Saturday, November 2, 2013

အကြမ်းဖက် တိုက်ခိုက်ခံရ၍ ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ ==============================

Nay Lin Tun and 7 other friends shared Khaing Linn's photo.

========= (နိရဉ္စရာ- ၂ နိုဝင်္ဘာ ၂၀၁၃) ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ငါးရှာ ဂုံးကောက်နေသော အမျိုးသမီး အုပ်စု တစ်ခုအား ဆင်တက်မော် ဒုက္ခသည် စခန်းမှ မွတ်ဆလင် အချို့မှ ဓါးလှံများဖြင့် တိုက်ခိုက်သဖြင့် အမျိုးသမီး တစ်ဦးပွဲချင်းပီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်း ရရှိသည်။ သေဆုံးသွားသူု အမျိုးသမီးမှာ ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ကလေး (၄) ယောက် မိခင် ဦးအောင်ထွန်းဖြူ၏ ဇနီး ဒေါ်မလှခင် (၃၈) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးထွန်းအေးသိန်းက နိရဉ္စရာသို့ ပြောသည်။ အခြား ဒဏ်ရာ ရရှိသွားသူု အမျိုးသမီးမှာ မမေသန်းခင် (၁၇) နှစ်ဖြစ်ပြီး လက်မောင်းတစ်ဘက် ပြတ်ထွက်သွားခဲ့သည်ဟု သူက ဆိုသည်။ ၎င်းအဖြစ်အပျက်မှာ ယနေ့ နိုဝင်္ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ဆင်အိုင်ကျေးရွာအနီးရှိ မြစ်တွင် ငါးရှာနေစဉ် ဖြစ်ပွားခဲ့သည်ဟု ဦးထွန်းအေးသိန်းက ပြောသည်။ “ ငါးရှာ ဂုံးကောက်သွားတဲ့ အမျိုးသမီးက တစ်ဆယ်ကျော် ဖြစ်ပါတယ်။ ပထမ ငါးယောက် ခြောက်ယောက်က ငါးရှာပြီး မြစ်ကမ်းကနေ အိမ်ကို ပြန်တက်လာကြတယ်။ နောက် ငါးယောက်က ကျန်နေခဲ့ပါတယ်။ အဲဒီကျန်နေခဲ့တဲ့ အုပ်စုကို ဆင်တက်မော် စခန်းက ဘင်္ဂလီ အုပ်စု တစ်ခုက နှင်တို့ ရခိုင်တွေ မဟုတ်ဘူးလားဆိုပြီး လှံတွေနဲ့ထိုး၊ ဓါးတွေနဲ့ ခုတ်ကြပါတယ်။ မလှခင်က လှံနဲ့ အထိုးခံရတဲ့ အတွက် ပွဲချင်းပီး ဆုံးပါတယ်။ မမေသန်းခင်က လက်မောင်း ပြတ်ထွက်သွားပါတယ်” ဟု ဆိုသည်။ မမေသန်းခင်ကို ဒဏ်ရာ ပြင်းထန်သဖြင့် ချက်ချင်း စစ်တွေ ဆေးရုံကို ပို့လိုက်ရပြီး ညနေ (၆) နာရီကျော်တွင် စစ်တွေ ဆေးရုံကြီးသို့ ရောက်ရှိပြီး အတွင်းလူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။ ရခိုင်အမျိုးသမီးများအနေဖြင့် သူတို့နှင့် တစ်စုံတစ်ရာ စကားများ ရန်ဖြစ်ခြင်း မရှိဘဲ အလိုလို လာရောက်ပြီး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဓိက ဆင်တက်မော် စခန်းသို့ ပြောင်းရွှေ့နေထိုင်သူ ငှက်ချောင်း ဒုက္ခသည် စခန်းမှ ဘင်္ဂလီ သုံးဦးမှ ဦးဆောင်တိုက်ခြင်းဖြစ်ကြောင်း ဦးထွန်းအေးသိန်းက ပြောသည်။ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ရခိုင်အမျိုးသမီး တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိသွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားပြီး တပ်အင်အားနည်းနေသဖြင့် ဒေသခံများက လုံခြုံရေး အကူအညီတောင်း၍ ပေါက်တောမြို့ရှိ ဗျူဟာမှူးကို အကြောင်းကြားခဲ့သည်ဟု ပြောဆိုသည်။ ပေါက်တောရဲစခန်းအား ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီ ဖြစ်ပါသဖြင့် လုံခြုံရေး စိုးရိမ်စရာမရှိပါဟု ပြောသည်။ ယခုအခါ ဆင်အိုင် ကျေးရွာသို့ ခမရ ၅၃၁ မှ တပ်ဖွဲ့တစ်ခုနှင့် ရဲတပ်ဖွဲ့ တစ်ခုတို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယခု သတင်းရေးချိန် ညနေ ၁၀ နာရီ အထိ အာဏာပိုင်များမှ ပြစ်မူ ကျူးလွန်သူများကို တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူမူများ မရှိသေးဟု သိရသည်။ Photo: ဆင်အိုင်ကျေးရွာက ရခိုင်အမျိုးသမီး ဒဏ်ရာရသူမှာ မမေသန်းခင် (၁၇ နှစ်) http://www.narinjara.com/burmese/?p=7558

