Friday, June 14, 2013
Tuesday, June 11, 2013
Sunday, June 9, 2013
** ရိုဟင်ဂျာ ဟူ၍ မရှိကြောင်းတင်ပြချက်*
ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲမဖြစ်မီ ဗိုလ်ချင်းပျံ အရေးအခင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောအရပ်ဒေသ၌ လူနေထိုင်မှု ဆိတ်သုဉ်းခဲ့ပါသည်။ ဘင်္ဂလီလူမျိုးတို့ သည် ထိုအချိန်က ယင်းဒေသတွင် လုံးဝ(လုံးဝ) မရှိပါ။ ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲပြီးနောက် ယင်းဒေသကို ကျွန်းအုပ် မောင်ညို အုပ်စိုးစဉ်ကာလ ၌ တစ်ဖက်နိုင်ငံ စစ်တကောင်းမှ ဘင်္ဂါလီများအား ခေါ်သွင်းခဲ့ရာမှ စခဲ့ရသည်။ ၁၈၆၉ ခုနှစ် ဒီဇင်ဘာလတွင် စူးအက်တူးမြောင်းဖွင့်သောအခါ ဗြိတိသျှအစိုးရက ရခိုင်လယ်ယာလုပ်ငန်းများကို တိုးချဲ့ လို၍ စစ်တကောင်း သား ဘင်္ဂါလီတို့ ကို နှစ်စဉ် အလုံးအရင်းနှင့် တင်သွင်းလာခဲ့သည်မှစ၍ စစ်တွေတစ်ခရိုင်လုံး ဘင်္ဂလီလူမျိုးတို့ ပျံ့ နှံသွားခဲ့ရသည်။ ဗြိတိသျှ ခေတ်မှစ၍ “ ဒေါက်တာ ဘနာဂျီ၏ သမိုင်းစာအုပ်” “ မောင်တောကျွန်းအုပ် ဦးမောင်ညိုမှတ်တမ်း” “ စစ်တွေခရိုင် ဂေဇက်တီးယား စာအုပ်များ” “ ဦးစံထွန်းအောင်၏ မှတ်တမ်းစာအုပ်များ” “ မင်းကြီး မစ္စတာဂျိမ်းစ်ဘတ်တာ ဦးဆောင်သော စုံစမ်းရေး အစီရင်ခံစာ” မြန်မာလွတ်လပ်ရေးစချိန် ရခိုင်အထူးတိုင်းမင်းကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဦးထင်ဖတ်(စာရေးဆရာကြီး မောင်ထင်) ၏ “ ရခိုင်တိုင်း အစီရင်ခံစာ ဆောင်းပါး” စသည်တို့ တွင် စစ်တကောင်းသား ဘင်္ဂါလီများသာ ဖြစ်ကြောင်း မှတ်တမ်းထားခဲ့သည်။ ထိုအချိန်တွင်လည်း ရိုဟင်ဂျာဆိုတော့ အမည်ရှိ လူမျိုးရှိကြောင်း မည်သူမျှ မဖော်ပြပါ။
ဗြိတိသျှ အစိုးရလက်ထက်တွင် မင်းကြီးမစ္စတာ ဂျိမ်းဘတ်စ်တာ ဦးဆောင်သော စုံစမ်းရေး ကော်မရှင်အဖွဲ့ က ရခိုင်နယ်စပ်ဒေသများနှင့် စစ်တွေခရိုင်တို့ ၌ စစ်တကောင်းသာ ဘင်္ဂါလီ ၀င်ရောက်လာမှုသည် ကြောက်မက်ဖွယ်ရာ တိုးတက်လာနေကြောင်း၊ ဤဘင်္ဂါလီများ ကျူးကျော် ၀င်ရောက်လာမှုကို မတားဆီးခဲလျှင် လူမျိုးရေး အဓိကရုဏ်း ဖြစ်လာနိုင်သည်ဟု အစီရင်ခံခဲ့ကြောင်း တွေ့ ရပါသည်။ ထိုသို့ စုံ စမ်းရေး ကော်မရှင်က သတိပေးခဲ့သည့်အတိုင်းပင် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းတွင် ဘင်္ဂါလီ လူမျိုးတို့ နှင့် ရခိုင်လူမျိုးအကြား