Saturday, August 31, 2013

ကျွန်မမှာ ချစ်သူဝိုင်းဝိုင်းလည်

၁၉၉၉ ခုနှစ်တုန်းက ဆရာကြီး ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။ ကုလားတွေဟာ တရုတ်ကိုကြောက်တယ်တဲ့။ တရုတ်တွေကတော့ ဂျပန်ကိုကြောက်ပါတယ်တဲ့။ ဘာလို့လဲဆရာလို့ မေးတော့ ကုလားတွေ ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေး သိမ်းသွားတာပဲတဲ့။ အဲဒီလိုပဲ ဂျပန်ဝင်လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ ဦးဏှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန် ပီပီ ဖြေပါတယ်။ Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး အသေးနဲ့ ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။ အခုတော့လဲ သိနေပြီမို့ မလိုတော့ပါဘူး။ ဥရောပသားတွေရဲ့ အပြောတစ်ခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တစ်ဆက်စာပဲ စဉ်းစားတာ၊ ဂျပန်တွေကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး နံပါတ် ၃ နေရာကို မျိုးဆက်တစ်ခုအတွင်းမှာ ရသွားတာပေါ့တဲ့။ ရှာမှရှားတဲ့ စူပါဘရိန်း လီကွမ်ယုကလည်း ကုမ္ပဏီတစ်ခုတည်းအောက်က စက်ရုံနှစ်ရုံမှာတောင် ဂျပန်မန်နေဂျာရှိတဲ့ စက်ရုံက ထုတ်လုပ်မှုသာတဲ့အကြောင်း ရေးထားသေးတယ်။ ဂျပန်မန်နေဂျာတွေက အောက်သက်ကြေပြီး စက်ဆီပေမှာ မကြောက်ပဲ အလုပ်သမားတွေနဲ့အတူဝင်လုပ်နိုင် လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်လို့တဲ့။ မရိုးနိုင်တဲ့ ဗမာဆုံးမစကားတစ်ခွန်းလဲ ရှိပါသေးတယ်။ တရုတ်လိုရှာ ကုလားလိုစု ဗမာလို မဖြုန်းနဲ့တဲ့။ တရုတ်ရယ်၊ ဗမာရယ်၊ ကုလားရယ်၊ စင်္ကာပူရယ်၊ ဂျပန်ရယ်၊ဥရောပသားရယ် ကိုများ နံပါတ်စီလိုက်ကြမယ်ဆိုရင် -------။ ဒါကြောင့်ပြောတာပေါ့။ သိပြီးသားမို့ ခေါင်းကို စမ်းစရာ မလိုတော့ပါဘူးလို့။ ကြားဖူးနားဝကို လက်တွေ့သိရတဲ့အချိန်ကျတော့ သူတို့ပြောတာ အပိုမဟုတ်ဘူးဆိုတာ မြင်လာပါတယ်။ ဆင်တစ်ကောင်လုံးတွေ့လို့ ဆင်ခြေရာခံမိတာပေါ့လေ။ JICA ဆိုတာ အရင်က NGO အဖွဲ့အစည်းတခုလို့ပဲ နားလည်ခဲ့တာ။ ဂျပန်ဆေးရုံသစ်ကြီးဆောက်ပေးတဲ့အဖွဲ့ပေါ့။ သူတို့ပေးခဲ့တဲ့ ရေခဲသေတ္တာတွေ နောက်တစ်နှစ်လာစစ်တော့ ဆေးရုံထဲမှာမရှိဘဲ ဆေးရုံလူကြီးအိမ်ရောက်နေတဲ့အကြောင်း၊ သူတို့ပေးခဲ့တဲ့ ကုတင်ပေါ်မှာ ပျော်ပျော်ပါးပါးအိပ်ရင်းနဲ့ အလုပ်သင် ညဂျုတီအတူဆင်းခဲ့တဲ့ သူငယ်ချင်းတွေတောင် လွမ်းမိပါသေး။ နောက်တစ်ခါ ကြားရပြန်တာက JICA က ကုသိုလ်ဖြစ်ဆေးခန်းတွေကို ဆေးလှူမှာတဲ့။ သာဓုပါရှင်။ ဟိုတစ်နေ့ကမှ သိတယ်။ ၁၅ နှစ်လုံးလုံး JICA တကယ်လုပ်နေတဲ့အလုပ်က တစ်နေ့မှာ ဖွံ့ဖြိုးလာမယ့်မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံနိုင်မယ့် နေရာတွေ၊ သတင်းတွေ၊ စီးပွားကွက်တွေနဲ့ စီးပွားဖက်တွေကို ရှာဖွေစုဆောင်းထားဖို့တဲ့။ မြတ်စွာဘုရား။ တို့များမြန်မာပြည်ကို ဖွံ့ဖြိုးဖို့ မျှော်လင့်နေတာ တို့တွေချည်းပဲမှတ်နေတာ။ အင်းလေ --နံပါတ်စဉ်ထဲမှာ ဘိတ်ချီးဆိုတော့လဲ ထိပ်ဆုံးကလူ ဘာလုပ်လဲ မသိနိုင်တာ မထူးဆန်းပါ။ သွားရင်းလာရင်းနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဂျပန်ဘဏ်ခွဲတစ်ခု ဖွင့်လှစ်တာကို သတိထားမိပါတယ်။ သတင်းစာထဲမှာလည်း ဆီဒိုးနားဟိုတယ်မှာ ဂျပန်စီးပွားရေးရုးံခွဲတစ်ခု ဖွင့်လှစ်ကြောင်းနဲ့ အကူအညီ အကြံဥာဏ်လိုအပ်တဲ့ ဂျပန်စီးပွားရေးသမားများကို ကူညီမယ့်အပြင် ရုံးခန်းတစ်လခွဲဖွင့်ခွင့်ကိုတောင် အလကားပေးဦးမယ်တဲ့။ သံလျင်တံတားအဆင်းက Star City စီမံကိန်းနေရာကို လွန်ခဲ့တဲ့လက မိတ်ဆွေတစ်ယောက်နဲ့ ရောက်သွားပါတယ်။ တကယ်ဆောက်နေတဲ့ ကွန်ဒို အဆောက်အဦးက ၂ ခုထဲပဲရှိသေးတာပါ။ အရောင်းပြခန်းကတော့ န၀ဒေးအိမ်ယာ ပြခန်းထက်တောင် အပုံကြီးသာပါတယ်။ အခန်းတွေ နမူနာဖွဲ့ပြထားပြီး ထိုင်းဒီဇိုင်နာက ဆင်ပေးထားတော့ မြင်တာနဲ့တင် လိုချင်စရာ။ အရစ်ကျ ငွေချေစနစ်ကို အုံနဲ့ကျင်းနဲ့ ၀ိုင်းဝယ်နေတဲ့လူတွေကတော့ ဂျပန်တွေပါ။ ကျွန်မတို့လို မြန်မာတွေကတော့ သွားရေကျရုံထက် မပိုပါဘူး။ ဘယ့်နှယ် ဒီလောက်ကျဉ်းတဲ့ စတုရန်း ပေ ၉၀၀ အခန်းလေးကို သိန်း ၈၀၀ တဲ့။ ရန်ကုန်မြို့ထဲကအခန်းတွေ ဈေးထက်များနေပြီ။ ပတ်ဝန်းကျင်လမ်းတွေ ရေကန်တွေ ပန်းခြံတွေကတော့ အပြတ်အသတ်သာတာပေါ့လေ။ ဟိုဘက်က သီလ၀ါစီမံကိန်းကို ၁၅ မိနစ်လောက်သာ သွားရတော့မှာမို့ အလုပ်လာလုပ်ကြမယ့် ဂျပန်များနေဖို့ ရည်ရွယ်ဆောက်လုပ်ပါတယ်တဲ့။ ဆောက်လုပ်ရေးက တာဝန်ခံမန်နေဂျာက စင်္ကာပူလူမျိုးပါ။ လိုချင်လှချည် တကဲကဲဖြစ်နေတဲ့ မေမေ့ကို အဝေးကြီးပါမေမေရယ်၊ နေနိုင်မှာမဟုတ်ပါဘူးလို့ ညာတာပါတေးချော့ခေါ်လာခဲ့တယ်။ အဲဒီအထိလဲ လောကကြီးဘာဖြစ်နေမှန်း မသိသေးပါဘူး။ ပန်တင်းခေါင်းလျှော်ရည် ကြော်ငြာလိုပဲပြောရတော့မယ်။ ခုတော့ ကျွန်မသိပြီ။ ကိုကို ဂျပန်များသာ အလည်ဆုံး အတော်ဆုံးဆိုတာ။ အခုဘာသာပြန်မယ့် ဆောင်းပါးကို ဖတ်မိသွားတာမို့ပါ။ သမ္မတဦးသိန်းစိန်က လက်ယပ်ခေါ်ပြီး ၀ါတာနာဘဲစံ မင်းကိုပေးစရာတခုရှိသတဲ့။ ဒီတစ်ကွက်ထဲနဲ့တင် ၁၅ နှစ်ရင်းနှီးခဲ့ရသမျှ တန်ပါပေ့လို့ ဆိုရမှာပါပဲ။ အကြွေးတွေမဆပ်နဲ့တော့လို့ ပြုံးပြုံးကလေးပြောသွားတာအပြင် နောက်ထပ်လည်း ထပ်ချေးဦးမှာတဲ့။ ဟုတ်ကဲ့ ကျေးဇူးကြီးလှပါပေရဲ့ရှင်။ အပေါ်မှာ နိဒါန်းချီထားသမျှ မှန်၊ မမှန်ဆောင်းပါးလေးဖတ်ပြီး ဝေဖန်ကြည့်ကြပါဦး။ ( Reuters (အမေရိကန်သတင်းဌာန) မှာ ၂.၁၀.၁၂ နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် အန်တိုနီ စလိုကော့စကီးရဲ့ လက်ရာဖြစ်ပါတယ်။) ဂျပန်များ၏ မြန်မာပြည်သို့ တိတ်တဆိတ် ချီတက်ခြင်း =========================== ဂျပန်များဟာ မြန်မာပြည်ကို အားဖြည့်နေပါပြီ။ မာရသွန်ပြေးပွဲဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလရဲ့ ညတစ်ညမှာ အစပြုခဲ့တာပါ။ မြန်မာသမ္မတသစ်က ညစာစားပွဲအပြီးမှာ မြေပုံကြီးဖြန့်ခင်းပြီး အသက်ကြီးကြီးဂျပန်လူမျိုး အာဏာပွဲစားကို ဆုတစ်ခုချလိုက်လို့ပါ။ ဒီဆုဟာ မာကူးမြို့( မက်ကာအိုမြို့) လောက်ကြီးတဲ့ မြို့တော်တခုတည်ဆောက်နိုင်ခွင့်ပါပဲ။ အသက်၆၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ မြန်မာအရပ်သားအစိုးရရဲ့ သမ္မဖြစ်တာ ၆ လပဲရှိပါသေးတယ်။ သမ္မတဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွဲခဲ့ပြီး အာဏာရှင်စနစ်အောက်မှာ နှစ်၅၀ကြာခဲ့တဲ့ မြန်မာ့စီးပွားရေးကို လမ်းပြန်ဖွင့်ပေးမှုတွေအတွက် အားပေးခံရသလို သတိကြီးကြီးနဲ့စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။ အခုတော့ သမ္မတဟာ အာရှတိုက်ရဲ့ ဒုတိယအဆင်းရဲဆုံးနိုင်ငံအတွက် ရင်းနှီးမြှပ်နှံသူတွေကို ရှာဖွေနေပါတယ်။ နေပြည်တော်မှာ တရုတ်ပုံစံ ညစာစားပွဲအပြီးမှာ ဦးသိန်းစိန်ဟာ မြန်မာပြည်အရေးစိတ်ဝင်စားသူ ဂျပန်နိုင်ငံရေးသမား ဟီဒဲအို ၀ါတာနာဘဲ (၇၈ နှစ် ) ဘက်ကိုလှည့်လိုက်ပါတယ်။ သမ္မတသစ်ဟာ ရန်ကုန်မြို့အနီးမှာရှိပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့ သီလ၀ါဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံတည်ဆောက်ဖို့ အပေးအယူတစ်ခုလုပ်ခဲ့ပါတယ်။ အကြွေးတွေ ချေးငွေတွေ နဲ့ လဲလှယ်ဖို့ပါပဲ။ ကျွန်တော် တစ်ခုခုတော့ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆုဟိရို နာကာဆိုနဲရဲ့ အနီးကပ်ဖြစ်ခဲ့သ၊ူ ယခင် ဂျပန်အစိုးရ၀န်ကြီးဟောင်း ၀ါတာနာဘဲက ပြန်ပြောပြခဲ့ပါတယ်။ ၀ါတာနာဘဲဟာ စကားတည်သူပါ။ တစ်နှစ်မပြည့်ခင်မှာတင် မြန်မြန်ဆန်ဆန်ပဲ ဂျပန်က အကြွေးတွေကိုလျော်ပစ်ပြီး အနည်းဆုံး ၁၈ ဘီလီယံဒေါ်လာအကူအညီပေးဖို့ သဘောတူခဲ့ပါတယ်။ ရွှေရောင်ဝင်းတဲ့ မြန်နှုန်းမြင့် ချစ်ကြည်ရေး ====================== ဒါအပြင် ဂျပန်ဟာ ၃.၂ ဘီလီယံဒေါ်လာကို မြန်မာနိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး အရှေ့တောင်အာရှရဲ့ အကြီးဆုံးစက်မှုဇုံဖြစ်လာမယ့် ထားဝယ်ဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့ ရင်းနှီးမြှပ်နှံမယ်လို့လည်း သတင်းရရှိပါတယ်။ ဒီသဘောတူညီမှုတွေဟာ တစ်ညတာအတွင်းမှာတင် ဖြစ်ပေါ်ခဲ့တာပါ။ သီလ၀ါစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းမှာတင် အကြွေးလျော်တာတွေနဲ့ ထပ်ချေးတာတွေဟာ ၅ ဘီလီယံဒေါ်လာထိအောင် ရှိတာမို့ ၂၀၁၁ -၂၀၁၂ မှာ အမေရိကန်တွေပေးတဲ့ ဒေါ်လာ ၇၆ သန်းနဲ့ အီးယူအဖွဲ့က ၂ နှစ်အတွင်းပေးမယ်ပြောထားတဲ့ ဒေါ်လာသန်း ၂၀၀ ကို သိမ်နုတ်စေပါတယ်။ ဂျပန်အစိုးရနဲ့ စီးပွားရေးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံနဲ့ သတိကြီးကြီးဆက်ဆံနေရာကနေ ဘယ်လိုများတနှစ်အတွင်းမှာ ရွှေရောင်ချစ်ကြည်ရေးအဆင့်ကို တက်သွားရတာလဲလို့ သိရအောင် သတင်းဌာနအနေနဲ့ အာဏာပိုင်တွေ၊ အုပ်ချုပ်သူတွေ၊ နိုင်ငံရေးသမားတွေ အယောက် ၅၀ လောက်ကို လိုက်လံမေးမြန်းကြည့်ပါတယ်။ သူတို့ပြောပြတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ်အတွက် သက်တမ်းနုလှတဲ့ လွှတ်တော်ထဲမှာ ငြင်းခုန်နေဆဲအဆင့်မှာတောင်သေးငယ်ကျစ်လျစ်ပြီး အဆက်အသွယ်ကောင်းလှတဲ့ ဂျပန်အဖွဲ့ဟာ တိုကျိုအုပ်ချုပ်ရေးပိုင်းနဲ့ ကူညီပံ့ပိုးရေးအဖွဲ့တွေကို ဆုံးဖြတ်ချက်တွေ မြန်မြန်ချနိုင်အောင် တိုက်တွန်းနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါဟာအာရှရဲ့နောက်ဆုံးနဲ့ အရေးအပါဆုံးဈေးကွက်ကို လွှမ်းမိုးလိုက်တာပါပဲ။ ဂျပန်များကတော့ မြန်မာခေါင်းဆောင်များဟာ တရုတ်ပြည်ရဲ့ မဆုံးတမ်းလွှမ်းမိုးမှုက လွတ်မြောက်အောင်ကူညီမယ့်သူများကို ရှာဖွေနေတယ်လို့ ပြောကြပါတယ်။ ဂျပန်ရဲ့တွန်းအားဟာ မြန်မာပြည်အပေါ် အမေရိကန်နဲ့ အီးယူအဖွဲ့တို့ထက် တစ်လှမ်းသာနေပါတယ်။ အမေရိကန်နဲ့ အီးယူအဖွဲ့တွေက ၁၉၉၀မှာ ချမှတ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးဖို့ တွန့်ဆုတ်နေကြတာမို့ပါ။ ဒီအတွက်ဖြစ်လာနိုင်တဲ့ ရလာဒ်ကတော့ ဂျပန်များရဲ့ ကုန်သွယ်ရေးရုံးခန်းတွေ၊ ဘဏ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရှိန်ထိုးခုန်တက်သွားစေတာပါ။ အမေရိကန်တွေက ကျွန်တော်တို့ကိုညှာတာပြီး မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့မှု လုပ်ပေးခဲ့တဲ့အတွက် ကံကောင်းသွားတာပါ။ ဒါကြောင့်လည်း အနောက်နိုင်ငံစီးပွားရေးလုပ်ငန်းများဟာ မြန်မာပြည်ထဲမှာ လုံးဝကို ရှိမနေခဲ့ဘူးလေ လို့ ဒါဝီသုတေသနဌာနရဲ့ မန်နေဂျာ ဂျပန်လူမျိုး ရှီငဲတို အီနမိက ပြောပါတယ်။ ဒီဥာဏ်ကြီးရှင်များအဖွဲ့ဟာ မြန်မာပြည်ရဲ့ သေးငယ်လှတဲ့ စတော့ရှယ်ယာဈေးကွက်ကို ၂၀၁၅ မှာ အကြီးအကျယ်ပြောင်းပစ်ဖို့ စီစဉ်နေပါတယ်။ အမေရိကန်နဲ့ အီးယူ သံတမာန်များကတော့ ဂျပန်က အခွင့်ကောင်းရသွားတယ်လို့ မမြင်ပါဘူးတဲ့။ ၀ါရှင်တန်က တိုကျိုအပါအ၀င် အားလုံးကို မြန်မာပြည်ကို ပြန်လည်ဝင်ရောက်ပြီး စီးပွားရေးမှာကူညီဖို့၊ မြန်မာအစိုးရရဲ့ ပြုပြင်ရေးသမားတွေကို ထောက်ပံ့ဖို့ တိုက်တွန်းနေခဲ့တာပါလို့ အမေရိကန်အစိုးရရဲ့ အကြီးတန်းတာဝန်ခံတဦးက ပြောပြပါတယ်။ လက်တစ်ဆုပ်စာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဂျီအီးနဲ့ ကိုကာကိုလာ ကုမ္ပဏီတွေကတော့ ပြန်ဝင်လာပါပြီ။ သီလ၀ါမှာဆိုရင် အနောက်နိုင်ငံလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများဖြစ်တဲ့ ဂျီအီးနဲ့ စီမန်း တို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ ဘက်ခ်ျတယ်နှင့် ဘယ်လ်ဖိုး ဘက်တီ တို့ဟာ ဂျပန်များထံက ကန်ထရိုက်လုပ်ငန်းကို ခွဲဝေရရှိကြပါတယ်လို့ စီးပွားရေးဆိုင်ရာလေ့လာသူများက ပြောပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အများအပြားဟာ ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာရှိနှင့်နေကြတာမို့ ကျွန်တော်တို့ အတော်ကို နောက်ကျနေပါပြီလို့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဦးဆောင်ညွှန်ကြားရေးမှုး ဂျွန် ဂိုယာကပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာများက အမေရိကန်ကုမ္ပဏီများကို အလွန်လိုလားတယ်ဆိုတာကတော့ သိသာပါတယ် တဲ့။ မြန်မာပြည်အား ဈေးကွက်တင်ခြင်း ဂျပန်များရဲ့ အလျင်စလို နိုင်မှုဟာ စွန့်စားမှုတွေများလှပါတယ်။ အမေရိကန်မှာ နာမည်ပျက်စာရင်းဝင်နေတဲ့ လက်ဝါးကြီးအုပ်စီးပွားရေးသမားနဲ့ အတူတွဲလုပ်ကိုင်ခြင်းဖြင့် ဂျပန်ကုမ္ပဏီများရဲ့ နာမည်ကောင်းကို ထိခိုက်နိုင်စရာအကြောင်းရှိပါတယ်။ ဂျပန်များရဲ့ ဧက ၅၉၃၀ အကျယ်အ၀န်းရှိတဲ့ သီလ၀ါအထူးစီးပွားရေးဇုံ တည်ဆောက်ရေးဟာ ပတ်ဝန်းကျင်မြေများမှာ အငြင်းပွားနေဆဲ ပိုင်ဆိုင်မှုပြသနာများကို မဖြေရှင်းရသေးခင်မှာ သဘောတူခဲ့ကြတာပါ။ အခုထိ သီလ၀ါမှာ ကွင်းပြင်ဟောင်းလောင်းကြီးဖြစ်နေပါသေးတယ်။ စပါးစိုက်ပျိုးတဲ့လယ်မြေတွေကို စက်ရုံတွေဆောက်ကြမှာပါ။ အလုပ်သမားများဟာ ရွှံ့မြေတွေကို ခြင်းနဲ့သယ်ကြပြီး ကားကြီးတွေနဲ့ ကျောက်ခဲတွေကို လမ်းဆိုးပေါ်ပုံချတုန်းပဲရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ အခွင့်အလမ်းမျှော်လင့်ချက်တွေ ပြည့်လျှမ်းနေတဲ့ အယ်ဒိုရာဒို နယ်မြေသစ်မှ ကြိုဆိုပါတယ်လို့ ယခင်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်ပြီး ယခုအခါမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေကို မြန်မာ့ဝန်ကြီးဌာနများနဲ့ ဆက်သွယ်ပေးနေသူက အစိမ်းရောင်လွင်ပြင်ထဲကားဖြတ်မောင်းရင်းနဲ့ ပြောပါတယ်။ ဂျပန်အမှုဆောင်အရာရှိများဟာ စွန့်စားခန်းတွေက များနေမှန်းသိကြပါတယ်။ အပေါ်ပိုင်းမှာ ပိုတောင်များပါသေးတယ်တဲ့။ အခုနေ ပြသနာစာရင်းကိုသာ ချရေးကြည့်မယ်ဆိုရင် စာကြောင်းရေ ၅၀-၆၀ လောက်ထွက်လာမှာပါ လို့ မာရူဘဲနိ ကော်ပိုရေးရှင်းရဲ့ အာရှနှင့် သမုဒ္ဒရာ စီမံကိန်းမန်နေဂျာ ယာဆုဟိရို မိုရိမိုတို ကပြောပါတယ်။ ဒါတောင်မှ သူကထပ်ပြောပါသေးတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးအမြတ်တွေက ကုန်သွယ်မှုကို ပျက်စီးနိုင်ခြေတွေထက် များပါတယ်တဲ့။ မြန်မာနိုင်ငံဟာ ဆုလာဒ်တခုလို့ မြင်ထားကြတာ ကြာပါပြီ။ မြေဧရိယာအားဖြင့် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံပေါင်းထားသလောက် ကျယ်ပြောပါတယ်။ နယ်စပ်ခြင်းထိစပ်နေတာကလဲ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာနှုန်းဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်း နိုင်ငံတွေနဲ့ပါ။ အိန္ဒိယသမုဒ္ဒရာနှင့် အက်ဒမန်ပင်လယ်ထဲကို သွားနိုင်မယ့် ဆိပ်ကမ်းတွေကလည်း ကမ္ဘာ့အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းဖြစ်တဲ့ မလ္လကာရေလက်ကြားရဲ့ မြောက်ဘက်လေးတင်ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာပြည်ရဲ့ အဓိက ထောက်ပံ့သူဖြစ်နေတုန်းပါပဲ။ ၂၀၁၁ ခုနှစ် မတ်လစာရင်းများအရ စွမ်းအင်ဆိုင်ရာရင်းနှီးမြှပ်နှံမှုတွေအပါအ၀င် တရုတ်နိုင်ငံက ၁၄ ဘီလီယံဒေါ်လာကျော်ဟာ မြန်မာနိုင်ငံမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမှုများရဲ့ ၇၀% ရှိပါတယ်။ ဂျပန်နိုင်ငံကတော့ ၁၉၈၈-၂၀၁၁ အတွင်းမှာ ဒေါ်လာ၂၁၂ သန်းသာ မြှပ်နှံခဲ့ပါတယ်။ အခုတော့ ဂျပန်များ ရှပ်အင်္ကျီလက်ပင့်တင်လို့ ဟန်ပြင်နေကြပါပြီ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ကိုလိုနီဖြစ်ခဲ့တာတောင်မှ ယနေ့ ဂျပန် မြန်မာဆက်ဆံရေးဟာ မယုံနိုင်စရာ နွေးထွေးလွန်းလှပါတယ်။ ကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံကို စစ်လျော်ကြေးတောင်းတဲ့နေရာမှာ မြန်မာနိုင်ငံဟာ ပထမဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်းတို့ဟာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များ ဖြစ်ခဲ့ပြီး အင်္ဂလိပ်ကို ဆန့်ကျင်ဖို့ ဂျပန်နိုင်ငံမှာ သင်တန်းတက်ခဲ့ကြပါတယ်။ မြန်မာတွေဟာ ဂျပန်နဲ့ဖြစ်ခဲ့တဲ့အတိတ်ဆိုးတွေကို ချန်ထားခဲ့ပြီး ဂျပန်ကွန်ဆာဗေးတစ်နိုင်ငံရေးသမားများကို ဖက်လှဲတကင်း ကြိုဆိုနေကြပါတယ်။ အနောက်နိုင်ငံများလိုမဟုတ်ပဲ ဂျပန်ဟာ ဘယ်တုန်းကမှ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေကို ပိတ်ဆို့မှု မလုပ်ခဲ့ပါဘူး။ ဒါကြောင့်မို့လဲ ဂျပန်ကော်ပိုရေးရှင်းများဟာ မြန်မာပြည်ထဲမှာ ထင်ထင်ရှားရှားရှိနေခဲ့ပါတယ်။ ဘဏ်ကြီးတွေဖြစ်တဲ့ မီဆုဘီရှီ UFJ၊ Sumitomo Mitsui Financial and Mizuho Financial Group ရဲ့ရုံးခွဲတွေဟာ ဆုံချက်ကြီးတွေအဖြစ် ရန်ကုန်စီးပွားရေးနယ်မြေထဲမှာ ရှိနေခဲ့ပါတယ်။ ခိုင်မာတဲ့ ဂျပန်မြန်မာ ဆက်ဆံရေးကို ငွေပြန်ဖော်ဖို့ အချိန်ရောက်ပြီလို့ ထိပ်ပိုင်းဘဏ်အရာရှိက ပြောပါတယ်။ တိုကျိုရဲ့ တာဝန်ခံ ============ တိုကျိုတာဝန်ခံ ၀ါတာနာဘဲဟာ သြဇာရှိအပေါင်းအသင်းများနှင့် နိုင်ငံရေးသြဇာထူထောင်ရာမှာ အစွမ်းထက်ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးဟာ သူ့အတွက် ဒုတိယမြောက် မှတ်တိုင်ပါ။ စစ်ပြီးစက ၀ါတာနာဘဲဟာ ၁၁ နှစ်သားပဲ ရှိပါသေးတယ်။ သူ့အကိုကြီးတစ်ယောက်ကတော့ ကာမီကာဇေ လေသူရဲကောင်းဖြစ်ခဲ့ပြိး အိုကီနာဝါကျွန်းတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ ဒီအကြောင်းကို သူက မိန့်ခွန်းထဲမှာ တစ်ခါတစ်လေ ထည့်ပြောတတ်ပါတယ်။ သူဟာ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဝါရင့်ကြီးဖြစ်ပြီး ၁၉၉၀ ခုနှစ်များမှာ ဂျပန်နိုင်ငံဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ ပထမဆုံးပတ်သက်ခဲ့တာကတော့ ၁၉၈၇ ခုနှစ်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်များကို တိုကျိုမှာ ဧည့်ခံခဲ့ရစဉ်ကပါ။ စစ်ဗိုလ်ချုပ်များက ကျောင်းသားများရဲ့ ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားခဲ့ပေမယ့် ၂ နှစ် အတွင်းမှာပဲ နာကာဆိုနဲဟာ ၀ါတာနာဘဲကို မြန်မာပြည်နဲ့ တရားဝင်မဟုတ်သော ဆက်ဆံရေးများထူထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ၀ါတာနာဘဲရဲ့ အာဏာရှင်များကို ထောက်ခံမှုဟာ ဘယ်တုန်းကမှ တွေဝေယိမ်းယိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာပြည်မှာတရားဥပဒေကိုထိန်းသိမ်းဖို့ စစ်အာဏာရှင်စနစ်ကလွဲပြီး တခြားရွေးစရာမရှိခဲ့ပါဘူး လို့ ရင်းနှီးမြှပ်နှံမှုများရရှိဖို့ သူကိုယ်တိုင်ထူထောင်ခဲ့တဲ့ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့အစည်းရဲ့ website မှာ ရေးသားထားပါတယ်။ သူဟာ သမ္မတ ဦးသိန်းစိန်ကို ၁၉၉၆ ခုနှစ်က ရှမ်းပြည်နယ်ကို ဆေးရုံသုံးပစ္စည်းများပေးပို့တဲ့ လမ်းခရီးမှာ နယ်မြေခံ တပ်ရင်းမှူးအနေနဲ့ တွေ့ခဲ့ပါတယ်။ ဒီနောက်မှာ ဗိုလ်ချုပ်က သူ့ကို ဂေါက်ရိုက်ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီတစ်ချိန်ပဲ ပျော်စရာရှိခဲ့တာပါလို့ ၀ါတာနာဘဲက တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ဦးသိန်းစိန်ဟာ ဂေါက်သီးရိုက်တော်ပါတယ်။ စစ်ဝတ်စုံနဲ့ဆိုရင် ဦးသိန်းစိန်ဟာ တကယ်ကြည့်ကောင်းပါတယ် တဲ့။ ဒါဟာ လယ်သမားမိသားစုမှာ မွေးဖွားခဲ့ပြီး နှစ် ၄၀ လောက်စစ်မှုထမ်းခဲ့တဲ့ ဦးသိန်းစိန်အတွက် ပုံမှန်မှတ်ချက်တော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်ဟာ ၂၀၀၇ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ စာဂျပိုးပုံပေါက်နေတဲ့ ဗိုလ်ချုပ်ဟာ စစ်တပ်က အစိုးရထဲမှာ နေရာရဖို့ အာမခံခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ပထမဆုံးအရပ်သား သမ္မတဖြစ်လာခဲ့ပါတယ်။ သံတမာန်ဆက်ဆံရေး ပျက်ပြားမှု ================== ၀ါတာနာဘဲရဲ့ စိတ်ကြိုက်ဆက်ဆံမှုတွေဟာ တစ်ခါတစ်လေမှာ ဂျပန်နိုင်ငံခြားရေးဌာနကို ကမောက်ကမ ဖြစ်စေတတ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂမ်းဘဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ညစာဖိတ်ကျွေးခဲ့ပါတယ်။ ဒါဟာ ၁၆ နှစ်အတွင်းမှာ ပထမဆုံးအဖြစ် နှစ်နိုင်ငံထိပ်ပိုင်း သံအရာရှိများတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဂမ်းဘက မြန်မာပြည်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် ဂျပန်က ရင်းနှီးမြှပ်နှံမှုအသစ်တွေလုပ်ပါမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီညမှာပဲ နေပြည်တော်မှာ ၀ါတာနာဘဲကို သမ္မတဦးသိန်းစိန်က မြေပုံထုတ်ပြခဲ့တာပါ။ ဒါပေမယ့် ၀ါရင့် အာဏာပွဲစားကြီးကတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုံးဝကွဲပြားတဲ့ တုန့်ပြန်မှုကို ပေးခဲ့ပါတယ်။ သမ္မတသစ်က ၀ါတာနာဘဲကို ထိုင်းတွေ မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ ထားဝယ်မှာ စီးပွားရေးဇုံဆောက်ဖို့ ပြောခဲ့ပါတယ်။ဦးသိန်းစိန်ဟာ တရုတ်ပြည်က ထောက်ပံ့ပေးနေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုလည်း ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ရပ်ဆိုင်းပေးခဲ့ပါတယ်။ ဒါကလည်း ဂျပန်တွေအတွက် တံခါးပွင့်သလိုဖြစ်စေပါတယ်။ ဦးသိန်းစိန်က ၀ါတာနာဘဲစံ - မင်းကိုပေးစရာတခုရှိတယ် လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ အတွင်းရေးမှုးကို စာရွက်စာတမ်းတွေယူလာဖို့ ပြောလိုက်ပါတယ်။ ဒါဟာ သီလ၀ါစီမံကိန်း ဘယ်လိုဖြစ်လာသလဲဆိုတာပါပဲလို့ ၀ါတာနာဘဲက ပြန်ပြောပြပါတယ်။ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးနဲ့ နေပြည်တော်သမ္မတရုံးကတော့ ဦးသိန်းစိန်ဟာ ၀ါတာနာဘဲနဲ့တွေ့ဆုံခဲ့ခြင်းအပေါ် နှုတ်ဆိတ်နေပါတယ်။ ၂၀၁၁ အောက်တိုဘာမှာ တိုကျိုကို အစည်းအဝေးတက်ဖို့ ပြန်လာတဲ့ဝါတာနာဘဲက နိုင်ငံခြားရေးဝန်ကြီး ဂမ်းဘနဲ့ အဆက်အသွယ်ရှိပါတယ်တဲ့။ ကျွန်တော်က ဂမ်းဘကို နှစ်မကုန်ခင် မြန်မာပြည်ကို သွားရောက်ပြီး သီလ၀ါစီမံကိန်းကို လုပ်ဖို့နီးစပ်နေကြောင်း ပြပါလို့ ပြောလိုက်ပါတယ်။ သူဒီလိုမလုပ်ခဲ့ဘူးဆိုရင် ဒါဟာ နှစ်ဘက်အစိုးရပိုင်းရဲ့ တရားဝင်စီမံကိန်းဘယ်ဟုတ်ပါ့မလဲ တဲ့။ ဂမ်းဘကို ဖိအားပေးဖို့အတွက် ၀ါတာနာဘဲဟာ ကုန်သွယ်ရေးဝန်ကြီး ယူကီအို အဒါနို နဲ့ ဒီမိုကရက်ပါတီမှာ သြဇာရှိတဲ့နိုင်ငံရေးသမား ယိုရှီတို စန်ဂိုကုတို့ကိုလည်း မြန်မာနိုင်ငံကို မြန်နိုင်သမျှ မြန်မြန်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနကိုသွားပြီးတော့ အဒါနိုက မြန်မာပြည်ကို သွားရောက်ဖို့ ကတိပေးလိုက်ပြီလို့ ပြောလိုက်ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးထက်အရင်ရောက်သွားတယ်ဆိုရင် ဂမ်းဘက မျက်နှာပျက်ရပါတော့မယ်။ ဒါကြောင့်လည်း ဒီဇင်ဘာလထဲမှာ မြန်မာပြည်ကို သူရောက်သွားတာပေါ့တဲ့။ အကြွေးများ လျှော်ပစ်ခြင်း ============== မတ်လထဲမှာ ၀ါတာနာဘဲဟာ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ နာကာဆိုနဲနဲ့ တရုတ်ပြည်ကို ဖိအားပေးရာမှာ နာမည်ကြီးခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တာရို အစို တို့ဖြစ်ကြပါတယ်။ ဒီအဖွဲ့မှာ အငြိမ်းစား အစိုးရအဖွဲ့ဝင်များနဲ့ ကုန်သွယ်ရေးလုပ်ငန်းကြီးများဖြစ်တဲ့ မာရူဘဲနိ နဲ့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတွေက အုပ်ချုပ်သူများပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ အထောက်အပံ့တွေပေးအပ်ရာမှာ ထိထိရောက်ရောက်ပုံဖော်နိုင်အောင် တစ်နွေလုံးလုပ်ဆောင်ခဲ့ကြပါတယ်။ ၀ါတာနာဘဲက အကြွေးတွေလျှော်ပစ်ဖို့ကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန အဆက်အသွယ်တွေကို သုံးပြီးလုပ်ပေးခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့ - နေပြည်တော် ညစာစားပွဲအပြီး ၆ လ အကြာမှာ ဘဏ္ဍာရေးဝန်ကြီးဌာနက အကြွေးတွေရဲ့ ၆၀%ကို လျှော်ပေးခဲ့ပါတယ်။ ၀ါတာနာဘဲက သူ့အနေနဲ့ အကုန်လုံးတောင် လျှော်ပစ်ဖို့တိုက်တွန်းခဲ့တာပါတဲ့။ ဒါပေမယ့် ပဲရစ်အဖွဲ့ဝင် အကြွေးရှင်နိုင်ငံများက တင်းခံနေခဲ့လို့ပါ တဲ့။ ဒီအထောက်အပံ့တွေပေးတဲ့အထဲမှာ ပါဝင်ဆောင်ရွက်သူများက တိုကျိုဟာ အကြွေး ၃.၇ ဘီလီယံဒေါ်လာကို ချေပစ်ပြီး ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်များက အကြွေးတွေကို ပြန်ဆပ်ဖို့ ဒေါ်လာသန်း ၉၀၀ ကိုလည်း တိုကျိုမီဆုဘီရှီ UFJ ဘဏ်ကတဆင့် ထပ်ချေးဦးမှာတဲ့။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ က တာဝန်ရှိသူတွေဟာ ဂျပန်ရဲ့ လျှင်မြန်နှုန်းကို အံ့သြသွားကြပါတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဂျပန်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သူတို့ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့လည်း ပြောလိုက်ပါသေးတယ်တဲ့။ ဂျပန်ကကြွေးတွေလျော်ပစ်တာဟာ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲစေဖို့ အဓိကနည်းလမ်းအဖြစ်သုံးခဲ့တာမို့ တခြားအလှုရှင်ထပ်ရှာဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့်လည်း တခြားပါတီများကို ဖိတ်ခေါ်ပြီး ဒီကိစ္စကို ရှေ့အပတ်မှာ ဆွေးနွေးကြပါလိမ့်မယ်။ အမည်ပျက်စာရင်းဝင် လက်ဝါးကြီးအုပ် စီးပွားရေးသမားများ =============================== မတ်လမှာ တိုကျိုနိုင်ငံရေးသမားများဟာ အမေရိကန်က နာမည်ပျက်စာရင်းသွင်းထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်နှင့် လက်တွဲခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်ဟာ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့ထူထောင်တဲ့ပွဲမှာ အဖွင့်မိန့်ခွန်းပြောဖို့ ဂျပန်ကိုလာရောက်ခဲ့ပါတယ်။ သူဟာ အိဒါနို၊ ဆန်ဂိုကူ၊ နာကာဆိုနဲ တို့နဲ့ အနီးကပ်ဆုံတွေ့ခဲ့ပါတယ်။ စက်မှုနိုင်ငံထူထောင်ဖို့ဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ်လို့ ဦးဝင်းအောင်က ပြောပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ၀န်ကြီးအိဒါနို ရဲ့ သီလ၀ါစီမံကိန်းအပေါ် ထောက်ပံ့မှုကို အလွန်အမင်းဝမ်းသာပါတယ် တဲ့။ ဦးဝင်းအောင်ဟာ ဒဂုံ ကုမ္ပဏီကိုပိုင်ဆိုင်ပြီး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းမှာ ဦးဆောင်သူဖြစ်ပါတယ်။ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းဟာ နေပြည်တော်တည်ဆောက်ရေးမှာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ လုပ်ငန်း ၈ ခုထဲက တစ်ခုဖြစ်ပါတယ်။ ၀ီကီလိခ်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သံတမာန်များရဲ့ လျို့ဝှက်သတင်းအရ သူဟာ စစ်တပ်အဆက်အသွယ်တွေရဲ့ အကူအညီနဲ့ တားမြစ်ဒေသတွေက