Friday, November 1, 2013

လွှတ်တော်ကိုယ်စားလှယ် (စစ်တွေ) - ဒေါက်တာ အေးမောင် (၂၀၁၃) ခုနှစ် အောက်တိုဘာလ (၃၀)ရက်

အားတက်စရာ လိုင်ဇာကွန်ဖရင့် ဒုတိယနေ့ 

အမေရိကန်ကချင်များ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ ကချင်အမျိုးသားသီချင်းကို ပြိုင်တူဆိုလျှက် မြန်မာစစ်တပ်ရဲ့ ကချင်ပြည်သူတွေကို အကြမ်းဖက် နေမှုကို ရပ်တန့်ဖို့ ယနေ့ နိဝင်ဘာ ၁ ရက်နေ့မှာ တောင်းဆိုခဲ့ကြတယ်။

တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး သဘောတူညီချက် ထုတ်ပြန်မည်


တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး သဘောတူညီချက် ထုတ်ပြန်မည် မေခ| October 31, 2013 | ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသား ညီလာခံတွင် တိုင်းရင်းသား တပ်ပေါင်းစု အားလုံး ပါဝင် သည့် အပစ်အခတ် ရပ်စဲရေး မူဝါဒ သဘောတူညီချက် တရပ် ရေးဆွဲ ထုတ်ပြန်နိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။ လတ်တလော အပစ် အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ အစိုးရက ချပြသော အချက် ၁၅ ပါ အပစ်ခတ်ရပ်စဲရေး သဘော တူညီချက် မူကြမ်း၊ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ ပူးတွဲ ထုတ်ပြန်ထားသည့် မူဝါဒ နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထုတ်ပြန် ထားသည့် မူကြမ်း အပါအ၀င် မူကြမ်း ၃ခု ရှိနေပြီး အဆိုပါမူကြမ်းများအပေါ် အခြေခံ၍ ဆွေးနွေးလျက်ရှိ ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများက ထုတ်ပြန်ထားပြီးဖြစ်သည့် မူကြမ်း ၃ခု ပေါင်း၍ ဘုံမူဝါဒ သဘောထား တရပ် ရေးဆွဲ မည်ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ “မူကြမ်း ၃ ခု ထဲက ကောင်းတာယူ ၊ မကောင်းတာဖယ်ပြီး အသစ် ရေးဆွဲသွားမှာပါ။ တပ်ပေါင်းစု သဘောတူညီချက် အချော ရေးဆွဲဖို့ ကော်မတီတခု ဖွဲ့စည်းထားပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။ တိုင်းရင်းသား တပ်ပေါင်းစု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နိုဝင်ဘာ ၁ ရက်နေ့ တိုင်းရင်းသားညီလာခံတွင် ထုတ်ပြန်သွားရန် ရှိပြီး တပ်ပေါင်းစု အပစ်ရပ်ရေး သဘောတူညီချက် ရေးဆွဲရေး ကော်မတီ တရပ်ဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီတွင် တိုင်းရင်းသား အဖွဲ့တခု ဆီမှ အဖွဲ့ဝင် တဦးစီဖြင့် ပါဝင် ဖွဲ့စည်းထားပြီး ချင်းအမျိုးသား တပ်ဦး (CNF)မှ ဒေါက်တာ ဆလိုင်း