Thursday, April 11, 2013

ရက္ခိုင့်တပ်မတော် (၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

သတင်း — April 11, 2013 at 11:19 pm


၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် ကျရောက်သော ရက္ခိုင့်တပ်မတော် (၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ရက္ခိုင့်တပ်မတော်၊ ဗဟိုဌာနချုပ်၊ ယာယီအခြေစိုက်ရာ မဟာမိတ်နယ်မြေတစ်နေရာ၌ အောင်မြင်စွာဖြင့် ကျင်းပပြီးစီးသွားခဲ့ကြောင်း ရက္ခိုင်တပ်မတော် စစ်ရုံးချုပ်၏ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။
ARAKAN-ARMY-DAY-(1)
အခမ်းအနားသို့ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိကြီးများ၊ ရှေ့တန်းစစ်စခန်းများ မှ စစ်ကြောင်းမှူးများ၊  စစ်ဒေသအသီးသီးမှ ကိုယ်စားလှယ်များနှင့် စစ်သည် စစ်မယ်များ၊ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ထိပ်ပိုင်းခေါင်းဆောင်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
          အခမ်းအနားကို အစီအစဉ် ပထမပိုင်းနှင့် ဒုတိယပိုင်းဟူ၍ နှစ်ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။
နံနက်(၆)နာရီတွင် အခမ်းအနားအစီအစဉ် ပထမပိုင်းကိုကျင်းပရာ ပထမဦးစွာ စစ်ရေးပြကွင်းအတွင်းသို့ စစ်ကြောင်းကြီးများ ချီတက်နေရာယူကြသည်။ ယင်းနောက် စစ်ဦးစီးချုပ် ရောက်ရှိလာပြီး စစ်ကြောင်းကြီးများ၏ အလေးပြုခြင်းကို ခံယူသည်။ ဆက်လက်၍ ရက္ခိုင့်တပ်မတော်မှ နိုင်ငံနှင့်လူမျိုးအတွက် ခံယူအပ်သော သစ္စာအဓိဋ္ဌာန် (၅)ချက်ကို ရွတ်ဆိုကြသည်။
          စစ်ဦးစီးချုပ်က တပ်မတော်နေ့မိန့်ခွန်းကို ပြောကြားရာတွင် “မိမိတို့ ရက္ခိုင့်တပ်မတော်ဟာ ရဲရင့်တဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ အသွေးအသား၊ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ သွေး၊ ချွေး၊ မျက်ရည်၊ တိုက်ပွဲ အတွေ့အကြုံတွေ၊ သံမဏိ စိတ်ဓာတ်နဲ့ ထုဆစ်ထားတဲ့ မျိုးချစ်ရဲဘော်တွေနဲ့ ဖွဲ့စည်းထားတယ်။ အဖရက္ခိုင်ပြည်အတွက် ဘယ်တော့အခါမှ အလံမလဲတဲ့ တပ်မတော်ဖြစ်တယ်။ ဒီနေ့ ဒီအချိန်မှာ ရက္ခိုင့်တပ်မတော်ကို ရက္ခိုင်လူ့အဖွဲ့အစည်းက ကောင်းကောင်းကြီး အားကိုးမျှော်လင့် တောင့်တနေကြတယ်။  မိမိတို့အနေနဲ့  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အမျိုးသားရေးသတိ၊ တော်လှန်ရေးအသိ၊ နိုင်ငံရေး ပရိယာယ်တွေကို အခြေခံပြီးတော့ ပိုပြီးကြိုးစားဖို့လိုအပ်တယ်။ မိမိတို့ ရက္ခိုင့်တပ်မတော်အနေနဲ့ လက်တွေ့ကျတဲ့ အမျိုးသားရေးလမ်းစဉ်ချမှတ်ရေး၊ အမျိုးသားညီညွတ်ရေး လုပ်ငန်းတာဝန်တွေကိုလည်း တစ်ပြိုင်နက်တည်းမှာ ကြိုးစား ဆောင်ရွက်နေတယ်။ ရက္ခိုင်အမျိုးသား အကျိုးစီးပွားအတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲဆောင်ရွက်သွားဖို့ အသင့် ရှိတယ်။ မိတ်ဆွေကောင်းတွေကိုလည်း မဟာဗျူဟာကျကျ တည်ဆောက်သွားရမှာဖြစ်တယ်။ ဘဝတူ၊ မျှော်မှန်းချက်တူ မိတ်ဆွေတွေနဲ့ စစ်ရေး၊ နိုင်ငံရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမယ်” စသည်ဖြင့် အကျယ်တဝင့် ပြောကြားသွားခဲ့ ကြောင်း သိရှိရသည်။
          ယင်းနောက် စစ်ဦးစီးချုပ်အား စစ်ကြောင်းကြီးများမှ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ နံနက် (၇)နာရီအချိန်တွင် အစီအစဉ်ပထမပိုင်းကို ပြီးစီးခဲ့ကြောင်း သိရှိရသည်။
    ARAKAN-ARMY-DAY-(2)
      ဆက်လက်ပြီး အစီအစဉ်ဒုတိယပိုင်းကို နံနက်(၇)နာရီခွဲအချိန်တွင် ဆက်လက်ကျင်းပရာ ရက္ခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မဟာမိတ်အဖွဲ့အစည်းများ ကိုယ်စား ကေအိုင်အေ မဟာဗျူဟာလေ့လာရေးဌာန၊ ဌာနကြီးမှူးဗိုလ်မှူးကြီးဇော်တောင်က ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားခဲ့ကာ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ပြီးနောက် အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော ဧည့်ပရိတ်သတ် (၅၀၀)ခန့်အား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်ဟု သိရှိရသည်။
          (၄)နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ကို အမျိုးသားတော်လှန်ရေး အနှစ်သာရရှိရှိ စည်းကားသိုက်မြိုက်စွာ ပြုလုပ် ကျင်းပရန် ရည်ရွယ်စီမံထားခဲ့သော်လည်း စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် အချိန်အကန့်အသတ်ရှိခြင်း၊ တပ်ဖွဲ့ဝင်အများစုမှာ ရှေ့တန်းစစ်မျက်နှာများတွင် တာဝန်ထမ်းဆောင်နေရခြင်းစသည့် အနေအထားများကြောင့် ပုံမှန်သာ ပြုလုပ်နိုင်ခဲ့သည့်အတွက် ပြည်သူလူထုများအနေဖြင့် နားလည်မှုပေးကြစေလိုကြောင်း ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောဆိုသည်။ NARINJARA

သင်ရဲ့တစ်ခြားသောသူအပေါ်ထားသော မေတ္တာသည် သေချာပေါက် သင့်ဆီ ပြန်လာမှာပါ

ရခိုင်ပြည်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက လုံးဝသည်းခံမည် မဟုတ်ဟု ဒေါက်တာအေးမောင် သတိပေး


ရခိုင်ပြည်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက လုံးဝသည်းခံမည် မဟုတ်ဟု ဒေါက်တာအေးမောင် သတိပေး

ရခိုင်ပြည်နယ်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက အနောက်ဖက် တံခါးကို စောင့်ရှောက်နေသော ရခိုင်တိုင်းရင်းသားများ အနေဖြင့် လုံးဝ သည်းခံမည် မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်က အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သတိပေးပြော
ကားလိုက်သည်။

"ရခိုင်ရေမြေနှင့် နယ်မြေတွေကို တစ်ဖက်နိုင်ငံရဲ့ လောင်းရိပ်အောက်ကို ဆွဲသွင်းမည်ဆိုရင် ရခိုင်တိုင်းရင်းသားများ လုံးဝသည်းမခံဘူး" ဟု ၄င်းက ဆိုသည်။

ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားရေး လက္ခဏာ ထိမ်းသိမ်းသွားမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၏ အမျိုးသား လက္ခဏာများ မပျောက်ရေးတာဝန်မှာ ပြည်ထောင်စု တစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်က ရှင်းပြသည်။

ဘင်္ဂါလီ လူဦးရေ တိုးပွါးမှု မြင့်မားလာမှုနှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွါးခဲ့သော ဆူပူ အကြမ်းဖက်မှုများသည် ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားလက္ခဏာကို ခြီမ်းခြောက်နေပြီလောဟု ရခိုင်တိုင်းရင်းသားများမှာ စိုးရိမ်ပူပန်နေကြကြောင်း ၄င်းက ပြောကြားသည်။

ရမ်းဗြဲမြို့နယ်တွင် ရခိုင်တိုင်းရင်းသား လူမျိုးစု တစ်ခုဖြစ်သော ကမန် လူမျိုး နှစ်သောင်းခန့်ကို မှီကာ ဘင်္ဂါလီလူမျိုး သုံးသိန်းခန့် လူမျိုးရေး ၀ါးမျိုမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။

ဘင်္ဂါလီလူမျိုးများက ၄င်းတို့ကို နိုင်ငံသား အဖြစ်သတ်မှတ်ရန် ၁၉၈၂ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောဆိုထားကြပြီး
ရခိုင်ပြည်နယ်တွင် ရှိသော လူဦးရေ တစ်ဝက်ကျော်သည် ဘင်္ဂါလီလူမျိုးများ ဖြစ်သည်။

ဘင်္ဂါလီများ ယင်းသို့ နိုင်ငံသားဖြစ်ရန်တောင်းဆိုထားသော်လည်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုး ၁၃၅မျိုးတွင် ဘင်္ဂါလီလူမျိုးမပါဝင်ပေ။

ရခိုင်ပြည်နယ် ဖြစ်စဉ်များကို သေသေချာချာ ကိုင်တွယ် မဖြေရှင်းနိုင်ပါက ရခိုင်လူမျိုးများကို ဘင်္ဂါလီ များက တဖြည်းဖြည်း ၀ါးမျိုလာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြေအနေဖြစ်သည်။


ရခိုင် အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားနေသော
ဒေါက်တာ အေးမောင် ကိုတွေ့ရစဉ်

ဓါတ်ပုံ - The Voice Weekly
Credit ;မျိုးချစ်မြန်မာလူငယ်များ အဖွဲ့ 


ရခိုင်ပြည်နယ်ကို တစ်ဖက်နိုင်ငံ၏ လောင်းရိပ်အောက်ကို ဆွဲသွင်းပါက အနောက်ဖက် တံခါးကို စောင့်ရှောက်နေသော ရခိုင်တိုင်းရင်းသားများ အနေဖြင့် လုံးဝ သည်းခံမည် မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်က အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် သတိပေးပြော
ကားလိုက်သည်။

"ရခိုင်ရေမြေနှင့် နယ်မြေတွေကို တစ်ဖက်နိုင်ငံရဲ့ လောင်းရိပ်အောက်ကို ဆွဲသွင်းမည်ဆိုရင် ရခိုင်တိုင်းရင်းသားများ လုံးဝသည်းမခံဘူး" ဟု ၄င်းက ဆိုသည်။

ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားရေး လက္ခဏာ ထိမ်းသိမ်းသွားမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ၏ အမျိုးသား လက္ခဏာများ မပျောက်ရေးတာဝန်မှာ ပြည်ထောင်စု တစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်က ရှင်းပြသည်။

ဘင်္ဂါလီ လူဦးရေ တိုးပွါးမှု မြင့်မားလာမှုနှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွါးခဲ့သော ဆူပူ အကြမ်းဖက်မှုများသည် ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားလက္ခဏာကို ခြီမ်းခြောက်နေပြီလောဟု ရခိုင်တိုင်းရင်းသားများမှာ စိုးရိမ်ပူပန်နေကြကြောင်း ၄င်းက ပြောကြားသည်။

ရမ်းဗြဲမြို့နယ်တွင် ရခိုင်တိုင်းရင်းသား လူမျိုးစု တစ်ခုဖြစ်သော ကမန် လူမျိုး နှစ်သောင်းခန့်ကို မှီကာ ဘင်္ဂါလီလူမျိုး သုံးသိန်းခန့် လူမျိုးရေး ၀ါးမျိုမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။

ဘင်္ဂါလီလူမျိုးများက ၄င်းတို့ကို နိုင်ငံသား အဖြစ်သတ်မှတ်ရန် ၁၉၈၂ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောဆိုထားကြပြီး
ရခိုင်ပြည်နယ်တွင် ရှိသော လူဦးရေ တစ်ဝက်ကျော်သည် ဘင်္ဂါလီလူမျိုးများ ဖြစ်သည်။

ဘင်္ဂါလီများ ယင်းသို့ နိုင်ငံသားဖြစ်ရန်တောင်းဆိုထားသော်လည်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုး ၁၃၅မျိုးတွင် ဘင်္ဂါလီလူမျိုးမပါဝင်ပေ။

ရခိုင်ပြည်နယ် ဖြစ်စဉ်များကို သေသေချာချာ ကိုင်တွယ် မဖြေရှင်းနိုင်ပါက ရခိုင်လူမျိုးများကို ဘင်္ဂါလီ များက တဖြည်းဖြည်း ၀ါးမျိုလာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြေအနေဖြစ်သည်။


ရခိုင် အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားနေသော
ဒေါက်တာ အေးမောင် ကိုတွေ့ရစဉ်

ဓါတ်ပုံ - The Voice Weekly
Credit ;မျိုးချစ်မြန်မာလူငယ်များ အဖွဲ့ 

Wednesday, April 10, 2013

နိုင်ငံတကာ မြောက်ကိုရီးယားခြေလှမ်း တပ်လှန့်စောင့်ကြည့်မှု အဆင့်မြှင့်

ရိုးတောင်နားက အမ်းသားချေ shared Sa Maung's photo.
နိုင်ငံတကာ

မြောက်ကိုရီးယားခြေလှမ်း တပ်လှန့်စောင့်ကြည့်မှု အဆင့်မြှင့်

တောင်ကိုရီးယားနဲ့ အမေရိကန်က မြောက်ကိုရီးယား အခြေအနေကို သေချာစောင့်ကြည့်မှု အရှိန်မြှင့် (၁၀ ဧပြီ ၂၀၁၃)

ဗွီအိုအေ(မြန်မာဌာန)   10.04.2013

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် ပစ်လွှတ် စမ်းသပ်လာနိုင်ခြေ ရှိတဲ့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေရဲ့ အသင့်အနေအထားကို အဆင့်မြှင့်တင်ထားပါတယ်။
 
