|
Written by မင်းသွီး
Tuesday, 12 February 2013 15:27 |
|
|
|
|
၁၉၉၈ခုနှစ် ဖေဖော်ဝါရီလ (၁၁)နေ့က ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချူပ်
ဗိုလ်ချူပ် ခိုင်ရာဇာအပါအ၀င် ရခိုင်၊ ကရင်တော်လှန်ရေး ခေါင်းဆောင် (၆)ဦး
အသတ်ခံခဲ့ရသည့် (၁၅)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ရခိုင်၊ ကရင်
တော်လှန်ရေးရဲဘော်များမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မနေ့က သဘောထား
ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ်
ဗိုလ်ချုပ် ခိုင်ရာဇာ အပါအ၀င်ရခိုင်နှင့်ကရင်တော်လှန်ရေးခေါင်းဆောင်(၆)
ဦး အိန္ဒိယ အစိုးရထံတွင်သွေးအေးအေးဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းခံရသောနေ့ (၁၅)
နှစ်ပြည့်မြောက် သဘောထားထုတ်ပြန်ချက်
၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့သည် ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ်
ဗိုလ်ချုပ် ခိုင်ရာဇာအပါအ၀င် ရခိုင်နှင့် ကရင် တော်လှန်ရေးခေါင်းဆောင် (၆)
ဦး Landfall Island ၌ အိန္ဒိယအစိုးရထံတွင် သွေးအေးအေးဖြင့်
လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသောနေ့ဖြစ်သည်။ ကျွန်တော်တို့သည်အိန္ဒိယထောင်တွင်
အကျဉ်းကျနေစဉ်ကာလကပင် ဖေဖေါ်ဝါရီလ ၁၁
ရက်နေ့ကျရောက်တိုင်းဝမ်းနည်းအောက်မေ့ဖွယ် အမှတ်တရ
အခမ်းအနားကိုနှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့သည်မှာ ယ္ခုနှစ်ဆိုလျှင်(၁၅)
နှစ်ပြည့်ပြီးဖြစ်သည်။ ၄င်းနေ့ မှစပြီး ကျွန်တော်တို့ ရခိုင်နှင့်ကရင်
တော်လှန်ရေးရဲဘော် ၃၆ ဦးသည်လည်း အမျိုးမျိုးသော အိန္ဒိယထောင်များတွင် ၁၃
နှစ်ကျော် ချုပ်နှောင်ထားခြင်းခံခဲ့ရသည်။
၎င်းတို့ကျူးလွန်ထားသောရာဇ၀တ်မှုများကိုဖုံးကွယ်ရန်အတွက် ကျွန်တော်တို့အား
လက်နက်မှောင်ခိုသမားများကဲ့သို့၎င်း၊ ကျွန်းတွင်တိုက်ပွဲဖြစ်သကဲ့သို့၎င်း
မဟုတ်မမှန် လုပ်ကြံစွပ်စွဲခဲ့သည်။၂၀၀၁ ခုနှစ်ဇူလိုင်လတွင်
ရခိုင်ရဲဘော်တစ်ဦးနှင့် ကရင်ရဲဘော်တစ်ဦးပျောက်ဆုံး သွားခဲ့သည်။
၎င်းရဲဘော် ၂ ဦးနှင့်ပတ်သက်ပြီး ယ္ခုအချိန်ထိ မည်သည့် သတင်းအချက်အလက်ကိုမှ
မရရှိသေးပါ။ ထောင်တွင်း အကျဉ်းကျနေစဉ်ကာလတွင်လည်း ရာဇ၀တ်မှုကျုးလွန်ထားသော
သာမန်ထောင်ကျ အကျဉ်းသားတယောက် ရရှိသောအခွင့်အရေးမျိုးကိုတောင်မှ