လန်မုန်း( Dr. Salai Lian Hmung Sakhong) က ဦးဆောင်ပါဝင်လျက်ရှိကြောင်း သိရှိရ သည်။ လိုင်ဇာ တိုင်းရင်းသား ညီလာခံတွင် အပစ်ခတ်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်မည်၊ နိုင်ငံရေး ဆွေးနွေးပြီးမှ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်မည် ဟူ၍ သဘောထားကွဲလွဲမှုများရှိနေသည့်အတွက် တိုင်းရင်းသားများ ပြန်လည် ညိနှိုင်း နေကြကြောင်း သိရှိရသည်။ နိုဝင်ဘာ ၁ ရက်နေ့ အပစ်ရပ်ရေး ဘုံသဘောတူညီချက် ထုတ်ပြန်ပြီးပါက အဆိုပါဘုံသဘောထားကို အကောင်အထည် ဖော်မည့် လုပ်ငန်း အဖွဲ့ကိုဆက်လက် ဖွဲ့စည်းသွားမည် ဖြစ်ပြီး ယင်းအဖွဲ့က အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာ အစိုးရ နှင့်ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လိုင်ဇာဆွေးနွေးပွဲသို့ မတက်ရောက်သည့် `၀´ တပ်ဖွဲ့ (UWSA) နှင့် မိုင်းလား အဖွဲ့ (NDAA) တို့က လိုင်ဇာညီလာခံမှ ထွက်ပေါ်လာမည့် ဘုံသဘောတူညီချက်ကို လက်ခံ၊ လက်မခံ ဆိုသည် ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရှိရသည်။ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)မှ ဗိုလ်မှူးကြီးစောဆန်းအောင်က “ဖက်ဒရယ်နဲ့ပတ်သက်ပြီး ကျနော် တို့ တိုင်းရင်းသား တွေ အများကြီး အသက်ပေးခဲ့ရတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ဆွေးနွေးမှု တွေရှိပါတယ်။ ဒီမူကိုဖယ်လို့ တော့ မရဘူး။ အဲဒီ အချက်ကိုတော့ ပြောပြထားတယ်”ဟု ပြောသည်။ လတ်တလော အစိုးရက ပေးပို့ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက် မူကြမ်းကို တိုင်းရင်းသား အများစုက လက်မခံဘဲ အဓိကမှာ ပင်လုံစိတ်ဓာတ်ကို အခြေခံ၍လုပ်ဆောင်မည်ဟု ဆိုသော်လည်း ဖက်ဒရယ်မူကို အခြေခံမည်ဆိုသော အချက် ပါဝင်ခြင်း မရှိမှုကြောင့် ဖြစ်ကြောင်း၊ အစိုးရ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်း သည် ရှည်လျား လွန်းပြီး တိုင်းရင်းသားအဖွဲ့များ အလွယ်တကူ နားမလည်နိုင်ဟု လိုင်ဇာညီလာခံတွင် သုံးသပ် ပြောဆိုမှု များ ရှိနေကြောင်း သိရှိရသည်။ ( ဧရာဝတီ ) — with Yebaw Aung and 49 others

((( ရခိုင်ပြည်နယ်အတွင်း OIC ကုလားတို့ ၏ ငွေများဖြင့် လှုပ်ရှားနေကြသော NGO INGO အဖွဲ အစည်းများသည် ကိုယ်ဝန် ဆောင်အမျိုးသမီးများအား အသွင်မျိုးစုံဖြင့် ကျန်းမာရေးအယောင်ဆောင် သိမ်းသွင်း၍ မျိုးသုန်းပဋိသန္ဓေတားဆေးထိုး၍ / မျိုးဖျက် အသေသတ်နေကြကြောင်း )))


