Showing posts with label short story. Show all posts
Showing posts with label short story. Show all posts

Friday, September 13, 2013

ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သည် စာပေပါရဂူ ဦးရွှေဇံအောင်

==============================
=========-
လယ်တီဆရာဘုရားသည် ဗုဒ္ဓစာပေများကို ပါဋိစာပေမှ မြန်မာဘာသာသို့ အဓိကဘာသာပြန်ပေးခဲ့သည့် ကျေးဇူးရှင်ဆိုလျှင် မြန်မာစာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်မှာ ပထမဦးဆုံး ဦးရွှေဇံအောင်ဖြစ်သည်။

၁၈၇၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ့မှာ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် (ဘ)ရာဇ၀တ်ဝန်ကြီး ဦးရွှေသာ နှင့် (မိ) ဒေါ်မိအဖြူဇံတို့မှ မွေးဖွားခဲ့သည်။ ၁၈၉၂ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ ၁၈၉၄ ခုနှစ်မှာ လယ်ဝန်ဖြစ်လာခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် မြန်မာ သုတေသနဂျာနယ်တို့တွင် ဗုဒ္ဓအဘိဓမ္မာများကို စတင် ဆောင်းပါးရေးသားခဲ့သည်။ ယင်းခေတ်တွင် ထင်ရှားသော အင်္ဂလန်ပြည်မှ ပါဋိပညာရှင် မစ္စက်ရိုင်းဒေဗစမ်က လယ်တီဆရာတော်ကြီးကို မေးမြန်းသော မေးခွန်ပုစ္ဆာများကို မြန်မာပြန်၍ ဆရာတော်ကြီးကို တင်ပြခဲ့သည်။ လယ်တီဆရာတော်ကြီး ဖြေတော်မူသော အဖြေများကို အင်္ဂလိပ်ဘာသာသို့ပြန်ပြီး လန်ဒန်ပါဋိ လေဒီမစ္စက်ရိုင်းဒေးဗစ်ထံ စာတိုက်က ပေးပို့ပြီး ဗုဒ္ဓစာပေကို ကမ္ဘာသို့ ပြန့်ပွါးအောင် ဆောင်ရွက်ခဲ့သည်။

၁၉၁၀ ခုနှစ်မှာ ဦးရွှေဇံအောင် အင်္ဂလိပ်ဘာသာရေး အဘိဓမ္မာသင်္ဂဟကျမ်းကို ထွက်ဝေခဲ့သည်။ လန်ဒန် ပါဋိ လေဒီ မစ္စက်ရိုင်းဒေးဗစ်မှ ဦးရွှေဇံအောင်ကို ကျေးဇူးတင်စကားပါးခဲ့သည်။ ဆရာကြီး၏ ဗုဒ္ဓဒသာန ရှင်းလင်းချက်ကို ဥရောပ ပညာရှင်များက နားလည်အောင် ရှင်းပြ ရေးသားနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်ငးတင်ခဲ့သည်။

Wednesday, September 4, 2013

ရခိုင်စကားထိန်းသိမ်းထားပါ ထွန်းနိုင်(သရီချောင်း)

(ရက္ခဝံလက်-ရခိုင်အမျိုးသားမဂ္ဂဇိ
န်း၊ အမှတ်(၃)၊ စာ(၈၀)ပါ စာမူ ဖြစ်ပါရေ။)

သမိုင်းလူဦးရွီနန့်စာကေ ဧဂုရခိုင်လူဦးရွီက ကောင်းနည်းလာခပါယာ။ ယင်းအနည်းမာတစ်ခါ ဗမာစကားလောင်းရိပ်မိနီသိ့ယင့်။ ယင်းလူတိက ကိုယ့်ကိုယ်ကို မျိုးချစ်ရခိုင်လတ်။ ပြောချင်စွာကို ပြော လို့ရရေ စိတ်ရာအဓိကဆိုပနာ နောက်တစ်ဆင့်တက်လာကတ်ပြန်ပါရေ။ စိတ်သတ်သတ်ဧ့ လှုပ်ယှားမှု နန့် ပစ်မှတ်ဟူသရွိကို မရောက်နှိုင်ပါ။ လိုချင်ရေအရာတစ်ခုကို စိတ်ကဦးဆောင်နှိုင်ကေလေ့ ခန္ဓာ ကိုယ်အစိတ်အပိုင်း တစ်ခုခုနန့်မတွဲဘဲ ပစ်မှတ်ကို မရောက်နှိုင်ပါ။ ဆိုလိုချက်က အပြောနန့်မပြီး လက် တွိလုပ်မှ ဗြီးမြောက်ပါဖို့။ အဆွီစွာ ရခိုင်စကားမပြောဘဲ ရခိုင်စကားနန့် ရခိုင်သမိုင်းတစ်စွန်းတစ်စကို လူတစ်ယောက်ဖြစ်လို့ မျိုးချစ်ရခိုင်ဆိုပနာ ကိုယ့်ကိုယ်ခံယူထားကေလေ့ ဟုတ်ယင့်။ မြိုသွီးရေ ဓားပိုင် တစ်ဖက်တော့ခါ ပြတ်တေ၊ နောက်တစ်ဖက်ကား အတုံး၊ ဘက်စုံမဟုတ်။ ဇာနန့်တူလေဆိုကေ ကဏန့်ပိုင်။ စောင်းသတ်လားရေ။

မိမိဧ့သားသမီး အညွန့်လောင်းရို့ရေ မိဘပြောရေစကားကိုရာ လိုက်ပြောပါဖို့။ မိဘက ဗမာ စကားပြောကေ သားသမီးလေ့ ယင်းစကားကို ပြောဖို့နန့်ရာ။ မိဘက အင်္ဂလိပ်စကားပြောကေ သား သမီးလေ့ အင်္ဂလိပ်စကားရာ ပြောကတ်ဖို့ယေ။ တစ်ခါကတတ်ကျွမ်းပြောဆိုခရေ ရခိုင်စကားကို မိဘ ရို့ကိုယ်တိုင် မပြောယာ၊ မပြောတတ်ယာဆိုကေ သားသမီးတိက ပိုလို့ မတတ်ယာ၊ မပြောယာ။ မိဘ ရို့လောင်းရိပ်မိရေ ဘာသာစကားကိုရာ အဆက်ဆက်ပြောဆိုလားကတ်ဖို့ ဟိယာ။ တစ်ဖက်ဘာသာ စကားကို ထိန်းသိမ်းရာလေ့ ရောက်လားပြီးယာ။ ယင်းပိုင်အဆက်ဆက်ဖြစ်လားကေ ပထမအမိအဘ ဆင်းသက်လာရေ ရခိုင်ဆိုရေ ဝိသေသလက္ခဏာတိစွာ ကြက်ပျောက်ငှက်ပျောက် ပျောက်လားလီပါ ဖို့။ နောင်တစ်ချိန်မာ အစအနလိုက်ရှာမရယောင် ဖြစ်လားနှိုင်ပါရေ။ မပျောက်ပျက်ကောင်းပါကား။ ကိုယ်တိုင်သိထားရေ ရခိုင်စကားနန့် စာပီတိကို မပျောက်ပျက်ယောင် ထိန်းသိမ်းကတ်ပါလို့ မျိုးချစ် အချင်းချင်း တိုက်တွန်းပါရစီချက်။ ကရဲ့လိုရေ စကားတိမဟုတ်ပါ။ အကျွန့်အကြံပြုချက်ကို အိပ်ရာဝင် ရေခါ နဖူးမာလက်ချေတင်ပနာ စဉ်းစားပါ။ ဆင်ခြင်ပါ။ ဆုံးဖြတ်ပါ။

ရိုးတောင်ကြီးက အန္တရာယ်အသွယ်သွယ်ကို ကာဆီးထားခကေလေ့ အန္တရာယ်တိ ဒရဟောဝင် လတ်ပါရေ။ ဦးနေဝင်းအုပ်ချုပ်တေ နှစ်အလယ်ပိုင်းလောက်မာ ရခိုင်မူလတန်းကျောင်းတိဒို့ ညွှန်ကြား စာတစ်စောင်ကျပါရေ။ ကျောင်းဝိုင်းအတွင်းမာ ဗမာစကားပြောကတ်ရမေလတ်။ ရခိုင်ဘာသာစကား နန့်စာပီကို အမြစ်ဖြုတ်ဖို့စရေ စီမံကိန်း။ ယင်းစီမံကိန်းကို စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်ရို့မာ အထမ မြောက်ခပါ။ သံတွဲခရိုင်မာရာ ဆယ်စုနှစ်တစ်ခုရောပနာ ဗမာစကားနန့် ပြောလှာကတ်တေအတွက် ဂနိ့ထိ ဗမာလောင်းရိပ်မိနီခြင်း ဖြစ်ပါရေ။ လောင်းရိပ်မကျခင် မန်အောင်ကျွန်းဒေသတိမာ ပါဠိ (အနေ- က အန္တရာယာပိ-တစ်ပါးမက များစွာသော အန္တရာယ်)က ဆင်းသက်လှာရေ အနေက(အများကြီး) ဆို ရေစကားကို ပြောဆိုဖူးခပါရေ။ ပင်လယ်ကို ပင်းလယ်အဖြစ်လည်းကောင်း၊ စစ်တွေမြို့တစ်ဖက်ကမ်း လက်ပံပြားရွာမာ ရီခပ်တေ ဗာရတီကို သံပဒုံအဖြစ်လည်းကောင်း၊ ကျောက်တော်မြို့တစ်ဖက်ကမ်း လမ်းမတော်(ဘာမိ)ရွာမာ အသီးတိ အများကြီးသီးစွာကို အော်တော်သီးရေလို့ လည်းကောင်း ဗမာ စကားနန့်မရောစပ်တေ ရခိုင်စကားအစင်တိကိုရာ ပြောဆိုခကတ်ပါရေ။ ပြောလိုချင်စွာက ကိုယ့်အမျိုး အစဉ်တိကို သတ်ဖြတ်ရက်စက်နီရေ လူမျိုးစုတိဧ့ စကားနန့်အဝတ်ဆိုးတိကို ထိန်းသိမ်းမထားသင့် ကြောင်း ဆိုလိုချက်ပါ။ သူရို့နန့်ဆက်ဆံရရေအခါ သူရို့စကားကို မပီကလာပြောဖြစ်ကတ်ပြီးကေ ကိုယ့်အချင်းချင်းတွိကတ်တေအခါ ကိုယ့်စကားကို ဗမာစကားနန့် မရောယောင် ပြောစီချင်ရေ ဆန္ဒပါ။