ကျွန်ုပ်တို့မရရှိခဲ့ပေ။ သတင်းစာ၊ မဂ္ဂဇင်း ဖတ်ခွင့်မပြု။ နံနက်၊ နေ့လည်၊
ညနေစာ ယူချိန်မှအပ အခန်းပြင်သို့ထွက်ခွင့်မပြု၊ (၂၄) နာရီ
တိုက်ပိတ်ထားခြင်းခံခဲ့ရသည်။
Nicobar Island စစ်စခန်း၌ ချို့ ဝှက်အကျဉ်းချထားစဉ်ကာလအတွင်း
ကြမ်းပြင်ပေါ်တွင်အခင်းမရှိဘဲ အိပ်ခဲ့ရသည်။ လုံလောက်သော
သောက်သုံးရေမရရှိခဲ့၊ အိမ်သာသွားသောအခါ မျက်လုံးတဖက်ကိုပိတ်ပြီး
ခါးနှင့်လက်တွင်ကြိုးချဉ်ကာ ၁၀ - ၁၂ ယောက် တသုတ်စီအိမ်သာသို့ လိုက်ပို့ကာ ၂
မိနစ်အတွင်းအပြီးအိမ်သာတက်ခဲ့ရသည်။ Andaman Island ရှိ Port Blair
အကျဉ်းထောင်တွင်ရှိစဉ် ကာလတွင်လည်း (CJM) တရားသူကြီးကအာမခံပေးသောအမိန့်ကို
(National Security Act) နိုင်ငံတော်လုံခြုံရေး ဥပဒေအမိန့်ထုတ်ပြန်ပြီး
ပိတ်ပင်ခြင်းခံခဲ့ရသည်။ အာမခံဖြင့် ထောင်မှလွတ်သောအခါ
ထောင်ဗူးဝတွင်ပုလိပ်ကပြန်ဖမ်းခဲ့သည်။ (CJM) တရားသူကြီးထံမှ
ကျွန်တော်တို့နှင့်တွေ့ရန် ခွင့်ပြုချက်ရ ထားပြီးဖြစ်သော
လူ့အခွင့်အရေးရှေ့နေ Henri Tiphagne ထောင်တွင်းသို့ လာတွေ့ သောအခါ
ထောင်အာဏာပိုင်များ၏ နှောင့်ယှက်ခြင်းကိုခံခဲ့ရပြီး ကျွန်တော်တို့နှင့်
တွေ့ခွင့်မရခဲ့သည့်အပြင်၊ ကျွန်တော်တို့၏ ရှေ့နေအဖြစ်
လက်မှတ်ရေးထိုးပေးခြင်းကိုပင် ပိတ်ပင်ခြင်းခံခဲ့ရသည်။ ကျွန်တော်တို့၏အမှုကို
CBI မှတရားစွဲဆိုခြင်း၊ ကြားနာစစ်ဆေးခြင်းမပြုပဲ (၆)နှစ်နှင့်(၁၁)လ ကြာကြာ
မလိုလားအပ်ဘဲ အချိန်ဆွဲနေသောကြောင့် ကျွန်တော်တို့၏
လူ့အခွင့်အရေးရှေ့နေမကြီး Nandita Haksar သည် အမှုတွဲမတင်နိုင်လျှင်
ကျွန်တော်တို့ကို တရားသေလွှတ်ပေးရန် ဗဟိုတရားရုံးချုပ်တွင်လျောက်လဲချက်
တင်ခဲ့သဖြင့် နောက်တကြိမ်ရုံးချိန်းနေ့  January 7, 2005 နေ့ မတိုင်မှီ CBI
မှအမှုတွဲမတင်နိုင်ခဲ့လျှင် ဗဟိုတရား ရုံးချုပ်မှ ကျွန်တော်တို
့အားတရားသေလွှတ်ပေးမည်ဖြစ်သောကြောင့် CBI မှ အဓိကလက်သည်(main culprit)
Lt.Col Grewal ကို တကြိမ်တခါမှတွေ့ဆုံ စစ်ဆေးခြင်းမရှိပဲ
အမှုတွဲကိုလုပ်ကြံဖန်တီးပြီး December 27, 2004 နေ့တွင်တရားစွဲဆိုခဲ့သည်။
ဤကဲ့သို့တရားစွဲဆိုခြင်းသည် ကျွန်တော်တို့၏ ထောင်သက်တန်းကိုသွယ်ဝိုက်သော
နည်းဖြင့်ထပ်ပြီးတိုးချဲ့ လိုက်ခြင်းဖြစ်သည်။ ကျွန်တော်တို့၏
အမှုကိစ္စနှင့်ပတ်သတ်ပြီး CBI သည်အမှန်တရားကို