နှစ်နိုင်ငံ ပူးတွဲတပ်ဖွဲ့တွေရဲ့ အသင့်အနေအထားကို WatchCon 2 အဆင့်ထိ မြှင့်တင်ထားတယ်လို့ တောင်ကိုရီးယား အစိုးရ အာဘော်တပိုင်း Yonhap သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တာကြောင့် အဲ့ဒါဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာနိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်။
 
တာလတ် ဒုံးကျည်တစ်စင်း ပစ်လွှတ်စမ်းသပ်ဖို့ ပြင်ဆင်မှုတွေရဲ့ နောက်ဆုံးအဆင့် ကို မြောက်ကိုရီးယား ရောက်နေပြီဆိုတာ ကြောင့် အိမ်နီးချင်းနိုင်ငံတွေ သတိနဲ့ စောင့်ကြည့်နေကြပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်မ်အီဆွန်း (Kim Il-sung) ရဲ့ မွေးနေ့ဖြစ်တဲ့ လာမယ့် တနင်္လာနေ့ ပတ်ဝန်းကျင်လောက်မှာ ဒုံးကျည် ပစ်လွှတ်စမ်းသပ်ဖွယ် ရှိတယ်လို့ လေ့လာသူကတချို့က ခန့်မှန်းပါတယ်။

မြောက်ကိုရီးယားဟာ သူတို့ရဲ့ ဒုံးကျည်အသစ်တွေထဲက တစ်စင်းကို အချိန်မရွေး ပစ်လွှတ် စမ်းသပ်လာနိုင်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗြောင်စီ (Yun Byung-se) က ဗုဒ္ဓဟူးနေ့မှာပဲ လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။
 
တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်ပိုင် Guam ကျွန်းတို့ဟာ မြောက်ကိုရီးယားက မစမ်းသပ်ရသေးတဲ့ Musudan ဒုံးကျည် ရောက်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိနေပါတယ်။


တောင်ကိုရီးယားနဲ့ အမေရိကန်က မြောက်ကိုရီးယား အခြေအနေကို သေချာစောင့်ကြည့်မှု အရှိန်မြှင့် (၁၀ ဧပြီ ၂၀၁၃)

ဗွီအိုအေ(မြန်မာဌာန) 10.04.2013

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် ပစ်လွှတ် စမ်းသပ်လာနိုင်ခြေ ရှိတဲ့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေရဲ့ အသင့်အနေအထားကို အဆင့်မြှင့်တင်ထားပါတယ်။

နှစ်နိုင်ငံ ပူးတွဲတပ်ဖွဲ့တွေရဲ့ အသင့်အနေအထားကို WatchCon 2 အဆင့်ထိ မြှင့်တင်ထားတယ်လို့ တောင်ကိုရီးယား အစိုးရ အာဘော်တပိုင်း Yonhap သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တာကြောင့် အဲ့ဒါဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာနိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်။

တာလတ် ဒုံးကျည်တစ်စင်း ပစ်လွှတ်စမ်းသပ်ဖို့ ပြင်ဆင်မှုတွေရဲ့ နောက်ဆုံးအဆင့် ကို မြောက်ကိုရီးယား ရောက်နေပြီဆိုတာ ကြောင့် အိမ်နီးချင်းနိုင်ငံတွေ သတိနဲ့ စောင့်ကြည့်နေကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်မ်အီဆွန်း (Kim Il-sung) ရဲ့ မွေးနေ့ဖြစ်တဲ့ လာမယ့် တနင်္လာနေ့ ပတ်ဝန်းကျင်လောက်မှာ ဒုံးကျည် ပစ်လွှတ်စမ်းသပ်ဖွယ် ရှိတယ်လို့ လေ့လာသူကတချို့က ခန့်မှန်းပါတယ်။

မြောက်ကိုရီးယားဟာ သူတို့ရဲ့ ဒုံးကျည်အသစ်တွေထဲက တစ်စင်းကို အချိန်မရွေး ပစ်လွှတ် စမ်းသပ်လာနိုင်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗြောင်စီ (Yun Byung-se) က ဗုဒ္ဓဟူးနေ့မှာပဲ လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်ပိုင် Guam ကျွန်းတို့ဟာ မြောက်ကိုရီးယားက မစမ်းသပ်ရသေးတဲ့ Musudan ဒုံးကျည် ရောက်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိနေပါတယ်။

သမ္မတ၏ ပြောကြားချက်အား ဒေသခံများ မကျေမနပ်ဖြစ်လျှက်ရှိ


သမ္မတ၏ ပြောကြားချက်အား ဒေသခံများ မကျေမနပ်ဖြစ်လျှက်ရှိ
-------------------------------------
၉.၄.၂၀၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ဆောင်ရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ''ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာက ဦးဆောင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ အကူအညီပေးရေး လုပ် ငန်းများ ဆောင်ရွက်ရန်နှင့် ယင်းအဖွဲ့သည် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်'' ဟုပြောကြားချက်ခဲ့ခြင်းကို ဒေသခံများက မကျေမနပ် ဖြစ်လျှက်ရှိပါသည်။ 
ဒေသခံ လူမှုအဖွဲ့အစည်းတခုမှ လူငယ်တစ်ဦးမှ “ ဒါကတော့ လုံးဝ လက်ခံနိုင်စရာမရှိဘူး။ ကျွန်တော်တို့က ၁၉၈၂ နှစ် လ၀က ဥပဒေအရ စီစစ်ပြီးမှ တရားဝင်သူတွေကို အိမ်ပိုင် ၊ ယာပိုင် ၊ မြေပိုင် ဆောက်လုပ်ခွင့်ပေးသင့်တယ်။ တရားမ၀င်သူတွေကိုတော့ အိုးပိုင်၊ အိမ်ပိုင် ပေးတာကိုတော့ လက်မခံနိုင်ဘူး။  ဒါကြောင်း ကျွန်တော်တို့ ရခိုင်တပြည်နယ်လုံး လူထု ဆန္ဒဖော်ထုတ်ခဲ့ကြပြီးပြီ။ တချို့ ဆန္ဒပြ ခေါင်းဆောင်တွေဆိုရင် တရားစွဲဆိုတောင်ခံထားရဆဲပါ။ ဒါကတော့ လုံးဝလက်ခံနိုင်တဲ့ ကိစ္စပဲ”ဟု ပြောပြသွားပါတယ်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ သမ္မတကြီး၏ ပြောကြားချက်များကို သုံးသပ်လျှက်ရှိပြီး လိုအပ်လျှင် ရခိုင်ပြည်နယ် တစ်ခုလုံး ကန့်ကွက် ဆန္ဒပြသွားမည်ဟု သိရှိရပါသည်။

------------------------------
-------
၉.၄.၂၀၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်မှာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ဆောင်ရေးကော်မတီအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ''ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာက ဦးဆောင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ အကူအညီပေးရေး လုပ် ငန်းများ ဆောင်ရွက်ရန်နှင့် ယင်းအဖွဲ့သည် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်ရေးတို့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်'' ဟုပြောကြားချက်ခဲ့ခြင်းကို ဒေသခံများက မကျေမနပ် ဖြစ်လျှက်ရှိပါသည်။
ဒေသခံ လူမှုအဖွဲ့အစည်းတခုမှ လူငယ်တစ်ဦးမှ “ ဒါကတော့ လုံးဝ လက်ခံနိုင်စရာမရှိဘူး။ ကျွန်တော်တို့က ၁၉၈၂ နှစ် လ၀က ဥပဒေအရ စီစစ်ပြီးမှ တရားဝင်သူတွေကို အိမ်ပိုင် ၊ ယာပိုင် ၊ မြေပိုင် ဆောက်လုပ်ခွင့်ပေးသင့်တယ်။ တရားမ၀င်သူတွေကိုတော့ အိုးပိုင်၊ အိမ်ပိုင် ပေးတာကိုတော့ လက်မခံနိုင်ဘူး။ ဒါကြောင်း ကျွန်တော်တို့ ရခိုင်တပြည်နယ်လုံး လူထု ဆန္ဒဖော်ထုတ်ခဲ့ကြပြီးပြီ။ တချို့ ဆန္ဒပြ ခေါင်းဆောင်တွေဆိုရင် တရားစွဲဆိုတောင်ခံထားရဆဲပါ။ ဒါကတော့ လုံးဝလက်ခံနိုင်တဲ့ ကိစ္စပဲ”ဟု ပြောပြသွားပါတယ်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ သမ္မတကြီး၏ ပြောကြားချက်များကို သုံးသပ်လျှက်ရှိပြီး လိုအပ်လျှင် ရခိုင်ပြည်နယ် တစ်ခုလုံး ကန့်ကွက် ဆန္ဒပြသွားမည်ဟု သိရှိရပါသည်။ FACEBOOK

စစ်တွေ ဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦး ကို ရုံးတင် တရားစွဲပြီ