ကျွန်းသစ်တွေကို နိုင်ငံခြားတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဦးဝင်းအောင်ဟာ ဒီကိစ္စကို မှတ်ချက်ပေးဖို့ email မှတဆင့်တောင်းဆိုပေမယ့် အကြောင်းမပြန်ပါဘူး။ သူဟာ အမေရိကန်ရဲ့ တားမြစ်ထားတဲ့ နာမည်ပျက်စာရင်းမှာ ပါဝင်နေတာကြောင့် အမေရိကန်များဟာ သူနဲ့အတူလုပ်ငန်းလုပ်ကိုင်ခွင့် မရှိပါဘူး။ ဦးဝင်းအောင်ဟာ သီလ၀ါဆောက်လုပ်ရေးမှာ မြန်မာနိုင်ငံဘက်ခြမ်းက ဘယ်သူပါဝင်ခွင့်ရမလဲဆိုတာကို ဆုံးဖြတ်ပေးမယ့်လူဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတစ်ဦးရဲ့ အဆိုအရတော့ ဦးဇော်ဇော်ပါဝင်ခွင့်ရလိမ့်မယ်လို့ သိရပါတယ်။ ဦးဇော်ဇော်ဟာ စက်မှုလုပ်ငန်းရှင်ဖြစ်ပြီး အာဏာရှင်များနဲ့နီးစပ်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းများဟာ ကျွန်းသစ်၊ ရာဘာစိုက်ပျိုးရေးများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအထိ ကျယ်ပြန့်ပါတယ်။ သူဟာလည်း အမေရိကန်နာမည်ပျက်စာရင်းဝင်ပဲ ဖြစ်ပါတယ်။ ဦးဇော်ဇော်ဟာ ဂျပန်ကားဟောင်းများ တင်သွင်းခြင်းဖြင့် ချမ်းသာလာခဲ့ပြီး သူ့ရဲ့ Max-Myanmar တံဆိပ်တပ်ထားတဲ့ ထရပ်ကားတွေ ကို သီလ၀ါဒေသမှာ မြင်နေကြရပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးထားခြင်း ======================== နိပွန်ဖောင်ဒေးရှင်းကို ပိုင်ဆိုင်တဲ့ ယိုဟေးအိ ဆာဆာကာဝါဟာလည်း ၀ါတာနာဘဲရဲ့ မြန်မာဖွင့်ပွဲကို ကူညီခဲ့ပါတယ်။ ဖောင်ဒေးရှင်းကို စစ်ပြီးခေတ်ဂျပန်မှာ သြဇာကြီးပြီး အရှည်မျှော်တွေးတတ်တဲ့ နိုင်ငံရေးဆရာကြီး ဖြစ်ခဲ့သူ ဆာဆာကာဝါရဲ့ ဖခင်ကထူထောင်ခဲ့တာဖြစ်ပါတယ်။ ဆာဆာကာဝါက မြန်မာပြည်ကို စိတ်ဝင်စားနေတာကြာခဲ့ပါပြီ။ သူဟာ ၀ါတာနာဘီ၊ ဆန်ဂိုကုတို့နဲ့အတူ သီလ၀ါကိစ္စကို ဦးသိန်းစိန်နဲ့ ဂျုလိုင်လအတွင်းက ထပ်မံညှိနှိုင်းပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီနေရာမှာ ဆာဆာကာဝါက အာဏာရှင်လက်ထက်မှာ နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေခဲ့တဲ့ လူနည်းစုတိုင်းရင်းသားများဒေသမှာ အထောက်အပံ့အကူအညီတွေ ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီလူနည်းစုတွေဟာ အစိုးရသစ်က ငြိမ်းချမ်းရေးကို ရည်ရွယ်ကြောင်း နားလည်ဖို့လိုမယ်လို့ သူကပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ နှစ်နိုင်ငံသဘောတူညီချက်များကို သြဂုတ်လအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာဘက်က ဦးဝင်းအောင်က စက်မှုဇုံကို ဦးဆောင်အကောင်အထည်ဖော်နေပြီး ဂျပန်ဖက်ကတော့ infrastructures များကို အကြမ်းရေးဆွဲနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတော့ စစ်တပ်ကကျောထောက်နောက်ခံပေးထားတဲ့အစိုးရနဲ့ ဒီလိုရင်းနှီးမြှပ်နှံမှုတွေလုပ်ကိုင်တဲ့အပေါ် မစိုးရိမ်ပါဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်မှာတောင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို ထောက်ခံတဲ့အပြင် အနောက်နိုင်ငံများကိုလည်း ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ကို တောင်းဆိုနေပါပြီ။ ပါတီရဲ့ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဟန်သာမြင့်က ကျွန်တော်တို့ လုံးဝမစိုးရိမ်ပါဘူး။ အရေးကြီးတာက ဒီရင်းနှီးမြှပ်နှံမှုတွေနဲ့ အကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိ၊ မရှိဆိုတာပါပဲ တဲ့။ အာဏာရှင်ဟောင်းများနဲ့လက်တွဲခဲ့တဲ့ လက်ဝါးကြီးအုပ်စီးပွားရေးသမားများနဲ့ သီလ၀ါစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဂျပန်ကုမ္ပဏီများလည်း နာမည်ပျက်ကိန်းရှိနေတာကို ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ ဘာမှတ်ချက်မှ ချမှာမဟုတ်ပါဘူး။ သီလ၀ါဖွံ့ဖြိုးရေးစီမံကိန်းဟာ မြန်မာအစိုးရဖက်က စတင်ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်အစိုးရများက စဉ်းစားဆဲဖြစ်ပါတယ်။ ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ဆုံးဖြတ်ချက်အတိအကျ ချမှတ်နိုင်ခြင်းမရှိသေးပါဘူး လို့ ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆာဂိ ဆာကာအိက ဆိုပါတယ်။ တိုကျိုရုံးခန်းမှာတော့ မြန်မာပြည်မှာ စောစီးစွာ ၀င်ရောက်ရင်းနှီးမြှပ်နှံမယ့်သူများအနေဖြင့် ကြုံနိုင်ချေရှိတဲ့ ဆုံးရှူံးမှုများအကြောင်းကို မေးတော့ ၀ါတာနာဘဲက ပုခုန်းတွန့်ပြပါတယ်။ ဒီလိုစိုးရိမ်နေတဲ့ ကုမ္ပဏီရှိနေတယ်ဆိုရင် ဂျပန်မှာနေခဲ့ပေါ့။ ဒါ သူတို့ဘာသာ ရွေးရမှာပဲ တဲ့။ ( အန်တိုနီ စလိုကော့စကီးရေးသားပြီး ဂျေဆန်ဇွိ နှင့် အောင်လှထွန်း (ရန်ကုန်)၊ ဆီဘရှန် မိုဖက် ( ဘရာဇီး)၊ အန်ဒရူးကွင်း (၀ါရှင်တန်)၊ မာတင်ပက်တီ (ဘန်ကောက်) တို့ ပူးပေါင်းတင်ပြသည်။ ကီဗင်ကရိုလစ်ကီ၊ ဘေလ်တာရန့်၊ မိုက်ကယ်ဝီလီယံ တို့မှ တည်းဖြတ်သည်။) ဒီဆောင်းပါးကို ဖတ်ပြီး ကမ္ဘာစစ်ကတည်းက ငယ်နိုင်ဖြစ်ခဲ့တဲ့ဂျပန်အပေါ် အမေရိကန်တွေ ဘယ်လောက်မနာလိုဖြစ်ပြီး ဆွေ့ဆွေ့ခုန်နေသလဲဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။ အမေရိကန်အစိုးရရဲ့ နှေးကွေးလေးလံမှုကိုလည်း မသိမသာ အပြစ်တင်သံပါနေပါတယ်။ ဂျပန်တွေရဲ့ လှပညင်သာတဲ့ ကစားနည်းတွေကိုလည်း မြင်ခွင့်ရပါတယ်။ တဆက်တည်းမှာပဲ စီးပွားရေးပိတ်ဆို့မှုတွေဟာ အစိုးရနဲ့ ခရိုနီတွေကို အခုအချိန်အထိ ဘယ်လိုမှ ထိရောက်မှုမရှိခဲ့ဘူးဆိုတာကိုလည်း သက်သေထင်ရှားတွေ့ရပါတယ်။ ဟိုတလောက ဗိုလ်ချုပ်ဟောင်းတွေဟာ စီးပွားရေးသမားတွေနဲ့တွဲပြီး လုပ်ကိုင်နေကျမို့ အတွေ့အကြုံရှိနေပါပြီလို့ ပြောသွားတဲ့သူကိုလည်း ဓါးပြတိုက်တာလည်း စီးပွားရေးလုပ်တာပဲလားလို့ မေးချင်ပါသေးတယ်။ မိန်းကလေး ချောချောလေးမို့ ချစ်သူ ခင်သူ ၀ိုင်းဝိုင်းလည်နေတာ ဂုဏ်ယူစရာကောင်းချင်ကောင်းမှာပေမယ့် မိန်းကလေးမဟုတ်ပဲ နိုင်ငံတခုဖြစ်နေတဲ့အတွက် ခွေးသေကောင် လဒ၀ိုင်းဆွဲနေသလို ခံစားရပါတယ်။ ဒီလောက်အခြေအနေဆိုးနေတဲ့အထိအောင်တောင်မှ ပိတ်ဆို့မှုတွေဆက်ထားပေးဖို့ တောင်းဆိုနေသေးတဲ့ ပြည်ပအတိုက်အခံမြန်မာအချို့ရဲ့ မျောက်ပြဆန်တောင်းတဲ့ စိတ်ဓါတ်တွေကိုလည်း အော့နှလုံးနာမိပါတယ်။ ကိုယ်မစွမ်းနိုင်သေးတာမို့ သူများစီမံသလိုခံကြရပေမယ့် စွမ်းလာတဲ့တနေ့ ကိုယ်အားကိုယ်ကိုးပြီး စီမံနိုင်ဖို့ရည်ရွယ်ကြိုးစားနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ဘာသာပြန်သူ -- သန္တာဝင်း (၀၇.၁၀.၁၂) ကိုးကား။ ။ ၁။ http://www.reuters.com/article/idUSL1E8KQIAU20121002 ၂။ http://www.yomastrategic.com/about_ceo_statement.asp ( ဓါတ်ပုံကို အင်တာနက်ပေါ်မှ ရပါသည်။ ဓါတ်ပုံဆရာ အမည်ကို မသိသဖြင့် မဖော်ပြနိုင်ပါ။ ) ကျွန်မမှာ ချစ်သူဝိုင်းဝိုင်းလည် ================ ၁၉၉၉ ခုနှစ်တုန်းက ဆရာကြီး ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။ ကုလားတွေဟာ တရုတ်ကိုကြောက်တယ်တဲ့။ တရုတ်တွေကတော့ ဂျပန...်ကိုကြောက်ပါတယ်တဲ့။ ဘာလို့လဲဆရာလို့ မေးတော့ ကုလားတွေ ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေး သိမ်းသွားတာပဲတဲ့။ အဲဒီလိုပဲ ဂျပန်ဝင်လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ ဦးဏှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန် ပီပီ ဖြေပါတယ်။ Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး အသေးနဲ့ ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။ အခုတော့လဲ သိနေပြီမို့ မလိုတော့ပါဘူး။ ဥရောပသားတွေရဲ့ အပြောတစ်ခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တစ်ဆက်စာပဲ စဉ်းစားတာ၊ ဂျပန်တွေကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး နံပါတ် ၃ နေရာကို မျိုးဆက်တစ်ခုအတွင်းမှာ ရသွားတာပေါ့တဲ့။ ရှာမှရှားတဲ့ စူပါဘရိန်း လီကွမ်ယုကလည်း ကုမ္ပဏီတစ်ခုတည်းအောက်က စက်ရုံနှစ်ရုံမှာတောင် ဂျပန်မန်နေဂျာရှိတဲ့ စက်ရုံက ထုတ်လုပ်မှုသာတဲ့အကြောင်း ရေးထားသေးတယ်။ ဂျပန်မန်နေဂျာတွေက အောက်သက်ကြေပြီး စက်ဆီပေမှာ မကြောက်ပဲ အလုပ်သမားတွေနဲ့အတူဝင်လုပ်နိုင် လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်လို့တဲ့။ မရိုးနိုင်တဲ့ ဗမာဆုံးမစကားတစ်ခွန်းလဲ ရှိပါသေးတယ်။ တရုတ်လိုရှာ ကုလားလိုစု ဗမာလို မဖြုန်းနဲ့တဲ့။ တရုတ်ရယ်၊ ဗမာရယ်၊ ကုလားရယ်၊ စင်္ကာပူရယ်၊ ဂျပန်ရယ်၊ဥရောပသားရယ် ကိုများ နံပါတ်စီလိုက်ကြမယ်ဆိုရင် -------။ ဒါကြောင့်ပြောတာပေါ့။ သိပြီးသားမို့ ခေါင်းကို စမ်းစရာ မလိုတော့ပါဘူးလို့။ ကြားဖူးနားဝကို လက်တွေ့သိရတဲ့အချိန်ကျတော့ သူတို့ပြောတာ အပိုမဟုတ်ဘူးဆိုတာ မြင်လာပါတယ်။ ဆင်တစ်ကောင်လုံးတွေ့လို့ ဆင်ခြေရာခံမိတာပေါ့လေ။ JICA ဆိုတာ အရင်က NGO အဖွဲ့အစည်းတခုလို့ပဲ နားလည်ခဲ့တာ။ ဂျပန်ဆေးရုံသစ်ကြီးဆောက်ပေးတဲ့အဖွဲ့ပေါ့။ သူတို့ပေးခဲ့တဲ့ ရေခဲသေတ္တာတွေ နောက်တစ်နှစ်လာစစ်တော့ ဆေးရုံထဲမှာမရှိဘဲ ဆေးရုံလူကြီးအိမ်ရောက်နေတဲ့အကြောင်း၊ သူတို့ပေးခဲ့တဲ့ ကုတင်ပေါ်မှာ ပျော်ပျော်ပါးပါးအိပ်ရင်းနဲ့ အလုပ်သင် ညဂျုတီအတူဆင်းခဲ့တဲ့ သူငယ်ချင်းတွေတောင် လွမ်းမိပါသေး။ နောက်တစ်ခါ ကြားရပြန်တာက JICA က ကုသိုလ်ဖြစ်ဆေးခန်းတွေကို ဆေးလှူမှာတဲ့။ သာဓုပါရှင်။ ဟိုတစ်နေ့ကမှ သိတယ်။ ၁၅ နှစ်လုံးလုံး JICA တကယ်လုပ်နေတဲ့အလုပ်က တစ်နေ့မှာ ဖွံ့ဖြိုးလာမယ့်မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံနိုင်မယ့် နေရာတွေ၊ သတင်းတွေ၊ စီးပွားကွက်တွေနဲ့ စီးပွားဖက်တွေကို ရှာဖွေစုဆောင်းထားဖို့တဲ့။ မြတ်စွာဘုရား။ တို့များမြန်မာပြည်ကို ဖွံ့ဖြိုးဖို့ မျှော်လင့်နေတာ တို့တွေချည်းပဲမှတ်နေတာ။ အင်းလေ --နံပါတ်စဉ်ထဲမှာ ဘိတ်ချီးဆိုတော့လဲ ထိပ်ဆုံးကလူ ဘာလုပ်လဲ မသိနိုင်တာ မထူးဆန်းပါ။ သွားရင်းလာရင်းနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဂျပန်ဘဏ်ခွဲတစ်ခု ဖွင့်လှစ်တာကို သတိထားမိပါတယ်။ သတင်းစာထဲမှာလည်း ဆီဒိုးနားဟိုတယ်မှာ ဂျပန်စီးပွားရေးရုးံခွဲတစ်ခု ဖွင့်လှစ်ကြောင်းနဲ့ အကူအညီ အကြံဥာဏ်လိုအပ်တဲ့ ဂျပန်စီးပွားရေးသမားများကို ကူညီမယ့်အပြင် ရုံးခန်းတစ်လခွဲဖွင့်ခွင့်ကိုတောင် အလကားပေးဦးမယ်တဲ့။ သံလျင်တံတားအဆင်းက Star City စီမံကိန်းနေရာကို လွန်ခဲ့တဲ့လက မိတ်ဆွေတစ်ယောက်နဲ့ ရောက်သွားပါတယ်။ တကယ်ဆောက်နေတဲ့ ကွန်ဒို အဆောက်အဦးက ၂ ခုထဲပဲရှိသေးတာပါ။ အရောင်းပြခန်းကတော့ န၀ဒေးအိမ်ယာ ပြခန်းထက်တောင် အပုံကြီးသာပါတယ်။ အခန်းတွေ နမူနာဖွဲ့ပြထားပြီး ထိုင်းဒီဇိုင်နာက ဆင်ပေးထားတော့ မြင်တာနဲ့တင် လိုချင်စရာ။ အရစ်ကျ ငွေချေစနစ်ကို အုံနဲ့ကျင်းနဲ့ ၀ိုင်းဝယ်နေတဲ့လူတွေကတော့ ဂျပန်တွေပါ။ ကျွန်မတို့လို မြန်မာတွေကတော့ သွားရေကျရုံထက် မပိုပါဘူး။ ဘယ့်နှယ် ဒီလောက်ကျဉ်းတဲ့ စတုရန်း ပေ ၉၀၀ အခန်းလေးကို သိန်း ၈၀၀ တဲ့။ ရန်ကုန်မြို့ထဲကအခန်းတွေ ဈေးထက်များနေပြီ။ ပတ်ဝန်းကျင်လမ်းတွေ ရေကန်တွေ ပန်းခြံတွေကတော့ အပြတ်အသတ်သာတာပေါ့လေ။ ဟိုဘက်က သီလ၀ါစီမံကိန်းကို ၁၅ မိနစ်လောက်သာ သွားရတော့မှာမို့ အလုပ်လာလုပ်ကြမယ့် ဂျပန်များနေဖို့ ရည်ရွယ်ဆောက်လုပ်ပါတယ်တဲ့။ ဆောက်လုပ်ရေးက တာဝန်ခံမန်နေဂျာက စင်္ကာပူလူမျိုးပါ။ လိုချင်လှချည် တကဲကဲဖြစ်နေတဲ့ မေမေ့ကို အဝေးကြီးပါမေမေရယ်၊ နေနိုင်မှာမဟုတ်ပါဘူးလို့ ညာတာပါတေးချော့ခေါ်လာခဲ့တယ်။ အဲဒီအထိလဲ လောကကြီးဘာဖြစ်နေမှန်း မသိသေးပါဘူး။ ပန်တင်းခေါင်းလျှော်ရည် ကြော်ငြာလိုပဲပြောရတော့မယ်။ ခုတော့ ကျွန်မသိပြီ။ ကိုကို ဂျပန်များသာ အလည်ဆုံး အတော်ဆုံးဆိုတာ။ အခုဘာသာပြန်မယ့် ဆောင်းပါးကို ဖတ်မိသွားတာမို့ပါ။ သမ္မတဦးသိန်းစိန်က လက်ယပ်ခေါ်ပြီး ၀ါတာနာဘဲစံ မင်းကိုပေးစရာတခုရှိသတဲ့။ ဒီတစ်ကွက်ထဲနဲ့တင် ၁၅ နှစ်ရင်းနှီးခဲ့ရသမျှ တန်ပါပေ့လို့ ဆိုရမှာပါပဲ။ အကြွေးတွေမဆပ်နဲ့တော့လို့ ပြုံးပြုံးကလေးပြောသွားတာအပြင် နောက်ထပ်လည်း ထပ်ချေးဦးမှာတဲ့။ ဟုတ်ကဲ့ ကျေးဇူးကြီးလှပါပေရဲ့ရှင်။ အပေါ်မှာ နိဒါန်းချီထားသမျှ မှန်၊ မမှန်ဆောင်းပါးလေးဖတ်ပြီး ဝေဖန်ကြည့်ကြပါဦး။ ( Reuters (အမေရိကန်သတင်းဌာန) မှာ ၂.၁၀.