Saturday, November 16, 2013

ရခိုင်သဇင်ချေတိ အတွက်

Friday, November 15, 2013

ရခိုင်ပြည်နယ်ကို ရောက်ရှိလာတဲ့ OIC ခရီးစဉ်ကို စစ်တွေ ဒေသခံ ၃၀၀၀ ကျော် ဆန္ဒပြ

ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်နယ် နှင့် တိုင်းဒေသများမှ OIC ဆန္ဒထုတ်ဖော် ကန့်ကွက်မှုများ ရန်ကုန်၊ စစ်တွေ၊ မောင်တော၊ တောင်ကုတ်၊ ပုသိမ်၊ ပခုက္ကူနှင့် ပဲခူးမြို့များအပါအ၀င် နေရာအနှ­ံအပြားတွင်ဆန္ဒပြခဲ့ကြ။

Thursday, November 14, 2013

ဗဟုသုတရပါတယ် လူတစ်ယောက်ရဲ့ အစာစားတဲ့အခါ ဗိုက်ထဲမှာ အလုပ်လုပ်တဲ့ ဗီဒီယိုဖိုင်လေးပါ

DVB TV -14-11-2013 လားရှိုးမြို့မှာ OIC အလိုမရှိ ရိုဟင်ဂျာသည်နိုင်ငံသားမဟုတ်

Wednesday, November 13, 2013

ဘာာာကွ



*******
လုပ်မရှိလုပ်ရှာလို့
ဘုရားမှာ ဆန္ဒပြ
ကုလားက မင်းကျိုးယုတ်အောင်
ဘာလုပ်လဲကွ'တဲ့
ပြစ်တင်သံ နှောတဲ့အမေး
တွေး တွေးရင်း ငါဒေါသ
ဖြစ်ရတယ်ကွ……။
တစ်ရက်လုပ်မှ တစ်ရက်စား
ငါ့ဘဝ ဘယ်လိုခါးလဲ
မပြောပဲ မင်းသိပါတယ်……။
ဒီကောင်တွေ ကြံပက်စက်
ငါ့လူမျိုးတွေ အခက်ကြုံကာ
သာသနာ၊ဘာသာဖျက်မှာမို့
အလုပ်တွေ တစ်ရက်ဖျက်ပြီး
ဆန္ဒအမှန် ပြခဲ့ရတယ်
မင်းသိပါကွယ်……။
မင်းကျိုးယုတ်မှ
မင်းဆန္ဒပြမယ် တွေးထားခဲ့ရင်
ငါမေးချင်တယ်
မင်းဖြေပေးပါ သူငယ်ချင်း……။
မင်းမေကစ မင်းနှမအထိ
ကာမဘီလူး တဏှာရူးတို့
မုဒိမ်းကျင့်မှ ဆန္ဒပြရာ
မင်းပါမှာလား သူငယ်ချင်း……။
မင်းဖေ ကို၊ညီ ဆွေမျိုးဆီကို
ဓားကောက် ကိုင်တက်
လည်ပင်းဖြတ်မှ
ဆန္ဒပြရှာ
မင်းပါမှာလား သူငယ်ချင်း……။
မင်းဦးချရာ စေတီသာကို
မိုင်းခွဲ ဗုံးမှန်
အုတ်ခဲပဲ ကျန်မှ
မင်းသွေးကြွလို့
ဆန္ဒပြမလား သူငယ်ချင်း……။
ဒီပုတ်ထဲမှာ ဒီပဲဘဲလာမှာပေါ့
ပဲထည့်တဲ့ပုတ်ကိုနှိုက်ပြီး
ဆန်ရမယ်မင်းတွေး
ခွေးနဲ့တောင် ငါမနှိုင်းချင်ပ
ခွေးသိက္ခာကျ……။
မင်းမပါချင်အသာနေ
မင်းအမေ မင်းနှမ
အရှက်မရအောင်
ငါတို့ဆန္ဒအမှန်ပြမယ်
ဒို့ကိုလာပြီး ဝေဖန်နဲ့……။
မင်းမပါချင် သွား
မင်းဖေ ညီဘွားဆွေမျိုးများကို
အိမ်တက် လည်ဖြတ်
သူတို့မသတ်အောင်
ငါတို့ဆန္ဒအမှန်ပြမယ်
ဒို့ကိုလာပြီး ဝေဖန်နဲ့……။
မင်းမပါချင်ရှောင်
ဒို့ဘာသာ အမှောင်မလွှမ်းအောင်
တတ်နိုင်သမျှဆန္ဒပြမယ်
ဒို့ကိုလာပြီး ဝေဖန်နဲ့……။
မင်းနဲ့ငါဟာ
ဘာသာလဲတူ လူမျိုးတူတော့
မင်းစားငါတွက်
ငါ့မျက်နှာ ငါကွက်လှီးချင်အောင်
ရှက်မိပါရဲ့……။