ဖုံးကွယ်ရန်အမြဲတမ်းကြိုးစားခဲ့သည်။ အခက်အခဲများကြားမှအမှုကို Kolkata သို
့ပြောင်းရွေ့ ပြီး Kolkata တရားရုံး တွင်ကြားနာနေစဉ် CBI
မှမရိုးမသားသောနည်းဖြင့် ထောင်ထဲတွင် အမှုကိုကြားနာရန်ကြိုးပမ်းခဲ့သည်။
အမှုကိုအချိန်ဆွဲရန်အတွက် တရားသူကြီးများကို မကြာမကြာပြောင်းရွေ့ခဲ့သည်။
Kolkata အကျဉ်းထောင်ထဲတွင်ရှိ စဉ်ကာလအတွင်း ကျွန်တော်တို့၏
ရပိုင်ခွင့်အစားအသောက်များ အပေါ်တွင်လည်း
ခေါင်းပုံဖြတ်ခြင်းခံခဲ့ရသည့်အပြင်၊ ထောင်အာဏာပိုင်များအပါအ၀င်
အိန္ဒိယထောင်သား ၃၀၀ - ၄၀၀ ခန့် ဝိုင်းဝန်းရိုက်နှက်ခြင်းကိုလည်း ခံခဲ့ရသည်။
ပြီးနောက်မဟုတ်မမှန် နောက်ထပ်တရားစွဲခြင်းခံခဲ့ရသည်။
ထောင်သားတယောက်၏အခြေခံအခွင့် အရေးကိုနေ့စဉ်နှင့်အမျှ
ချိုးဖေါက်ခြင်းခံခဲ့ရသည်။ လက်နက်မှောင်ခိုသမားများကဲ့သို့ ၎င်း၊
ဓါးပြများကဲ့သို့ ၎င်း၊ အကြမ်းဖက်သမားများ ကဲ့သို့ ၎င်းထောင်အာဏာပိုင်များ၏
ဝါဒဖြန့် မှုခံခဲ့သည်။
ဥပဒေအရ အိန္ဒိယအစိုးရသည် ကျွန်တော်တို့၏ အာမခံငွေများကို
အမှုပြီးလျှင်ပြန်လည်ထုတ်ပေးရမည် ဖြစ်သော်လည်း အမှုပြီး၍ကျွန်တော်တို
့ပြန်လွတ်လာသည့်တိုင် ၄င်းအာမခံငွေ အိန္ဒိယရူပီငွေ ၁၀၀၀၀ × ၃၆ ယောက် =
၃၆၀၀၀၀ ကို ပြန်မရခဲ့ပါ။ ဤလုပ်ရပ်သည်
အိန္ဒိယအစိုးရမှအာဏာသုံးပြီးကျွန်တော်တို့၏ ငွေများကို
အတင်းအဓမ္မလုယူထားခဲ့သည်ဟု ကျွန်တော်တို့ မှတ်ယူသည်။
ထောင်မှလွတ်လာပြီးနောက်ရဲဘော် တစ်ဦးသေဆုံးရခြင်းသည်လည်း
ထောင်တွင်းမှရခဲ့သော ဒဏ်ရာဒဏ်ချက်များ၏ အကျိုးဆက်ဖြစ်သည်။ အာဏာပိုင်များသည်
ကျွန်တော်တို့၏ စိတ်ဓါတ်ကိုလည်း
နည်းပေါင်းစုံဖြင့်နှိပ်စက်ညှင်းပန်းရိုက်ချိုးခဲ့သည်။ အာဏာပိုင်များ
(မိမိကိုယ်ကိုတရားလိုဟုဆိုသူများ)သည် သူတို့ကျူးလွန်ထားသော ရာဇ၀တ်မှုအပေါ်
အမှုမှန်ပေါ်ပေါက်ရန်စိုးရိမ်သဖြင့် အမှုနှင့်ပတ်သက်ပြီး အမှန်တရားကို
ဖုံးကွယ်ရန်အမြဲတန်းကြိုးစားခဲ့သည်။

ကျွန်တော်တို
့(အိန္ဒိယအာဏာပိုင်များအခေါ်တရားခံများ)သည်အမှုနှင့်ပတ်သက်ပြီးအမှန်တရားကိုဖေါ်ထုတ်ရန်
အမြဲတမ်းလိုလားခဲ့သည်၊ ယ္ခုလည်းလိုလားသည်၊ နောင်ကိုလည်းလိုလားမည်ဖြစ်သည်။
အိန္ဒိယအစိုးရသည် ကျွန်တော်တို့ ၏ခေါင်းဆောင် ၆
ဦးကိုသွေးအေးအေးဖြင့်လုပ်ကြံသတ်ဖြတ်ပြီးအလောင်းကိုပါဖျောက်ပစ်ခဲ့သည်။
အိန္ဒိယအစိုးရ၏ ဤကဲ့သို့တရားဥပဒေမဲ့လုပ်ရပ်များကို ကျွန်တော်တို့အနေဖြင့်