မလေးယှားမာ နိုင်ငံခြားသားတိစွာ မလေးလူမျိုးနန့်တွိရေအခါ မလေးစကားကို ပီသယောင် ပြောတတ်ဖို့စွာထက် သဘောပေါက်ယောင် ပြောတတ်ဖို့က ပထမအရီးကြီးချက် ဖြစ်ပါရေ။ နိုင်ငံသား မဟုတ်လို့ မပီဆိုစွာ သူရို့နားလည်ပြီးသားပါရာ။ မြန်မာနိုင်ငံမာ တခြားကဝင်ရောက်လှာရေ တရုတ် တိ၊ ဘင်္ဂလားတိစွာ ကိုယ့်ရို့အချင်းချင်းတွိရေခါ ကိုယ့်ရို့စကားကိုရာ ပြောဖြစ်ကတ်ပါရေ။ မလေးယှား နိုင်ငံမာ မှီခိုနီထိုင်ရေ အိန္ဒိယနန့် တရုတ်လူမျိုးတိလေ့ ကိုယ့်ရို့အချင်းချင်းတွိရေခါ ကိုယ့်ရို့စကားကိုရာ ပြောကတ်ပါရေ။ ယင်းဟင့်သည်ပင် ကိုယ့်လူမျိုးမပျောက်ပျက်ယောင် ထိန်းသိမ်းစွာ ဖြစ်ပါရေ။ ရခိုင် တစ်ယောက်ရေ ကိုယ့်လူမျိုးစကားမဟုတ်တေ စကားတစ်ခုကို မှန်းမရယောင် ပီပီသသပြောနှိုင်ကေ လေ့ အကြောင်းအရာတစ်ခုနန့် ပတ်သက်ပြီးကေ ရခိုင်မှန်းသိလားရေခါ အယင်ခင်မင်နီရေ လူမျိုးခြား စွာ ယင်းရခိုင်သားအပေါ် ခင်မင်မှုထက်ဝက်လောက် လျှော့ကျလားကြောင်း ပါးစက မပြောကေလေ့ အမူအရာကို ကြည့်ပနာ သိနှိုင်ပါရေ။ နွားကွဲကေ ကျားဆွဲမခံရယောင် ကိုယ့်လူမျိုးနန့်တွိရေအခါ ကိုယ့် စကားပြောပနာ သိုက်သိုက်ဝန်းဝန်း နီထိုင်တတ်ဖို့ လိုပါရေ။

ထွန်းနိုင်(သရီချောင်း)

အရာတစ်ခေါက် ဆက်ပါဖို့သိ့။

Thursday, August 1, 2013

ဘဏ်သူဌေး ဦးရဲကျော်သူ(၁၈၃၃-၁၉၁၀)

xxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxx

မြန်မာနိုင်ငံမာ ဘဏ်လုပ်ငန်းကိုပထမဦးဆုံး စတင်လုပ်ကိုင်သူ၊ (၁၉၀၀)ပြည့်နှစ်ဝန်းကျင်ကပင် အိန...္ဒိယရူပီးဒင်္ဂါးသိန်းတစ်ရာခန့်ရင်းနှီးမြုပ်နှံထားရေ "ရဲကျော်သူအင်ကုမ္ပဏီလီမီတက်" လုပ်ငန်းကို တည်ထောင်ခသူ၊ သူ့ ခေတ်သူ့ အခါက ရခိုင်ပြည်မာအချမ်းသာလုပ်ငန်းရှင်၊ သူ့လက်နန့်တိုက်မိသရွိ့ ငွီဖြစ်တေလို့ တင်စားပြောခံရသူ၊ အိန္ဒိယအစိုးရကပင်ဖိတ်ကြားပနာ
သူဌီးဘွဲ့နန့်ကျက်သရေဆောင်ရွှီစလွယ်ဆုချီးမြင့်ခံခရသူဖြစ်ပါရေ။ ကျောင်းသင်ပညာမဟိကေလေ့ ထူးခြားရေ ဇွဲ့လုံလ ဝီရိယနန့်တီထွင်ဥာဏ်နန့်ပြည့်စုံရေ သမ္မာန်ထိုးသားဘဝက စီးပွါးရေးလုပ်ငန်းရှင်ဖြစ်လာလူ၊ သူဌီးဖြစ်လာကေလေ့ ဘဝမမိန့်ဘဲ သမ္မာန်ထိုးသားဘဝက
အသုံးပြုခရေ လှော်တက်မကို ရွှီချပနာ အိမ်မာချိတ်ဆွဲထားလူ၊ ထူးခြားချက်တစ်ခုမာ အများအကျိုးအတွက် နိ့တိုင်း မိုးထက် ၄ချက်တီး အိပ်ယာကထပနာ လက်ဆွဲမီးအိမ်ကိုင်ပနာ သူတပည့်ချေနန့်တတူ မြို့ကိုလှည့်ပနာ "အရပ်သားတိ၊ ရွာသားတိ ထကတ်ပါဖိ၊ ရီထဲမာဒင်္ဂါးတိ
မျှောနိန်ကတ်တေ၊ ဆယ်လို့ယူကတ်ပါ" လို့ဆော်သြလေ့ဟိသူစရေကောင်းသတင်းအဖုံဖုံနန့်
ပြည့်စုံရေတီထွင်စီးပွါးရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါရေ။

ဦးရဲကျော်သူကို ခရစ်သကြစ် ၁၈၃၃ ခုနှစ်၊ ဒီဇိန်ဘာလ ၅ ရက်နိ့မာ ဒေဂုဘင်္ဂလားဒေရှ့်နိုင်ငံ၊ ပင်းဝါမြို့အနားမာဟိရေ ပဲတလီရွာမာ မွီးဖွါးခပါရေ။အဖမာရခိုင်လူမျိုးဦးဒိုးအောင်ကြွယ် ဖြစ်ပီးကေ ညီအစ်ကို ၄ ယောက်မာ တတိယမြောက်သားဖြစ်ပါရေ။ အစ်ကိုရဲဘော်သွယ်၊ ရဲမြသွယ်နန့် ညီမာ ရဲအောင်ရှီ ဖြစ်ပါရေ။ အရွယ်ရောက်ခါ ညီအစ်ကိုနှစ်ယောက်ရိုရေ ရခိုင်ပြည်၊ စစ်တွေမြို့သို့
လားပနာ အလုပ်ရှာဖို့ လာကတ်ပါရေ။ မကြာမီ အစ်ကိုဖြစ်သူမာ မိဘတိဘားကို ပြန်ခလို့ ညီတစ်ယောက်တည်း စစ်တွေမာ ကြုံရာအလုပ်ကို လုပ်ကိုင်ခပါရေ။ ပထမဆုံး စစ်တွေမြို့က ကန်ဒကာ သူဌီးကြီး ဦးသံခြွီဧ့ ကုန်ရောင်းသမ္မာန်မာ လှီထိုးသားအဖြစ်စတင်လုပ်ကိုင်ခပါရေ။ အလုပ်ကို ရရိုးသသားနန့် ကြိုးစားလို့မကျီ ဝီရီယအမြော်အမြင်ဟိမှုရို့ကြောင့် လှီထိုးသား မောင်ရဲကျော်သူကိုသူဌီးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူနန့် ပီးစပ်ခပါရေ။ သမက်တက်ပွဲမာရရေ မင်္ဂလာလက်ဖွဲ့ ရတနာရွှီငွီတိကို ယောက်ခမအလုပ်မာ
ရှယ်ယာအဖြစ် ပြန်လို့အပ်နှံပနာ စီးပွါးရေးကို ဇောက်ချလုပ်ကိုင်ခပါရေ။ သစ်လုပ်ငန်း ၊ အရှိပါကစ္စတန် (ဒေဂု ဘင်္ဂလားရှေ့်) ကနိန် ဆီးရွက်ရောင်းဝယ်ရေးလုပ်ငန်း၊ ပင်လယ်ကူလှီသမ္မာန်တိက မြစ်သဲအရှင်ဝယ်ယူရေလုပ်ငန်း၊စစ်တွေမြို့အနားမာ မြီအရိုင်းတိဝယ်ယူ
မြုပ်နှံခြင်းလုပ်ငန်း၊ မြီအငှါးလုပ်ငန်း၊ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း၊ ဗျိုင်းတောင်၊ ဗျိုင်းမွီး ရောင်းဝယ်ရေးလုပ်ငန်းအစဟိရေလုပ်ငန်းမျိုးစုံကိုလုပ်ကိုင်ခလို့ ထိုခောတ်ကရခိုင်ပြည်၊ စစ်တွေမြို့မာ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ခပါရေ။