မောင်အေး
စစ်တွေမြို့တွင် ခွင့်ပြုချက်မရဘဲ မတ်လ ၇ ရက်နေ့က စီတန်းလှည့်လည် ဆန္ဒပြသူများ အထဲမှ ဦးဆောင်သူ (၂) ဦးကို ယမန်နေ့က ရုံးတင် တရားစွဲဆိုလိုက်ပြီဟု သိရသည်။
Sittwe-protestတရားစွဲခံရသူ နှစ်ဦးမှာ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်မညိုအေးနှင့် ရခိုင်လူမှု ကွန်ယက်မှ ဦး ကျော်ဇောဦးတို့ ဖြစ်ကြသည်။
သူတို့ နှစ်ဦးကို စီတန်း လှည့်လည်မှု ဆိုင်ရာ ပုဒ်မ ၁၈ နှင့် အမှတ် ၁ ရဲစခန်းမှူး မိုးကျော် မှ တရားလို လုပ်ပြီး စစ်တွေ မြို့နယ်တရားရုံးတွင် ယမန် နေ့ နေ့လည်ပိုင်းက ရုံးတင် တရားစွဲဆိုခဲ့သည် ဟု ဒေါ်မညိုအေးက ပြောသည်။
“ကျမတို့က စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေကို ဖောက်ဖျက်တာမရှိဘူး။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဒို့ တာဝန် အရေးသုံးပါးကိုလည်း ထိခိုက်ခဲ့တာမရှိ။ ကျမတို့ လျှောက်လွှာကို မြို့နယ်ကို သာမက ပြည်နယ်အဆင့်ကိုလည်း တင်ခဲ့ပါတယ်။ ခွင့်ပြုချက်မပေးတာ ကျမတို့ အပြစ်လား၊ သူတို့အပြစ်လားဆိုတာ အားလုံးသိကြ မှာပါ။ ကျမတို့က ပြည်သူလူထု အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့ ကျမတို့ ဦးစီး ဦးဆောင်လုပ်တာ သာ ဖြစ်တယ်။ ဒါကြောင့် ကျမတို့ လျှောက်လဲချက်တင်ဖို့ အစီအစဉ်လုပ်နေပါတယ်” ဟု ဆိုသည်။
ဆန္ဒပြခွင့်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြို့နယ်အဆင့်တွင် တင်ပြခဲ့သော်လည်း ပါယ်ချ လိုက်သည့် အ တွက်မတ်လ ၁ ရက်နေ့တွင် ပြည်နယ်အဆင့်သို့ ခွင့်ပြုမိန့်တင်ခဲ့သည်။
ပြည်နယ်အဆင့်သို့ ခွင့်ပြုမိန့်တင်ပြီးနောက် ပြည်နယ်အဆင့် အာဏာပိုင်များက မြို့မိမြို့ဘများ၊ နိုင်ငံရေးပါတီများ မှ ခေါင်းဆောင်တချို့အပါအ၀င် ခွင့်ပြုမိန့်တင်သူ ဒေါ်မညိုအေးတို့ကို ခေါ်ယူ တွေ့ဆုံခဲ့သည်။
social-activists-Daw-Ma-Nyo-Ayeခွင့်ပြုမပြုကို ပြည်နယ် ၀န်ကြီးချုပ်၏ ဆုံးဖြတ်ချက်အပေါ် မူတည်ကြောင်း ပြောကြားခဲ့ပြီး တစ်စုံတစ်ရာ အကြောင်း  မပြန်သဖြင့် ခွင့်ပြုချက်မရှိဘဲ မတ်လ ၇ ရက်နေ့က စစ်တွေမြို့လမ်းမများပေါ် တွင် မြို့သူမြို့သားများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒဖေါ်ထုတ်ပွဲတွင်  ရဟန်းတော်များ အပါအ၀င် ထောင်နှင့်ချီသည့် မြို့လူထုက ဘင်္ဂလီဒုက္ခသည်များ အတွက် တူရကီ အစိုးရ အကူအညီဖြင့် နေအိမ် ၅၀၀၀ နီး ပါး ဆောက်ပေးမည့် အစီအစဉ်ကို နိုင်ငံသား ဟုတ် မဟုတ် စိစစ်ပြီးမှ နေရာ ချပေးရန် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
၎င်းပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြသည်။
ဒေသခံ တိုင်းရင်းသားများ ဆန္ဒကိုလေးစားပါ၊ ဒေသခံများ ဆန္ဒမပါဘဲ ဒေသအရေးမဆုံးဖြတ်ပါနှင့် စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲ အပြီးတွင် စစ်တွေရဲစခန်းမှ ဒေါ်မညိုအေးနှင့် ဦးကျော်ဇောဦးတို့ နှစ်ဦးကို ခေါ်ယူကာ တရားစွဲဆိုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ဧပြီလ ၉ ရက်နေ့တွင် စစ်တွေ မြို့နယ် တရားရုံးတွင် ရုံးတင် တရားစွဲဆိုခြင်း  ဖြစ်သည်။ လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် နောက်ထပ် ရုံးချိန်းပေးထား ကြောင်း သိရသည်။
“မနေ့က ကျမတို့ အာမခံငွေတော့ မပေးခဲ့ရဘူး။ အာမခံအတွက် လူ ၃ ဦး လိုပါတယ်။ အနည်းဆုံး တစ်ဦးမှာ သူတို့ ပိုင်ဆိုင်မှု ကျပ် ၅ သိန်းတန်ဖိုးရှိရမယ်။ ပြီးတော့ သူတို့က ကျမတို့ကို အမြဲတမ်းအာမ ခံထားရမယ် ဆိုဒါတွေကို ပြောလိုက်ပါတယ်”  ဟု ဒေါ်မညိုအေးက ဆက်ပြောသည်။
အလားတူ မတ်လ ၁၀ ရက်နေ့က ရသေ့တောင်မြို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ကိုတိုးတိုး၊ဦးသန်းဌေးနှင့် မတ်လ ၂၃ ရက်နေ့က ဘင်္ဂလီဒုက္ခသည်များအား အိမ်ဆောက်ပေးမည့်ကိစ္စကို ကန့်ကွက်သည့် တောင်ကုတ် ဆန္ဒပြပွဲ ဦးဆောင်သူ စိုးဝင်း အပါအ၀င် ၃ ဦးကိုလည်း အာဏာပိုင်များ မှ တရားစွဲဆိုထားကြောင်း သိရသည်။
မောင်အေး
စစ်တွေမြို့တွင် ခွင့်ပြုချက်မရဘဲ မတ်လ ၇ ရက်နေ့က စီတန်းလှည့်လည် ဆန္ဒပြသူများ အထဲမှ ဦးဆောင်သူ (၂) ဦးကို ယမန်နေ့က ရုံးတင် တရားစွဲဆိုလိုက်ပြီဟု သိရသည်။
Sittwe-protestတရားစွဲခံရသူ နှစ်ဦးမှာ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်မညိုအေးနှင့် ရခိုင်လူမှု ကွန်ယက်မှ ဦး ကျော်ဇောဦးတို့ ဖြစ်ကြသည်။
သူတို့ နှစ်ဦးကို စီတန်း လှည့်လည်မှု ဆိုင်ရာ ပုဒ်မ ၁၈ နှင့် အမှတ် ၁ ရဲစခန်းမှူး မိုးကျော် မှ တရားလို လုပ်ပြီး စစ်တွေ မြို့နယ်တရားရုံးတွင် ယမန် နေ့ နေ့လည်ပိုင်းက ရုံးတင် တရားစွဲဆိုခဲ့သည် ဟု ဒေါ်မညိုအေးက ပြောသည်။
“ကျမတို့က စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေကို ဖောက်ဖျက်တာမရှိဘူး။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဒို့ တာဝန် အရေးသုံးပါးကိုလည်း ထိခိုက်ခဲ့တာမရှိ။ ကျမတို့ လျှောက်လွှာကို မြို့နယ်ကို သာမက ပြည်နယ်အဆင့်ကိုလည်း တင်ခဲ့ပါတယ်။ ခွင့်ပြုချက်မပေးတာ ကျမတို့ အပြစ်လား၊ သူတို့အပြစ်လားဆိုတာ အားလုံးသိကြ မှာပါ။ ကျမတို့က ပြည်သူလူထု အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့ ကျမတို့ ဦးစီး ဦးဆောင်လုပ်တာ သာ ဖြစ်တယ်။ ဒါကြောင့် ကျမတို့ လျှောက်လဲချက်တင်ဖို့ အစီအစဉ်လုပ်နေပါတယ်” ဟု ဆိုသည်။
ဆန္ဒပြခွင့်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြို့နယ်အဆင့်တွင် တင်ပြခဲ့သော်လည်း ပါယ်ချ လိုက်သည့် အ တွက်မတ်လ ၁ ရက်နေ့တွင် ပြည်နယ်အဆင့်သို့ ခွင့်ပြုမိန့်တင်ခဲ့သည်။
ပြည်နယ်အဆင့်သို့ ခွင့်ပြုမိန့်တင်ပြီးနောက် ပြည်နယ်အဆင့် အာဏာပိုင်များက မြို့မိမြို့ဘများ၊ နိုင်ငံရေးပါတီများ မှ ခေါင်းဆောင်တချို့အပါအ၀င် ခွင့်ပြုမိန့်တင်သူ ဒေါ်မညိုအေးတို့ကို ခေါ်ယူ တွေ့ဆုံခဲ့သည်။
social-activists-Daw-Ma-Nyo-Ayeခွင့်ပြုမပြုကို ပြည်နယ် ၀န်ကြီးချုပ်၏ ဆုံးဖြတ်ချက်အပေါ် မူတည်ကြောင်း ပြောကြားခဲ့ပြီး တစ်စုံတစ်ရာ အကြောင်း  မပြန်သဖြင့် ခွင့်ပြုချက်မရှိဘဲ မတ်လ ၇ ရက်နေ့က စစ်တွေမြို့လမ်းမများပေါ် တွင် မြို့သူမြို့သားများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒဖေါ်ထုတ်ပွဲတွင်  ရဟန်းတော်များ အပါအ၀င် ထောင်နှင့်ချီသည့် မြို့လူထုက ဘင်္ဂလီဒုက္ခသည်များ အတွက် တူရကီ အစိုးရ အကူအညီဖြင့် နေအိမ် ၅၀၀၀ နီး ပါး ဆောက်ပေးမည့် အစီအစဉ်ကို နိုင်ငံသား ဟုတ် မဟုတ် စိစစ်ပြီးမှ နေရာ ချပေးရန် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
၎င်းပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြသည်။
ဒေသခံ တိုင်းရင်းသားများ ဆန္ဒကိုလေးစားပါ၊ ဒေသခံများ ဆန္ဒမပါဘဲ ဒေသအရေးမဆုံးဖြတ်ပါနှင့် စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲ အပြီးတွင် စစ်တွေရဲစခန်းမှ ဒေါ်မညိုအေးနှင့် ဦးကျော်ဇောဦးတို့ နှစ်ဦးကို ခေါ်ယူကာ တရားစွဲဆိုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ဧပြီလ ၉ ရက်နေ့တွင် စစ်တွေ မြို့နယ် တရားရုံးတွင် ရုံးတင် တရားစွဲဆိုခြင်း  ဖြစ်သည်။ လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် နောက်ထပ် ရုံးချိန်းပေးထား ကြောင်း သိရသည်။
“မနေ့က ကျမတို့ အာမခံငွေတော့ မပေးခဲ့ရဘူး။ အာမခံအတွက် လူ ၃ ဦး လိုပါတယ်။ အနည်းဆုံး တစ်ဦးမှာ သူတို့ ပိုင်ဆိုင်မှု ကျပ် ၅ သိန်းတန်ဖိုးရှိရမယ်။ ပြီးတော့ သူတို့က ကျမတို့ကို အမြဲတမ်းအာမ ခံထားရမယ် ဆိုဒါတွေကို ပြောလိုက်ပါတယ်”  ဟု ဒေါ်မညိုအေးက ဆက်ပြောသည်။
အလားတူ မတ်လ ၁၀ ရက်နေ့က ရသေ့တောင်မြို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ကိုတိုးတိုး၊ဦးသန်းဌေးနှင့် မတ်လ ၂၃ ရက်နေ့က ဘင်္ဂလီဒုက္ခသည်များအား အိမ်ဆောက်ပေးမည့်ကိစ္စကို ကန့်ကွက်သည့် တောင်ကုတ် ဆန္ဒပြပွဲ ဦးဆောင်သူ စိုးဝင်း အပါအ၀င် ၃ ဦးကိုလည်း အာဏာပိုင်များ မှ တရားစွဲဆိုထားကြောင်း သိရသည်။  NARINARA

မောင်တောမှာ ALD ရုံးလာဖွင့်တဲ့ ဆရာ ဦးကျော်ထွန်းအောင်နဲ့ အင်တာဗျူး


ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) မောင်တောမြို့နယ်ရုံးကို ဗဟိုက ခေါင်းဆောင်တွေ လာရောက်  ဖွင့်လှစ်ခဲ့ပါတယ်။ အဲသလို ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းမှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟို ကော်မီတီဝင် တစ်ဦး ဖြစ်တဲ့ ဦးကျော်ထွန်းအောင်ကို နိရဉ္စရာက ဖုံးထဲက တဆင့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။ ဆရာ ဦးကျော်ထွန်းအောင် က အခုလို ပါတီရဲ့ သဘောထား၊ ရပ်တည်ချက်နဲ့ အနာဂတ် မျှော်မှန်းချက်တွေကို ခုလို ပြောပြပါတယ်။
(ဆရာတို့ မောင်တောမှာ ALD ရုံး လာဖွင့်တယ်လို့ သိရပါတယ်။ ဘယ်နေ့က ဖွင်လည်း။ အချိန် နေရာတွေကို နည်းနည်းရှင်းပြပေးပါ)
- ဟုတ်ကဲ့ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဧပြီလ ၁၀ ရက် (ဒီနေ့)မှာ ဖွင့်ပါ တယ်။ မနက် ၉ နာရီကနေ ၁၂ နာရီအထိ အခမ်းအနားလုပ်ပါတယ်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဟောပြောပွဲ လည်း လုပ်ပါတယ်။
( မောင်တောမြို့က ဘယ်နေရာမှာ လုပ်တာပါလည်း)
-မောင်တောမှာရုံးဖွင့်တာက ရပ်ကွက် (၄) ညောင်ပင်လှရွာ၊ တိုချီဘာ လ္ဘက်ရည်ဆိုင် အပေါ်ထပ်မှာပါ။ တိုချီဘာ လ္ဘက်ရည်ဆိုင် အထက်က ဆိုင်းဘုတ်တင်ထားပါတယ်။
(ဆရာတို့ ဒီမောင်တောအထိ ရုံးဖွင့်ရတဲ့  ရည်ရွယ်ချက်က ဘာတွေရှိပါလည်း)
-မောင်တောအထိ ရုံးဖွင့်ရတာက ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  ရခိုင် ပြည်ရဲ့ အနာဂတ် အရေး အတွက်၊ နောက်တခါ ရခိုင်ပြည်က အမျိုးသား စိန်ခေါ်မှုတွေ၊ နောက်တခါ ရခိုင်အမျိုး သားရေးကို ဆောင်ရွက်ကြတဲ့ အခါမှာ ရခိုင် လူမျိုးအားလုံး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းပါ ၀င်ပြီး လှုပ်ရှား နိုင်ဖို့အတွက်။ ကျွန်တော်တို့ မှတ်ပုံတင်တဲ့ အခါမှာလည်း မြန်မာနိုင်ငံ တနံတလျှားမှာ ဖွဲ့စည်းဖို့အ တွက် မှတ်ပုံ တင်ပါတယ်။ ပြည်နယ် တခုတည်းမဟုတ်ပါ။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိပါတယ်။ ၁၇ မြို့နယ်လုံး ကို ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပြီးပါပြီ။  နောက်တခါ ကျွန်တော်တို့ တချိန် တခါက ရခိုင်ပြည်နယ်က ကွဲပြီး ကျန်လိုက်တဲ့ ပလက်ဝကိုလည်း ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့သွားမယ်။ ပလက်ဝမှာ ဖွဲ့ပြီးပါပြီ။ အခုဆိုင်းဘုတ်တင်တာက ရခိုင်ပြည်နယ် ၁၇ မြို့နယ်အပြင် အားလုံး ၁၈ မြို့နယ်မှာ ၁၁ မြို့နယ်ကို တင်ပီး ပါပြီ။ ပြည်နယ်အတွင်းမှာ ဖွဲ့ပြီးရင် ဧရာဝတီတိုင်း ၊ ပုသိမ်၊ ငပုတော၊ မော်တင်စွန်းတွေမှာလည်း ဖွဲ့ဖို့ရှိ ပါတယ်။ နောက်တခါ မန္တလေး ရခိုင်တွေရှိတဲ့ နေရာမှာလည်း ဖွဲ့သွားမှာပါ။ ရန်ကုန်မှာလည်း ဖွဲ့ပြီးသား ဖြစ်ပါတယ်။ နောက်ဖားကန့်မှာလည်း ဖွဲ့သွားမှာ ဖြစ်ပါတယ်။ အလားတူဘဲ ပြည်ပမှာ ရခိုင်လူမျိုးတွေရှိတဲ့ နေရာတွေမှာ ဖွဲ့စည်း သွားဖို့ရှိပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ ရခိုင်အရေးကို လုပ်ကိုင်တဲ့ နေရာမှာ ရခိုင်သူ ရခိုင်သားတွေ ရခိုင် ဒီမိုကရေစီအောက်မှာ အားလုံးအတူတူ လုပ်ကိုင်သွားဖို့ ရည်ရွယ်ပါတယ်။
( အခုက ရခိုင်ပြည်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီလည်းရှိပါတယ်။ အဲဒီလို ရုံးတွေကို တိုး ချဲ့ ဖွဲ့စည်းပီး စည်းရုံးရေး လုပ်ငန်းတွေ တိုးချဲ့ လုပ်ခြင်း အားဖြင့်  ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကြားမှာ ဆက်ဆံရေးတွေ ပျက်သွား နိုင်တဲ့ အနေအထားတွေနဲ့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ကော ယူဆပါလား)
-မြန်မာနိုင်ငံအနေနဲ့ ဒီနေ့အချိန်မှာ ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားနေပါတယ်။ အဲဒီ နေရာမှာ  နိုင်ငံတော် အတွက် သော်၎င်း၊ တိုင်းပြည်နဲ့လူမျိုးအတွက် သော်၎င်း၊ နိုင်ငံရေး အရ တိုင်းပြည် အရေးကို ဆောင်ရွက်ကြတဲ့ နေရာမှာ ပါတီတိုင်းက မိမိတို့မူဝါဒနဲ့ အညီ သွားကြတာဟာ အားတစ်ခုပါ။ ဒီမိုကရေစီနိုင်ငံဆိုတာ  တပါတီ အာဏာရှင် စနစ် မဟုတ်တဲ့ အတွက် နှစ်ပါတီဘဲ ကွဲကွဲ၊ သုံးပါတီဘဲ ကွဲကွဲ အားလုံးက တိုင်းပြည်အတွက် ဦးတည်ချက်တစ်ခု ရှိတဲ့ အတွက်ကြောင့် တစ်စုံတရာ ကွဲပြားမှု ရှိမယ်လို့ ကျွန်တော်တို့ မယူဆပါ။
(ရခိုင်ပြည်က အာဏာရ လွတ်လပ်တဲ့ တိုင်းပြည်တခု မဟုတ်ဘူး။ မြန်မာနိုင်ငံထဲက ပြည်နယ် တစ်ခုဖြစ်တယ်ဆိုတော့ အမျိုးသား စည်းညီညွတ်မှု မရှိရင်၊ ကျွန်တော်တို့ အကွဲကွဲ အပြားပြား ဖြစ်နေရင်  ရခိုင်အမျိုးသားတွေ အနေနဲ့ ပြဿနာ အခက်အခဲတွေ အများကြီး ကြုံလာနိုင်တယ်လို့ မယူဆဘူးလား။ အများကလည်း စိုးရိမ်မူတွေ ရှိနေကြတယ်။ အဲဒီအပေါ်မှာ ဆရာတို့ ဘယ်လိုသဘောထား ပေးချင်ပါလည်း)
-ကျွန်တော်တို့အနေနဲ့က ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်က ပါတီကို ဖွဲ့စည်း တည်ထောင်တဲ့ ကတည်းက (၈) ပြည်နယ်  ပြည်ထောင်စု စနစ်ကို လက်ခံထားပြီး အဲဒီ စနစ်ဟာ အခြေခံ မူ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီကို ပြန်လည် ထူထောင်တဲ့ အခါမှာလည်း ကျွန်တော်တို့ မူဝါဒက စစ်မှန်သော ဖယ်ဒ ရယ်ပြည်ထောင်စု (၈)  ပြည်နယ် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမှာဖြစ်ပါတယ်။ ဒါမှသာ  ကျွန်တော် တို့ မြန်မာနိုင်ငံမှာ အေးချမ်းမှုတွေ ရရှိလိမ့်မယ်၊ တိုးတက်မူတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ပါတီအနေနဲ့ ယုံကြည်ပါတယ်။ RNDP နဲ့ မူဝါဒ ချင်းတော့ ကွဲပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အတွက် (၈) ပြည်ထောင်နဲ့ဘဲ ဖယ်ဒရယ် ပြည်ထောင်စုကို တည်ထောင် သွားရင်  ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေ အားလုံးကို ကျော်လွှားနိုင်ဖို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ ရခိုင်ဒီမို ကရေစီ အဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းပြီး ခုလို စည်းရုံးရေး ဆင်းနေရတာ ဖြစ်ပါတယ်။
( အခု ဆရာတို့ စည်းရုံးဆင်းနေတာဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင် စည်းရုံးတဲ့ ခရီးစဉ်လို့ ပြောမယ်ဆိုရင် ပြောလို့ရမလား။ အဲဒီသဘောများ သက်ရောက်ပါလား)
-ဟုတ်ပါတယ်။ ပါတီတစ်ခု တည်ထောင်ရင်တော့ ရွေးကောက်ပွဲလည်း ၀င်ရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ၂၀၁၅ မှာ ပါဝင်ဖို့လည်း ရည်ရွယ်ထားပါတယ်။
(ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုလို မြို့နယ် ၁၁ မြို့နယ်အထိ တိုးချဲ့ ရုံးဖွင့်ထားပြီဆိုတော့  ပြည်သူ တွေကို ဘာတွေ ပြောလိုပါလည်း။ အထူးသဖြင့် ALD ပါတီ မူဝါဒနဲ့ပတ်သတ်ပြီး ရခိုင်လူထုကို ပြောစရာရှိရင် ပြောပြပေးပါ)
-ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က မူဝါဒ ၁၆ ချက် ချမှတ်ထားပါတယ်။ အဓိအားဖြင့် အဲဒီမူဝါဒ ၁၆ ချက်ကို ခြုံလိုက်ရင် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို သွားမယ်။ နောက်တ ခါ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နောက်တခါ ၂၀၀၈ ဖွဲ့စည်းပုံကို  အခြေခံပြီး စစ်မှန်သော ပြည်ထောင်စုကို ကြိုးပမ်းသွားဖို့ ရည်မှန်ထားပါတယ်။ ၂၀၀၈ ဥပဒေကို မပြင်သမျှ ကာလပတ်လုံး ကျွန်တော်တို့ တိုင်းရင်းသားတွေ မည်သည့်အခွင့်အရေးကိုမှ မရဘဲ အတုယောင်ဒီမိုကရေစီ အတုအယောင် အခွင့်အရေးတွေရပြီး တစ်ခုမှ လုပ်နိုင်မှာမဟုတ်ပါ။ ဒါကြောင့် ကျွန်တော်တို့ စစ်မှန်တဲ့ ၈ ပြည်ထောင် စနစ်ကိုသွားပြီးမှ  ကျွန်တော်တို့ ရခိုင်တွေသော်၎င်း၊ တိုင်းရင်းသားတွေသော်၎င်း၊ မြန်မာနိုင်ငံသော်၎င်း ငြိမ်းချမ်းသာယာတဲ့ ဘ၀ကိုရောက်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။
(ဟုတ်ကဲ့ အခုလို ဆရာတို့ မောင်တောမှာ ရုံးဖွင့်တဲ့အားဖြင့် အထူးသဖြင့် မောင်တောမှာရှိတဲ့ ရခိုင်လူထုရဲ့ ထောက်ခံ အားပေးမှုက ဘယ်လိုမြင်ပါလည်း)
-ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးကို မောင်တောမှာ ဖွင့်လှစ်တဲ့အခါ ကျွန်တော်တို့မှာ နဂို ၉၀  ခုနှစ် ကတည်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတွေရှိပါတယ်။ နောက်တခါ အခု ဒီမိုကရေစီစနစ်ကို ဖြတ်သန်း လာတဲ့ တနှစ်ကျော်ကာလအတွင်းမှာ ဒီမိုကရေစီ စနစ်ကြောင်းပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေး အပိုင်းတွေမှာ ပျော့ကွက် ဟာကွက်တွေကို မြင်လာတဲ့အတွက် ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လမ်းစဉ်ကို အများအားဖြင့် နှစ်သက်သူတွေ များလာတဲ့အတွက် အခုမောင်တောမှာလည်း ဖွင့်စမှာ မောင်တောမြို့သူမြို့သားတွေက အားပါးတရ စိတ်ဝင်စားပြီး ကျွန်တော်တို့ကို ကြိုဆိုကြတယ်။ နောက်တခါ အဖွဲ့ဝင်တွေ ၀င်ကြတာကိုတွေ့ရပါတယ်။
(ပြီး  NARINJARA