((( ရခိုင်ပြည်နယ်အတွင်း OIC ကုလားတို့ ၏ ငွေများဖြင့် လှုပ်ရှားနေကြသော NGO INGO အဖွဲ အစည်းများသည် ကိုယ်ဝန် ဆောင်အမျိုးသမီးများအား အသွင်မျိုးစုံဖြင့် ကျန်းမာရေးအယောင်ဆောင် သိမ်းသွင်း၍ မျိုးသုန်းပဋိသန္ဓေတားဆေးထိုး၍ / မျိုးဖျက် အသေသတ်နေကြကြောင်း ))) ******************** ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ပေါ်တွင် OIC မွတ်ကုလားတို့၏ ဆောင်ရွက်ချက်များ ဖြင့် ဖွင့်လှစ်ထားသော ယဉ်ယဉ်လေးနဲ အ ကြမ်းမဖက်ဘဲ မျိုးသုန်းသွားစေမည့် NGO INGO. အဖွဲ့ များသည် အဓိကအခန်းကဏ္ဍ တစ်ရပ်အဖြစ် စစ်ဆင်ရေးဗျူဟာများ လုပ် ကိုင်လျက် ရှိနေကြပြီ ။ ယင်းတို့မှာ ဆတ်ရိုးကျ ကယ်ဆယ် ရေးစခန်းများတွင် ကူညီအယောင်ဆောင်ပြီး ဖွင့်လှစ်ထားသော NGO အမည်ခံ အဖွဲ့ တစ် ဖွဲ့ မှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်အပျို ကလေးများကို ဆေးထိုးပေးနေပြီး အဖြစ်အ ပျက်များကို အမည်နှင့်တကွ ဖော်ပြပါမည် ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုမူ မိခင်နှင့်ကလေး အားရှိစေရန် အပျိုကလေး များကို ဓမ္မတာနဲပတ်သက်လို့ အမျိုးမျိုးသိမ်း သွင်း ဆေးထိုးနေကြလေသည် ။ ဆတ်ရိုးကျ ကယ်ဆယ်ရေးစခန်းမှ ကိုယ်ဝန်ဆောင်ပြီး ဆေးထိုးမှပျက်ကျခဲ့ရသော ၁။ မဝင်းနုချေ ( ၂၃ ) နှစ် ၊ ၂။ ဒေါ်စောသိန်း နု ( ၃၄ ) နှစ် ၊ ၃၊၊ ဒေါ်လှလှအေး ( ၃၆ ) နှစ် ၊ ၄။ မယဉ်ယဉ်နု ( ၂၁ ) နှစ်တို့လေး ဦးမှာ ၎င်းအဖွဲ့ မှ ကိုယ်ဝန်အားဆေးဆိုပြီး ထိုးပေးခဲ့ရာ ( ၈ ) ရက် အကြာတွင် လေးဦး စလုံးမှာ ကိုယ်ဝန်ပျက်ကျခဲ့ရပြီး ကိုယ်ဝန် ( ၉ ) လ ရှိပြီဖြစ်သော ဒေါ်လှလှအေးမှာ အရေးပေါ် ကုသခဲ့ရပြီး မိခင်နှင့်ကလေးပါ သေဆုံးသွားခဲ့လေသည် ။ ကိုယ်ဝန်ပျက်ကျခဲ့ရသော လေးဦး လုံး၏ သားဖွားမီးယပ်ဆရာဝန်ကြီး၏ ဆေး စစ်ဆေးချက်မှတ်တမ်းတွင် ပဋိသန္ဓေတွက် အန္တရာယ်ဖြစ်စေသည့် ဆေးနှင့်ထိတွေ့ခဲ့ရပြီး လေးဦးစလုံးတွင် နောက်ထပ်ပဋိသန္ဓေကိုယ် ဝန် လုံးဝမရတော့ပြီဟု ဆရာဝန်ကြီးမှ မှတ် ချက်ပြုလိုက်လေသည် ။ သို့ဖြစ်ပါသောကြောင့် ရခိုင်လူမျိုး များကို လူ လူချင်း တိုက်စရာမလိုပါဘဲ ယဉ် ယဉ်လေး အနုနည်းနဲ တိုက်ခိုက်နေကြသော NGO. INGO. အဖွဲ့ များကို ရခိုင်ပြည်နယ် အတွင်းမှ အပြီးပိုင်ထွက်သွားစေရန် စည်း ကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက် ရေး ဆရာတော်များက တာဝန်ယူဆောင်ရွက် လျက် ရှိပါသည် ။ ရခိုင်လူမျိုးတို့သည် အစစ အရာရာ မှာ သတိရှိကြဖို့ လိုအပ်နေပါပြီ ၊ သတိတစ် ချက်လွတ်သွားပါက အလွန်စိုးရိမ်ရသည့် အခြေအနေတွင် ရောက်ရှိနေသည့်အတွက် ဆရာတော်ကြီးများနှင့် မြို့မိမြို့ဖများမှ ဂရု တစိုက် ကြပ်မတ်ဆောင်ရွက်နေကြကြောင်း အသိပေး တင်ပြရခြင်းဖြစ်ပါသည် ။ — with ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ and 18 others