၁၂ နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် အန်တိုနီ စလိုကော့စကီးရဲ့ လက်ရာဖြစ်ပါတယ်။) ဂျပန်များ၏ မြန်မာပြည်သို့ တိတ်တဆိတ် ချီတက်ခြင်း =========================== ဂျပန်များဟာ မြန်မာပြည်ကို အားဖြည့်နေပါပြီ။ မာရသွန်ပြေးပွဲဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလရဲ့ ညတစ်ညမှာ အစပြုခဲ့တာပါ။ မြန်မာသမ္မတသစ်က ညစာစားပွဲအပြီးမှာ မြေပုံကြီးဖြန့်ခင်းပြီး အသက်ကြီးကြီးဂျပန်လူမျိုး အာဏာပွဲစားကို ဆုတစ်ခုချလိုက်လို့ပါ။ ဒီဆုဟာ မာကူးမြို့( မက်ကာအိုမြို့) လောက်ကြီးတဲ့ မြို့တော်တခုတည်ဆောက်နိုင်ခွင့်ပါပဲ။ အသက်၆၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ မြန်မာအရပ်သားအစိုးရရဲ့ သမ္မဖြစ်တာ ၆ လပဲရှိပါသေးတယ်။ သမ္မတဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွဲခဲ့ပြီး အာဏာရှင်စနစ်အောက်မှာ နှစ်၅၀ကြာခဲ့တဲ့ မြန်မာ့စီးပွားရေးကို လမ်းပြန်ဖွင့်ပေးမှုတွေအတွက် အားပေးခံရသလို သတိကြီးကြီးနဲ့စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။ အခုတော့ သမ္မတဟာ အာရှတိုက်ရဲ့ ဒုတိယအဆင်းရဲဆုံးနိုင်ငံအတွက် ရင်းနှီးမြှပ်နှံသူတွေကို ရှာဖွေနေပါတယ်။ နေပြည်တော်မှာ တရုတ်ပုံစံ ညစာစားပွဲအပြီးမှာ ဦးသိန်းစိန်ဟာ မြန်မာပြည်အရေးစိတ်ဝင်စားသူ ဂျပန်နိုင်ငံရေးသမား ဟီဒဲအို ၀ါတာနာဘဲ (၇၈ နှစ် ) ဘက်ကိုလှည့်လိုက်ပါတယ်။ သမ္မတသစ်ဟာ ရန်ကုန်မြို့အနီးမှာရှိပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့ သီလ၀ါဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံတည်ဆောက်ဖို့ အပေးအယူတစ်ခုလုပ်ခဲ့ပါတယ်။ အကြွေးတွေ ချေးငွေတွေ နဲ့ လဲလှယ်ဖို့ပါပဲ။ ကျွန်တော် တစ်ခုခုတော့ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆုဟိရို နာကာဆိုနဲရဲ့ အနီးကပ်ဖြစ်ခဲ့သ၊ူ ယခင် ဂျပန်အစိုးရ၀န်ကြီးဟောင်း ၀ါတာနာဘဲက ပြန်ပြောပြခဲ့ပါတယ်။ ၀ါတာနာဘဲဟာ စကားတည်သူပါ။ တစ်နှစ်မပြည့်ခင်မှာတင် မြန်မြန်ဆန်ဆန်ပဲ ဂျပန်က အကြွေးတွေကိုလျော်ပစ်ပြီး အနည်းဆုံး ၁၈ ဘီလီယံဒေါ်လာအကူအညီပေးဖို့ သဘောတူခဲ့ပါတယ်။ ရွှေရောင်ဝင်းတဲ့ မြန်နှုန်းမြင့် ချစ်ကြည်ရေး ====================== ဒါအပြင် ဂျပန်ဟာ ၃.၂ ဘီလီယံဒေါ်လာကို မြန်မာနိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး အရှေ့တောင်အာရှရဲ့ အကြီးဆုံးစက်မှုဇုံဖြစ်လာမယ့် ထားဝယ်ဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့ ရင်းနှီးမြှပ်နှံမယ်လို့လည်း သတင်းရရှိပါတယ်။ ဒီသဘောတူညီမှုတွေဟာ တစ်ညတာအတွင်းမှာတင် ဖြစ်ပေါ်ခဲ့တာပါ။ သီလ၀ါစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းမှာတင် အကြွေးလျော်တာတွေနဲ့ ထပ်ချေးတာတွေဟာ ၅ ဘီလီယံဒေါ်လာထိအောင် ရှိတာမို့ ၂၀၁၁ -၂၀၁၂ မှာ အမေရိကန်တွေပေးတဲ့ ဒေါ်လာ ၇၆ သန်းနဲ့ အီးယူအဖွဲ့က ၂ နှစ်အတွင်းပေးမယ်ပြောထားတဲ့ ဒေါ်လာသန်း ၂၀၀ ကို သိမ်နုတ်စေပါတယ်။ ဂျပန်အစိုးရနဲ့ စီးပွားရေးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံနဲ့ သတိကြီးကြီးဆက်ဆံနေရာကနေ ဘယ်လိုများတနှစ်အတွင်းမှာ ရွှေရောင်ချစ်ကြည်ရေးအဆင့်ကို တက်သွားရတာလဲလို့ သိရအောင် သတင်းဌာနအနေနဲ့ အာဏာပိုင်တွေ၊ အုပ်ချုပ်သူတွေ၊ နိုင်ငံရေးသမားတွေ အယောက် ၅၀ လောက်ကို လိုက်လံမေးမြန်းကြည့်ပါတယ်။ သူတို့ပြောပြတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ်အတွက် သက်တမ်းနုလှတဲ့ လွှတ်တော်ထဲမှာ ငြင်းခုန်နေဆဲအဆင့်မှာတောင်သေးငယ်ကျစ်လျစ်ပြီး အဆက်အသွယ်ကောင်းလှတဲ့ ဂျပန်အဖွဲ့ဟာ တိုကျိုအုပ်ချုပ်ရေးပိုင်းနဲ့ ကူညီပံ့ပိုးရေးအဖွဲ့တွေကို ဆုံးဖြတ်ချက်တွေ မြန်မြန်ချနိုင်အောင် တိုက်တွန်းနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါဟာအာရှရဲ့နောက်ဆုံးနဲ့ အရေးအပါဆုံးဈေးကွက်ကို လွှမ်းမိုးလိုက်တာပါပဲ။ ဂျပန်များကတော့ မြန်မာခေါင်းဆောင်များဟာ တရုတ်ပြည်ရဲ့ မဆုံးတမ်းလွှမ်းမိုးမှုက လွတ်မြောက်အောင်ကူညီမယ့်သူများကို ရှာဖွေနေတယ်လို့ ပြောကြပါတယ်။ ဂျပန်ရဲ့တွန်းအားဟာ မြန်မာပြည်အပေါ် အမေရိကန်နဲ့ အီးယူအဖွဲ့တို့ထက် တစ်လှမ်းသာနေပါတယ်။ အမေရိကန်နဲ့ အီးယူအဖွဲ့တွေက ၁၉၉၀မှာ ချမှတ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးဖို့ တွန့်ဆုတ်နေကြတာမို့ပါ။ ဒီအတွက်ဖြစ်လာနိုင်တဲ့ ရလာဒ်ကတော့ ဂျပန်များရဲ့ ကုန်သွယ်ရေးရုံးခန်းတွေ၊ ဘဏ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရှိန်ထိုးခုန်တက်သွားစေတာပါ။ အမေရိကန်တွေက ကျွန်တော်တို့ကိုညှာတာပြီး မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့မှု လုပ်ပေးခဲ့တဲ့အတွက် ကံကောင်းသွားတာပါ။ ဒါကြောင့်လည်း အနောက်နိုင်ငံစီးပွားရေးလုပ်ငန်းများဟာ မြန်မာပြည်ထဲမှာ လုံးဝကို ရှိမနေခဲ့ဘူးလေ လို့ ဒါဝီသုတေသနဌာနရဲ့ မန်နေဂျာ ဂျပန်လူမျိုး ရှီငဲတို အီနမိက ပြောပါတယ်။ ဒီဥာဏ်ကြီးရှင်များအဖွဲ့ဟာ မြန်မာပြည်ရဲ့ သေးငယ်လှတဲ့ စတော့ရှယ်ယာဈေးကွက်ကို ၂၀၁၅ မှာ အကြီးအကျယ်ပြောင်းပစ်ဖို့ စီစဉ်နေပါတယ်။ အမေရိကန်နဲ့ အီးယူ သံတမာန်များကတော့ ဂျပန်က အခွင့်ကောင်းရသွားတယ်လို့ မမြင်ပါဘူးတဲ့။ ၀ါရှင်တန်က တိုကျိုအပါအ၀င် အားလုံးကို မြန်မာပြည်ကို ပြန်လည်ဝင်ရောက်ပြီး စီးပွားရေးမှာကူညီဖို့၊ မြန်မာအစိုးရရဲ့ ပြုပြင်ရေးသမားတွေကို ထောက်ပံ့ဖို့ တိုက်တွန်းနေခဲ့တာပါလို့ အမေရိကန်အစိုးရရဲ့ အကြီးတန်းတာဝန်ခံတဦးက ပြောပြပါတယ်။ လက်တစ်ဆုပ်စာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဂျီအီးနဲ့ ကိုကာကိုလာ ကုမ္ပဏီတွေကတော့ ပြန်ဝင်လာပါပြီ။ သီလ၀ါမှာဆိုရင် အနောက်နိုင်ငံလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများဖြစ်တဲ့ ဂျီအီးနဲ့ စီမန်း တို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ ဘက်ခ်ျတယ်နှင့် ဘယ်လ်ဖိုး ဘက်တီ တို့ဟာ ဂျပန်များထံက ကန်ထရိုက်လုပ်ငန်းကို ခွဲဝေရရှိကြပါတယ်လို့ စီးပွားရေးဆိုင်ရာလေ့လာသူများက ပြောပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အများအပြားဟာ ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာရှိနှင့်နေကြတာမို့ ကျွန်တော်တို့ အတော်ကို နောက်ကျနေပါပြီလို့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဦးဆောင်ညွှန်ကြားရေးမှုး ဂျွန် ဂိုယာကပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာများက အမေရိကန်ကုမ္ပဏီများကို အလွန်လိုလားတယ်ဆိုတာကတော့ သိသာပါတယ် တဲ့။ မြန်မာပြည်အား ဈေးကွက်တင်ခြင်း ဂျပန်များရဲ့ အလျင်စလို နိုင်မှုဟာ စွန့်စားမှုတွေများလှပါတယ်။ အမေရိကန်မှာ နာမည်ပျက်စာရင်းဝင်နေတဲ့ လက်ဝါးကြီးအုပ်စီးပွားရေးသမားနဲ့ အတူတွဲလုပ်ကိုင်ခြင်းဖြင့် ဂျပန်ကုမ္ပဏီများရဲ့ နာမည်ကောင်းကို ထိခိုက်နိုင်စရာအကြောင်းရှိပါတယ်။ ဂျပန်များရဲ့ ဧက ၅၉၃၀ အကျယ်အ၀န်းရှိတဲ့ သီလ၀ါအထူးစီးပွားရေးဇုံ တည်ဆောက်ရေးဟာ ပတ်ဝန်းကျင်မြေများမှာ အငြင်းပွားနေဆဲ ပိုင်ဆိုင်မှုပြသနာများကို မဖြေရှင်းရသေးခင်မှာ သဘောတူခဲ့ကြတာပါ။ အခုထိ သီလ၀ါမှာ ကွင်းပြင်ဟောင်းလောင်းကြီးဖြစ်နေပါသေးတယ်။ စပါးစိုက်ပျိုးတဲ့လယ်မြေတွေကို စက်ရုံတွေဆောက်ကြမှာပါ။ အလုပ်သမားများဟာ ရွှံ့မြေတွေကို ခြင်းနဲ့သယ်ကြပြီး ကားကြီးတွေနဲ့ ကျောက်ခဲတွေကို လမ်းဆိုးပေါ်ပုံချတုန်းပဲရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ အခွင့်အလမ်းမျှော်လင့်ချက်တွေ ပြည့်လျှမ်းနေတဲ့ အယ်ဒိုရာဒို နယ်မြေသစ်မှ ကြိုဆိုပါတယ်လို့ ယခင်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်ပြီး ယခုအခါမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေကို မြန်မာ့ဝန်ကြီးဌာနများနဲ့ ဆက်သွယ်ပေးနေသူက အစိမ်းရောင်လွင်ပြင်ထဲကားဖြတ်မောင်းရင်းနဲ့ ပြောပါတယ်။ ဂျပန်အမှုဆောင်အရာရှိများဟာ စွန့်စားခန်းတွေက များနေမှန်းသိကြပါတယ်။ အပေါ်ပိုင်းမှာ ပိုတောင်များပါသေးတယ်တဲ့။ အခုနေ ပြသနာစာရင်းကိုသာ ချရေးကြည့်မယ်ဆိုရင် စာကြောင်းရေ ၅၀-၆၀ လောက်ထွက်လာမှာပါ လို့ မာရူဘဲနိ ကော်ပိုရေးရှင်းရဲ့ အာရှနှင့် သမုဒ္ဒရာ စီမံကိန်းမန်နေဂျာ ယာဆုဟိရို မိုရိမိုတို ကပြောပါတယ်။ ဒါတောင်မှ သူကထပ်ပြောပါသေးတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးအမြတ်တွေက ကုန်သွယ်မှုကို ပျက်စီးနိုင်ခြေတွေထက် များပါတယ်တဲ့။ မြန်မာနိုင်ငံဟာ ဆုလာဒ်တခုလို့ မြင်ထားကြတာ ကြာပါပြီ။ မြေဧရိယာအားဖြင့် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံပေါင်းထားသလောက် ကျယ်ပြောပါတယ်။ နယ်စပ်ခြင်းထိစပ်နေတာကလဲ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာနှုန်းဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်း နိုင်ငံတွေနဲ့ပါ။ အိန္ဒိယသမုဒ္ဒရာနှင့် အက်ဒမန်ပင်လယ်ထဲကို သွားနိုင်မယ့် ဆိပ်ကမ်းတွေကလည်း ကမ္ဘာ့အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းဖြစ်တဲ့ မလ္လကာရေလက်ကြားရဲ့ မြောက်ဘက်လေးတင်ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာပြည်ရဲ့ အဓိက ထောက်ပံ့သူဖြစ်နေတုန်းပါပဲ။ ၂၀၁၁ ခုနှစ် မတ်လစာရင်းများအရ စွမ်းအင်ဆိုင်ရာရင်းနှီးမြှပ်နှံမှုတွေအပါအ၀င် တရုတ်နိုင်ငံက ၁၄ ဘီလီယံဒေါ်လာကျော်ဟာ မြန်မာနိုင်ငံမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမှုများရဲ့ ၇၀% ရှိပါတယ်။ ဂျပန်နိုင်ငံကတော့ ၁၉၈၈-၂၀၁၁ အတွင်းမှာ ဒေါ်လာ၂၁၂ သန်းသာ မြှပ်နှံခဲ့ပါတယ်။ အခုတော့ ဂျပန်များ ရှပ်အင်္ကျီလက်ပင့်တင်လို့ ဟန်ပြင်နေကြပါပြီ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ကိုလိုနီဖြစ်ခဲ့တာတောင်မှ ယနေ့ ဂျပန် မြန်မာဆက်ဆံရေးဟာ မယုံနိုင်စရာ နွေးထွေးလွန်းလှပါတယ်။ ကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံကို စစ်လျော်ကြေးတောင်းတဲ့နေရာမှာ မြန်မာနိုင်ငံဟာ ပထမဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်းတို့ဟာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များ ဖြစ်ခဲ့ပြီး အင်္ဂလိပ်ကို ဆန့်ကျင်ဖို့ ဂျပန်နိုင်ငံမှာ သင်တန်းတက်ခဲ့ကြပါတယ်။ မြန်မာတွေဟာ ဂျပန်နဲ့ဖြစ်ခဲ့တဲ့အတိတ်ဆိုးတွေကို ချန်ထားခဲ့ပြီး ဂျပန်ကွန်ဆာဗေးတစ်နိုင်ငံရေးသမားများကို ဖက်လှဲတကင်း ကြိုဆိုနေကြပါတယ်။ အနောက်နိုင်ငံများလိုမဟုတ်ပဲ ဂျပန်ဟာ ဘယ်တုန်းကမှ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေကို ပိတ်ဆို့မှု မလုပ်ခဲ့ပါဘူး။ ဒါကြောင့်မို့လဲ ဂျပန်ကော်ပိုရေးရှင်းများဟာ မြန်မာပြည်ထဲမှာ ထင်ထင်ရှားရှားရှိနေခဲ့ပါတယ်။ ဘဏ်ကြီးတွေဖြစ်တဲ့ မီဆုဘီရှီ UFJ၊ Sumitomo Mitsui Financial and Mizuho Financial Group ရဲ့ရုံးခွဲတွေဟာ ဆုံချက်ကြီးတွေအဖြစ် ရန်ကုန်စီးပွားရေးနယ်မြေထဲမှာ ရှိနေခဲ့ပါတယ်။ ခိုင်မာတဲ့ ဂျပန်မြန်မာ ဆက်ဆံရေးကို ငွေပြန်ဖော်ဖို့ အချိန်ရောက်ပြီလို့ ထိပ်ပိုင်းဘဏ်အရာရှိက ပြောပါတယ်။ တိုကျိုရဲ့ တာဝန်ခံ ============ တိုကျိုတာဝန်ခံ ၀ါတာနာဘဲဟာ သြဇာရှိအပေါင်းအသင်းများနှင့် နိုင်ငံရေးသြဇာထူထောင်ရာမှာ အစွမ်းထက်ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးဟာ သူ့အတွက် ဒုတိယမြောက် မှတ်တိုင်ပါ။ စစ်ပြီးစက ၀ါတာနာဘဲဟာ ၁၁ နှစ်သားပဲ ရှိပါသေးတယ်။ သူ့အကိုကြီးတစ်ယောက်ကတော့ ကာမီကာဇေ လေသူရဲကောင်းဖြစ်ခဲ့ပြိး အိုကီနာဝါကျွန်းတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ ဒီအကြောင်းကို သူက မိန့်ခွန်းထဲမှာ တစ်ခါတစ်လေ ထည့်ပြောတတ်ပါတယ်။ သူဟာ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဝါရင့်ကြီးဖြစ်ပြီး ၁၉၉၀ ခုနှစ်များမှာ ဂျပန်နိုင်ငံဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ ပထမဆုံးပတ်သက်ခဲ့တာကတော့ ၁၉၈၇ ခုနှစ်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်များကို တိုကျိုမှာ ဧည့်ခံခဲ့ရစဉ်ကပါ။ စစ်ဗိုလ်ချုပ်များက ကျောင်းသားများရဲ့ ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားခဲ့ပေမယ့် ၂ နှစ် အတွင်းမှာပဲ နာကာဆိုနဲဟာ ၀ါတာနာဘဲကို မြန်မာပြည်နဲ့ တရားဝင်မဟုတ်သော ဆက်ဆံရေးများထူထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ၀ါတာနာဘဲရဲ့ အာဏာရှင်များကို ထောက်ခံမှုဟာ ဘယ်တုန်းကမှ တွေဝေယိမ်းယိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာပြည်မှာတရားဥပဒေကိုထိန်းသိမ်းဖို့ စစ်အာဏာရှင်စနစ်ကလွဲပြီး တခြားရွေးစရာမရှိခဲ့ပါဘူး လို့ ရင်းနှီးမြှပ်နှံမှုများရရှိဖို့ သူကိုယ်တိုင်ထူထောင်ခဲ့တဲ့ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့အစည်းရဲ့ website မှာ ရေးသားထားပါတယ်။ သူဟာ သမ္မတ ဦးသိန်းစိန်ကို ၁၉၉၆ ခုနှစ်က ရှမ်းပြည်နယ်ကို ဆေးရုံသုံးပစ္စည်းများပေးပို့တဲ့ လမ်းခရီးမှာ နယ်မြေခံ တပ်ရင်းမှူးအနေနဲ့ တွေ့ခဲ့ပါတယ်။ ဒီနောက်မှာ ဗိုလ်ချုပ်က သူ့ကို ဂေါက်ရိုက်ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီတစ်ချိန်ပဲ ပျော်စရာရှိခဲ့တာပါလို့ ၀ါတာနာဘဲက တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ဦးသိန်းစိန်ဟာ ဂေါက်သီးရိုက်တော်ပါတယ်။ စစ်ဝတ်စုံနဲ့ဆိုရင် ဦးသိန်းစိန်ဟာ တကယ်ကြည့်ကောင်းပါတယ် တဲ့။ ဒါဟာ လယ်သမားမိသားစုမှာ မွေးဖွားခဲ့ပြီး နှစ် ၄၀ လောက်စစ်မှုထမ်းခဲ့တဲ့ ဦးသိန်းစိန်အတွက် ပုံမှန်မှတ်ချက်တော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်ဟာ ၂၀၀၇ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ စာဂျပိုးပုံပေါက်နေတဲ့ ဗိုလ်ချုပ်ဟာ စစ်တပ်က အစိုးရထဲမှာ နေရာရဖို့ အာမခံခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ပထမဆုံးအရပ်သား သမ္မတဖြစ်လာခဲ့ပါတယ်။ သံတမာန်ဆက်ဆံရေး ပျက်ပြားမှု ================== ၀ါတာနာဘဲရဲ့ စိတ်ကြိုက်ဆက်ဆံမှုတွေဟာ တစ်ခါတစ်လေမှာ ဂျပန်နိုင်ငံခြားရေးဌာနကို ကမောက်ကမ ဖြစ်စေတတ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂမ်းဘဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ညစာဖိတ်ကျွေးခဲ့ပါတယ်။ ဒါဟာ ၁၆ နှစ်အတွင်းမှာ ပထမဆုံးအဖြစ် နှစ်နိုင်ငံထိပ်ပိုင်း သံအရာရှိများတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဂမ်းဘက မြန်မာပြည်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် ဂျပန်က ရင်းနှီးမြှပ်နှံမှုအသစ်တွေလုပ်ပါမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီညမှာပဲ နေပြည်တော်မှာ ၀ါတာနာဘဲကို သမ္မတဦးသိန်းစိန်က မြေပုံထုတ်ပြခဲ့တာပါ။ ဒါပေမယ့် ၀ါရင့် အာဏာပွဲစားကြီးကတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုံးဝကွဲပြားတဲ့ တုန့်ပြန်မှုကို ပေးခဲ့ပါတယ်။ သမ္မတသစ်က ၀ါတာနာဘဲကို ထိုင်းတွေ မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ ထားဝယ်မှာ စီးပွားရေးဇုံဆောက်ဖို့ ပြောခဲ့ပါတယ်။ဦးသိန်းစိန်ဟာ တရုတ်ပြည်က ထောက်ပံ့ပေးနေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုလည်း ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ရပ်ဆိုင်းပေးခဲ့ပါတယ်။ ဒါကလည်း ဂျပန်တွေအတွက် တံခါးပွင့်သလိုဖြစ်စေပါတယ်။ ဦးသိန်းစိန်က ၀ါတာနာဘဲစံ - မင်းကိုပေးစရာတခုရှိတယ် လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ အတွင်းရေးမှုးကို စာရွက်စာတမ်းတွေယူလာဖို့ ပြောလိုက်ပါတယ်။ ဒါဟာ သီလ၀ါစီမံကိန်း ဘယ်လိုဖြစ်လာသလဲဆိုတာပါပဲလို့ ၀ါတာနာဘဲက ပြန်ပြောပြပါတယ်။ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးနဲ့ နေပြည်တော်သမ္မတရုံးကတော့ ဦးသိန်းစိန်ဟာ ၀ါတာနာဘဲနဲ့တွေ့ဆုံခဲ့ခြင်းအပေါ် နှုတ်ဆိတ်နေပါတယ်။ ၂၀၁၁ အောက်တိုဘာမှာ တိုကျိုကို အစည်းအဝေးတက်ဖို့ ပြန်လာတဲ့ဝါတာနာဘဲက နိုင်ငံခြားရေးဝန်ကြီး ဂမ်းဘနဲ့ အဆက်အသွယ်ရှိပါတယ်တဲ့။ ကျွန်တော်က ဂမ်းဘကို နှစ်မကုန်ခင် မြန်မာပြည်ကို သွားရောက်ပြီး သီလ၀ါစီမံကိန်းကို လုပ်ဖို့နီးစပ်နေကြောင်း ပြပါလို့ ပြောလိုက်ပါတယ်။ သူဒီလိုမလုပ်ခဲ့ဘူးဆိုရင် ဒါဟာ နှစ်ဘက်အစိုးရပိုင်းရဲ့ တရားဝင်စီမံကိန်းဘယ်ဟုတ်ပါ့မလဲ တဲ့။ ဂမ်းဘကို ဖိအားပေးဖို့အတွက် ၀ါတာနာဘဲဟာ ကုန်သွယ်ရေးဝန်ကြီး ယူကီအို အဒါနို နဲ့ ဒီမိုကရက်ပါတီမှာ သြဇာရှိတဲ့နိုင်ငံရေးသမား ယိုရှီတို စန်ဂိုကုတို့ကိုလည်း မြန်မာနိုင်ငံကို မြန်နိုင်သမျှ မြန်မြန်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနကိုသွားပြီးတော့ အဒါနိုက မြန်မာပြည်ကို သွားရောက်ဖို့ ကတိပေးလိုက်ပြီလို့ ပြောလိုက်ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးထက်အရင်ရောက်သွားတယ်ဆိုရင် ဂမ်းဘက မျက်နှာပျက်ရပါတော့မယ်။ ဒါကြောင့်လည်း ဒီဇင်ဘာလထဲမှာ မြန်မာပြည်ကို သူရောက်သွားတာပေါ့တဲ့။ အကြွေးများ လျှော်ပစ်ခြင်း ============== မတ်လထဲမှာ ၀ါတာနာဘဲဟာ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ နာကာဆိုနဲနဲ့ တရုတ်ပြည်ကို ဖိအားပေးရာမှာ နာမည်ကြီးခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တာရို အစို တို့ဖြစ်ကြပါတယ်။ ဒီအဖွဲ့မှာ အငြိမ်းစား အစိုးရအဖွဲ့ဝင်များနဲ့ ကုန်သွယ်ရေးလုပ်ငန်းကြီးများဖြစ်တဲ့ မာရူဘဲနိ နဲ့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတွေက အုပ်ချုပ်သူများပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ အထောက်အပံ့တွေပေးအပ်ရာမှာ ထိထိရောက်ရောက်ပုံဖော်နိုင်အောင် တစ်နွေလုံးလုပ်ဆောင်ခဲ့ကြပါတယ်။ ၀ါတာနာဘဲက အကြွေးတွေလျှော်ပစ်ဖို့ကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန အဆက်အသွယ်တွေကို သုံးပြီးလုပ်ပေးခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့ - နေပြည်တော် ညစာစားပွဲအပြီး ၆ လ အကြာမှာ ဘဏ္ဍာရေးဝန်ကြီးဌာနက အကြွေးတွေရဲ့ ၆၀%ကို လျှော်ပေးခဲ့ပါတယ်။ ၀ါတာနာဘဲက သူ့အနေနဲ့ အကုန်လုံးတောင် လျှော်ပစ်ဖို့တိုက်တွန်းခဲ့တာပါတဲ့။ ဒါပေမယ့် ပဲရစ်အဖွဲ့ဝင် အကြွေးရှင်နိုင်ငံများက တင်းခံနေခဲ့လို့ပါ တဲ့။ ဒီအထောက်အပံ့တွေပေးတဲ့အထဲမှာ ပါဝင်ဆောင်ရွက်သူများက တိုကျိုဟာ အကြွေး ၃.၇ ဘီလီယံဒေါ်လာကို ချေပစ်ပြီး ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်များက အကြွေးတွေကို ပြန်ဆပ်ဖို့ ဒေါ်လာသန်း ၉၀၀ ကိုလည်း တိုကျိုမီဆုဘီရှီ UFJ ဘဏ်ကတဆင့် ထပ်ချေးဦးမှာတဲ့။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ က တာဝန်ရှိသူတွေဟာ ဂျပန်ရဲ့ လျှင်မြန်နှုန်းကို အံ့သြသွားကြပါတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဂျပန်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သူတို့ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့လည်း ပြောလိုက်ပါသေးတယ်တဲ့။ ဂျပန်ကကြွေးတွေလျော်ပစ်တာဟာ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲစေဖို့ အဓိကနည်းလမ်းအဖြစ်သုံးခဲ့တာမို့ တခြားအလှုရှင်ထပ်ရှာဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့်လည်း တခြားပါတီများကို ဖိတ်ခေါ်ပြီး ဒီကိစ္စကို ရှေ့အပတ်မှာ ဆွေးနွေးကြပါလိမ့်မယ်။ အမည်ပျက်စာရင်းဝင် လက်ဝါးကြီးအုပ် စီးပွားရေးသမားများ =============================== မတ်လမှာ တိုကျိုနိုင်ငံရေးသမားများဟာ အမေရိကန်က နာမည်ပျက်စာရင်းသွင်းထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်နှင့် လက်တွဲခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်ဟာ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့ထူထောင်တဲ့ပွဲမှာ အဖွင့်မိန့်ခွန်းပြောဖို့ ဂျပန်ကိုလာရောက်ခဲ့ပါတယ်။ သူဟာ အိဒါနို၊ ဆန်ဂိုကူ၊ နာကာဆိုနဲ တို့နဲ့ အနီးကပ်ဆုံတွေ့ခဲ့ပါတယ်။ စက်မှုနိုင်ငံထူထောင်ဖို့ဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ်လို့ ဦးဝင်းအောင်က ပြောပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ၀န်ကြီးအိဒါနို ရဲ့ သီလ၀ါစီမံကိန်းအပေါ် ထောက်ပံ့မှုကို အလွန်အမင်းဝမ်းသာပါတယ် တဲ့။ ဦးဝင်းအောင်ဟာ ဒဂုံ ကုမ္ပဏီကိုပိုင်ဆိုင်ပြီး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းမှာ ဦးဆောင်သူဖြစ်ပါတယ်။ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းဟာ နေပြည်တော်တည်ဆောက်ရေးမှာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ လုပ်ငန်း ၈ ခုထဲက တစ်ခုဖြစ်ပါတယ်။ ၀ီကီလိခ်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သံတမာန်များရဲ့ လျို့ဝှက်သတင်းအရ သူဟာ စစ်တပ်အဆက်အသွယ်တွေရဲ့ အကူအညီနဲ့ တားမြစ်ဒေသတွေက ကျွန်းသစ်တွေကို နိုင်ငံခြားတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဦးဝင်းအောင်ဟာ ဒီကိစ္စကို မှတ်ချက်ပေးဖို့ email မှတဆင့်တောင်းဆိုပေမယ့် အကြောင်းမပြန်ပါဘူး။ သူဟာ အမေရိကန်ရဲ့ တားမြစ်ထားတဲ့ နာမည်ပျက်စာရင်းမှာ ပါဝင်နေတာကြောင့် အမေရိကန်များဟာ သူနဲ့အတူလုပ်ငန်းလုပ်ကိုင်ခွင့် မရှိပါဘူး။ ဦးဝင်းအောင်ဟာ သီလ၀ါဆောက်လုပ်ရေးမှာ မြန်မာနိုင်ငံဘက်ခြမ်းက ဘယ်သူပါဝင်ခွင့်ရမလဲဆိုတာကို ဆုံးဖြတ်ပေးမယ့်လူဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတစ်ဦးရဲ့ အဆိုအရတော့ ဦးဇော်ဇော်ပါဝင်ခွင့်ရလိမ့်မယ်လို့ သိရပါတယ်။ ဦးဇော်ဇော်ဟာ စက်မှုလုပ်ငန်းရှင်ဖြစ်ပြီး အာဏာရှင်များနဲ့နီးစပ်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းများဟာ ကျွန်းသစ်၊ ရာဘာစိုက်ပျိုးရေးများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအထိ ကျယ်ပြန့်ပါတယ်။ သူဟာလည်း အမေရိကန်နာမည်ပျက်စာရင်းဝင်ပဲ ဖြစ်ပါတယ်။ ဦးဇော်ဇော်ဟာ ဂျပန်ကားဟောင်းများ တင်သွင်းခြင်းဖြင့် ချမ်းသာလာခဲ့ပြီး သူ့ရဲ့ Max-Myanmar တံဆိပ်တပ်ထားတဲ့ ထရပ်ကားတွေ ကို သီလ၀ါဒေသမှာ မြင်နေကြရပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးထားခြင်း ======================== နိပွန်ဖောင်ဒေးရှင်းကို ပိုင်ဆိုင်တဲ့ ယိုဟေးအိ ဆာဆာကာဝါဟာလည်း ၀ါတာနာဘဲရဲ့ မြန်မာဖွင့်ပွဲကို ကူညီခဲ့ပါတယ်။ ဖောင်ဒေးရှင်းကို စစ်ပြီးခေတ်ဂျပန်မှာ သြဇာကြီးပြီး အရှည်မျှော်တွေးတတ်တဲ့ နိုင်ငံရေးဆရာကြီး ဖြစ်ခဲ့သူ ဆာဆာကာဝါရဲ့ ဖခင်ကထူထောင်ခဲ့တာဖြစ်ပါတယ်။ ဆာဆာကာဝါက မြန်မာပြည်ကို စိတ်ဝင်စားနေတာကြာခဲ့ပါပြီ။ သူဟာ ၀ါတာနာဘီ၊ ဆန်ဂိုကုတို့နဲ့အတူ သီလ၀ါကိစ္စကို ဦးသိန်းစိန်နဲ့ ဂျုလိုင်လအတွင်းက ထပ်မံညှိနှိုင်းပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီနေရာမှာ ဆာဆာကာဝါက အာဏာရှင်လက်ထက်မှာ နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေခဲ့တဲ့ လူနည်းစုတိုင်းရင်းသားများဒေသမှာ အထောက်အပံ့အကူအညီတွေ ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီလူနည်းစုတွေဟာ အစိုးရသစ်က ငြိမ်းချမ်းရေးကို ရည်ရွယ်ကြောင်း နားလည်ဖို့လိုမယ်လို့ သူကပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။ နှစ်နိုင်ငံသဘောတူညီချက်များကို သြဂုတ်လအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာဘက်က ဦးဝင်းအောင်က စက်မှုဇုံကို ဦးဆောင်အကောင်အထည်ဖော်နေပြီး ဂျပန်ဖက်ကတော့ infrastructures များကို အကြမ်းရေးဆွဲနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတော့ စစ်တပ်ကကျောထောက်နောက်ခံပေးထားတဲ့အစိုးရနဲ့ ဒီလိုရင်းနှီးမြှပ်နှံမှုတွေလုပ်ကိုင်တဲ့အပေါ် မစိုးရိမ်ပါဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်မှာတောင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို ထောက်ခံတဲ့အပြင် အနောက်နိုင်ငံများကိုလည်း ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ကို တောင်းဆိုနေပါပြီ။ ပါတီရဲ့ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဟန်သာမြင့်က ကျွန်တော်တို့ လုံးဝမစိုးရိမ်ပါဘူး။ အရေးကြီးတာက ဒီရင်းနှီးမြှပ်နှံမှုတွေနဲ့ အကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိ၊ မရှိဆိုတာပါပဲ တဲ့။ အာဏာရှင်ဟောင်းများနဲ့လက်တွဲခဲ့တဲ့ လက်ဝါးကြီးအုပ်စီးပွားရေးသမားများနဲ့ သီလ၀ါစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဂျပန်ကုမ္ပဏီများလည်း နာမည်ပျက်ကိန်းရှိနေတာကို ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ ဘာမှတ်ချက်မှ ချမှာမဟုတ်ပါဘူး။ သီလ၀ါဖွံ့ဖြိုးရေးစီမံကိန်းဟာ မြန်မာအစိုးရဖက်က စတင်ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်အစိုးရများက စဉ်းစားဆဲဖြစ်ပါတယ်။ ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ဆုံးဖြတ်ချက်အတိအကျ ချမှတ်နိုင်ခြင်းမရှိသေးပါဘူး လို့ ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆာဂိ ဆာကာအိက ဆိုပါတယ်။ တိုကျိုရုံးခန်းမှာတော့ မြန်မာပြည်မှာ စောစီးစွာ ၀င်ရောက်ရင်းနှီးမြှပ်နှံမယ့်သူများအနေဖြင့် ကြုံနိုင်ချေရှိတဲ့ ဆုံးရှူံးမှုများအကြောင်းကို မေးတော့ ၀ါတာနာဘဲက ပုခုန်းတွန့်ပြပါတယ်။ ဒီလိုစိုးရိမ်နေတဲ့ ကုမ္ပဏီရှိနေတယ်ဆိုရင် ဂျပန်မှာနေခဲ့ပေါ့။ ဒါ သူတို့ဘာသာ ရွေးရမှာပဲ တဲ့။ ( အန်တိုနီ စလိုကော့စကီးရေးသားပြီး ဂျေဆန်ဇွိ နှင့် အောင်လှထွန်း (ရန်ကုန်)၊ ဆီဘရှန် မိုဖက် ( ဘရာဇီး)၊ အန်ဒရူးကွင်း (၀ါရှင်တန်)၊ မာတင်ပက်တီ (ဘန်ကောက်) တို့ ပူးပေါင်းတင်ပြသည်။ ကီဗင်ကရိုလစ်ကီ၊ ဘေလ်တာရန့်၊ မိုက်ကယ်ဝီလီယံ တို့မှ တည်းဖြတ်သည်။) ဒီဆောင်းပါးကို ဖတ်ပြီး ကမ္ဘာစစ်ကတည်းက ငယ်နိုင်ဖြစ်ခဲ့တဲ့ဂျပန်အပေါ် အမေရိကန်တွေ ဘယ်လောက်မနာလိုဖြစ်ပြီး ဆွေ့ဆွေ့ခုန်နေသလဲဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။ အမေရိကန်အစိုးရရဲ့ နှေးကွေးလေးလံမှုကိုလည်း မသိမသာ အပြစ်တင်သံပါနေပါတယ်။ ဂျပန်တွေရဲ့ လှပညင်သာတဲ့ ကစားနည်းတွေကိုလည်း မြင်ခွင့်ရပါတယ်။ တဆက်တည်းမှာပဲ စီးပွားရေးပိတ်ဆို့မှုတွေဟာ အစိုးရနဲ့ ခရိုနီတွေကို အခုအချိန်အထိ ဘယ်လိုမှ ထိရောက်မှုမရှိခဲ့ဘူးဆိုတာကိုလည်း သက်သေထင်ရှားတွေ့ရပါတယ်။ ဟိုတလောက ဗိုလ်ချုပ်ဟောင်းတွေဟာ စီးပွားရေးသမားတွေနဲ့တွဲပြီး လုပ်ကိုင်နေကျမို့ အတွေ့အကြုံရှိနေပါပြီလို့ ပြောသွားတဲ့သူကိုလည်း ဓါးပြတိုက်တာလည်း စီးပွားရေးလုပ်တာပဲလားလို့ မေးချင်ပါသေးတယ်။ မိန်းကလေး ချောချောလေးမို့ ချစ်သူ ခင်သူ ၀ိုင်းဝိုင်းလည်နေတာ ဂုဏ်ယူစရာကောင်းချင်ကောင်းမှာပေမယ့် မိန်းကလေးမဟုတ်ပဲ နိုင်ငံတခုဖြစ်နေတဲ့အတွက် ခွေးသေကောင် လဒ၀ိုင်းဆွဲနေသလို ခံစားရပါတယ်။ ဒီလောက်အခြေအနေဆိုးနေတဲ့အထိအောင်တောင်မှ ပိတ်ဆို့မှုတွေဆက်ထားပေးဖို့ တောင်းဆိုနေသေးတဲ့ ပြည်ပအတိုက်အခံမြန်မာအချို့ရဲ့ မျောက်ပြဆန်တောင်းတဲ့ စိတ်ဓါတ်တွေကိုလည်း အော့နှလုံးနာမိပါတယ်။ ကိုယ်မစွမ်းနိုင်သေးတာမို့ သူများစီမံသလိုခံကြရပေမယ့် စွမ်းလာတဲ့တနေ့ ကိုယ်အားကိုယ်ကိုးပြီး စီမံနိုင်ဖို့ရည်ရွယ်ကြိုးစားနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ ဘာသာပြန်သူ -- သန္တာဝင်း (၀၇.၁၀.၁၂) ကိုးကား။ ။

