Saturday, May 11, 2013

အဝေးရောက်ရခိုင်သူ၊သားတို့ အဖရခိုင်ပြည်သို့အမြန်ပြန်လာဖို့အချိန်တန်ပြီ

ရခိုင်သားတိနားထောင်ကြည့်ကတ်ပါ

ရေသောက်ချက်ကြီးက ကြမ်းလွန်းပါတယ်...amazing

အမိမြေ အခြေချရေး ရက္ခိုင့် တပ်မတော် အသင့်ဖြစ်နေ

-----------------------------------------
ရက္ခိုင့် တပ်မတော် (AA) သည် အမိမြေ အတွင်း အခြေချရန်  ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က သမ္မတ ဦးသိန်းစိန်ထံ တင်ပြ တောင်းဆို ထားသည့် အပေါ် (AA) တပ်မတော် ခေါင်းဆောင်များက ကြိုဆိုကြကြောင်း ရခိုင် တပ်မတော် ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ယနေ့ ပြောကြား ခဲ့ပါသည်။

“ကျနော်တို့ ရခိုင် လူမျိုးတွေရဲ့ လိုအပ်ချက် အရ RNDP ပါတီက တောင်းဆို နေတယ်လို့ဘဲ မြင်ပါတယ်။ အစိုးရ နဲ့ နိုင်ငံရေး အရ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပြီး သဘော တူညီချက်နဲ့ အခြေချခွင့် ရဖို့ လိုတယ်ဗျ။ ရက္ခိုင့် တပ်မတော်က ရက္ခိုင့် လူမျိုးတွေ အတွက် အကာအကွယ် ပေးဖို့ အစဉ်သင့် ရှိနေပါတယ်။” ဟု ဆိုပါသည်။

ရက္ခိုင့် တပ်မတော် (AA) သည် လက်ရှိ အခြေအနေတွင် ကချင်ပြည်နယ်တွင်း၌အခြေချလျှက် ရှိသည်။ ဤသို့ကြောင့် ရခိုင် ပြည်နယ် နယ်စပ်၌ အခြေချခွင့် ရရှိရန် ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင်  နေပြည်တော်၌ကျင်းပသော နိုင်ငံရေး ပါတီများ နှင့် နိုင်ငံတော် သမ္မတ တွေ့ဆုံပွဲတွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ တင်ပြ တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်ကို သမ္မတဖက်မှ လက်ခံပါက လုပ်ငန်း အဆင်ပြေ ချောမွှေ့စေရန် အစိုးရနှင့် ရက္ခိုင့် တပ်မတော်တို့ အကြား တွေ့ဆုံ ဆွေးနွေး သွားရန် လိုအပ် သည်ဟု RNDP ဥက္ကဌ ဦးအေးမောင်က တောင်းဆို ထားကြောင်း မေလ ၈ ရက် နေ့ထုတ် The Myanmar Post တွင် ဖော်ပြ ထားပါသည်။

ရက္ခိုင့် တပ်မတော်သည် ရခိုင် လက်နက်ကိုင် အဖွဲ့အစည်းများ ထဲမှ တစ်ခု ဖြစ်ပြီး အင်အား နှစ်ထောင် နီးပါးခန့် ရှိသည်ဟု ဒေါက်တာ အေးမောင်က ဆိုပါသည်။

RNDP ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်သလို ရခိုင် တိုင်းရင်းသားများ အတွက် ပြည် တွင်း၌ လှုပ်ရှားနေသည့် ပါတီ ဖြစ်သည်။ ဤကဲ့သို့ အမိမြေ အခြေချနိုင်ရေးအတွက် ရက္ခိုင့် တပ်မတော်အား အဆိုပြုပေးခဲ့သည့် အပေါ် ရက္ခိုင့် တပ်မတော် အနေဖြင့် အားရ ကျေနပ်ကြောင်း ဆိုပါသည်။

“RNDP ပါတီရဲ့ တောင်းဆိုမှုအပေါ် ကျနော်တို့ အလေးထားပြီး ဆောင်ရွက်မှာပါ။ အခြေအနေအရ ကျနော်တို့ ကချင်ပြည်နယ်မှာ အခြေချ နေရတာပါ။ တကယ်တော့ အစိုးရရဲ့ ခွင့်ပြုချက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရက္ခိုင့် တပ်မတော်က ရခိုင် ပြည်နယ်မှာဘဲ အခြေချရမှာပါ။” ဟု ဗိုလ်မှူးချုပ်က ဆိုပါသည်။

ရက္ခိုင့် တပ်မတော်သည် မည်သည့် ရခိုင် ပါတီ လက်အောက်၌ တာဝန်ထမ်းဆောင် သွားမည် ဆိုသည်ကိုလည်း လောလောဆယ်၌မဆုံးဖြတ် ရသေးကြောင်း ဆိုပါသည်။

ရက္ခိုင့် တပ်မတော်သည် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး၎င်းတို့၏ ရည်ရွက်ချက်မှာ ပျောက်ကွယ် သွားခဲ့ရသည့် ရက္ခိုင့် အမျိုးနွယ်တို့၏ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး ပိုင်ခွင့်များပြန်လည် ရရှိရေး တို့ပင်ဖြစ်သည်။

Ref: ရွှေဟင်္သာ သတင်းဌာန

------------------------------
-----------

ရခိုင်သမိုင်းလေ့လာလိုသော မြန်မာတိုင်းရင်းသားများအတွက် ရခိုင်ပြည် သမိုင်းအကျဉ်း

ရခိုင်သမိုင်းလေ့လာလိုသော မြန်မာတိုင်းရင်းသားများအတွက်
ရခိုင်ပြည် သမိုင်းအကျဉ်း

အချုပ်အခြာအာဏာပိုင် ရခိုင်ဘုရင့်နိုင်ငံတော်
(ဘီစီ- ၃၃၂၅ မှ အေဒီ- ၁၇၈၄)

ပထမ ဓည၀တီခေတ် (ဘီစီ- ၃၃၂၅ မှ ဘီစီ-၁၅၀၇)
ဒုတိယ ဓည၀တီခေတ် (ဘီစီ- ၁၅၀၇ မှ ဘီစီ- ၅၈၀)
တတိယ ဓည၀တီခေတ် (ဘီစီ- ၅၈၀ မှ အေဒီ- ၃၂၆)

ဝေသာလီ ကျောက်လှေကားခေတ် (အေဒီ- ၃၂၇ မှ အေဒီ ၈၁၈)

လေးမြို့ခေတ် (အေဒီ- ၈၁၈ မှ ၁၄၃၀)
- ပဉ္စာမြို့ (အေဒီ ၈၁၈ မှ အေဒီ- ၁၁၀၃)
- ပထမပရိန်မြို့ (အေဒီ- ၁၁၀၃ မှ အေဒီ- ၁၁၂၃)
- ဒုတိယပရိန်မြို့ (အေဒီ- ၁၁၂၃ မှ အေဒီ- ၁၂၅၀)
- လောင်းကြက်မြို့ (အေဒီ- ၁၂၅၀ မှ အေဒီ- ၁၄၀၄)

အင်းဝဘုရင် မင်းခေါင် သိမ်းပိုက်၍ ရခိုင်ဘုရင် မင်းစောမွန် အနောက်ဘင်္ဂလားပြည် သူရတန်ဘုရင်ထံ ခိုလှုံစဉ်ကာလ (အေဒီ- ၁၄၀၄ မှ အေဒီ ၁၄၂၉)

မြောက်ဦးခေတ် (အေဒီ- ၁၄၃၀ မှ အေဒီ- ၁၇၈၄)
- ပထမမြောက်ဦးခေတ် (အေဒီ- ၁၄၃၀ မှ အေဒီ ၁၅၃၁)
- ဒုတိယမြောက်ဦးခေတ် (အေဒီ- ၁၅၃၁ မှ အေဒီ ၁၆၃၈)
- တတိယမြောက်ဦးခေတ် (အေဒီ- ၁၆၃၈ မှ အေဒီ ၁၇၈၄)

အချုပ်အခြာအာဏာကျဆုံးပြီး ရခိုင်တစ်မျိုးသားလုံး သူ့ကျွန်ဘ၀ရောက် ရခိုင်ပြည်
(အေဒီ- ၁၇၈၄ မှ ယနေ့အချိန်ထိ)

ဗမာပဒေသရာဇ်ခေတ် (၁၇၈၄ - ၁၈၂၆)
အင်္ဂလိပ်ကိုလိုနီခေတ် (၁၈၂၆ - ၁၉၄၂)
ဖက်ဆစ်ဂျပန်ခေတ် (၁၉၄၂- ၁၉၄၅)
တစ်ဖန် အင်္ဂလိပ်ကိုလိုနီခေတ် (၁၉၄၅- ၁၉၄၈)
ဗမာလူမျိုးကြီးဝါဒီ၊ စစ်အဏာရှင်အစိုးရအဆက်ဆက်နှင့် လက်ရှိအရပ်သားအရေခြုံ စစ်အစိုးရ (၁၉၄၈- ယနေ့ ၂၀၁၂ ခုနှစ်အထိ)

ရခိုင်သမိုင်းတွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ်ဟူ၍ မင်းဆက်ခေတ် (၄) ခေတ်ရှိခဲ့သည်။ မင်းဆက်(၄) ဆက်သည် နှစ်ပေါင်း (၅,ဝဝဝ) ကျော် ကြာမြင့်ခဲ့ပြီး၊ မြန်မာဘုရင်များ လာရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန် (၁၇၈၄) ခုနှစ်အထိ ရခိုင်ပြည်သည် သီးခြားလွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိခဲ့သည်။ နောက်နှစ်ပေါင်း (၄ဝ) အကြာ၊ (၁၈၂၄) ခုနှစ်တွင် ဗြိတိသျှတို့က ရခိုင်ပြည်ကို သိမ်းပိုက်ပြီးနောက်၊ အရှေ့အိန္ဒိယကုမ္ပဏီက ဗြိတိသျှ-အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် အုပ်ချုပ်ခဲ့သည်။ (၁၉၄၂-၄၅) ခုနှစ်အတွင်း ဖက်ဆစ်ဂျပန်ကသိမ်းပိုက်ပြီး၊ နောက်ပိုင်းတွင် ရခိုင် ပြည် နယ်မြေသည် ဒုတိယကမ္ဘာစစ်ပြီးခေတ် ဗြိတိသျှအစိုးရ အုပ်ချုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိတ် အပိုင်း တစ်ရပ် ဖြစ်လာခဲ့သည်။ (၁၉၄၈) ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရခိုင်ပြည်သည် ရခိုင်လူမျိုးတို့၏ ကိုယ် ပိုင်ပြဌာန်းခွင့်ရှိရေး သဘောထားဖြင့် နိုင်ငံရေးအရ အဓိပ္ပါယ်ရှိရှိ ပါဝင်ရေး တောင်းဆိုချက်များကို လျစ်လျူရှုကာ၊ စိတ်လို လက်ရ ဖိနှိပ်ခဲ့သော မြန်မာစစ်အစိုးရ အဆက်ဆက်၏ ဗဟိုအုပ်ချုပ်ရေး အောက်သို့ ကျရောက်ခဲ့ရသည်။
ဓညဝတီခေတ်

ရှေးဦးရခိုင်ဘုရင်များသည် ဂင်္ဂါမြစ်ဝှမ်းမှ အင်ဒို-အာရီယန် လူမျိုးနွယ်များဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်များက ကဆိုကြသည်။ ပထမဦးဆုံးသော ရခိုင်ဘုရင်သည် ဘီစီ (၃၃၂၅) ခုနှစ်တွင် ပထမ ဓညဝတီမြို့တော်ကို တည်ထောင်ခဲ့သော မာရယုမင်း ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများဆိုကြသည်။ ကံရာဇာကြီးမင်းက ဘီစီ (၅၈ဝ) ခုနှစ်အထိ မင်းနေပြည်တော်အဖြစ် တည်ရှိခဲ့သော ဒုတိယ ဓညဝတီမြို့ကို တည်ထောင်ခဲ့သည်။ တတိယ ဓညဝတီမြို့သည် ရခိုင်ပြည်၏ လက်ရှိမြို့တော် စစ်တွေမြို့၏ မြောက်ဘက် ကီလိုမီတာ (၈ဝ) အကွာတွင် တည်ရှိခဲ့ပြီး၊ ဘီစီ (၅၈ဝ) မှ အေဒီ (၃၂၆) ခုနှစ်အထိ တည်တံ့ခဲ့သည်။ အရှေ့တောင်အာရှ၏ ရှေးအကျဆုံး လူ့ယဉ်ကျေးမှု အချက်အချာ နေရာတစ်ခု ဖြစ်သည်။