ဦးရဲကျော်သူရေ အောက်ခြီကတက်လာလူဘဝနာခလူပီပီဆင်းရဲသား၊ တောင်သူလယ်သမားတိဘားမာ စာနာမှုဟိပါရေ။ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းမာ မိုးဘရားသား၊ စတီးဘရားသား၊ ဘလုပ်ဘရားသား အစဟိရေ နိုင်ငံခြားကုမ္မဏီတိကဈီးနှိမ်လို့ဝယ်စွာကို နည်းမျိုးစုံနန့် ကာကွယ်ပနာ ရခိုင်တောင်သူလယ်သမားတိ မနှစ်နာရဇီရန် စပါးဈီးကို နိုင်ငံခြားကုမ္မဏီတိထက်
ပိုပီးပနာ ဝယ်ယူခပါရေ။ ဦးရဲကျော်သူဧ့ စီးပွါးရေးလုပ်ငန်းတိထဲက စစ်တွေမြို့မာ ဖွင့်လှစ်ခရေ " ဦးရဲကျော်သူ အင် ကုမ္မဏီလီမီတက်" လုပ်ငန်းမာ အထင်ရှားဆုံးဖြစ်ပါရေ။ ဒေလုပ်ငန်းမာ ရှယ်ယာပိုင်ဆိုင်ရေလူတိဘားက အပ်တေဒင်္ဂါးနန့်် ထုပ်တေဒင်္ဂါးတိကို ချက်လက်မှတ်
စနစ်သုံးပနာဒင်္ဂါးချေးခြင်း၊ရွှီပေါင်၊ မြီပေါင်လက်ခံခြင်းတိကို ဆောင်ရွက်တေအတွက်နန့် မြန်မာနိုင်ငံမာ ပထမဆုံးဘဏ်လုပ်ငန်းပိုင်သျှင်
လို့သတ်မှတ်ခကတ်ပါရေ။ ယင်းဘဏ်လုပ်ငန်းမာ ၁၉၁၀ပြည့်နှစ်ဝန်းကျင်မာ ရင်းနှီးမြုပ်နှံမှုကနိန် အိန္ဒိယရူပီးဒင်္ဂါး သိန်းတစ်ရာကျော်ရဟိခပါရေ။ ဦးရဲကျော်သူ ကွယ်လွန်ခရေခါ ဦးရဲကျော်သူဧ့ သတ္တမမြောက်သားဖြစ်တေ ဦးရွှေသာက ၁၉၂၄ခုနှစ်ဝန်းကျင်မာ တရားဝင်
ဘဏ်အဖြစ် စနစ်တကျတည်ထောင်ဆောင်ရွက်ခပါရေ။ ယင်းဘဏ်ကနိန်ပနာ " မသံဒါဖြူ အင် ကုမ္မဏီလီမီတက်" ခွဲခြားတည်ထောင်ပနာအိမ်ငှါးခ၊ မြီငှားခ ကောက်ခံရေ လုပ်ငန်းတိကို လုပ်ဆောင်ခပါရေ။

သူဌီးကြီး ဦးရဲကျော်သူဧ့ ချမ်းသာကြွယ်ဝမှု ဂုဏ်သတင်းတိကြောင့်အိန္ဒိယအစိုးရက ဖိတ်ကြားပနာ အိန္ဒိယသူဌီးကြီးတိကိုချီးမြင့်ရေ သူဌီးကြီးဘွဲ့နန့် ကျက်သရေဆောင် ရွှီစလွယ်ရ တံဆိပ်ချီးမြင့်ခပါရေ။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာဧ့ အကြံပီးဘုတ်အဖွဲ့ဝင် အဖြစ်လေ့ ပါဝင်ဆောင်ရွက်ခရပါရေ။ စီးပွါးရေးအောင်မြင်လာစွာနန့် ဘုရားတည်၊ ကျောင်းဆောက်
အလှူဒါနအမြောက်အများ ကုသိုလ်ပြုခပါရေ။ အထင်ရှားဆုံးမာ မဟာမြတ်မုနိဘုရား သိမ်တန်ဆောင်းတော်ကြီး၊ကြေးဆင်းထုတော်ကြီးရို့ဖြစ်ပါရေ။ လူမှုရေးလုပ်ငန်းအနိန်နန့်
စစ်တွေဆီးရုံကြီးမာ အမျိုးသမီးသားဖွါးဆောင်ကို ဆောက်လုပ်လှူဒါန်းခပါရေ။ အဂုအခါ သံကျောင်း (သို့) ဦးရဲကျော်သူကျောင်းလို့နာမေတွင်ရေ ဘုန်းကြီးကျောင်းကိုလေ့ သက်ရှိထင်ရှားဟိစိုင်အခါကပင် ဆောက်လုပ်ဖို့အတွက် သစ်တိဝယ်ပနာ စီစဉ်ပီးခပါရေ။
ဦးရဲကျော်သူ ကွယ်လွန်လားရေအခါ သားသမီးတိက အဖကိုရည်စူးပနာ သံထည်တိနန့် တည်ဆောင်ခလို့ သံကျောင်းလို့ နာမေတွင်ခပါရေ။ဦးရဲကျော်သူနန့် ဒေါ်သံဒါဖြူရို့မာ သားသမီး (၁၀) ယောက် ထွန်းကားပနာ (၄)ယောက်မာ ထင်ရှားကျော်စောခပါရေ။ သားအကြီးဆုံး
ဦးချန်ထွန်းမာ အင်္ဂလန်နိုင်ငံမာ ဥပဒေပညာသင်ကြားခပီးကေ ဥပဒေနောက်ဆုံးနှစ်မာ ပထမတန်းအဆင့်က အောင်မြင်ပနာ နောင်အခါထင်ရှားကျော်စောရေ ဥပဒေပညာရှင်တစ်ယောက် ဖြစ်လာခပါရေ။ ဦးချန်ထွန်းပိုင် အရာသားတိဖြစ်တေ ဦးရွှေသာ၊ ဦးရွှေဘဲ၊ ဦးသာဇံရို့ကိုလေ့အင်္ဂလန်သို့စေလွတ်ပနာ ဥပဒေပညာတိ သင်ကြားဇီခပါရေ။ သူဌီးကြီး ဦးရဲကျော်သူရေ အသက် (၇၇)နှစ်အရွယ် မြန်မာသကြစ် ၁၂၇၂ ခုနှစ်
နယုန်လပြည့်ကျော် (၁၃)ရက် အင်္ဂါနိ့ မိုးထက်(၈)နာရီမာ ကွယ်လွန်ခပါရေ။ ကွယ်လွန်ချိန်မာ သားသမီးတိအတွက် အိန္ဒိယရူပီးဒင်္ဂါး သိန်း (၇၀)ကျော်ကျန်ခပါရေလို့သိဟိရပါရေ။

မောင်ဇေယျာ ရီးသားရေ မြန်မာလူကျော် (၁၀၀) စာအုပ်ထဲက ရခိုင်လူမျိုး သူဌီးကြီး ဦးရဲကျော်သူ အကြောင်းကို အကျွန် ရခိုင်မှု ပြုပါရေ။

Tuesday, May 7, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြောကြားသည့် မိန့်ခွန်း

Saturday, May 4, 2013

လူနည်းစုပါ သနားစရာအမတန်ကောင်းပါတယ်ဆိုတဲ့ သူတွေမြင်ကြပါစေ

လူနည်းစုပါ သနားစရာအမတန်ကောင်းပါတယ်ဆိုတဲ့ သူတွေမြင်ကြပါစေ
=========================================

ကုလားတွေက သိပ်မဆိုးပါဘူး၊ အရမ်းအနားစရာကောင်းပါတယ်လို့ ထင်နေကြတဲ့ ကောင်တွေ၊ ကောင်မတွေ သိအောင်လို့ တင်ပေးလိုက်တာ..။ ကိုယ့်ကိုကိုယ် သိပ်ပြီး အမြင်ကျယ်သလိုလို၊ တတ်ယောင်ကားတွေလာ မလုပ်နဲ့..။ မင်းတို့သိတာက မြူမှုတစ်မှုန်စာတောင်မရှိဘူး...။ ကုလားနဲ့ ပတ်သက်လာရင် ရခိုင်ကို စာလာမချကြနဲ့..။

ဒီအစီအရင်ခံစာမှာ ရေးထားတဲ့ စာကြောင်းလေး ၂ ကြောင်း ၃ ကြောင်းလောက်ကို ဖတ်ကြည့်လိုက်..။ 

ရခိုင်တွေကို ဘယ်လောက်ရက်စက်ခဲ့လဲဆိုတာ..။ ဒီလိုရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့အထဲမှာ မင်းတို့ နင်တို့ အဖေတွေ၊ အမေတွေ၊ ညီမတွေ ပါသွားတယ်ဆိုရင် မင်းတို့ သဘောထားကြီးနိုင် ကြအုံးမလား..။ ထမင်းစားတဲ့ ပါးစပ်နဲ့ပြောကြ..။ ချီးစားတဲ့ ပါးစပ်နဲ့ မပြောကြနဲ့..........။

Ko Kyi Win
လူနည်းစုပါ သနားစရာအမတန်ကောင်းပါတယ်ဆိုတဲ့ သူတွေမြင်ကြပါစေ
=========================================

ကုလားတွေက သိပ်မဆိုးပါဘူး၊ အရမ်းအနားစရာကောင်းပါတယ်လို့ ထင်နေကြတဲ့ ကောင်တွေ၊ ကောင်မတွေ သိအောင်လို့ တင်ပေးလိုက်တာ..။ ကိုယ့်ကိုကိုယ် သိပ်ပြီး အမြင်ကျယ်သလိုလို၊ တတ်ယောင်ကားတွေလာ မလုပ်နဲ့..။ မင်းတို့သိတာက မြူမှုတစ်မှုန်စာတောင်မရှိဘူး...။ ကုလားနဲ့ ပတ်သက်လာရင် ရခိုင်ကို စာလာမချကြနဲ့..။

ဒီအစီအရင်ခံစာမှာ ရေးထားတဲ့ စာကြောင်းလေး ၂ ကြောင်း ၃ ကြောင်းလောက်ကို ဖတ်ကြည့်လိုက်..။

