Saturday, February 23, 2013
ဗီယက်နမ်နိုင်ငံ MYSICO ကုမ္ပဏီမှ နေပူတောင် (မာဘယ်လ်) ကျောက်အား ၂၅ နှစ်ထုတ်ယူမည်
|

MYSICO ကုမ္ပဏီ၏ ကျောက်ထုတ်လုပ်ရေးစီမံကိန်းအား မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ လုပ်ငန်းလိုင်စင်ရရှိထားခဲ့ရာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်ကာ လုပ်ငန်း စတင်ခဲ့ပြီး မြန်ဆန်စွာ လုပ်ကိုင်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံမှသံအမတ် Mr.NChu Cong Phung၊ MYSICO ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ Mr. Ngagen Cong Kun တို့မှာ ရခိုင်ပြည်နယ်အစိုးရနှင့် ဇန်နဝါရီလ (၂၈) ရက်နေ့ က ဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ပထမတန်းစားကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်သည့် အဆင့်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
တောင်ကုတ်မြို့မှ ဆရာ ဦးမြင့်ဆွေမောင်မှ နေပူတောင်နှင့်ပတ်သက်ပြီး " ဒီတောင်က နေပူခံတဲ့တောင်ဖြစ်တဲ့အတွက် ဒေသခံတွေက နေပူတောင်လို့ခေါ်တာဖြစ်တယ်၊ ၁၉၇၀ ခန့်က နေပူတောင်ကျောက်ကို မိုင်းခွဲပြီး ရခိုင်ရိုးမလမ်းကြီးကို လမ်းခင်းတာတွေ၊ ရန်ကုန်တိုင်းပြည်သူ့လွှတ်တော် အဆောက်အဦးဆောက်လုပ်တဲ့အခါ အမိုး၊ အမိုးအကာတွေအဖြစ် အသုံးပြုခဲ့သေးတယ်၊ ၁၉၇၁ ခုနှစ်ခန့်က ထုတ်ဝေတဲ့ ဗိုလ်တထောင်သတင်းစာမှာ ပြည်ခရိုင် ပန်းတောင်းမြို့အပိုင်၊ မိုင် (၇၀) အကွာတွင် ဒေါ်လာကုဋေ (၉၀၀) တန်ဖိုးရှိသော Marble ကျောက်ဆောင်ကြီး တွေ့ရှိ ဆိုပြီး ဖော်ပြပါရှိခဲ့တယ် " ဟု ပြောသည်။
အမှတ်(၁) စက်မှု ဝန်ကြီးဌာနမှ စက်ရုံအား ပထမတွင် လွိုင်ကော်၌ တည်ဆောက်ရာ သယ်ယူပို့ဆောင်ရေး ကုန်ကျမှုများလွန်းသည့်အတွက် နောက်ပိုင်းတွင် အုပ်ချစ်ပင်အား ကြားခစန်းအဖြစ်ထားရှိပြီး တညင်တွင် ကျောက်ပြားစက်ရုံတည်ဆောက်ကာ အနှစ်သုံးဆယ်ခန့် ထုတ်လုပ်ရောက်ချခဲ့ပြီး ကျောက်ထုတ်လုပ်မှု ရပ်ဆိုင်းထားသည်မှာ (၇) ခန့်ရှိနေကြောင်း ယခင်က နေပူတောင်ကျောက်ထုတ်ရာတွင် လုပ်ကိုင်ခဲ့သူ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
နေပူတောင် ကျောက်မှာ အအေးဓါတ်ရှိ၍ ယခင်က ဒေသခေါ်အဝေါ်မှာ နေပူခံတောင်ဖြစ်ပြီး အရောင်မှာ အညိုရောင်၊ အဖြူရောင်၊ အုန်းခွံ့ရောင်၊ နီညိုရောင် စသည်ဖြင့် အရောင် အမျိုးမျိုးတွေ့ရှိရသည်။
နေပူတောင်မှာ ပင်လယ်ရေပြင်မှ ၂၂၂၃ ပေမြင့်ပြီး ကျောက်တောင် အမြင့်ပေ ၃၀၀ ခန့်၊ တောင်ပတ်လည်မှာ (၅) မိုင်ခန့်ရှိပြီး အဆိုပါကျောက်ဆောင်ကြီး အပြင်ဘေးဘက်ချိုးမြောက်ကြီးတွင်လည်း Marble ကျောက်ဆောင်တန်းကြီးများ လည်း ရှိနေသေးပြီး တောင်၏ သက်တမ်း ၇၅ သန်းကျော်ရှိကြောင်းသိရသည်။ ARAKAN TIMES
Posted on 5:39 PM
ပဉ္စမ အကြိမ်မြောက် ရခိုင်ရိုးရာ ရထားဆွဲပွဲ စစ်တွေမြို့တွင် စတင်
နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာ ရထားဆွဲပွဲကို စစ်တွေမြို့လယ်ရှိ ၀င်္ကဘာကွင်းတွင် ယနေ့စတင် ကျင်းပကြောင်း သတင်း ရရှိသည်။

ရခိုင်ရိုးရာ စစ်တွေ မြို့လုံးကျွတ် ရထားဆွဲပွဲကို ယနေ့ ညနေပိုင်းက အဆိုတော် ဦးမောင်သိန်းမှ ရတု ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်အပါအ၀င် တခြားအစိုးရ တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ရိုးရာ ရထားဆွဲပွဲ ဖြစ်ပေါ်လာပုံအကြောင်းကို စာရေးဆရာ စစ်တွေညိုသန့်က ယခုကဲ့သို့ပြောသည်။
“ ရထားဆွဲပွဲ စတင်ဖြစ်လာရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ နှစ်မျိုး တွေ့ရပါတယ်။ ပထမတချက်က တော့ ဘုရားရှင်ရဲ့မိခင် မယ်တော်မာယာဟာ ကပိလ၀တ်နဲ့ ဒေ၀ဒဟ နှစ်ပြည်ထောင် ကြားမှာ နတ်ရွာစံတဲ့အ တွက်ကြောင့် ဇာတိဖြစ်တဲ့ ဒေ၀ဒဟနဲ့ သုဒ္ဓေါဒနမင်းကြီးရဲ့ ကပိလ၀တ် တို့က မယ်တော်မယာ အလောင်းကို သင်္ဂြိုလ်ဖို့အတွက် ရထားမှာ တင်ပြီး လုရာကနေ ရထားဆွဲပွဲ ဖြစ်ပေါ် လာတယ်ဆိုပြီး ဗုဒ္ဓ၀င်ကို အခြေခြံပြီး တချို့က ယူဆကြပါတယ်။”
သို့သော်လည်း တချို့က မြောက်ဦးခေတ် ရခိုင်မျိုးချစ် အာဇာနည်ကြီး အရှင်မြ၀ါကို အမှီပြုပြီး ပေါ်ပေါက် လာကြောင်း ပြောဆိုကြသည်ဟု ဆရာ ညိုသန့်က ဆိုသည်။
“ မြောက်ဦးခေတ် မင်းဗာဘုရင် လက်ထက်မှာ အမတ်ပညာရှိကြီး ဦးမြ၀ါဆိုတာ ရှိခဲ့တယ်။ သူက တိုင်းပြည် အနာဂတ် ကို တွက်ချက်ပြီး အသက် စွန့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက သူတတ်ထားတဲ့ ဗေဒင် နက္ခတ ပညာအရ သူ့ကို သူသေတဲ့ နေရာမှာ မြှုပ်နှံဖို့ မှာကြားခဲ့ပြီး နန်းလယ်တိုင်မှာ အူကို ပတ်ပြီး နောက်ဆုတ်နောက်ဆုတ် သွားတဲ့အခါ နိမ့်ညံ့တဲ့ နေရာ တစ်ခုမှာ အူဆုံးပြီး သေဆုံးသွားတယ်။ ဒါကို ဘုရင်က သူ့ဆရာကို နိမ့်ကျတဲ့ နေရာမှာ မမြှုပ်နှံလိုဘူး။ ပြည်သူတွေက ဦးမြ၀ါ မှာကြားတဲ့ အတိုင်း နေရာ မပြောင်းဘဲ သူသေတဲ့ နေရာမှာဘဲ မြုပ်နှံလိုတယ်။ မင်းနဲ့ ပြည်သူ အငြင်းပွားကြရာကနေ ပြည်သူနဲ့ဘုရင့်ဘက်တော်သားတွေက အရှင် မြ၀ါအလောင်းကို ရထားမှာတင်ပြီး တစ်ဘက်နဲ့ တစ်ဘက် အပြိုင်ဆွဲကြရာကနေ ရထားပွဲ ဖြစ်လာ တယ်ဆိုပြီး အယူရှိကြပါတယ်” ဟု ရထားဆွဲပွဲ စတင် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ဆရာညိုသန့်က ပြောသည်။
တချို့ရခိုင်လူကြီးများကလည်း ရထားပွဲကျင်းပခြင်းအားဖြင့် မိုးလေ၀ါသ ကောင်းမွန်ပြီး တိုင်းပြည်ငြိမ်းချမ်းကာ စိုက်ပျိုး သီးနှံများ ဖြစ်ထွန်းသည်ဟု ယုံကြည်ကြသည်။
ရခိုင်ရိုးရာ ရထားဆွဲပွဲကို ရခိုင်အမျိုးသားများက ချမ်းအေးသော တပို့တွဲလ (ကုန်ရာသီ) တွင် ကျင့်ပလေ့ရှိ သည်။
ယနေ့စတင်သည့် စစ်တွေ ရထားဆွဲပွဲတွင် မြို့သူကြီး ရပ်ကွက်နှင့် ဘောက်သီးစုရပ်ကွက်၊ ရွာကြီးမြောက်နှင့် ရူပ မြောက်၊ စက်ရုံစုနှင့်တခြား ရပ်ကွက် တခုတို့ အပြိုင် ဆွဲခဲ့ကြပြီး မနက်ဖန်တွင် ကျန်ရပ်ကွက်များ အပြိုင်အဆိုင် ဆွဲကြမည်ဖြစ်ကြောင်း သိရသည်။
ယန့ပြိုင်ပွဲတွင် အနိုင်ရသည့် အသင်းကို ကျပ်ငွေ တစ်သိန်းနှင့် ရှုံးသည့်အသင်းကို ကျပ်ငွေ ၇ သောင်းစီ ကျင်းပရေးကော်မီတီမှ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
“ ဒီမှာ ညမထွက်ရ အမိန့်ရှိတဲ့ အတွက် ည ၆ နာရီကနေ ၉ နာရီမှာအပြီး ဆိုပြီး သတ်မှတ်ထား
စစ်တွေမြို့၏ အခြေအနေမှာ မတည်ငြိမ်သေးသဖြင့် ရထားပွဲတော်ကို ယခင်နှစ် များကဲ့သို့ ညဉ့်နက်ချိန်ထိ ကျင်းပခြင်း မပြုပဲ စောစောစီးစီး ပြီးစီးအောင် ကျင်းပကြသည်ဟု ဆိုသည်။
ပြိုင်ပွဲကိုလည်း အမြန် ပြီးစီးအောင် ရှုံးထွက်စနစ်ဖြင့် စီစဉ်ထားသည်ဟု ဆိုသည်။
ရိုးရာရထားဆွဲမှာ ရခိုင်ပြည်နယ်တွင် မောင်တောမြို့မှအပ တခြားမြို့များတွင် နှစ်ပေါင်း ၄၀ ခန့် အကြောင်း အမျိုးမျိုးကြောင့် ပျောက်ကွယ်နေခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တွေမြို့မိဇံရပ်ကွက်မှ စတင် ပြန်လည် ကျင်းပခဲ့သည်။
ယခုအခါ စစ်တွေမြို့တွင် ကျင်းပသည်မှာ ပဉ္စမအကြိမ်မြောက်ရှိပြီ ဖြစ်သည်။
ယခု ပြုလုပ်နေသော ရိုးရာ ရထားဆွဲပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ (တပို့တွဲလပြည့်နေ့) အထိ သုံးရက်တိုင်တိုင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ NARINJARA
Posted on 5:27 PM
Friday, February 22, 2013
ဘင်္ဂါလီ၊ ဝါဟာဘီ နှင့် တံခါးဖျက်ဝင်သူများ
လတ်တလော ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ခိုးဝင်လာတဲ့
ဘင်္ဂါလီတွေနဲ့ ရခိုင်တိုင်းရင်းသားတွေကြား ပဋိပက္ခ အဖြစ် အားလုံးလိုလိုက
သတ်မှတ်ထားပေမဲ့ ခိုးဝင်လာသူတွေဟာ ဘင်္ဂါလီအစစ်မဟုတ်ဘဲ ဘင်္ဂါလီမျိုးနွယ်ဝင်
စစ်တ ကောင်းသားတွေ ဖြစ်ပါတယ်။
ဘင်္ဂါလီလူမျိုးတွေဟာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ အဓိကနေကြပါတယ်။ အင်္ဂ လိပ် ကိုလိုနီခေတ်မှာ
ဒီနှစ်နယ်ကို တပေါင်းတည်း ဘင်္ဂလားပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၄၇ ခု
အိန္ဒိယလွတ်လပ် ရေးကြေညာတော့မှ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများတဲ့ အနောက်ဘင်္ဂလားနဲ့
တြိပူရတို့ဟာ အိန္ဒိယဘက်ခြမ်းက ပြည်နယ် နှစ်ခု ဖြစ်သွားပြီး
အစ္စလမ်ဘာသာဝင်များတဲ့ အရှေ့ဘင်္ဂလားက အရှေ့ပါကစ္စတန်ဖြစ်သွားပါတယ်။ အရှေ့ပါကစ္စ
တန် ဟာ ၁၉၇၁ ခုမှာ လွတ်လပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာပါတယ်။
တကမ္ဘာလုံးမှာ ဘင်္ဂါလီလူမျိုးဦးရေ သန်း ၃၀၀ ရှိပြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၅၆ သန်း၊ အိန္ဒိယနိုင်ငံမှာ သန်း ၇၀၊ ပါကစ္စ တန်၊
ဗြိတိန်၊ မလေးရှားနဲ့ အာရပ်နိုင်ငံတွေမှာလဲ အတော်များများရှိကြပါတယ်။
ဟန်တရုတ်လူမျိုးပြီးရင် ဘင်္ဂါလီ လူမျိုး ဟာ ကမ္ဘာမှာ ဒုတိယ
လူဦးရေအများဆုံးလူမျိုး ဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးအားလုံးရဲ့ ၅၀% ဟာ
မွတ်ဆလင်တွေ ဖြစ်ပြီး ၄၈% ကတော့ ဟိန္ဒူတွေ ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင်လက်ထက်နဲ့ အသောကမင်းကြီးလက်ထက်မှာ ဘင်္ဂလားဒေသဟာ မဂဓတိုင်းထဲ
ပါခဲ့ပါတယ်။
ဘင်္ဂါလီလူမျိုးတွေထဲက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊
စာပေအနုပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ တော်တော်များများ ထွက်ခဲ့ပြီး
အဓိကအားဖြင့် ဟိန္ဒူဘာသာဝင်ဘင်္ဂါလီတွေ ဖြစ်ကြပါတယ်။ အာရှတိုက်က
ပထမဆုံးနိုဘယ်ဆုရတဲ့ ကဗျာ ဆရာကြီး ရာဘင်ဒြာနတ်သ်တဂိုး၊ ကမ္ဘာကျော်
ရုပ်ရှင်ဒါရိုက်တာ ဆတ္တယာဂျစ်ရေး၊ အိန္ဒိယလွတ်လပ်ရေး တော်လှန်ရေး ခေါင်းဆောင်
ဆူဘတ်စ်ချန္ဒရာဘို့စ်၊ ကမ္ဘာကျော်သိပ္ပံပညာရှင် ဆာတယင်ဒြာနတ်သ်ဘို့စ်၊
နိုဘယ်ဆုရ စီးပွားရေးပညာ ရှင် အမာရ်တီယာဆင်း၊ စာရေးဆရာမ အရွန်ဒါတိရွိုင်း၊
ဘီးတဲလ်စ်ဂီတသစ်အဖွဲ့ရဲ့ဆရာ ဂီတပညာရှင်ကြီး ရာဗီရှန်ကာ တို့ဟာ
ဘင်္ဂါလီဟိန္ဒူတွေဖြစ်ပြီး အသေးစားငွေချေးလုပ်ငန်း တီထွင်ခဲ့တဲ့
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ် ကတော့ ဘင်္ဂါလီမွတ်ဆလင်
ဖြစ်ပါတယ်။
မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲနဲ့ လွတ်လပ်ရေးခေတ်
နိုင်ငံရေးသမိုင်းမှာပါဝင်ခဲ့တဲ့ ဘင်္ဂါလီတွေလဲ ထင်ထင်ရှားရှားရှိ ပါတယ်။
အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်လှုပ်ရှားခဲ့လို့ ဗမာပြည်ကို
နယ်နှင်ဒဏ်ပေးခံရတဲ့ မစ္စတာရာရှစ်ဟာ ဗိုလ် ချုပ်အောင်ဆန်းတို့နဲ့ တခေတ်ထဲ
ရန်ကုန်တက္ကသိုလ်ကိုရောက်လာပြီး ၁၉၃၆ ခုမှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ ကျောင်း
သားသပိတ် ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးပါတယ်။ ဘင်္ဂါလီ နိုင်ငံရေးသမားတွေဖြစ်တဲ့
မစ္စတာရာရှစ်နဲ့ ဦးခင်မောင်လတ်တို့ဟာ လွတ် လပ်ရေးရပြီးနောက်မှာလဲ
ဖဆပလအစိုးရထဲမှာ ဝန်ကြီးတွေအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံ အတိုက်အခံဘက်မှာလဲ ဘင်္ဂါလီတွေ
အရေးကြီးနေရာတွေက ပါခဲ့ဖူးပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဂိုရှယ်၊
ဒေါက်တာနတ်၊ ဆရာရာဂျန်တို့ဟာလဲ အင်္ဂလိပ်က နယ်နှင်ဒဏ်ပေးလို့
ဗမာပြည်ရောက်လာတဲ့ ဘင်္ဂါလီ တော်လှန်ရေးသမားတွေ ဖြစ်ပါတယ်။
ဗမာပြည်ကိုရောက်လာကြတဲ့ အဲဒီ ဘင်္ဂါလီတွေဟာ
နယ်စပ်ကကူးဝင်လာတာတွေမဟုတ်ဘဲ ကိုလိုနီခေတ်မှာ သင်္ဘောနဲ့ ရောက်လာတဲ့
ဘင်္ဂါလီဟိန္ဒူတွေ၊ ဘင်္ဂါလီမွတ်ဆလင်တွေ ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်၊
ဆရာမောင်သော်ကတို့က တော့ အဲဒီထက်စောပြီး မျိုးရိုးစဉ်ဆက်
ဗမာပြည်မှာနေခဲ့တဲ့ မွတ်ဆလင်တွေ ဖြစ်ပါတယ်။
စစ်တကောင်းစကားဟာ ဘင်္ဂါလီစကားရဲ့ ဒေသိယစကား dialect