ဗုဒ္ဓဂေါတမ ကိုယ်တော်တိုင် ဓညဝတီတိုင်းသို့ ကြွချီတော်မူလာခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓသာသနာတော်ကို ထွန်းကား စေခဲ့သဖြင့် ဗုဒ္ဓဘာသာသည် ရခိုင်နယ်မြေ၏ အဓိကဘာသာတရားအဖြစ် တည်တံ့လျှက်ရှိသည်။ ဤ ကာလအတွင်းမှာ (အေဒီ ၁၅ဝ ခုနှစ် ဝန်းကျင်) ကျော်ကြားသော မဟာမြတ်မုနိ ရုပ်ပွားတော်ကိုလည်း သွန်းလောင်းပူဇော်ခဲ့ကြသည်။
ဝေသာလီခေတ်

ဓည၀တီခေတ် ကုန်ဆုံးသောအခါ၌ ဝေသာလီခေတ် စတင်ခဲ့လေသည်။ ဝေသာလီ ကျောက်လှေကားမြို့နေရာကား မြောက်ဦးမြို့ မြောက်ဖက် ၉ မိုင်ခန့်ဝေးသောအရပ်တွင် တည်ရှိသည်။ ဝေသာလီယဉ်ကျေးမှုသည် အေဒီ ၉ ရာစု (အေဒီ (၃၂၇- ၈၁၈) အထိ ထွန်းကားခဲ့သည်။ ဝေသာလီမြို့ဟောင်း တည်နေရာမှလည်းကောင်း၊ ရခိုင်ပြည်အရပ်ရပ် ဒေသများမှ လည်းကောင်း ယနေ့တိုင်အောင် ဝေသာလီခေတ်သုံးဒင်္ဂါးများ၊ ဝေသာလီခေတ်တွင် ရေးထိုးထားသောကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးနီပြား စသည်တို့ကို ယခုတိုင်တွေ့ရှိနေဆဲပင်ဖြစ်သည်။ ဝေသာလီသည် မြန်မာပြည်ရှိ အခြားသော ယဉ်ကျေးမှုအုပ်စုများက ငွေကြေး အသုံးမပြုမီ နှစ်ပေါင်း (၁,ဝဝဝ)ခန့် နီးပါးကတည်းက ငွေကြေးအသုံးပြုခဲ့သော ပထမဦးဆုံး ရခိုင်ဘုရင့် နိုင်ငံတော်အဖြစ် ထင်ရှားပြီး မြန်မာပြည်တစ်ဝှမ်းလုံးရှိ ရှေးအကျဆုံး မြို့တစ်မြို့လည်းဖြစ်သည်။

ဝေသာလီခေတ်ကို စိုးစံခဲ့သော မင်းများအကြောင်းကို အခိုင်အမာ သက်သေထူလျှက် ယနေ့တိုင်အောင် တည်ရှိနေသော ကျောက်စာမှာ မြို့ဟောင်းမြို့ (မြောက်ဦးမြို့)ရှိ ရှစ်သောင်းဘုရားရင်ပြင်တွင် တံခါးမုခ်တိုင်အဖြစ် စိုက်ထူထားသော အာနန္ဒစန္ဒြားမင်း ကျောက်စာပင်ဖြစ်သည်။ ဝေသာလီဘုရင့်နိုင်ငံတော်မှာ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုး ထွန်းကားခဲ့ပြီး၊ အာရပ်နှင့် ပါရှန်ဘုရင့်နိုင်ငံတော်များအပြင် သည့်ထက်ဝေးလံသည့်တစ်ခြားကမ္ဘာ့တိုင်းပြည်များနှင့်လည်း ကုန်စည်များ ကူးသန်းရောင်းဝယ် တင်ပို့နိုင်ခဲ့သည်။
လေးမြို့ခေတ်

လေးမြို့ခေတ်သည် စမ္ပ၀က်မြို့၊ ပရိန်မြို့၊ ခြိတ်မြို့၊ တောင်ငူနေရဉ္စရာမြို့နှင့် လောင်းကြက်မြို့များဖြင့် လေးမြို့မြစ် တစ်လျှောက်တွင်တည်ဆောက်ပြီး အေဒီ (၈၁၈) မှ (၁၄၃၀) အထိ ထွန်းကားခဲ့သည်။ (၁၄ဝ၆) ခုနှစ်တွင် ထိုစဉ်အခါက မင်းနေပြည်တော်ဖြစ်သော ဒုတိယလောင်းကြက်မြို့ကို မြန်မာတို့က ကျူးကျော်ခဲ့ရာ၊ ရာဇဝင်၌ မင်းစောမွန်သည် ဘင်္ဂလားသို့ ထွက်ပြေးခိုလှုံခဲ့သည်ဟု ဆိုပါသည်။ (၁၄၂၉) ခုနှစ်တွင် ဘင်္ဂလားစော်ဘွား၏ အကူအညီဖြင့် မင်းစောမွန်သည် တပ်တစ်တပ်ကိုကွပ်ကဲလျှက် ရခိုင်သို့ပြန်လာပြီး၊ ရခိုင်တို့၏ အချုပ်အခြာအာဏာကို ပြန်လည် ရယူခဲ့သည်။ ရခိုင်နှင့် ဘင်္ဂလား ဘုရင့်နိုင်ငံတော်တို့၏ ရင်းနှီးသော ဆက်ဆံမှုနှင့် ပတ်သက်၍ အထောက်အထား မရှိ သောကြောင့် ဤဖြစ်ရပ်များနှင့်ပတ်သက်၍ အငြင်းပွားစရာ ဖြစ်ခဲ့သည်။ သေချာသော အချက်ကား ရခိုင်သို့ မင်းစောမွန် ပြန်လာပြီး၊ မကြာခင်မှာပင် မြို့တော်ကို မြောက်ဦးသို့ ပြောင်းရွှေ့ပြီး၊ ရခိုင်သမိုင်း၏ အထွန်းပြောင်ဆုံးခေတ်သို့ ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။
မြောက်ဦးခေတ်

Mrauk-U Arakan from Schouten Voyages 1967အေဒီ (၁၄၃ဝ-၁၅၃ဝ) ကာလသည် မြောက်ဦးခေတ်၏ ပထမရွှေခေတ် ဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။ မင်းစောမွန် ၏ ညီတော် နရနူသည် (၁၄၃၃) ခုနှစ်တွင် နန်းတက်သည်။ နန်းတက်ပြီး၊ မကြာမီမှာပင် အင်းဝဘုရင် မင်းခေါင်နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့သည်။ ဤသဘောတူညီချက်အရ ဤသဘောတူစာချုပ်အရ ရခိုင်ရိုးမတောင်တန်းအတိုင်း အောက်ဘက် ငဝန်မြစ်၊ ပုသိမ်မြစ်နှင့် ထိုမှတဖန် အောက်ဘက် မုတ္တမပင်လယ်အထိ နှစ်ပြည်ထောင်ကို ပိုင်းခြားခဲ့ပြီး၊ ဟိုင်းကြီးကျွန်း၊ ဘုရားအငူ၊ နဂရီအငူတို့ကိုလည်း ရခိုင်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ဗြိတိသျှ ကိုလိုနီခေတ်တိုင်အောင်ပင် တည်တံ့ခဲ့သည်။

မြောက်ဦးခေတ်၏ ဒုတိယရွှေခေတ်သည် အေဒီ (၁၅၃ဝ) မှ (၁၆၂ဝ) ခုနှစ်အထိ ကြာခဲ့သည်။ (၁၆) ရာစု အစောပိုင်း၊ အင်္ဂလန်နိုင်ငံတွင် အဋ္ဌမမြောက် ဟင်နရီဘုရင်၏ ဘိသိက်ခံပွဲကာလတွင် ရခိုင်ဘုရင်မင်းဗာကြီး အုပ်စိုးသော ရခိုင်အင်ပါယာနိုင်ငံတော်သည် စည်ပင်ဝပြောခဲ့သည်။ ရခိုင်သည် ခေတ်မီတပ်မတော်နှင့် ခေတ်မီကူးသန်းရောင်းဝယ်ရေး ကွန်ရက်ကြောင့် ကျော်ကြားခဲ့သည်။ ဤတပ်မတော်နှင့် ကူးသန်းရောင်းဝယ်ရေး ကွန်ရက်တို့သည် ကမ္ဘာတစ်လွှားသို့ ပေါက်ရောက်ခဲ့ပြီး၊ ပေါ်တူဂီနှင့် နယ်သာလန်နိုင်ငံတို့ အထိပင် ခြေဆန့်နိုင်ခဲ့သည်။ ထိုခေတ် မြောက်ဦးတိုင်းနိုင်ငံသည် သံတမန်ဆက်ဆံရေးကိုလည်း အလားတူပင် ကမ္ဘာအနှံ့ဖြန့်ကျက်နိုင်ခဲ့ပြီး အထူးသဖြင့် အိန္ဒိယ၊ သီဟိုဠ် (သီရိလင်္ကာ)၊ မြန်မာ၊ မွန်၊ ဆိုင်းယမ်း (ထိုင်းနိုင်ငံ)၊ အင်ဒိုနီးရှား၊ ဂျာဗား၊ ဂျပန်၊ အနောက်နိုင်ငံများနှင့် သံတမန် ဆက်ဆံနိုင်ခဲ့သည်။

မြောက်ဦးခေတ်တွင် ခေတ်သစ် ဘင်္ဂလားဒေ့ရှ်နှင့် အနောက်ဘင်္ဂလားပြည်၏ နယ်မြေများအတွက် ရခိုင်ဘုရင်များ၊ မဂို ဧကရာဇ်များ၊ အာဖဂန်ဘုရင်များနှင့် ဘင်္ဂလားစော်ဘွားများ တစ်ဦးနှင့်တစ်ဦး အငြင်းပွားခဲ့ကြသည်။ ထိုအချိန်က စစ်တကောင်းမြို့သည် ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကအချက်အချာကျသော မြို့တစ်မြို့ပင်ဖြစ်သည်။ ဤအငြင်းပွားမှုများ ပတ်သက်၍ အသေးစိတ် အချက်အလက်များ ကျန်ရစ်ခြင်းမရှိခဲ့ချေ။ သိသာထင်ရှားသော အချက်ကား မင်းဘာဘုရင် (၁၅၃၁-၁၅၅၃) လက်ထက်တွင် ရခိုင်နယ်မြေအတွင်းသို့ အလျှင်အမြန်တိုး၍ ဝင်ရောက် လာသော (ထို့အပြင် သြဇာအာဏာ တိုး၍ ဖြန့်ကျက်လာသော) ပေါ်တူဂီတို့နှင့် ရင်းနှီးသော ဆက်ဆံရေးကို တည် ဆောက်ခဲ့ခြင်းပင် ဖြစ်သည်။ ဤဆက်ဆံရေးကြောင့် ရခိုင်၏ ကြည်းတပ်နှင့် ရေတပ်သည် အင်အားကြီးထွားလာခဲ့ကာ၊ ထို ကြည်းတပ်၊ ရေတပ်တို့ဖြင့် နယ်မြေဒေသတွင်းရှိ ထီးပြိုင်နန်းပြိုင်ဘုရင်များကို သြဇာသက်ရောက်စေခဲ့ပြီး၊ စစ်တကောင်းကိုလည်း သိမ်း ပိုက်နိုင်ခဲ့သည်။

