ဗုဒ္ဓဘာသာကို
" ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး
အိုင်စီအေအာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ
့မှတ်ချက်ကတော...့ ........"..စိတ်ဝင်စားစရာ ကောင်းတာက
ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင်
အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာသာကိုသာ
ရွေးချယ်ကြခြင်းပါပဲ ။ဗုဒ္ဓဘာသာ ဦးရေ အနည်းငယ်သာ ပါရှိတဲ့ ဒီအဖွဲ့ အစည်းက
ဒီဆုကို ရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ် ၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ် ။
".......တဲ့ ။ အိုင်စီအေ အာရ်ယူအက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြားရေးမှုး "
ဂျွန်နာဟာတ် ( Joona Hult )" က ပြောတာကတော့ ....."..ဗုဒ္ဓဘာသာက ကမ္ဘာမှာ
အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင်
ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ
ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး
တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။ဗုဒ္ဓဘာသာဝင်တွေဟာယှဉ်လို
့မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ
ဖြစ်ကြပါတယ် ."..........တဲ့ ။ ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့ 
ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အိုရှောင်နတ်ဆီ "
ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညိုပါတယ် ။
ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို
့ကျတော့ အလိုတော်အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ
အလွန် စိတ်ရှုပ်စေပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက်
ကျွန်တော့မဲကို ပေးခဲ့တာပါ ။"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ "
တာလ်ဘင်ဝါဆတ် " ကလည်း ......".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို
ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာက အဖြေ ရှာပြီးသားဖြစ်တယ် " .........လို
့မှတ်ချက်ပေးပါတယ် ....။ ဂျေရုဆလင်က ဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း"
ကလည်း ......."ပွင့်ပွင့်လင်းလင်း ၀န်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ
ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့ တိုင်း
ဝိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော်
နားလည်ပါတယ် ။".........တဲ့ ။.....ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့
ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊
စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို
ကိုယ်သိမျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ
အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ (
မူရင်းကို အပြည့်အစုံ ကြည့် လိုတယ် ဆိုရင်တော့ ( WWW.sikhpilosophy.net/
) မှာ အမြဲ လွှင့်တင်ထားပါတယ် ) ....။( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း )
ဇူလိုင်လ ၂၅ ရက်နေ့က နယူးဒေလီတွင် ပြုလုပ်သော အိန္ဒိယနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား ပြည်ထဲရေး ၀န်ကြီးဌာန အတွင်းဝန် အဆင့် ဆွေးနွေးပွဲတွင် အိန္ဒိယ အတွင်းဝန် Anil Goswami က ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး အတွင်းဝန် ကမာ အူဒိန် အာမတ် ( Kamal Uddin Ahmad) အား အကြမ်းဖက် အဖွဲ့များ ဘင်္ဂလာဒေခ်ျ့ မြေပေါ်တွင် သင်တန်း တက်နေကြောင်း သတိပေး ပြောကြားခဲ့ကြောင်း “ Emergence of terror training camps for Rohingya Muslims in the Chittagong Hill tracts” ခေါင်းစည်းဖြင့် The Times of India က ရေးသားဖေါ်ပြခဲ့သည်။
Times of India တွင် ဖေါ်ပြသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ ကိစ္စကို ဆွေးနွေးပွဲတွင် အိန္ဒိယဘက်မှ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိကြောင်း ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး အတွင်းဝန် ကမာ အူဒိန် အာမတ်က ဘင်္ဂလာဒေခ်ျ့ သတင်းထောက်များက မေးမြန်းစဉ် ပြောဆိုသည်။
The times of India က အိန္ဒိယ ထောက်လှမ်းရေးကို ကိုးကားပြီး သတင်းရေးသားရာတွင် ပါကိစ္စတန် အကြမ်းဖက်အဖွဲ့ဖြစ်သော Le T နှင့် Jaish e- Mohammed အဖွဲ့များသည် ဒေသအတွင်းက ဘင်္ဂလာဒေခ်ျ့နိုင်ငံအတွင်းမှ ဂျီအမ်းဘီ အဖွဲ့များ၏ အကူအညီကို ယူပြီး ရိုဟင်ဂျာ ဆိုသော အကြမ်း လက်နက်ကိုင် အဖွဲ့များကို စစ်တကောင်း တောင်တန်းနယ်တွင် သင်တန်းပေးနေကြောင်း ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာန အတွင်းဝန် ကမာ အူဒိန်အာမတ်က The Daily Star သတင်းစာမှ သတင်းထောက်များကို ပြောကြားရာတွင် မြန်မာကို လက်စားချေ တိုက်ခိုက်ရန် အတွက် ပါကိစ္စတန်မှ Lashker e- Taiba ကဲ့သို့ အဖွဲ့များက စစ်တကောင်းတောင်တန်းနယ်တွင် မူဆလင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များကို လက်နက်ကိုင် သင်တန်း ပေးနေတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မလဲဟု ပြောဆိုသည်။
သူက မြေပြင် ထောက်လှမ်းရေး သတင်းများကို ကိုးကားပြီး အကြမ်းဖက် အဖွဲ့များ သင်တန်း တက်နေသည်မှာ မဖြစ်နိုင်ကြောင်း သတင်းထောက်များကို ပြောဆိုခြင်း ဖြစ်ကြာင်းThe Daily Star သတင်းစာမှ ယမန်နေ့က ဖေါ်ပြသည်။ narinjara