ကြီးမား သော လူမျိုးရေး အဓိကရုဏ်းကြီး ဖြစ်ပေါ်စေခဲ့သည်။ ထိုအဓိကရုဏ်း၌ များစွာသော အပြင်မဲ့ ရခိုင် အမျိုးသမီးများ၊ ရခိုင်သက်ကြီးရွယ်အို များ၊ ရခိုင်လူမမယ်များ အသက်ဆုံးရှုံးခဲ့ရဘူးသည်။ မောင်တောနှင့် ဘူးသီးတောင်နယ်များ၌ အိမ်တစ်ဆောင်မကျန်၊ ရွာတစ်ရွာမကျန်၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှမကျန် မီးရှို့ ဖျက်ဆီးခံခဲ့ရဘူးသည်။ ထိုပြဿနာများကြောင့် များစွာသော မူလဌာနေ ရခိုင်အမျိုးသား တို့ သည် မိမိတို့ ၏ လယ်ယာမြေများ၊ မြို့ ရွာ၊ ဒေသအားလုံးကို စွန့် ခွာ၍ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ စသော မြို့ နယ်များသို့ ထွက်ပြေးခဲ့ကြရသည်။
ရခိုင်ပြည်ကို အင်္ဂလိပ်တို့ ဝင်လာစဉ်က စစ်တွေခရိုင် အုပ်ချုပ်ရေးအရာရှိ အရေးပိုင် မစ္စတာစမတ်၏ လူဦးရေသန်းခေါင်စာရင်းအရ ဘင်္ဂလီ သုံးသောင်းရှိသည်ဟု ဖော်ပြထားသည်။ ထို့ ကြောင့် အင်္ဂလိပ်ခေတ်တွင် ရိုဟင်ဂျာလူမျိုး လုံးဝ (လုံးဝ) မရှိကြောင်း ထင်ရှားသည်။ ရိုဟင်ဂျာလူမျိုးဟူ၍ ကမ္ဘာ့ သမိုင်းတွင်လည်းကောင်း၊ အရှေ့ တောင်အာရှ သမိုင်းတွင်းလည်းကောင်း မတွေ့ ရှိရပါ။ ရခိုင် ကိုမြန်မာတို့ သိမ်ပိုက်စဉ်ကလည်း ရခိုင်တွင် ဘင်္ဂလီလူမျိုးများ ရိုဟင်ဂျာလူများများရှိကြောင်း ရခိုင်သိမ်းမှတ်တမ်းများနှင့် မြန်မာ့သမိုင်း မှတ်တမ်းတွင်လည်း မတွေ့ ရှိပါ။ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းများတွင် နယ်ချဲ့ တို့ ကို မြန်မာတိုင်းရင်းသားများဆန့် ကျင်တိုက်ခိုက်စဉ်ကလည်း ရိုဟင်ဂျာလူမျိုးများ ပါဝင်ကြောင်း မတွေ့ ရှိရပါ။
လွပ်လပ်ရေး ရပြီးခေတ်တွင် ဘင်္ဂလီ တစ်ချို့ က မူဂျာဟစ် အမည်ခံကာ ၁၉၄၈ မှ ၁၉၆၀ ခုနှစ်အထိ ဆယ်နှစ်ဆယ်မိုး ဆိုးသွမ်းဆူပူ သောင်းကျန်းလာခဲ့သည်။ ၁၉၅၁ ခုနှစ် ဇူလိုင်လတွင် မောင်တောမြို့ နယ်တောင်ပိုင်း အလယ်သန်ကျော် ကျေးရွာ၌ မူဂျာဟစ်ဆိုသူများနှင့် အရပ်ရပ်မှ သောင်းကျန်းသူ ဘင်္ဂလီခေါင်းဆောင်များ ပူးပေါင်းကာ ညီလာခံကျင်းပပြီး ဖ.ဆ.ပ.လ အစိုးရသို့ အိတ် ဖွင့်ပေးစာ ပေး၍ “ မွတ်ဆလင်ပြည်နယ်” ဖွဲ့ စည်းပေးရန် စတင်တောင်းဆိုလာခဲ့ကြသည်။ ၁၉၅၁ သြဂုတ်လတွင် ဘူးသီးတောင်ပါလီမန် အမတ် Abdul Gaffa အဗ္ဗဒူဂါဖားက ရန်ကုန်မြို့ ထုတ် Guardian ဂါးဒီးယန်း သတင်းစာတွင် ရိုဟွန်ညာ(နောင် ရိုဟင်ဂျာ) ဟူသော လူမျိုးသစ်တစ်ခုတီထွင်ကာ အင်္ဂလိပ်ဘာသာဖြင့် စတင်ဖော်ပြသုံးစွဲလာခဲ့သည်။ ထိုသို့ အဗ္ဗဒူဂါဖား လိမ်ညာမှုကို ရန်ကုန်တက္ကသိုလ် ကျောင်းသား ကိုဖေါ်ဇံက ၁၉၅၁ ခုနှစ် စက်တင်ဘာထုတ် ဂါးဒီးယန်း သတင်းစာ၌ပင် လိမ်ညာမှုအဖြစ် ဝေဖန်ပယ်ချတုန့် ပြန်ရေးသားခဲ့ သည်။