ရခိုင်သမိုင်းပညာရှင်များ၏ အဆိုအရ၊ (၁၅၃၂) ခုနှစ်အရောက်တွင် ရခိုင်ပြည် နယ်နိမိတ်သည် ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ် နယ်မြေ တစ်ခုလုံးကို ဖြတ်လျှက်၊ အိန္ဒိယနိုင်ငံ၏ အနောက်ဘင်္ဂလားနယ်ရှိ ကာလကတ္တားအထိ ကျယ်ပြန့်ခဲ့သည်။ ၁၇ ရာစုအရောက်တွင် ရခိုင့် ဘုရင့်နိုင်ငံတော်သည် မဂိုအင်ပါယာနှင့် နယ်စပ်တင်းမာမှုများဖြစ်ကာ စစ်မက်ဖြစ်ပွားသည့် အဆင့်သို့ရောက်ရှိပြီး ရခိုင့်အင်ပါယာကြီးမှာလည်း ယိမ်းယိုင်စ ပြုလာခဲ့သည်။ အရှေ့ဘင်္ဂလားပြည်၏ နယ်မြေအများစုမှာ မဂိုဘုရင် လက်အောက်သို့ လုံးဝကျရောက်သွားခဲ့ပြီး ၄င်းနှင့် မရှေးမနှောင်းမှာပင် အင်းဝမင်း တန်ခိုးကြီးလာသဖြင့် ရခိုင်ပြည်၏ နယ်နိမိတ်များဖြစ်သော ပဲခူးနှင့် ယခုမြန်မာနိုင်ငံအောက်ပိုင်းနယ်မြေများကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။

၁၇၈၀ နောက်ပိုင်းတွင် ရခိုင့်နန်းတွင်းရေး ရှုပ်ထွေးမှုများကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲကာ နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပွားလာခဲ့ပြီး တိုင်းပြည်အုပ်ချုပ်မှု စနစ်ပျက်ပြားလာခဲ့သည်။ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း ဦးစီးသော ဗမာ့တပ်မတော်သည် ထိုအချိန်ကို အခွင့်ကောင်း ယူ၍ ၁၇၈၄ စက်တင်ဘာလတွင် စစ်ကြောငြာခြင်းမပြုဘဲ ရခိုင့်နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင့်အချုပ်အခြာအာဏာ တစ်ခုလုံး လုံးဝ ဆိတ်သုဉ်းခဲ့ရလေသည်။

ရခိုင်လူ့အခွင့်အရေးနဲ့ ဖွံ့ဖျြိုးတိုးတက်ရေးအဖွဲ့မှ
ကူးယူဖော်ပြသည်။

ရခိုင်ပြည်သူအတွက်ရခိုင်တပ်မတော်.

ရခိုင်ပြည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဂျပန်က ရေးဆွဲလျက်ရှိပြီး ၂၀၁၃ မေလကုန် စတင်မည်

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တည်ဆောက် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံက ရေးဆွဲလျက်ရှိပြီး ၂၀၁၃ ခုနှစ် မေလကုန် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောသည်။

လက်ရှိကာလ၌ အဆိုပါ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း Master Plan ကို ဂျပန်နိုင်ငံ JDI(Japan Development Institute) မှ ရေးဆွဲလျက်ရှိရာ ၂၀၁၃ ခုနှစ် မေလကုန်တွင် တင်ပြမည်ဖြစ်ကြောင်းနှင့် စီမံကိန်း၏ အသေးစိတ် အချက်အလက်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

"ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်တဲ့ Master Plan ကို JDI က ရေးဆွဲနေတာ ဖြစ်ပြီးတော့ ဒီလကုန်အပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌကို တင်ပြမှာပါ။ ဥက္ကဋ္ဌကတစ်ဆင့် နိုင်ငံတော် သမ္မတရုံးကို ဆက်လက်တင်ပြသွားကြမှာပါ။ ပြီးမှ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သိရမှာ ဖြစ်ပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်း၏ ပထမအဆင့် လုပ်ငန်းဆောင်ရွက်မှုများကို ၂၀၁၄ ခုနှစ်အတွင်း စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ပထမအဆင့် လုပ်ငန်းစဉ်များကို ပြီးစီးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန် စီမံကိန်း၌ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့် မီးရထားလမ်း စီမံကိန်းလည်း ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်အပြင် စစ်တွေစက်မှုရပ်ကွက်နှင့် ပုဏ္ဏားကျွန်း စက်မှုဇုန်တို့ကိုပါ အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်သည့် ရခိုင်ပြည်နယ်၏ စီမံကိန်း ရည်မှန်းချက်များ၊ လျာထားချက်များ၊ ရွေးချယ်ထားမှု၊ ဦးစားပေး အစီအစဉ်နှင့် ဆက်လက်ဆောင်ရွက်မှုများ တင်ပြသည့် အစီရင်ခံစာအရ သိရသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍနှင့် စုစုပေါင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု တန်ဖိုးများကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရာခိုင်နှုန်းအလိုက် တိုးတက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ချမှတ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

စက်မှုကဏ္ဍနှင့်အတူ လျှပ်စစ်ဓာတ်အားကဏ္ဍ ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ကဏ္ဍမှ ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး ၂ ဒသမ ၇ ရာခိုင်နှုန်းမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းများအဆင့် မြှင့်တင်နိုင်ရေးကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး လုပ်ငန်းစဉ်ရှစ်ရပ် အကောင်အထည် ဖော်ရန်အတွက် အနှစ် (၂၀) စီမံကိန်းများ ရေးဆွဲထားကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များအရ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ နှစ်အလိုက် ဘဏ္ဍာငွေ လိုအပ်မှု အခြေအနေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၁၀ ဒသမ ၅၇ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၁၃ ဒသမ ၆၃ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၄၇ ဒသမ ၆၃ ဘီလျံထိ ရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တည်ဆောက် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံက ရေးဆွဲလျက်ရှိပြီး ၂၀၁၃ ခုနှစ် မေလကုန် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောသည်။

လက်ရှိကာလ၌ အဆိုပါ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း Master Plan ကို ဂျပန်နိုင်ငံ JDI(Japan Development Institute) မှ ရေးဆွဲလျက်ရှိရာ ၂၀၁၃ ခုနှစ် မေလကုန်တွင် တင်ပြမည်ဖြစ်ကြောင်းနှင့် စီမံကိန်း၏ အသေးစိတ် အချက်အလက်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

"ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်တဲ့ Master Plan ကို JDI က ရေးဆွဲနေတာ ဖြစ်ပြီးတော့ ဒီလကုန်အပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌကို တင်ပြမှာပါ။ ဥက္ကဋ္ဌကတစ်ဆင့် နိုင်ငံတော် သမ္မတရုံးကို ဆက်လက်တင်ပြသွားကြမှာပါ။ ပြီးမှ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သိရမှာ ဖြစ်ပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်း၏ ပထမအဆင့် လုပ်ငန်းဆောင်ရွက်မှုများကို ၂၀၁၄ ခုနှစ်အတွင်း စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ပထမအဆင့် လုပ်ငန်းစဉ်များကို ပြီးစီးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန် စီမံကိန်း၌ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့် မီးရထားလမ်း စီမံကိန်းလည်း ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်အပြင် စစ်တွေစက်မှုရပ်ကွက်နှင့် ပုဏ္ဏားကျွန်း စက်မှုဇုန်တို့ကိုပါ အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်သည့် ရခိုင်ပြည်နယ်၏ စီမံကိန်း ရည်မှန်းချက်များ၊ လျာထားချက်များ၊ ရွေးချယ်ထားမှု၊ ဦးစားပေး အစီအစဉ်နှင့် ဆက်လက်ဆောင်ရွက်မှုများ တင်ပြသည့် အစီရင်ခံစာအရ သိရသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍနှင့် စုစုပေါင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု တန်ဖိုးများကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရာခိုင်နှုန်းအလိုက် တိုးတက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ချမှတ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

စက်မှုကဏ္ဍနှင့်အတူ လျှပ်စစ်ဓာတ်အားကဏ္ဍ ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ကဏ္ဍမှ ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး ၂ ဒသမ ၇ ရာခိုင်နှုန်းမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းများအဆင့် မြှင့်တင်နိုင်ရေးကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး လုပ်ငန်းစဉ်ရှစ်ရပ် အကောင်အထည် ဖော်ရန်အတွက် အနှစ် (၂၀) စီမံကိန်းများ ရေးဆွဲထားကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များအရ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ နှစ်အလိုက် ဘဏ္ဍာငွေ လိုအပ်မှု အခြေအနေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၁၀ ဒသမ ၅၇ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၁၃ ဒသမ ၆၃ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၄၇ ဒသမ ၆၃ ဘီလျံထိ ရှိကြောင်းလည်း သိရသည်။  FACEBOOK

မြန်မာနိုင်ငံသို့ ၃ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်လာဖွယ် ခန့်မှန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းနှစ်ခုအနက် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ ၃ ရက်အတွင်း ဝင်ရောက်လာရန် အလားအလာများ ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်များက ပြောသည်။

လက်ရှိတွင် မုန်တိုင်းသည် အိန္ဒိယမြောက်ဘက် (အနောက်မြောက်ဘက်)သို့ ဦးတည်နေပြီး ၁၂ နာရီအတွင်း တွင် အင်အားကောင်းလာကာ ဆိုင်ကလုန်းအဖြစ်သို့ပြောင်းလဲပြီး မြောက်ဘက်သို့ ဦးတည်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော် က ပြောသည်။

“မြောက်ဘက်ကို ဦးတည်သွားမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံဘက်ကို ဦးတည်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မေလ ၁၃ ရက် ကျော်ရင်တော့ ကျနော်တို့ဘက်ကို ဦးတည်လာနိုင်မယ့် အနေအထား ရှိပါတယ်။ ဦးတည်လာမယ် ဆိုပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်ဘက်လို့ပဲ သင်္ချာပုံစံနည်းအရ
ဖော်ပြနေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုခန့်မှန်းချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနများသို့ သတင်းပေးပို့ထားပြီး မုန်တိုင်းအခြေအနေအပြောင်း အလဲများအား ၃ နာရီတကြိမ်နှုန်းဖြင့် သတင်းများ ထုတ်ပြန်နေမည်ဟု ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကမူ ထိုမိုန်တိုင်းမှာ ၄ ရက်ကြာလျှင် ရခိုင် နယ်စပ်သို့
ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းသည်။

“ကျနော့်ခန့်မှန်းချက်အရ ဆိုရင်တော့ ၁၅ ရက်နေ့ ညနေပိုင်းလောက်မှာ ဝင်လာနိုင်တယ်။ မောင်တောနဲ့ စစ်တကောင်းဘက်ကိုပေါ့။ မြန်မာပြည်အထဲဘက်ကိုတော့ အရမ်းကြီး တိတိကျကျ မရောက်ပါဘူး။ အခုက လေတိုက်နှုန်းတော့ နည်းနေသေးတယ်။ အဲတာကြောင့် မုန်တိုင်းနာမည်ကို မဖော်ပြကြသေးဘူး။ မုန်တိုင်းက အပူပိုင်းမုန်တိုင်း (Tropical Cyclone 01B13) ပါ။ ကျနော်တို့ မုန်တိုင်းပြောင်းလဲနှုန်းကို သတင်း ဆက်တိုက် ထုတ်ပြန်နေမှာပါ” ဟု မဇ္စျိမကို ပြောသည်။

မုန်တိုင်းသည် နှစ်ခုဖြစ်ပေါ်နေပြီး အိန္ဒိယပင်လယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းအား ဂျမာလာဟု အမည်ပေးထားပြီး ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာမူ အမည် အတိအကျ
ပေးထားခြင်းမရှိဟု ၂၀၀၈ နာဂစ် မုန်တိုင်းကို တိကျစွာ မှန်းပေးနိုင်ခဲ့သော www.wunder-ground.com တွင် ဖော်ပြထားသည်။