ဖြစ်ပြီး ဘာသာဗေဒမှတ်တမ်း Ethnologue မှာ သီး သန့်သင်္ကေတ cit
လို့ပေးခဲ့ပါတယ်။ ရွင်ဂျာ အပါအဝင် စစ်တကောင်းစကားပြောသူ ၁၄
သန်းကျော်ရှိပါတယ်။ စစ်တ ကောင်းကို ဘင်္ဂါလီတွေက ချော့တော်ကလမ်း သို့မဟုတ်
ခေါ့တော်ကလမ်း chottogram လို့ ခေါ်ရာကနေ စစ်တ ကောင်းသားဘင်္ဂါလီတွေကို ခေါ့တ်
သို့မဟုတ် ခေါ့တောကုလား လို့ နာမယ်တွင်သွားပါတယ်။ စစ်တကောင်း ဒေသဟာ
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ နတ်မြစ်ပဲခြားတဲ့အတွက်
နယ်စပ်ကျော်ခိုးဝင်သူတွေဟာ အဓိကအားဖြင့် စစ်တကောင်း သား ဘင်္ဂါလီ (ခေါ့တ်)
တွေ ဖြစ်နေပါတယ်။
ဒီကနေ့ ရွင်ဂျာလို့ခံယူနေသူတွေကို ဘာသာဗေဒမှတ်တမ်း
Ethnologue မှာ ၂၀၀၇ ခုနှစ်အထိ စစ်တကောင်းသား တောင်ပိုင်းလေယူလေသိမ်းလို့ပဲ
သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၇ ဒီဘက်မှာတော့ စစ်တကောင်းသားဘာသာစကားကို ctg ၊
ရွင်ဂျာကို rhg လို့ခွဲပေးလိုက်ပြီး ရွင်ဂျာ နဲ့ စစ်တကောင်းသား မတူသလိုလို
လုပ်ပြပေးခဲ့ရပါတယ်။ ဘာသာဗေဒ မှတ် တမ်း Ethnologue မှာ ဘင်္ဂါလီဘာသာစကားကို
ben လို့ သင်္ကေတသတ်မှတ်ထားပါတယ်။ စစ်တကောင်း စကားနဲ့ ဘင်္ဂါလီစကားဟာ ၄၃% ကနေ
၆၄% အထိပဲ တူညီတယ်လို့ ဆိုပါတယ်။ တောရွာတွေက စစ်တကောင်းသူမတွေဟာ မြို့ပေါ်က
ဘင်္ဂါလီစကားကို နားမလည်ဘဲ ရွင်ဂျာဆိုသူတွေနဲ့တော့ ရာနှုန်းပြည့်
ဆက်ဆံပြောဆိုလို့ ရပါတယ်။ သဘော ကတော့ စစ်တကောင်းစကားနဲ့ ရွင်ဂျာစကား၊
စစ်တကောင်းသားနဲ့ ရွင်ဂျာ လုံးဝတထပ်တည်း ဖြစ်ပါတယ်။
၁၈၂၄ ခု အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးတဲ့အချိန်ကစခဲ့တဲ့
ဒီနယ်မြေချဲ့ထွင်မှုဟာ အာရေဗျကျွန်းဆွယ်မှာ ၁၈ ရာစု အ တွင်း ပေါ်ပေါက်ခဲ့တဲ့
ဝါဟာဘီအခြေခံဝါဒနဲ့ ပေါင်းစပ်သွားရင် ဘာသာရေးအစွန်းရောက်ဝါဒအဖြစ်
ပိုပြီးဆုတ်ယုတ် ဖောက်ပြန်သွားမယ့် အလားအလာ ရှိနေပါတယ်။
ဥရောပတိုက်မှာ ခရစ်ယန်အခြေခံဝါဒီတွေလွှမ်းမိုးလို့
အမှောင်ခေတ်ဖြစ်နေတဲ့အချိန်မှာ အစ္စလမ်နိုင်ငံတွေမှာတော့ သိပ္ပံ ပညာတွေ
အနုပညာတွေ ထွန်းကားပွင့်လန်းခဲ့ပြီး အစ္စလမ်ရွှေခေတ်အဖြစ် ကမ္ဘာ့လူသားတွေကို
ဧရာမအကျိုးပြုခဲ့ပါ တယ်။ အဲဒီကာလမှာ မွတ်ဆလင်သိပ္ပံပညာရှင်တွေဟာ
အက္ခရာသင်္ချာနဲ့ တြိဂိုနိုမက်ထရီကို တီထွင်နိုင်ခဲ့ပါတယ်။ နယူတန်ခေတ်
မတိုင်ခင်မှာ ကဲလ်ကုလသင်္ချာရဲ့ အခြေခံတွေကို ချပေးနိုင်ခဲ့ပါတယ်။
ဆေးပညာနယ်ပယ်မှာ ခွဲစိတ်ကု ပညာကို တိုးတက်အောင်လုပ်ခဲ့ပြီး မေ့ဆေးသုံးတာလဲ
စလုပ်ခဲ့ပါတယ်။ လူ့ကိုယ်ခန္ဓာရဲ့ သွေးလည်ပတ်မှုစနစ်ကိုလဲ ပထမဆုံး
ဖော်ထုတ်နိုင်ခဲ့သလို အနာတွေမှာ ပိုးသတ်ဆေးသုံးတာကိုလဲ စလုပ်ခဲ့ပါတယ်။
ဒီခေတ်အတွင်း ကဗျာဆရာ ကြီး အိုမာခယမ် ထွက်ပေါ်ခဲ့သလို တထောင့်တညပုံပြင်လို
ကြီးကျယ်တဲ့အနုပညာလက်ရာတွေလဲ မွတ်ဆလင် ကမ္ဘာမှာ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီဘက်ခေတ်မှာလဲ ၂၀ ရာစုထဲမှာ ပေါ်ပေါက်ခဲ့တဲ့ တူရကီနိုင်ငံက
ကီမဲလ်အတားတာ့က်လို အမျိုးသားရေး ခေတ်မီရေး ခေါင်းဆောင်ကို
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အားကျအတုယူခဲ့ရပါတယ်။ အိဂျစ်နိုင်ငံက
နာဆာကိုလဲ နယ်ချဲ့စနစ် လက်အောက်က လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့
ကိုလိုနီနိုင်ငံတွေက အဖိနှိပ်ခံပြည်သူတွေ အတုယူခဲ့ရပါတယ်။ အဲဒီ တုန်းက
ဆော်ဒီအာရေဗျနဲ့ တချို့အာရပ်ပဒေသရာဇ်နိုင်ငံငယ် အနည်းစုကလွဲရင် ဝါဟာဘီဝါဒ
ဘယ်လိုမှခေါင်းမထောင် နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အခုတော့ ဝါဟာဘီဝါဒကစလိုက်တဲ့
အစ္စလမ်အစွန်းရောက်ဝါဒဟာ အစ္စလမ်ကမ္ဘာကိုရော၊ တခြားဘာသာဝင် နိုင်ငံတွေကိုပါ
အမှောင်ခေတ်ကြီးထဲဆွဲသွင်းဖို့ ခြိမ်းခြောက်နေပါပြီ။ အတားတာ့က် နဲ့ နာဆာ
တို့ရဲ့ ခေတ်သစ် အစ္စလမ် ဝါဒကြောင့် အနောက်နိုင်ငံတွေရဲ့
အခြေခံအကျိုးစီးပွားတွေ အထိနာခဲ့လို့ လက်စားချေတဲ့အနေနဲ့ အစ္စလမ် အခြေခံဝါဒီ
တွေကို အကန့်အသတ်နဲ့ မြှောက်ပေးနေသလိုမျိုး တွေ့နေရပါတယ်။ ဒါပေမဲ့
ဝါဟာဘီမူရင်းစွဲဝါဒဟာ လမ်းမယူဘူး ဆို တာကို ၉/၁၁ မှာ ပြခဲ့ပြီး ဖြစ်ပါတယ်။
ဘင်္ဂါလီတွေရဲ့ကျော်နင်းမှုကကော ဘယ်လမ်းကိုသွားနေပြီး
ဘယ်သူတွေက အားပေးအားမြှောက်လုပ်နေသလဲ။ လက်စ လက်နတွေကတော့ တစတစပေါ်လာပါပြီ။
ဝါဟာဘီတွေက ပံ့ပိုးမှုမျိုးစုံနဲ့တွန်း၊ မွတ်ဆလင်မဟုတ်တဲ့ အနောက်တိုင်း ကလဲ
အမျိုးမျိုးသော အကျိုးစီးပွားမျှော်မှန်းပြီး အဖက်ဖက်ကအားပေး။
ဘယ်လိုဘဲဖြစ်ဖြစ် ပြည်တွင်း အာဏာပိုင်မပါရင် လဲ ကျော်နင်းသူတွေ
ရှေ့တိုးလို့မရနိုင်တာ ထင်ရှားနေပါပြီ။ .naytthit
Posted on 7:03 PM
ကုလကူညီရေးအဖွဲ့များ-ဖားကန့်ရှိဒုက္ခသည်များကို-ဆက်လက်၍-လာရောက်ကူညီပေးလိုကြောင်း-ပြောဆို
ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များကို ၁ လစာအတွက် အကူညီပေးရန်ရောက်ရှိလာသော ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့သည် အခက်အခဲရင်ဆိုင်နေရသော ဒုက္ခသည်စခန်း အသီးသီးသို့ကြည့်ရှုကာ ဆက်လက်၍ အကူအညီပေးချင်ကြောင်း ပြောဆိုခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ ကူညီရေးအဖွဲ့ UN မှ နိုင်ငံခြားသား Ashley Clements ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦးတို့သည် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ဖားကန့်သို့ရောက်ရှိလာခြင်းဖြစ်ပြီး စခန်းအသီးသီးသို့ကူညီမှုပေးခဲ့ရာ ဒုက္ခသည်များ၏ အခက်အခဲပြသနာများကိုမြင်တွေ့ပြီး ၀မ်းနည်းကြောင်းနှင့် ဆက်လက်၍လည်း ကူညီထောက်ပံ့မှုများပေးသွားရန် စီစဉ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ၄င်းအဖွဲ့အား စခန်းများသို့ ဦးဆောင်ပေးနေသူ ဖားကန့် ဥရုဆိုင်းမှော်ဇုံနယ်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခတော်ရဆရာ တိုင်လွမ့်တူးရော် ကပြောသည်။
“သူတို့က ဒီလိုအခက်အခဲဖြစ်နေတာကို ကူညီရတာဝမ်းသာတယ်။ ဒါပေမဲ့ ၁ လစာအတွက်ပဲ ကူညီပေးရတဲ့အတွက် စိတ်မကောင်းဘူး။ နောက်ရော ဆက်ပြီးကူညီသွားဖို့ စီစဉ်သွားမယ် လို့ပြောသွားတယ်။” ဟုသိက္ခတော်ရ တိုင်လွမ့်တူးရော် (Tailum Tu Raw) က KNG ကချင်သတင်းဌာန သို့ပြောသည်။
UN အဖွဲ့သည် နိုင်ငံခြားအမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦးအပါအ၀င် စားနပ်ရိက္ခာပစ္စည်းများ တင်ဆောင်လာသော ကား ၆ စီးနှင့် အဖွဲ့ဝင်များစီးသောကား ၅ စီး အားလုံးပေါင်း ၁၁ စီးဖြင့်ရောက်ရှိခြင်းဖြစ်ကြောင်းသိရသည်။
ဖားကန့်မြို့နယ်ရှိ ဒုက္ခသည်စခန်းအသီးသီးတွင် ကြည့်ရှုကာကူညီပေးသွားခဲ့ပြီး ယနေ့တွင် မှော်ဝမ်း စစ်ပြေးဒုက္ခသည်စခန်းတွင် ထောက်ပံ့ပစ္စည်းများဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိက္ခတော်ရ ဆရာတိုင်လွမ့်တူးရော် (Tailum Tu Raw) ပြောသည်။
“မနေ့ကတော့ လောင်ခန် (လုံးခင်း)မှာကူညီပေးတယ်။ ဒီနေ့တော့ ဖားကန့်မှာ ဖားကန့်မြို့တွင်းမှာတော့ပြီးပြီ။ အခုတော့ မှော်ဝမ်းမှာ ပြန်ပေးနေတယ်။ မိသားစုလိုက် လူဦးရေကိုကြည့်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲတွေပေးတယ်။ မိန်းကလေး တွေနဲ့ ပတ်သက်ပြီး သုံးဆောင်ရမယ့်ပစ္စည်းတွေကအစပေးတယ်။ အသက် ၆၀ အထက်နဲ့ ကိုယ်ဝန်ဆောင် မိခင်တို့ ကလေး ၂ နှစ်အောက်ကလေး၊ ၆ လအောက်ကလေး အဲလိုမျိုးတွေကို သူတို့အတွက် သူတို့နဲ့အလိုက် လိုအပ်တဲ့ အာဟာရတွေပေးတယ်။ သူတို့က လူဦးရေ ၇၀၀၀ အတွက် ဆိုပြီးယူလာတာလို့ပြောတယ်” ဟု KNG ကချင်သတင်းဌာန သို့ ပြောသည်။
၎င်းတို့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက မြစ်ကြီးနားမှ ဖားကန့်မြို့သို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာ အစိုးရအာဏာပိုင်များမှ ဆိုင်းငံ့ထားသောကြောင့် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှ ၀င်ခွင့်ရခြင်းဖြစ်သည်။
အစိုးရမှ ထိုသို့ ဆိုင်းငံ့ထားခြင်းသည် နိုင်ငံခြားသား ၃ ဦးပါဝင်သောကြောင့် ထိုသွားလမ်းတွင်ရှိသော အစိုးရ ဂိတ်များကို ၎င်းတို့အား မြင်တွေ့ခွင့်မပြုလိုသောကြောင့်ဖြစ်သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ပြောသည်။
“နိုင်ငံခြားသာ ၃ ယောက်ပါလို့ သူတို့ကို မသွားခိုင်းစေချင်လို့လေ။ ဂိတ်တွေကို မတွေ့ခိုင်းချင်လို့ပေါ့။ အခုတောင် ဂိတ်တွေကို အကုန်လုံး ရုတ်လိုက်ပြီးမှ သွားခိုင်းတာလေ။”
အစိုးရ၏ပိတ်ပင်တားဆီးမှုနှင့် အဆိုပါ ဂိတ်များကြောင့် အဟန့်တားရှိမရှိ အခြေအနေကို မေးမြန်းဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ၄င်းကိစ္စနှင့်ပတ်သက်၍ ပြောဆိုခွင့်မရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
ကုလ ကူညီရေးအဖွဲ့တို့သည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ဖားကန့်မှ ပြန်မည်ဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် ဒုက္ခသည်စခန်း ၃၂ ခုရှိပြီး ဒုက္ခသည် ၇၀၀၀ ကျော်ရှိသည်ဟု ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့အ၀င် သိက္ခတော်ရ တိုင်လွမ့်တူးရော် (Tailum Tu Raw) ကပြောသည်။
Posted on 6:47 PM
အိန္ဒိယဖက်ပါသွားတဲ့ မီဇိုရမ်ကိုအတု ယူပြီး
Posted by khonumthungPosted on Thursday, January 31st, 2013
(ခွါနင်း
လေသောင်) ၂၀ ရာစုကာလက ကမ္ဘာ့နိုင်ငံ အသီး သီးပေါ်ပေါက်နေချိန်မှာ ကျနော်တို့
ချင်းအမျိုးသားများ (၀ါ) ဇိုအမျိုး သားများဟာနိုင်ငံ တစ်ခုအနေနဲ့
ရပ်တည်မလာတော့ပဲ အိန္ဒိယ၊ မြန် မာနှင့် ဘင်္ဂလားဒေရှ့် သုံးနိုင်ငံမှာ
အပိုင်းလိုက် ကျရောက် သွားခဲ့ ပါတယ်။ ချင်းအမျိုးသားတို့ဟာ ဗမာပြည်
လွတ်လပ်ရေး လှုပ်ရှားမှုနဲ့ ဆက်စပ် လာပြီး ပင်လုံစာချုပ်အရ
မြန်မာနိုင်ငံထဲသို့၎င်း၊ မီိဇိုရမ်ခေါ် လူရှိုင်းတောင်တန်းဟာ အိန္ဒိယထဲသို့
၎င်း၊ စစ်တကောင်း တောင်တန်း ဒေသကတော့ အရှေ့ပါကစ္စတန်ခေါ်
ဘင်္ဂလားနိုင်ငံထဲသို့၎င်း သွတ်သွင်း ခံရပါတယ်။ ဒီသုံးခုအနက် မီဇိုရမ်က
ဘာကြောင့် အိန္ဒိယထဲ ပါဝင်သွားသလဲ ဆိုတာကို ဒီ ဆောင်းပါးမှာ တင်ပြလိုပါတယ်။ဒုတိယ ကမ္ဘာစစ်ကာလက ဖက်ဆစ်ဂျပန်ဟာ ၀င်ရိုးစွန်း နိုင်ငံများဖက်ပါသွားတဲ့အခါ မဟာမိတ် အဖွဲ့ဖြစ်ကြ တဲ့ ယူကေနှင့် ယူအက်စ်အဖွဲ့တို့ဟာ အတ္တလန်တစ် သဘောတူညီချက်အရ မဟာမိတ်တိုးပွါးစေရန် ဆိုပြီး လူရှိုင်းတောင်တန်း ကြီးကြပ်ရေးမှူး တာဝန်ယူထားတဲ့ မေဂျာ မက်ကောလ် သည် ဒေသခံ သူကြီးနှင့် လူကြီး ၃၀၀ ကို ၁၉၄၂ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ခေါ်ယူ ရှင်းလင်းမှုပြုလုပ်ခဲ့သည်။ (၃) ရက်နေ့မှာ ဗြိတိသျှ အလံကိုကိုင်ပြီး မဟာမိတ်တပ်တို့နှင့် အတူ ဖက်ဆစ်နှင့် ၀င်ရိုးစွန်းတပ် များကို တိုက်ခိုက်ဖို့ ကတိပြုလာကြပါတယ်။ အပြန်အလှန်အားဖြင့် သူတို့ ဆန္ဒအတိုင်း မဟာ မိတ် အစိုးရတွေက လွတ် လပ်ရေးပေး ဖို့ ဖြစ်ပါတယ်။ အဲဒီနေ့က မက်ကောလ်ရဲ့ အလံကိုင် မိန့်ခွန်းကို ဒီလို ကောက်နုတ်ပေးပါတယ်။
“Look there is Union Jack above us. I, representative of King George VI, do solemnly declare and promise whatever I am to promulgate amongst you will be more firm than putting in writing between You and I. Since you, today declare war against our enemies, you have become the brothers of King and not merely friends, but you are the true friends of the Government of Allies. If we come out victorious, the British Government and its Allied Governments will not leave you or neglect you. This is the agreement today we entered into and we shall do it.”