ရခိုင်တွေကို ဘယ်လောက်ရက်စက်ခဲ့လဲဆိုတာ..။ ဒီလိုရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့အထဲမှာ မင်းတို့ နင်တို့ အဖေတွေ၊ အမေတွေ၊ ညီမတွေ ပါသွားတယ်ဆိုရင် မင်းတို့ သဘောထားကြီးနိုင် ကြအုံးမလား..။ ထမင်းစားတဲ့ ပါးစပ်နဲ့ပြောကြ..။ ချီးစားတဲ့ ပါးစပ်နဲ့ မပြောကြနဲ့
" ခွဲခြားမနေပဲ ရောနေချင်ကြတဲ့သူတွေ" သင်တို့ သိပ်ပြီး သတ္တိကောင်းနေကြတယ်ဆိုရင် သင်တို့မိသားစုကို မောင်တောအလယ်သံကျော်ကို တစ်ပါတ်လောက်ပို့ထားလိုက်ကြပါလား။ မောင်တောမှာ ရခိုင်လူမျိုး ဗုဒ္ဓဘာသာ ဝင် များနေကြသလို ခရစ်ယာန်ဘာသာဝင် တွေလည်းရှိတယ် ၊ အိန္ဒိယ အနွယ် ဟိန္ဒူတွေလည်းနေကြတယ်၊ အစိုးရဝန်ထမ်းတွေလည်းရှိကြတယ်၊ အားလုံးက သဟဇာတ ကျအောင်အေးအတူပူအမျှ နေထိုင်လို့ရပါလျှက်နဲ့ ဝက်သားမစားတဲ့ လူမျိုးတစ်မျိုးက ကျန်တဲ့ဘာသာဝင်တွေအပေါ်မှာ အမြဲတမ်း သတ်ဖြတ် စော်ကားလာခဲ့တာဟာ ယနေ့ထိရှိနေတုန်းပါပဲ ၊ ၂၀၁၂ ရခိုင်အရေး ကို ဗွီဒီယိုဇာတ်လမ်းတစ်ခုလိုထင်နေကြသူတွေ ၊ ရုပ်ပြဇာတ်လမ်းသဖွယ်ထင်မှတ်နေသူတွေ ၊ ပုံပြင်မှတ်နေသူတွေ နဲ့ ဒီနေ့ လူမျိုးဘာသာ မခွဲခြားဆက်ဆံနေချင်သူများ မောင်တောကိုလာပြီးတော့ ကုလားရွာတွေမှာ စည်းရုံးလှည့်ကြစမ်းပါ။ သင်တို့ခေါင်း ဘယ်နားကသွားကောက်ရမည်တောင်သိလိုက်ရမည်မဟုတ်။

မုန်း ဇာတုံး
" ခွဲခြားမနေပဲ ရောနေချင်ကြတဲ့သူတွေ" သင်တို့ သိပ်ပြီး သတ္တိကောင်းနေကြတယ်ဆိုရင် သင်တို့မိသားစုကို မောင်တောအလယ်သံကျော်ကို တစ်ပါတ်လောက်ပို့ထားလိုက်ကြပါလာ
း။ မောင်တောမှာ ရခိုင်လူမျိုး ဗုဒ္ဓဘာသာ ဝင် များနေကြသလို ခရစ်ယာန်ဘာသာဝင် တွေလည်းရှိတယ် ၊ အိန္ဒိယ အနွယ် ဟိန္ဒူတွေလည်းနေကြတယ်၊ အစိုးရဝန်ထမ်းတွေလည်းရှိကြတယ်၊ အားလုံးက သဟဇာတ ကျအောင်အေးအတူပူအမျှ နေထိုင်လို့ရပါလျှက်နဲ့ ဝက်သားမစားတဲ့ လူမျိုးတစ်မျိုးက ကျန်တဲ့ဘာသာဝင်တွေအပေါ်မှာ အမြဲတမ်း သတ်ဖြတ် စော်ကားလာခဲ့တာဟာ ယနေ့ထိရှိနေတုန်းပါပဲ ၊ ၂၀၁၂ ရခိုင်အရေး ကို ဗွီဒီယိုဇာတ်လမ်းတစ်ခုလိုထင်နေကြသူတွေ ၊ ရုပ်ပြဇာတ်လမ်းသဖွယ်ထင်မှတ်နေသူတွေ ၊ ပုံပြင်မှတ်နေသူတွေ နဲ့ ဒီနေ့ လူမျိုးဘာသာ မခွဲခြားဆက်ဆံနေချင်သူများ မောင်တောကိုလာပြီးတော့ ကုလားရွာတွေမှာ စည်းရုံးလှည့်ကြစမ်းပါ။ သင်တို့ခေါင်း ဘယ်နားကသွားကောက်ရမည်တောင်သိလိုက်ရမည်မဟုတ်။

မုန်း ဇာတုံး

Sunday, April 14, 2013

Ashinguna

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ ရေတွင်းပျက်တခုထဲကို
ခွေးပေါက်ကလေး နှစ်ကောင် မတော်တဆပြုတ်ကျသွား
ခဲ့ပါတယ်။ သူ့ တို့ အမေကတော့ ရေတွင်းအနားပတ်လည်
မှာ ပြေးလွှားပြီး ဟောင်နေခဲ့တယ်။ ခွေးတွေရဲ့ပိုင်ရှင်က
ရေတွင်းထဲကို ငုံ့ ကြည့်လိုက်ချိန်မှာ King Cobra ဆိုတဲ့
မြွေဟောက်ကြီးတကောင်လည်း သည်ရေတွင်းပျက်ထဲ
မှာရှိနေပြီး ခွေးပေါက်ကလေးတွေကိုလည်း မည်သည့်
ချိမ်းခြောက်နှောက်ယှက်မူမျှ မပြုလုပ်ပါ၊ သည့်အပြင် -
ရေတွင်းထဲမှာ ရေတက်လာရင် ခွေးလေးတွေရေနစ်မှာ
စိုးတဲ့အတွက် မြွေဟောက်ကြီးက ခွေးလေးတွေကို
ရေတွင်းရဲ့အခြားတဘက်ကိုလည်း သွားခွင့်မပေးပါဘူး။

သူတို့ သုံးကောင်ဟာ (၄၈) နာရီလောက် အဲသည်
ရေတွင်းပျက်ထဲမှာ အတူရှိနေခဲ့ပြီး မြွေဟောက်ကြီးဟာ
ခွေးလေးတွေရဲ့ ဘေးမှာ ငြိမ်ငြိမ်လေးပဲရှိနေခဲ့ပါသတဲ့။
သစ်တောဌာနကရောက်လာတဲ့အချိန်မှာတော့ မြွေကြီး
ဟာ ရေတွင်းရဲ့အခြားတဘက်ကိုသွားနေလိုက်ပါတယ်။
ခွေးကလေးတွေဟာ ဘာဒဏ်ရာအနာတရမှမရှိခဲ့သလို
မြွေကြီးကိုလည်း တောထဲကိုပြန်လွှတ်ပေးလိုက်ကြပါတယ်။

ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးနဲ့  အန္တရာယ်အရှိဆုံးလို့ 
ဆိုတဲ့ သတ္တ၀ါပင်ဖြစ်သော်ငြားလည်း ဘေးဒုက္ခရောက်တဲ့
အခါ တဦးနဲ့ တဦး အပြန်အလှန်လေးစားသမူနဲ့  အတူ
ယဉ်တွဲနေထိုင်နိုင်ခြင်းဟာ ... လူသားတွေအတုယူစရာ
ဖြစ်ကြောင်းပါတဲ့ .........။

လှိုင်ဘွား ဆီလျှော်အောင်ပြန်ဆိုသည်။
Source: Planet Earth
https://www.facebook.com/pages/Planet-Earth/108965459212030

The incident occurred in the Indian state of Punjab. Two puppies fell into a well. Their mother ran near the well and started barking, and attracted the attention of the owner, who looked inside and to his surprise there was a king cobra at the bottom, which didn't pose any threat to the puppies. Moreover, the reptile, looked after the puppies, by not allowing them to cross to the other side, where they could possibly drown, when the well is filled with water.

In general, they spent around 48 hours together at the bottom and in these 48 hours the cobra sat quietly next to them. When help finally arrived from the forest department, the cobra slithered to the other end of the well. The puppies were not injured at all and the reptile was immediately taken into the woods and was released into the wild.

Even the most deadly and dangerous creatures on earth know what Co-existence and mutual assistance is. The human race is in this respect far behind, and this is our biggest drawback.