အင်္ဂါနေ့ည သန်းခေါင်ကျော် (19:00 GMT on 14 May)၊ ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) နံနက် ၁ နာရီခွဲ အချိန်၊ စစ်တွေမြို့ အနီးသို့ တနာရီလျှင် မိုင် ၁၀၀ ကျော်နှုန်းဖြင့် ဝင်ရောက်လာနိုင်သည်ဟု ၎င်းဝဘ်ဆိုက်က ခန့်မှန်းထားသည်။ ယင်းဖော်ပြချက်များထဲမှ ခန့်မှန်းချက်များအရ ဂျမာလာ မုန်တိုင်းမှာမူ သီရီလင်္ကာနိုင်ငံသို့ ဦးတည်နိုင်သည်ဟု သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းသည် ၂၀၁၃ ခုနှစ်တွင် ပထမဦးဆုံး ဖြစ်ပေါ်သော မုန်တိုင်းဟု ဦးထွန်းလွင်၏ မိုးလေဝသ ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။ မုန်တိုင်း ဝင်ရောက်လာနိုင်ဖွယ်ရှိ
သော မောင်တောနှင့် စစ်တကောင်းမြို့များ၏ ကုန်းတွင်းသို့ တိုက်ခတ်မည် ဆိုလျှင် လေတိုက်နှုန်းမှာ တနာရီလျှင် ၇၅ မှ ၁၀၅ မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်ပြီး မုန်တိုင်းဒီရေ အမြင့် ၃ ပေမှ ၅ ပေထိ မြင့်တတ် လာနိုင်သည်ဟု ၎င်း ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်မှ အစပြုဖြစ်ပေါ်ကာ မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်အမည်ရှိ မုန်တိုင်းသည် အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ် တနာရီ လေတိုက်နှုန်း ၁၃၀ ဝန်းကျင်ခန့် တိုက်ခတ်သွားခဲ့သည်။     mizzimaburmese.com

ဒုက္ခသည် ၇ ဦးကို အစိုးရ နယ်ခြားစောင့်တပ်မှ ဖမ်းဆီးသွား

ndak-border-guard-force-1
နယ်ခြားစောင့်တပ် (ယခင် NDA-K) များကို မြစ်ကြီးနားမြို့တွင် အစိုးရ၀န်ထန်းများ ကြိုဆိုနေပုံ။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ချီဖွေ-လောခေါင်ဇုံနယ် မြန်မာ-တရုတ်နယ်စပ် မှတ်တိုင်အမှတ် (၆) ဖရဲ (Hpare) စစ်ပြေးဒုက္ခသည်စခန်းမှ ဒုက္ခသည် ၇ ဦးကို မေလ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပန်ဝါအထူး နယ်ခြားစောင့်တပ် (Border Guard Force) မှ ဖမ်းဆီးသွားကြောင်းသိရသည်။
ဖမ်းဆီးသွားသော ဒုက္ခသည်များသည် ဦး ယိန်းဆောင်၊ ဦး ဂျူံးဘောမ်၊ ဦး ယိန်းချန်း၊ ဦးယိန်းတိန်းချန်း၊ ဒေါ်ဆောင်ဘောမ်စဲ၊ ဦး ယိန်းတိန်းနုတ်နှင့် ဦး ဘောမ်တိန်း တို့ဖြစ်ပြီး ၎င်းတို့ကို ပန်ဝါအထူးပြည်သူ့စစ် (BGF) လဂွေချန်းယိန်း နှင့် ဖရဲ (Hpare) ဘောမ်ယိန်းဘောမ်တို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
စစ်ပြေးဒုက္ခသည်စခန်းမှ ၇ ဦးသည် မှတ်တိုင်အမှတ် (၈) ဖီမှော် (Hpyi Maw) ရွာအနီးသို့ ဝါးခုတ် နေ့စားသွားချိန် ပန်ဝါအထူးပြည်သူ့စစ် (BGF) များသည် တရုတ်ပြည်ဘက်မှဖမ်းပြီး ပန်ဝါဘက်သို့ ဖမ်းသွားကြောင်း အမည်မဖော်လိုသူ စစ်ဗိုလ်ကြီးတဦး KNG ကချင်သတင်းဌာ သို့ပြောသည်။
“ဒုက္ခသည်တွေက တရုတ်ပြည်သို့သွားပြီး ပိုက်ဆံရှာတာ။ နေ့တိုင်းသွားတဲ့သူတွေရှိတယ်။ အိမ်ပြီးသွားတဲ့ သူတွေလဲရှိတယ်။ ဖရဲ စစ်ပွဲ မဖြစ်တာ ၄ လ လောက်ရှိပြီ ဆိုတော့ သူတို့အပြင်ထွက်ပြီးတော့ ပိုက်ဆံရှာမယ် ဆိုပြီး ခွင့်တောင်းတော့ ခွင့်ပြုထားတယ်။ သူတို့က ရွာလဲပြန်လာတယ် ဒုက္ခသည် စခန်းမှာ လဲပြန်လာကြတယ်။ ဝင်ဝင်ထွက်ထွက်အချိန်ဖြစ်တယ်။”
လဂွေ (Lagwi) ရွာသားများသည် BGF ပြည်သူ့စစ်တပ်ဖွဲ့ တွင်ရှိပြီး၊ ဖရဲ (Hpare)တွင်ရှိသော ရွာသားများသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) လူအဖြစ်သတ်မှတ်ပြီး လဂွေကျေးရွာသားများသည် BGF များရှေ့တွင် မျက်နှာသာရရှိရန် ဖမ်းဆီးခြင်းဖြစ်ကြောင်း KIA ဗိုလ်မှူး တဦးသုံးသပ်သည်။
ပြီးခဲ့သည့် ၂၀၁၂ မေလနှင့် သြဂုတ်လတွင် ဖရဲ (Hpare)ရွာသား ၃ ဦးကို တရုတ်ပြည် စုချီ (Suji)ရွာမှ BGF ပြည်သူ့စစ်တပ်ဖွဲ့မှ ၎င်း ၃ ဦးကို KIO လူအဖြစ်စွပ်စွဲပြီး ဖမ်းဆီးခဲ့ပြီး ယခုချိန်ထိ ပန်ဝါတွင် မြန်မာအစိုးရမြို့နယ်ခွဲရုံး တွင် ဖမ်းဆီးထားကြောင်းသိရသည်။
၂၀၁၂ သြဂုတ်လတွင် KIA စစ်ပြေးဒုက္ခသည် စခန်း အမှတ်တိုင် (၆) ဖရဲ (Hpare) စစ်ပြေးစခန်းရှိ ဒုက္ခသည်များကို ဦး စခုန်တိန့်ယိန်း (BGF သို့ တပ်ပြောင်းသော ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ခေါင်းဆောင်) ကိုယ်တိုင်လာရောက်ခေါ်သော်လည်း ၎င်းဒုက္ခသည်များ လိုက်သွားခြင်း မရှိခြင်းကြောင်း သိရသည်။
ဒုက္ခသည်စခန်းတွေ ဒုက္ခသည် ၉၇၀  ကျော်ရှိပြီး စစ်ပွဲရပ်ဆိုင်းနေချိန် စခန်းအနီးရှိ တရုတ်ပြည် စုဂျီကျေးရွာသို့ နေ့စား သွားလုပ်ကြောင်းသိရသည်။
၎င်းဒုက္ခသည်စခန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အစားအသောက်များ အဓိက ကူညီပေးပါသည်။   http://kachinnews.com

ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ

ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ
============================
မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် ။

ညီမလေးရေ
မင်းရေတိမ်နစ်ရတဲ့သတင်း
တို့ရင်ကို ပြင်းပြင်းဝင်ဆောင့်
အသည်းထဲ … အသွေးထဲမှာ
နင့်နေအောင်ကို အောင့်တယ် ။

ကယ်ပါ …. ကူပါ
တစာစာအော်ခဲ့ရတဲ့မင်းဟာ
မိစ္ဆာဘီလူး … ကာမရူးတွေကို
နောက်ဆုံးသောထွက်သက်အထိ
အရှုံးမပေး … ဒူးမထောက်
တို့လူမျိုးရဲ့ အရှက်ကို
မင်းသစ္စာဖောက်မသွားဘူးဆိုတာ
မင်းလက်ထဲမှာ ဆွဲဆုပ်ထားတဲ့
မြက်ပင်အကျိုးအကြေတွေက သက်သေပြနေတယ် ။

ညီမလေးရေ ….
မင်းအရှက် … မင်းအသက်နဲ့
ငါတို့ရဲ့အနာဂတ်တွေကို
ဓားမြိမြိတစ်လက်နဲ့
ထိထိမိမိအထောက်ခံထားရပြီဆိုတာ
သက်သေပြသွားခဲ့တယ် ။

ညီမလေးရေ
ဘာသာစကားတွေ ဘယ်လိုပဲကွဲကွဲ
ယဉ်ကျေးမှုတွေ ဘယ်လိုပဲကွာကွာ
အမိနိုင်ငံတော်ကြီးရဲ့အရိပ်အောက်မှာ
တို့ဟာ … ပြည်ထောင်စုရဲ့ မောင်နှမတွေပဲလေ
မင်းငိုလိုက်တဲ့ မျက်ရည်ဟာ
သံလွင် .. စစ်တောင်း
ချင်းတွင်း နဲ့ ဧရာဝတီမှာ
မျောပါစီးဆင်း ….
သွေးချင်းချင်းနဲ့
မျက်ရည်မြစ်လဲ ဖြစ်ခဲ့ပြီ ။

ညီမလေးရေ …
တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ
မုတ်သုံမိုးပြေး
လေနုအေးထဲမှာ
မင်းပေးခဲ့တဲ့ စည်းလုံးခြင်းဂီတနဲ့အတူ
အမျိုးသားရေးတေးတွေ …
တတိုင်းပြည်လုံး ပျံ့လွင့် …..
မင်း နားစွင့်ကြည့်လှည့်ပါ ။

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် … … ။

(ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ)

မိုးစက်နီ
ဧပြီ ၂၀၊ ၂၀၁၃ ခုနှစ်။ (copy from Marn Htan Myo)..

Thursday, May 9, 2013

ခေတ်အဆက်ဆက် ရိုးနိုင်ဖို့မဟုတ်ရယ်တေးခြင်းချေပါ ဒေတေးခြင်းကိုနားထောင်နိန်ရယ်အချိန်မှာ အသဲအအူတိအပြင်တနားချေထုပ်ထားပိုင်ခံစားရပါရယ် (အခင်ဦးမောင်သိန်း)ဆိုထားရယ်( ကစ္ဆပနဒီ )တေးခြင်းချေပါ အခါတစ်ရာလောက်နားထောင်းကေလဲ့ရိုးဖို့မထင်ပါ

Benghazi အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု စစ်ကူတောင်းပေမဲ့ မရခဲ့

အောက်လွှတ်တော်ကြားနားပွဲမှာ အမေရိကန် သံတမန် Gregory Hicks ပြောကြားနေစဉ် (၈ မေ ၂၀၁၃)အောက်လွှတ်တော်ကြားနားပွဲမှာ အမေရိကန် သံတမန် Gregory Hicks ပြောကြားနေစဉ် (၈ မေ ၂၀၁၃)

  • ဘန်ဂါဇီတိုက်ခိုက်မှု လွှတ်တော်ကြားနာ
TEXT SIZE
ဗွီအိုအေ (မြန်မာပိုင်း)
ပြီးခဲ့တဲ့နှစ်တုန်းက လစ်ဗျားနိုင်ငံ Benghazi မြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ်အတွင်း သူ့အနေနဲ့ စစ်ရေး အထောက်အကူရဖို့ ကြိုးစားခဲ့တယ်လို့ အဲ့ဒီအချိန်က ကောင်စစ်ဝန်ရုံးမှာ ဒုတိယအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူက ပြောလိုက်ပါတယ်။