Wednesday, October 30, 2013

ကိုယ့်မြေမှာနေပြီး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ဖို့ ဝေးလို့ ဘယ်အချိန်မှာများ အသတ်ခံရမလဲ..၀မ်းစာရေးအတွက်တောင် အလုပ်ဖြောင့်အောင်မလုပ်နိုင်တဲ့ ဘ၀။

နေ့ စဉ်နဲ့ အမျှခြိမ်းခြောက်ခံနေရပြီး...ခိုးဝင်လာသူများကို လက်ခံသည့်ကုလားအိမ်များကို သေချာစစ်ဆေးသင့်ပါတယ်။ လက်နက်များကိုင်ဆောင်ခြင်းကို အတိအလင်းတားမြစ်သင့်ပါတယ်။ အကြောင်းမဲ့ ဒုက္ခသည်ကလေးများကို သတ်ဖြတ်ခြင်းမှာ မင်းမဲ့စရိုက်ဆန်ပြီး ရခိုင်သည် ထိုင်းတောင်ပိုင်းလို ဖြစ်နေပြီလားဟု သံသယ ၀င်စရာဖြစ်နေပါပြီ

Tuesday, October 29, 2013

သံတွဲ ဖြစ်ရပ်မှန်(၅) သံတွဲ သဲဗြုအိုင်ကျေးရွာရှိ ရခိုင် အိမ်ကို မွတ်ဆလင်ကုလားများ မီးရှို့ မှု မှတ်တမ်း။ ကိုယ့်ပြည်မှာ ၀င်ရောက်နေထိုင်ပြီး ကိုယ့်သားချင်းတွေကို စော်ကားတဲ့ကောင်တွေကို နိုင်ငံသားဖြစ်ခွင့်လဲ မပေးနိုင်သလို White Card ထုတ်ပေးသော တာဝန်မဲ့သူများကိုလည်း ပြင်းထန်စွာ ရှုတ်ချပါတယ်။ ကိုယ့်အကျိုးကိုသာကြည့်ပြီး သူတစ်ပါး အကျိုးယုတ်အောင် လုပ်သူများ ခင်ဗျားတို့ မတရားရထားသော ငွေများ ပြာပုံဘ၀ မဖြစ်ကြပါစေနဲ့ ... နိုင်ငံတော် အလံကို အလေးမပြု နိုင်ငံတော် သီချင်းကို မဆို၊ နိုင်ငံသားတွေကို စော်ကားနေသူကို ကျွန်တော်တို့ က ဘယ်လို စိတ်နဲ့ လက်ခံထားရမှာလဲ............လုံးဝ မဖြစ်နိုင်ဘူး။ ရခိုင်ပြည်ကို ကာကွယ်ပါ။ ရခိုင်ပြည်ကို တိုင်းရင်းသားအားလုံးစုပေါင်း ကယ်တင်ပါ။

Monday, October 28, 2013

မြန်မာ့အရေးကျွမ်းကျင်သူ Prof. Steinberg ကလူမျိုးဖြစ်မှုနှင့်တိုင်း ရင်းသားဖြစ်မှုကိုနားမလညိဘဲသန်းခေါင်စရင်းကောက်ခံပါက 2014 မှာပြသနာ တက်နိုင်ဟုသတိပေးပြီ -မြန်မာ့အရေးဟာတိုင်းရင်းသားလူနည်း စုပြသနာသာဖြစ် -ဒီမိုကရေစီရေးထက်လေးနက်