ရှေးအခါကပင် ရခိုင်တိုင်းရင်းသားများနှင့် အေးအတူပူအမျှ နေထိုင်လာကြသောရခိုင် မျိုးနွယ်စုများမှာ တောင်သား၊ ချောင်းသား၊ ရမ်းဗြဲသား၊ သက်၊ မြို၊ ခမွီး၊ ဒိုင်းနက်များ ဖြစ်သည်ဟု RB Smart ၏ Akyab District Gazetter တွင်သေချာ သုတေသန ပြု ဖော်ပြထား သည်။ ၎င်းအပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ မှ အတည်ပြုထားသော ပြည်ထော်စုဖွားတိုင်းရင်းသားလူမ
Posted on 7:49 PM
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ၂၀၁၂ ခု ဇွန်လတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသား အများအပြားသေဆုံးသွားခဲ့ရာ ၎င်းတို့အား ၀မ်းနည်းအောက်မေ့သော အထိမ်းအမှတ်အဖြစ် တစ်နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားအား ရခိုင်ပြည်
ကျောင်းသားသမဂ္ဂမှ ကြီးမှူးကာ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်၊
ဘသာခွဆုံ၊ သမ္မာ သင်္ကပ္ပဓမ္မာရုံတွင် ညနေ ၁ နာရီမှ ၄ နာရီခန့်အထိ
ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနဲ့ ပတ်သက်၍ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မင်းစောခိုင်က "
ဒီအခမ်း အနားကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၂၀၁၂ ဇွန်လ အရေးအခင်းမှာ
သေဆုံးသွားတဲ့ ရခိုင်သူရဲကောင်းတွေကို လွမ်းဆွတ်တဲ့အနေနဲ့ နောက်ပြီးတော့
ရခိုင်တစ်မျိုးသားလုံးရဲ့ အသိစိတ်ဓာတ်ထဲမှာ ဒီလိုမျိုး ပေးဆပ်လိုက်ရတဲ့
နေ့တနေ့ကို စိတ်ထဲမှာ အမြဲတမ်း စည်းရုံးနေပြီးတော့ နောက်ဒီလိုမျိုး
ပေးဆပ်ရမည့် အခြေအနေတွေကို မဖြစ်ပေါ်လာနိုင်အောင်အတွက်
ကြိုတင်စည်းရုံးပြီးတော့ ကြိုတင်ပြင်ဆင်ထားဖို့ ရည်ရွယ်ချက်နဲ့
ကျင်းပပြုလုပ်ရတာဖြစ်တယ်။ " ဟု ပြောသည်။
အခမ်းအနားတွင် ရခိုင်ကဗျာ ဆရာများမှ ကဗျာရွက်ဆိုပြီး ရခိုင်အဆိုတော် ဒိုးရီမှ " နွားကွဲလို့ ကျားဆွဲရေနိ" သီချင်းအား သီဆိုကာ အခမ်းအနားကို အဆုံးသတ်ခဲ့သည်။