အဲ့ဒီအချိန် အနီးစပ်ဆုံး စစ်စခန်းကတော့ အီတလီမှာရှိတဲ့ အမေရိကန် လေတပ်စခန်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့လည်း အကူအညီရဖို့ အတော်လေး အလှမ်းဝေး ခဲ့တယ်လို့လည်း ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အပါအ၀င် ၀ါရှင်တန်မှာရှိတဲ့ အမေရိကန် အရာရှိတွေကိုရော လစ်ဗျား တာဝန်ရှိသူတွေကိုပါ သူ အကြိမ်ကြိမ် ဆက်သွယ်ခဲ့တယ်လို့ ကောင်စစ်ဝန်ရုံးရဲ့ ဒုတိယ အကြီးအကဲ လုပ်ခဲ့သူ အမေရိကန် သံတမန် ဂရစ်ဂိုရီ ဟစ် (Gregory Hicks) က ပြောတာပါ။

Benghazi ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုမှာ စစ်ဘက်အကူအညီ ရနိုင်မလားဆိုတာကိုလည်း သူ အမေရိကန် ကာကွယ်ရေး အရာရှိတွေကို မေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း အီတလီမှာရှိတဲ့ လေတပ်စခန်းကနေ အမေရိကန် စစ်လေယာဉ်တွေ လစ်ဗျားကို လာဖို့ဆိုရင် နှစ်နာရီ သုံးနာရီလောက် အချိန်ယူရလိမ့်မယ်လို့ သူကို ပြန်တုံ့ပြန်တဲ့အကြောင်း ဟစ် (Hicks) က ပြောပါတယ်။ ဒါ့အပြင် စစ်လေယာဉ်တွေကို ဝေဟင်ထဲ ဆီဖြည့်ပေးမယ့် ဆီဖြည့်လေယာဉ်လည်း မရှိဘူးလို့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဟစ် (Hicks) နဲ့ အခြား နိုင်ငံခြားရေးဌာန အရာရှိနှစ်ဦးဟာ မနေ့တုန်းက အောက်လွှတ်တော် ကြားနာပွဲမှာ အစစ်ဆေးခံခဲ့ကြတာပါ။

လစ်ဗျားဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ်စတိုဖာ စတီဗန်စ် (Christopher Stevens) နဲ့ အခြား အမေရိကန် သံတမန်သုံးဦး သေဆုံးခဲ့ရတဲ့ အဲ့ဒီ တိုက်ခိုက်ခံရမှု ကိစ္စကို အောက်လွှတ်တော် ကြားနာပွဲလုပ်ခဲ့တာပါ။ အစ္စလာမ်ဘာသာကို ဆန့်ကျင်ထားတဲ့ ဗွီဒီယိုကြောင့် ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး၊ အဲ့ဒီ ဆန္ဒပြမှုတွေကနေ တိုက်ခိုက်မှုဖြစ်လာတာလို့ အမေရိကန်ရုပ်သံကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) က ပြောခဲ့တာကြားရတော့ သူတုံ့လှုပ် အံ့အားသင့်မိတယ်လို့ ဟစ် (Hicks) က ပြောပါတယ်။

တကယ်တော့ ဒီတိုက်ခိုက်မှုဟာ ဆန္ဒပြမှုတွေနဲ့ မဆက်စပ်ဘူးလို့ ဟစ် (Hicks) က ပြောခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဇန် ရိုက်စ် (Susan Rice) ရဲ့ မှတ်ချက်တွေကြောင့်မို့လို့၊ သမ္မတ အိုဘားမားအစိုးရဟာ ဒီတိုက်ခိုက်မှုဖြစ်စဉ် အသေးစိတ်နဲ့ပတ်သက်လို့ အများပြည်သူကို လိမ်လည်လှည့်ဖျားခဲ့တယ်လို့ ရီပတ်ပလစ်ကန် အောက်လွှတ်တော်အမတ်တွေက စွပ်စွဲကြပါတယ်။  

ဝေဖန်မှုတွေမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ကို ရည်ရွယ်ပြီး အဓိကထား ဝေဖန်ကြတာ ဖြစ်ပါတယ်။ ဒီမိုကရက် လွှတ်တော်အမတ်တွေကတော့ မစ္စစ်ကလင်တန်ကို တမင်တကာ နာမည်ပျက်အောင် နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေကို ဝေဖန်ပါတယ်။

မစ္စစ်ကလင်တန်ဟာ အခုလာမယ့် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ရည်မှန်းထားတဲ့ ဒီမိုကရက်တစ် ကိုယ်စားလှယ်တဦး ဖြစ်တယ်ဆိုပြီးတော့လည်း ဒီမိုကရက်အမတ်တွေက ပြောခဲ့ကြပါတယ်။  VOA

ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး

ရှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့ ရှေ့တန်း တပ်စခန်းတခုတွင် တွေ့ရစဉ်။ ရှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့ ရှေ့တန်း တပ်စခန်းတခုတွင် တွေ့ရစဉ်။
 
TEXT SIZE
နိုင်ကွန်းအိန်
မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့တပ်မတော်ကနေ ဒီကနေ့နံက်မှာ ၀င်ရောက် တိုက်ခိုက်တာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရှမ်းပြည် တပ်မတော် အရာရှိတွေကပြောဆိုခဲ့ပါတယ်။ အခုဖြစ်တဲ့တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု များပြားနေ ခဲ့သလို ရာနဲ့ချီတဲ့ ဒေသခံ ရွာသားအနေနဲ့ တရုတ်ပြည်ဖက် ကို စစ်ပြေးဒုက္ခသည်တွေ အဖြစ် တိမ်းရှောင်နေကြရတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

တဖက်နဲ့တဖက် စစ်ရေး တင်းမာနေတဲ့ မြန်မာ အစိုးရတပ်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့တို့ဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ထဲက ဒီကနေ့နံက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပါတယ်။ တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေချတဲ့ နောင်းမတပ်စခမ်းကို မြန်မာစစ်တပ်ဘက်ကနေ စတင် တိုက်ခိုက်လာတယ် လို့လဲ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

"တိုက်ပွဲကဒီမနက်(၄)နာရီခွဲမှာဆိုရင် မူဆယ်နမ့်ခမ်း အခြေစိုက်ခလရ တပ်ရင်း(၁၄၅) ကနေ အင်အား(၁၀၀)ကျော်နဲ့ လက်နက်ကြီးတွေနဲ့အတူ ကျွန်တော်တို့နမ့်ခမ်းမြို့နယ် နောင်းမကျေးရွာရွှေလီမြောက်ဖက်ပိုင်းမှာရှိတဲ့ဒေသတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အခုထက်ထိ ကျွန်တော် ဖုန်းပြောနေတဲ့အချိန်အတွင်းမှာ တဖက်နဲ့တဖက်အပြန်အလှန် ပစ်ခတ်နေတုန်းပါဘဲ။ သူတို့ကကျွန်တော်တိုကတပ်စခမ်းထဲဝင်လာတော့ ၀င်လာတဲ့ အချိန်မှာ တပ်ထဲမှာနေရာယူထားတဲ့ ကျွန်တော်တို့တပ်သားတွေက ပြန်လည်ပစ်ခတ်လိုက်ကြတော့ သူတို့မှာ ပြန်လည် အထိနာတဲ့ပုံစံမျိုးရှိပါတယ်။"

အခုဖြစ်ပွါးတဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများနေသလို ရှမ်းပြည်တပ်မတော်ဘက်က တဦး ကျဆုံးပြီး ထိခိုက်မှုအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လဲ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။
အခုဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေကိုတော့ နမ့်ခမ်းမြို့ဒေသခံတဦးက အခုလိုပြောပါတယ်။

"အစိုးရဘက်က (၉)ယောက်သေသွားတယ်။ (၈)ယောက်က မြို့ပေါ် နမ့်ခမ်းဆေးရုံရောက်နေတာအရေးပေါ် သွေးလိုနေတုန်း။ လိုတဲ့သွေးကိုကျတော့ သူတို့ဆီမှာသွေးလှူရှင်ဖွဲ့ထားတာအသင်းရှိတယ်။ ပါရမီ ဆိုတဲ့အဖွဲ့ကို လာတောင်းတယ်သွေး။ "

ဒီလိုတိုက်ပွဲဖြစ်ပွားရတဲ့အခြေအနေနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီလိုဖြစ်ပွါးတဲ့ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ တဘက်ကမ်းမှာ ရှိတဲ့  နောင်မကျေးရွာ အုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စတဲ့ကျေးရွာက ဒေသခံ ၅၀၀ ကျော်ဟာ တရုတ်ပြည် နောင်တောဝ်းဘက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အခုလိုစစ်ပြေးဒုက္ခသည်တွေ တရုတ်ပြည်ဘက်ကိုတိမ်းရှောင်လာမှုကြောင့် တရုတ်ဘက်ကနေလုံခြုံရေးတိုးမြင့် ချထားတယ်လို့လည်း အဆိုပါ နမ့်ခမ်းဒေသခံကဘဲ ဆက်ပြောပါတယ်။

"ထွက်ပြေးတဲ့ရွာတွေကတော့ ရွှေလီမြစ်တဖက်ကမ်းကျတော့ တရုတ်ပြည်ထဲ ၀င်သွားတယ်။ ဒီဖက်မြန်မာခြမ်း ကျတော့ ဇေယျသုခ ဘုန်းကြီးကျောင်းမှာ လာပြီးတော့ ခိုလှုံနေကြတာတွေ့ရတယ်။ ခုမနက်ဘဲ ထွက်ပြေးလာတော့ စားဝတ် နေရေးလဲ အမျိုးတွေရှိတဲ့အိမ်မှာလာနေကြတယ်။ ဘုန်းကြီးကျောင်းမှာ သွားတည်းနေကြတယ်ဗျ။ ဟိုဘက်တရုတ် ကမ်းကျတော့ လေး ငါးရာ(၄၀၀၊ ၅၀၀)လောက်ရှိတယ်။ ခုနကဗုံးတလုံး လဲ တရုတ်ဖက်ကျသွားတာသိရတယ်။ ရွာသားတယောက်ထိတယ်။ တယောက်သေတယ်ဗျ။ တရုတ်ပြည်ဘက်ကျတော့ထွက်ပြေးနေတယ်။ အခုလဲကူတို့ ဆိပ်တွေအားလုံးလဲပိတ်ထားတယ်။ သွားလာခွင့်မပေးဘူး။ အားလုံးပိတ်ထားတယ်။ တရုတ်ဖက်ခြမ်းလဲ လုံခြုံရေး ချထားတယ်။"

တကယ်တော့ အခုလိုစစ်ရေးတင်းမာလာရတာဟာ ဧပြီလကုန်ပိုင်းက အရပ်ဝတ် စစ်ထောက်လှမ်းရေး(၄)ဦး ပျောက် ဆုံးနေမှုနဲ့ပက်သက်ပြီး  မြန်မာ စစ်တပ်ကနေ တောင်ပိုင်းရှမ်းပြည်တပ်မတော်လက်ချက်လို့စွပ်စွဲထားသလို မေလ (၅)ရက်နေ့က ရှမ်းပြည်တပ်မတော်ရဲ့ဒင်းခါး ဆိုတဲ့တပ်စခန်းကို ၀င်ရောက်ရှာဖွေပြီး စခမ်းကိုမီးရှို့ဖျက်စီးရာကနေ ကြီးထွားလာတာပါ။
အခုလို တိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေမှာဘဲ ဦးသ်န်းဇော်ခေါင်းဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီအဖွဲ့ဟာ  ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့လဲ ရှမ်းပြည်နယ် ၀န်ကြီးစိုင်းအိုက်ပေါင်းကပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် စစ်ပြေးဒုက္ခသည်အရေး ကိစ္စတွေကိုလဲ ဆွေးနွေးသွားမယ်လို့လဲ သတင်းတွေ ပေါ်ထွက်နေပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ ခက်ခဲတဲ့ အနေအထားတွေကြောင့် အချိန်ယူဆောင်ရွက် သွားရမယ်လို့လည်း  ငြိမ်းချမ်းရေးအကျိုးဆောင်
ဦးလှမောင်ရွှေ ကပြောပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့နိုင်ငံလို လက်နက်ကိုင် အင်အားတွေ အများကြီးနဲ့ တပြိုင်ထဲ လုပ်လုပ်ရတဲ့ နိုင်ငံမျိုးရှိ တယ်လို့ကျွန်တော် မကြားမိဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တော့ ရှေ့တိုးနောက်ဆုတ်တော့ ရှိကောင်းလဲရှိမယ်။ ဒါပေမဲ့သေချာ တာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဆက်သွားနေမယ်။ ဒီလိုဘဲ တိုးတက်မှုနဲ့ဆုတ်ယုတ်မှုကလဲရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ခြုံလိုက်ရင် တိုးတက်မှုရှိရင် ဆက်သွားဖို့ပါဘဲ။ ဆွေးနွေးပွဲတွေ ဆက်လုပ်နေရမယ်။ အချိန်ယူအများကြီး ဆက်လုပ်နေရမယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီအဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော် မီတီတွေ နဲ့အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမဲ့လဲ ဒေသတွင်းမှာတော့ မြန်မာ တပ်မတော် အနေနဲ့ နယ်မြေစိုးမိုးရေးအတွက် ထိုးစစ်ဆင်မှုရှိနေသလို တိုက်ပွဲဖြစ်ပွါးနေဆဲ လို့လည်း တောင်ပိုင်းရှမ်းပြည် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။VOA

ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ရန် ရခိုင်လူမျိုးများ ရခိုင်ဒေသသို့ ပြန်ရန် လိုအပ်

ရန်ကုန်၊မေ ၈။

ရခိုင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ရန် ရခိုင်လူမျိုးများ ရခိုင်ဒေသသို့ ပြန်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယနေ့ ကျင်းပပြုလုပ်သော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့နှင့် ရခိုင်အမျိုးသားအင်အားစုများ တွေ့ဆုံပွဲတွင် ပြောကြားသည်။

“ရခိုင်ဟာ သယံဇာတတွေ၊လယ်မြေတွေ ပေါများတယ်။အခုချိန်မှာလယ်စိုက်ဖို့လည်း အဆင်သင့်မဖြစ်ဘူး။ ပြီးခဲ့တဲ့ နှစ်တွေက စိုက်ပြီးသားလယ်တွေလည်း ကောင်းကောင်း မရိတ်သိမ်းလိုက်ရဘူး။ဒီအချိန်မှာ ကျွန်တော်တို့ ဒါတွေကို ဘယ်လိုကျော်လွှားကြမလဲ။ ဒါတွေကို ကျော်လွှားဖို့ စွမ်းရည် မြင့်တဲ့လူတွေ လိုနေပါပြီ။ ဘယ်လောက်ပဲ စွမ်းရည် မြင့်နေပါစေ။ လူတွေ ကွဲပြားနေရင်လည်း အပိုပါပဲ။ ဒါကြောင့် အားလုံး စုစုစည်းစည်းရှိဖို့ လိုပါတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုအချိန်တွင် မြန်မာပြည်၌လူဦးရေသန်း၆၀ ရှိသည့်အနက် ရခိုင်လူမျိုးစုဦးရေမှာ ၃ သန်းခန့်သာရှိပြီးရာခိုင်နှုန်းအားဖြင့် လွန်စွာနည်းနေကြောင်း၊ရခိုင်ပြည်နယ်အတွင်း အမှန်တကယ်နေထိုင်သူမှာ ၂သန်းကျော် သာရှိကြောင်းသိရသည်။

“မြန်မာအစ ပျူကဆိုပြီးခု ပျူလူမျိုးဆိုတာ မရှိတော့ဘူး။ တစ်ချိန်တုန်းကရခိုင် ဘယ်လို ရွှေထီးဆောင်းခဲ့လဲ။ကျွန်တော်တို့ မစောင့်ရှောက်ရင် ကျွန်တော်တို့ ရခိုင်ဆိုတာ စာအုပ်ထဲမှာပဲ ကျန်ခဲ့မှာ။ဒါကြောင့် ရခိုင် ပြည်သူပြည်သားတွေကို ရခိုင်ပြည်ကြီးက အမြဲတမ်းနွေးထွေးစွာ ကြိုဆိုနေပါတယ်” ဟု ဦးဇော်အေးမောင်ကပြောကြားသည်။

ရခိုင်လူမျိုးများအနေဖြင့် မိမိလူမျိုးကို ထိန်းသိမ်းရမည်ဖြစ်ပြီးမိမိအရပ်ဒေသကို ကာကွယ် စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ ကာကွယ်စောင့်ရှောက်သည်ဟု ဆိုရာတွင်လည်း ဥပဒေနှင့်အညီသာ စောင့်ရှောက်သွားမည်ဖြစ်ပြီး ဥပဒေအကာအကွယ်အောက်တွင် လိမ္မာပါးနပ်စွာ စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရည်မွန်

ရခိုင်လူမျိုးများ လူ့အခွင့်ရေးများ အပြည့်ဝရရှိရန် AHRDO ကူညီမည်

ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများ၏ လူ့အခွင့်ရေးနှင့် ပါတ်သက်၍ Organisation ရခိုင်လူ့အခွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) Arakan Human Rights and Development မှ ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး က ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ လယ်သမားများ လယ်ယာမြေ သိမ်းဆည်းခံရခြင်း ၊ရွှေဓာတ်ငွေ့ ပိုက်လိုင်း ရပိုင်ခွင့်များနှင့် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများအား ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ အစိုးရစီမံကိန်း တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ရသင့်သော အခွင့်ရေးများကို အပြည့်အ၀ ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း HRDO ဒါရိုက်တာ ဦးအောင်မင်းဦး က မဇ္ဈိမသို့ ပြောကြားသည်။

၎င်းက “ HRDO အနေနဲ့ လယ်မြေသိမ်းတာတွေ ကို အဓိကထားကူညီပေးသွားမှာပါ။ ရခိုင်ပြည်နယ်များ မြေပေါ်မြေအောက် သယံဇာတ တွေပေါတယ် ။ နောက်ပြီးအစိုးရ စိမံကိန်းတွေအတွက် သုသေတန ပြုလုပ်မှုတွေ ကွင်းဆင်းပြီး လုပ်ဆောင်ပေးသွားမှာပါ " ဟု ဆက်လက်ရှင်းပြသည်။

HRDO မှ ရခိုင်လူမျိုးများ၏ အခွင့်ရေးများ ရရှိရန်အတွက် ရခိုင်အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်နှင့် ချိတ်ဆက်ထားပြီ ဖြစ်သော်လည်း မည်ကဲ့သို့ လုပ်ကိုင်သွားမည်ကို မသိရှိရသေးကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ဆိုသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က “ လူ့အခွင့်ရေး က ရခိုင်ပြည်မှာတင် မဟုတ်ပါဘူး ။ မြန်မာပြည် အနှံ့မှာခံစားနေရကြတာ။ ချွတ်ခြုံကျနေတဲ့ ရခိုင်ပြည်နယ်အတွက် ဒိလို ကူညီပေးတာ ကောင်းပါတယ် " ဟု ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့်ရေး နှင့် ပါတ်သက်ပြီး အပြည့်ဝ ရရှိရန်အတွက် ဥပဒေဘောင်ထဲမှ ဆောင်ရွက် သွားရန် လိုပြီး ပြည်နယ် တွင်နေထိုင်ကြသော ပြည်သူ ပြည်သားများ တူညီစွာ လက်တွဲဆောင်ရွက် ရန်လို အပ်ကြောင်း ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က မှတ်ချက်ပြု ပြောကြားသည် ။

ရခိုင်လူ့အခွင့်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (AHRDO )ArakanHuman Rights and Development Organisation ကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ နှင့် လူငယ်များဆိုင်ရာ အစည်းရုံးတို့မှ ဦးဆောင်၍ ထိုင်း-မြန်မာ နယ်စပ်တွင် ၂၀၁၁ အောက်တိုဘာလတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း AHRDO ကြေငြာချက် အရသိရှိရသည်။ 

Mizzima News

ဓါတ်ပုံ= google  နိရ္စရာသတင်း ( ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြနေကြသည့် ရခိုင်တိုင်းရင်းသားများ)

Wednesday, May 8, 2013

ရခိုင်အောင်လံတော်လင်္ကာ

 ==============
ကြားပိမ့်ဗိုလ်လူ၊ အံ့ချိမ့်မူလော့
သောင်းယူဇနာ၊ မြီမျက်နှာထက်
မြောက်မှာအာသံ၊ တောင်ရံသီဟိုဠ်
နောက်ကိုလှည့်လည်၊ မရွံပြည်နှင့်
ဥတည်ပိုင်ခြင်း၊ ပင်လယ်ဆင်းအောင်
စိုးမင်းတကာ၊ ဦးညွတ်ရာသည်
သာယာရွက်ဆောင်၊ ရန်တိုင်းအောင်သည်
ဘုန်းခေါင်ဓမ္မရာဇာ၊ ဥက္ကာမုခ်ချိုး
သမုတ်ရိုးလျှင်၊ စံစိုးသောခါ
ရက္ခာပူရ၊ ဓညမြို့ကြီး
တိုင်းလုံးထီးကို၊ ပြီးစီးခန့်ရည်
ရွှီနန်းတည်၍၊ အောင်စည်ညံညံ
ဘိသိက်ခံကာ၊ ကျော်သံသတင်း
သောင်းလုံးချင်းမျ၊ မြင်းလည်းသိန္ဓဝ
နာဂဆဒ္ဒါန်၊ ရန်မာန်ပါယ်လှယ့်
ခြင်္သေ့ကေသရီ
အောင်နီအောင်ဖြူ၊ ပဉ္စရူကို
ကြည်ဖြူနှစ်သက်၊ နတ်ရို့ဆက်က
ဘုန်းကျက်သရေ၊ မိုးနှယ်စွယ်၏
ရွှီငွေရတနာ၊ ပဒေသာသီး
ပြီးစီးစီတတ်၊ နတ်သမတ
စောင့်သီလနှင့်၊ ဣန္ဒ၀ဇီရာ
အလင်္ကာရ၊ အစဖြန့်ချီ
သီရိဓဇ၊ ချိုမြသာယာ
နောက်ပိုက်မှာလည်း၊ မဟာသုဓမ္မ
ရာဇဂုရု၊ ရုံးကာစု၍
မျက်ရှုခတ်နှိပ်၊ ရွှီတံဆိပ်ကို
စိပ်စိပ်ကြည်နူး၊ ရွှီနန်းဦး၌
ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက
နတ်လူတကာ၊ ကောင်းချိမ့်ညာလျှက်
သာယာမြတ်နိုး၊ မိတ္တာဖြိုး၍
ရီမိုဃ်းမှန်စွာ၊ မြီသြဇာလည်း
ရသာပြည့်နှက်၊ အောင်ဆုဆက်၍
ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်
ရိုက်သျှောင်းပဲ့တင်ခြိမ့်ခြိမ့်တည်း။ ။