ပုဒ်မ ၁၄၄ မထုတ်ရန် ၀န်ကြီးချုပ်သို့ သံတွဲလူထု ကန့်ကွက်စာပို့

သံတွဲမြို့တွင် လက်ရှိအနေအထားအရ ပုဒ်မ ၁၄၄ ထုတ်ဆင့်ခြင်းမပြုရန် ဒေသခံပြည်သူလူထု ၅၀၀ ကျော်တို့်က လက်မှတ်ရေးထိုးလျက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း သိရသည်။
သံတွဲမြို့မှ နွေးထွေးစွာကြိုဆိုပါ၏။ သံတွဲမြို့မှ နွေးထွေးစွာကြိုဆိုပါ၏။
ဧပြီ ၆ ရက်နေ့က နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ကျော့ပိုက်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးလျက် သံတွဲမြို့နယ်၌ ပုဒ်မ ၁၄၄ အမိန့်ထုတ်ရန် ဆုံးဖြတ်ချက်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြထားသဖြင့် ပြည်သှုအများစုဆန္ဒနှင့်အညီ ယခုကဲ့သို့ ကန့်ကွက်စာပို့ရခြင်းဖြစ်ကြောင်း လူထုလက်မှတ်ကောက်ခံရေး ဆောင်ရွက်သူများက အာရ်ကန်တိုင်းမ်စ်ကို ပြောသည်။
" ကျနော်တို့သံတွဲမှာ ဆူပူအကြမ်းဖက်တာမျိုးတွေ မရှိဘူးဗျ။ ဆန္ဒပြမယ်ဆိုလည်း ခွင့်ပြုချက်နဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ကြတာများတယ်။ သံတွဲမှာ မတူညီတဲ့လူမျိုးစုနှစ်စု အတူနေကြပေမယ့် အေးချမ်းတည်ငြိမ်မှုရှိတယ်။ ငပလီကို ကမ္ဘာလှည့် ခရီးသွားတွေလည်း အရင်ကထက်တောင်မှ လာရောက်လည်ပတ် နေကြတယ်။ ရေလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေလည်း ဒီရာသီမှာ အဆင်ပြေကြတယ်။ ၁၄၄ အမိန့်ထုတ်ရမယ့် အနေအထားမျိုး လုံးဝမရှိဘူး။ မလိုအပ်ဘဲ ၁၄၄ ထုတ်လိုက်ရင် ငပလီခရီးသွားလုပ်ငန်း ကျရှုံးသွားမှာဖြစ်သလို ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးဟာလည်း အကြီးအကျယ် ထိခိုက်သွားနိုင်တာမို့ ကျနော်တို့ ကန့်ကွက် နေရတာပါ။ " ဟု လူထုလက်မှတ် ကောက်ခံရေး ခေါင်းဆောင်တစ်ဦးက ပြောသည်။
ဧပြီလ (၉)ရက်နေ့က ကောက်ယူရရှိခဲ့သော လက်မှတ်ပေါင်း ၅၀၀ ကျော်ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သို့ ပေးပို့ထားခဲ့ပြီး၊ သံတွဲတမြို့နယ်လုံး ကျေးလက်တောရွာများအထိ လူထုလက်မှတ်များကို ဆက်လက်ကောက်ခံ သွားမည်ဟုလည်း ၄င်းကဆိုသည်။ ကောလာဟလများကို အခြေခံကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ရေးကို ဆုံးဖြတ်ချက်ချခဲ့သည့် သံတွဲမြို့မိမြို့ဖများနှင့် ပတ်သက်၍ ဝေဖန်မှုများလည်း ရှိနေသည်။
အစည်းအဝေး၌ ညမထွက်ရ အမိန့်ထုတ်ရေး ဆုံးဖြတ်ခဲ့သူများနှင့် ပတ်သက်၍ " သံတွဲကိုညမထွက်ရ အမိန့်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မြို့မိမြို့ဖ အမည်ခံလူတစုဟာ အမှန်တကယ် သံတွဲကို ကိုယ်စားပြုသူတွေမဟုတ်ကြဘူး။ ပြည်သူ လူထုဆန္ဒနဲ့အညီ ရွေးထားတာမဟုတ်ဘူး။ ကောလာဟလသတင်းတွေကို နားယောင်ပြီးတော့ သံတွဲကို မငြိမ်မသက်ကျီးလန့်စာစား ဖြစ်စေလိုသူတွေအလိုကျ ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်တယ်။ " ဟု သံတွဲမှ ဆရာတော်တပါးက အမိန့်ရှိသည်။
ရခိုင်လူမှုကွန်ယက်မှ ကိုမြင့်မိုးကလည်း " အမိန့်တခုကို ထုတ်ရတာလွယ်တယ်ဗျ။ အဲဒီအမိန့်ကိုပုံဖော် လုပ်ဆောင်ရမယ့် လူတွေနဲ့ လိုက်နာမယ့် လူတွေကိုလည်း ကြည့်ဖို့လိုတယ်။ ၁၄၄ ထုတ်လိုက်ပြီဆိုရင် သွားချင်တိုင်း သွားလို့မရတော့ဘူး အလုပ်လုပ်တဲ့လူတွေကို ထိခိုက်လာမယ်။ ကျန်းမာရေး ကိစ္စတွေကိုလဲ ထိခိုက်လာမယ်။ တဖက်မှာ ၀န်ထမ်းတွေလည်းမလိုအပ်ဘဲ အလုပ်များလာမယ်။ ဒီအမိန့်က ၂ လ တစ်ကြိမ် သုံးသပ်ရတာဆိုတော့ ထုတ်ပြီးမှ အဆင်မပြေဘူး၊ ပြန်ရုပ်ပေးဗျာ သွားလုပ်လို့မရဘူး။ အပြစ်မဲ့ပြည်သူတွေဟာ အနည်းဆုံး ၂ လတော့ အလိုလိုနေရင်း ဒုက္ခခံကြရတော့မှာပဲ။ " ဟု သုံးသပ်ပြောဆိုသည်။
ရခိုင်ဒေသ ပဋိပက္ခကြောင့် ၂၀၁၂ ခုနှစ် ဇွန်လ (၈)ရက်နေ့က သံတွဲ၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး၊ အောက်တိုဘာ (၁၀) ရက်နေ့တွင် တည်ငြိမ်နေသော အနေအထားနှင့်အတူ၊ ငပလီခရီးသွားလုပ်ငန်းနှင့် အများပြည်သူတို့၏ စားဝတ်နေရေး ကိုအလေးထားလျက် အာဏာပိုင်များက ပုဒ်မ ၁၄၄ အား ပြန်လည်ရုပ်သိမ်း ပေးခဲ့သည်။ ARAKAN TIMES

Tuesday, April 9, 2013

ရခိုင်မျက်ရည်

Thant Zin စစ်တွေမြို့ ဆိပ်ကမ်းအရာရှိ ရျွှေပြားသား ဇာတိဖြစ်တေ ဦးအောင်သန်းဦး ၏ ရင်တွင်းခံစားချက်ဖွင့်ပြပုံကို နားထောင်ဂတ်ပါ။

ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စမ်းသပ်မှု ကျိုးပေါက် ပွင့်ထွက်မှုများ ရှိ