ရခိုင်လူမျိုးများ စည်းလုံးမှုမရှိ၍ ခံရခြင်းဖြစ်ရာ နောင်ကို အချင်းချင်းစည်းလုံးစေလိုသောဆန္ဒဖြင့် အခမ်းအနားတွင် "နွားကွဲလို့ ကျားဆွဲရေနိ" သီချင်းအား သီဆိုခဲ့သည့် ရခိုင်အဆိုတော် ဒိုးရီက "
ကျနော် ဒီသီချင်းကို ရေးထားတာ အရေးအခင်းဖြစ်နေတဲ့ ကာလတုန်းကပင် ရင်ထဲက
ခံစားချက်နဲ့ ရေးထားတာဖြစ်တယ်။ ဒီသီချင်းကို တစ်ကိုယ်တော်
စီးရီးခွေမှာသုံးဖို့ စဉ်းစားထားပေမယ့် ဒီလိုနေ့မျိုးမှာ အမှတ်တရအနေနဲ့
ဆိုပြလိုက်ရတာ ပိုက်ဆံမရရင်လည်း နေပါစေ၊ အဓိက ကျနော်ပြောချင်တာက
ဘယ်လူမျိုးပင်မဆို စည်းလုံးမှုမရှိတဲ့အတွက် ခံရတာဖြစ်တယ်
အဓိကစည်းလုံးနေပြီးတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီနေပြီး လေးစားဖို့
လိုအပ်ပါတယ်၊ ဒါကြောင့် ကျနော်က "နွားကွဲလို့ ကျားဆွဲရေနိ" ဒီသီချင်း
ခေါင်းစဉ်မှာ ထည့်လိုက်ရတာ ဖြစ်ပါတယ်။ " ဟု ဆိုသည်။
ရခိုင်ပြည်တွင် ဖြစ်ပေါ်နေသော ဘင်္ဂလီ - ရခိုင်
ပဋိပက္ခများသည် ရခိုင်ပြည်တွင် ဘင်္ဂများရှိနေသမျှ အခါအားလျှော်စွာ
ဖြစ်ပေါ်နေမည်ဖြစ်ပြီး ဘင်္ဂလီများ မရှိမှသာလျှင် အဆိုပါပြဿနာများ
ငြိမ်းချမ်းသွားမည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ
အတွင်းရေးမှူး ခိုင်ပြည်စိုးက မှတ်ချက်ပေးခဲ့သည်။
" ရခိုင်ပြည်မှာ ကုလားရှိနေသမျှ
ကာလပတ်လုံး ရခိုင်လူမျိုးတွေကို အာဏာမလွှဲအပ်မှီကာလ ပတ်လုံးမှာ
ဒီလိုပြဿနာမျိုး ဆက်ဖြစ်နေအုံးမှာပဲ၊ ဒါကြောင့် ဒီပြဿနာကို
ဖြေရှင်းဖို့အတွက် ကျနော်တို့မှာ တောင်းဆိုစရာသာရှိတယ်၊
ပြေလည်အောင်ဖြေရှင်းဖို့အတွက် ပြည်ထောက်စု အစိုးရမှာ အများကြီး
တာဝန်ရှိပါတယ်။ " ဟု ခိုင်ပြည်စိုးက အခမ်းအနားတွင် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂၀၁၂ ခု ဇွန်လမှစ၍
ရခိုင်ပြည်တွင် ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်ခဲ့ရာ ဒေသခံ
ရခိုင်တိုင်းရင်းသားများမှာ သေဆုံးခဲ့ရပြီး လူအများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ
လက်ရှိကာလအထိ အိုးမဲ့အိမ်မေ့ ဘ၀ကိုရောက်နေရဆဲဖြစ်သည်။ ဤသို့ဖြစ်ရပ်မျိုးသည်
ရခိုင်ပြည်တွင် တစ်ကြိမ်တစ်ခါ ဖြစ်ခြင်းမျိုးမဟုတ်ဘဲ လွန်ခဲ့သည့် ၁၉၄၂
ခုနစ်တွင်လည်း အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ရာ ရခိုင်တိုင်းရင်းသားများမှာ
အများအပြားသေဆုံးခဲ့ရပြီး ရခိုင်လူမျိုးများ
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရခြင်းဖြစ်သည်။