စိန်တင်မြို့စားအမတ်ပညာဟိ (သီရိမာလ္လာ မိပန်းရံ) ရွီးဖွဲ့သည်။

ဘဝကို အဆုံးဖြတ်ပေးသော စေဒနာ

၈၈ အဖွဲ့ကို ဟိုပန်မြို့က ပေးမဝင်

သတင်း

Hits:1,377
    
လားရှိုးမြို့ခံများက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုစဉ် (ဓာတ်ပုံ- 88 Generation Students Facebook မှ)
ရှမ်းပြည် မြောက်ပိုင်းသို့ လတ်တလော ခရီးထွက်နေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့ လားရှိုးမှ သံလွင်မြစ်အရှေ့ခြမ်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့သို့ သွားရာ မြို့ခံများက ၀င်ရောက် ခွင့်မပြုခဲ့၍ လမ်းတဝက် သီန္နီမြို့မှ ပြန်လှည့်ခဲ့ရသည်။
ဧရာဝတီမှ ရရှိသောသတင်းများအရ လားရှိုးမှ ယမန်နေ့ မနက် ခရီးထွက်လာသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးပြုံးချိုတို့ ဦးစီးသည့် အဖွဲ့ကို ဟိုပန်မြို့မှ ပွဲဖြစ်မြောက်ရေး တာဝန်ခံတို့မှ သီန္နီတွင် လာရောက်ဆီးကြိုပြီး  ဟိုပန်မြို့အ၀င်အခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ကြောင်း၊ မြို့ခံ ဦးခွန်စိန်ဦးစီးသည့်အဖွဲ့က တောင်ပေါ်ရွာများမှ ရွာသားများကို ကား ၁၇ စီးဖြင့် ခေါ်လာပြီး ဟိုပန်မြို့အ၀င် တံတားတွင် ချထားကြောင်း၊ လူအင်အား ၄၀၀ ကျော်ခန့်ရှိကြောင်း၊ ပွဲကျင်းပခွင့်ပြုထားသည့် ပြည်သူ့ရဲများက အခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းတွင်သာ လုံခြုံရေး တာဝန်ယူပေးနိုင်မည်ဖြစ်ပြီး လာရောက်မည့်သူတို့အတွက် လုံခြုံရေးကို ပွဲစီစဉ်သူများ အာမခံ တာဝန်ယူပေးနိုင်ရန်မှာ မလွယ်ကူကြောင်း၊ ထို့ကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ လားရှိုးသို့ ပြန်လှည့်လာကြောင်း သိရသည်။
“ပြောစရာကလည်း များတယ်။ ပြီးတော့ ပွဲကျင်းပဖို့က အစကတည်းက လုပ်သင့်လုပ်ထိုက်တာ အားလုံးလုပ်ပြီးသွားပြီ။ ဒေသခံက အစ သဘောတူတယ်။ ဒါပေမယ့် ပွဲကျင်းပမယ့်နေ့ရောက်မှ ဘာဖြစ်မှန်း မသိဘူး။ သူတို့ဘက်က လုံခြုံရေးမပေးနိုင်ဘူးဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်စိတ်ကြောင့် သီန္နီမြို့ကနေ
လားရှိုးကို ပြန်လှည့်ခဲ့ပါတယ်” ဟု ဦးပြုံးချိုက ဧရာဝတီကို ဖုန်းမှတဆင့် ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လားရှိုးမြို့အခြေစိုက် သတင်းထောက် ဦးမောင်မောင်သန်းက “ ဟိုပန်မြို့က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတော့ သူတို့ လုပ်ရက်တွေကို သိမှာစိုးလို့ မြို့အ၀င်မခံ ခိုင်းတာလည်း ဖြစ်မှာပါ။ ပြီးတော့  ဟိုပန်က ရှမ်းပြည်နယ် လွှတ်တော် ဟိုပန်ကိုယ်စားလှယ် ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေက တရားဝင်လုပ်ကွက် မဟုတ်တာတွေကို သိသွားမှာ ကြောက်လို့ပေါ့။ အဲ့က အရမ်းပြဿနာများတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းသည် လားရှိုးမြို့၊ ဟိုပန်မြို့၊ သီပေါမြို့၊ ကျောက်မဲမြို့နှင့် နမ့်ဆမ်မြို့တို့တွင် နယ်မြေခံ လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်သွားရန် စီစဉ်ထားကာ  ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခရီးသွားနေကြသည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ် ၆ မြို့နယ်ကို ခရိုင် နှစ်ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် သတ်မှတ်ထားသည်။a.irrawaddy.org

KIA နှင့် အစိုးရ တပ်များ အဆက်မပြတ် တိုက်ပွဲ ဖြစ်ပွားနေ

  • Written by  အဲာပိုန်
KIA စစ်သားများပုံ KIA စစ်သားများပုံ ဓါတ်ပုံ - (အင်တာနက်)
ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရ တပ်ဖွဲ့ များသည် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွား လာနေကြောင်း KIO နိုင်ငံခြားရေး ဒုတိယ တာဝန်ခံ ဂျိန်းလွန်းတောင်က ဆိုပါသည်။
အဓိက တိုက်ပွဲ နေရာ တွေကတော့ ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ထဲက KIA တပ်မဟာ (၄)နေရာ၊ ပြီးတော့ မေခ မေလိခ မြစ်ဆုံရဲ့ အောက်ပိုင်းက ဧရာဝတီမြစ်ရဲ့ အနောက်ဖက်က မိုးညှင်းမြို့နယ်မှာ လှုပ်ရှား နေတဲ့ ကျနော်တို့ တပ်မဟာ (၂) နယ်မြေ ထဲမှာပေါ့ နေ့တိုင်း လိုလို ဖြစ်လာနေတာ ရှိပါတယ်။” ဟုဆိုပါသည်။
 ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်၊ မူဆယ်နှင့် နမ်းဖက်ကာရှိ KIA တပ်မဟာ (၄) ဧရိယာဖြစ်ပွားသော တိုက်ပွဲများမှာ ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့ KIA နှင့် အစိုးရတို့ ဆွေးနွေးပွဲ နောက်ပိုင်း ရင်ဆိုင် တိုက်ပွဲများ တဖြည်းဖြည်း များပြား လာသည်ဟု ဆိုပါသည်။
အစိုးရ တပ်ဖွဲ့ များသည် KIA အား အပစ်အခတ် ရပ်စဲခြင်း မဟုတ်သည့် အတွက် ဒေသအလိုက် စစ်ဆင်ရေးများကို ဆက်လက် စစ်ဆင်နေခဲ့ပါသည်။
မေလ (၆) ရက်နေ့ နံက် (၈) နာရီခွဲတွင် ရှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မွန်းဂူဒေသ KIA တပ်မဟာ ၄ ၊ တပ်ရင်း (၃၈) တပ်ဖွဲ့နှင့် အစိုးရ ခလရ (၁၂၅) တပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ခိုက် ခဲ့ကြပါသည်။
မေလ (၄) ရက်နေ့ ညနေ (၃) နာရီတွင်လည်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ အရှေ့ ဖက် ဂိန်မိန်ဒေသလှုပ်ရှားနေသော KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၁၇) နှင့် ခလရ (၁၂၇) တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။
မေလ (၂) ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ် ခန့်တွင်လည်း  KIA တပ်မဟာ ၄ ၊ တပ်ရင်း (၃၈) နှင့် အစိုးရ ခလရ (၁၂၅) တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့ ပါသည်။ ထို့အပြင် ညနေ (၇)နာရီ မိနစ် (၄၀) တွင်လည်း ကောင်းဆာနှင့် ဖိုက်ကောက် တ၀ိုက်ရှိ အစိုးရ ခမရ (၂၄၂) တပ်ဖွဲ့နှင့် ထပ်မံ ဖြစ်ပွား ခဲ့ပါသည်။
အလားတူ မေလ (၅) ရက်နေ့ တွင် ကချင်ပြည်နယ် မေခနှင့် မေလိခ မြစ်ဆုံ အောက်ပိုင်းရှိ မိုးညှင်း မြို့ နယ်တွင် KIA တပ်မဟာ (၂) မှ တပ်ရင်း (၅) တပ်ဖွဲ့နှင့် အစိုးရ ခလရ (၉၃) တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။ ဤတပ်ဖွဲ့များသည် ပြီးခဲ့သည့် မေလ (၃) ရက်နေ့ ကတည်းက တိုက်ပွဲ ဖြစ်ပွား လာခဲ့ခြင်းဖြစ်ပါသည်။
မေလ (၇) ရက်နေ့ နံက် (၂) နာရီတွင်လည်း လိုင်ဇာမြို့  အနီးရှိ လဂျားယန်ပွိုင့် (၇၇၁) မှလည်း လက်နက်ကြီး (၃) ချက် ပစ်ခတ် ခဲ့ပါသည်။
ဤတိုက်ပွဲများသည် KIA နှင့် အစိုးရတို့၏ တွေ့ဆုံ ဆွေးနွေးပွဲ များကို မထိခိုက် စေသော်လည်း ဆွေးနွေးမှုနှင့် နေရာ သတ်မှတ်ရေးတွင် အခက်အခဲ ဖြစ်လာနိုင်စရာ ရှိနေသည်ဟု ဆိုပါသည်။ KIA နှင့် အစိုးရတို့သည် အပစ်အခတ် ရပ်စဲရေး အတွက် (၁၃) ကြိမ်မျှ တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ယနေ့အထိ ပြေလည်မှု မရရှိခဲ့ပေ။
အစိုးရသည် KIA အပါဝင် အခြား အပစ်အခတ် ရပ်စဲ ထားသော အဖွဲ့များနှင့် ယခု မေလ အတွင်းဆွေးနွေးနိုင်ရန် စီစဉ်နေ သည်ဟု ဆိုပါသည်။ အစိုးရသည် KIA နှင့် ဆွေးနွေးနိုင်ရန် လိုလားနေသော်လည်း KIA သည် ကြားခံ အဖွဲ့အစည်း ပါဝင်ခြင်း မရှိပါ က ဆွေးနွေး လိမ့်မည် မဟုတ်ဟု အတိအလင်း ထုတ်ဖေါ်ပြောကြား ထားပြီး ဖြစ်ပါသည်။.phophtawnews.org

လူ့အခွင့်ရေးလှူပ်ရှားကြသော နွားအဖွဲ့သားများသိစေရန်

Tuesday, May 7, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြောကြားသည့် မိန့်ခွန်း

ရခိုင်ပြည်မှာ ဘင်္ဂါလီခေါ်တောကုလားတွေရဲ့ ရခိုင်လူမျိုးကို မသေမချင်း ရိုက်သတ်တာ ခံခဲ့ရတဲ့ လူမဆန်ယုတ်မာတဲ့ ကုလားများရဲ့ ကိုယ်တိုင်ရိုက်ထားတဲ့ ဗီဒီယိုဖိုင်

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ သတ်မှတ်ကျင်းပသော ရခိုင်အမျိုးသားနေ့

