Monday, April 29, 2013

ရခိုင်ပြည် ခောတ်သမိုင်းကို လေ့လာလျှင် ရေးသားလျှင် လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ မြေပုံတပ်ပေါင်းစု ညီလာခံ ကို မရေးလျှင် မရပေ။

Posted on 4:11 PM by tun tun

ကျနော်တို့ ၏မြေပုံမြို့ အတိတ်တွင် အသက်ဝင်ခဲ့ သမျှ ကို လေ့လာကြည့်လျှင် သိနိုင်ပါသည်   ယခု မျိုးဆက်သစ်များ မေ့လောက်ပီ ဖြစ်သော မြေပုံတပ်ပေါင်းစုညီလာခံ အကြောင်း ကို မျှဝေလိုက်ပါသည်

   ရခိုင်ပြည် ခောတ်သမိုင်းကို လေ့လာလျှင် ရေးသားလျှင် လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ မြေပုံတပ်ပေါင်းစု ညီလာခံ ကို မရေးလျှင် မရပေ။
မြေပုံ တပ်ပေါင်းစု ညီလာခံ ဖြစ်မြောက်ရေးအတွက်   ရခိုင်တိုင်း ဖဆပလ ၊ ဗမာပြည် ကွန်မြုနစ်ပါတီ(ရခိုင်တိုင်း)၊ ရခိုင်တိုင်း ပြည်သူ့ရဲဘော်အဖွဲ့၊ရခိုင်ပြည် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် ၊ရခိုင်ပြည် လူငယ်များအစည်း အရုံး ၊
ရခိုင်ပြည်တောင်သူလယ်သမားများ အဖွဲ့ချူပ် နှင့် ပုလိပ်သမဂ နှင့် ရခိုင်ပြည် မှ နိုင်ငံ ရေးအသင်းများ နှင့် လူထု အဖွဲ့ အစည်းများ၏ ဆန္တ ကို ကောက်ယူရသည် ။ 
မြေပုံတပ်ပေါင်းစု ညီလာခံကြီးဖြစ်မြောက် ရေးအတွက် ဆောင်ရွက်နေကြသော အဖွဲ့ အစည်းအားလုံး၏ သဘောတူလက်ဝယ်ထားရှိသော လမ်းစဉ်မှာကား ဗြိတိသျှနယ်ချဲ့ တို့၏ 
ကျွန်စနစ်မှ လွတ်မြောက်စေရန် လက်နက်စွဲ ကိုင်တော်လှန်မည့် နည်းဖြင့် အလွတ်ရုန်းကန်မည် ဟူသော လမ်းစဉ်ဖြစ်သည်။
       မြေပုံတပ်ပေါင်းစုညီလာခံ၏ စင်မြင့် မဏ္ဏပ်မှာ အလျားကိုက် ၂၀၀ နှင့် အနံ ကိုက် ၁၅၀ ၊ အမြင့်ပေ ၃၀ နှင့် ခေါင်ထိပ်မှာ ပြသာဒ် ပုံဖော်ထားသည်။ 
သစ်ကြီး ၀ါးကြီး များ နှင့်ဆောက်လုပ် ထားသည် ။နေပူ မိုးရွာ မဆို ၆သောင်းခန့် နေနိုင်အောင် အခိုင်အမာ တည်ဆောက်ထားသည်။ 
တရား  ဟောစင်မြင့်သည်ပင်လျှင် လူပေါင်း ၅၀ ခန့် နေနိုင်ပီး စက္ကုပန်းများဖြင့် ချယ်သထားသည် ။တရားဟောပြောမည့်စင်နှင့် မဏ္ဏာပ် အား လယ်သမား များက အခမဲ့ စေတနာဖြင့် လုပ်ပေးကြသည့် တိုင်အောင် 
စရိတ်ငွေသောင်းချီကုန်ကျသည်။
         ဧပြီလ ၁ရက်နေ့ ညနေ ရ နာရီခန့်တွင် နိုင်ငံရေးတရားဟောပွဲကိုစတင် ကျင်းပ၏ ၊ နယ် မှကိုယ်စားလှယ် ရ၀၀ ကျော်နှင့် ပြည်သူလူထု ခြောက်သောင်း ကျော် တက်ရောက်သည် ။ ဆရာတော် ဦစိန္တာ သဘာပတိ အဖြစ်ဆောင် ရွက်သည်။
ထိုမြေပုံတပ်ပေါင်းစုညီလာခံ နှင့်ပတ်သတ်ပြီး ၁၉၄၇ ခု ဧပြီလ ၂၄ ရက် နေ့ထုတ်သူရိယ သတင်းစာတွင် 
'' လွတ်လပ်ရေးကို ရွေးကောက်ပွဲ နှင့်ရမတဲ့  ဟား .......ဟား......ဟား.......
လွတ်လပ်ရေးကို ရွေးကောက်ပွဲ နှင့်မရနိုင် တောင်လှန်ယူ မှ ရမယ်    (ဦးစိန္တာ) 
တော်လှန်တယ်ဆိုတာ မလွယ်ဘူး အဖက်ဖက်က ပြင်နိုင်မှုလိုတယ်       (ဦးအောင်ဆန်း)
ထန်းတပင်သေနတ်ပစ်မူကြီးမှာ ဦးအောင်ဆန်းဟာ နယ်ချဲ့ ကိုဒူးထောက်လိုက် ဒါဘဲ (အလံနီ အောင်လင်း) ဟုဖော်ပြခဲ့သည်။ 
           ဧပြီလ ၁ ရက်နေ့ မှ ၃ ရက်နေ့ထိ မြေပုံမြို့သည် ယခင်နေ့များနှင့် မတူ အထူးစည်ကား ပြီး သပုန် သပုန် ထ ထ ဟူသောကြွေးကျော်သံများ တမြို့လုံး ပဲ့၊တင်သံထပ်နေလေ သည်။ 