Monday, March 11, 2013

နပိုလီယန် ဘိုနာပတ်

 ဦး ဖာ's photo.
နပိုလီယန် ဘိုနာပတ်
*******************
နပိုလီယံ ဘိုနာပတ် ( 1769 - 1821 ) သည် ဥရောပသမိုင်းကို ပြောင်းလဲစေခဲ့သည့် ပြင်သစ်ဘု၇င် တစ်ပါး ဖြစ်လေသည်။ ( 1769 ) ခုနှစ် သြဂုတ်လ ( 15 ) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ( 1821 ) မေလ ( 5 ) ရက်တွင် သေဆုံးခဲ့သည်။ 

 နပိုလီယံ ဘိုနာပတ် ( 1769 - 1821 )

ငယ်ဘဝ

နပိုလီယံ ကို ကော်စီကာ ကျွန်းတွင် မွေးဖွားခဲ့ပြီး မမွေးဖွားမီ ( 15 ) အလိုတွင်မှ ကော်စီကာ ကျွန်းကို ပြင်သစ်တို့က သိမ်းပိုက်ခဲ့ခြင်း ဖြစ်လေသည်။ ငယ်စဉ်က အခြားသော ကော်စီကာ မျိုးချစ်များနည်း တူ ပြင်သစ်တို့ကို တော်လှန်ရန် ဆန္ဒရှိခဲ့ဖူးလေသည်။ သို့သော် အသက် ( 16 ) နှစ်အရွယ်တွင် ပြင် သစ် ဗိုလ်သင်တန်း တက်ရောက်ပြီးနောက်တွင် ပြင်သစ် အမြှောက်တပ်တွင် အရာရှိအဖြစ် အမှု ထမ်း ခဲ့ပြန်သည်။ ပြင်သစ်မြေကို အင်္ဂလိပ်တို့လက်မှ ပြန်လည် တိုက်ယူသည့် နာမည်ကျော် တိုးလုံ တိုက်ပွဲ ( 1783 ) တွင် ၄င်းဧ။် အမြှောက်တပ်ကို ဦးဆောင်ရ်ျ အသက်ငယ်ငယ်နှင့် ကောင်းစွာ အစွမ်း ပြနိုင်ခဲ့ရ်ျ ဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့် ခန့်ထားခြင်း ခံရပြီးနောက် နာမည် ရလာခဲ့လေသည်။

တိုက်ပွဲများ

( 1796 ) ခုနှစ်တွင် အီတလီကို သိမ်းပိုက်ရန် ချီတက်သည့် တပ်ကို အုပ်ချုပ်ရန် အသက် ( 27 ) နှစ်ရှိ နပိုလီယံက ဦးဆောင်ခဲ့ရလေသည်။ ထို အချိန်မှစကာ နောင် ဥရောပတွင် တိုက်သည့် စစ်ပွဲများကို လက်တွဲတိုက်မည့် စစ်ဗိုလ်ချုပ်များနှင့် စတင်ကာ တွဲဖက်မိခြင်းလည်း ဖြစ်လေသည်။ အီတလီ တိုက် ပွဲများတွင်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နာမည် ပိုမို ကျော်ကြား လာခဲ့လေသည်။ 

အီတလီမှ ပြန်လာပြီးနောက် ( 1798 ) တွင် အီဂျစ်ကို တိုက်ခိုက်ရန် ချှီတက်သွားပြန်သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ စစ်နိုင်သော်လည်း အကျိုးမရှိခဲ့သည့်အပြင် များစွာသော စစ်သည် တို့မှာ ပြင်းထန်ဆိုးရွားသော အီဂျစ်ဧ။် ရာသီဥတု ၊ ရောဂါဘယ နှင့် ရေတပ်တွင် အင်အားကြီး အင်္ဂလိပ်တို့ ၇န် တို့ကြောင့် အကျဆုံး များခဲ့ရလေသည်။ အခြေနေမဟန်သည့် နပိုလီယံ သည် လည်း တစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းကာ သင်္ဘောတစ်စီးတည်းဖြင့် ပြင်သစ် သို့ ပြန်ခဲ့ရလေ သည်။ ပြင်သစ်ရောက်သော် ပါရီလူထုက အီဂျစ်မှ အရှုံးကိုလျစ်လျူရှု့ပြီး အီတလီမှ အောင်မြင် မှုများကိုသာ တဖွဖွပြောပြီး သူရဲကောင်းသဖွယ် ချီးမြှောက်ကြသဖြင့် နိုင်ငံရေး လောကတွင်ပါ နေရာ ရလာပြီး ပြင်သစ်တော်လှန်ရေး နှင့် အာဏာသိမ်းပွဲများ အပြီးတွင် နိုင်ငံဦးဆောင် ဒါရိုက် တာတစ်ဦး ဖြစ်လာခဲ့လေသည်။ မကြာမီတွင် ပြိုင်ဘက်များကို ဖယ်ရှားပြီး အသက် ( 30 ) နှစ် အရွယ်တွင် ဦးဆောင်ဒါရိုက်တာ ဖြစ်လာခဲ့သည်။ 

ပြင်သစ်တော်လှန်ရေးတွင် လူထုတောင်းဆိုသော လိုလားချက်များကို အခြေခံ ဥပဒေ ရေးဆွဲရာ တွင် ထည့်ထားပေးနိုင်ခဲ့ရ်ျ နပိုလီယံကို အာဏာရှင်ဟု မမြင်ပဲ သူရဲကောင်းအဖြစ် ဆက်လက် ကိုး စားခဲ့ကြလေသည်။ အာဏာရပြီးနောက် တိုင်းပြည်ကို အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများကို တရစပ်  ဆောင်ရွက်လေတော့သည်။ ဗဟိုဘဏ် နှင့် တက္ကသိုလ်ကို တည်ဆောက်ပေးခဲ့သည်။ အလွန်ထင်ရှားသည့် ပြောင်းလဲမှုမှာ နပိုလီယံ ဥပဒေပင် ဖြစ်သည်။ ယနေ့တိုင် ဥရောပနိုင်ငံများ တွင် ထို ဥပဒေကို မှီငြမ်းနေဆဲ ဖြစ်လေသည်။ ပြင်သစ် နယ်နမိတ်ကို ကျော်ကာ ဥရောပနိုင်ငံ များ ကို သိမ်းယူကာ တိုက်တိုင်းနိုင်သဖြင့် ပြင်သစ် စစ်တပ်ကို ယှဉ်နိုင်သူ မရှိတော့ပေ။ ထို့ကြောင့် နှစ် အနည်းငယ်အတွင်း ဥရောပမြေပုံတွင် ပြင်သစ်ပိုင်နက်သည် ကြီးမားကျယ်ပြန့် လာလေသည်။

ဧကရာဇ် နပိုလီယန်

( 1804 ) ခုနှစ်တွင် မိမိကိုယ်ကို ဧကရာဇ် အဖြစ်ကြေငြာကာ ညီအစ်ကိုများကို ဥရောပ သုံးနိုင်ငံတွင် ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့လေသည်။ တော်လှန်ရေးဧ။် အနှစ်သာရ များကို မထိခိုက်ဟု အများက ထင်မြင်ကြသဖြင့် သမ္မတ နိုင်ငံ ထူထောင်လိုသူများက အရေးတယူ မကန့်ကွက်ခဲ့ ကြပေ။ ပြည် တွင်း တွင် ကန့်ကွက်သူမရှိသော်လည်း  ပြည်ပတွင် သိမ်းပိုက်နယ်မြေများသည် ငြိမ်သက်လှသည် မရှိခဲ့ပဲ အမြဲပင် ပုန်ကန်ရန် အခြေနေ ရှိခဲ့ကြသည်။ ( 1802 ) နှစ်တွင် အင်္ဂလန်နှင့် အေမီယန် စာချုပ် ချုပ်ဆိုကာ စစ်ပြေငြိမ်း ခဲ့လေသည်။ ထို စာချုပ်သည် တစ်နှစ်သာ ခံပြီး အင်္ဂလန် နှင့် မဟာ မိတ်များက ပြင်သစ်ကို စစ်ကြေငြာကြပြန်သည်။ 

ကြည့်တပ်တွင် ထုံးစံအတိုင်း နပိုလီယံ ဧ။် တပ်များ ခြိမ့်ခြိမ့်သဲ အောင်ပွဲခံသော်လည်း ပင်လယ်တွင် ရေတပ်အင်အား တောင့်တင်းသော အင်္ဂလိပ်တို့အား ( 1805 ) ခုနှစ် ထရော်လဖာ တိုက်ပွဲတွင် အကြီးကျယ် ရှုံးရလေသည်။ နောက် ခြောက်ပတ်အကြာတွင် သြစတီးယား နှင့် ရုရှ နိုင်ငံ တပ်ပေါင်း စု ကို သြစတာလစ်တွင် နိုင်သော်လည်း မထူးတော့ ပေ။ အဘယ့်ကြောင့် ဆိုသော် ပင်လယ်ပြင်တွင် အင်္ဂလန်တို့ ဗိုလ်စွဲပြီး ဖြစ်သဖြင့် ပြင်သစ်တို့မှာ များစွာ နစ်နာရလေသည်။  ( 1808 ) ခုနှစ်တွင် အိုဗေရီယန် ကျွန်းသို့ မလိုအပ်ပဲ ပြင်သစ်တပ်များ တပ်စွဲထားစေခြင်း ဖြင့် အမှားတစ်ရပ်ကို ကျူး လွန် လိုက်သေးသည်။  ထို့အပြင် အရေးပါသည့် သမိုင်း ဖြစ်ရပ်တစ်ခုမှာ အမေရိကားရှိ ပြင်သစ်ပိုင် လူဝီစီးယားနား ပြည်နယ်ကို အမေရိကန် ပြည်ထောင်စုထံ ရောင်းချ ပစ်ခဲ့လေသည်။