ပင်လယ်ပြင်ရှိ ကမ်းလွန် ရွှေ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ ပိုက်လိုင်းဖြင့် ရောက်ရှိလာမည့် ဂက်စ်များကို ကျောက်ဖြူမြို့ ကျောက်တလုံး ကမ်းခြေမှတဆင့် မလကျွန်း ဂက်စ်သန့်စင် စက်ရုံရှိရာသို့ ဆက်လက် ပို့ဆောင်ရန် ပြင်ဆင်မှုများကို တွေ့ရစဉ် (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ)
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်း၌ ပါဝင်သည့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် ပိုက်လိုင်းထဲသို့ ရေ စမ်းသပ်လွှတ်ရာမှ ပိုက်လိုင်း ကျိုးပေါက် ပွင့်ထွက်မှုများ ဖြစ်ပွားခဲ့ကြောင်း  သိရသည်။
“ပိုက်လိုင်းသန့်ရှင်းရေး လုပ်တဲ့အနေနဲ့ ရေ စမ်းလွှတ်တာက ပေါက်ကွဲမှု ဖြစ်တယ်၊ စုစုပေါင်း ၄ ကြိမ် ဖြစ်ဖူးတယ်။ ဂက်စ်တောင် မပို့လွှတ်ရသေးဘူး၊ ဒီလို ဖြစ်နေတော့ ဒေသခံတွေက တအား စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်နေကြတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ချုပ်မှ သတင်းနှင့် လူ့အခွင့်အရေး မှတ်တမ်း တာဝန်ခံ မိုင်းအိုက်မွန်းက  ဧရာဝတီသို့ ပြောသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ခိုင်ခန့်မှု မရှိခြင်း၊ စနစ်တကျ မြှုပ်နှံမှု မရှိခြင်းတို့ကြောင့် စမ်းသပ်စဉ် ကာလ၌ပင် ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်နေကြောင်း၊ နမ္မတူ၊ နမ့်ခမ်း၊ ကျောက်မဲ စသည့် မြို့နယ်တို့၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လတွင် ၂ ကြိမ်၊ ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ၂ ကြိမ် ကျိုးပေါက် ပွင့်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပိုက်လိုင်းသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ မန်တုံ၊  နောင်ချို၊ ကျောက်မဲ စသည့်မြို့နယ်များကို ဖြတ်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။
ရွှေ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသ၌ တည်ဆောက်နေပြီး သဘာဓာတ်ငွေ့များကို လာမည့် မေလမှစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်တော့မည်ဟု ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီမှ ပြောဆိုထားသည်။
ရှမ်းပြည်နယ် အတွင်းမှ ဒေသခံပြည်သူများသည် ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ ပထမပိုင်းတွင် သတိမထား မသိရှိခဲ့ကြသော်လည်း ယခုအခါ အသိအမြင် ရှိလာကြသည့်အတွက် စိုးရိမ်မှုများ တိုးပွားလာနေကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့် ကိစ္စကိုလည်း လုံးဝ အလို မရှိကြောင်း မိုင်းအိုက်မွန်းက ဆက်ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း ရှမ်းတောင်သူ လယ်သမားများ ကော်မတီအဖွဲ့မှ သီပေါဒေသခံ ဦးစိုင်းဆန်အေးက “ကျနော်တို့က ရေနံပိုက်လိုင်းကို လယ်ယာမြေတွေအောက်မှ မြှုပ်တော့ စိုက်ပျိုးရေးအတွက် ထိခိုက်လာမှာကို စိုးရိမ်တယ်။ ပြီးတော့ ဓာတ်ငွေ့ပိုက်လိုင်းက ပေါက်ကွဲရင် အားလုံး ဒုက္ခရောက်နိုင်တာပေါ့” ဟု  ပြောသည်။
တောင်းသူ လယ်သမားများကို မြေယာပေါ်တွင် ဖြတ်သန်းခ ပေးထားသော်လည်း တမြို့နှင့်တမြို့ ဈေးနှုန်း မတူကြောင်း၊ နမ့်ခမ်းမြို့မှ လယ်သမားများရရှိသည့် လယ်ယာမြေ ဈေးနှုန်းသည် ကျန်မြို့များထက် များစွာရရှိနေကြောင်း သိရသည်။
“ကျနော်တို့ကို လယ်ယာပေါ် ဖြတ်သန်းတဲ့အတွက် လျော်ကြေးငွေ ပေးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဖြစ်လာမယ့် ပိုက်လိုင်းအန္တရာယ်တွေ ပိုက်လိုင်းပြဿနာတွေကို ဘယ်သူတွေက တာဝန်ယူမယ်ဆိုတာ မသိဘူး။ အစိုးရ တာဝန်ယူမလား၊ ကုမ္ပဏီက တာဝန်ယူမှာလား” ဟု ဦးစိုင်းဆန်အေးက ဆိုသည်။
သီပေါ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကမူ “ပိုက်လိုင်း လျော်ကြေးအတွက် ဒေသခံတောင်သူများ မကျေနပ်စရာ မရှိပါဘူး။ အခုနောက်ပိုင်းမှ ဖြစ်လာတာ။ အစကဆိုရင် လျော်ကြေးငွေရတဲ့အတွက် ဘာမှမပြောဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပိုက်လိုင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်သူလူထုများ သိသင့်သည့် ကိစ္စများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ သီးနှံလျော်ကြေးများ ပေးရာတွင် လယ်သမားများ အတွက် ကာလပေါက်ဈေးအတိုင်း လယ်သမားများနှင့် တိုင်းကာ လျော်ကြေး ပေးခဲ့ကြောင်း၊ တခါမှ မကြားဖူးသော     လျော်ကြေးရသည့် အတွက် လယ်သမားများ ကျေနပ်ခဲ့ကြောင်း၊ အန္တရာယ် မဖြစ်အောင်လည်း အဆင့်အဆင့် လုပ်ထားသည်ကို တွေ့ရကြောင်း၊ ပိုက်လိုင်းကို မဖြတ်သန်းဖို့ ဆိုလျှင် တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်နိုင်ကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု မလာရဲအောင်လုပ်ပါက အားမပေးခြင်ကြောင်း ဦးရဲထွန်းက ဆိုသည်။
ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ပိုက်လိုင်း အပေါ် စိုးရိမ်မှုများ၊ လယ်ယာမြေ ဆုံးရှုံးသွားသည့် တောင်သူများ၊ ပိုက်လိုင်းစီမံကိန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားများ ခေါင်းပုံဖြတ်ခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဒေသခံ အမျိုးသမီးများသည် ပိုက်လိုင်း လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများ၏ အဓမ္မပြုကျင့်ခံရခြင်း စသည့် ကိစ္စများနှင့် ပတ်သက်၍လည်း သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ တအာင်း ကျောင်းသားနှင့် လူငယ်များ အဖွဲ့ချုပ်က ယနေ့တွင် ကျင်းပသည်။
“ပိုက်လိုင်း လုံခြုံရေး အကြောင်းပြပြီးတော့ တပ်ရင်းတွေ တိုးချလာတယ်။ ဒီစစ်သားတွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မမှုတွေ လုပ်လာတယ်။ ဒေသခံတွေကို လမ်းပြဖို့ အဓမ္မ ခေါ်တာတွေ၊ လုပ်အားပေးစေခိုင်းတဲ့ လုပ်ဆောင်မှုတွေ ကြုံနေရတယ်” ဟု မိုင်းအိုက်မွန်းက ဆိုသည်။
ရှမ်းပြည်သူများ၏ နစ်နာဆုံးရှုံးမှုရှိခြင်း၊ ပိုက်လိုင်း လုံခြုံမှုမရှိခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများနှင့် ပတ်သက်၍လည်း ထို ပိုက်လိုင်းအား ရှမ်းဒေသခံများက ဆန့်ကျင်ကြောင်း ရှမ်းလူမှု အဖွဲ့အစည်းအများက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၌ ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ရှမ်းပြည်သူများ၏ အခက်အခဲများကို အစီရင်ခံစာတစောင် ရေးသား၍ ချင်းမိုင်အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
ဂက်စ်ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဒေသ၌လည်း ပိုက်လိုင်းအပေါ် စိုးရိမ်မကင်း ဖြစ်နေရကြောင်း၊ ဂက်စ် ပိုက်လိုင်းအား တချို့နေရာတွင် မြေကြီးထဲ၌ ၃ ပေမှ ၅ ပေခန့်သာ မြှုပ်နှံထားပြီး၊ တချို့နေရာ၌ မြေမြှုပ်ခြင်း မရှိ၍ ဂက်စ် ယိုစိမ့်မှု၊ ပေါက်ကွဲမှု ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။ နိုင်ငံအများစု၌ ဂက်စ်ပိုက်လိုင်းကို ၁၀ ပေမှ ၁၅ ပေအနက်ရှိ မြေထဲတွင် မြှုပ်နှံရကြောင်း သိရသည်။
“ပိုက်လိုင်းကို နိုင်ငံတကာအဆင့်မီ ခိုင်ခံ့မှုမျိုးနဲ့ တည်ဆောက်တာလား၊ ကျမတို့ မသိပါဘူး။ ပြီးတော့ ပိုက်လိုင်း ဖြတ်သန်းရာ ဒေသတွေမှာ အခုဆိုရင် ငြိမ်းချမ်းမှု မရှိပါဘူး။ အကြောင်း တခုခုကြောင့် မတော်တဆ ဖြစ်ရပ်တွေ ရှိခဲ့ရင် ဘယ်လို တာဝန်ယူပေးမလဲ ဆိုတာလည်း ကျမတို့ မသိရပါဘူး။ ပိုက်လိုင်းရဲ့ ခိုင်ခံ့မှုကို ကျမတို့ ဒေသခံတွေသိဖို့ လိုအပ်ပါတယ်” ဟု တအာင်းကျောင်းသား လူငယ်အဖွဲ့မှ လွေးလွယ်က ပြောသည်။
ကျောက်ဖြူ ဒေသအတွင်းရှိ ဒေသခံများ၏ လယ်ယာမြေ၊ နွားစားကျက်မြေ၊ ဥယာဉ်ခြံမြေ စသည့် မြေဧက ထောင်ပေါင်းများစွာ အဓမ္မ သိမ်းယူခံထားရပြီး ဒေသတွင်း လမ်းအများအပြားမှာလည်း ပျက်စီးသွားသည့် အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။
သိမ်းဆည်းခံ လယ်မြေများကို တန်ရာတန်ကြေး လျော်ကြေးပေးဆောင်ရန်၊ ပျက်စီးသွားသည့် ကျေးရွာလမ်းများ ပြုပြင်ပေးရန်၊ စီမံကိန်း ဧရိယာတ၀ိုက်ရှိ ကျေးရွာများ မီလင်းရေး ဆောင်ရွက်ပေးရန်၊ လုပ်ငန်းခွင်များ၌ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများပေးရန် စသည့် အချက် ၉ ချက်ကို ဧပြီလ ၁၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ရန် ပြည်နယ် အစိုးရသို့ တင်ပြထားကြောင်း အလုပ်သမားအရေး ဦးဆောင်ပေးနေသူ မဒေးကျွန်း ဒေသခံ ကိုထွန်းကြည်က ပြောသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။
မြန်မာအစိုးရမှ တရုတ်အစိုးရသို့ အနှစ် ၃၀ ဓါတ်ငွေ့ ရောင်းချမှုအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ ရရှိကြောင်းသိရသည်။
ဧရာဝတီ သတင်းထောက် ခင်ဦးသာ၊ နန်းဆိုင်နွမ်နှင့် နန်းသိရီလွင်တို့ ပူးပေါင်း ရေးသားသည်။