ဒီလိုနဲ့ မဟာမိတ်တပ်များ အနိုင်ရလာပြီး ၁၉၄၆ ခုနှစ် ဧပြီလ (၉) ရက်နေ့မှာ နိုင်ငံရေးပါတီဖြစ်တဲ့ Mizo Union Party ကို ထူထောင်ခဲ့ကြရာ Lalhema နှင့် R. Vanlawma တို့က ဥက္ကဌနှင့် အတွင်းရေးမှူး ဖြစ်လာကြပြီး အဲဒီတုန်းက လူရှိုင်းတောင်တန်းဒေသ ကြီးကြပ်ရေးမှူးဖြစ်တဲ့ မက်ဒေါနာ့လ်ကလဲ ကူညီ အသိအမှတ်ပြုခဲ့ပါတယ်။ အဓိက ရည်မှန်းချက်ကတော့ လွတ်လပ်ရေးရပြီး ဗြိတိသျှတို့ ထွက်သွားတဲ့အခါ ကိုယ့်ဟာကိုယ် အုပ်ချုပ်ရေး ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။
အဲဒါကို အိန္ဒိယအမျိုးသား ကွန်ကရက်က သိတဲ့အခါ အိန္ဒိယထဲ ပါဝင်လာစေဖို့ ကြိုးစားလာခဲ့ကြပါတယ်။ လူရှိုင်း ပညာတတ်သုံးဦး ဖြစ်တဲ့ Khawtinkhuma, Ch. Saprawnga နှင့် H. Vanthuama တို့ကို စေလွှတ် စည်းရုံးစေခဲ့ပါတယ်။ ချင်းခေါင်းဆောင်တွေကို အောင်ဆန်းက ၀မ္မသူးမောင်ကို အသုံးချ စည်းရုံးခဲ့သလိုပေါ့။ Ch. Saprawnga ဟာ Jorhat ကောလိပ်ကျောင်းသားဘ၀ ကတည်းက ကွန်ကရက် Volunteer ဖြစ်ခဲ့သူ ပါ။ Khawtinkhuma နှင့် H. Vanthuama တို့ဟာ ပညာတတ်ဖြစ်ကြတဲ့အတွက် လူထုကို စည်းရုံးနိုင် လို့ရှိရင် အစိုးရ အလုပ် ကောင်းကောင်း ခန့်မယ် လို့ ကတိပေးကြပြီး Ch. Saprawnga ကိုတော့ အာသံ အစိုးရမှာ နေရာချပေးဖို့ ကတိပြုခဲ့ကြပါတယ်။ သူတို့ သုံးဦးဟာ နိုဝင်ဘာလ ၅-၆ ရက်နေ့များမှာ ကျင်းပတဲ့ Mizo Union Assembly မှာ အစည်းအဝေး ကမောက်ကမဖြစ်အောင်လုပ်ကြပြီး (၇) ရက်နေ့မှာ ရွေးကောက် ပွဲ ပြန်လုပ်ဖို့ အဆိုပြုလာကြတယ်။ ဒီလိုနဲ့ ဥက္ကဌ က Khawtinkhuma, ဒုဥက္ကဌ Ch. Saprawnga နှင့် အတွင်းရေးမှူး H. Vanthuama ဖြစ်လာကြပြီး အမျိုးသားလွတ်လပ်ရေးမှ အိန္ဒိယနှင့် ပူးပေါင်းရေးဖက်သို့ ဦးတည်ခဲ့ကြခြင်းဖြစ်တယ်။ တကယ်တော့ အဲဒီ (၇) ရက်နေ့မှာ ၎င်းတို့ သုံးဦး ကနေပြီးတော့ သူကြီးမျိုးမဟုတ်တဲ့ (စော်ဘွားမဟုတ်တဲ့) အမျိုးတွေကို တိုက်တွန်းထားပြီး boycott လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ သီးသန့် စည်းရုံးထားတဲ့ လူတွေနဲ့ စီစဉ်ပြီး ရာထူးတွေ ရလာခဲ့ကြတာ ဖြစ်ပါတယ်။
အတွင်း ရေးမှူးနာမည်ခံပြီး H. Vanthuama ကနေ ၁၉၄၇ ဇန္န၀ါရီ (၁၃)မှာ General Assembly ပြုလုပ်ဖို့ ခေါ်ယူတဲ့အခါ R. Vanlawma က H. Vanthuama ဟာ အတွင်းရေးမှူးမဟုတ်ကြောင်းနဲ့ General Assembly မဟုတ်ကြောင်း ကျေညာခဲ့ပါတယ်။ ကြီးကြပ်ရေးမှူး Mc Donald ကလဲ H. Vanthuama ဟာ
အတွင်းရေးမှူး တကယ်မဟုတ်ကြောင်း ရေးသားခဲ့ပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး ကြီးကြပ်ရေးမှူးက အများပြည်သူသိရှိအောင် ကြေညာချက် အရှည်ကြီး ထုတ်ခဲ့ပါ သေးတယ်။ နိုဝင်လာ (၇) ရက်နေ့မှာ မက်ဒေါနာ့လ် ခေါ်ယူထားတဲ့ သူကြီးမျိုးကိုယ်စားလှယ်တွေနဲ့ သာမန်မျိုးခေါ်ယူသူတွေ အားလုံး (အဆင် မပြေတဲ့ လူနှစ်ဦးမှ အပ)က အုပ်ချုပ်ရေး စီမံကိန်းသစ် အကြောင်းကို ကောင်းမွန်စွာ ဆွေးနွေးခဲ့ကြပါတယ်။
အုပ်ချုပ်ရေး ယန္တရားမှာ သူကြီးမျိုး ဘယ်လေက်၊ သာမန်မျိုး ဘယ်လောက် ထည့်ထားမလဲ ဆိုတာ ဆွေးနွေး ဖို့ နောက်တနေ့ (၈) ရက်နေ့ကို ချိန်းဆိုခဲ့ကြရာ အဆိုပါ ပညာတတ် သုံးဦး ဦးဆောင်တဲ့ သာမန်မျိုးဖက်က ကိုယ်စားလှယ်တွေကို ဆက်လက်မသွားဖို့ ပြောဆို တားမြစ်လာခဲ့ကြပြီး ပျက်ပြယ် သွားခဲ့ပါတယ်။ အကြောင်းပြချက်က သူကြီးမျိုးနဲ့ သာမန်မျိုးအတွက် ဦးရေ တူညီတဲ့ ကိုယ်စားလှယ် ကျနော်တို့ လက်မခံနိုင်ပါ.. သာမန်မျိုးဟာ လူများစု ဖြစ်တဲ့အတွက် ကိုယ်စားလှယ် အများစု ဖြစ်ရမယ် ဆိုပြီး တောင်းဆိုကြတာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီး မက်ဒေါနာ့လ်က Saprawnga အား အင်္ဂလန် မှာတောင် သူကြီးမျိုး (၀ါ) သခင်မျိုး နေရာ အများစု ရထားတာပဲ…ဘာမှ ပြဿနာ မရှိခဲ့ဘူး..
ဒီမှာက တူညီတဲ့ ပမာဏ ရရှိထားဖို့တောင် ဆွေးနွေးမှုက စနေပြီ.. ဘယ့်နှယ် သပိတ်မှောက်လိုက် တာလဲကွာ.. လို့ ဒေါသနဲ့ ဟောက်ခဲ့ ပါသေးတယ်။ တချို့ပြောတာကတော့ ပါးရိုက်ခဲ့သေးတယ်လို့ ပြောပါတယ်။ ဒါကြောင့် မက်ဒေါနာ့လ်က .. မင်းက ကြက်ဥထဲက ကြက်ကလေးလောက်ပဲ ရှိသေး တယ်.. ကမ္ဘာ့နိုင်ငံရေး တစ်ခုမှ နားမလည်သေးဘူး… ဒီနေ့ ငါ ဘာလုပ်သလဲ ဆိုတာ မင်းဟာမင်း ဘာမှ မသိဘူး… မင်းက ဒီနေ့မှာ အမျိုးသားရေး လုပ်တယ်လို့ ထင်ရင် ထင်မယ်.. နောင်လာနောက်သားတွေက မင်းကို အမျိုးသား သစ္စာဖေါက်လို့ပဲ သတ်မှတ်လာကြမှာ.. မင်း သေပြီး နှစ်ပေါင်းကြာ ရှည်မှ မျိုးဆက်သစ်တွေက မင်းရဲ့ သင်္ချိုင်းထဲက အရိုးကိုတောင် ပြန်ဖေါ်ပြီးတော့ မင်းတိုင်းပြည်မှာ မြုပ်ခွင့်ပေးမှာမဟုတ်ဘူး… လို့ ပြောသေးတယ်။
အဲသလို ဖြစ်တဲ့ အတွက် Mizo Union ရဲ့ ရည်မှန်းချက်အတိုင်း Mizo Council ကို ဖွဲ့လာခဲ့ပါတယ်။ တချိန်တည်း မှာပင် United Mizo Freedom Front ဖွဲ့လာခဲ့ကြပြီး Captain Lalmawia က ဦးဆောင် လာပါတယ်။ ချင်း တောင်တန်း က ညီအစ်ကိုတို့နှင့် ပေါင်းဖို့ ဗမာခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးနုနှင့် ဦးဘဆွေတို့ကိုလဲ သွားရောက် တွေ့ဆုံ စကားပြောခဲ့ကြပါသေးတယ်။
မက်ဒေါနာ့လ်ကလဲ.. ကျနော့်အတွက်က ဘာမှ ကိစ္စမရှိပါဘူး.. ဒါပေမယ့် မီဇိုရမ်အတွက် တကယ့် ပြဿနာလို့ မြင်ပါတယ်.. လို့ ပြောသေးတယ်။ အဲသလို ဖြစ်တဲ့အခါ အာသံ ခေါင်းဆောင်များနှင့် အိန္ဒိယခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Sir B.N Rao တို့ ရောက်လာပြီး ကြိုက်တာ ရွေးနိုင်တယ် ဒါပေမယ့် အိန္ဒိယကို ရွေးရင် အကောင်းဆုံး ဖြစ်မယ် လို့ စည်းရုံး ဟောပြောလာခဲ့ကြပါတယ်။
Saprawnga ကလဲ ကြိုက်တာတော့ ရွေးလို့ရတယ် ဒါပေမယ့် အိန္ဒိယကို ရွေးရင် ငါတို့အတွက် ပိုကောင်း မှာမို့လို့ အိန္ဒိယကို ရွေးသင့်ပါတယ် လို့ ဟောပြောခဲ့ပါတယ်။ ဒီ ကိစ္စတွေကြောင့် မက်ဒေါနာ့လ်ကို ဆက်ခံ တဲ့ L.L Peter ဦးဆောင်ပြီး ခေါင်းဆောင် ၅၀ ဦးက ၁၉၄၇ သြဂုတ်လ ၁၄ ရက်နေ့မှာ Bardoloi ရောက်လာ တာကို အကြောင်းပြုပြီး သဘောထား တင်သွင်းစာကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီ စာ ထဲမှာ.. inner line permit ကို လူထုက လိုအပ်နေသေးသရွေ့ ဆက်လက် အသုံးပြုသွားဖို့.. ချင်းတောင်တန်းအက်ဥပဒေကို တစတစ ကျင့်သုံးသွားရေး.. ဆယ်နှစ်ကြာရင် မိမိတို့ ကြမ္မာအတွက် ပြန်လည် ဆုံးဖြတ်ခွင့်.. တို့ ပါဝင်ပါ တယ်။
အသီးအပွင့် အနေနဲ့ အာသံ ခေါင်းဆောင်တို့ဟာ Khawtinkhuma (M.A) ကို NEFA ယခု Arulnachal ရဲ့ Political Officer အဖြစ် လည်းကောင်း၊ H. Vanthuama (B.Sc Agriculture) ကိုလဲ Jorhat မှာရှိတဲ့ Agriculture Department မှာ ရာထူး တိုက်ရိုက် ခန့်အပ်ခဲ့ကြ ပါတယ်။ Saprawnga ကိုတော့ အာသံ အစိုးရတဲ့ လစ်လပ်နေရာမှာ နေရာချပေးပြီး Parliamentary Secretary ရာထူးကို ခန့်ခဲ့ ကြပါတယ်။
အကျိုးဆက်များအနေဖြင့် လူရှိုင်း သူကြီးများ ဖျက်သိမ်းတဲ့ ဥပဒေ – Lushai Chiefs Abolish ion Act 1954, လူရှိုင်းသူကြီးများ မြေပိုင်ဆိုင်မှု ဖျက်သိမ်းတဲ့ ဥပဒေ – Lushai Chiefs Land Acquisition Act ပေါ်ပေါက်လာပြီး အဲဒီ ဥပဒေများအရ ၁၉၅၅ မတ်လ ၂၃ မှာ သူကြီးများကို ရုတ် သိမ်းတဲ့ အမိန့်နှင့် မြေပိုင်ဆိုင်မှုကို လုယူပေးထားတဲ့ အမိန့်များ ထွက်ပေါ်လာပါတော့တယ်။ ကြီးကြပ်ရေးမှူး – Superintendant အုပ်ချုပ်တဲ့ အဖြစ်ကနေပြီးတော့ Deputy Commissioner အုပ်ချုပ်တဲ့ နယ်မြေ ဖြစ်လာခဲ့ပြီး လူရိုင်းတောင်တန်းခရိုင်မှ မီဇိုတောင်တန်း ခရိုင် ဖြစ်လာ ပါတော့တယ်။ DC အုပ်ချုပ်ရေးစနစ်မှာ အိန္ဒိယ လူမျိုးများကို ယခင်က ဗြိတိသျှက အုပ်ချုပ်ခဲ့တဲ့ စနစ်ဖြစ်ပြီး တောင်ပေါ်လူမျိုးများကို သီးသန့်ဖြင့် Superintendant က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
Saprawnga ဟာ အာသံ ၀န်ကြီးနေရာမှာ သိပ်မပျော်တော့တဲ့အတွက် လူရှိုင်းတောင်တန်း ခရိုင်ရဲ့ CEM နေရာကို ရယူလိုလာပါတယ်။ ၁၉၅၂ ရွေးကောက်ပွဲမှ တက်လာတဲ့ CEM ဟာ Pu Lalsawia ဖြစ်ပြီး EM အနေဖြင့် Hrangaia နှင့် R. Sangkunga တို့ဖြစ်ပါတယ်။ ၁၉၅၄ မှာ Saprawnga ဟာ အလည်အပတ် ရောက်လာပြီး Mizo Union Headquarter ကို ပြဿနာရှာကာ စက်တင်ဘာ ၁၈ ရက်နေ့မှာ Pu Lalsawia ကို နုတ်ထွက်ဖို့ ဖိအားပေးလာပါတော့ တယ်။ သူ နှုတ်ထွက်ပြီး အစိုးရသစ်ကို ဖွဲ့စည်းတဲ့ အခါမှာ Saprawnga ဟာ CEM ဖြစ်လာပြီး EM အဖြစ် Lalbuaia နှင့် Lalsawia ဖြစ်လာကြပါတယ်။
ဆိုလိုတာကတော့ ကျနော်တို့ ပညာတတ်များရဲ့ အဆင့်ရာထူး လိုလားမှုများဟာ အမျိုးသား ကံကြမ္မာကို တစ်မျိုးဖန်တီးနေနိုင်ပါတယ်။ မီဇိုရမ်ကိစ္စကို ကြည့်ခြင်းအားဖြင့် သင်ခန်းစာယူနိုင်ပါတယ်။ ပညာတတ်တိုင်း လိုလို သူတို့နှင့် ထိုက်တန်တဲ့ ရာထူးက လိုလားတတ်ကြပါတယ်။ အမျိုးသားရေး စိတ်ဓါတ်တကယ်မရှိပဲ၊ နောက်ခံဘ၀နှင့် တကယ်မဆက်စပ်ပဲ ကိုယ်ကျိုးအတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်နေနိုင်ကြပါတယ်။ မိမိတို့ ချင်းပြည် ဟာလဲ ပူး ၀မ္မသူး မောင်ရဲ့ အမျိုးသားစိတ်ဓါတ်ကို အဓိက အခြေခံကာ တည်ဆောက် လာကြ ရာ ယနေ့ ချင်းအမျိုးသားနေ့ လို့ ခေါ်ဝေါ်သမုတ် ထားတဲ့ နေ့မှာ ဒေသခံ သူကြီးများရဲ့ အာဏာကို သော်လည်းကောင်း၊ ပိုင်ဆိုင်မှုကို သော်လည်းကောင်း ရုတ်သိမ်း လုယူခဲ့ကြပါတယ်။ သူတို့ရဲ့ ကိုလိုနီ ကို စွမ်းစွမ်းတမံ တိုက်ခိုက်လာခြင်းကို အသိအမှတ်မပြုတော့ပဲ သူတို့ကို အမျိုးသားရေးအတွက် ပါဝင်လာလိုမှု ရပ်တန့်စေခဲ့ပြီး ရလဒ်အနေဖြင့် တစ်မျိုး သားလုံး ကျွန်သက်ရှည်စေခဲ့ပါတယ်။ ရန်သူနဲ့ ကိုယ့်လူ ခွဲခြား သတ်မှတ် နိုင်မှု လွဲချော်သွားတဲ့အခါ တမျိုးသားလုံးက ဒုက္ခရောက်နေကြရပါတယ်။
နယ်ချဲ့ အစိုးရတွေကို စွမ်းစွမ်းတမံ တော်လှန်ခဲ့ကြတဲ့ ချင်းအမျိုးသား သူကြီးများကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါတယ်။ khonumthungburmese
Posted on 6:45 PM
၁၁ နှစ်အရွယ် အမျိုးသမီးငယ်ကို အတင်းအဓမ္မ ပြုကျင့်သည်ဟု စွပ်စွဲခံရသူအား ရုံးတင် စစ်ဆေးတော့မည်
Created on Sunday, 17 February 2013 13:33
Written by ဖဲဘူး
Hits: 2130