အရှုံးများ

အကြီးဆုံးသော ပြင်သစ်တို့ဧ။် အရှုံးနှင့် နပိုလီယံဧ။် အမှားမှာ ရုရှသို့ ချီတက်ခြင်း ဖြစ်လေသည်။      ( 1807 ) ခုနှစ်တွင် ရုရှဇာဘုရင်နှင့်  ချစ်ကြည်ရေး စာချုပ် ချုပ်ဆိုထားသော်လည်း ( 1812 ) တွင် ရုရှ ကို တိုက်လေသည်။ ရုရှတပ်များက နပိုလီယံ တပ်များကို ရင်ဆိုင်တိုက်သည် မရှိပဲ ရှောင်ရှား သွား ကြ သည်။ ထို့ကြောင့် ပြင်သစ် တပ်များမှာ မော်စကို မြို့အထိ အခက်ခဲ မရှိပဲ ချီတက်သွားနိုင် ခဲ့သည်။ သို့သော် မော်စကိုမှာ ရုရှတို့ မီးတိုက်ကာ ချန်ခဲ့သဖြင့် အကြီးကျယ် ဒုက္ခရောက်တော့ လေသည်။ မော်စကိုတွင် တပ်ချကာ ရုရှမှ စစ်ပြေငြိမ်းရန် ကမ်းလှမ်းသည်ကို ငါးပတ်တိတိ စောင့် သော်လည်း အကျိုးမထူးတော့သဖြင့် တပ်ခေါက်ပြန်ရန် ဆုံးဖြတ်လိုက်သော်လည်း အချိန် နှောင်း သွားခဲ့လေသည်။ ပြင်သစ်တပ်များသည် ရုရှဆောင်းတွင်း နှင့် ရိက္ခာမလုံလောက်သည့် ဒဏ်များကို မရှု့မလှ ခံစားရကာ ပြင်သစ် ပြန်အရောက်တွင် စစ်သည် ဆယ်ရာခိုင်နှုံန်းသာ ကျန်ရှိလေတော့ သည်။ သြစတီးယား ၊ ပရပ်ရှား စသည့် သိမ်းပိုက်ခံများအနေဖြင့် လည်း ယခု အချိန်တွင် ပြင်သစ်တို့ ကို တော်လှန်ရန် အချိန်ကောင်းဖြစ်ကြောင်း နားလည်သည့်အလျောက် တော်လှန်ကြလေသည်။ ထိုသို့ဖြင့် နှစ်ဘက်ရင်ဆိုင် တိုက်သည့် လိုက်ပဇ် တွင် ပြင်သစ်တပ်များ ထပ်မံ အရေးနိမ့် သဖြင့် အင်အားနည်းပါးကြောင်း သိသာစွာ ပေါ်လွင်သွားလေသည်။ နောက် တစ်နှစ်အကြာတွင် ရာထူးမှ နုတ်ထွက်ကာ အီတလီအနီးရှိ အယ်လဗ် ကျွန်းသို့ အကျယ်ချုပ်ဖြင့် ပို့ဆောင်ခြင်း ခံရလေသည်။

ထိုကျွန်းမှ ( 1815 ) တွင် ထွက်ပြေးလာကာ ပြင်သစ်ပြန်ရောက်သော် ပြည်သူတို့က ၀မ်းပမ်းတသာ ကြိုဆိုပြီး အာဏာပြန်အပ်ကြပြန်သည်။ အာဏာရသည်နှင့် အခြား ဥရောပနိုင်ငံများကို စစ်ကြေ ငြာလေသည်။ အာဏာရပြီး ရက်တစ်ရာ အကြာတွင် တိုက်ခိုက်ကြသည့် ၀ါတာလူး စစ်ပွဲတွင် ရှုံးသဖြင့် ဗြိတိသျှတို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စိန့်ဟယ်လင်နာ ကျွန်းသို့ ပို့ဆောင်ခြင်း ခံရလေသည်။ စိန့်ဟယ်လင်နာကျွန်းတွင် အကျဉ်းသားအဖြစ် နေထိုင်သွားခဲ့ရပြီး ကင်ဆာရောဂါ ဖြင့် ( 1821 ) တွင် ကွယ်လွန်ခဲ့လေသည်။ 

သေဆုံးခြင်း အကြောင်းအရာ

အစာအိမ် ကင်ဆာဖြင့် သေဆုံးသည်ဟု နပိုလီယန် ဧ။် ဆရာဝန် ခွဲစိတ်မှုမှတ်တမ်းတွင် ဖော်ပြ ထားသော်လည်း နောက်ပိုင်းတွင် အာဆင်းနစ် အဆိပ်ဖြင့် အသတ်ခံရသည် ဟု ယူဆလာခဲ့ ကြ လေသည်။ အကြောင်းမှာ နပိုလီယံ သေဆုံးခါနီး ဆံချည်တို့တွင် အာဆင်းနစ် ပါဝင်နှုံန်း အဆမတန် များပြားနေခြင်း ကြောင့် ဖြစ်လေသည်။ ( 2007 ) နှင့် ( 2008 ) တွင် ပြုလုပ်ခဲ့သော လေ့လာမှုများ အရ နပိုလီယန် မှာ ကလေးဘ၀ကတည်းက သဘာဝအလျောက် အာဆင်းနစ် ဓါတ် သင့်နှုန်း များ ပြား ခဲ့ပြီး အစာအိမ်ကင်ဆာဖြင့် သေဆုံးကြောင်း အတိပြုခဲ့ကြလေသည်။

ကိုးကား ။            ။ ၀ီကီဒီပီးယား အခမဲ့ လွတ်လပ် စွယ်စုံကျမ်း
                              ကျော်စွာ ( 100 ) - ဒေါက်တာ သန်းထွန်း

ကျော်စွာ ( 100 ) - ဒေါက်တာ သန်းထွန်း                      FACEBOOK

Monday, March 4, 2013

ရခိုင်အမျိုးသမီးဇာနည် စစ်သည် မငွေနုဖြူ

 Tam Nway Lang's photo.
ရခိုင်အမျိုးသမီးဇာနည် စစ်သည် မငွေနုဖြူ

 မငွေနုဖြူသည် ရခိုင်ပြည့်ရှင် သီရိသူရိယစန္ဒမဟာရာဇာဘွဲ့မည်တော်ခံ မင်းဗာဘုရင်(အေဒီ ၁၅၃၁-၁၅၅၃)၏ သမီးတော်ဖြစ်သည်။ မင်းဖလောင်း(ချစ်နှောင်း)၏ ညီမတော် ဖြစ်သည်။ အရွယ်ရောက်လာချိန်တွင် မောင်ဖြစ်သူ မင်းဖလောင်းနှင့်အတူ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လွှားကာ၊ စစ်ရေးဗျူဟာများ စသည့် စစ်ပညာရပ်များကို သင်ကြားတတ်မြောက်ခဲ့သည်။ တော်ဝင်ဘုရင့် သမီးတော်ပင် ဖြစ်လင့်ကစား စစ်ပညာရပ်များကို စိတ်ပါဝင်စားစွာ သင်ကြားတတ်မြောက်ခဲ့သူ ဖြစ်သည်။ 

အရှေ့ပြည်မှ တောင်ငူဘုရင် တပင်ရွှေထီးသည် အင်အားကြီးမားသော စစ်တပ်ကို ပိုင်ဆိုင် ဖွဲ့စည်းနိုင်ရာ သက္ကရာဇ် ၉၀၆၊ ၉၀၇နှင့် ၉၀၈ ခုနှစ်တို့တွင် ရခိုင်ပြည်ကို ကျူးကျော်စစ် ၃ကြိမ် ဆင်နွှဲလာခဲ့သည်။ ပထမနှင့်ဒုတိယ အကြိမ်တို့တွင် အင်အားကြီးမားသော မြန်မာ စစ်တပ်တို့သည် ကုန်းကြောင်း၊ ရေကြောင်းဖြင့် ရခိုင်ပြည်ကို ချီတက်လာကာ ကျူးကျော် တိုက်ခိုက်သော်လည်း သံတွဲကိုပင်မရ၊ အသေမကြေ အပျက်အစီးများကာ မရှုမလှ ကြီးစွာရှုံးနိမ့်ခြင်းနှင့်သာ ကြုံတွေ့ရပြီး တပ်ဆုပ်ပြန်ခဲ့ရသည်။ တတိယ တစ်ကြိမ်တွင် မင်းတရားရွှေထီး ကိုယ်တိုင် ပိုမိုကြီးမားသော စစ်တပ်ကို ဦးစီးပြီး စစ်ဆင်လာပြန်သည်။ သည်တစ်ကြိမ်တွင် လောင်းကြက်မြို့အထိ ချီလာနိုင်သော်လည်း ရခိုင်ဘုရင့်၏ သားတော် အိမ်ရှေ့စံမင်း မင်းတိက္ခာ၊ ဒီဃာတို့ဦးစီးသော ရေတပ်၏တိုက်ခိုက်မှု၊ သားတော်မင်းဖလောင်း၏ ရိက္ခာဖြတ်တောက်တိုက်ခိုက်မှု၊ သမီးတော် ငွေနုဖြူ၏ ဣတ္ထိဗျူဟာဖြင့် စစ်ဆင်ခြင်း တို့ကို ခံရကာ မလူးသာ မလွန့်သာဖြင့် ချောင်ပိုက်ခံရကာ အရှုံးကြီးဖြင့် ကြုံရပြန်သည်။

ရခိုင်တပ်တို့၏ ခြံရံပိုက်ဆို့ခြင်းကို ခံရကား တပ်ဆုတ်ဖို့ရာကိုပင် မင်းတရားရွှေထီး မစွမ်းနိုင်တော့ချေ။ ထို့ကြောင့် ရခိုင်ဘုရင် မင်းဗာကြီးထံ စစ်ပြေငြိမ်းရန် အသနားခံ တင်လျှောက်ရတော့သည်။ အကယ်၍ ဘုရင်မင်းဗာသည် ကျူးကျော်ရန်ပြုလာသူ မြန်မာဘုရင် တပင်ရွှေထီး၏ ကမ်းလှမ်းလာမှုအပေါ် လက်မခံဘဲ အပြီးပိုင်ချေမှုန်းလိုက်လျှင် ဒုတိယမြန်မာနိုင်ငံတော်ကြီးသည်လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည်။ မင်းဗာကြီးက တပင်ရွှေထီး၏ ကမ်းလှမ်းလာမှုကို အေးလက်ကြည်သာ လက်ခံသည်။ ထို့ပြင် အမတ်ကြီး မဟာပညာကျော်ကိုပင် တပင်ရွှေထီးအား ဆိုဆုံးမစေလျှက် ကတိသစ္စာပြုစေပြီး ပြန်လွှတ်စေသည်။
မငွေနုဖြူသည် ရခိုင်အမျိုးသမီး ဘုရင့်သမီးတော်ဖြစ်သည့်အားလျော်စွာ တိုင်းပြည်အခက်အခဲနှင့် ကြုံလာလျှင် နောက်မဆုတ် လက်မတွန့်ပဲ ကျရာအခန်းက ပါဝင်တာဝန်ယူ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မိန်းမပင်ဖြစ်လင့်ကစား ကျူးကျော်စစ်ကို တွန်းလှန်ခဲ့ရာတွင် တစ်ခန်းတစ်နေရာက ပါဝင်အားဖြည့်ကာ တိုင်းပြည်အကျိုး၊ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးခဲ့သည့် ရဲရဲတောက်နီသည့် ရခိုင့်ဇာနီ အမျိုးသမီးပင်ဖြစ်သည်။