စနစ်တကျ ဖျက်ဆီးမှုဒဏ် မြောက်ဦးမြို့တော် အဆိုးဆုံးခံနေရ

လက်ရှိ ရခိုင် မြောက်ဦးမြို့တော်၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များမှာ စနစ်တကျဖျက်ဆီးခြင်းဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခံစားနေရကြောင်း ရခိုင်သမိုင်းပညာရှင်များက ရှုမြင်နေကြသည်။
မြောက်ဦးမြို့ သျှစ်သောင်းဘုရားနှင့် မနီးမဝေးတွင်ရှိသော ပိဋကတ်သုံးပုံ အဆောက်အဦး အနီးအနား၌တွေ့ရသည့် ယိမ်းယိုင်နေသော စေတီနှစ်ဆူ။မြောက်ဦးမြို့ သျှစ်သောင်းဘုရားနှင့် မနီးမဝေးတွင်ရှိသော ပိဋကတ်သုံးပုံ အဆောက်အဦး အနီးအနား၌တွေ့ရသည့် ယိမ်းယိုင်နေသော စေတီနှစ်ဆူ။
လွန်ခဲ့သော ၂၀၁၂ ခုနှစ်၊ မေလ ၃ရက်နေ့က ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့(Global Heritage Fund)မှ ထုတ်ပြန်သော အစီရင်ခံစာ၌ မြောက်ဦးမြို့ကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာအခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခုစာရင်းတွင် ထည့်သွင်းခဲ့ပြီးနောက် တစ်နှစ်တာကာလ ကြာလာသည့် ယနေ့ထိ မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းရေးအခြေအနေမှာ တိုးတက်မှုမရှိရုံမျှမက စိုးရိမ်ဖွယ်ရာ အနေအထားနှင့် ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။
Global Heritage Fund အစီရင်ခံစာတွင် အာရှတိုက်၏ ရှေးခေတ် ဗိသုကာ လက်ရာများမှာ စီးပွားရေး လုပ်ငန်းများထွန်းကားလာခြင်း၊ လုံလောက်သော ပြုပြင်ထိန်းသိမ်းမှုမရှိခြင်း၊ ခိုးယူလုယက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ ခရီးသွားလုပ်ငန်းများ ကျယ်ပြန့်လာခြင်းတို့ကြောင့် ပျက်စီးပျောက်ကွယ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရှေးဟောင်းအမွေ ၁၀ ခုတွင် ထိုင်းနိုင်ငံမှ အယုဒ္ဓယ၊ အာဖဂန်နစ္စတန်နိုင်ငံမှ ဗုဒ္ဓသာသနိက အဆောက်အအုံ တစ်ခု၊ တရုတ်နိုင်ငံမှ ရှေးဟောင်း မြို့တော်တစ်ခုတို့နှင့်အတူ ရခိုင်မှရှေးဟောင်းမြို့တော် မြောက်ဦးကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။
မြောက်ဦးမြို့တွင် အခြေစိုက်နေထိုင်ပြီး မြောက်ဦးပြတိုက်မှူးအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သူ ရှေးဟောင်း သုတေသနဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(ငြိမ်း) ဦးကျော်ထွန်းအောင်က " မြောက်ဦး ထိန်းသိမ်းရေးက အဆိုးဆုံး အနေအထားမှာ ရှိနေတယ်လို့ဆိုရမှာပဲ။ မြောက်ဦး ယဉ်ကျေးမှုဇုံနယ်ကို တမင်ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖျက်ဆီးနေတယ်လို့တောင် ယူဆမိတယ်။ အထူးသဖြင့် မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာနအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေနဲ့အညီ ကိုင်တွယ်ထိန်းသိမ်းမှုပိုင်းမှာ အားနည်းနေတာတွေ့ရတယ်။ " ဟု ဆိုသည်။
မြောက်ဦးမှာ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ၊ ၂၅ မိနစ်နှင့်အရှေ့လောက်ဂျီတွဒ် ၉၃ ဒီဂရီ ၁၁ မိနစ်တို့ ဆုံရာတွင် တည်ရှိပြီး၊ အေဒီ ၁၄၃၀မှ ၁၇၈၄ ထိ ရခိုင်မင်းတို့၏ နောက်ဆုံး ရာဇဌာနီဖြစ်သည်နှင့်အညီ ရခိုင်ယဉ်ကျေးမှုတို့ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ရာမြို့တော်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
ထို့အတူ မြောက်ဦးဒေသခံ စာရေးဆရာ နောင်အေးကလည်း " မြောက်ဦးဟာ ရခိုင်လူမျိုးရပ်တည်ရှင်သန်မှုရဲ့ အမှတ်သင်္ကေတဖြစ်တယ်။ ရခိုင်တို့ရဲ့ အသည်းနှလုံးဆိုရင်လည်း မမှားဘူးပေါ့။ ကမ္ဘာက လေးစားတန်ဖိုးထားရတဲ့ မြောက်ဦးကို နည်းအမျိုးမျိုးနဲ့ ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်နေကြတယ်။ ဒါတွေကို အဓိကတာဝန်ယူထားရတဲ့ ရှေးဟောင်း သုတေသန ဦးစီးဌာနက သူတို့နဲ့ မဆိုင်သလို လုပ်နေတာ တွေ့ရတော့ အကြီးအကျယ် စိတ်ပျက်မိတယ်။ " ဟု မှတ်ချက်ပြုခဲ့သည်။
မြောက်ဦးမြို့ တံတိုင်းကို ဖျက်စီး၍ နိုင်ငံတော်အစိုးရမှ မီးရထားလမ်း ဖောက်လုပ်နေစဉ်။မြောက်ဦးမြို့ တံတိုင်းကို ဖျက်စီး၍ နိုင်ငံတော်အစိုးရမှ မီးရထားလမ်း ဖောက်လုပ်နေစဉ်။
ယမန်နှစ်က အာရှတိုက်၏ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှုအညံ့ဖျင်းဆုံး ၁၀ ခုစာရင်းတွင် မြောက်ဦးပါဝင်လာ ရခြင်းမှာ မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသကိုဖြတ်၍ ရထားလမ်း၊ ကားလမ်းများ ဖေါက်ရာ၌ မြို့ရိုး၊ တံခါး၊ တံတိုင်းများ အပါအ၀င်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ တည်ရှိရာနေရာများစွာတို့ ပါဝင်နေခြင်း၊ ရှေးဟောင်းဘုရား စေတီပုထိုးများ ပြုပြင်ရာတွင်လည်း ရှေးဟောင်း သုတေသန နည်းစနစ်နှင့်အညီ မဟုတ်ဘဲ ပြုပြင်မွမ်းမံခြင်း၊ မြောက်ဦး ရှေးဟောင်း နန်းတော်၊ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦးများကို ဖြိုချလိုက်ပြီးသည့် နောက်ပိုင်းတွင် သက်ဆိုင်ရာက ကားဂိတ်များကို နန်းတော်အထဲမှာ နေရာချထားခြင်းစသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ အတားအဆီး အတိုင်းအဆမရှိ ပျက်စီးချင်တိုင်း ပျက်စီးနေသည့် အခြေအနေ များကြောင့် Global Heritage Fund က စိုးရိမ်ဖွယ်ရာ စာရင်းထဲမှာ ထည့်သွင်းထားခြင်းဖြစ်သည်ဟု ရခိုင် သမိုင်းပညာရှင်တို့က ဆိုသည်။
ထို့ပြင် ပစ္စက္ခကာလ ပျက်စီးချင်တိုင်း ပျက်စီးနေသည့် မြောက်ဦးယဉ်ကျေးမှု ဒေသနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
" မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ Archaeological Zone (ရှေးဟောင်းသုတေသန နယ်မြေ)၊ Monumental Zone (ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးနယ်မြေ)၊ Protective Zone (ရှေးဟောင်းပစ္စည်း အကာအကွယ် ပေးထားရာနယ်မြေ) ဆိုပြီးတော့ သုံးမျိုးရှိတယ်။ အခုတော့ အဲဒီဇုံအားလုံးကို ကိုဖြတ်ပြီး ရထားလမ်း၊ ကားလမ်းတွေဖောက်၊ ရှေးဟောင်းယဉ်ကျေးမှုဇုံထဲမှာ ဟိုတယ်နဲ့အခြားအဆောက် အဦးတွေ ဆောက်လုပ်ထားပြီး၊ နန်းတော်ရာကုန်းမှာလည်း မြေတူးတဲ့လုပ်ငန်းလို မိမိတို့ဌာနနဲ့ မဆိုင်တဲ့လုပ်ငန်း တွေကို လုပ်ကိုင်နေတာတွေကို စိတ်မချမ်းမြေ့ဖွယ်တွေ့နေရတယ်။ " ဟု ဦးကျော်ထွန်းအောင်က ပြောသည်။
သစ်ပင်ငယ်များ ရှင်းလင်းထားသည်ကို တွေ့ရသည့် မြောက်ဦးမြို့ နန်းရာကုန်း။ သစ်ပင်ငယ်များ ရှင်းလင်းထားသည်ကို တွေ့ရသည့် မြောက်ဦးမြို့ နန်းရာကုန်း။
Global Heritage Fund ၏ နာမည်ပျက် စာရင်းမှပယ်ဖျက်နိုင်ရေး ကြိုးပမ်းချက် တရပ်အနေဖြင့် ရှေးဟောင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်သည် ၂၀၁၂၊ နိုဝင်ဘာတွင် မြောက်ဦးမြို့နယ်နှင့် ကျောက်တော် မြို့နယ်များသို့ သွားရောက်ကာ နေရာ ၅ ခု၌ ရှေးးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဟောပြောပွဲ တချို့ကို ပြုလုပ်ခဲ့သည်။
ယင်းသို့ ဟောပြောနေစဉ်အတွင်းမှာပင် ယဉ်ကျေးမှုဇုံအတွင်း ၀င်ရောက်ကာ ဟိုတယ်ဆောက်လုပ်နေသဖြင့် မြောက်ဦးရှေးဟောင်း သုတေသနဌာနက တရားစွဲဆိုခဲ့သော်လည်း၊ အဆိုပါဟိုတယ်မှာ ရှေးဟောင်းသုတေသနဌာန (ဗဟို) ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဆောက်လုပ် ခြင်းဖြစ်သည်ဟု သိရသည်။ နောက်ပိုင်း စုံစမ်းကြည့်ရာ ဟိုတယ် ဆောက်ခွင့်ပြုခြင်းမဟုတ်ဘဲ စားသောက်ဆိုင်ကိုသာ လုပ်ဆောင်ခွင့် ပြုထားသည်ဟု သိခဲ့ရကြောင်း မြောက်ဦး ပြတိုက်မှ ၀န်ထမ်းတဦးက ဆိုသည်။
နိုင်ငံတကာ သမိုင်းပညာရှင်များက ရခိုင်သမိုင်းကို ဓည၀တီခေတ် (ဘီစီ ၃၃၂၅-အေဒီ၃၂၇)၊ ဝေသာလီခေတ် (အေဒီ ၃၂၇-အေဒီ၈၁၈)၊ လေးမြို့ခေတ် (အေဒီ၈၁၈-အေဒီ၁၄၃၀)၊ မြောက်ဦးခေတ် (အေဒီ၁၄၃၀-အေဒီ၁၇၈၄) ဟူ၍ ခေတ်ကြီးလေးခေတ် ပိုင်းခြားသတ်မှတ်ထားသလို၊ ဓည၀တီ၊ ဝေသာလီ၊ ပရိန်၊ လောင်းကြက်၊ စမ္ပ၀က်၊ နေရဉ္ဇရာ၊ မြောက်ဦး စသည်တို့မှာလည်း ရခိုင်မင်းတို့ အုပ်စိုးခဲ့သော ရှေးးဟောင်းနန်းမြို့တော်များဖြစ်ကြသည်။
ရခိုင်သမိုင်း၌ မြောက်ဦးမြို့တော် အရေးပါပုံနှင့်ပတ်သက်၍ ဦးကျော်ထွန်းအောင်က " ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ခေတ်ကြီးတွေထဲက စီးဆင်းလာတဲ့ ခေတ်အဆက်ဆက်က သယ်ဆောင်လာခဲ့တဲ့ ရခိုင်ယဉ်ကျေးမူ အနုပညာ ဗိသုကာ လက်ရာတွေဟာ မြောက်ဦးခေတ်မှာ လာရောက်ပေါင်းဆုံကြတယ်။ ဒီတော့ မြို့တော်ဟာ အထင်ကရ သမိုင်းကြောင်းတွေနဲ့အတူ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ရုပ်ကြွင်းရုပ်ထု အနုလက်ရာတွေနဲ့ အစွမ်းကုန် ထွန်းကားခဲ့တယ်။ ဒါကြောင့် မြောက်ဦးဟာ ရခိုင်သမိုင်းမှာ အသက်တမျှအရေးကြီးတယ်လို့ ပြောရပါမယ်။ " ဟုရှင်းလင်းခဲ့သည်။
မြောက်ဦးခေတ်၏ ရွှေရောင်လွှမ်းသည့် ၁၆ ရာစုနှင့် ၁၇ ရာစု ကာလများသည် အင်္ဂလန်နိုင်ငံ ကျူဒါမင်းဆက်၊ အိန္ဒိယနိုင်ငံ မဂိုမင်းဆက်၊ ထိုင်းနိုင်ငံအယုဒ္ဓယမင်းဆက်၊ မြန်မာနိုင်ငံ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ မင်းဆက် တို့နှင့် ခေတ်ပြိုင်ဖြစ်ခဲ့ကြောင်း ၄င်းကဆိုသည်။
သို့သော် မြောက်ဦးမှာ သမိုင်းနှင့် ရှေးဟောင်းသုတေသန ဆိုင်ရာရုပ်ကြွင်း အထောက်အထားပြည့်စုံကြွယ်ဝပြီး နိုင်ငံတကာ ပညာရှင်များ လက်ခံထားသော်လည်း ယူနက်စကို အသိအမှတ်ပြု ယဉ်ကျေးမှု အမွေအနှစ် နယ်မြေအဖြစ်လာရေး တန်းစီဇယား၌မူ တတိယနေရာတွင် ထားရှိခဲ့သည်။
အတွင်းနံရံ ယိုးယွင်းပျက်စီးနေသည့် ကိုးသောင်းဘုရား။ အတွင်းနံရံ ယိုးယွင်းပျက်စီးနေသည့် ကိုးသောင်းဘုရား။
" အစိုးရက ဗိဿနိုး၊ ဟန်လင်းနဲ့ ပုဂံကိုတင်ပြတယ်။ ဒါပေမယ့် World Heritage က ပုဂံကို လုံးဝ လက်မခံခဲ့ဘူး။ ဘာလို့လဲဆိုတော့ ပုဂံမှာ အဆောက်အဦးအသစ်တွေ၊ ဟိုတယ်တွေဟာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ကိုလွှမ်းမိုးပြီး၊ ရှေးဟောင်းယဉ်ကျေးမှု နဂိုပင်မစရိုက် လက္ခဏာတွေအားလုံး ပျက်စီးသွားလို့ပါပဲ။ ဒါကြောင့် ဗိဿနိုးနဲ့ ဟန်လင်းကို သက်တမ်းအရ တန်းစီဇယားထိပ်မှာ ထားပြီးတော့ မြောက်ဦးကို တတိယနေရာမှာ ထားလိုက်တယ်။ " ဟု မှတ်ချက်ပေးသည်။
WorldHeritage မှာ ပုဂံဒေသ နေရာမရသည့်အခါကျမှ မြောက်ဦးကို တတိယနေရာပေးခဲ့စေကာမူ မြန်မာနိုင်ငံ၏ တူးဖော်တွေ့ရှိပြီး ရှေးအကျဆုံးဖြစ်သော " ဓည၀တီခေတ် " ကို ဘေးဖယ်ထားခဲ့သည်ဟု ဦးကျော်ထွန်းအောင်က ဆိုသည်။
" တကယ်တော့ သမိုင်းအရ ဗိဿနိုးနဲ့ ဟန်လင်းဟာ ရခိုင်ဝေသာလီ ခေတ်နဲ့ ခေတ်ပြိုင်ဖြစ်တယ်။ ရခိုင်က ဓည၀တီခေတ်က ဗိဿနိုး၊ ဟန်လင်းထက် ရှေးကျပြီးသက်တမ်းရှည်လျား သလို၊ ရှေးဟောင်း သုတေသန ဦးစီးဌာနက ဓည၀တီမြို့ရိုးကို စနစ်တကျ တူးဖော်တွေ့ရှိပြီးသား ဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ ဓည၀တီကို ဘေးဖယ်ပြီးတော့ ဗိဿနိုးနဲ့ ဟန်လင်းကိုပဲ ဦးစားပေးလိုက်တယ်။ " ဟုထောက်ပြခဲ့သည်။
မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးကို Global HeritageFund အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အသိအမှတ်ပြု လေးစားလာရန်မှာ နိုင်ငံတော်အစိုးရ ရှေးဟောင်း သုတေသန ဦးစီးဌာနက ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ တိကျပြတ်သားစွာ ဆောင်ရွက်ရန် လိုအပ်သလို၊ ဘုရားစေတီပုထိုးများကို ပြုပြင်ရာတွင်လည်း မူလလက်ရာမပျက်စေရေး ရှေးဟောင်းသုတေသန နည်းစနစ်များကို အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ရမည့်အပြင်၊ ရှေးဟောင်းပစ္စည်းများဝန်းကျင် ထိန်းသိမ်းရာကစ သိပ္ပံနည်းကျပြုမူရန် အထူးလိုအပ်ကြောင်း ရှေးဟောင်းသုတေသန အရာရှိတဦးက အကြံပြုသည်။
ကိုးသောင်းဘုရား အတွင်းပတ်တွင် ပျက်စီးနေသည့် ဘုရားတစ်ဆူကို မြင်ရစဉ်။ကိုးသောင်းဘုရား အတွင်းပတ်တွင် ပျက်စီးနေသည့် ဘုရားတစ်ဆူကို မြင်ရစဉ်။
ရခိုင် နောက်ဆုံးခေတ်ဖြစ်သည့် မြောက်ဦးခေတ် ပုံရိပ်လွှာနောက်ဆုံးနန်းမြို့တော် ရွှေမြောက်ဦးမှာ ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့ကာ နှစ်ပေါင်း ၃၅၅ နှစ် တည်တံ့၍၊ ရခိုင်မင်းဆက်ပေါင်း ၄၈ ဆက်စိုးစံခဲ့ပြီး၊ ဘုရားပုထိုး၊ စေတီပေါင်းမြောက်များစွာနှင့် မြို့ရိုးတံခါး၊ ကျူံး၊၊ ခံတပ်၊ နန်းတော်ရာ စသည့် ရခိုင်သမိုင်းဆိုင်ရာ ယဉ်ကျေးမူ အမွေအနှစ်များ အထူးပေါကြွယ်ဝသော ရခိုင်ရှေးဟောင်းမြို့တော် တစ်ခုဖြစ်ကြောင်း သိရသည်။   ARAKAN TIMES