ရဲစခန်းမှူး ရဲအုပ်မြင့်နိုင်က “ ဥပဒေအကြံပြုချက်တောင်းပြီးပြီ ဥပဒေအကြံပြုချက်က မနေ့ကပြန်ရပြီ။ ခရိုင်မှာ တရားစွဲရမယ်။ မုဒိမ်းမှုဖြစ်တဲ့အတွက်လေ ခရိုင်ဥပဒေအရာရှိမှ ခရိုင်ရုံးမှာပေါ့နော။ အသက်မပြည့်သေးတဲ့ ကလေးတယောက်ကို မတရားအနိုင်ကျင့်စော်ကားတာဆိုတော့ ငါတို့ ရဲတပ်ဖွဲ့ကလည်း ဘယ်လိုမှ စောင့်မကြည့်နိုင်ဘူးလေ။ အမြင့်ဆုံးပြစ်ဒဏ်ရအောင် ငါ့ဖက်ကလည်း ရဲလုပ်ငန်းတွေ စုံအောင်တော့လုပ်ထားတယ်။ စုံအောင်လုပ်ပြီးတော့ တရားစွဲတင်မယ်။ ပြစ်ဒဏ်ရတဲ့ထိကိုငါတို့ တရာစွဲတင်ထားတဲ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဖြစ်စဉ်က ဇန်နဝါရီလ ၂၄ ရက်နေ့ည ၈ နာရီအထိ ကလေးမလေးမှာ အိမ်ပြန်မရောက်၍ မိဘများနှင့် ဆွေမျိုး အသိုင်းအဝိုင်းများက စိတ်ပူသဖြင့် ညလုံးပေါက်လိုက်ရှာခဲ့ကြရာ မတွေ့ကြသဖြင့် ၂၅ ရက်နေ့ မနက်တွင် မိသားစုများက အမှတ် (၁၄) တပ်လေ့ကျင့်ရေးကျောင်းဝင်း အတွင်းသွားရှာခဲ့ရာမှ အလုပ်သမားတဦးကလည်း ပျောက်နေကြောင်း လောဂျာရွာမှ ဆရာဦးသဲရယ်က ပြောပါတယ်။
“တပ်ထဲကို သွားပြီးတော့မှ စုံစမ်းကြည့်တော့ အလုပ်သမားတယောက် တကယ်ပျောက်နေတယ်ဆိုတဲ့ သတင်းကြားတဲ့ အခါကျတော့ အဲဒီအဖွဲ့ခေါင်းဆောင်လိုက်ရှာတယ်။ အလုပ်သမားကိုတွေ့တယ် သူက ကလေးမကို ကြိုးဖြေထား ခဲ့တာကိုတွေ့ပြီး သူက ပြန်သွားဖို့ ကားသွားစောင့်နေတာကို မြင်လိုက်ရတယ်။ သူနေတဲ့နေရပ်ဇာတိကို ပြန်ဖို့ လမ်းဘေးမှာစောင့်နေခဲ့တာ” လို့ ဆရာဦးသဲရယ်က ပြောပါတယ်။
ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်နေ အသက် ၁၁ အရွယ်ရှိ အ.မ.က ကျောင်းတွင်ပညာသင်ကြားနေတဲ့ တတိယတန်းကျောင်းသူမလေး မော်ဘူးဘူးမြာ (နာမည်အရင်းမဟုတ်) ဟာ ဇန်န၀ါရီလ ၂၄ရက်နေ့ ညနေစောင်း စာကျက်ဝိုင်းသို့ သွားချိန် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းဆောက်လုပ်ရေးမှ ပန်ရံအလုပ်သမား ကြယ်စင်မောင်ဆိုသူက တောထဲသို့ တည အတင်းအဓမ္မ ဆွဲခေါ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ KTIMES
Posted on 6:28 PM
ကရင်နီပြည်နယ်မှ ကယားပြည်နယ်အမည်သို့ ပြောင်းလဲ ခေါ်ဝေါ်သည့်နေ
Created on Tuesday, 15 January 2013 20:01
Written by ကယားထဲ
Hits: 795
ဇန်နဝါရီလ (၁၅)နေ့ဟာ ကယားပြည်နယ်နေ့ဆိုပြီး တပြည်နယ်လုံးအတိုင်းအတာနဲ့ ပွဲလမ်းသဘင်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာတာ ယခုဆိုလျှင် (၆၁) နှစ်မြောက်ရှိပြီး ဖြစ်ပါတယ်။
ဒီလိုအချိန်အခါရောက်ရှိလာတိုင်း အခမ်းအနားနှင့်တကွ ကျင်းပလျက်ရှိပြီး ပွဲခင်းထဲမှာတော့ အားကစားပြိုင်ပွဲတွေ ၊ ပြခန်းတွေ နဲ့ နာမည်ကြီး အဆိုတော်တွေ ၊ ဈေးသည်တွေ ဈေးဆိုင်တွေနဲ့ လွိုင်ကော်မြို့ တမြို့လုံးမှာဆိုရင် ကားတွေ ထော်လဂျီတွေ ဆိုင်ကယ်တွေနဲ့ ပြည့်နက်နေလျက် ရှိပါတယ်။
တချိန်က ကရင်နီပြည်နယ်လို့ ခေါ်တဲ့အသုံးအနှုန်းကနေ ကယားပြည်နယ်လို့ ပြောင်းလဲခေါ်ဆို သတ်မှတ်လိုက်တဲ့နေ့ကို အထိမ်းအမှတ်အနေနဲ့ ယခုလို ကယားပြည်နယ်နေ့ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဒီမနက် ကယားပြည်နယ်နေ့ အခမ်းအနားမှာ ပြောသွားပါတယ်။
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ ကရင်နီပြည်နယ် လို့ ပြဌာန်းပါရှိခဲ့ပါတယ်။ ပြောင်းလဲခေါ်ဆိုလိုက်သည့်နေ့က ၁၉၅၂ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှာ မှာဖြစ်ပါတယ်။ ကယားပြည်နယ်နေ့လို့ သတ်မှတ်လာခဲ့ကြတယ်ဆိုပေမဲ့လို့ လူထုအများစုက သဘောမတူညီခဲ့ကြလို့ လက်ရှိပြောင်းလဲလာတဲ့ နိုင်ငံရေးအပြောင်းလဲ မှာ ကယားပြည်နယ်ကနေ ကရင်နီပြည်နယ် လို့အမည်ပြောင်းလဲ ခေါ်ဆိုဖို့အတွက် ကယားပြည်နယ်မှ (၈၈) မျိုးဆက်ကျောင်းသား တွေက ကြိုးစားနေကြပါတယ်။
ကယား(ကရင်နီ)ပြည်နယ် ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်တဲ့ ကိုဖိုးခွား “ ကရင်နီပြည်နယ်ဆိုတဲ့ဟာက အမျိုးသား နိုင်ငံရေးလက္ခာဏာ ဆောင်တဲ့တရပ်လည်းဖြစ်တယ် အမျိုးသား နိုင်ငံရေး လက္ခာဏာဆောင်တယ် ပြီးတော့ ပိုမိုကျယ်ပြန့်တဲ့ လူမှုအဖွဲ့အစည်းကိုလည်း ကိုယ်စားပြုတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသထဲမှာရှိတဲ့လူတွေ တိုင်းရင်းသားအားလုံးနဲ့ ကိုယ်စားပြု နိုင်တဲ့ အမည်နာမ တခုလည်းဖြစ်တယ်။ သမိုင်းကြောင်းဆိုင်ရာနဲ့လည်း ကိုက်ညီတယ် သမိုင်းကြောင်းပြန် ကြည့်ရင်လည်း ကရင်နီပြည်ဆိုတဲ့ မူလအမည်ဟာ သမိုင်းကြောင်းထဲမှာလည်းပါခဲ့တယ် ဟို့ရှေ့ဆက်အရင် ၁၉၄၇ အခြေခံဥပဒေရေးဆွဲတဲ့အထဲမှာလည်း ကရင်နီဆိုတဲ့ အသုံးအနှုန်း ပါခဲ့တာကိုး အဲဒီတော့ သမိုင်းကြောင်းဆိုင်ရာ အချက်နဲ့လျော်ညီတယ်။ ကိုက်ညီတယ်။” လို့ ပြောပါတယ်။
တချိန်က ကရင်နီပြည်နယ်ရှိခဲ့တယ်ဆိုတာကို အရင့်အရင်က အခမ်းအနားတွေ ပြခန်းတွေ ဖော်ပြတာတွေ မရှိခဲ့လို့ အခု နှောင်တက်လာတဲ့လူငယ်တွေ မောင်မယ်တွေ အများစုဟာ ကယားပြည်နယ်လို့ပဲ သိကြတာများပါတယ်။ ကရင်နီဆိုတဲ့ အသုံးအနှုန်းဟာ လက်နက်အဖွဲ့အစည်းတွေသာ ခေါ်ဝေါ်ကြတာ ဖြစ်တယ်လို့ ယူဆတတ်ကြပါတယ်။
လက်ရှိမြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဟာ ယခုဆို အပစ်အခတ် သဘောတူရေးထိုးထားတာ ဆယ်လကျော်ကာလအတွင်းမှာ ရှိနေပြီဖြစ်ပါတယ်။
ကယားပြည်နယ်နေ့ပွဲတော်ကို ပထမဆုံးအကြိမ် အနေဖြင့် ယခုမှသာလျှင် ကြုံတွေ့ဖူးတယ်လို့ ဆိုတဲ့ KNPP မှ ဗိုလ်မှူးဘုန်းနိုင်က ယခုလို ပြောပါတယ်။
“ကျနော်တို့က နကိုယ်ကတည်းက ကရင်နီပါဘဲ ကရင်နီပဲဆိုတာ ဘယ်လိုသွားပြန်ပြီး ပြောင်းရအုံးမလဲ အခုချက်ချင်းကတော့ နိုင်ငံရေးအခြေအနေမှာ စကားပြောလို့ မပြီးသေးတော့ နောက်ငြိမ်းချမ်းပြီ ဆိုတော့မှဘဲ ပြောင်းဖို့ကိစ္စတွေဘာတွေ ပြောရမှာပေါ့ အသိအမှတ်ပြုတာ မပြုတာဆိုတာက ကျနော်တို့ သမိုင်းအရတော့ ဘယ်လိုလုပ်ပြီး အသိအမှတ်ပြုမလဲ သူတို့လုပ်တဲ့အတွက်သူတို့ပွဲဘဲပေါ့ ဒါမလုပ်နဲ့လို့ ကျနော်တို့ပြောလို့မရဘူး ကျနော်တို့သမိုင်းနဲ့ အဖွဲ့အစည်းကတော့ ရှိပြီးသားဘဲ ကျနော်လည်း အခု ဒီတနှစ်မှ ဒီပွဲကို ကြုံဖူးတာပါ တခါမှ မတွေ့ဖူးဘူး ကြားပဲကြားဖူးတာ အခုဒီကိုပြန်ရောက်မှပဲ ကြုံဖြစ်တာပေါ့။” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်ဆိုတဲ့ မူလာအမည်နာမကို အခု ကယားပြည်နယ်ကနေ ကရင်နီပြည်နယ်လို့ ပြန်လည်ပြောင်းလဲ ခေါ်ဆိုလာနိုင်ဖို့ ကယားပြည်နယ် ကရင်နီပြည်နယ်ကနေ ကယားကိုပြောင်းလဲခေါ်ဆိုလိုက်တဲ့ အကြောင်းအရာသမိုင်းတွေ ၊ ကရင်နီဆိုတဲ့ အခေါ်အဝေါ်တွေနဲ့ ပတ်သက်ပြီး လူထုတွေကို သိအောင် ပြခန်းတွေ ရှင်းလင်းပြောကြားတွေကို လတ်တလောမှာ မလုပ်နိုင်သေးကြောင်း ကယားဒေးလို့ သာလျှင် အစိုးရက အသိအမှတ်ပြုထားတဲ့အတွက်ကြောင့်လည်း ကယားဆိုတာပဲ သုံးနှုန်းမှာဖြစ်ကြောင်း ပြည်နယ်အစိုးရ စီမံနှင့် စီးပွားရေး ဝန်ကြီး ဦးတော့ရယ်က ပြောပါတယ်။
“အဲဒီကိစ္စတခုကတော့ မပြောသေးပါဘူး ကယားဒေးလို့ ခေါ်ဝေါ်တဲ့အတွက်ကြောင့်လည်း ကယားပြည်နယ်နေ့လို့ပဲ သတ်မှတ်နေအုံးမှာပဲပေါ့ ဒါကတော့ ကျနော့်အမြင်ဖြစ်ပါတယ်။ KTIMES
Posted on 6:23 PM
တောတောင်ရေမြေ စောင့်ရှောင့်တဲ့ ဓလေ့ထုံးတမ်းစဉ်လာ
Created on Thursday, 17 January 2013 20:07
Written by ကယားထဲ
Hits: 472

ငှက်များအား ဖမ်ပြီး ရိုးရာဓလေ့အရ တောတောင်စောင့် နတ်များအား ပူဇော်ပသနေကြစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
ဒါကို အခုခေတ်မှာတော့ ငှက်လိုက်ပွဲလို့ အလွယ်တကူခေါ်ကြပါတယ်။ ကယား(ကရင်နီ)မျိုးနွယ်စုတွေရဲ့ ကျင်းပလေ့ရှိတဲ့ ကယားဘာသာစကားလို ( ကေးလဲ ) လို့ခေါ်တဲ့ တောစောင့်နတ် ၊ တောင်စောင့်နတ် ၊ ရွာစောင့်နတ် မြစ်စောင့်နတ်တို့ကိုပူဇော်ပသနေတဲ့ ပွဲပင်ဖြစ်ပါတယ်။
ဒေါ်ဖရေးမြာက “တို့မြေတို့ရေနဲ့နေပြီဆိုကတည်းက တို့နေထိုင်တဲ့မြေနေရာကိုတော့ တနှစ်တခါတော့ ပူဇော်ပသရတာပါပဲ တောတောင်စောင့်နတ်ကို ပူဇော်တာဖြစ်ပါတယ် တနည်းအားဖြင့် အခုခေတ် ဗမာလိုပြောကြတာက ငှက်လိုက်ပွဲလို့ပြောလာကြတယ်” လို့ ပြောပါတယ်။
မကောင်းဆိုးဝါးနတ်တွေရဲ့ နှောက်ယှက်ခြင်း ၊ အန္တရာယ်ပြုခြင်းတို့မှ တားမြစ်ပေးနိုင်တဲ့အတွက် ကေးလဲ ပွဲကို ကျင်းပပြုလုပ်နေကြတာဖြစ်ပါတယ်။ အဓိက ဒီပူဇော်ပွဲကျင်းပရခြင်းက ကလေးသူငယ်တွေ တောတွင်းသားရဲသတ္တဝါတွေရဲ့ ဘေးအန္တရာယ်လွှတ်ကင်းဖို့ သစ်ပင်ပေါ်မှ လိမ့်ကျခြင်း ၊ ရေနစ်ခြင်းမရှိစေဖို့ဘေးကင်းရန်ကင်းဖို့ ၊ ရပ်ရေးရွာရေး ကောင်းစားဖို့ ၊ ကျေးရွာအတွင်း ရေလုံလုံလောက်လောက်ရရှိဖို့ ဘေးဥပါဒ် မကျရောက်ဖို့ ရည်ရွယ်ပြီးပြုလုပ်ကြတာဖြစ်ပါတယ်။
ကယားမျိုးနွယ်စုတွေရဲ့ ကျေးရွာတိုင်းလိုလိုမှာ ကယားရိုးရာအရ ရေမြေတောတောင်တွေကို ပူဇော်ကြပါတယ်။ ဒေသတနေရာနှင့်တနေရာမှာ အနည်းနှင့်အများကွာခြားမှုတွေရှိကြပါတယ်။ ကေးလဲလို့ ခေါ်တဲ့ ကယားမျိုးနွယ်စုတွေရဲ့ တောတောင်ရေမြေစောင့်နတ် ထုံးတမ်းစဉ်လာဓလေ့ပူဇော်ပွဲက သုံးမျိုးသုံးစားဖြင့် ပူဇော်ပသလေ့ရှိပါတယ်။ ကယားဘာသာလို ဆူထျေး လို့ခေါ် ရေစောင့်နတ်ပူဇော်ပွဲ၊ ကေးတရဲဒါး ခေါ် ရွာစောင့်နတ်ပူဇော်ပွဲ ၊ ကေးဒူလဲ ခေါ် တောတောင်စောင့်နတ်ပူဇော်ပွဲ ဆိုပြီး ဓလေ့တွေရှိကြပါတယ်။
ကျေးရွာအများစု ကျင်းပတဲ့ ကေးသရဲဒါး ငှက်လိုက်ပွဲက သူစိမ်းသူတွေကို ရွာထဲအဝင်မခံကြပါဘူး ဝီးသဲကူး(တောင်)ရွာကတော့ တခြားကျေးရွာတွေထက် တမူထူးခြားတာကတော့ ပွဲနေ့မှာဘဲ ကျေးရွာအတွင်းမှာနေထိုင်ကြတဲ့သူတွေအပြင် တခြားရပ်ဝေး မြို့ဝေးသို့ သွားရောက်နေထိုင်သွားကြတဲ့ သူတွေအားလုံးပြန်လည်စုဆုံကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်ဒီပွဲမှာ မျိုးနွယ်စုတွေအားလုံးပြန်လည် ဆုံစည်းရလေအောင်ဆိုပြီးပြုလုပ်တာကတော့ တခြားကျေးရွာတွေရဲ့ ဓလေ့နဲ့မတူတဲ့အချက်တခုဖြစ်ပါတယ်။ ယခုလိုကျင်းပတာ (၁၀)ကြိမ်မြောက်ရှိပြီးဖြစ်ပါတယ်။
ဝီးသဲကူး(တောင်)ရွာမှ ရပ်မိရပ်ဖ တဦးဖြစ်တဲ့ ဦးဌေးရယ်က “ကျနော်တို့ ဒီယဉ်ကျေးမှုကို မပပျောက်စေဖို့အတွက်လုပ်သွားတဲ့ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီငှက်လိုက်ပွဲမှာ ဘယ်လိုရည်ရွယ်ထားလဲဆိုတော့ ကျနော်တို့ ဒီလို တနှစ်တကြိမ်ကျင်းပသွားတဲ့အခါမှာကျတော့ မျိုးနွယ်စုအားလုံး ကျနော်တို့ ဝီးသဲကူးတောင်ရွာက မိသားစုနွယ်အားလုံးဟာ တကွဲတပြားစီဖြစ်သွားနေတဲ့အခါမှာ တယောက်နဲ့တယောက်ဟာ ညီအစ်ကိုမောင်နှမတွေဖြစ်ကြတယ် အဲဒါအားလုံးတွေ့ဆုံတဲ့နေရာမှာ တယောက်နဲ့တယောက်ဟာ ဆွေမျိုးတွေဆိုတာ ပြန်သိရအောင်လို့ ဒီလိုလုပ်ရခြင်းဖြစ်ပါတယ်။” လို့ ပြောပါတယ်။
ဒီပူဇော်ပွဲကျင်းပနိုင်ဖို့ ကျေးရွာအတွင်းရှိ ရွာသူရွာသား အားလုံးအပါအဝင် တခြား မြို့ခြား နယ်ခြားဘက်သို့ ပြောင်းရွှေ့ နေထိုင်သွားတဲ့ ဒေသခံတွေကိုလည်း အလှူငွေကောက်ခံပြီးကျင်းပကြတာဖြစ်ပါတယ်။ ရပ်ရွာအတွင်းနှင့် အနီးနားမှာရှိတဲ့ ရေထွက်ပေါက် ၊ ရေခပ်ဆိပ်တို့မှာ ကယားရိုးရာတွေနဲ့ အလှူခံလို့ရရှိထားတဲ့ငွေတွေနဲ့ ကြက် ၊ ဝက် ၊ ခေါင်ရည်တို့နဲ့ပူဇော်ပသကြပါတယ်။ ဒီပွဲမှာလည်း တောစောင့်နတ် ၊ ရေစောင့်နတ်တို့ကို တိုင်တည်ပြီးတော့ ရှေ့လာမည့်အဖြစ်အပျက်တွေကို ကြက်ရိုးထိုးပြီး မေးမြန်းတာတွေလည်း လုပ်ကြပါတယ်။