-------------------------------
မြန်မာနိုင်ငံ အနှံ့အပြားတွင် လူမျိုးတိုင်းလိုလို အမျိုးသားနေ့များကို ယခုအခါ ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပလာကြသည်။ ကျွန်ုပ်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၁၉၈၉ ခုနှစ်ကပင် ရခိုင်အမျိုးသားနေ့ကို ကျင်းပရန် ကြိုးစားခဲ့ဖူးပါသည်။ သို့သော် စစ်အာဏာရှင်များက နိုင်ငံရေးလွတ်လပ်ခွင့် မပြုသည့်အပြင် တိုင်းရင်းသားလူမျိုးများ၏ မည်သည့်အခွင့်အရေးကိုမျှ လုံးဝခွင့်မပြုခဲ့ပေ။ ယင်းအချိန်အခါက ဆရာကြီး ဦးဦးသာထွန်း (ရခိုင်၊ မြန်မာ ပဏ္ဍိတ်) နှင့်တကွ ရခိုင်အမျိုးသားကောင်းဆောင်ကြီးများက မည်သည့်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် အသုံးပြုသင့်သည်ကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကြပြီး နှစ်စဉ် တော်သလင်းလပြည့်ကျော် (၁) ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် ကျင်းပရန်နှင့် ရခိုင်အမျိုးသားနေ့ သင်္ကေတအဖြစ် ဗျာလ်လရုပ်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။
မြောက်ဦးမြို့သည် ရခိုင်တစ်မျိုးသားလုံး၏ ဘူမိနက်သန် နန်းစိုက်ရာ နေရာဖြစ်သည်။ ထိုနေရာကို ရခိုင်ဘုရင် မင်းစောမွန်က ရွေးချယ်ခဲ့သည်။ ရခိုင်လောင်းကြက်မြို့မှ မြောက်ဦးမြို့တည်နေရာသို့ နန်းမြို့တော်ကို ပြောင်းရွှေ့စဉ် မိန်လဂ်၊ မိန်စန်းနှင့် တည်ပါက သူ၏ အသက်ရှည်ပြီး၊ တိုင်းပြည်အသက်တိုမည်။ ကန်လဂ်၊ ကန်စန်းနှင့် တည်ပါက သူ၏ အသက်တိုပြီး တိုင်းပြည်အသက်ရှည်မည်ဟု ပုရောဟိတ်များက ဆိုလာသောခါ မိမိအသက်တိုပြီး တိုင်းပြည်အသက်ရှည်ရန်ကိုသာ ရည်ရွယ်ပြီး ဆုံးဖြတ်ခဲ့သည်။ မင်းစောမွန်သည် ရခိုင်လူမျိုးတည်တံ့ခိုင်မြဲရေး ရခိုင်နိုင်ငံတော် ကမ္ဘာ တည်သရွေ့ တည်တန့်စေရေးကို သံဓိဌာန်ချမှတ်ပြီး မိမိ၏ဘ၀နှင့်အသက်ကို အရင်းတည်ကာ ကြိုးပမ်းခဲ့ပါသည်။ ထိုနေ့သည် မြောက်ဦးနန်းမြို့တော်၏ ပန္နက်ချသည့်နေ့ သက္ကရာဇ် ၇၉၂ ခု (၁၄၃၀ ခုနှစ်) တော်သလင်းလပြည့်ကျော် (၁) ရက်နေ့ ဖြစ်ပါသည်။
ရခိုင်လူမျိုးတို့သည် ဗျာလ်လရုပ်ကို လာဘ်ကောင်အဖြစ် အသုံးပြုခဲ့ကြသည်။ ဘုရားပုထိုးစေတီကျောင်းကန်များတွင် ဗျာလ်လရုပ်ကို ငြိမ်းချမ်းရေး သင်္ကေတအဖြစ်ထားကာ ဘုရားရိပ် တရားရိပ်တွင် ပျော်ပါးမြူးထူးသည့် ဟန်ရှိနေသည်။ သို့သော် ရခိုင်အမျိုးသားလုံးအတွက် လိုအပ်လာပါက တိုက်ခိုက်ရေး ဗျာလ်လအဖြစ် ရှေးရခိုင်လူမျိုးတို့က သုံးခဲ့သည်ဟု ဆရာကြီး ဦးဦးသာထွန်း (ရခိုင်၊ မြန်မာ ပဏ္ဍိတ်) က ကျွန်ုပ်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား လမ်းညွှန်ခဲ့ပါသည်။ ထို့ကြောင့် ရခိုင်လူမျိုးတို့၏ ပင်ကိုယ်အရောင်ဖြစ်သည့် အနီနှင့် အဖြူ ရောင်ပေါ်တွင် ဗျာလ်လရုပ်အားရေးထိုးကာ ရခိုင်အမျိုးသားနေ့ သင်္ကေတအဖြစ် အသုံးပြုရန် ဆုံးဖြတ်ပါသည်။
´´စောမွန်ပြင်ပြု၊ မင်းဘာတည်ကေ ရွှီမြောက်ဦး´´ ဟု စာဆိုနှင့်အညီ ရခိုင်ဘုရင်မင်းဘာကြီးလက်ထက်တွင် သျှင်မြ၀ါသည် ရခိုင်လူမျိုးနှင့် ရခိုင်နိုင်ငံတော် ကမ္ဘာတည်သရွေ့ တည်တံ့စေရန် အသက်ကို စတေးခဲ့သည် မဟုတ်တုံလော။ မြောက်ဦးမြို့ကာ ယနေ့ထိ ရှင်သန်နေဆဲ၊ ရခိုင်လူမျိုးလည်း တည်တံ့နေဆဲ။
ငါတို့ပြည်ကို ငါတို့အသက်ဆက်ကြပါစို့။
အို......ရခိုင်သူ၊ ရခိုင်သားအပေါင်းတို့
ကျွန်ုပ်တို့အားလုံး မင်းစောမွန်နှင့် ရခိုင်အာဇာနည် သျှင်မြ၀ါတို့
ကိုယ်ကျိုးစွန့်မှု၊ အနစ်နာခံမှုတို့ကို အလေးအမြတ်ထားကြလော..........................
ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတည်တံ့ရေးကို အားပြုကြလော......................
အဖရခိုင်ပြည်အကျိုးအတွက်
သင်တို့၏ စိတ်နှင့်ကိုယ်ကို သဲတစ်မှုန်၊ မြူတစ်မှုန်အဖြစ် အားစိုက်ကြလော...............................
လုံ့လပြုကြလော၊ ညီညွတ်ကြလော............................
ယခုလာမည့် ၂၀၁၃ ခုနှစ်၊ တော်သလင်းလပြည့်တော် (၁) ရက်နေ့ကို
၅၈၃ နှစ်မြောက် ရခိုင်အမျိုးသားနေ့အဖြစ်
တစ်မျိုးသားလုံး အလေးအနက်ထားကြလောဟု တိုက်တွန်းလိုက်ပါသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
၁-၃-၂၀၁၃
အာရကန်လှိုင်းသံအမှတ် (၆) ပါ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
မိတ်ဆွေဖတ်ပြီး တခြားရခိုင်သူ၊ ရခိုင်သားများထံသို့ ဖြန့်ဝေပေးပါ။ မိတ်ဆွေ၏ အကြံဥာဏ်များ၊ ဝေဖန်လွှာများကို လည်း ကြိုဆိုပါသည်။
ဦးဦးကျော်သိန်း
မြောက်ဦးမြို့နယ်အတွင်းရေးမှူး
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်။

ဤဆောင်းပါးသည် ယခု ရခိုင်ပြည်သူတစ်ရပ်လုံး၏ အမျိုးသားနေ့သတ်မှတ်ရေးအတွက် တစ်ဖက်တလမ်းမှ အထောက်အကူးပြုရန် ပြန်လည် တင်ပြပေးခြင်းဖြစ်ပါသည်။

-

သတ္တ၀ါတွေကို သတ်ဖြတ်နေတဲ့ ပလတ်စတစ်

သတ္တ၀ါတွေကို သတ်ဖြတ်နေတဲ့ ပလတ်စတစ်

ပင်လယ်တွေ ဟာ ပလတ်စတစ် စွပ်ပြုတ်နဲ့ တူနေပါတယ်။ ပင်လယ် ရေထဲမှာ လူတွေ အသုံးပြု ထားတဲ့ ပလတ်စတစ် တွေဟာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပလတ်စတစ် အစိတ်အပိုင်း အကျိုးအပဲ့ လေးတွေ အများကြီး မျောပါ နေပါတယ်။ ၄င်း ပလတ်စတစ် အမှုန်အမွှား လေးတွေက သတ္တ၀ါ တွေရဲ့ အသက် အန္တရာယ် ကို ခြိမ်းခြောက် နေပြီး ကျန်းမာရေး ကိုလည်း ဆိုးဝါးစွာ ထိခိုက် စေပါတယ်။

၁၉၅၀ ပြည့်နှစ် လောက်က စပြီး ပလတ်စတစ် ဟာ လူတို့ရဲ့ နေ့စဉ် နေထိုင်မှု ဘ၀မှာ ပါဝင် ပတ်သက် လာခဲ့ပါတယ်။ ကမ္ဘာ့ နေရာ အနှံ့အပြား ပလတ်စတစ် ကို အသုံးပြု ကြပြီး နှစ်စဉ် ပလတ်စတစ် တန်ချိန် ၂၆၀ သန်းခန့် အသုံးပြု နေပါတယ်။ ပင်လယ် သမုဒ္ဒရာ တွေထဲက အမှိုက်သရိုက် တွေရဲ့ ၆၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း ခန့်ဟာ ပလတ်စတစ် အမှိုက်တွေ ဖြစ်ပါတယ်။ အချို့ ပလတ်စတစ် တွေဟာ နှစ်ပေါင်း ရာဂဏန်း ကနေ ထောင်ကဏန်း အထိ မပျက်စီးဘဲ တည်ရှိနေနိုင် ပါတယ်။ ပလတ်စတစ် အမှိုက်တွေ ဟာ သဘာဝ သားရဲ တိရစ္ဆာန်များ ၊ လူများနဲ့ သဘာဝ ၀န်းကျင် ကို ထိခိုက် စေပါတယ်။ သမုဒ္ဒရာ တွေထဲက တန်ချိန် သန်းနဲ့ချီပြီး ရှိနေတဲ့ ပလတ်စတစ် အိတ် ၊ ပလတ်စတစ် ဘူးခွံ တွေဟာ ပြိုကွဲ ကြေမွပြီး ရေထဲကို အဆိပ် အတောက် တွေအဖြစ် ထုတ်လွှတ်ပြီး ရေနေ သတ္တ၀ါ တွေနဲ့ လူသားတွေကို ဘေးအန္တရာယ် ဖြစ်စေပါတယ်။ မြေပြင် တွေပေါ်မှာ ပြန့်ကျဲနေတဲ့ ပလတ်စတစ် တွေက အဆိပ် အတောက် တွေဟာ မြေပြင် ထဲကို စိမ့်ဝင် စေပါတယ်။ ပလတ်စတစ် ပစ္စည်း တွေထဲမှာ ထည့်ထားတဲ့ ဓာတုပစ္စည်း တွေဟာ လူသား တွေရဲ့ ဂေဟစနစ် ကို ယိုယွင်း ပျက်စီး စေတဲ့ အန္တရာယ် ကို ပေးစွမ်း ပါတယ်။

ပလတ်စတစ် အစအန တွေကို မျိုချမိတဲ့ သတ္တ၀ါ လေးတွေဟာ လည်း ဆို့နင့်ပြီး နှစ်စဉ် အကောင်ရေ များစွာ သေဆုံး နေရပါတယ်။ သေဆုံး နေတဲ့ ဝေလငါး တွေ ၊ မိချောင်းတွေ ၊ ငှက်တွေရဲ့ အစာအိမ် လမ်းကြောင်း ထဲမှာ ပလတ်စတစ် စတွေကို တွေ့ရှိခဲ့ ရပါတယ်။ ပလတ်စတစ် သုံးစွဲမှုတွေ လျှော့ချဖို့ စားသုံးသူ များဘက်က စဉ်းစား ရမှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူ များအနေနဲ့ ကတော့ ပလတ်စတစ် ထဲကို ထည့်သွင်း အသုံးပြု ရတဲ့ ဓာတု ပစ္စည်းတွေ ရွေးချယ်တဲ့ အခါ ဘေးအန္တရာယ် နည်းပါးတဲ့ ဓာတုပစ္စည်း များကို ရွေးချယ် သင့်ပါတယ်။

R လေးလုံးစနစ်

(၁) Refuse ( ငြင်းပယ်ပါ ) ။ တစ်ခါသုံး ရေသန့်ဘူး ၊ ပလတ်စတစ် အိတ် ၊ အအေးစုပ်ပိုက် ၊ ခွက်တွေကို အသုံးမပြု ပါနှင့် ။
(၂) Reduce ( လျှော့ချသုံးစွဲပါ ) ။ မလိုအပ်လျှင် ပလတ်စတစ် အိတ်ကို မသုံးပါနှင့် ၊ ဥပမာ - ဈေးသွားလျှင် ခြင်းယူပါ ၊ ဟင်းသီး ဟင်းရွက် များကို ပလတ်စတစ် အိတ် မလိုဘဲ ခြင်းထဲ တိုက်ရိုက် ထည့်နိုင် ပါတယ်။ စွန့်ပစ်ရမည့် တစ်ခါသုံး အစိတ်အပိုင်း အနည်းဆုံး လူသုံးကုန် ပစ္စည်းကို ရွေးချယ်ပါ။
(၃) Reuse ( ပြန်လည် သုံးစွဲပါ ) ။ အဆိပ် အတောက် မဖြစ်သည့် စတီး ၊ ဖန် စသည့် ထည့်စရာများ သုံးစွဲပါ။
(၄) Recycle ( တစ်ဖန် ပြန်လည် သုံးစွဲပါ ) ။ Recycle လုပ်ခြင်းဟာ နောက်ဆုံး ရွေးချယ်ရမယ့် နည်းလမ်း ဖြစ်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ပလတ်စတစ် တွေ အများစုက Recycle လုပ်ဖို့ အဆင်မပြေ ပါဘူး။

( ခိုင်မွန်ကျော် )

မြ၀တီ

မြ၀တီ       FACEBOOK

ကင်ဆာရောဂါနှင့် သင်္ဘောရွက် ........(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။

သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။
ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)

Thaung Tan

Thaung Tan      FACEBOOK