Monday, April 8, 2013

မဒေးကျွန်း တရုတ် ကုမ္ပဏီကို ဆန္ဒပြရန် အစိုးရက ခွင့်ပြုချက် ပေးလိုက်ပြီဟုဆို

သတင်း — April 8, 2013 at 2:26 pm

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အဓိက တည်ရှိရာ ကျောက်ဖြူ မဒေးကျွန်း ဒေသခံများက တရုတ်ကုမ္ပဏီအား ဆန္ဒပြရန် ရခိုင်ပြည်နယ် အစိုးရထံ ခွင့်ပြုချက်တင်ထားရာ ယခုအခါ အစိုးရမှ ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
မဒေကျွန်း ဆိပ်ကမ်း တည်ဆောက်နေစဉ်။
မဒေကျွန်း ဆိပ်ကမ်း တည်ဆောက်နေစဉ်။
ဦးဆောင် လူပ်ရှားရာတွင် ပါဝင်သူ ဦးထွန်းကြည်အား ဖုံးထဲက တဆင့် မေးမြန်းစဉ် ခွင့်ပြုချက် ရရှိထားမူ အခြေအနေကို ယခုလို နိရဉ္စရာသို့  ရှင်းပြ ပြောဆိုသည်။
“ ပြည်နယ် အစိုးရဆီက တိုက်ရိုက်ခွင့်ပြုချက်ကိုတော့ ကျွန်တော်တို့ လက်ခံ ရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကျောက်ဖြူခရိုင် ရဲမှူးကြီးက ပြည်နယ်က ခွင့်ပြုချက်ပေးလိုက်ပြီ ဆိုပြီး အကြောင်းကြားလာတဲ့ အတွက် သိရှိရတာ ဖြစ်ပါတယ်” ဟု  ဆိုသည်။
မဒေးကျွန်း ဒေသခံများက ဆန္ဒပြပွဲကို လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ဆိုသည်။
“ ကျွန်တော်တို့က အမျိုးသား အင်အား ၂၀၀၊ အမျိုးသမီး အင်အား ၅၀၊ စုစုပေါင်း အင်အား ၂၅၀ တင်ထားပါတယ်။ အဲဒီနေ့မှာ မဒေးကျွန်း ဘုန်းတော်ကြီး ကျောင်းကနေ တရုတ်ကုမ္ပစီ CNPC ထိ ချီတက်ပြီး ဆန္ဒပြကြမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းကြည်က ပြောသည်။
တရုတ်ကုမ္ပဏီအား ဆန္ဒပြရန် စီစဉ်ရခြင်းမှာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင်း ဒေသခံများ အတွက် ထိခိုက်နစ်နာမူများနှင့် အတူ ရပ်တည်ရေးပိုင်းကိုပါ ခြိမ်းခြောက်မူများ ရှိလာ၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။
“ကျွန်တော်တို့မှာ လယ်ယာမြေတွေ အများကြီး ဆုံးရှုံးသွားပေမယ့် လျှော်ကြေးငွေ အပြည့်အ၀ မရဘူး။ ဒါ့ပြင် ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာတဲ့ မြေတွေကို မြေလွှတ် မြေရိုင်းတွေဆိုပြီး အာဏာပိုင် အရာရှိကြီးတွေက သိမ်းယူသွားတယ်။ ပီးရင်သူတို့က တရုတ်ကုမ္ပဏီက ပိုက်ဆံတွေကို ထုတ်ယူသွားတယ်။ ဒေသခံတွေ အနေနဲ့ အဲဒီမြေတွေအတွက် လျှော်ကြေးငွေ တပြား တချပ်မှ မရဘူး။ ဒါတွေကို ကျွန်တော်တို့က ကန့်ကွက် ဆန္ဒပြ တောင်းဆိုသွားမယ်” ဟု ဆိုသည်။
မဒေးကျွန်းပေါ်ရှိ ဒေသခံများ၏ ဘ၀ရပ်တည်ရေး ခြိမ်းခြောက်ခံနေရမူနှင့် ဆက်စပ်ပြီးလည်း သူက ယခုလို ပြောသည်။
“ ရပ်တည်ရေးပိုင်းနဲ့ ပတ်သက်ပြီး ပြောရရင် ကုန်းပေါ်မှာ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိတော့ဘူး။ ရေထဲကျပြန်တော့လည်း ကျွန်တော်တို့ လုပ်ကိုင် စားသောက်နေတဲ့ မဒေးကျွန်း တ၀ိုက် ရေပြင်မှာ ငါးမဖမ်းရဘူးဆိုပြီး တားမြစ်ထားတယ်။ လုပ်ကိုင် စားသောက်စရာ ကုန်းပေါ်မှာရော ရေထဲမှာရော နေရာ မရှိုဖြစ်လာတဲ့ အတွက် ကျွန်တော်တို့မှာ စားဝတ်နေရေး အထူးကျပ်တည်းလာတယ်။ ဒါတွေကို တင်ပြ တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာ အာဏာပိုင်များနှင့် တရုတ်ကုမ္ပဏီ အရာရှိများသည် ဒေသခံများ တောင်းဆိုသော ကျွန်းပေါ်ရှိ ရွာဆက်လမ်းများအား ဖေါက်လုပ်ပေးမည်ဟု ကတိခံထားသော်လည်း ယခုအချိန်ထိ ပြုလုပ်ပေးခြင်း မရှိသလို ကျွန်းပေါ်ရှိ ကျေးရွာများအား လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။
ကျွန်းပေါ်တွင် တရုတ်အရာရှိများ နေထိုင်သော တိုက်တာ အဆောက်အဦးများတွင် လျှပ်စစ်မီးများ ထိန်ထိန်လင်းနေသော်လည်း ဒေသခံ ရခိုင်ပြည်သူများ နေထိုင်သော နေရာများတွင် မှောင်ကြီးကျကာ မိုက်မှောင်လျှက် ရှိနေသည်ဟု သိရသည်။
ယခု ပြုလုပ်မည့် ဆန္ဒပြပွဲတွင် ဒေသခံ ပြည်သူများက သူတို့ နစ်နာချက်များ၊ လိုလားချက်များကို ပိုစတာများ၊ ဆိုင်းဘုတ်များတွင် ရေးသားကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး တရုတ်ကုမ္ပဏီ ရုံးရှေ့ထိ ချီတက် ဆန္ဒပြသွားကြမည်ဟု သတင်း ရရှိသည်။NARINJARA

Sunday, April 7, 2013

အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ဖို့ အပြီးသတ်ဆုံးဖြတ်လိုက်ပြီ ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျွန်အန်းက ကြေငြာ

လူ့အခွင့်ရေး မြန်မာနိုင်ငံမှာလာအော်နေကြတယ်

လေးမွှာပူးကလေးများ ခွဲခြားရခက်၊ နံပါတ်ဆံပင် အဆန်းထွင်



လေးမွှာပူးမွေးထားသည့် မိခင်တစ်ယောက်သည် သားလေး ယောက်ကို ခွဲခြားရခက်သဖြင့် ဦးခေါင်းတွင် ဆံပင်ပုံကို နံပါတ်များပုံဖော်ကာ ညှပ်ပေးခဲ့ရကြောင်း သိရှိရသည်။
မိခင်ဖြစ်သူက အသက် ၆ နှစ်အရွယ် သားလေးယောက်ကို ကျောင်းသို့လာအပ်ရာတွင် ကျောင်းရှိ ဆရာ ဆရာမများနှင့် သူငယ်ချင်းများခွဲခြားရလွယ်ကူစေရန် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။
လေးမွှာပူးတို့၏အမည်များမှာ ယန်လောင်၊ ယန်ရှောင်၊ ယန်ဟန်နှင့် ယန်လင်းဟူ၍ ပေးထားသော်လည်း သူတို့၏ရုပ်သွင်များမှာ ခွဲခြားမရအောင် တူလွန်းနေသဖြင့် မိခင်က ဆံပင်ပုံကို အစဉ်လိုက် နံပါတ်များတပ်ကာ ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။
မိခင်နှင့် ကလေးများသည် တရုတ်ပြည်၊ ဂွမ်ဒေါင်းနယ်ရှိ ရှန်ဇန်းမြို့တွင် နေထိုင်ကြပြီး ကျောင်းသို့ ပထမဦးဆုံး အကြိမ်လာအပ်သော သားများ၏ပြဿနာကို မိမိကိုယ်တိုင်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။
မိခင် တန် ချောင်ယန်းက “ကျွန်မသားတွေက တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင်တူတယ်။ သူတို့ အသက် ၁၈ လလောက်ကတည်းက ကျွန်မ ခွဲခြားမရတော့လို့ ပြဿနာတွေတက်ခဲ့တယ်။ ဒါကြောင့် သူတို့ လက်မောင်းတွေမှာ စာချိတ်ထားရတယ်။ သူတို့ကို သေသေချာချာကြည့်ရင် မျက်ရစ်လေးတွေတော့ကွဲတယ်။ ဒါပေမယ့် သူတို့အဖေတောင် သူတို့ကို ဘယ်သူတွေမှန်း မသိဘူး။ ဒါကြောင့် ထမင်းကျွေးပြီးသားကလေးကို ထပ်ကျွေးမိတာတို့၊ အပြစ်ပေးပြီးသားကလေးကို ထပ်အပြစ်ပေးတာတွေ ဖြစ်ခဲ့တယ်” ဟု ပြောကြားသည်။ .maukkha.org

ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ)။   ။ တောင်နှင့်မြောက် ကိုးရီးယား အကြား တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိ
 မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။

“အသစ်ရောက်လာတဲ့ မြန်မာတွေက သူတို့ အတွေ့အကြုံ မရှိတဲ့အခါကျတော့လေ စိုးရိမ်မှု ရှိတဲ့ အနေအထားတွေ
 တွေ့ရတယ်။ ကျနော့်ကိုလည်း ဖုန်းဆက်ပြီး မေးကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ပြန်ဖို့ အနေအထား မရှိဘူးခင်ဗျ။ တကယ့်ကို စိုးရိမ်ရတဲ့ အနေအထား မတွေ့ရလို့လေ” ဟု ဆိုးလ်မြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုဇော်မိုးအောင် က ပြောသည်။

မတ်လကုန်ပိုင်းတွင် မြောက်ကိုးရီးယားက အမေရိကန်နှင့် တောင်ကိုးရီးယားကို နျူကလီးယား သုံး၍ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေ၍ စိုးရိမ်မှုများ ဖြစ်ပွားကြခြင်း ဖြစ်သည်။

သို့သော်လည်း တောင်ကိုးရီးယားတွင် နှစ်အတန်ကြာ နေထိုင်သူများနှင့် တောင်ကိုးရီးယား နိုင်ငံသားများတွင် ယင်းခြိမ်းခြောက်မှုအတွက် စိုးရိမ်သည့် လက္ခဏာ မမြင်တွေ့ရဘဲ ပုံမှန်လုပ်ကိုင် သွားလာလျက် ရှိကြောင်း
 တောင်ကိုးရီးယားနိုင်ငံတွင် အနှစ်နှစ်ဆယ်ခန့် နေထိုင်ခဲ့သူ ကိုဇော်မိုးအောင် က ပြောသည်။

“မြောက်ကိုးရီးယားက ဒီလိုခြိမ်းခြောက်နေတာက အခုမှ မဟုတ်တာ။ လွန်ခဲ့တဲ့ လေး ငါး ဆယ်နှစ်ကလည်း အဲဒီလို ခြိမ်းခြောက်ခဲ့ပေမယ့် သူတို့ဘက်က လက်တွေ့ဆန်ဆန် ကိုးရီးယား တနိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားအောင် လုပ်ခဲ့တာ မရှိတဲ့အခါကျတော့ စိတ်ဝင်စားတဲ့ ပုံစံမျိုး ပြတာ မတွေ့ရဘူး” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ထိုတင်းမာမှုနှင့် ပတ်သက်ပြီး တောင်ကိုးရီးယား အစိုးရက မိမိနိုင်ငံရှိ နိုင်ငံခြား သံတမန်များနှင့် အလုပ်သမားများကို တစုံတရာ ပြောဆိုခြင်း မရှိသေးဘဲ မြန်မာနှင့် ထိုင်း သံရုံးကလည်း စိုးရိမ်ရသည့် အနေအထား ရှိပါက မိမိနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ခေါ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။

ကိုးရီးယားတွင် မြန်မာနိုင်ငံသား အလုပ်သမား ၉,၀၀၀ ကျော်နှင့် ကျောင်းသူ ကျောင်းသား ၂၀၀ ခန့် ရှိကာ ထိုင်းနိုင်ငံသား ၄၅,၀၀၀ ခန့် ရှိသည်ဟု ကိုဇော်မိုးအောင် က ပြောသည်။

မြန်မာအလုပ်သမား အများစုမှာ တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Gyeonggi ပြည်နယ်တွင် အလုပ်လုပ်ကိုင်ကြပြီး
 မြောက်ကိုရှးယား နယ်စပ်အနီးတွင် အယောက် ၅၀ ခန့်သာ ရှိသည်ဟု သူက ပြောသည်။

လက်ရှိတွင် တောင်ကိုးရီးယားနိုင်ငံသား ၆၀၀ ခန့် အလုပ်လုပ်ကိုင်နေသည့် နယ်စပ်ရှိ Kaesong စက်မှုဇုန်ကို
 မြောက်ကိုးရီးယားဘက်က လေးရက်တိုင် ပိတ်ထားခဲ့ပြီးနောက် တရာခန့်မှာ ပြန်လာကြသော်လည်း အန္တရာယ်
 ဖြစ်နိုင်သည့် အခြေအနေ မရှိသေးသည့်အတွက် ကျန်ရှိသူများကို ကိုးရီးယား အစိုးရက ပြန်လည်ခေါ်ယူခြင်း မရှိသေးပေ။