ဦးဌေးရယ်က “ဘိုးဘွားဓလေ့ရိုးရာတွေကိုလည်း ဖြောက်ထားတာတွေရှိလာတယ် အခုတော့ ပြန်ပြီးရိုးရာတွေကို ပြန်ထိန်းသိမ်းတော့ အရင့်အရင် အဖိုးအဖွားလက်ထဲကတည်းက ရိုးရာတွေကိုထိန်းသိမ်းဖို့ လုပ်ထားပေးပြီးသား။ အခုလို ကေးလဲပွဲလုပ်တာကလည်း ရေတွေအထွက်ကောင်းဖို့ တိုင်းရေးပြည်ရေးကောင်းဖို့ပါ။ အဲဒါကြောင့်မို့လို့ ဆွေမျိုးတွေအားလုံး လူတိုင်း နေရေးထိုင်ခင်းတွေကောင်းစားဖို့ ဒီလို တောတောင်စောင့်နတ်တွေကို ပူဇော်တာက မိဘဘိုးဘွားစဉ်လာကတည်းက ရှိလာခဲ့ပြီးသားပါပဲ။” လို့ ပြောပါတယ်။
ဘိုးဘွားစဉ်လာကတည်းက ကိုယ့်ရေကိုယ့်မြေကို ရိုးရာဓလေ့ထုံးတမ်းစဉ်လာနဲ့ ကာကွယ်စောင့်ရှောင့်ခဲ့ကြတာ ဖြစ်လို့ အနာဂတ်သားသမီးမြေးမြစ်တွေမှာလည်း မိဘဘိုးဘွားတွေကထားခဲ့တဲ့အမွေတွေကို ထုံးတမ်းစဉ်လာမမေ့မလျော့ပဲ ကာကွယ်စောင့်ရှောင့်ရမယ်လို့ ဦးဌေးရယ် ပြောသွားပါတယ်။ KTIMES
Posted on 6:21 PM
ဒေသငြိမ်းချမ်းရေး ဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနိုင်ဖို့ ဘယ်လိုလုပ်ကြမလဲ…
Created on Thursday, 17 January 2013 20:31
Written by ဂျွန်မိုးနိုင်
Hits: 430
အစိုးရနဲ့ KNPPအကြားအပစ်ခတ်ရပ်စဲရေးသဘောတူညီမှုအပေါ် လူထုဘက်က အပြည့်အ၀အယုံအကြည်မရှိသေးတဲ့အတွက် လူမှုအခြေပြုအဖွဲ့အစည်းတို့အနေဖြင့် လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ဖို့ခက်ခဲကြောင်း ကရင်နီလူငယ်အစည်းအရုံး (KNYO) အဖွဲ့ကပြောပါတယ်။
"ငြိမ်းချမ်းရေး ပြန်ပျက်သွားလို့ ရှိရင် ဒီပြည်ပအဖွဲ အစည်းနဲအဆက်အသွယ် လုပ်တယ်ဆိုတဲ့ဟာမျိုးတွေ သူတို့ ကြောက်တာတွေရှိတယ်
အဲလိုမျိုးကြောက်တဲ့အခါကျတော့ ဒီပြည်ပအဖွဲ့ အစည်းတွေလည်းပဲ သူတို အထဲမှာဝင်သွားတဲ့အချိန်မှာ သူတို့ သိသာ သိတယ် ဒါပေမဲ့ သူတို
့ရှေ့ဆက်လုပ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ အဲဒီရှေ့ဆက်လုပ်ရမယ့်ဟာ သိပ်ပြီးတော့မှ အကောင်အထည်ဖော်နိုင်တဲ့ဟာ မရှိဘူး"လို့ KNYO မှ
နိုင်ငံခြားရေးတာဝန်ခံ လွီးဇီကပြောပါတယ်။
KNPP နဲ့ အစိုးတို့ဟာ ၂၀၁၂ခုနှစ် မတ်လ ၇ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးထားကြပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့
ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာပြုလုပ်ကာ KNPPမှတင်ပြဆွေးနွေးထားတဲ့ အချက် ၂၀ထဲမှ
၁၄ချက်ကိုနှစ်ဘက်သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ကယားပြည်နယ်အတွင်း အစိုးရတပ်မှဆောက်လုပ်နေတဲ့ စစ်ရေးလေ့ကျင့်ရေးကျောင်းကိစ္စနဲ့အတူ ပြည်နယ်တွင်းလှုပ်ရှားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပါတ်သက်ပြီး သဘောတူညီမှုတွေမချမှတ်နိုင်သေးတဲ့အတွက် ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ သဘောတူထားကြပါတယ်။
ပြီးခဲ့တဲ့ပထမအကြိမ် ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက် ၃ အရ အစိုးရနဲ့ KNPP အကြားအပစ်ခတ်ရပ်စဲရေး ခိုင်မာအောင်တည်ဆောက်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ အောင်မြင်စွာအကောင် အထည်ဖေါ်ဆောင်ရွက်သွားနိုင်ရေး ကိစ္စမှာ စောင့်ကြည့်လေ့လာမှုပြုလုပ်နိုင်ဖို့ ဒေသ ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ရန် သဘောတူထားကြပါတယ်။
ဒေသကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့ဝင်အဖြစ် ထားရှိမည့် လူပုဂ္ဂိုလ်စာရင်းကို အပြန်အလှန်ညှိနိုင်းရန် သဘောတူသည်ဆိုတဲ့ အချက်မှာ အစိုးရနဲ့KNPP သြဇာအာဏာ လွမ်းမိုးမှုမရှိပဲ လူထုတွေဆီက အမှန်တကယ် ကိုယ်စားပြုမည့် လူပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုအပ်နေကြောင်း KNYO နိုင်ငံခြားရေးတာဝန်ခံ လွီးဇီကပြောပါတယ်။
"ဒီKNPPနဲ အစိုးရကြားထဲမှာ သူတို့ က လွတ်လပ်စွာ peace monitoring လုပ်နိုင်တဲ့အဖွဲ့ တွေကို ပေးဖို့ လိုတယ် တဖက်မှ ဘက်မလိုက်ဘဲနဲပေါ့နော် သူတို့ က လွတ်လတ်စွာသွားလာပြီးတော့မှ လှုပ်ရှားပိုင်ခွင့်ပေးဖို့ လိုတယ် အခုက အဲလိုမျိုး သူ့ ဖက်ကိုယ့်ဖက့် ဖြစ်လာတဲ့အခါကျတော့ လွတ်လပ်စွာ peace monitoring လုပ်လို့ မရဘူး"
နှစ်ဘက်သဘောတူထားချက်တွေ အပြန်အလှန်ထိန်းသိမ်းလိုက်နာမှုများကို စောင့်ကြည့်နိုင်ဖို့ လူထုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့
ဒေသအတွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုအစိုးရ၀န်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ KNPPတို့ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့က ပဏာမတွေ့ဆုံဆွေးနွေး ကြစဉ်မှာသဘောတူခဲ့ကြပါတယ်။
ဒါပေမဲ့ တတိုင်းတပြည်လုံးအပစ်ခတ်ရပ်စဲရေးမပြုလုပ်နိုင်သေးတဲ့ အခြေအနေအောက်မှာ စောင့်ကြည့်လေ့လာရေး ကိစ္စနဲ့ပါတ်သက်ပြီး
ပြည်တွင်းမှလူထုအခြေပြုအဖွဲ့အစည်းကိုယ်စားလှယ်တွေအနေနဲ့ နယ်စပ်ရှိကရင်နီလူထုအခြေပြု အဖွဲ့အစည်းတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့
ခက်ခဲမှုရှိနေသေးကြောင်း ကယားပြည်နယ်မှ ဒေသခံတဦးဖြစ်တဲ့ ဆရာပလူးရယ်ကပြောပါတယ်။
"ကချင်ပြည်နယ်မှာလဲ တိုက်နေတယ် သူများလဲ တောင်ပြောမြောက်ပြောပြောနေတယ် ဒီမှာက ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အစိုးရနဲ့ပြောနေတဲ့အချိန်မှာ ဟိုကလဲ တကယ်တိုက်နေတော့ ဘယ်လိုလုပ်မှာတုန်း အဲဒါကိုကြည့်ပြီးမှ တကယ်လို့ ဒီဖက်က ဖွဲ့ရင်လဲ သူတို့ ဘယ်လိုစဉ်းစားမလဲ ကိုယ်မှမသိတာ" ဒေသကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့ဖြစ်ပေါ်လာဖို့လက်ရှိ လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရွက်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပါတ်သက်ပြီး ဆရာပလူးရယ်ကယခုလိုရှင်းပြပါတယ်။
" Monitoring ဆိုတာ တရားဝင်ဖြစ်မှဘဲ လုပ်လို့အဆင်ပြေမဲ့အမျိုးတွေ ဘာလို့လဲဆိုတော့ ဘယ်သူမှကိုယ့်ကိုအာမခံချက်ပေးတာ မဟုတ်ဘူးလေ
တရားဝင်ဖြစ်တယ် ဆိုတာတောင်မှ ဒီကြားထဲမှာ အခက်အခဲတွေ အဟန့်အတားတွေ အများကြီးရှိဦးမှာ ဒါကြောင့် ဒီMonitoring ဆိုတဲ့ ကိစ္စကလဲ တရားဝင်ဖြစ်ဖို့လိုတာ တချက် နောက်ပီး ဒီMonitoring မှာ ပါမဲ့ လူတွေက ဘယ်လိုလူတွေလဲ တကယ်ဘဲ မယိမ်းမယိုင် ဘယ်ဖက်ကိုမှ မယိမ်းမယိုင်ဘဲနဲ့ စစ်စစ်မှန်မှန်နဲ့ လုပ်မဲ့လူတွေလား တကယ်စေတနာမှန်မှန်နဲ့လုပ်မယ့် လူတွေလား အဲလိုလူတွေလဲ ဖြစ်ဖို့လိုတယ် မဖြစ်ဘူးဆိုရင် ဒီမောနီးတိုးရီးက လဲ အလုပ်ဖြစ်မှာမဟုတ်ဘူး"
အစိုးရနဲ့ KNPP အကြားပြုလုပ်ထားတဲ့ အပစ်ခတ်ရပ်စဲရေးအပေါ် ယုံကြည်မှုအပြည့်အ၀မရှိသေးဘူးဆိုတဲ့ကိစ္စဟာ ဒေသကြီးကြပ်စောင့်ရေးအဖွဲ့
ဖွဲ့စည်းဖို့နဲ့ လုပ်ငန်းစဉ်များအကောင်အထည်ဖေါ်ဆောင်ရွက်ရေးကိုသွားရောက်ထိခိုက်နေတဲ့အတွက် ယခုအချိန်မှာ စောင့်နေဖို့မလိုဘဲ ကရင်နီလူမှုအသင်းအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရာကိစ္စမှာ မိမိတို့တတ်နိုင်တဲ့ဘက်ကနေ ယခုကစပြီးပါဝင်လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ပြောလာသူကတော့ ကရင်နီလူမှု အဖွဲ့အစည်းများ ကွန်ယက် (KSCN) မှ ပြောရေးဆိုခွင့်ရှိသူ
ခူးတော်ရယ်ပဲဖြစ်ပါတယ်။
သူက.. "ဒီအခုငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စောင့်ကြည့်လေ့လာတဲ့နေရာမှာ သူ့ဟာသူ လုပ်နိုင်တဲ့အနေထားနဲ့သူ
လုပ်ပေါ့နော် ကျနော်တို့လည်း…လုပ်နိုင်တဲ့ အနေထားနဲ့ကျနော်တို့ လုပ်မယ်… နောက် အခြားအစုအဖွဲ့တွေရှိအုံးမယ်ဆိုရင်လည်း အခြားအစုအဖွဲ့တွေက သူတို့လုပ်နိုင်မယ့် အနေအထားနဲ့ သူတို့လုပ်ကြမယ် အဲ့လိုပေါ့ သူလည်းပြော ကိုယ်လည်းပြော ဒီကိစ္စတွေကို အားလုံးကတော့ ပိုပြီးတော့ကောင်းလာအောင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ပိုပြီးတော့မှ ခို်င်ခိုင်မာမာဖြစ်သွားအောင် အဲ့ဒီရည်ရွယ်ချက်တွေနဲ့ တူတူဘဲ ရှိတယ်ဆိုတာ အဲ့လိုဘဲနားလည်တယ်။
ဒီလုပ်ပုံကိုင်ပုံတွေကတော့ မတူတာလေးတွေ အဲ့လိုဘဲပေါ့နော် ..နောက်ဆုံးကျနော်တို့ သွားချင်တဲ့ခရီးကတော့ ဘူတာတနေရာတည်းဘဲပေါ့
အဲ့လိုဘဲဖြစ်မှာပါ"
Posted on 6:18 PM
သံတွဲတွင် မီဒီယာနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကာ Arakan Media Group အားယာယီဖွဲ့စည်း
|
" ကျမတို့ ရခိုင်မှာ ဖြစ်နေတဲ့ သတင်းတိုင်းကို လက်ရှိ ပြည်တွင်းမှာ ထုတ်နေတဲ့ ဂျာနယ်တွေမှာ ဖော်ပြခွင့်မရဘူး၊ ရခိုင်မှာဖြစ်ပေါ်နေတဲ့ သတင်းတွေကို ရခိုင်အပါအ၀င် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက သိဖို့လိုပါတယ်၊ သတင်းတွေကို အချိန်နဲ့ တပြေးညီ တိကျ၊ မှန်ကန်စွာ ဖော်ပြနိုင်ဖို့အတွက် မြို့နယ်တိုင်းမှာ သတင်းထောက်တွေရှိဖို့လိုသလို မီဒီယာသမားတွေကိုမွေးထုတ်ပေးဖို့ လိုပါတယ် " ဟု Arakan Media Group၏ ယာယီတာဝန်ခံ မြတ်နိုးသာက ပြောသည်။
မီဒီယာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် မြို့နယ်တိုင်းသို့ ဖိတ်ကြားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မရောက်နိုင်ခဲ့ခြင်းဖြစ်ရာ တက်ရောက်လာသူများမှ ပထမဦးဆုံး ခြေလှမ်းနေဖြင့် Arakan Media Groupအား ယာယီဖွဲ့စည်းခဲ့ကြပြီး ဦးစားပေးအနေဖြင့် မီဒီယာသင်တန်းများကို သာလုပ်ဆောင်မည်ဖြစ် ကြောင်းသိရသည်။
" ကျမတို့မှာ အားနည်းချက်ရှိတာက ငွေကြေးမပြည့်စုံမှုပါဘဲ၊ ခရီးစရိတ်မရှိတဲ့အတွက် မီဒီယာအလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်တိုင်းက မတက်ရောက်နိုင်ခဲ့ဘူး၊ လက်ရှိမှာလည်း မြို့နယ်တိုင်ကိုလှည့်ပြီး သင်တန်းပို့ချပေးမယ့် သင်တန်းဆရာတွေကို လမ်းစရိတ် ထောက်ပံ့မပေးနိုင်လို့ လတ်တလောအခြေအနေမှာ မီဒီယာသင်တန်းကို တောင်မလေုပ်နိုင်သေးဘူး၊ တဖြည်းဖြည်းနဲ့ အောင်မြင်မှုရအောင် တည်ဆောက်သွားရမှာဖြစ်တယ်" ဟု မြတ်နိုးသာက ပြောသည်။
Arakan Media Group အား သံတွဲ၊ မင်းပြား၊ အမ်း၊ ဂွ၊ ရသေ့တောင်၊ တောင်ကုတ် မြို့နယ်မှ အဖွဲ့ဝင် ၈ ဦးဖြင့် ယာယီဖွဲ့စည်းခဲ့ပြီး မြို့နယ်တိုင်းမှ ပူးပေါင်းပါဝင်လာနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။ ARAKAN TIMES
Posted on 5:46 PM
Wednesday, February 20, 2013
မြန်မာပြည်တွင်းနှင့်ဒေသနိုင်ငံအချို့ကို ခြိမ်းခြောက်နေသော အရိပ်ဆိုးကြီးများ