အစားတလုပ်နဲ့...မယားလုပ်ကြတဲ့ ကုလားတရုတ် ကဒေါ်တွေဖြစ်ရတယ်လို့ 

မြွေရဲ့ အဆိပ်ကြောင့် ဘာလို့ လူသေလဲ

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ အကျိုးအမြတ် ခံစားခွင့်ရရှိရေး ကျေးရွာ ၂၅ ရွာမှ ဒေသခံများ တောင်းဆို


(နိရဉ္စရာ- ၃၁ သြဂတ်စ် ၂၀၁၃) / မောင်ရမ္မာ
 နှမ်းဖဲတောင် ကျေးရွာတွင် လူထု 
စည်းပွဲ ပြုလုပ်နေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
နှမ်းဖဲတောင် ကျေးရွာတွင် လူထု စည်းပွဲ ပြုလုပ်နေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များကို ဒေသခံများ ခွဲဝေ ခံစားခွင့်ရရှိရေး အတွက် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ ရွာမှ ဒေသခံများက အစည်းအဝေး တစ်ရပ်ပြုလုပ်ကာ တောင်းဆို လိုက်သည်။
ကျောက်ဖြူမြို့နယ် နှမ်းဖဲတောင် ကျေးရွာတွင် သြဂတ်စ်လ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် လူထု ဆွေးနွေးပွဲမှ ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း  အစည်းအဝေး တက်ရောက်ခဲ့သူ ဦးထွန်းလွင်က နိရဉ္စရာ သို့ ပြောသည်။
“ ကျွန်တော်တို့ ရခိုင်ပြည်နယ်က ထွက်တဲ့ သတာဝဓာတ်ငွေ့တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က စပြီး တရုတ်နိုင်ငံကို  စ ပို့လွှတ်နေပြီ ဖြစ်ပါတယ်။ အဲဒီဓာတ်ငွေ့ရောင်းရတဲ့ အကျိုးအမြတ်တွေကို ပိုက်လိုင်းဖြတ်သွားလို့ ဆုံးရှုံး နစ်နာသွားတဲ့ ဒေသခံကျေးရွာသားတွေ အနေနဲ့ ခွဲဝေ ခံစားနိုင်ခွင့်ရရှိရေး  အတွက် ခုလို လူထု စည်းဝေးပွဲလုပ်ပြီး တောင်းဆိုတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ဒေသခံ လူထု အနေဖြင့် နိုင်ငံတော် သမ္မတအထိ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း၊  အစည်းအဝေးတွင် အဓိက အချက် (၈) ချက်ကို တောင်းဆိုသွားရန် ဆုံးဖြတ် ခဲ့ကြကြောင်း ဦးထွန်းလွှင်က ဆိုသည်။
သမ္မတထံ တင်ပြတောင်းဆိုသည့် နေ့မှစ၍ ရက်ပေါင်း ၂၀ အတွင်း တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိပါက ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ကာ ဆက်လက် တောင်းဆိုသွားမည်ဟု သူက ပြောသည်။
နှမ်းဖဲတောင်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးသို့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ကျေးရွာများ ဖြစ်ကြသည့်  ကြတ္တိန်၊ သပြုတောင်၊ မင်းပြင်၊  သဖန်းချောင်း စသော ကျေးရွာပေါင်း (၂၅)  ကျော်က ဒေသခံ လူထု ၂၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓါတ်ငွေ့ကို တရုတ်သို့ တင်ပို့ ရောင်းချခြင်းဖြင့်  မြန်မာ အစိုးရ အနေဖြင့် နှစ်ပေါင်း (၂၀) အတွင်း အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံ ရရှိမည် ဖြစ်သော်လည်း ရခိုင်ပြည်သူများမှာ တစ်စုံတစ်ရာ အကျိုးခံစားခွင့် မရရှိဘဲ ဖြစ်နေသဖြင့် ရခိုင်ပြည်သူများ အကြားတွင် မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။
ရွှေသဘာဝဓါတ်ငွေ့မှ ရရှိသည့် အကျိုးအမြတ်ကို ခွဲဝေ ခံစားခွင့် ရရှိရေးအတွက် ဒေသခံများ အနေဖြင့် ၂၀၁၃ ခု ဇူလိုင်လ ၁၁ ရက်နေ့က လိပ်ခမော်ကျေးရွာတွင် တကြိမ်၊ ၂၀၁၃ ခု ဇူလိုင်လ ၂၂ ရက်နေ့က ကြတ္တိန် ကျေးရွာတွင်တကြိမ် လူထုဆွေးနွေးပွဲများ ပြုလုပ်ကာ တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာ မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။   NARINJARA

