
ကျွန်စိတ်ကို....ပျင်
ကျွန်စိတ်ပျောက်မှ
သခင်ဖြစ်မည်.....။

ကျွန်စိတ်ပျောက်ချင်
သခင်စိတ်ကို အရောင်တင်
သခင်စိတ် အရောင်တောက်မှ
တိုင်းနန့်ပြည်နန့် 
လူဖြစ်ရကျိုးနပ်မည်....။

ခိုင်မြသိန်း (ချောင်သာကြီး)
၀၃၊ ၁၁၊ ၂၀၁၂
Glada Hudik 

Wednesday, October 12, 2011

ဆွီးကေလေ့ မှိုလ်ပွင့်ရေ

တုံးဆွီးလို့ ခြအုံ
ပရွက်စိချေတိ တောင်ပိုင်ပုံလို့
သူသူငါငါ ခလုံ့တိုက်
ဇာဖြစ်လေ အေတုံးဆွီး
ကျောက်ထုတ်လိုက်............။

ဘ၀ဆိုးနင်းပြား
မြောင်းကြားကိုရောက်
တုံးဆွီးမှိုလ်ပေါက်တေခါ
သူသူငါငါ လာခူးစား
ထော.................
ပြောပျာတမျိုး......
`တုံးဆွီးလေ့ မှိုလ်ပွင့်ရေလတ်`......။



ခိုင်မြသိန်း (ချောင်းသာကြီး)
၂၀၁၁၊ ၁၀၊ ၀၈
Glada Hudik

Friday, September 16, 2011

မုနိဇာတိမာန်


ဘာသာတရား မလိုက်စားလေ့
အေ..ဘုရားကြီးကို မြင်လိုက်တိုင်း
ငါ့..မျက်ရည်တိ ၀ိုင်းဝိုင်းလည်.......။

အမှတ်တရဆိုကေလေ့
ဇာတိမာန်တိ ထကြွ
ငါ့ခန္ဓာကိုယ် ကြက်သီထ
အံကြိတ်နီရရေ.............။


ခိုင်မြသိန်း (ချောင်းသာကြီး)
၀၉၊ ၀၉၊ ၂၀၁၁
Glada Hudik

Tuesday, July 26, 2011

ပရစေတနာ

သဘာဝအလျှောက် စိ့ကျပင်ပေါက်ဆိုကေလေ့
နွီရောက်တေခါ မြီသြဇာခမ်းခြောက်
ရီကြိုင်ချေတပေါက် လောင်းထားခ......။

နောင်လာနောင်သား ရှိကိုလားဖို့
အရိပ်ကို......ခို
အသီးကို......စား
ခွန်အားသစ်တိ ဖြည့်လီကတ်......။


ခိုင်မြသိန်း (ချောင်သာကြီး)
၂၀၁၁၊ ၀၇၊ ၂၄
Glada Hudik