Writing by Thuyarzay  

ဂုဏ်ရောင်တောက်ပြောင် ၊ စောဘုန်းခေါင်။ နီရောင်လရောင် အတူဆောင်၊ ဇာနိန်ရာမရှောင်၊ မေတ္တာဆောင်၊ ရန်နိုင်အောင်၊ ပြည်ဘောင်ရက္ခာ၊ နွယ်ညောင်ကြက်ပမာ တည်ထောင်လျက်သာ၊ တေဇာမညိုးပါ၊ အာဇာနီပြောင်ပြောင်၊ သတ္တိဇွဲကိုဆောင်၊ ဂုဏ်ရည်မညှိုး၊ ဇာနည်မျိုးဘောင်၊ ဗီဇအနွယ်၊ ဇာနီမျိုးဟေ့၊ ညီကြစီလေ၊ အောင်မည်မလွဲပေ၊ သူရဲကောင်းမယ်မောင်၊ ကိုယ့်လက်နက်ကိုင်ဆောင်၊ အမျိုးဘာသာ သာသနာအရောင် ထွန်းလင်းပြောင်အောင်၊ သင့်တာဝန်ဆောင်။

စစ်ချီသာချင်း(ရက္ခိုင်သေနင်္ဂါဗျူဟာအတွဲကျမ်း)

မငွေနုဖြူသည် ရခိုင်ပြည့်ရှင် သီရိသူရိယစန္ဒမဟာရာဇာဘွဲ့မည်တော်
ခံ မင်းဗာဘုရင်(အေဒီ ၁၅၃၁-၁၅၅၃)၏ သမီးတော်ဖြစ်သည်။ မင်းဖလောင်း(ချစ်နှောင်း)၏ ညီမတော် ဖြစ်သည်။ အရွယ်ရောက်လာချိန်တွင် မောင်ဖြစ်သူ မင်းဖလောင်းနှင့်အတူ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လွှားကာ၊ စစ်ရေးဗျူဟာများ စသည့် စစ်ပညာရပ်များကို သင်ကြားတတ်မြောက်ခဲ့သည်။ တော်ဝင်ဘုရင့် သမီးတော်ပင် ဖြစ်လင့်ကစား စစ်ပညာရပ်များကို စိတ်ပါဝင်စားစွာ သင်ကြားတတ်မြောက်ခဲ့သူ ဖြစ်သည်။

အရှေ့ပြည်မှ တောင်ငူဘုရင် တပင်ရွှေထီးသည် အင်အားကြီးမားသော စစ်တပ်ကို ပိုင်ဆိုင် ဖွဲ့စည်းနိုင်ရာ သက္ကရာဇ် ၉၀၆၊ ၉၀၇နှင့် ၉၀၈ ခုနှစ်တို့တွင် ရခိုင်ပြည်ကို ကျူးကျော်စစ် ၃ကြိမ် ဆင်နွှဲလာခဲ့သည်။ ပထမနှင့်ဒုတိယ အကြိမ်တို့တွင် အင်အားကြီးမားသော မြန်မာ စစ်တပ်တို့သည် ကုန်းကြောင်း၊ ရေကြောင်းဖြင့် ရခိုင်ပြည်ကို ချီတက်လာကာ ကျူးကျော် တိုက်ခိုက်သော်လည်း သံတွဲကိုပင်မရ၊ အသေမကြေ အပျက်အစီးများကာ မရှုမလှ ကြီးစွာရှုံးနိမ့်ခြင်းနှင့်သာ ကြုံတွေ့ရပြီး တပ်ဆုပ်ပြန်ခဲ့ရသည်။ တတိယ တစ်ကြိမ်တွင် မင်းတရားရွှေထီး ကိုယ်တိုင် ပိုမိုကြီးမားသော စစ်တပ်ကို ဦးစီးပြီး စစ်ဆင်လာပြန်သည်။ သည်တစ်ကြိမ်တွင် လောင်းကြက်မြို့အထိ ချီလာနိုင်သော်လည်း ရခိုင်ဘုရင့်၏ သားတော် အိမ်ရှေ့စံမင်း မင်းတိက္ခာ၊ ဒီဃာတို့ဦးစီးသော ရေတပ်၏တိုက်ခိုက်မှု၊ သားတော်မင်းဖလောင်း၏ ရိက္ခာဖြတ်တောက်တိုက်ခိုက်မှု၊ သမီးတော် ငွေနုဖြူ၏ ဣတ္ထိဗျူဟာဖြင့် စစ်ဆင်ခြင်း တို့ကို ခံရကာ မလူးသာ မလွန့်သာဖြင့် ချောင်ပိုက်ခံရကာ အရှုံးကြီးဖြင့် ကြုံရပြန်သည်။

ရခိုင်တပ်တို့၏ ခြံရံပိုက်ဆို့ခြင်းကို ခံရကား တပ်ဆုတ်ဖို့ရာကိုပင် မင်းတရားရွှေထီး မစွမ်းနိုင်တော့ချေ။ ထို့ကြောင့် ရခိုင်ဘုရင် မင်းဗာကြီးထံ စစ်ပြေငြိမ်းရန် အသနားခံ တင်လျှောက်ရတော့သည်။ အကယ်၍ ဘုရင်မင်းဗာသည် ကျူးကျော်ရန်ပြုလာသူ မြန်မာဘုရင် တပင်ရွှေထီး၏ ကမ်းလှမ်းလာမှုအပေါ် လက်မခံဘဲ အပြီးပိုင်ချေမှုန်းလိုက်လျှင် ဒုတိယမြန်မာနိုင်ငံတော်ကြီးသည်လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည်။ မင်းဗာကြီးက တပင်ရွှေထီး၏ ကမ်းလှမ်းလာမှုကို အေးလက်ကြည်သာ လက်ခံသည်။ ထို့ပြင် အမတ်ကြီး မဟာပညာကျော်ကိုပင် တပင်ရွှေထီးအား ဆိုဆုံးမစေလျှက် ကတိသစ္စာပြုစေပြီး ပြန်လွှတ်စေသည်။
မငွေနုဖြူသည် ရခိုင်အမျိုးသမီး ဘုရင့်သမီးတော်ဖြစ်သည့်အားလျော်စွာ တိုင်းပြည်အခက်အခဲနှင့် ကြုံလာလျှင် နောက်မဆုတ် လက်မတွန့်ပဲ ကျရာအခန်းက ပါဝင်တာဝန်ယူ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ မိန်းမပင်ဖြစ်လင့်ကစား ကျူးကျော်စစ်ကို တွန်းလှန်ခဲ့ရာတွင် တစ်ခန်းတစ်နေရာက ပါဝင်အားဖြည့်ကာ တိုင်းပြည်အကျိုး၊ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးခဲ့သည့် ရဲရဲတောက်နီသည့် ရခိုင့်ဇာနီ အမျိုးသမီးပင်ဖြစ်သည်။

Writing by Thuyarzay

ဂုဏ်ရောင်တောက်ပြောင် ၊ စောဘုန်းခေါင်။ နီရောင်လရောင် အတူဆောင်၊ ဇာနိန်ရာမရှောင်၊ မေတ္တာဆောင်၊ ရန်နိုင်အောင်၊ ပြည်ဘောင်ရက္ခာ၊ နွယ်ညောင်ကြက်ပမာ တည်ထောင်လျက်သာ၊ တေဇာမညိုးပါ၊ အာဇာနီပြောင်ပြောင်၊ သတ္တိဇွဲကိုဆောင်၊ ဂုဏ်ရည်မညှိုး၊ ဇာနည်မျိုးဘောင်၊ ဗီဇအနွယ်၊ ဇာနီမျိုးဟေ့၊ ညီကြစီလေ၊ အောင်မည်မလွဲပေ၊ သူရဲကောင်းမယ်မောင်၊ ကိုယ့်လက်နက်ကိုင်ဆောင်၊ အမျိုးဘာသာ သာသနာအရောင် ထွန်းလင်းပြောင်အောင်၊ သင့်တာဝန်ဆောင်။

စစ်ချီသာချင်း(ရက္ခိုင်သေနင်္ဂါဗျူဟာအတွဲကျမ်း) facebook

Wednesday, December 19, 2012

နွီအလွမ်း (၀တ္ထုတို)

နွီရာသီကိုရောက်လာပျာယ်။ အပူသျှိန်က အာကာကို အငွေ့ပျံတက်နီသည်။ မောင်နီတယောက် အိမ်ရှိ သရက်ပင်အောက် ကြိမ်ကုလားထိုင်မှာ ထိုင်နီသည်။ အာကာမှာ တိမ်မဟိ။ အယင်ကနွီရက်တိနှင့်မခြား အလှပလှ။ ကျောင်းပိတ်ချိန်ဖြစ်လို့ ကလေချေတိ စွန်တင်နီကတ်သည်။ စွန်အချင်းချင်းသိမ်းနီကတ်စွာကို မောင်နီမြင်ရရေအခါ သူအချေက ဖြစ်ခရရေဘ၀ကို အောက်မိမိသည်။ ယင်းအချိန်မှာ အိမ်နောက်ဖေးအုန်းပင်က ဥသြတွန်သံကိုလည်း ကြားနီရသည်။ အေပိုင်နွီရာသီတိ ကန်ကမကန် မောင်နီဘ၀မှာ ကျော်ဖြတ်ဖူးသည်။ အခုအချိန်မှာ မောင်နီသည် စွန်တင်ခရေမောင်နီမဟုတ်ပျာယ်။ အဖိုးသျှင်မောင်နီဖြစ်နီပျာယ်။