ကျောင်းသစ်ဆောက်လုပ်ပေးသော်လည်း စာသင်ခုံ မရှိ၍ ကျောင်းသားများ အခက်ကြုံ


BAJ
ကျောင်းသား ကျောင်းသူ ၂၅၀ ကျော်ရှိသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာ၏ စာသင်ကျောင်းသစ်တွင် စာသင်ခုံများ မရှိသဖြင့် ကျောင်းသားများ စာသင်ကြားရန် အခက်ကြုံနေကြရသည်ဟု သတင်း ရရှိသည်။
BAJ ၏ အကူအညီဖြင့် ခေတ်မီ မူလတန်း ကျောင်းသစ် တစ်ဆောင်အား ရွာချောင်းကြီး ကျေးရွာတွင် များမကြာမီက ဆောက်လုပ်ပေးထားသော်လည်း စာသင်ခုံ တစ်ခုံမျှ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်နေကြရသည်ဟု ဒေသခံ ကျောင်းသား မိဖများက ပြောသည်။
ရွာချောင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသိန်းကျော်အား နိရဉ္စရာက ဆက်သွယ် မေးကြည့်ရာ စာသင်ခုံများ အထက်သို့ တင်ပြ တောင်းထားသော်လည်း ယခုထက်တိုင် မရောက်သေးကြောင်း ပြောဆိုသည်။
“ စာသင်ခုံ မရှိတော့ ကျောင်းသားတွေ စာသင်ရတာ အခက်အခဲ ရှိနေတဲ့ အတွက် မြို့နယ် ပညာရေးမှူးရုံးကို တင်ပြထားပါတယ်။ အခုအချိန်ထိတော့ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားတာ မရှိသေးပါ” ဟု ဆိုသည်။
စာသင်ခုံများ မရှိသဖြင့် ကျောင်းသား ကျောင်းသူများ အနေဖြင့် သမံတလင်းပေါ်တွင် ထိုင်ပြီး စာသင်ရသဖြင့် ကျောင်းသားများ အနေဖြင့် မကြာခဏ ဖျားနာမူများ ဖြစ်ပေါ်နေသည်ဟု ကျောင်းသား မိဖ တစ်ဦးကဆိုသည်။
“ ကလေးတွေ မကြာခဏ ဖျားနာတာတွေတော့ ရှိပါတယ်။ သမံတလင်းပေါ်မှာ ထိုင်ပြီး တစ်နေ့လုံး စာသင်ရတော့ ကလေးတွေ ကျန်းမာရေး ထိခိုက်နေတာ အမှန်ပါဘဲ။ ဒါပေမယ့် ကျောင်းမတက်ရင် ပညာရေး ထိခိုက်နိုင်တာမို့ နေ့တိုင်း ကျောင်းသွားနေကြရတာပါဘဲ” ဟု ဆိုသည်။
ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံများ မရှိသည်သာမက ဆရာ ဆရာမများ အတွက်လည်း စားပွဲနှင့် ထိုင်ခုံများ မရှိဘဲ ဖြစ်နေသည်ဟု သိရသည်။
ရွာချောင်းကြီးကျေးရွာမှာ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ကလေးဘ၀က နေထိုင်ခဲ့သော ကျေးရွာဖြစ်သဖြင့် အဆိုပါ BAJ ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကျောင်းသူ ကျောင်းသားများ အတွက် စာသင်ခုံ တစ်ခုံမှ မရှိသဖြင့် ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် စာသင်ခုံများ ဆက်လက် ကူညီ လှူဒါန်းပေးစေလိုကြောင်း ကျေးရွာသားများက ပြောဆိုသည်။   NARINJARA

Friday, August 30, 2013

ှုငရို့ကံကြမ္မာဆိုစွာ ဗေဒင်ဆရာလက်ထဲမာဟိစွာမဟုတ်။ ငရို့ကံကြမ္မာဆိုစွာ ငရို့လက်ထဲမာရာဟိရေ။ ကိုင်း ရခိုင်ရို့ ဇာလုပ်ကတ်ဖို့လေး ဒေကနိ


 

"အချိန်တန်သောနိ့ရက်"

ရာစုနှစ်ခုကျော်သကြစ်ထဲက
ဒုက္ခကိုမွီးရာပါတစ်ခုပိုင်ခံစားလို့
အဖုံးအဖိခံ"ကျွန်"ဘ၀နန့်
ငရို့အဖိုးအဖီးရို့သီဆုံးခကတ်တေ
နှစ်ပေါင်းထောင်ချီ
တော်ဝင်ရေငရို့သမိုင်းတိ
ရည်ရွယ်ချက်ဟိဟိဖျက်စီး
ငရို့...အဖိုးအဖီးတိသွီးချောင်းစီးခကတ်တေ။
ငရို့...ရိုးမရင်အုံထဲက
ငရို့...ပိုင်ဆိုင်သမျှ
အသားကိုလေ့ယူ၊အဆီကိုလေ့စုပ်
လူရုပ်မပေါက်ယောင်
မွှီနှောက်ပစ်ခကတ်တေ။
စာပီ၊အက္ခရာ၊ယဉ်ကျေးမှု၊ရိုးရာအမွ
သမိုင်းခြီရာတိလက်စလက်နမကျန်
"ကျွန်"ပြုခံလူတန်းစားတစ်ရပ်လို
နလန်မထူနိုင်အောင်
သတ်မှတ်ပစ်ခကတ်တေ။
ငရို့...ဘဝ
ငရို့...အသက်
ငရို့...မျိုးဆက်တိကိုစားသုံး
သဇင်ပန်းတိလူဖြစ်ယှုံးအောင်
အမျိုးစောင့်သမိုင်းကို
ကြက်ခြီခတ်ပစ်ခကတ်တေ။
ခံစားချက်တစ်ခုဧ့
ယိုဖိတ်စီးကျမှုအတွက်
ပြုလုပ်သူနန့် ပြုလုပ်ခံရသူအကြား
ပေါက်ဖွားလာသောဇာတိမာန်
ငရို့...တိအတွက်
အတ္တလို့မစွပ်စွဲလီကေ့။
တန်ပြန်သက်ရောက်မှုတစ်ခုဧ့
ထံပြန်ခံစားမှုဟိလာခါ
နောင်တဆိုစွာမထိုက်တန်လို့
သမိုင်းကြွီးကို လိုင်ခြောင်းသွီးနန့်
ပီးဆပ်နိုင်ဖို့....
မင်းရို့တိဖက်ကရာ
အဆင်သင့်ဖြစ်ပါစီ။ ။

တဂိုးခိုင်( အာရက္ခမြီ)

မလေးရှားက အံ့ဖွယ် UN - ရိုဟင်ဂျာ ကဒ် . .


*****************************
မလေးရှားမှာ မနေ့က အော်ပရာစီ ၀င်တီးတာ
ကျနော်တို့နားလေးကကို လူတစ်ရာလောက်ပါသွားတယ်။

သူတို့ပြောတာတော့ over stay တွေများနေလို့တဲ့။
မလေးရှားနိုင်ငံက တရုတ် သတင်းစာ Sin-Chaw မှာတော့
အိုဗာစတေးသမားကို ခိုင်းထားတဲ့ အလုပ်ရှင်ကို စစ်ဆေးတွေ့ရှိလို့ရင်
ဒဏ်ငွေအဖြစ် မလေးငွေ တစ်သိန်း ရိုက်မယ်လို့ ပါတယ်။

အခုဆိုရင် မြန်မာ အို သမားတွေ အရမ်းကြောက်နေရပြီဗျ။

အဲဒီမှာပဲ မူဆလင်အဖွဲ့ တစ်ချို့တွေက
မြန်မာတွေကို UN ကဒ်လုပ်လို့ရတယ် ဆိုပြီး ခေါ်နေတယ်။
ကျနော်ဝင် စပ်စုကြည့်လိုက်တော့ ကဒ်
မှာ ရေးထားတာက လူမျိုး ရိုဟင်ဂျာ၊ ကိုးကွယ်သည့် ဘာသာ- အစ္စလာမ် တဲ့။

သူတို့မှာ အကြံတော့ ရှိမယ်ထင်တယ်။
မြန်မာတွေကို အဲသည်ကဒ်လုပ်ဖို့ လိုက်လုပ်ပေးနေတာ။
ပိုက်ဆံလဲ မကုန်ရဘူးတဲ့။

မဲဆွယ်တာကတော့ ပြောမနေနဲ့ဗျာ။
ဒီကဒ်လေးရှိထားရင် ကားဝယ်လို့ရတယ်။
ဆိုင်ကယ်ဝယ်လို့ရတယ်။
ဘယ်ရဲကမှ မဖမ်းရဘူး ဆိုတာတွေရော ရှုပ်ရှက်ကို ခတ်နေတာပဲ။
ကဒ်လုပ်တာလဲ နေ့ချင်းရသတဲ့။

ဆြာကွန်းရေ ဒါလေးကို စတေးတပ်လေး တင်ပေးပါအုန်းဟ။
အခုတော့ ကျနော်အပြင်ကို ခဏတဖြုတ်ထွက်ပီး ထပ်လေ့လာကြည့်လိုက်ဦးမယ်။
တာ့တာ . . .

( မလေးရှားမှ ညီငယ်လေးတစ်ယောက်ရဲ့စာကို စာအသွားလာ အနည်းငယ် ရှေ့နောက် အစီစဉ်ကျအောင် ပြန်စီပြီး တင်ထားပါတယ် )

__________________________________________-

ကွန်းဇော် အညာမြေ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)A
— with Tha Ha Zar Ta and 17 others.
Like · · · 9 hours ago ·

Banana Farm To Port

Thursday, August 29, 2013

အားလုံး သတိ ထား ကြ ဖို့ ပါ

Wednesday, August 28, 2013

ဗိုက်ပူသူများ အလွယ်တကူ ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ

ဝမ်းဗိုက်ပူသူ တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် တွေကို မစားမိအောင် မဆင်ခြင်နိုင်ကြသလို လေ့ကျင့်ခန်း လုပ်ဖို့လည်း ပျင်းရိတတ်ကြ ပါတယ်။ အောက်ပါ လေ့ကျင့်ခန်းတွေက အလွယ်တကူ လုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျ စေပါတယ်။

ကြွက်သား သန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ

ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေ ပါတယ်။ ဇီဝဖြစ်ပျက်မှု ကောင်းတာက အဆီတွေ လျင်လျင်မြန်မြန် လောင်ကျွမ်း စေပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေ ကို လောင်ကျွမ်းသွားစေပြီး ကြွက်သား တွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းလုပ် ပါ။ ခန္ဓာကိုယ် အလေးချိန်က ၁၄၅ ပေါင် ဖြစ်ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။

မှန်ကန်သော ခါးကွင်း လှည့်နည်းအတိုင်း လှည့်ပါ

လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်း လှည့်တဲ့အခါ လှုပ်ရှားမှု ပုံစံသုံးမျိုးနဲ့ ပြု လုပ်ဖို့ အကြံပေး ထားပါတယ်။ ဝမ်းဗိုက် က အဆီတွေကို ချဖို့ ခါးကွင်းလှည့်တဲ့ အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊ အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှား ပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။

ပေါင်ကြွက်သားများ သန်မာအောင်

လေ့ကျင့်ခန်း လုပ်ရာမှာ ဝမ်းဗိုက် ကြွက်သားတစ်ခုတည်းကို လေ့ကျင့်ခန်း လုပ်တာထက် ခန္ဓာကိုယ်ရဲ့ တခြားနေရာ မှာရှိတဲ့ ဥပမာ-ပေါင်ကြက်သား၊ ရင်အုပ် ပိုင်ြးွကက်သားတွေကိုပါ လေ့ကျင့်တာက ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေတာ ကြောင့် ဝမ်းဗိုက်က အဆီတွေအတွက် ပိုမိုထိရောက်မှု ရှိပါတယ်။

ယောဂလေ့ကျင့်ပါ

ယာဂလေ့ကျင့်မှုက ဝမ်းဗိုက်ချပ် ရပ်အောင် ကူညီပေးနိုင်ပါတယ်။ ဝမ်း လျားမှောက်ပြီး လက်တံတောင်ကို ထောက်ထားပါ။ ခြေဖျားတွေကို ထောက်ထားပြီး ခန္ဓာကိုယ်နဲ့ ကြမ်းပြင် မထိဘဲ အပြိုင်အနေအထား မျိုးနေပါ။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ရှူသွင်း ရှူထုတ် ငါးကြိမ်ပြုလုပ်ပြီး ခဏနားပါ။ လေ့ကျင့်မှုကို ၁၀ ကြိမ်ပြုလုပ်သင့်ပါ တယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

စိတ်ဖိစီးတာကြောင့် ကော်တီဇော ဝမ်းဗိုက်မှာ အဆီတွေကို စုစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက စိတ် ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။အသက် ရှူသွင်းတဲ့အခါ တစ်ကနေငါးအထိ စိတ် ထဲမှာ ရွတ်ပြီး အသက်ပြန်ရှူထုတ်တဲ့အ ခါ တစ်ကနေ၁၀အထိ ရွတ်ပါ။ ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။

အချိန်မပေးရဘဲ အလုပ်လုပ် အသက်အောင့်ပြီး လေ့ကျင့်ပါ

ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။ အချိန်မပေးရဘဲ အလုပ်လုပ် ရင်း၊ စာဖတ်ရင်း၊ အိမ်မှုကိစ္စတွေ လုပ်ရင်းနဲ့ သက်သောင့် သက်သာပဲ လေ့ကျင့်နိုင်ပါတယ်။ အသက်အောင့်ပြီး ဝမ်းဗိုက် ကို ရှပ်ထားလိုက်ပါ။ တစ်ကနေသုံးအထိ စိတ်ထဲက ရေတွက်ပါ။ ပြန်ဖြေလျှော့ပြီး အသက်ရှူပါ။ အလေ့အကျင့် ရသွားတဲ့ အခါ တစ်ကနေ သုံးအထိ ရေတွက်မှုကို သီးသန့်လုပ်စရာမလိုဘဲ လေ့ကျင့်မှု ပြု လုပ်နိုင်ပါလိမ့်မယ်။

ချွေးများများထွက်အောင် လေ့ကျင့်ခန်း

လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာ ကိုယ်ကို ညှာပြီး ဖြည်းဖြည်းသက်သာ လုပ်နေပါက သင့်ဝမ်းဗိုက်အဆီတွေကို ချနိုင်မှာ မဟုတ်ပါဘူး။ ချွေးထွက်အောင်၊ မောပန်းတဲ့အထိ လေ့ကျင့်ပေးတာက ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်း သွားစေပါတယ်။

စက်ဘီးစီးပါ

ဝမ်းဗိုက်ချပ်ရပ် စေတဲ့ လေ့ကျင့်ခန်း တွေထဲမှာ စက်ဘီးစီးတာလည်း ပါဝင်ပါ တယ်။ ၂၀၁၂ ခုနှစ်မှာ လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ စက်ဘီးစီးလေ့ကျင့် ခန်းလုပ်တာက တခြားလေ့ကျင့်ခန်းတွေ ထက် ဝမ်းဗိုက်က အဆီတွေကို ပိုချနိုင် ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု

ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှ င့်ဗုဒ္ဓသာသနာ

သား ရခိုင် and ခိုင် ဝံသ shared ယမ်းဘီလူး ဇော်ဇော်'s photo.