အရမ်းကိုကြေကွဲဖို့ကောင်းပါတေ

အစ္စရေးတွေရဲ့ စိတ်ဓါတ်ကို မြန်မာတွေ အတုယူတက်ခဲ့ရင်..


. ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~
အစ္စရေးနိုင်ငံဆိုတာ တကယ့်ကုလားရန်သူတွေ ၀ိုင်းဝိုင်းလည်နေခဲ့တာ ကြာပေါ့.. သို့ပေမယ့်..စည်းလုံးညီညွတ်မှုနဲ့ အမြှာ်အမြင်ရှိမှု၊ စွမ်းရည်ထက်မြက်ရန် လေ့ကျင်မှု... စသဖြင့် စွမ်းရည်ပေါင်းစုံ ပြည့်စုံအောင် အမြဲကြိုးစားနေခဲ့တော့.. ၁၉၆၇ ခုနှစ် ဇွန်လ ၅-မှ၁၀- အထိ ဖြစ်ပွားခဲ့တဲ့ အာရပ်-အစ္စရေးစစ်ပွဲမှာ- အာရပ်ပြည်ထောင်စု(အီဂျစ်)၊ ဂျော်ဒန်၊ ဆီးရီးယား နိုင်ငံ(၃) နိုင်ငံကို (၆) ရက်ထဲနဲ့ နိုင်ငံခြားအကူအညီမပါပဲ အနိုင်တိုက်နိုင်ခဲ့တာက ခေတ်သစ်စစ်သမိုင်းမှာ အချိန်အတိုဆုံးစစ်ပွဲအဖြစ် အစ္စရေးနိုင်ငံရဲ့ စစ်စွမ်းရည်ကို ကမ္ဘာကတုန်လှုပ်ခဲ့ရတာပါ။ တိုက်ပွဲ မဖြစ်မီ- ~~~~~~~~ အာရပ်ဘက်က လူအင်အား ၄၄၀,၀၀၀-ကျော်၊ တင့် ၁,၇၅၀၊ လေယာဉ် ၆၃၅ စင်း.. အစ္စရေးဘက်က လူအင်အား ၂၇၅,၀၀၀၊ တင့် ၈၀၀၊ လေယာဉ် ၃၀၀ စင်း.. တိုက်ပွဲ ဖြစ်ပြီး အရှုံး~အမြတ် ~~~~~~~~~~~~~~~~ အာရပ်ဘက်က လူအင်အား -၁၇၅,၀၀၀-ကျရှုံး၊ တင့် ၁,၀၀၀ ရှုံး၊ လေယာဉ် ၄၅၈ ရှုံး.. စစ်ကူ အီရတ်လေယာဉ် ၁၇ ရှုံး၊ ဂျော်ဒန်လေယာဉ် ၁ ရှုံး.. အစ္စရေးဘက်က လူအင်အား -၃,၀၀၀-ကျရှုံး၊ တင့် ၁,၀၀၀(၂၀၀မြတ်)၊ လေယာဉ် ၄၀ ရှုံး.. အစ္စလမ်ရဲ့ အဓိပ္ပါယ်ကို - " ဘုရားသခင်အလိုတော်အတိုင်း ကျင့်ကြံအားထုတ်ခြင်း " ဖြင့် စည်းလုံးခြင်း..တဲ့ အဲ့ဒီတော့ ထေရ်ဝါဒ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ- အချင်းချင်းတွေ စည်းလုံးညီညွတ်မှုဆိုတာစဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်မိတာမို့ ဗုဒ္ဓမြတ်စွာမိန့်ခဲ့သည့် သမဂ္ဂီသုခဆိုသည့်- စည်းလုံးညီညွတ်ခြင်းဖြင့် ချမ်းသာစေရန် စည်းလုံးညီညွတ်နိုင်ကြပါစေလို့ ဆုတောင်းရင်း..... အားလုံးသော မိတ်ဆွေများ ကျမ်းမာချမ်းသာကြပါစေ ခင်ဗျာ.... စစ်မဟာဗျူဟာနှင့် စစ်နည်းဗျူဟာများ..စာ-၆၆၅ မှမှီငြမ်းပါသည်။

Tuesday, November 12, 2013

ရခိုင်အာဇာနီသူရဲကောင်း ခိုင်ရာဇာနန့် ကရင်-ရခိုင် ၆ဦး သတ်ဖြတ်ခံခရရေ ၁၄-နှစ်မြောက် ၀မ်းနည်းဖွယ်အထိမ်းအမှတ်အခန်းနား အမေရိကန်နိုင်ငံ ဗဖလိုးမြို့တွင် ကျင်းပ

မြန်မာ ပညာတော်သင်များ ဂျပန်ရောက် နှစ် (၁၀၀) ပြည့် အခမ်းအနား ကျင်းပ




(နိရဉ္စရာ- ၁၂ နိုဝင်္ဘာ ၂၀၁၃)
(အခမ်းအနားသို့ တက်ရောက်ခဲ့သူ ကိုလှအေးမောင်)သတင်း — November 12, 2013 at 12:41 pm

၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့က ဆရာတော် ဦးဥတ္တမ ခေါ်ဆောင် လာခဲ့တဲ့ မြန်မာ့ ပညာတော်သင်များ ဂျပန်ကို ရောက်ရှိခဲ့တဲ့ နှစ်တစ်ရာပြည့် အခမ်းအနားကို ဆရာတော် သီတင်း သုံးနေထိုင်တော်မူခဲ့တဲ့ ဂျပန် နိုင်ငံ နာဂိုယာ မြို့က Yokiso အဆောက်အဦး ခမ်းမထဲမှာ ကျင်းပခဲ့ပါတယ်။

ဆရာတော် ဦးဥတ္တမက ဂျပန်ကို ခေါ်ယူလာတဲ့ ပညာတော်သင်များ ဂျပန်ကို ရောက်ရှိခဲ့တာဟာ ၁၉၁၃ ခုနှစ်က ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် နိုဝင်္ဘာလ ၉ ရက်နေ့မှာ မြန်မာ ပညာတော်သင်များ ဂျပန်ရောက် နှစ် ၁၀၀ အပြည့် အခမ်းအနားကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနှစ် တစ်ရာပြည့် အခမ်း အနားကို ဂျပန်သူဋ္ဌေး Masuzakaya ကုန်တိုက်ကြီးရဲ့ ဥက္ကဋ္ဌ Mr. Itoujirozaemon Suketami ရဲ့ မြစ် ဖြစ်သူ MR. Tetsuya Itou နဲ့ သူ့ရဲ့ ညီ မိသားစုတို့ တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက တက်ရောက်ခဲ့သူ ကတော့ ပညာတော်သင် ဦးစိမ်းရင်ရဲ့ မြစ်ဖြစ်တဲ့ ဒေါ်ခင်နှင်းရင်ညွန့် နှင့် သူ့ အမျိုးသား ဦးထွန်းဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ဂျပန်ရောက် ရခိုင် Community ကိုယ်စား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ရဲ့ နာယက တစ်ဦးဖြစ်သူ ကိုလှအေးမောင်က တက်ရောက် အမှာစကား ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ပါ တက်ရောက်ဖို့ အစီအစဉ် ရှိခဲ့ပေမယ့် အဲဒီနေ့ မနက်မှာ အရေးပေါ် ကိစ္စ တစ်ခုပေါ်လာတဲ့ အတွက် မတက် ရောက် နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒါ့ပြင် အခမ်းအနားကို နာဂိုယာ တက္ကသိုလ်မှ ပါမောက္ခ ချုပ်နှင့် ဆရာ ဆရာများ၊ ဂျပန်နိုင်ငံရောက် ပညာတော်သင် ကျောင်းသား များနှင့် နာဂိုယာ မြို့ တွင် နေထိုင်တဲ့ မြန်မာ များလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ကိုလှအေးမောင်က “ဂျပန် မြန်မာ ဆက်ဆံရေးအစ ဆရာတော်ဦးဥတ္တမက” ခေါင်းစဉ် ဆောင်းပါးတိုလေး တစ်ခု ပေးပို့လာပါတယ်။ သူပေးပို့တဲ့ ဆောင်းပါးကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