Posted on 7:19 PM
ဖါးရိုက်ထွက်ရာမှ မောင်တော နတလ ရွာသား တစ်ဦး ဓါးထိုးခံရ
သတင်း — June 9, 2013 at 6:41 pm
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နတလ စံပြကျေးရွာသားတစ်ဦး ဖါးရိုက်ထွက်ရာမှ ယမန်နေ့က ဓါးထိုး ခံရသည်ဟု သတင်း ရရှိသည်။
ဓါးထိုခံရသူမှာ မောင်တောမြို့နယ် ခရေမြိုင် နတလ စံပြကျေးရွာမှ အဖ ဦးရွှေလုံး၊ အမိ ဒေါ်ခင်မြတို့၏သား ဗမာ လူမျိုး ဦးအောင်သန်း ဖြစ်ကြောင်းသိရသည်။
အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ ကျေးရွာသား တစ်ဦးက ယခုလို ပြောပြသည်။
“ ကိုအောင်သန်း အပါအ၀င် ရွာသား ၉ ဦးက ညနေ ၈ နာရီခန့်မှာ ရွာသချိုင်းအနီးက လယ်ကွင်းတွေမှာ ဖါးရိုက်ထွက်ကြပါတယ်။ အဲသလို ဖါးရိုက်နေတဲ့ အချိန်မှာ အဲဒီ သချိုင်းကုန်း အောက်မှာ တည်ရှိတဲ့ ဘင်္ဂါလီရွာက ရွာသား ၂၀၀ ခန့်ထွက်လိုက်လာပါတယ်။ အဲဒါနဲ့ ဖါးရိုက်တဲ့ ရွာသားတွေက ပြန်ပြေးတော့ ကိုအောင်သန်း လမ်းမှားပြီး တစ်ယောက်တည်း လမ်းကွဲသွားတယ်။အဲဒီမှာ သူတို့ဆီမှာ ဓါးထိုးခံလိုက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကိုအောင်သန်းမှာ ဓါးဒဏ်ရာဖြင့် ညနေ ၁၀ နာရီခန့်တွင် ရွာသို့ ပြန်ရောက်ရှိလာခဲ့ပြီး ရွာရှိ ကျန်းမာရေးဆေးခန်းတွင် ကုသနေသည်ဟု ပြောသည်။
“ ဒဏ်ရာကတော့ သိပ်မပြင်းဘူး။ ဆေးခန်းမှာဘဲ ကုသနေတယ်။ ရောက်တာနဲ့ သက်ဆိုင်ရာကို အမူဖွင့် တိုင်ကြားထားပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ဖြစ်ပွားခဲ့မူကို အပြင်သို့ သတင်း မပေါက်ကြားရန် ရွာသားများကို အာဏာပိုင်များက ပြောကြားထားသည်ဟု သိရသည်။ narinjara
Posted on 7:12 PM
မလေးရောက်မြန်မာများ ပြည်တော်ပြန်ကြလေပြီ........
မလေးရှားနိုင်ငံတွင် မြန်မာလူမျိုးများ ရက်ဆက်ဆိုသလို နေ့တိုင်း အသတ်ခံရ၊ တိုက်ခိုက်ခံရ မူတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာလူမျိုးများ ပြန်တော်ပြန်ဖို့ စီစဉ်လာကြတယ်လို့ Myanmar Daily News မှ သိရပါတယ်။