ထိုစက်မှုဇုန်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတ တခုဖြစ်ပြီး ၎င်းတွင် မြောက်ကိုးရီးယား နိုင်ငံသား ၅၀,၀၀၀ ကျော် ဝန်ထမ်းအဖြစ် အလုပ်အကိုင်လျက် ရှိသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်ကို တိုက်ခိုက်ဖို့ ပိုင်းဖြတ်ပြီးကြောင်း ပြောဆိုထားသလို အမေရိကန် ဘက်မှလည်း ဗုံးကျဲလေယာဉ်များ ပျံသန်းပြခြင်း၊ စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးက
လည်း ပြင်ဆင်မှုများ လုပ်ထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။.mizzimaburmese.com

အာသောကာရုံကျောင်းတိုက် ဆရာတော်ဦးပဏ္ဍိတ အန္တိမအဂ္ဂိဈာပနကျင်းပပြီးစီး

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကောဆ်ဘာဇာ(ခ) ဖလောင်းချိတ်ခရိုင် တက္ကနာမြို့ နယ် မြစ်နားရွာ အာသောကာရုံကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော် နောက်ဆုံး အန္တိမအဂ္ဂိဈာပနပူဇော်ပွဲကို ဧပြီလ ၅ ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင် သတင်းရရှိသည်။
အာသောကာရုံကျောင်းတိုက် ဆရာတော်ဦးပဏ္ဍိတ အန္တိမအဂ္ဂိဈာပနပွဲ ကျင်းပနေစဉ်။ (ဓါတ်ပုံ - စိုးလင်းထွန်း ဖေစ့်ဘုတ်စာမျက်နှာ)အာသောကာရုံကျောင်းတိုက် ဆရာတော်ဦးပဏ္ဍိတ အန္တိမအဂ္ဂိဈာပနပွဲ ကျင်းပနေစဉ်။ (ဓါတ်ပုံ - စိုးလင်းထွန်း ဖေစ့်ဘုတ်စာမျက်နှာ)
အဆိုပါ ပူဇော်ပွဲကို ဧပြီလ ၃ ရက်မှ ၅ ရက်ထိ သုံးရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ပူဇော်ပွဲသို့ မြန်မာနိုင်ငံမှ ရခိုင်စာရေးဆရာ သမိုင်းသုတေသီ အသျှင်စက္ကိန္ဒ၊ မောင်တောမြို့မကျောင်းဆရာတော် ဦးကေတု အောင်ဗလဆရာတော်တိုက အထူးဧည့်သည်တော်ကြီးများအဖြစ် ကြွရောက်ခဲ့ကြသည်။
အခန်းအနားတွင် ဗုဒ္ဓဘာသာရခိုင်ရိုးရာယာဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများဖြစ်သော ဧယာဉ်ကျူးခြင်း ယိမ်းကခြင်း ဒုန်းယိမ်း ဒုန်းကြမ်း ရထား ကတလား မြပုခွက် စံကျောင်း မြေစိုက်အပါအဝင် ဒုန်းတိုက်၍မီးပူဇော်ခဲ့ကြကြောင်း ပျံလွန်တော်မူချိန်တွင် ဆရာတော်မှာ သက်တော်(၈၇)နှစ် သိက္ခါတော်(၆၆)ရှိပြီးဟု မြစ်နားရွာ ဈာပန ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးမောင်တင်အောင်က ဆိုသည်။
'' ကျွန်တော်တို့က ညပွဲအစီအစဉ်တွေကို ထည့်လို့ကို မကောင်းတဲ့ အေခြေအနေတွေကြောင့် ညပွဲမစီစဉ်ဘဲ ညတရားဟောပွဲများ အစားထိုးကျင်းပတာဖြစ်ကြောင်း ဒေသခံရခိုင်ရွာတွေက ကားတွေဆက်တိုက်ပိတ်နေလို့ ထင်သလောက်မရောက်ဘူးပေါ့ ဒါပေမဲ့ အစိုးရတာဝန်ရှိသူတွေက ကူညီကြပါတယ် အောင်မြင်ပါတယ်'' ဟုပြောသည်။
ပျံတော်မူဆရာတော် ဦးပဏ္ဍိတမထေရ်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၁၂၈၈-ခု တန်းဆောင်မုန်းလဆုပ် ၁၃-ရက် ကြသပတေးနေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့  ကျွန်းတောင်ရွာ ရဟန်းမယ်တော် ဒေါ်တာရီမေ ရဟန်းဖခမည်းတော် ဦးမြထွန်းကျော်တို့မှ မွေးဖွါးသန့်စင်ခဲ့ကြောင်း သော်ဒလီမျိုးနွယ်စုဝင် ပုဂ္ဂိုလ်ဖြစ်ကြောင်း ငယ်စဉ်အခါ မောင်တောမြို့ အပိုင် သာစည်ကုန်း ဒိုးတန်းရွာ မူလတန်းပညာကို သင်ကြားခဲပြီး နံသာတောင်ရွာတွင် ဆဌမတန်းကိုသင်ကြားကာ ရှင်သာမဏေဝတ်လျှက် အိန္ဒိယပြည် ယင်းမှတဆင့် မြန်မာပြည်တွင် အငယ်တန်းအလတ်တန်း တက္ကသိုလ်ဝင်စာမေးပွဲ သီဟိုနိုင်ငံ (A .B.T.I)f(London) (Diploma)ဘွဲများအတွက် နိုင်ငံများစွာသို့ ထွက်ခွါပညာဆည်းပူးခဲ့ကြောင်း ဆရာတော်ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ဖေါ်ပြထားပါသည်။
ဆရာတော်မှာ ရဟန်းဘဖြင့် နတ်မြစ်ဗုဒ္ဓဘာသာအသင်း ဘင်္ဂလားဒေခ်ျ့ ရခိုင်မာရမာသံဃကောင်စီဥက္ကဌ ဒက္ကာဗုဒ္ဓဘာသာအသင်း ဓမ္မရာဇိက အာမခံဘုတ်အဖွဲ့ (BLLA)၊ ဗုဒ္ဓဘာသာအဖွဲ့  ကမ္ဘာသံဃကောင်စီ၊ ကမ္ဘာဗုဒ္ဓဘာသာအဖွဲ့  သုတေသီသံဃကောင်စီ၊ လင်္ကာဝါသီမြမ္မိကဘိက္ခူသမိတိ၊ ရခိုင်ရိုးရာအဖွဲ့နာယက အာသောကပရဟိတဥက္ကဌ၊ နီလာဟိုက်စကူလ်း အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ပါဝင်လုပ်ဆောင်ခဲ့ကြောင်း၊ ဂျပန် အိန္ဒိယ၊ အမေရိက၊ စင်္ကာပူ၊ ထိုင်း၊ ကိုးရီးယား(တောင်/မြောက်)၊ သြစတြေးယား၊ မလေးရှာ၊း တရုပ်၊ မြန်မာ အပါအဝင်နိုင်ငံအတော်များများသို့ ကြွရောက် သာသနာပြုလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ဆရာတော် ပျံလွန်တော်မူသွားသည့်အတွက် ဘင်္ဂလာဒေခ်ျ့ ပါလီမန်အမတ် ဒေသခံဘင်္ဂလီများ ရခိုင်အသိုင်းအဝန်းများနှင့် တခြားအဖွဲ့အစည်းများမှ ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း ဈာပနဦးစီးနာယက ဆရာတော်ဦးမေဓသာရမှ ဆိုသည်။
'' မမြဲတဲ့ အနိစ္စတရားကို ဘုရားရှင်သော်မှ မလွန်ဆန်နိုင်ဘူးဆိုပေမဲ့ ဦးဇင်းတို့တွေ တန်ဖိုးဖြတ်အစားထိုးမရတဲ့ ဆုံးရှုံးမှုတခုကို ဆုံးရှုံးလိုက်သလိုခံစားမိပါတယ်'' ဟုပြောသည်။
ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ် ကောင်းမှူအဖြစ် ဦးမောင်တင်ဝင်း(ဗိုလ်မှူးဟောင်း) ဒေါ်မေကြီးမိသားစုမှ တဘဝသာသနာ အမည်ဖြင့် ထေရုပ္ပတ္တိမဂ္ဂဇင်းတစ်စောင်ကို ရေးသားထုတ်ဝေခဲ့ကြပြီး ယင်းမဂ္ဂဇင်းမှာ ဆရာတော်ကိုယ်တိုင်ရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုစဉ် ရန်ကုန်တက္ကသိုလ်ကိစ္စဟု ခေါင်းစဉ်တပ်ထားသော ဆရာတော်မှတ်ချက်တခုမှာ (မိမိမှာ ၁၉၅၁-ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ရဟန်းတော်များတက်ရောက်၍ ပညာမသင်ကြားရဟု အစိုးရမှအမိန်းထုတ်သည်ကို သုတေသီသံဃာအဖွဲ့မှ ရန်ကုန်တက္ကသိုလ် ဆီးနစ်အဖွဲ့ရုံးကိုဝိုင်းကာ မိမိကိုယ်တိုင်ပါဝင် ဆန္ဒပြခဲ့ကြလေသည်။
အာသောကာရုံကျောင်းတိုက် ဆရာတော်ဦးပဏ္ဍိတ အန္တိမအဂ္ဂိဈာပနပွဲ ကျင်းပနေစဉ်။ (ဓါတ်ပုံ - စိုးလင်းထွန်း ဖေစ့်ဘုတ်စာမျက်နှာ)အာသောကာရုံကျောင်းတိုက် ဆရာတော်ဦးပဏ္ဍိတ အန္တိမအဂ္ဂိဈာပနပွဲ ကျင်းပနေစဉ်။ (ဓါတ်ပုံ - စိုးလင်းထွန်း ဖေစ့်ဘုတ်စာမျက်နှာ)
ထိုနေ့ ညနေပိုင်ဝိုင်း၍ထားရာ ညဉ့်(၁၀)နာရီအချိန်တွင် ဗိုလ်နေဝင်းနှင့် ရန်ကုန်ပုလိပ်မင်းကြီး ဦးမြမောင်တို့ ရောက်ရှိလာကြပြီး ၎င်းတို့နှစ်ဦးမှ အချိန်(တပတ်ခန့်)တောင်းရာ သံဃာတော်များမှ ခွင့်ပြုလိုက်လေသည်။ ဂတိသစ္စမတည်သော လူကြီးများမှာ သံဃာတော်များအား လိမ်လည်ပြီး အနိုင်ယူသွားကြလေသည်။သို့ဖြစ်၍ မြန်မာလူကြီးများမှာ ဂတိသစ္စာမတည်သော လူကြီးများဟု သတ်မှတ်လိုက်ကြလေသည်) ဟု မှတ်တမ်းပြုထားသည်ဟု ဖေါ်ပြပါရှိပါသည်။
ဆရာတော်ဘုရားကြီး ဈာပနပွဲတော်တွင် မြန်မာသိန်းနှစ်ရာကျော် ကုန်ကျလျှက် ရခိုင်တမျိုးသားလုံးပါဝင်လှူဒါန်းခဲ့ကြရုံတင်မက မြန်မာနိုင်ငံ စစ်တွေ မောင်တောမှ ခရိုင်မှူးများမှပါ ပါဝင်လှူဒါန်းခဲ့ကြောင်း တာဝန်ခံ ဦးမောင်လှသိန်းမှ ဆိုသည်။  ARAKAN TIMES

မလေးကိုသွားတဲ့ ခိုးလှေ နစ်ရာမှ တစ်ဦးသေ၊ နှစ်ဦး ပျောက်ဆုံး

သတင်း — April 7, 2013 at 3:29 pm


မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကနေ မလေးရှားနိုင်ငံကို လူမှောင်ခို တင်ပို့တဲ့ စက်လှေ တစ်စီး ပင်လယ်ပြင်မှာ နစ်သွားတဲ့ အတွက် လူတစ်ဦး သေဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ယခင်က မလေးသွား မှောင်ခိုလှေနစ်ရာမှ ကမ်းပေါ် ရေကူး ပြန်တက်လာသူများ။
ယခင်က မလေးသွား မှောင်ခိုလှေနစ်ရာမှ ကမ်းပေါ် ရေကူး ပြန်တက်လာသူများ။
လူပေါင်း ၃၃ ဦးကို တင်ဆောင်လာတဲ့ အဲဒီ လူမှောင်ခို စက်လှေဟာ စနေနေ့ နံနက် (၄) နာရီခန့်မှာ ဘင်္ဂလာ ပင်လယ်အော် အတွင်းက ဆားပြင်ကမ်းခြေမှာ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက်မြို့နယ် Hoykong ကျေးရွာ အုပ်စု Unciprong ကျေးရွာက အဘူကာလန် (၃၅) နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။
သူရဲ့ အလောင်းကို ဆားပြင် ကမ်းခြေက ကောရာမောက်ရွာ အနီးက ပင်လယ်ထဲမှာ မနေ့က နေ့လည် (၁) နာရီမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘင်္ဂလာရဲက ပြောပါတယ်။ ကျန်တဲ့ နှစ်ဦးကတော့ အခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
လူပေါင်း ၃၀ ကတော့ ကမ်းခြေကို ရေကူးပြန်လာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ ဘီဂျီဘီ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က ဒီသတင်းကို သတင်းထောက်တွေကို အတည်ပြု ပြောကြားပါတယ်။
Rapid Action Battalion (RAB) လို့ ခေါ်တဲ့ ဘင်္ဂလာ အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့က မလေးကို စက်လှေတွေနဲ့ အတူ ပင်လယ်ဖြတ်ပြီး အလုပ် ခိုးသွားလုပ်ဖို့ စီစဉ်နေသူ လူပေါင်း ၁၃၃ ကို ကော့စ်ဘဇားမြို့မှာ ဧပြီ ၃ ရက်နဲ့ ၄ ရက် နေ့က  ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ သတင်းစာတွေမှာ ဖေါ်ပြပါတယ်။
သူတို့တွေဟာ ဘယ်နိုင်ငံက လူတွေ ဖြစ်တယ်ဆိုတာ သတင်းမှာ တိတိကျကျ ဖေါ်ပြထားခြင်း မရှိပါ။ NARINJARA