“ဂျပန် မြန်မာ ဆက်ဆံရေးအစ ဆရာတော်ဦးဥတ္တမက”

ဆရာတော် ဦးဥတ္တမဟာ ၁၉၀၇ ခုနှစ်မှာ ဂျပန်နိုင်ငံကိုရောက်ရှိလာပြီး Masuzakaya ကုန်တိုက် ကြီး ဥက္ကဋ္ဌ ဖြစ်သူ ဂျပန် အမျိုးသား Itoujirozaemon Suketami နှင့်စတင်တွေ့ဆုံခဲ့ပါတယ်။

ဂျပန် မြန်မာ ဆက်ဆံရေးဟာ အဲဒီနှစ်(၁၀၀)ကျော် ၁၉၀၇ ခုနှစ်ကစခဲ့ပါတယ်။ ကျိုတို မြို့ရှိ အိုးတနိ ဗုဒ္ဓဘာသာ တက္ကသိုလ် နှင့် တိုကျို တက္ကသိုလ် တို့တွင် ပါမောက္ခ အဖြစ်ဖြင့် ပါဠိ ဘာသာများကို သင်ကြားပို့ချခဲ့ပါတယ်။ ၁၉၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှ ပညာတော်သင်(၆)ဦးကို ခေါ်ဆောင်လာပါတယ်။ ဒီထဲမှာ သူ့ ညီမ မအိမ်စိုးလည်းတစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ နောင်အခါ GCBA ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးစိုးသိမ်း နှင့် ဦးစိုးသိမ်းရဲ့ တူ ဦးစိမ်းရင် (ရေနံချောင်း) တို့လည်း ပါဝင် ခဲ့ပါတယ်။ ဆရာတော်ရဲ့ ရည်ရွယ်ချက်က သူ့ညီမ မအိမ်စိုးကို အထည်ချုပ် စက်မှု လက်မှု ပညာကို သင်ကြား တတ်မြောက်စေပြီး မြန်မာပြည်တွင် အထည်ချုပ် စက်မှုလက်မှု များ တည်ထောင်ကာ အမျိုးသမီးများ ကို သက်မွေး ၀မ်းကြောင်းပြုလုပ်ဖို့ ရည်ရွယ်စေခဲ့ပါတယ်။