ပြင်းပြင်းထန်ထန်ပြစ်တင်ချုတ်ချသည်။ ကျွန်တော်တို့အား အိန္ဒိယနိုင်ငံတွင်
(၁) နှစ်နေထိုင်ခွင့်နှင့်တတိယနိုင်ငံသို့  ထွက်ခွါခွင့်ပြုခဲ့သည့်အတွက်
အထူးကျေးဇူးတင်ရှိသည်။ ကျွန်တော်တို့ ၏ခေါင်းဆောင် (၆)
ဦးသွေးအေးအေးဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းခံရခြင်း၊ ရဲဘော် (၂) ဦး
ပျောက်ဆုံးသွားခြင်း၊ ထောင်မှလွတ်ပြီးနောက်ရဲဘော် (၁)
ဦးသေဆုံးခြင်း၊ကျွန်တော်တို့ ၏ဘဏ္ဍာငွေများ ဆုံးရှုံးခြင်း နှင့်
အခြားအားလုံးသောနစ်နာဆုံးရှုံးမှုများအတွက် အိန္ဒိယအစိုးတွင် အပြည့်အဝ
တာဝန်ရှိသည်။
(၁၅) နှစ်အတွင်း ကျွန်တော်တို့ ၏အနီးစပ်ဆုံး နစ်နာဆုံးရှုံးမှုများကိုဖေါ်ပြရလျှင်
၁။ ကျွန်တော်တို့ ၏တော်လှန်ရေးခေါင်ဆောင် ၆ ဦးသွေးအေးအေးဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းခံရခြင်း ၊
(ကျွန်တော်တို့ ၏တိုင်းပြည်နှင့်လူမျိုးအတွက်အစားထိုးမရသောနစ်နာဆုံးရှုံးမှု)
၂။ ရဲဘော် ၂ ဦးပျောက်ဆုံးခြင်းနှင့် ၁ ဦးသေဆုံးခြင်း ၊
၃။ ကျွန်တော်တို့ ၏တိုင်းပြည်နှင့်လူမျိုးအတွက် လက်နက်၊ ခဲယမ်းမီးကျောက် နှင့် ဘဏ္ဍာငွေ များဆုံးရှုံးခြင်း ၊
(အသက်၊သွေး၊ချွေးများဖြင့်ရှာဖွေစုဆောင်းထားသောရုပ်ဝတ္ထုများဆုံးရှုံးခြင်း (၀ါ) အသက်၊သွေး၊ချွေးများ
ဆုံးရှုံးခြင်း)
၎။ ကျွန်တော်တို့ ၏အရေးအကြီးဆုံးသော၊ တောက်ပြောင်သောအချိန်များဆုံးရှုံးခြင်း ၊
(အစားထိုးမရနိုင်သောအချိန်များဆုံးရှုံးခြင်း)
၅။ ကျွန်တော်တို့ အဖွဲ့ အစည်း၏ဘဏ္ဍာဝင်ငွေများဆုံးရှုံးခြင်း ၊(ရခိုင်ပြည်တပ်မတော်၏တနှစ်ဝင်ငွေသည်
အမေရိကန်ဒေါ်လာ ၁.၅ သန်းနှင့် ၃သန်း ကြားတွင်ရှိခဲ့သည်။ ၁၅ နှစ်အတွက်နစ်နာဆုံးရှုံးမှု နှင့် ၄င်းမှတိုးပွါး
လာမည့်အမြတ်အစွန်းနှင့်အကျိုးအမြတ်များဆုံးရှုံးခြင်း)
၆။ ကျွန်တော်တို့ ၏လုပ်အားနှင့်ဝင်ငွေဆုံးရှုံးခြင်း ၊ (တစ်ယောက်အတွက်တစ်လ၀င်ငွေအနည်းဆုံးRs.5000/-
၃၆ ဦး ၁၅ နှစ်အတွက်ဝင်ငွေဆုံးရှုံးခြင်း)
၇။ အမှုအတွက်စုစုပေါင်းခန်းမှန်းခြေကုန်ကျငွေ အိန္ဒိယရူပီငွေ သိန်း ၈၀ ဆုံးရှုံးခြင်း၊
၈။ တိုးတက်စည်ပင်လာမည့်ကျွန်တော်တို့ ၏တော်လှန်ရေးနစ်နာဆုံးရှုံးခြင်း။
ဤနစ်နာဆုံးရှုံးမှုများသည်
ရခိုင်ပြည်တပ်မတော်နှင့်ရခိုင့်တော်လှန်ရေးခရီးကို နှစ်ပေါင်း (၂၀) မက
နောက်ဆုတ်ရပ်တန့် နှောင့်နှေးစေခဲ့သည်၊ ဤသို့ ဖြစ်အောင်ရည်ရွယ်ချက်ရှိရှိ