မြေပုံတွင်ရခိုင်တိုင်းလုံးဆိုင်ရာ လက်ဝဲ ညီညွတ်ရေးတပ်ပေါင်းစု ညီလာခံကြီးကျင်းပနေသော ကြောင့် ဗိုလ်ချူပ်အောင်ဆန်း ၊ဖဆပလ အတွင်းရေးမူးချုပ် ဦးဗဆွေ နှင့် ၀န်ကြီး 
ဦးအောင်ဇံဝေ တို သည်ကား လေယာဉ်ဖြင့်  တစ်မျိုး ၊ စစ်သင်္ဘောငယ်ဖြင့် တစ်ဖုံ အမျိုးမျိုးဒုက္ခခံကာ တက်ရောက်လာကြသည်။ 
           ညီလာခံတွင် ဆရာတော် ဦးစိန္တာ က ဖဆပလ အဖွဲ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း အား မိမိအနေဖြင့် အချောင်သမားများဟု မြင်ကြောင်းရဲရဲ တောက် မိန့်ကြားခဲ့သည်  ။
ဆရာတော် ဦးစိန္တာ တရားဟောနေစဉ်  ဗိုလ်ချုပ်အောင်ဆန်း မှားကား ခေါင်းအောက်ငိုက်စိုက် ကျနေသည်ကို တွေ့ရသည်။ 
            ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းက ကျနော်လူထု ကို နည်းနည်းရရှင်းပြ ပါရစေ ဟု အစချီကာ တော်လှန်ရေး ဆိုသည်မှာ အပြော နှင့် လုပ်ကိုင်လို့ မဖြစ်ကြောင်း ၊
တော်လှန်ရေးမလုပ်မီတွင် အဖက်ဖက် မှပြင်ဆင်မူလိုကြောင်း ထိုပြင်ဆင်မူများ ပြီးမြောက်အောင်မြင်ပါက သေနတ် တစ်ချက် မဖောက်ဘဲ အာဏာ ကိုသိန်းယူနိုင်ကြောင်း 
ပြောဆိုသွားခဲ့သည်။ 
             ထို့နောက် အလံနီရဲဘော် အောင်လင်း က ထန်းတပင်သေနတ်ပစ်မူတွင် ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့ကိုထူထောက်သည်ဟု ပြောဆိုသည်။ 
ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက အဲဒါ ကျုပ်မဟုတ်ဘူး သခင်ချစ် သခင်ချစ် ဟု ဒေါမန်ပါပါ နှင့် အော်လိုက်သေးသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းမှ ဒေါပွပြီး ထပြန်သွားသည် ။ 
 မြေပုံညီလာခံ မှ အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့သည် 
       ၁  ။ တော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဲဘော်များအတွက် ဗိမာန် ကြီးတစ်ခု တည်ဆောက်ရန် 
      ၂  ။ သီးစားခ လုံးဝမပေးရန် 
      ၃  ။ မြေခွန်လုံးဝ မပေးရန်
      ၄  ။ အမတော် ငွေ ပြန်မဆပ်ရန်
      ၅  ။ လယ်မြေ၀င်ထွန်ရေးများလုပ်ရန်
      ၆  ။ လယ်သမားများ ၏ ကြွေးဟောင်းများကို လုံးဝမပေးရန်
      ၇  ။ ပြည်သူ့လွတ်လပ်မူ ရရန်
      ၈  ။ စာရေး စာချီ ကျောင်းသား ပုလိပ် အရေး ဖြေရှင်းရန်
      ၉  ။ အလုပ်သမားများအား အခွင့်ပိုပေးရန် 
      ၁၀။ သောင်းကျန်းနယ်ချဲ့စစ်တပ်ကိုတုန့်ပြန်ရန်
      ၁၁။ ရခိုင်လူမျိုးတို့ ၏ ကံကြမ္မာကို ရခိုင်လူမျိုးများ သာဖန်တီးရန်
      ၁၂။ ဗြိတိသျှ စစ်တပ်များ အမြန်ဆုံးရုပ်သိမ်းရန် နှင့်
      ၁၃။ ရခိုင်တိုင်းလုံးဆိုင်ရာလက်ဝဲညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းတည်ဆောက်ရန်  တို့ဖြစ်သည်။ 
   မြေပုံတပ်ပေါင်းစုညီလာခံ အပြီးတွင် ရခိုင်တိုင်းလုံးဆိုင်ရာလက်ဝဲညီညွတ်ရေး တပ်ပေါင်းစု ဖွဲ့စည်း တည်ဆောက်နိုင်ခဲ့ သည်။ 
                                                        ဘုံပေါက်သာကျော်ရေးသားသော တော်လှန်ရေးခရီးဝယ် စာအုပ်မှ

ဘုံပေါက်သာကျော်ရေးသားသော တော်လှန်ရေးခရီးဝယ် စာအုပ်မှ  FACEBOOK

No Response to "ရခိုင်ပြည် ခောတ်သမိုင်းကို လေ့လာလျှင် ရေးသားလျှင် လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ မြေပုံတပ်ပေါင်းစု ညီလာခံ ကို မရေးလျှင် မရပေ။"

Leave A Reply