ဆရာတော် ဦးဥတ္တမ ခေါ်ဆောင်လာတဲ့ မြန်မာ့ ပညာတော်သင်တွေ ဟာ အပျင်းပြေ ဘောလုံး ကစားရာကနေ ဂျပန် လူမျိုးတွေကို သင်ပေးပြီး ဂျပန် ဘောလုံး သမိုင်း ဟာလည်း အဲဒီက စခဲ့တယ်လို့ ဆိုပါတယ်။ ဆရာတော် ဂျပန်ကို ရောက်ရှိလာတာလည်းပဲ ၁၉၀၆ ခုနှစ်မှာ ဆရာတော် ဟာ ပြင်သစ် နိုင်ငံကို ရောက်နေပါတယ်၊ ကမ္ဘာ့ အင်အားကြီးနို င်ငံ ဖြစ်တဲ့ ရုရှား နှင့်ဂျပန် စစ်ဖြစ်တော့ ဂျပန် ကျွန်းကလေး ကတော့ ပစိဖိတ် သမုဒ္ဒရာထဲ မျှောတော့မှာပဲ ဆိုပြီး ကမ္ဘာက ထင်ကြေးပေးနေတဲ့ အချိန်မှာ ဂျပန်ဟာ ရုရှားကို စစ်နိုင် လိုက်ပါတယ်။ အဲဒီအချိန်က စပြီး ဆရာတော် ဦးဥတ္တမဟာ ၁၉၀၇ ခုနှစ်မှာ ဂျပန်ကို စူးစမ်း လေ့လာဖို့ကြွရောက်လာပါတယ်။ မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း က ဆရာတော်နဲ့ ပတ်သက်ပြီး ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ စာအုပ်ထဲက အရှေ့သို့ ဆိုတဲ့သူ့ရဲ့ ဆောင်းပါးမှာ အခုလို ရေးခဲ့ပါတယ်။ “တက္ကသိုလ်ကျောင်းတိုက်၌ တက္ကသိုလ်သမဂ္ဂ အိုးဝေ မဂ္ဂဇင်း စာတည်း အဖြစ်လုပ်ကိုင်နေစဉ် ဦးဥတ္တမ ကိုယ်တော်ကြီး၏ ဟောပြောချက် များကို နာကြားရ၏။ ထိုအခါ အသိဥာဏ်တစ်ခုသည် ကျွန်ုပ်၏ ဦးနှောက်တွင်း ပွင့်လင်းလာ၏။ ထို့ကြောင့် သမဂ္ဂ ကြေငြာချက်တွင် လည်းကောင်း ၊ အိုးဝေ မဂ္ဂဇင်းတွင်လည်းကောင်း၊ နိုင်ငံတော် ပညာတော်သင်များအား အနောက် နိုင်ငံများသို့ လွှတ်ရိုးလွှတ်စဉ် အတိုင်းမလွှတ်ပဲ အရှေ့အာရှ ဂျပန်နိုင်ငံသို့သာ လွှတ်သင့်ကြောင်း အရှေ့ကို ရှေ့ရှုသင့်ကြပြီ ဖြစ်ကြောင်း“ များကို ရေးသား ခဲ့ပါတယ်။

ဆရာတော်ခေါ်လာတဲ့ ပညာတော်သင်များဟာ ၁၉၁၃ ခုနှစ်တွင် ဂျပန် နိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှစ၍ ယခုနှစ်(၁၀၀) ပြည့်သွားခဲ့ပါပြီ။ ဒီနှစ် တစ်ရာပြည့် အခမ်း အနားကို ဂျပန်သူဋ္ဌေး Masuzakaya ကုန်တိုက်ကြီးရဲ့ ဥက္ကဋ္ဌ Mr. Itoujirozaemon Suketami ရဲ့ မြစ် ဖြစ်သူ MR. Tetsuya Itou နဲ့ သူ့ရဲ့ ညီ မိသားစုတို့ တက်ရောက် ခဲ့ပါတယ်။ မြန်မာနိုင်ငံက တက်ရောက်သူ အမျိုးသမီးကတော့ ပညာတော်သင် ဦးစိမ်းရင်ရဲ့ မြစ်ဖြစ်တဲ့ ဒေါ်ခင်နှင်းရင်ညွန့် နှင့် သူ့ အမျိုးသား ဦးထွန်းဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ဆရာတော်ရဲ့ မျိုးဆက်ကို လိုက်ရှာပေမဲ့ ဒေါ် မအိမ်စိုးလည်း အိမ်ထောင် မပြုခဲ့ဘူး လို့ သိရတော့ ဆရာတော်ရဲ့ မျိုးဆက်ဟာ ပျောက်ဆုံးနေပါတယ်။ ဂျပန်ရောက် ရခိုင် Community ကိုယ်စား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ရဲ့ နာယက တစ်ဦးဖြစ်သူ ကိုလှအေးမောင်က တက်ရောက် အမှာစကား ပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ပါ တက်ရောက်မည်ဟု သိရှိရသော်လည်း ၄င်းနေ့ မနက်တွင် အရေးပေါ် ကိစ္စ တစ်ခုကြောင့် မတက်ရောက်နိုင်ခဲ့ဟု သိရှိရပါသည်။

