Saturday, January 12, 2013

KIA တပ်ဖွဲ့များ ဒေါ့ဖုန်းယန် အစိုးရ နောက်တန်း စခန်းထိ တန်ပြန်စစ်ဆင်


သတင်း - ပြည်တွင်း
Kachin 0723113ဗန်းမော်-လိုင်ဇာ လမ်းကြောင်းမှ KIA စစ်ကြောင်းများသည်၊ အစိုးရ၏ ဒေါ့ဖုန်ယန်နှင့် လဂျားယန်ကြားရှိ အစိုးရ နောက် တန်း တပ်ဖွဲ့များကို ယနေ့ မနက်ပိုင်းမှ စပြီး ညနေပိုင်း အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း စစ်ဆင်ရေးမှူး တဦးက ပြောပါသည်။ 
ဒေါ့ဖုန်ယန် စခန်းနားအထိ လက်နက်ကြီးတွေနဲ့ တနေ့လုံးလိုလို ပစ်ခတ်နေကြနေပါတယ်။ သူတို့က တက်လာတာမ ဟုတ်ဘူး။ ကျနော်တို့က ဆင်းတိုက်နေတာပါ။ ဖြစ်တဲ့နေရာက လဂျာယန်စခန်းရဲ့ အောက်ဖက်တွေမှာပါ။ သူတို့ရဲ့ နောက်တန်း စခန်းတွေနားမှာပေါ့။ တိုက်ပွဲရဲ့ နောက်ဆုံး အခြေအနေကတော့ ညနေ () နာရီ အထိ မသိရသေးဘူး။ဟု ဆိုပါသည်။
ထို့အပြင် ယနေ့ မနက်ပိုင်း၌လည်း လိုင်ဇာမြို့ အနောက်ဖက် () မိုင်အကွာ၌ ရှိသော ခါရာဘွန် တောင်ဖက်၌ တနေ့လုံး တိုက်ပွဲဖြစ်ပွား နေခဲ့သလို မြစ်ကြီးနား-လိုင်ဇာလမ်းကြောင်းမှ နမ်းဆန်ယန် ကျေးရွာ ၀န်းကျင်၌လည်း တိုက်ပွဲများ တနေကုန် ဖြစ်ပွားနေခဲ့သည်ဟု ဆိုပါသည်။ ဤကဲ့သို့ တနေကုန် တိုက်ပွဲဖြစ်ပွားနေသော်လည်း လက်နက်ကြီးများမှ တပါး လေကြောင်း တိုက်ခိုက်မှု မရှိဟု ဆိုပါသည်။
ဇန္နာဝါရီ () ရက်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့သော KIA တပ်ရင်း (၂၄) စခန်း နေရာဖြစ်သည့် ဖွန်းပျန်ဘွမ် စခန်းနေရာ ဖက်၌ ယနေ့ တိုက်ပွဲများ မရှိသဖြင့် KIA တပ်များသည် စခန်း ၀န်းကျင်ကို ရှင်းလင်းခဲ့ရာ ထိခိုက် ဒါဏ်ရာ ရရှိထားသော နေရာများစွာကို တွေ့ရှိရပါသည်။
http://www.facebook.com/photo.php?v=409665399113665&set=vb.100002106266061&type=2&theater
အစိုးရ တပ်များသည် ဤကဲ့သို့ ထိခိုက်ကျဆုံးမှု များပြားသောကြောင့် () ရက်တာမျှ စစ်ဆင်မှု မလုပ်နိုင်တော့ဘဲ လှုပ်ရှားမှု နဲပါးလာခြင်းဖြစ်သည်ဟု KIA ဖက်မှ ယူဆထားပါသည်။ ဤသို့သော အခြေအနေမျိုးကြောင့် KIA မှတန်ပြန် စစ်ဆင်မှု ပြုလုပ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသည် ဆိုရမည်ဖြစ်ပါသည်။ 
U Zaw Raw
နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ ဖြေရှင်းလိုသော ကချင်ခေါင်းဆောင်များ (ဓါတ်ပုံ KIA)
အစိုးရ တပ်ဖွဲ့များ၏ စစ်ဆင်ရေး ရည်ရွယ်ချက်များကို မသိရသော်လည်း ၄င်းတို့၏ လှုပ်ရှားမှုများမှာ ငြိမ်သက်နေပါ သည်။ ဤငြိမ်သက်မှုသည် ငြိမ်းချမ်းရေးအတွက် ပြည်သူ့ လွှတ်တော်၏ တိုက်တွန်းချက်နှင့်လည်း သက်ဆိုင်နိုင်သ လို၊ သွေးစည်းညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) ၏ ထုတ်ပြန်ချက်နှင့်လည်း သက် ဆိုင်နိုင်ပါသည်။ http://www.phophtaw.org/burmese/index.php/statement-pressrelease/statement/2634------kiokia--.html
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားများသည်လည်း အစိုးရ စစ်ဆင်ရေးများကို ရှတ်ချသည့် အနေနှင့် ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံအပါဝင် UN ကလည်း စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောကြား ခဲ့ပြီးဖြစ်ပါသည်။ ဤသို့ကြောင့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးသည် အစိုးရအပေါ်၌သာ မူတည်မည်ဖြစ် ပါသည်။

စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၂၀၁၂


မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ရှိ ဒုက္ခသည်များက အလှူရှင်များအား အပြန်တွင် လှမ်းငေးနေကြပုံ

ကုလားတန်မြစ်နံဘေးမှာ ဗိုလ်လုနေကြတဲ့ နွား နှစ်ကောင်။

ဆန်းမင်းနိုင်၊ အသက် တစ်နှစ် တစ်လ၊ စက်ရုံစု ဒုက္ခသည်စခန်း၊ စစ်တွေမြို့။

လေးမြို့မြစ်ကမ်းမှ ကျောက်ထုတ်အလုပ်သမငယ်တစ်ယောက်။

ခိုင်စိုးပိုင် ၊ ဆက်သွယ်ရေးရုံးတာဝန်ခံ ၊ ကျောက်တော် ALP ဆက်သွယ်ရေးရုံး။

မမြင့်မြင့်သန်း၊ ဗော်လံတီယာ ၊ မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်း ဒုက္ခသည်စခန်း။

စစ်တွေမြို့ရွှေစတီကျောင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသော ရခိုင်လူမျိုး ဇနီးမောင်နှံ

ကျောက်တော် မဟာမုနိ ဘုရား အား ပူဇော် နေကြသော ရခိုင်အမျိုးသမီးနှစ်ဦး။

ကျောက်မဟာမုနိ ဘုရား အ၀င်ဝက ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ အလှူ ကဗျည်းလွာ

ကျောက်တော် မဟာမုနိ ဘုရားတန်ဆောင်း

စစ်တွေမြို့ စက်ရုံစုဒုက္ခသည်စခန်း ဆေးခန်းမှ တရာဝန်နှင့် သူနာပြုများ နေ့လည်စာစားချိန်တွင် ဆေးပေးခန်းမှ ထွက်လာကြပုံ
စက်တွေမြို့ ဆီအရောင်းဆိုင်တစ်ဆိုင်တွင် ဆိုင်ကယ်သမားတစ်ဦးအား အရောင်းဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက ဆီဖြည့်ပေးနေပုံ

စစ်တွေ မင်းဂံရပ်ကွက်ထဲသို့ ဇွန်လအတွင်းက ဘင်္ဂါလီများ ၀င်ရောက်တိုက်ခိုက်ကြသည်ကို မည်သို့မည်ပုံ ခုခံခဲ့ရသည်ကို ရှင်းပြနေသည့် မင်းဂံရပ်ကွာက်သားတစ်ဦး
တလင်းနယ်။

ကွမ်းတောင် ကြက်ကင် အရောင်းဆိုင် တစ်ဆိုင် ၊ စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းနံဘေး

မင်းဂံရပ်ကွက်ထဲတွင် ရေခဲချေင်း ရောင်းနေသည့် လူငယ်လေးတစ်ဦး။

မင်းဂံဒုက္ခသည်စခန်းအတွင်းမှ ရေတုံကင်တစ်ခု

ရန်ကုန်စစ်တွေ ကားလမ်း ပြုပြင်နေကြသည့် ရခိုင်အလုပ်သမများ

မင်းဂံဒုက္ခသည်မိသားစုတစ်စု မိမိတို့အခန်းရှေ့တွင် မိသားစုဝင်များနင်းကြသည့် ဆိုက်ကားများရပ်ထားပုံ။ အိမ်ရှေ့တွင် ဗူဒပင်များစိုက်ထားသည်။

စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်လူငယ်အချို့ ညနေစောင်းချိန်တွင် ခြင်းလုံးခတ်နေကြပုံ

ဆိုက်ကားသမား ကိုသိန်းဆန်း၊ ကသဲရပ်ကွက်လမ်းဆုံ၊ စစ်တွေမြို

ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းနေသူများ မနက်စောစောကျလျှင် အလုပ်ဆင်းရန် ကျောင်းသွားရန် အတွက် သန်ပန်များဖြင့် စစ်တွေကမ်းသို့ ကူးကြရသည်


မြောက်ဦးမြို့နယ်လေးမြို့မြစ်ကမ်း ကျောက်ထုတ်လုပ်ရေး လုပ်ငန်းခွင် တစ်နေရာ။
ဘင်္ဂါလီများ လက်ချက်ဖြင့် ကျဆုံးသွားရသည့် ပန်းမြောင်းကျေးရွာသားတစ်ဦး၏ မိခင်

မြောက်ဦးအလိုတော်ပြည့်ကျောင်းတွင် ရေးမှတ်ထားသည့် လက်ရှိ ဒုက္ခသည်စာရင်း။

မြောက်ဦးမြို့နယ် ပရိန်ကုန်းရွာမှ ရှောင်ပြေးလာရသော ဒုက္ခသည် တစ်ဦး။

တောင်ကုတ်မြို့ ကိုအာကာနှင့်မမေစီတို့ မိသားစုမှ လှူဒါန်းသည့်အကြောင်းကို ဖတ်ကြည့်နေသည့် ဒုက္ခသည် စခန်းရောက် အဘိုးအိုတစ်ဦး။

တစ်ကျော့ပြန် ဘင်္ဂါလီဆူပူမှု ဒုက္ခသည် ရခိုင်လူမျိုးများ။ အလိုတော်ပြည့်ကျောင်းတိုက်၊ မြောက်ဦးမြို့။

မြောက်ဦး နန်ရာကုန်း ရှေ့တွင် ခရီးသည် မျှော်နေသော မြင်းလှည်းသမားတစ်ယောက်။

မြောက်ဦး နန်းရာကုန်းရှေ့ မြေကွက်လမ်တွင် မနက်ပိုင်းဈေးရောင်းကြသူများ

ရခိုင်ရှေးဟောင်း အမြောက်ငယ်များ။

ရခိုင်ရှေးဟောင်း ဒဂါးများ

မြောက်ဦး နန်းမြို့ရိုးဟောင်း ရှေ့က မြင်းတစ်ကောင်။

မြောက်ဦး နန်းမြို့ရိုး တစ်နေရာ။

မြောက်ဦး ရှေးဟောင်း နန်းမြို့ရိုး အပြင်ဘက်တွင် စိုက်ထူထားသော မြန်မာအစိုးရ အလံ

မြောက်ဦး။

မြောက်ဦး။

မြေပုံမြို့သားများက အတူယှဉ်တွဲနေထိုင်ရေးကို လက်မခံ


(ခိုးဝင် ကျူးကျော်) ဘင်္ဂလီများနှင့် အတူယှဉ်တွဲ နေထိုင်ရေးကို လုံးဝ လက်မခံ ကြောင်း (အခုရေ နှစ်ရာထက်မနည်းသော)  ဆိုင်းဘုတ်များ ကို မြေပုံမြို့ပေါ် အနှံ့အပြား အိမ် ခြံ ဈေးဆိုင် တို့တွင် ချိတ်ဆွဲ တပ်ဆင် ဆန္ဒဖော်ထုတ် ထား ကြသည် မှာ ယနေ့(၂၀၁၂ နိုဝင်ဘာလ တစ်ရက်)အထိ ဆိုလျှင် တစ်ပတ်ခန့် ရှိပြီ ဖြစ်သည်။





















coral arakan