ဘ၀တူအဆင့်တူ လူမျိုးနှစ်မျိုး၊ နိုင်ငံနှစ်နိုင်ငံအကျိုးတူ
ပူးပေါင်းဆောင်ရွက် နှိမ်နှင်းလိုက်ခြင်းဖြစ်သည်။ ဤဖြစ်ရပ်သည် လက်ရှိပကတိ
ရခိုင့်နိုင်ငံ ရေးအခြေအနေကို ထင်ဟပ်ဖေါ်ပြနေသည်။ ရခိုင်ပြည်သူ ပြည်သားများ၏
အချုပ်အချာအာဏာပြန်လည်ရရှိ အောင်ကြိုးပန်းမှု
တော်လှန်ရေးလမ်းခရီးတွင်စည်းလုံးညီညွတ်မှုကိုအခြေခံပြီး မိမိတို့ အင်အားကို
မိမိတို့ကိုယ်တိုင် စုစည်းတည်ဆောက်ကာ ကြိုးစားရုန်းကန်ရုံမှလွဲ၍
မည်သည့်ပတ်ဝန်းကျင်နိုင်ငံများ၏ အကူအညီကိုမှ မရနှိုင်ဆိုသည်ကို
ဖေါ်ပြလိုက်ခြင်းဖြစ်သည်။ လက်ရှိ ရခိုင်ပြည်တွင်
ဖြစ်ပွါးနေသောပြဿနာများနှင့် ရခိုင်လူမျိုးတို့ 
ကြုံတွေ့ခံစားနေကြရသော ဒုက္ခဆင်းရဲအမျိုးမျိုးတို့သည်
မိမိတို့ရခိုင်လူမျိုးလက်ထဲတွင် မိမိတို့ကံကြမ္မာကို မိမိတို့
လူမျိုးကိုယ်တိုင် ကိုင်တွယ်မဖြေရှင်းနိုင်၍
ဖြစ်ပွါးကြီးထွားနေခြင်းဖြစ်သောကြောင့် အချုပ်အချာအာဏာ
မိမိတို့ရခိုင်လူမျိုးလက်ထဲ အမြန်ဆုံး ပြန်လည်ရရှိအောင်ကြိုးပမ်းရေးသည်
ဤနေ့ဤအချိန် ကျွန်ုပ်တို့ရခိုင်လူမျိုးအတွက် သေရေးရှင်ရေးတမျှ
အရေးကြီးနေပါသည်။ အုပ်ချုပ်သူ ဗမာလူမျိုးများကြီးစိုးသော အစိုးရအဆက်ဆက်သည်
မည်သည့်အခါမှ ကျွန်တော်တို့၏လိုအပ်ချက်များကို
ပြေပြေလည်လည်နှင့်ဖြည့်ဆည်းပေးမည်မဟုတ်ပေ၊ ရှေ့ဆက်လက်ပြီး
တိုင်းရင်းသားလူမျိုးများအပေါ် အမျိုးမျိုး လိမ်လည်လှည့်ဖြားကာ ၄င်းတို
့အာဏာကို ဆက်လက်ချုပ်ကိုင်နှိုင်အောင် ကြိုးပမ်းသွားကြအုံးမည်ဖြစ်သည်။
ကျွန်တော်တို့ ရခိုင်လူမျိုးများအနေဖြင့် ဥာဏ်ပညာ၊ သတိ၊ ၀ိရိယ ကိုသုံးကာ
အဓိကနှင့်သာမညကိုခွဲခြားပြီး ထောင်ကိုလိုလျှင် ရာကိုစွန့်ရမည်ဟူသော
သဘောတရားကို ကျင့်သုံးကာ ရန်သူ့ပရိယာယ်လှည့်ကွက်ထဲမှာ
တ၀ဲလည်လည်နှင့်ဆက်လက်မျောပါလည်ပတ်လျက် နောက်ဆုံးလုံးပါးပါးကာ
တိုင်းပြည်လည်းဆုံး လူမျိုးလည်း ပြုန်းသည့်အဖြစ်သို့မရောက်စေရန်
အချိန်ရှိခိုက် ထကြွလုံးလစိုက်လျှက် လက်ရှိတိုးတက်ပြောင်းလဲနေသော
ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းအတိုင်း အမြော်အမြင်ရှိရှိ
မိမိတို့ရခိုင်လူမျိုးနှင့်ရခိုင်ပြည်ကြီးကိုအချိန်မှီ ကယ်တင် ပြန်လည်
တည်ဆောက်နိုင်ရန် ကြိုးပမ်းရန်လိုအပ်ပါကြောင်း ။
နေ့ စွဲ (၁၁၊ ၀၂၊ ၂၀၁၃)
ရခိုင်နှင့် ကရင် တော်လှန်ရေး ရဲဘော်များ DR LUNSWE