|

အိန္ဒိယနှင့် မြန်မာနိုင်ငံကြားတွင် ရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ လူဦးရေပေါက်ဖွါးမူဒဏ်ကို ထိုနှစ်နိုင်ငံတို့ကောင်းစွာခံစား သိရှိပြီးဖြစ်သည်။ မကြာသောနှစ်များက အန္ဒိယက မိမိနိုင်ငံ၏ ခြံစည်းရိုးများကိုသေချာစွာကာကွ ယ်ပြီး
နယ်ခြားစောင့်တပ်များကို စနစ်တကျချထားပြီးဖြစ်သည်။ထိုကြောင့် အန္ဒိယသည်
ထိုဘင်္ဂလီကုလားတို့၏ ခိုးဝင်းသောအန္တရာယ်ကို ကာကွယ်ပြီးဖြစ်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အိန္ဒိယကဲ့သို ခိုင်မာသောဥပဒေလည်းမရှိ
နယ်ခြားစောင့်တပ်လည်းစနစ်တကျမရှိသောကြောင့် ထိုဘင်္ဂလီကုလားတို့၏ဒဏ်ကို နည်းမျိုးစုံဖြင့်ခံနေကြရပါသည်။အထူးအားဖြင့်ထိုဒေသနှင့် နီး စပ်သော ရခိုင်လူမျိုးများမှာ ထိုဒဏ်ကိုယနေ့တိုင် ခံစားနေကြရသည်ကို မြန်မာမာနိုင်ငံ သားအားလုံးအသိပင်ဖြစ်သည်။ အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ဆက်နွယ်မူရှိသော ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီများသည် ဒေသအတွင်းနိုင်ငံများကို ခြိမ်းခြောက်လာနေပါသည်။ကမ္ဘာ့မီဒီ ယာများတွင်
သူတို့၏သတင်းများကို ပုံကြီးချဲ့ကာ မဟုတ်မမှန်လုပ်ဇာတ်ခင်း
ပြီးရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြသည်မှာ အံသြဖွယ်ရာပင်ဖြစ်သည်။
ကျွန်တော် တို့သည် မည်သည်လူမျိုးနှင့်ဘာသာကိုမျှ ထိပါးခြင်းစော်ကားခြင်းအလျဉ်း မပြုလိုကြပေ။
သို့သော်လည်း မိမိနိုင်ငံနှင့် လူမျိုးတို့၏အန္တရာယ်ကို သတိထားကာကွယ်ကြရန်
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့၏ တာဝန်ဖြစ်ပေသည်။ ယနေ့ကမ္ဘာကြီးသည်
လျှင်မြန်စွာ တိုးတက်ဖြစ်ပေါ်နေသည်မျှ နယ်မြေသစ်ရှာနေသော
လက်သစ်ကိုလိုနီတို့၏ရန်ကို အထူးသိထားရမည်ဖြစ်သည်။ တနည်းအာြး ဖင့်ဆိုရသော် မိမိနိုင်ငံ၏ အမျိုးသားစည်းရုံးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန်လိုပေသည်။
ယနေ့ကချင်ပြည်နယ်တွယ်
ဖြစ်ပေါ်နေသောပြည်တွင်းစစ်သည် မြန်မာအစိုးရအားအတိတ်က အုပ်ချူပ်ခဲ့သော
စစ်အာဏာရှင် အရိပ်မည်းများကို တဖန်ဖြစ်ပေါ်ေ စပါသည်။ ထိုကြောင့် အာဏာရှင်စနစ်သည် ပုံစံအမျိုးမျိုးဖြင့် အမြစ်တွယ်လျှက်ပင်ရှိသည်ကို မြန်မာပြည်သူများအထူးသတိထားကာ
စောင့်ကြည့်လျှက်ပင်ရှိပါသည်။ြ ပည်ထောင်စုသား ညီနောင်များကို မတရားသော ပုံစံဖြင့်အနိုင်ကျင့်စော်ကာြး ခင်းသည်
မြန်မာသယံဇာတအရင်းအမြစ်များကို မတရားအမြတ်ထုတ် ဂုတ်သွေးစုပ်လိုကြသော
ဒေသတွင်းနိုင်ငံတစ်ချို့နှင့် ခရိုနီလက်သစ်ပြည်တွင်စီးပွါးရေး သမားတို့ကို အခွင့်ရစေသလို စစ်အာဏာရှင်စနစ်ကို ပြန်လည်ပြီးဖြစ်ပေါ်စေနိုင်ပါသည်။ ထိုကြောင့်
တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေကြသော
ရဟန်းရှင်လူပြည်သူများကို တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းကြရမည်ဖြစ်ပါသည်။
မြန် မာနိုင်ငံသည် အရှေ့တောင်အာရှတွင် သဘာဝအရင်းအမြစ် ပွားများသော်လည်း
ထိုအရင်းအမြစ်များကို အာဏာရှင်များက မိမိကိုယ်ကျိုးအတွက်
နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသောကြောင့် ပြည်သူများမှာ
ဆင်းရဲငတ်ပြတ်ပြီး ဒုက္ခရောက်နေကြရသည်မှာ ယနေထိပင်ဖြစ်သည်။ ထိုကြောင့်ထို အကျင့်ဆိုး စနစ်ဆိုးများကို အမှန်တရားလိုလားသော မည်သူတစ်ဦးတစ်ယောက်ကမျှ မလိုးလားကြသည်မှာ သဘာဝမှန်ကန်သောသစ္စာတရားပင်ဖြစ် သည်။သမိုင်းစဉ်တစ်လျှောက်
ဆိုးဝါးသော ဒဏ်ကိုခံစားခဲ့ကြရသော မြန်မာ ပြည်သူများကို
အုပ်ချူပ်သောအစိုးရက မည်သည်အခါမှ မသက်ညှာခဲ့ပေ။ယခုလည်း နယ်စပ်ဒေသဖြစ်သော
ကချင်ပြည်နယ်တွင် အကြီးမားဆုံးထိုးစစ်ကို ပြင်ဆင်ပြီး
ဒေသခံကချင်လူမျိုးများကို လက်နက်အားကိုးဖြင့် မတရားနိက်စက်
အနိုင်ကျင့်နေခြင်းသည် လက်ရှိအစိုးရ၏ အလုပ်နှင့်အပြော
မညီခြင်းကိုပြနေပေသည်။တကယ်ဆိုလျှင် မိမိတိုနှင့် နှစ်ရှည်လများလွတ်လပ်ရေးတိုက်ပွဲ ၀င် ခဲ့ကြသော ကိုယ်ညီနောင်တိုင်းရင်းသားများ ကို အမြော်အမြင်ရှိရှိ သဘောထားပြည့်ဝစွာဖြင့် ဆွေးနွေးအဖြေရှာသင့်ပေသည်။


သန်းတင် ARAKAN TIMES
Posted on 5:11 PM
ရခိုင့်တော်လှန်ရေးကို ဘယ်သူဦးဆောင်မှာလဲ Written by ကိုယ့်မင်းခိုင် Sunday, 17 February 2013 11:17 PDF Print E-mail ရခိုင်ပြည်ကြီး ထီးကျိုးစည်ပေါက် သူ့ကျွန်သဘောက်ဖြစ်ခဲ့ရတာ ရာစုနှစ်နှစ်စု တောင်ကျော်လာခဲ့ပါပြီ၊ လွတ်လပ်ရေးအတွက် နည်းဗျူဟာတွေ အမျိုးမျိုးနဲ့ ကြိုးစားလာခဲ့ကြပေမယ့် ဒီနေ့အထိ အရာမပေါ်သေး။ တော်လှန်ရေးခရီး ကြာလာတာနဲ့အမျှ အချင်းချင်း စုစည်းညီညွတ်ရမယ့်အစား ဖောင်ပျက်ဝါးလို သူတလူငါတမင်းနဲ့ စိတ်ပျက်စရာတွေသာ ပြည့်နှက်လာခဲ့တယ်၊ ရလဒ်အဖြစ် ရခိုင်သမိုင်းမှာ သင်္ခန်းစာယူစရာတွေ များပြားစွာ တွေ့လာရခဲ့တယ်။ လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ရခိုင်နောက်ဆုံးဘုရင် မဟာသမ္မတ ရာဇာကိုမကျေနပ်တဲ့အတွက် ဗမာဘုရင်ကိုယူကာ တိုင်းပြည်ကို ၀ကွက်အပ်ခဲ့တာ၊ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ယူတဲ့အခါလည်း နိုင်ငံရေးအရ စုစည်းခိုင်မာတဲ့ ဆောင်ရွက်ချက်တွေမလုပ်နိုင်ခဲ့တာ၊ လက်နက်ကိုင်တော်လှန်ရေးခရီးတလျှောက် အင်အားစုတွေ ဖရိုဖရဲပြိုကွဲနေခဲ့တာတွေကို အမျိုးသားလွတ်မြောက်ရေးလမ်းမထက်မှာ မမြင်ချင်အဆုံး တွေ့ခဲ့ရတယ်။ ယနေ့အထိ အဖရခိုင်ပြည်မှာ ပြည်ပအခြေစိုက် လက်နက်ကိုင်အုပ်စုတွေ ညီညွတ်မှု မရှိသေးသလို၊ ပြည်တွင်း နိုင်ငံရေးပါတီတွေ မှာလည်း စုစည်းမရ။ ဒါတွေထက် ပိုဆိုးတာက ခေတ်နဲ့အညီ ပေါ်ပေါက်လာတဲ့ လူမှုရေးကွန်ယက်တွေကြားမှာပင် အုပ်စုဖွဲ့ဗိုလ်လုရင်း အချိန်ကုန်နေတာကို အော့နှလုံးနာဖို့ ကောင်းတဲ့အထိမြင်တွေ့လာခဲ့ရတယ်၊ ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူးလို့ ပြောတာထက် အနာဂတ်ရခိုင်ပြည်တော်လှန်ရေးကို ဘယ်သူ(၀ါ) ဘယ်အဖွဲ့အစည်းက ဦးဆောင်မှာလဲဆိုတဲ့ ပြဿနာက အဓိကကျနေပြီလို့ မြင်ပါတယ်၊ ဦးဆောင်မှုမရှိရင် ပန်းတိုင်ပျောက်ပြီး အချင်းချင်းအပြန်အလှန် တွန်းတိုက်ရင်းလိုတဲ့ ခရီးကိုမရောက်နိုင်၊ အားစိုက်သမျှ သဲထဲရေသွန်ဖြစ်ရပါတော့မယ်၊ အိတ်ပေါက်နဲ့ ဖားကောက်သလို လုပ်သမျှအရာမထင်ဘဲ နိဂုံးကမ္ပတ်အဆုံးသတ်ရတော့မှာလား။ ပြည်တွင်းမှာ ရခိုင်ပါတီ နှစ်ခုပူးပေါင်းရေးလို့ အော်နေတာနဲ့ ဒီပြဿနာတွေပြီးသွားမှ မဟုတ်။ အခြားပြည်တွင်း၊ ပြည်ပ အုပ်စုတွေဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေပြီလဲဆိုတာကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ စုစည်းညီညွတ်ရေးဆိုတဲ့ အသံကောင်းဟစ်နေရုံနဲ့ ဖြစ်လာမှာမဟုတ်ဘူး။ လက်တွေ့လုပ်ဆောင်ဖို့ အများကြီးလိုပါတယ်၊ ငါကဦးဆောင်ပါတီ၊ သူကလူနည်းတဲ့ပါတီလို့ တစ်မျိုး။ ငါက၀ါရင့်ပါတီ၊ သူက ၀ါနုပါတီဆိုပြီး တစ်ဖုံ။ အရှက်အသရေမဟိ အမျိုးသားရေးမှာ မာန်တက်ပြီး ပြည်သူကိုမျက်ကွယ်ပြုရင်း တဖွဲ့နဲ့တဖွဲ့အပြန်အလှန်အပုပ်ချနေကြလို့တော့ စုစည်းမှုဘယ်ခါမျှ ရနိုင်လိမ့်မည်မဟုတ်။ ဒီလိုဆိုရင် ဘယ်အဖွဲ့က အင်အားကောင်းကောင်း၊ မကောင်းကောင်း အားလုံးသမိုင်းတရားခံဖြစ်လိမ့်မယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။ ရခိုင်အမျိုးသားပါတီ(သို့မဟုတ်)အဖွဲ့အစည်းတစ်ခုဟာ ရပ်တည်နေရုံ၊ ပေးသလောက် ယူနေရုံအဆင့်သာဆိုရင် မဟာဗျူဟာ ဘယ်လောက်ပင် ကောင်းကောင်း တဖက်သား ကြိုးဆွဲရာက နေရတဲ့ "ရုပ်သေးရုပ်"အဆင့်၊ နဖားကြိုး တပ်ခံထားရတဲ့ "နွား"အဆင့်သာ ဖြစ်တယ်။ ဗမာအစိုးရ " အလိုတော်ရိ " ဆိုရင်လည်း မမှား။ ရခိုင်ပြည်၏ နိုင်ငံရေးဦးဆောင်မှုဆိုစော် လက်နက်ကိုင်ရပ်တည်ရုံ၊ အင်အားများရုံ၊ ရွေးကောက်ပွဲ အနိုင်ရရုံနဲ့ ဖြစ်လာမှာမဟုတ်။ အင်အားစုအားလုံး အမျိုးသားဘုံရည်မှန်းချက် တစ်ခုတည်းအောက်မှာ တော်လှန်ရေးခရီးအတွက် အဆင့်ဆင့်ချမှတ်ထားတဲ့ နည်းဗျူဟာတွေမှာ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်နိုင်ဖို့၊ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့လည်း လိုပါတယ်။ အားလုံးတစ်စုတစည်းတည်း မဖြစ်နိုင်သေးရင် လုပ်ငန်းပူးပေါင်းမှုအဆင့် အနည်းဆုံးရှိဖို့လိုပါတယ်။ " သူပါယင်ငါမလုပ်၊ သူလုပ်ရင် ငါမပါ။ " ဆိုတဲ့ညအတ္တမာနကို ရှေ့တန်းတင်နေကြမယ်ဆိုရင်၊ ငါတို့ကပေါင်းချင်တယ် သူတို့ကြောင့် ပူးပေါင်းမရတာလို့ နိုင်ငံရေးအရ အပုပ်ချနေကြလို့ကတော့ အဲဒီလုပ်ရပ်တွေကို ပြည်သူက ကျွန်သက်ရှည်စေတဲ့ လုပ်ရပ်လို့ မြင်လာကြပြီ။ ဗမာပြည်နိုင်ငံရေးသမားတွေလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အပုပ်ချစည်းရုံးနေလို့ အလုပ် မဖြစ်ပါ။ အမျိုးသား ရည်မှန်းချက်တွေကို လုပ်ငန်းစဉ်အဆင့်ဆင့်ချမှတ်လို့ မလုပ်ဆောင်နိုင်ဘဲနဲ့၊ လွှတ်တော်ထဲမှာ စကားလုံး အလှပတွေနဲ့ အသံကောင်းဟစ်ရုံလောက်၊ မီဒီယာတွေမှာ လူကြားကောင်းအောင် ပြောနီရုံလောက်နဲ့ ရခိုင်တို့၏ အန္တိမ ရည်မှန်းချက်ကို ဆောင်ကျဉ်းပေးနိုင်ဖို့မဟုတ်၊ " လူပြိန်းကြိုက်နိုင်ငံရေးသမား " အဆင့်နဲ့ရာ သမိုင်းမှာ တင်ကျန်ခဲ့ပါလိမ့်မယ်။ ရခိုင်ပြည်ဖြတ်သန်းလာရေ သမိုင်းအရ လက်နက်ကိုင်အုပ်စုအချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း၊ လူမှုအဖွဲ့ အစည်းအချင်းချင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးမှု အဆင့်နဲ့ စတင်သင့်ပါတယ်။ တူညီရေ အမျိုးသားရေး လုပ်ငန်းစဉ်တွေကို ပုံဖော်သင့်ပါတယ်။ ယင်းကတဆင့်ကဏ္ဍအလိုက် လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ မာန်မာန၊ အာဃာတတွေကို ခြေချပြီး လက်နက်ကိုင်၊ ပါတီ၊ လူမှုရေး အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှု အဆင့်ထိတဖြည်းဖြည်း တိုးမြှင့်လားဖို့လိုပါတယ်၊ သူ့အဖွဲ့၊ ငါ့အဖွဲ့၊ သူကောင်းတယ်၊ ငါကောင်းတယ် စနစ်နဲ့ ဆက်လားနေဖို့အစား အားလုံးညှိနှိုင်း ဆောင်ရွက်မှုလမ်းကြောင်း ကတဆင့် အမျိုးသားညီညွတ်ရေး အဆင့်ကိုလားဖို့ယခုကပင် ပြင်ဆင်လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ အမျိုးသားအကျိုးစီးပွားကို မဏ္ဍိုင်ထားပြီး လူအဖွဲ့အစည်းကို ပုံသေမထားဘဲ တူညီတဲ့လုပ်ငန်းတွေကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး "ရခိုင့်တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ" ကို ဖော်ဆောင်သွားဖို့ အပြုသဘောနဲ့ အကြံပြုရေးသားလိုက်ရတယ်။
|
လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ရခိုင်နောက်ဆုံးဘုရင် မဟာသမ္မတ ရာဇာကိုမကျေနပ်တဲ့အတွက် ဗမာဘုရင်ကိုယူကာ တိုင်းပြည်ကို ၀ကွက်အပ်ခဲ့တာ၊ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ယူတဲ့အခါလည်း နိုင်ငံရေးအရ စုစည်းခိုင်မာတဲ့ ဆောင်ရွက်ချက်တွေမလုပ်နိုင်ခဲ့တာ၊ လက်နက်ကိုင်တော်လှန်ရေးခရီးတလျှောက် အင်အားစုတွေ ဖရိုဖရဲပြိုကွဲနေခဲ့တာတွေကို အမျိုးသားလွတ်မြောက်ရေးလမ်းမထက်မှာ မမြင်ချင်အဆုံး တွေ့ခဲ့ရတယ်။
ယနေ့အထိ အဖရခိုင်ပြည်မှာ ပြည်ပအခြေစိုက် လက်နက်ကိုင်အုပ်စုတွေ ညီညွတ်မှု မရှိသေးသလို၊ ပြည်တွင်း နိုင်ငံရေးပါတီတွေ မှာလည်း စုစည်းမရ။ ဒါတွေထက် ပိုဆိုးတာက ခေတ်နဲ့အညီ ပေါ်ပေါက်လာတဲ့ လူမှုရေးကွန်ယက်တွေကြားမှာပင် အုပ်စုဖွဲ့ဗိုလ်လုရင်း အချိန်ကုန်နေတာကို အော့နှလုံးနာဖို့ ကောင်းတဲ့အထိမြင်တွေ့လာခဲ့ရတယ်၊ ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူးလို့ ပြောတာထက် အနာဂတ်ရခိုင်ပြည်တော်လှန်ရေးကို ဘယ်သူ(၀ါ) ဘယ်အဖွဲ့အစည်းက ဦးဆောင်မှာလဲဆိုတဲ့ ပြဿနာက အဓိကကျနေပြီလို့ မြင်ပါတယ်၊ ဦးဆောင်မှုမရှိရင် ပန်းတိုင်ပျောက်ပြီး အချင်းချင်းအပြန်အလှန် တွန်းတိုက်ရင်းလိုတဲ့ ခရီးကိုမရောက်နိုင်၊ အားစိုက်သမျှ သဲထဲရေသွန်ဖြစ်ရပါတော့မယ်၊ အိတ်ပေါက်နဲ့ ဖားကောက်သလို လုပ်သမျှအရာမထင်ဘဲ နိဂုံးကမ္ပတ်အဆုံးသတ်ရတော့မှာလား။
ပြည်တွင်းမှာ ရခိုင်ပါတီ နှစ်ခုပူးပေါင်းရေးလို့ အော်နေတာနဲ့ ဒီပြဿနာတွေပြီးသွားမှ မဟုတ်။ အခြားပြည်တွင်း၊ ပြည်ပ အုပ်စုတွေဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေပြီလဲဆိုတာကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ စုစည်းညီညွတ်ရေးဆိုတဲ့ အသံကောင်းဟစ်နေရုံနဲ့ ဖြစ်လာမှာမဟုတ်ဘူး။ လက်တွေ့လုပ်ဆောင်ဖို့ အများကြီးလိုပါတယ်၊ ငါကဦးဆောင်ပါတီ၊ သူကလူနည်းတဲ့ပါတီလို့ တစ်မျိုး။ ငါက၀ါရင့်ပါတီ၊ သူက ၀ါနုပါတီဆိုပြီး တစ်ဖုံ။ အရှက်အသရေမဟိ အမျိုးသားရေးမှာ မာန်တက်ပြီး ပြည်သူကိုမျက်ကွယ်ပြုရင်း တဖွဲ့နဲ့တဖွဲ့အပြန်အလှန်အပုပ်ချနေကြလို့တော့ စုစည်းမှုဘယ်ခါမျှ ရနိုင်လိမ့်မည်မဟုတ်။ ဒီလိုဆိုရင် ဘယ်အဖွဲ့က အင်အားကောင်းကောင်း၊ မကောင်းကောင်း အားလုံးသမိုင်းတရားခံဖြစ်လိမ့်မယ်ဆိုတာကို သတိချပ်ဖို့လိုပါတယ်။
ရခိုင်အမျိုးသားပါတီ(သို့မဟုတ်)အဖွဲ့အစည်းတစ်ခုဟာ ရပ်တည်နေရုံ၊ ပေးသလောက် ယူနေရုံအဆင့်သာဆိုရင် မဟာဗျူဟာ ဘယ်လောက်ပင် ကောင်းကောင်း တဖက်သား ကြိုးဆွဲရာက နေရတဲ့ "ရုပ်သေးရုပ်"အဆင့်၊ နဖားကြိုး တပ်ခံထားရတဲ့ "နွား"အဆင့်သာ ဖြစ်တယ်။ ဗမာအစိုးရ " အလိုတော်ရိ " ဆိုရင်လည်း မမှား။ ရခိုင်ပြည်၏ နိုင်ငံရေးဦးဆောင်မှုဆိုစော် လက်နက်ကိုင်ရပ်တည်ရုံ၊ အင်အားများရုံ၊ ရွေးကောက်ပွဲ အနိုင်ရရုံနဲ့ ဖြစ်လာမှာမဟုတ်။ အင်အားစုအားလုံး အမျိုးသားဘုံရည်မှန်းချက် တစ်ခုတည်းအောက်မှာ တော်လှန်ရေးခရီးအတွက် အဆင့်ဆင့်ချမှတ်ထားတဲ့ နည်းဗျူဟာတွေမှာ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်နိုင်ဖို့၊ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့လည်း လိုပါတယ်။ အားလုံးတစ်စုတစည်းတည်း မဖြစ်နိုင်သေးရင် လုပ်ငန်းပူးပေါင်းမှုအဆင့် အနည်းဆုံးရှိဖို့လိုပါတယ်။
" သူပါယင်ငါမလုပ်၊ သူလုပ်ရင် ငါမပါ။ " ဆိုတဲ့ညအတ္တမာနကို ရှေ့တန်းတင်နေကြမယ်ဆိုရင်၊ ငါတို့ကပေါင်းချင်တယ် သူတို့ကြောင့် ပူးပေါင်းမရတာလို့ နိုင်ငံရေးအရ အပုပ်ချနေကြလို့ကတော့ အဲဒီလုပ်ရပ်တွေကို ပြည်သူက ကျွန်သက်ရှည်စေတဲ့ လုပ်ရပ်လို့ မြင်လာကြပြီ။ ဗမာပြည်နိုင်ငံရေးသမားတွေလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အပုပ်ချစည်းရုံးနေလို့ အလုပ် မဖြစ်ပါ။ အမျိုးသား ရည်မှန်းချက်တွေကို လုပ်ငန်းစဉ်အဆင့်ဆင့်ချမှတ်လို့ မလုပ်ဆောင်နိုင်ဘဲနဲ့၊ လွှတ်တော်ထဲမှာ စကားလုံး အလှပတွေနဲ့ အသံကောင်းဟစ်ရုံလောက်၊ မီဒီယာတွေမှာ လူကြားကောင်းအောင် ပြောနီရုံလောက်နဲ့ ရခိုင်တို့၏ အန္တိမ ရည်မှန်းချက်ကို ဆောင်ကျဉ်းပေးနိုင်ဖို့မဟုတ်၊ " လူပြိန်းကြိုက်နိုင်ငံရေးသမား " အဆင့်နဲ့ရာ သမိုင်းမှာ တင်ကျန်ခဲ့ပါလိမ့်မယ်။
ရခိုင်ပြည်ဖြတ်သန်းလာရေ သမိုင်းအရ လက်နက်ကိုင်အုပ်စုအချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း၊ လူမှုအဖွဲ့ အစည်းအချင်းချင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးမှု အဆင့်နဲ့ စတင်သင့်ပါတယ်။ တူညီရေ အမျိုးသားရေး လုပ်ငန်းစဉ်တွေကို ပုံဖော်သင့်ပါတယ်။ ယင်းကတဆင့်ကဏ္ဍအလိုက် လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
မာန်မာန၊ အာဃာတတွေကို ခြေချပြီး လက်နက်ကိုင်၊ ပါတီ၊ လူမှုရေး အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှု အဆင့်ထိတဖြည်းဖြည်း တိုးမြှင့်လားဖို့လိုပါတယ်၊ သူ့အဖွဲ့၊ ငါ့အဖွဲ့၊ သူကောင်းတယ်၊ ငါကောင်းတယ် စနစ်နဲ့ ဆက်လားနေဖို့အစား အားလုံးညှိနှိုင်း ဆောင်ရွက်မှုလမ်းကြောင်း ကတဆင့် အမျိုးသားညီညွတ်ရေး အဆင့်ကိုလားဖို့ယခုကပင် ပြင်ဆင်လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။
အမျိုးသားအကျိုးစီးပွားကို မဏ္ဍိုင်ထားပြီး လူအဖွဲ့အစည်းကို ပုံသေမထားဘဲ တူညီတဲ့လုပ်ငန်းတွေကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး "ရခိုင့်တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ" ကို ဖော်ဆောင်သွားဖို့ အပြုသဘောနဲ့ အကြံပြုရေးသားလိုက်ရတယ်။ ARAKAN TIMES
Posted on 5:06 PM
Tuesday, February 19, 2013
မင်းတို့ အစိုးရဖြစ်တဲ့အချိန်မှာ ငါ…သူပုန်ဆက်မလုပ်ချင်တော့ဘူးကွာ
Posted by
Admin
Maha Mingyi's photo.
၈ပူးတို့ရေ
မင်းတို့ ဒိုင်ဗာစီတီ သီအိုရီထဲမျောသွားတိုင်း ကျန်တဲ့လူတွေကို
အောင်မင်းအာပေါ်နဲ့ လိုက်မျော လိုက်ဖို့ မပြောပါနဲ့ မင်းတို့ အပြောင်းလဲကို
တကယ် လူပုံအလယ်မှာ သတ္တုတခုခြင်း ချပြရဲရင် ပိုကောင်းမယ၊် မင်တို့ ကျွန်ဖြစ်တာကို ကျန်တဲ့လူလဲလိုက်ဖြစ်ရမယ်ဆိုတဲ့
ပျော်ဝင်ရည် သီအိုရီတော့ မလုပ်ကြပါနဲ့ကွာ။
သိန်းစိန်တို့ ဘောင်းဘီမချွတ်ခင်လေး ၂၀၀၉ မှာ နေပြည်တော် ဇဗူသီရီခန်းမမှာ သန်းရွှေတို့ တခါးပိတ် အစည်းဝေးလုပ်ကြတယ်။
အစည်းဝေးရဲ့ နောက်ဆုံးအာ၈ျင်တာကျသွားတာက အတိုက်ခံမရှိတဲ့နိုင်ငံပြောင်းလဲမှုနဲ့ တပ်မတော်အကြီးကဲနှင့် သက်ဆိုင်ရာဆွေးမျိုးတွေ ထာဝရဘေးကင်းလုံခြုံစွာနေနိုင်ရေးပဲ။
အဲဒါကို အကောင်ထည်ဖေါ်ဖို့ Team တင်း ၃ ခုဖွဲ့ခဲ့တယ် ၊တပ်မတော်ထဲမှာ
ဆက်လက်တာဝန်ယူဖို့ အဖွဲ့၊ ပြီးတော့ ပြည်ပ အတိုက်ခံတွေကို ဆွဲသိမ်းစည်းရုံးဖို့ အဖွဲ့ နဲ့ တိုင်းပြည်ထဲက အတိုက်ခံတွေရဲ အတွေးခေါ်နဲ့ မန်နာ (အကျင့်)တွေကို ပြုပြင်ကိုင်တွယ်ဖို့ပဲ။
အခု အဲဒီအတိုင်း ဆက်သွားနေတယ် အတိုက်ခံတွေ အခု ကျွန်ဖြစ်တဲ့သူဖြစ်
နွံနစ်တဲ့သူနစ်ကုန်ပြီ
စစ်တပ်နဲ့ တပ်မတော်ထဲက ဘောင်းဘီချွတ်လာတဲ့ အဘယ်ငနဲးသားတွေက
ကျွန်ဖြစ်နွံနစ်နေတာ ရှိသလဲ?
၈လေးလုံးမှာ ဖြတ်တာချင်းအတူတူ မတူတဲ့မူတွေနဲ့ တယောက်နဲ့တယောက်
သေချာယုံကြည်လို့ရတဲ့ ပုံစံ ခုထိ အဲဒီအခင်းကျင်းမရှိသေးဘူး၊
ပြည်တွင်းကို ပြန်လာပြီး ပြည်ပက အတတ်ပညာနဲ့ ပံ့ပိုးဖို့ဆိုတာ ပြည်တွင်က ဓါတ်ခံက ဘယ်လောက်ကောင်းသလဲ?
ကျွန်ဖြစ်နေတာ ဖြစ်မှန်းမသိတာကိုက အဲဒါ ဈေးအနိမ့်ဆုံးကျွန် တန်ဘိုးမဲ့ဆုံးကျွန်ပဲ
အဲဒီကျွန်တွေက နောက်ထပ် အပြင်က လူတွေကိုထပ်သွင်းပြီး ကျွန်ပြန်လုပ်ရင် ကျွန်အချင်းချင်း ညီညွတ်တာမဟုတ်ဘူး ကျွန်ကိုကျွန်က ကျွန်ပြန်ပြုတာ။
အားလုံးစဉ်းစားကြည့် မြန်မာပြည်အပြောင်းလဲဆိုတာကို သတ္တုချကြည့် ၊
အဲဒီအပြာင်းလဲထဲမှာ တိုင်းပြည်ကို အရင်ကဦးဏှောက်တွေကပဲ အခုပြန်ပြီး အုပ်ချုပ်တာ၊
ပြောပိုင်ခွင်ွပေးပြီး လုပ်ပိုင်ခွင် မင်းတို့လက်ထဲမှာ မရှိဘူး၊ ပြောပိုင်ခွင့်ရော လုပ်ပိုင်ခွင့်ရော
မင်းတို့လက်ထဲရောက်လာရင် ငါ… ချက်ခြင်း ထခုန်ပြီး ပြန်လာမယ် ..အခုတော့ ..ငါပျော်နေတဲ့
သူပုန်ဘ၀မှာပဲ ငါနေပါရစေ
ဒီကြားထဲ ဘုမသိ နဲ့ ဘမသိတွေက ခနခန ၀င်လာပြီး ပညတ်နဲ့ ဓါတ်သက်ကို လုံးထွေးပြီး လာလာမိုက်ရိုင်းနေတာ ၊ခနလောက် အနားယူပြီး အသေခြာစဉ်းစား ၊မစဉ်းစားခင် ဂျစ်ကလေးတွေထုတ်ကြည့် ပြီးတော့ ကိုယ့်ဘာသာကိုအမှတ်ပြန်ပေးကြည့် ၊ ပြောင်းလဲမှုက မပြောင်းလဲခြင်းရဲ့  ရလဒ်အောက်မှာပဲ ရှိနေတာတွေ့မယ်။
ရွှေမန်း ပထမ နော်ဝေလာတော့ ပြည်ပက ဦးဏှောက်တွေကို တရက်ထဲနဲ့ ဆေးချပစ်လိုက်တာ ငါတို့ရဲဘော်တွေငါတို့ကို ကျောခိုင်းသွားကြတယ်။
ဒုတိယ ဒေါ်အောင်ဆန်းစုကြည် လာပြီး ဦးဏှောက်တွေ ထပ်ပြီး လျော်ဖွတ်လိုက်တော့ ငါတို့ရဲဘော်တွေ ငါတို့ကို မိုက်ရိုင်းစွာ ဆက်ဆံလာကြတယ်
ခု မင်းတို ရှစ်ပူးက ဥရောပမှာ နောက်ဆုံး ဦးဏှောက်တွေကို လာပြီး
လိမ်ညှစ်နေတော့ ငါတို့ ရဲဘော်တွေ ငါတို့ အသက်ကိုပါ ထုတ်ကြတော့မယ်။
ငါတို့ သူပုန်ဆက်လုပ်နေတာ မင်းတို့ကို ဖီဆန်ဖို့မဟုတ်၊ မင်းတို့အတွက်
ကျားကန်ပေးမယ်ဆိုတဲ့ ခံယူချက်ပဲ၊ အရင်ကလဲ မင်းတို့အတွက် မင်းတို့လိုပဲ ငါတို့ ထောင်ပေါင်းစုံကို နိုင်ငံတကာမှာ လှည့်ကျပေးနေခဲ့တာ သတိလေးနဲ့ မင်းတို့ယှဉ်ပြီးနားလည်
စေချင်တယ်
စကားပြောတာ သတိထားကြပေါ့ကွာ၊ မင်းတို့ကို ငါလေးစားတယ် မင်းတို့ကို ငါမြတ်နိုးတယ်၊ မင်းတို့ အစိုးရဖြစ်တဲ့အချိန်မှာ ငါ…သူပုန်ဆက်မလုပ်ချင်တော့ဘူးကွာ
ဂိုလ်ရှယ်လေး
ကျေးဇူးတင်ပါသည်။ hugawng kachin
ပျော်ဝင်ရည် သီအိုရီတော့ မလုပ်ကြပါနဲ့ကွာ။
သိန်းစိန်တို့ ဘောင်းဘီမချွတ်ခင်လေး ၂၀၀၉ မှာ နေပြည်တော် ဇဗူသီရီခန်းမမှာ သန်းရွှေတို့ တခါးပိတ် အစည်းဝေးလုပ်ကြတယ်။
အစည်းဝေးရဲ့ နောက်ဆုံးအာ၈ျင်တာကျသွားတာက အတိုက်ခံမရှိတဲ့နိုင်ငံပြောင်းလ
အဲဒါကို အကောင်ထည်ဖေါ်ဖို့ Team တင်း ၃ ခုဖွဲ့ခဲ့တယ် ၊တပ်မတော်ထဲမှာ
ဆက်လက်တာဝန်ယူဖို့ အဖွဲ့၊ ပြီးတော့ ပြည်ပ အတိုက်ခံတွေကို ဆွဲသိမ်းစည်းရုံးဖို့ အဖွဲ့ နဲ့ တိုင်းပြည်ထဲက အတိုက်ခံတွေရဲ အတွေးခေါ်နဲ့ မန်နာ (အကျင့်)တွေကို ပြုပြင်ကိုင်တွယ်ဖို့ပဲ။
အခု အဲဒီအတိုင်း ဆက်သွားနေတယ် အတိုက်ခံတွေ အခု ကျွန်ဖြစ်တဲ့သူဖြစ်
နွံနစ်တဲ့သူနစ်ကုန်ပြီ
စစ်တပ်နဲ့ တပ်မတော်ထဲက ဘောင်းဘီချွတ်လာတဲ့ အဘယ်ငနဲးသားတွေက
ကျွန်ဖြစ်နွံနစ်နေတာ ရှိသလဲ?
၈လေးလုံးမှာ ဖြတ်တာချင်းအတူတူ မတူတဲ့မူတွေနဲ့ တယောက်နဲ့တယောက်
သေချာယုံကြည်လို့ရတဲ့ ပုံစံ ခုထိ အဲဒီအခင်းကျင်းမရှိသေးဘူး၊
ပြည်တွင်းကို ပြန်လာပြီး ပြည်ပက အတတ်ပညာနဲ့ ပံ့ပိုးဖို့ဆိုတာ ပြည်တွင်က ဓါတ်ခံက ဘယ်လောက်ကောင်းသလဲ?