နာဂိုယာ တက္ကသိုလ်မှ ပါမောက္ခ ချုပ်နှင့် ဆရာ ဆရာများ၊ ဂျပန်နိုင်ငံရောက် ပညာတော်သင် ကျောင်းသား များနှင့် နာဂိုယာ မြို့ တွင် နေထိုင်တဲ့ မြန်မာ များလည်း တက်ရောက်ခဲ့ကြပါတယ်။

ဆရာတော် နှင့် မြန်မာ့ ပညာတော်သင်တွေ နေထိုင်ခဲ့တဲ့ Yokiso ဆိုတဲ့ အဆောက် အဦးကို ပြတိုက်ကို နှစ်တစ်ရာကျော်တိုင် NPO အဖွဲ့စည်းတစ်ခုက ထိမ်းသိမ်းထားပါတယ်။

http://www.narinjara.com/burmese/?p=7691

Monday, November 11, 2013

God's Army က အမွှာညီနောင် အကြောင်း တစေ့တစောင်း

လူစိတ်မရှိတဲ့ဟာတွေ့ ဒေါ်စုဒိတိုင်းကြည်နေတော့မှာလား ဒေါ်စု

ကိုရဲမင်းဦးကို ယနေ့ ရုံးထုတ် စစ်ဆေး ( နိရဉ္စရာ- ၁၁ နိုဝင်္ဘာ ၂၀၁၃) /


 မောင်ရမ္မာ ဆူပူ လှုံဆော်မှုဖြင့် တရားစွဲဆိုခံနေရသည့် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင် ရခိုင်လူငယ် တစ်ဦး ဖြစ်သည့် ကိုရဲမင်းဦးကို ယနေ့ နိုဝင်္ဘာလ ၁၁ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးသည်ဟု သတင်းရ ရှိသည်။ ကိုရဲမင်းဦးက နိုဝင်္ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် သာကေတမြို့နယ်တရားရုံး၌ တရားသူကြီး ဦးကျော်ကျော်ဝင်းက စစ်ဆေးခြင်း ဖြစ်သည်ဟု သူနှင့် အဖွဲ့တစ်ခုတည်း အတွင်း လုပ်ကိုင်နေသူ ရခိုင်လူငယ်အဖွဲ့ အဖွဲ့ဝင် ကိုဖိုးသားက နိရဉ္စရာသို့ ပြောသည်။ တရားရုံးက ရုံးခေါ်သည့် အကြိမ်ပေါင်း (၂၀) ကျော်ရှိ ပြီးဖြစ်သော်လည်း ယနေ့မှ စတင်စစ်ဆေးခြင်း ဖြစ်သည် ဟု သူက ဆက်ဆိုသည်။ “ ကိုရဲမင်းဦးမှာက ဒီကနေ့ စစ်တာက အမူ တစ်ခုတည်းပါ။ ၅၀၅ (ခ)နဲ့ စစ်ပါတယ်။ ဒီနေ့ အဓိက စစ်ဆေးတာ ကတော့ ရဲမှူး ဦးကျော် ၀င်းကိုဘဲ စစ်ဆေးပါတယ်။ ကိုရဲမင်းဦးကို ရုံးထုတ်တာက အကြိမ် ၂၀ ကျော်ပါပြီ။ အယင် အကြိမ်တွေမှာ စစ်ဆေး မေးမြန်းတာတွေ မရှိခဲ့ဘူး။ ရုံးချိန်းခေါ်ပြီးတော့ ရက်ပြန်ချိန်းလိုက် လုပ်နေတာနဲ့ဘဲ အချိန်တွေ ကုန်နေပါတယ်။ တရားသူကြီး လာမယ်- လာမယ်နဲ့ တစ်နေကုန် စောင့်ခိုင်း ထားပြီး ညှင်းပမ်းထားတဲ့ အကြိမ်တွေလည်း မနည်းရှိပါတယ်။ ဒီနေ့မှ တရက်စစ်ဆေးတာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ ရခိုင်လူငယ်များအဖွဲ့အနေဖြင့် ကိုရဲမင်းဦးအား ဖမ်းဆီးထားမူနှင့် ပတ်သက်ပြီး ယခုလအတွင်း သတင်းစာရှင်း လင်းပွဲတစ်ခုကိုလည်း ပြုလုပ်သွားမည်ဟုလည်း ကိုဖိုးသားက ပြောသည်။ “ အခုလို ရုံးတင်ပေမယ့် အမူကို မစစ်ဘဲနဲ့ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့ လုပ်နေတဲ့ အတွက် သူဟာ မတရား ဖမ်းဆီးခံထားရတယ်ဆိုတာ ပိုပြီးတော့ ထင်ထင်ရှားရှားဖြစ်လာတဲ့ အတွက်ကြောင့် ဒီလအတွင်း မှာ သတင်းစာရှင်းလင်းပွဲနဲ့ မီဒီယာတွေကို ရှင်းလင်းပွဲ တစ်ခု လုပ်ဖို့ စီစဉ်ထားပါတယ်” ဟု ယင်းက ဆိုသည်။ အလားတူ ရန်ကုန်မြို့ ရဟန်းပျိုအဖွဲ့ကလည်း ကိုရဲမင်းဦးကို မတရားဖမ်းဆီးထားပြီး အချိန်ကြာမြင့်စွာ စစ်ဆေးခြင်း မရှိဘဲ ရုံထုတ်/ပြန်ထည့်ထားခြင်းသည် တည်ဆဲ တရား ဥပဒေနှင့် မကိုက်ညီသည့် အပြင် တမင်သက်သက် ညှင်းပန်းနှိပ်စက်ခြင်း သဘောဆောင်နေသဖြင့် ကိုရဲမင်းဦးအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုထားသည်။ ယင်းပြင် ၎င်းရဟန်းတော် အဖွဲ့မှ သူ၏ ဘ၀လုံခြုံရေးကိုလည်း အာဏာပိုင်များက တာဝန်ယူရမည်ဟု တောင်းဆိုထားကြောင်း သိရသည်။ ကိုရဲမင်းဦးအား ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဦးသာသနာ ကျောင်းတိုက်မှ ၂၀၁၃ ခု မတ်လ ၂၅ ရက်နေ့ ညနေ ၉ နာရီတွင် ရဲအဖွဲ့ တစ်ခုက အရပ်ဝတ်ဖြင့် အမည်မသိသော နေရာ တစ်ခုသို့ ခေါ်ယူသွားခဲ့သဖြင့် မတ်လ ၂၆ ရက်နေ့တွင် သူ၏ မိသားစုများက ဗဟန်း ရဲစခန်း တွင် လူပျောက်မှု အမှတ် (၁၃/၂၀၁၃) ဖြင့် အမူဖွင့်ခဲ့သည်။ ကိုရဲမင်းဦးကို ကျောက်တံတား တရားရုံး ရာကြီးပုဒ်မ ၁၀၄/၂၀၁၃၊ ပုဒ်မ ၅၀၅(ခ) ဖြင့် အရေးယူထားပြီး ၂၀၁၃ ခု ဧပြီလ ၄ ရက်နေ့က စတင်ပြီး ရုံးထုတ်ခဲ့သည်။ ကိုရဲမင်းဦးသည် စီးပွားရေးပညာရပ်ဖြင့် တက္ကသိုလ် တက်ရောက်သင်ကြားနေသော ကျောင်းသား တစ်ဦး ဖြစ်ပြီး ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) တွင်လည်း အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည့်အပြင် ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အတွင်း ဖမ်းဆီးခံရပြီး ၂၀၁၁ ခုနှစ်မှ ပြန်လည်လွတ်မြောက် လာခဲ့သူဖြစ်သည်။ http://www.narinjara.com/burmese/?p=7680