လက်ရှိအချိန်အထိ ပြဿနာကို နှစ်နိုင်ငံ သံတမန်ရေးရာများဖြင့် ဆွေးနွေးဖြေရှင်း အဖြေရှာမှုတွေ မလုပ်ပဲ မလေးရှားအစိုးရမှ ၀င်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် မြန်မာများ ဌာနေပြန်ဖို့စီစဉ်လာကြတယ်လို့ ကပုန်းမှာနေထိုင်တဲ့ ကိုဂျွန် ဆိုသူက ကျွန်တော်တို့ Myanmar Daily News ကို အခုလိုပြောပြလာပါတယ်။ “ အမှန်ပြောရင် ကျွန်တော်တို့ ဒီကနေ မပြန်ချင်သေးဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော့် မိသားစုက သိပ်အဆင်ပြေတာမဟုတ်ဘူး။ ကျွန်တော်က မုံရွာကပါ။ မြန်မာပြည်ပြန်ရင် ဘာလုပ်ရမလဲဆိုတာပဲ တွေးပြီး ရင်လေးမိတယ်။ တစ်လကို အနည်းဆုံး ၂ သိန်းလောက် ၀င်ငွေရအောင် မြန်မာနိုင်ငံမှာ ဘာလုပ်ရမလဲဆိုတာစဉ်းစားပြီး ရင်လေးမိတယ်။ ကျွန်တော့် သမီးက ဒီနှစ်ဆို ၁၀ တန်းတက်မှာ သားက ၆ တန်း ..စဉ်းစားကြည့်ဗျာ.ကျောင်းစရိုက
ဒီနိုင်ငံမှာအလုပ်လုပ်နေတော့ ကျွန်တော် တစ်လကို ၃ သိန်းလောက် အမြဲပို့ပေးနိုင်တယ်။ အခု ဒီလိုပြဿနာတွေဖြစ်လာတော့ ငွေထက် အသက်ကတန်ဖိုးရှိတာသိပေမယ့် တကယ်တွေးကြည့်ပြီး ပြန်ရမှာ ရင်လေးမိတယ်။ လက်ရှိအချိန်အထိ မလေးအစိုးရကလည်း လူသတ်တရားခံကို ဖော်ထုတ်တာမရှိပဲ နေရာတကာ ၀င်ရောက်ဖမ်းဆီးနေတော့ ကျနော်တို့လို o သမားတွေအတွက် အတော် အခက်ဖြစ်တယ်။ ဒီအစိုးရလုပ်တာ ၀ါးလုံးရှည်လိုက်ရမ်းနေတာနဲ့တူေ
ဒီတော့ ကျွန်တော်တို့ မြန်မာပြည်ပြန်ဖို့ပဲ စီစဉ်လာရတာပေါ့။” ဟု Myanmar Daily News ကို ပြောပြလာခဲ့တာပါ။
လက်ရှိအချိန်အထိပဲ မလေးရှားတွင် တည်ငြိမ်မှုမရှိပဲ ပြဿနာများ တစ်နေ့ပြီးတစ်နေ့ ဆက်လက်ဖြစ်ပွားနေမှုကြောင့် မြန်မာလူမျိုးများ အခက်အခဲတွေနဲ့ ရင်ဆိုင်နေပြီး ဘယ်နေ့ ကိုယ်နေထိုင်တဲ့ဖက်မှာ ပြဿနာဖြစ်လာမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ အလုပ်လုပ်နေရတာကိုတော့ ဒမ်မာဆာရ ဘက်က မသန္တာနွယ် က Myanmar Daily News ကို အခုလိုပြောပါတယ်။
ဒီနေ့ မြို့ထဲလာတာတောင် တော်တော်လေး ရင်တထိတ်ထိတ်နဲ့..စာအုပ်လည်း လက်ထဲရှိတယ်ဆိုပေမယ့် ကြောက်နေရတာ။ အခုက စာအုပ်ရှိသူရော မရှိသူရောပဲ အားလုံးကြောက်နေရတဲ့အချိန်လေ။ မြို့ထဲမလာလို့လည်းမဖြစ်။ ဆိုင်ပစ္စည်းတွေက ကုန်ပြီဆိုတော့ မလာမဖြစ် လာရပေမယ့် ကြောက်ကြောက်လန့်လန့်နဲ့ပဲ သွားလာနေရတယ်။ အမတို့နေတဲ့ဖက်ကိုလည်း အော်ပရာစီဝင်မယ်လို့ သတင်းထွက်နေတော့ ဘယ်တော့ ၀င်ဖမ်းမလဲဆိုပြီး တွေးကြောက်ပြီး နေနေရတယ်။ တကယ်ခေတ်မကောင်းတာပဲ..မလေးမှာ ဒီလိုတစ်ခါမှ မကြုံဖူးသေးဘူး။ အမ တို့နားက မြန်မာတွေ တော်တော်များများလည်း ပြန်ဖို့ပဲ ပြောနေကြတယ်” ဆိုပြီး ပြောပါတယ်။
Posted on 5:26 PM
Subscribe to:
Posts (Atom)