တချို့သောနွီရက်များကဆိုလျှင် မောင်နီသည် လူငယ်ဘ၀ကို ပိုင်ဆိုင်ဖူးသည်။ လူငယ်ပီပီ တက်တက်ကြွကြွ။ စိတ်ယင်လက်ယင်ဟိသည်။ အပင်တက်၊ ရီကူး၊ သူငယ်ချင်းတိနှင့် ပျော်ခသည်။ မောင်နီမှာ ကော့နီရေမျက်တောင်၊ ကျော့နီရေဆံပင်၊ ခိုင်ရေသွား ဟိခဖူးသည်။ တခါတရီ သူငယ်ချင်းတိဆုံလို့ သရက်သီးငါးပိဆားရည်စားချင်ကေ ရှိဆုံးက အပင်တက်စွာ မောင်နီ။

ယင်းချင့်တိကို စိုင်းစားကေ မောင်နီသည် အခုအချိန်မှာ ယိုင်တိယိုင်တိုင်လားနီရရေသူ့ဘ၀ကို သနားမိသည်။ အခုအချိန်မှာ ဖြူနီရေသူ့ဆံပင်၊ မှုန်နီရေသူ့မျက်စိကို ပွတ်ကြည့်နီမိသည်။ တခါတရီ ကိုယ့်စွာကိုတောင် မယုံချင်။ ဟုတ်ပါရေ အေချင့်စွာ မောင်နီမှမောင်နီအစစ်။ အက်ဒီဆန်ကိုအားကျဖူးရေ မောင်နီ၊ ဟိုချီမိန်းကို လေးစားဖူးရေမောင်နီ။ အေပိုင် သြတွန်ရေနွီရက်တိမှာ ခရီးရှည်လားခဖူးသည်။ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးယက်ပင်းလေ။ မြစ်ကမ်းယောင်ဘုတ်စီးယင်းပျံနီကတ်တေ ဆိုက်ဘေးရီးယားငှက်တိကိုကြည့်ပျာယ် လွတ်လပ်မှုကိုခံစားဖူးခသည်။ ငှက်တိပိုင် အာကာမှာအတောင်ပေါက်လို့ ပျံပစ်လိုက်ချင်သည်။ လက်ဟိဘ၀နှင့် မရောင့်ရဲနိုင်ခ။ မောင်နီချုပ်ချယ်မှုတိ၊ ဘောင်တိ၊ အကွပ်တိကို ရွံပါလတ်သည်။ ယင်းချင့်စွာ မောင်နီလူပျိုပေါက်စဘ၀ကလေ။

မောင်နီအသက်နှစ်ဆယ်လောက်မှာ မိသားစုနှင့် ကွဲလားခရသည်။ လုံးချင်းကျန်မှုရသကို ခံစားခရသည်။ အေချင့်ကို ဝေဒနာတခုလို့ သူသတ်မှတ်တေအချိန်ကပင် အရက်နှင့်ဆီးလိပ်ကို စသောက်တတ်လာသည်။ မောင်နီခန္ဓာကိုယ်ထဲကသွီးတိရေ သူ့ကို စကားလုံးမဟိရေ ဘာသာတမျိုးနှင့် မိတ်ဆက်လာသည်။ မောင်နီမှာ ပြောစရာစကားမဟိ။ အရက်နှင့်ဆီးလိပ်ကို ဖိလို့သောက်ကြည့်မိသည်။ သာယာရေသံစိုင်ကြားမှာ လက်ပိုက်ကူးကြည့်မိသည်။ သူရို့ကမဟုတ်၊ မဟုတ်ဟုငြင်းသည်။ ယကေ သူရို့ ပဇာကို အလိုဟိပါရေလဲ။ မောင်နီပြန်မိန်းကေလဲ့ မကြားကွန်ဆောင်နီကတ်သည်။ နောက်ဆုံး မောင်နီသဘောပေါက်လာသည်။ သူရို့တိ တောင်းဆိုနီစွာက မောင်နီအတွက် ဘ၀အဖော်။ ယင်းပိုင်နှင့် အသက်နှစ်ဆယ့်ငါးမှာ မောင်နီမယားရသည်။

မောင်နီမယားရရေအချိန်မှာလည်း အေပိုင်နွီခါလေ။ အိမ်ရှိက ရွက်ကြွီပင်ကိုကြည့်ယင်း လင်မယားနှစ်ယောက် ရှိဖြစ်နောက်ကြောင်းပြောပျာယ် ပျော်ရသည်။ အိမ်သျှင်မမျက်နှာကိုကြည့်ပျာယ် တေးခြင်းဆိုလို့ ပျော်ခသည်။ ယင်းအချိန်မှာ လွတ်လပ်မှုအရသာကို ပြောင်းပြန်ခံစားလာမိသည်။ အယင်က ဥသြတွန်စွာကို ဇာနှင့်လည်းနှိုင်းမရဆိုရေမောင်နီ အခု သူ့မယားအသံက ငှက်မြည်သံထက် သာယာနီပြန်သည်။ မောင်နီအသက်ကြီးပါလတ်ပျာယ်မနားယေ။

သူရို့လင်မယားနှစ်ယောက် ပထမဆုံးသားကိုရရေအခါ ဘဇောင်ပျော်လဲမသိ။ သူ့ကို ဘာဘာလို့စခေါ်ရေအချိန်စွာ နွီရာသီလေ။ ယင်းအချိန်မှာ ရာသီလေးလလုံး ဥသြအသံကို သူနားမစိုက်ခ။ ငှက်ကတော့ အိမ်နောက်ဖေးအုန်းပင်ထက်မှာ မြည်မြဲမြည်လီဖို့ရာ။ မောင်နီ လူပျိုခရီးထွက်ခါက အိမ်ကိုပြန်မလာချင်ခ။ ရက်တိကို သဘောက်ဖျာပိုင် ဖြန့်ထားချင်ခသည်။ အခု သားမယားနှင့်ခွဲနီရကေ အိမ်ပြန်ဖို့ကျည်းတွက်နီမိသည်။ မောင်နီမှာ နောက်ထပ်သားတယောက်၊ သမီးတယောက်ရသည်။ သူရို့တိမကြီးခင် လင်မယားနှစ်ယောက် အယင်ကပိုင် သစ်ရွက်လှုပ်စွာကိုကြည့်လို့ ကဗျာမဆန်နိုင်ပျာယ်။ လယ်ပြင်မှာ စွန်တင်ဖို့လားခရေသားအတွက် စိတ်ပူရ၊ သားနှစ်ယောက်နောင်ရီးအတွက် စိုင်းစားရ၊ ဘ၀ကာလတခုကို ဖြတ်သန်းရပြန်သည်။ ခရီးထွက်လားခရေသားကြီး အချိန်တန်လို့ အိမ်ပြန်ရောက်မလာကေ မမပီပီစိတ်ပူတတ်တေ အိမ်ကမယားကို ချော့ရသည်။ အဲလေ သူလည်း မောင်နီအချေခါပိုင် အိမ်ပြန်ဖို့ကို ကြိုးအရှည်ကြီးမသန်နှင့် လံထားလီဖို့။ လွတ်လပ်မှုကိုရှာပြီး သွီးကတောင်းဆိုချက်ကို ငြင်းနိုင်လီဖို့မဟုတ်။ ယင်းပိုင် သိတတ်တေအချိန်မှာ မောင်နီအသက် သင့်အောင်ချေကြီးနီပျာယ်။

သူ့ဘ၀ကို ခွန်အားနှင့် ရုန်းခသည်။ နိုင်ဖို့ကျည်း မျှော်လင့်ခသည်။ အခုအသက် ခုနှစ်ဆယ်ကျောက်ရေအထိ သူ့ဘ၀မှာ အောင်မြင်မှုတိ ဟိခရေပိုင်၊ မအောင်စွာတိလည်း တပုံ။ နောက်မှ ဘ၀ဆိုစွာ အေချင့်ပါကားလို့ နားလည်လာပြီး အဟိကိုအဟိအတိုင်း ပကတိကို ပကတိအတိုင်းမြင်လာသည်။ သားသမီးတိလည်း အတောင်စုံလို့ လီဟုန်စီးပျာယ် ပျံလားခကတ်သည်။ သူရို့လည်း မောင်နီဖြတ်ခရေနွီရက်တိကို အသိုက်အအုံဆောက်ပြီး ပျံသန်းနီကတ်ပျာယ်။ တနိနိတချိန်ချိန်မှာ သူရို့ဘ၀ကိုသူရို့ စိုင်းစားလာကတ်လိမ့်မည်။ ယင်းအချိန်မှာ သူရို့တိ ပဇာလုပ်ကတ်ဖို့လဲ မောင်နီမသိ။

လုပ်စရာမဟိရေ အေပိုင်ဝါကြီးတလုံးအတွက် နွီတရက်မကုန်နိုင်ပါ။ မှန်သားရောင်အာကာပြင်မှာ မိုးရိပ်တိကင်းစင်လို့ ရင်ထဲမှာတမျိုးကြီး။ အချိန်တန်လို့ အိမ်ပြန်ကတ်တေ ငှက်တိလည်း အာကာထဲမှာတ၀ဲဝဲ။ ကုလားထိုင်ဘေးက ၀ါးရင်းတုတ်ကိုကောက်ပြီး ရပ်စောက်ရပ်လိုက်သည်။ အစအဆုံးမဟိရေ သံသရာဘော်လုံးထဲမှာ အဆုံးသတ်တေ တိုက်တလုံးကို မောင်နီဆောက်ရခန့်သိမ့်။ ။

မောင်မောင် (စစ်တွေ)