ကျွန်ဖြစ်နေတာ ဖြစ်မှန်းမသိတာကိုက အဲဒါ ဈေးအနိမ့်ဆုံးကျွန် တန်ဘိုးမဲ့ဆုံးကျွန်ပဲ
အဲဒီကျွန်တွေက နောက်ထပ် အပြင်က လူတွေကိုထပ်သွင်းပြီး ကျွန်ပြန်လုပ်ရင် ကျွန်အချင်းချင်း ညီညွတ်တာမဟုတ်ဘူး ကျွန်ကိုကျွန်က ကျွန်ပြန်ပြုတာ။
အားလုံးစဉ်းစားကြည့် မြန်မာပြည်အပြောင်းလဲဆိုတာကို သတ္တုချကြည့် ၊
အဲဒီအပြာင်းလဲထဲမှာ တိုင်းပြည်ကို အရင်ကဦးဏှောက်တွေကပဲ အခုပြန်ပြီး အုပ်ချုပ်တာ၊
ပြောပိုင်ခွင်ွပေးပြီး လုပ်ပိုင်ခွင် မင်းတို့လက်ထဲမှာ မရှိဘူး၊ ပြောပိုင်ခွင့်ရော လုပ်ပိုင်ခွင့်ရော
မင်းတို့လက်ထဲရောက်လာရင် ငါ… ချက်ခြင်း ထခုန်ပြီး ပြန်လာမယ် ..အခုတော့ ..ငါပျော်နေတဲ့
သူပုန်ဘ၀မှာပဲ ငါနေပါရစေ
ဒီကြားထဲ ဘုမသိ နဲ့ ဘမသိတွေက ခနခန ၀င်လာပြီး ပညတ်နဲ့ ဓါတ်သက်ကို လုံးထွေးပြီး လာလာမိုက်ရိုင်းနေတာ ၊ခနလောက် အနားယူပြီး အသေခြာစဉ်းစား ၊မစဉ်းစားခင် ဂျစ်ကလေးတွေထုတ်ကြည့် ပြီးတော့ ကိုယ့်ဘာသာကိုအမှတ်ပြန်ပေးကြည့်
ရွှေမန်း ပထမ နော်ဝေလာတော့ ပြည်ပက ဦးဏှောက်တွေကို တရက်ထဲနဲ့ ဆေးချပစ်လိုက်တာ ငါတို့ရဲဘော်တွေငါတို့ကို ကျောခိုင်းသွားကြတယ်။
ဒုတိယ ဒေါ်အောင်ဆန်းစုကြည် လာပြီး ဦးဏှောက်တွေ ထပ်ပြီး လျော်ဖွတ်လိုက်တော့ ငါတို့ရဲဘော်တွေ ငါတို့ကို မိုက်ရိုင်းစွာ ဆက်ဆံလာကြတယ်
ခု မင်းတို ရှစ်ပူးက ဥရောပမှာ နောက်ဆုံး ဦးဏှောက်တွေကို လာပြီး
လိမ်ညှစ်နေတော့ ငါတို့ ရဲဘော်တွေ ငါတို့ အသက်ကိုပါ ထုတ်ကြတော့မယ်။
ငါတို့ သူပုန်ဆက်လုပ်နေတာ မင်းတို့ကို ဖီဆန်ဖို့မဟုတ်၊ မင်းတို့အတွက်
ကျားကန်ပေးမယ်ဆိုတဲ့ ခံယူချက်ပဲ၊ အရင်ကလဲ မင်းတို့အတွက် မင်းတို့လိုပဲ ငါတို့ ထောင်ပေါင်းစုံကို နိုင်ငံတကာမှာ လှည့်ကျပေးနေခဲ့တာ သတိလေးနဲ့ မင်းတို့ယှဉ်ပြီးနားလည်
စေချင်တယ်
စကားပြောတာ သတိထားကြပေါ့ကွာ၊ မင်းတို့ကို ငါလေးစားတယ် မင်းတို့ကို ငါမြတ်နိုးတယ်၊ မင်းတို့ အစိုးရဖြစ်တဲ့အချိန်မှာ ငါ…သူပုန်ဆက်မလုပ်ချင်တော့ဘူးကွ
ဂိုလ်ရှယ်လေး
ကျေးဇူးတင်ပါသည်။ hugawng kachin
Posted on 6:11 PM
တပ်တောင်တွင် ဖုန်းတိုင်များတပ်ဆင်ကာ GSM ဖုန်းများရောင်းချပေးခဲ့သော်လည်းအသုံးပြု၍မရ
Posted on 5:54 PM
Monday, February 18, 2013
မန္တလေးတွင် တရားမ၀င် နေထိုင်သည့် မြန်မာစကား မတတ်သူများကိစ္စ ဖော်ထုတ်အရေးယူပြီ
သတင်း
သာလွန်ဇောင်းထက်|
February 18, 2013 |
Hits:10,850

မန္တလေးတွင် တရားမ၀င် နေထိုင်ကြသူ အများစုသည် တရုတ်အနွယ်ဝင်များဖြစ်သည်ဟု မန္တလေးမြို့ခံများက ဆိုသည် (ဓာတ်ပုံ – ဧရာဝတီ)
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသော အမျိုးသားစီမံကိန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုစဉ် ဦးကျော်ကျော်ဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက် နေထိုင်မှုကို စိစစ်ဖော်ထုတ် အရေးယူပေးရန် တင်ပြချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် အလေးထား ဆောင်ရွက်လျှက်ရှိပြီး စိစစ်အရေးယူမှုများ စတင်နေပြီဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားကတ်များသည် တရားဝင်ထုတ်ပေးထားခြင်း ရှိ၊ မရှိအပါအ၀င် တရားမ၀င်နေထိုင်မှုများကို ၀န်ကြီးဌာနမှ ရုံး လက်ခံမှတ်တမ်းများနှင့် စစ်ဆေးနေကြောင်း၊ စစ်ဆေးမှုများအရ နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားလက်မှတ် ရရှိ ကိုင်ဆောင်ထားသူများကို လက်မှတ်များ ပြန်လည်သိမ်းဆည်းပြီး လက်မှတ်ထုတ်ပေးသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိ၊ ၀န်ထမ်းများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဝင်းက ပြောသည်။
“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊ မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စုစာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမ၀င် နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မမှန်မကန် ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများအား ထိရောက်စွာ စစ်ဆေး အရေးယူသွားမည် ဖြစ်ပြီး တရားမ၀င် နေထိုင်သူများအားလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများကလည်း အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်ကိုလည်း တပါတည်း အသိပေးလိုပါတယ်” ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်ကမူ မန္တလေးတွင် မြန်မာစကား မတတ်သော လူမျိုးခြားများ တရားမ၀င် ၀င်ရောက် နေထိုင်မှုများ အများအပြားရှိနေပြီး အထူးသဖြင့် တရုတ်အနွယ်ဝင် အများစုဖြစ်ကြောင်း၊ ယင်းတရုတ် အနွယ်ဝင်များမှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မန္တလေးသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း၊ မန္တလေးမြို့ရှိ မြန်မာအမျိုးသားပိုင် နေအိမ်ခြံမြေ တိုက်တာအဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းများမှာ တရုတ်အနွယ်ဝင်များလက်ထဲသို့ ရောက်ရှိကြောင်း ဧရာဝတီသို့ပြောသည်။
“မန္တလေးမှာ တရားမ၀င်နေထိုင်မှု သေချာပေါက် အများကြီးရှိတယ်။ ၁၉၉၀ နောက်ပိုင်းမှာတော့ အလုံးအရင်းနဲ့ ၀င်လာတယ်။ အလုံးအရင်းဝင်လာတာက အချို့က ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ၀င်လာတယ်။ တချို့ကလည်း အာဏာပိုင်အဖွဲ့အစည်းနဲ့ ချိတ်ပြီးဝင်လာတာ။ တရုတ်တွေပါ။ များသောအားဖြင့် ယူနန်ဘက်က ဟာတွေများတာပဲ။ မန္တလေးရဲ့ လက်ရင်း မြန်မာ အမျိုးသားပိုင် စီးပွားရေး၊ အိမ်ယာတွေ ကုန်ပြီဗျ။ မြေတွေလည်းကုန်ပြီ။ ဒီအချိန်ကျမှ အရေးယူမယ်ဆိုတော့ တအား နောက်ကျနေပြီ။ မြန်မာအမျိုးသားတွေ ပိုင်တဲ့ စီးပွားရေး၊ ယဉ်ကျေးမှု၊ ရေမြေကို အကာကွယ်ပေးတာ၊ အထောက်ကူပေးတာ တွေရှိသင့်တယ်။ တရားမ၀င် နေထိုင်မှုတွေနဲ့ အလုံးအရင်း ဖြစ်လာတာက အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှုတွေကြောင့် အများဆုံးပဲပေါ့။ လက်နက်နဲ့ ငြိမ်းချမ်းရေး နောက်ကွယ်ကနေ ၀င်တာတွေလည်း အများကြီးပဲ။ ကိုးကန့်တံဆိပ် တပ်ထားတဲ့ တရုတ်၊ ၀တံဆိပ်ထားတဲ့ တရုတ်တွေချည်းပဲ” ဟု ဆရာဆူးငှက်က ဆိုသည်။
ချမ်းအေးသာဇံမြို့နယ်မှ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာကမူ တရားမ၀င် နေထိုင်မှုများကို အရေးယူရန်မှာ တိကျသေချာမှုနှင့် စေ့စပ်မှု အရေးကြီးသည်ဟု ပြောသည်။
“မန္တလေးမှာက တရုတ်ကိုးကန့်စပ်တွေ၊ ကိုးကန့်တွေ၊ ၀တွေပေါ့၊ တချို့သူတွေက မြန်မာစကားကို ရေရေလည်လည်ကို မတတ်ဘူး။ အဲဒါမျိုးတွေ တော်တော်လေး ရှိတယ်။ တရုတ်အနွယ်ဝင် တော်တော်များများက ချမ်းသာကြတယ်၊ မြန်မာတွေက မချမ်းသာကြဘူး။ မန္တလေးမြို့လယ်ခေါင်မှာက သူတို့တွေချည်းပဲ။ အိမ်ကောင်းနေရာကောင်း ဆိုရင် သူတို့ဟာတွေချည်းပဲ။ တရားမ၀င် နေထိုင်မှုတွေကို ဖော်ထုတ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ အသေးစိတ် စေ့စေ့စပ်စပ် ဖော်ထုတ် မယ်ဆိုရင်တော့ ဖော်ထုတ်လို့မြန်မှာပါ။ သေသေချာချာ လုပ်ဖို့လိုပါတယ်” ဟု ဒေါ်တင်တင်မာက ဆိုသည်။
မန္တလေးတွင်သာမက တနိုင်ငံလုံး အတိုင်းအတာဖြင့်လည်း တရားမ၀င် နိုင်ငံသားကတ် ရရှိထားမှုများ၊ တရားမ၀င် နေထိုင်မှုများ ကို စိစစ်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံခြားသားများကို တရားဝင် အမြဲတမ်း နေထိုင်ခွင့်ပေးမည့် PR စနစ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၏ အဆိုအရ သိရှိရသည်။
Posted on 6:16 PM
ဘူးသီးတောင် အကျဉ်းထောင်တွင် ဝန်ထမ်းများနှင့် အကျဉ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
|
ထောင်မှူး(ကြီးကြပ်ရေးမှူး) ဖြစ်သည့် ဦးမင်းလွင်ဦးသည် ဗမာတိုင်းရင်းသားဖြစ်ပြီး အကျဉ်းရှိဝန်ထမ်းများနှင့် အကျဉ်းသားများကို ရိုင်းစိုင်းစွာဆက်ဆံကာ အမျိုးသားရေခွဲခြားစေသည့် အပြုအမူများပြုလုပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအပြုအမူကို ပြုလုပ်နေကြောင်း သိရသည်။

" ဝန်းထမ်တွေကို မင်းရခိုင်တွေဗမာလူမျိုးရဲ့ ခြေဖဝါးအောက်မှာပဲရှိတယ်။ မင်းတို့ ကုလားသတ်လို့သေကြတော့မယ်။ နောက်ထပ် ကြမ်းတမ်းယုတ်မာသော စကားလုံးများနှင့် ဆဲဆိုကြိမ်းမောင်းတာတွေလည်း ရှိပါတယ်။ အကျဉ်းသားများတချို့ကိုလည်း သောက်ရေလုံလုံလောက်မပေးဘူး။ လက်ဆေးရေကိုပဲ အတင်းအဓမ္မ သောက်ခိုင်းပါတယ်။ ဦးမင်းလွင်ဦး လူမဆန်စွာရိုတ်နှက်တဲ့အတွက် အကျဉ်းသားတချို့ ဘူးသီးတောင်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသခံယူနေကြရပါတယ်။ " ဟု အဆိုပါသေခံက အာရ်ကန်တိုင်းမ်စ်ကို ပြောသည်။
လက်ဆေးရေ တိုက်ကျွေးခံရသော အကျဉ်းသားများမှာ အဆောင်(၄)မှ မောင်ထွန်းနိုင်၊ ထွန်းအောင်လှိုင်၊ နေလင်းထိုက်၊ မာမက်အာလောင်(ကုလား) ဆိုသူများဖြစ်ကြကြောင်း သိရသည်။
" ဒီလိုမျိုး အကျဉ်းသားတွေကို နှိပ်စက်နေတာဟာ ဘူးသီးတောင်တစ်ခုတည်းမှာ မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း ဒီလိုမျိုး အကြမ်းဖက် နိုပ်စက်နေတာဟာ ရှိနေတုန်းပါပဲ။ ထောင်အတွင်းမှာတောင်မဟုတ်ဘူး အပြင်မှာပါ အလုပ်ခိုင်းစေလေ့ရှိကြပါတယ်။ ထောင်အတွင်းမှာလည်း လူမဆန်စွာအလုပ်ခိုင်းကြတယ်။ အပြင်မှာလည်း အခအကြေးနဲ့ ခိုင်းစားကြပါတယ်။ ရလာတဲ့ အခအကြေးငွေကို ထောင်မှူးတွေ ယူထားကြတယ်။ အစိုးရက ချပေးထားတဲ့ ဘက်ဂျက်တွေကိုလည်း ကြားကနေပြီးတော့ စားထားကြတယ်။ အစားအသောက်မှာလည်းအဲလိုပဲ ကောင်းကောင်းမွန်မွန်မကျွေးဘူး။ သံချေးတက်နေတဲ့ စည်ပိုင်းတွေနဲ့ ချက်ကျွေးကြတယ်။ ဒီလိုကျွေးတော့ ကျန်းမာရေးအတွက် ထိခိုက်တာပေါ့။ စည်ပိုင်းတွေက မသန့်ရှင်းဘူး။ အကျဉ်းသားတွေ ဒါကြောင့် နေမကောင်းဖြစ်ကြတယ်။ ထောင်မှူးတွေက လူသားဆန်ဆန် မဆက်ဆံကြဘူး။ ထောင်တွင်းရှိတဲ့ ဝန်ထမ်းတွေကိုလည်း ဆက်ဆံတဲ့နေရာမှာ အမျိုးသားရေးခွဲခြားတာဟာ လုံးဝမဖြစ်သင့်တဲ့ အရာတစ်ခုပါ။ " ဟု ရခိုင့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုမင်းခန့်က ပြောသည်။
အဆိုပါကစ္စနှင့်ပါတ်သက်၍ ဘူးသီးတောင်ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းဖောက်ထုတ်ပါရန် အကျဉ်းသားများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။ ARAKAN TIMES
Posted on 5:59 PM
နိုင်ငံသားအဖြစ် အသိအမှတ်ပြုသော်လည်း နိုင်ငံတော် အလံကို အလေးပြုနိုင်မည် မဟုတ်
သတင်း — February 18, 2013 at 11:44 am

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က စစ်တွေမြို့မှာ ရခိုင်နဲ့ မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါက်တာ ကျော်ရင်လိုင်က “ နိုင်ငံသား အဖြစ် အသိအမှတ်ပြုရင် နိုင်ငံတော်အလံကို အလေးပြုနိုင်မှာလား” မေးတော့ မွတ်ဆလင် ခေါင်းဆောင်တချို့က “ အလေးပြုဖို့ မဖြစ်နိုင်ဘူး” လို့ ဖြေဆိုတယ်လို့ တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ ဦးသန်းထွန်းက ပြောပါတယ်။
ဦးသန်းထွန်းက ဒေါက်တာ ကျော်ရင်လိုင်နဲ့ ရခိုင်နဲ့ မွတ်ဆလင် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပုံ အသေးစိတ်ကို ခုလို ပြောပြပါတယ်။
“ တွေဆုံ ဆွေးနွေးပွဲ မဟုတ်ပါ။ နှစ်ဘက်စလုံးက လူတွေကို မေးခွန်းလေးတွေကို မေးတဲ့ အဆင့်ပါဘဲ။ သူက ဘာပြောလဲ ဆိုတော့။ အဲဒီ မွတ်ဆလင်တွေကို ဘာမေးလဲဆိုတော့ ခင်ဗျားတို့ဟာ လူမျိုးနာမည်ကို ဂရုမစိုက်ဘဲနဲ့ နိုင်ငံသား အဖြစ်ကို ရမယ်ဆိုရင် ယူမလား။ ဒါမှ မဟုတ်ဘူး၊ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုဘဲ လိုချင်သလား။ အဲဒီ မေးခွန်းနှစ်ခုကို ကျေးဇူးပြုပြီး ပြတ်ပြတ်သားသား ခဏ ဖြေပေးကြပါဆိုပြီး မေးတယ်။”
“ အဲဒီ တက်ရောက်လာတဲ့ မွတ်ဆလင် အုပ်စုကတော့ ၁၅ ယောက်လောက် ရှိတယ်။ အဲဒီအထဲမှာ သူတို့အချင်းချင်း သဘောထား ညီညွှတ်မူ မရှိကြဘူး။ အတော်များများကတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို အသုံးပြုချင်ကြတဲ့ အဖြေမျိုးကို ပေးကြတယ်။ နောက် တချို့ကျတော့လည်း သူတို့ဟာ မွေးရာပါ နိုင်ငံသား အဖြစ်ကို လိုချင်ကြတယ်လို့ ပြောဆိုတဲ့သူတွေလည်း ရှိတယ်။ အဲဒီမှာ ထူးထူးခြားခြား တစ်ယောက်က ပြောတာရှိတယ်။ ရိုဟင်ဂျာဆိုတာ အထက်က ပြောခိုင်းလို့ ပြောရတာပါလို့ ဖြေတာလည်း ရှိတယ်။”
“ ဒေါက်တာ ကျော်ရင်လိုင်က နောက်ထပ် မေးးခွန်း တစ်ခုမေးတယ်။ ခင်ဗျား တို့ဟာ အကယ်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံသားတွေ ဖြစ်လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံတော် အလံကို အလေးပြုနိုင်ပါမလားလို့ မေးတယ်။”
“ အဲဒါကို တက်ရောက်လာသူ အများစုက ဘာဖြေလဲ ဆိုတော့ သူတို့ဘာာသာရေး အရ နိုင်ငံတော် အလံကို အလေးပြုဖို့ မဖြစ်နိုင်ဘူးလို့ ဖြေတယ်။ အဲဒီမှာ ဗလီ ဆရာ တစ်ဦးလည်း ပါတယ်။ အဲဒီ ဗလီ ဆရာတစ်ယောက် အလေးပြုမယ် ဆိုရင် ဗမာတွေ အလေးပြုသလို မပြုနိုင်ဘူးလို့ ပြောတယ်။”
” အဲဒါက မွတ်ဆလင်ဘက်ကို အဓိက မေးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။”
“ အဲဒီနောက်မှာ ရခိုင်တွေဘက်ကို မေးတယ်။ ဘယ်လိုမေးလဲဆိုတော့ အကယ်၍ ဒီဥပဒေအရ နိုင်ငံသားဖြစ်လာမယ့် မွတ်ဆလင်တွေနဲ့ အတူ ယှဉ်တွဲနေထိုင်ဖို့ဆိုတာ ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းကို မေးတယ်။”
“ ရခိုင်တွေဘက်က ဘာပြောလဲဆိုတော့ ဒီမွတ်ဆလင်တွေဟာ အပြောအဆို အနေအထိုင် အကျင့် အကြံတွေကို မပြင်နိုင်သမျှ ကာလပတ်လုံး ရခိုင်တွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးဆိုတာ မဖြစ်နိုင်ဘူးလို့ ပြန်ဖြေကြပါတယ်။”
” ရခိုင်ဘက်ကတော့ ၁၁ ဦး၊ မွတ်ဆလင်ဘက်က ၁၅ ဦး တက်ရောက်ပြီး ဒေါက်တာ ကျော်ရင်လိုင်က တစ်ဦးတည်းဘဲ ဖြစ်တယ်″ လို့ ဦးသန်းထွန်းက ပြောပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် နိရဉ္စရာက ဒေါက်တာ ကျော်ရင်လိုင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရရှိခဲ့ပါ။ အမျိုးသမီး တစ်ဦးကတော့ ဒေါက်တာ ကျော်ရင်လိုင် အစည်းအဝေး ခန်းမထဲ ရောက်နေတဲ့ အတွက် နောက်မှ မေးပါ ဆိုပြီး ဖုံးချသွားခဲ့ပါတယ်။ NARINJARA
Posted on 5:52 PM
Subscribe to:
Posts (Atom)