------------------------------------------------
(ကျားကြီးကျော်ခိုင်အောင်)
မရမာ(မြမ္မာ)ကိုမသိတော့သောရခိုင်သားများ
ဘိုးတော်မောင်ဝိုင်းသည် ငသံဒေ၏ တိုက်တွန်းချက်အရ ရခိုင်ပြည်ကို တိုက်ခိုက်ရန် အတွက် အမတ်ကြီး ရာဇဓမ္မသင်္ကြံနှင့် ဓမ္မသင်္ကြံတို့နှင့် တိုင်ပင်လေသည်။ ရခိုင်ကိုတိုက်ရန် လွန်စွာခဲယဉ်းလှသည် ၀င် ၃၀ ဗန္ဓုလ ဖွဲ့၍ တိုက်မှရနိုင်ပါလိမ့်မည် ဆိုသောကြောင့် ဗန္ဓုလ ၀င် ၃၀ ယောက်ကိုဖွဲ့စည်းလေသည်။ ထိုအချိန်မှစ၍ ဗမာတို့တွင် တဗိုလ်ကျ တဗိုလ်တက် စနစ် ဖြစ်ပေါ်လာလေသည်။
ဗန္ဓုလတပ်သည် ရခိုင်သို့ချီလာလေရာ ရိုးမတောင် ရေပေါ်ကြီးစခန်းတွင် တောင်မင်းကြီး ဗိုလ်ကျော်ထွေးနှင့် တိုက်ပွဲဖြစ်လေသည်။ ဗန္ဓုလကျဆုံး၍ ဗမာတို့နောက်ဆုတ် သွားရလေသည်။ ရေပေါ်ကြီးစခန်းတွင် ၃ ကြိမ်စစ်ဖြစ်ရာ ဗန္ဓုလ ၃ယောက်ကျဆုံးလေသည်။ ကါယသိဒ္ဓိပြီးသော ကျားရေ၀တ် တောင်မင်းကြီး ဗိုလ်ကျော်ထွေး၏ တပ်ကိုမကျော်နိုင်သဖြင့် ရှေ့ကိုတိုးရန် ဗမာတို့ အခက်တွေ့ကြရလေသည်။ ထိုသောအခါ ဗမာတို့သည် နည်းဗျူဟာ တမျိုးပြောင်းလျှက် အလွန်လှသော မြင်းပျိုမတကေါင်ကို မိန်းမတို့၏ ရာသီသွေး မီးနေသွေး မီးနေထဗိန် မျောက်လွဲကျော်သွေး တို့နှင့် စပ်၍ ခမက်မခံ ကြက်ခြေလေးတန် အင်းကို မြင်းခန္ဓာတွင် ရေးသွင်းစီမံလျှက် ရွှေငွေ ပိုးသား အ၀တ်အထည်နှင့် တကွ ဗမာအမတ်တို့သည် တောင်မင်းကြီးထံ ဆက်သလေသည်။ မဗာအမတ်တို့က အရှင်တောင်မင်းကြီးသည် မြင်းစီး ရာတွင် လေအလျှင်ကဲ့သို့ မြန်လွန်းလှသည်ဟု စစ်သားတို့ကဆိုကြသည် အရှင်နှင့် စစ်မက် ဖက်ပြိုင်ရန် မ၀ံ့ကြောင်းလည်း ဆိုကြသည်၊ စစ်ကို ကျေးအေးစေလို၍ အရှင်စီးရန် မြင်းနှင့် တကွ လက်ဆောင် ပဏ္ဍာပါ ဆက်သပါသည်၊ ကျွှန်ုပ်တို့သည်ကါး အရှင်မြင်းစီးသည်ကို မမြင် စဖူး တခဏတာမျှ ဤမြင်းကို စီး၍ပြပါရှင်ဟု ဗမာအမတ်တို့ လျှောက်လေသောအခါ တောင်မင်းကြီး ကျော်ထွေးလည်း မြင်းမငယ်ကို စီး၍မြင်းစီးအတတ်ကို ပြလေသည်။ ကါယသိဒ္ဓိဆေးခံရှိသော ဗိုလ်ကျော်ထွေးမှာ မကေါင်းသော အင်းအိုင်မန္တံနှင့် စီရင်ထါးသော မြင်းမကို စီးမိသည့်အတွက် ခန္ဓာကိုယ်လက် ယားယံသောရောဂါ ဝေဒနာ ကပ်ရောက်၍ တပ်ကိုခေါင်းမဆောင်နိုင် ဖြစ်ရလေသည်။ ထို့ကြောင့် ဗမာတို့သည် ရေပေါ်ကြီးစခန်းမှစ၍ တောင်ဂုတ်မြို့ကိုပါ အလွယ် တကူ သိမ်းယူလေသည်။
တောင်ဂုတ်မြို့မှတဆင့် ဗန္ဓုလတပ်နှင့် ရေကြောင်းမှ ချီလာသော မင်းသားမောင်အောင် တို့၏တပ်သည် စုပေါင်း၍ တိုက်လေရာ ရမ်းဗြဲမြို့ကို အလွယ်တကူ ရရှိလေသည်။ ဗမာတို့၏ စုပေါင်း တပ်သည် ရမ်းဗြဲမြို့မှ ချီတက်လာရာ အောင်ဇုန်မင်း၏သား သက်စံရွှေ နန်းစိုက်ရာ နန်းရာကုန်း(ဇင်ချောင်း) နှင့် ၄ မိုင်ခန့်အကွာ သံထေါင်အရပ် (သံထေါင်ရွာ) တွင် စခန်းချကြ လေသည်။
မင်းသားသက်စံရွှေတပ်နှင့် ဗန္ဓုလတပ်တို့သည် သံထေါင်ကွင်းတွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွား လေသည်။ ဗန္ဓုလကျဆုံး၍ ဗမာတို့ ၈ မိုင်ခန့်ဝေးသော ရေချမ်းကြီးအရပ်သို့ ဆုပ်ခွါသွား လေသည်။ မင်းသား သက်စံရွှေလည်း ဗမာတို့ကို လိုက်လံ၍ တိုက်ခိုက်လေသည်။ ရေချမ်းကြီး အရပ်တွင် နောက်ထပ်ဗန္ဓုလ တယောက်ကျဆုံး၍ ချင်းတောင် ကိုကျော်ကါ ရဗတင် (ရေဗတင်ရွာ) အရပ်သို့တိုင် ဗမာတို့ဆုပ်ခွါ သွားကြလေသည်။ ရေဗတင် နှင့် ရေချမ်းကြီးကြားတွင် ချင်တောင်ကြား ရှိနေသည်။ ဗမာတို့သည် ထိုတောင်ကြားကို မင်းသား သက်စံရွှေနှင့် တပ် အလွယ်တကူ မဖြတ်ကျော်နိုင်ရန် အတွက် ကျောက်မောင်း ဆင်၍ အခိုင်အခန့် နေကြလေသည်။ သက်စံရွှေနှင့် တပ်သည် ကျောက်မောင်းဆင်ထါးသော တောင်ကြားကို အလွယ်တကူ မဖြတ်နိုင်သဖြင့် ချင်းတောင်ကို ကျော်၍ရသော နေရာမှသွား၍ ဗမာတို့ကို တိုက်ရန် လမ်းဖေါက်လေသည်။
ထိုသတင်းကိုရသော မင်းသားမောင်အောင်သည် ကြံရာမရဖြစ်ကါ ငသံဒေနှင့်ချင်းပျံ သားအဖကို ခေါ်၍ အလွယ်တကူ မရနိုင်တကါး အကျအဆုံး များလှသည်ဟု ဆူပူ ကြိမ်းမောင်း ပြောဆိုလေသည်။ ငသံဒေလည်း ရပါစေ့မည် ဟုအာမ၀န္တာ ခံလေသည်။
ထို့နောက် ငသံဒေ သားအဖသည် မိမိနောက်လိုက် လူပေါင်း ၃၀၀ နှင့်အတူ ဗမာတပ်မှ ထွက်ပြေးလာသည် ဟု ပြောဆို၍ သက်စံရွှေတပ်နှင့် ရေချမ်းကြီး အရပ်တွင် ပူးပေါင်း လေသည်။ ညည့်အာရုဏ် မတက်မှီ ၃ ချက်တီး အချိန်တွင် ငသံဒေ သားအဖနှင့် အတူ လိုက်ပါလာကြသော ရခိုင်သား တပ်သည် မင်းသားသက်စံရွှေ၏ တပ်ကို တိုက်ခိုက်လေသည်။ ရေဗတင် အရပ်တွင် စခန်းချထါးသော ဗမာတို့သည်လည်း အချိန်းအချက်အရ ချီလာ၍ ငသံဒေ သားအဖကို ၀ိုင်းကူ၍တိုက်လေသည်။ မင်းသားသက်စံရွှေသည်လည်း အတွင်းရန် အပြင်ရန် ရန်နှစ်ခုကို မခံနိုင်သဖြင့် တပ်ပျက်ကါ ကစင့်ကလျှား ဖြစ်ပြီးလျှင် မင်းဒွတ်တောင်သို့ တက်ပြေးလေသည်။
ထိုအခါ အခွင့်ကေါင်းကိုရသော ဗမာတို့သည် ငသံဒေနှင့် ချင်းပျံနာမည် တို့ကိုသုံး၍ ရမ်းဗြဲကျွှန်းရှိ ရခိုင်ကျေးရွာ မြင်မြင်သမျှနှင့် ဘုရား စေတီ ဇရပ် ကျောင်းကန် မှန်သမျှ တို့ကို ဖျက်ဆီးကြလေတော့သည်။ ထို့ပြင် ဗမာတို့ မေးသောအခါ ရမ်းဗြဲသားတို့မှာ မရမာ ဟုနာမည် ခံကြသည့်အတွက် ဗမာတို့က ငါတို့သည်သာလျှင် မြမ္မာ သင်တို့ကါးကျွှန်မျိုး ဟုဆို၍ စလွယ်တင် မရမာအမျိုး ရမ်းဗြဲသားမှန်သမျှ နို့သောက် တုတ်ထေါက်မကျန် အသတ်ခံကြရ လေတော့သည်။ ပေရွက်တွင် ကျွှန်မျိုးဟု ထုံးနှင့်ရေး၍ လည်တွင်ဆွဲထါးကြရသည်။ ထိုထုံးပျက်ပျယ် ပြန်လျှင်လည်း အသတ်ခံကြရ ပြန်လေသည်။ ထို့ပြင် မရမာ အမည်ခံသူ ဟူသမျှနှင့် စလွယ်တင်သူ မှန်သမျှတို့ကို ဗမာတို့သတ်လေသဖြင့် ရမ်းဗြဲကျွှန်းမှ လူပေါင်း များစွာတို့သည် ရွက်လှေဖြင့် ရမိရရာ ထွက်ပြေး ကြလေတော့သည်။
ဗမာတို့စစ်ချီရာ လမ်းတလျှောက်ရှိ ဘုရား စေတီ ကျောင်းကန်မှစ၍ ရစရာမရှိ လောက်အောင် ဖျက်ဆီးခဲ့ကြ၍ ရမ်းဗြဲကျွှန်းတွင် နှစ်ပေါင်းနှစ်ရာကျော်မှ အပျက်အစီးများကို ဇင်ချောင်း ၀က်တောပြင် ကျေးရွာ အရပ်တွင် ယခုတိုင် တွေ့နိုင်ပါသေးသည်။ ဗမာစစ်ချီရာ လမ်းမကျသော ကန်တိုင်းနယ် နှင့် လေးတောင်နယ် တို့တွင်လည်း စေတီမှအပ အိုးအိမ်တို့ကို အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ကြရ လေသည်။ အောင်ဇုန်မင်း၏ စစ်သူကြီး ကျူသီးယေ ၏ ရွာဖြစ်သော ကျောက်ကလေရွာနှင့် စစ်သူကြီး ရဲမင်းဝံ၏ ရွာဖြစ်သော ၀ှမြှောင်ရွာတို့မှာ စိစိညက်ညက် ဖြိုဖျက်ခြင်းကို ခံရလေသည်။ ဤသို့ဗမာတို့ ယုတ်မာရက်စက် ဖျက်ဆီးသဖြင့် နှစ်ပေါင်း၂၀၀ ကျော်မှ အဆောက်အဦးကို ပြပါဟု ဆိုလျှင် ဗမာတို့ဖျက်၍ မပျက်သော ကျောက်တလုံး ဘုရားသာရှိ နေပေတော့သည်။ (ယခု ဘင်္ဂလာဒေ့နိုင်ငံ အ၀ကျွှန်း (ဘောရိသျှ) နေ ရခိုင်သားတို့က မရမာ ဟု မိမိကိုယ်ကို ယခုထက်တိုင် ပြောနေကြဆဲရှိသည်။ ဆရာမ ဒေါ်စောမြရာဇာလင်း၏ မိခင်ကလည်း မိမိသည် မရမာ ဖြစ်သည်ဟု အတိအကျ ပြောခဲ့ပါသည်။ စာရေးသူ။ )
ရမ်းဗြဲကျွှန်းကို စိစိညက်ညက် ချေဖျက်ပြီးနောက် ဒါးပိုင်ကြီးငသံဒေနှင့် ဗမာတပ်သည် မြောက်ဦးနန်းကို အလွယ်တကူ ၀င်ရောက်သိမ်းယူ ရရှိလေသည်။ ဘိုးတော်ဦးဝိုင်းနှင့် ငသံဒေတို့ ဂတိထါးခဲ့ကြသော ခတ္တိယနွယ်ဖွား သာဂီဝင်မင်းသား မင်းဟရီကို နန်းတင်ရန် ကိစ္စ မပြီးပြတ် သေးမှီ မင်းဟရီမှာ ရှစ်သောင်းဘုရားတွင် အဆိပ်ခတ် ခံရ၍ သေဆုံးလေသည်။
ဗမာတို့သည် ရွှေဘူးပင် ရွှေဘူးသီး နန်းသုံးရတနာ ငမောက်ပတ္တမြား လက်ဝတ် တန်းဆာ အ၀တ်အစား ပါမကျန် ထီးနန်းသုံး ပစ္စည်းတို့ကို ယူဆောင်ကြလေသည်။ ထိုအခါ မခံမရပ်နိုင် ဖြစ်လာကြသော ရခိုင်သားတို့သည် ဗမာပျူ အောက်သားတို့ကို ပြန်၍ တိုက်ရန် လူစုကြလေသည်။ တပ်ပေါင်း ၃၅ တပ်ကို ပြန်လည်၍ စုမိလာသည်။ ငသံဒေနှင့် ချင်းပျံသားအဖကို မယုံကြည် သဖြင့် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သော စလွတ်သရီ ခါးပန်းဒါးဆုကိုရသော ဇုန်ဒတ်ကြီး အဂါဇံ ကို တပ်မင်းခန့်လျှက် ပျို့အောင်ကို ဒုတပ်မှုး ခန့်လျှက် ဗမာတို့ကို တိုက်ခိုက်လေသည်။ ၃ လအကြာတွင် ဗမာတို့သည် ရခိုင်သားတပ်ကို သှည်၍ မတိုက်နိုင်သဖြင့် အမ်းဒလက် အရပ်သို့ဆုတ်ခွါ သွားရလေသည်။
မြောက်ဦးမြို့ကို ပြန်လည်၍ ရရှိသောအခါ ဗမာကိုစစ်နိုင်သော အထိမ်းအမှတ် အဖြစ်ဖြင့် အောင်ပွဲခံ ထမင်းစားပွဲတရပ်ကို ကျင်းပလေသည်။ ထိုထမင်းစားပွဲတွင် ငသံဒေ သည် မိမိသားချင်းပျံကို နန်းတင်လို၍ တပ်မင်းတပ်ဗိုလ်တို့ကို အဆိပ်ခပ်လေသည်။ တပ်မင်းကြီး အဂါဇံမှာ ကါယသိဒ္ဓိပြီးသူ ဖြစ်သောကြောင့် အဆိပ်ထမင်းကို စါးမိသည်နှင့် ခန္ဓာ ကိုယ်လက် ယားယံလေသည်။ အဆိပ်ခပ်သော ငသံဒေ နှင့် ချင်းပျံ သားအဖတို့ သည်လည်း ထွက်ပြေး လေသည်။ ထိုအဆိပ်ခပ်သောပွဲတွင် တပ်မှုးတပ်ဗိုလ် ၄၀၀ ခန့် သေဆုံးသည်ဟု ဆိုကြသည်။ (၀ရဗုဒ္ဓိ)
ရခိုင်အချင်းချင်း အောင်ပွဲခံ ထမင်းစားပွဲ၌ အဆိပ်ခပ်၍ သေသည့်သတင်းကို ရသော ဗမာတို့သည် အမ်းမှမြောက်ဦးမြို့သို့ ပြန်၍ ချီတက်လာလေသည်။ ဤအခါတွင်မူ အမ်းနှင့် မြောက်ဦး လမ်းတလျှောက် ရှိရှိသမျှ ခတ္တိယ အမျိုး မရမာ အမည်ခံ စလွယ်တင် ရခိုင်သား မှန်သမျှတို့ကို ကျူပင်ခုတ် ကျူငုတ်မကျန်စေနှင့် ဟူသော ဗမာတို့၏ မူအရ လူငယ်လူကြီး ရဟန်း ပါမကျန် သတ်ဖြတ်လေ တော့သည်။
မြောက်ဦးမြို့ကို ပြန်၍ သိမ်းယူ ရရှိသွားသော ဗမာတို့သည် ရခိုင်ဒေသ တခုလုံးရှိ ခတ္တိယအမျိုး စလွယ်တင် မရမာမှန်သမျှတို့ကို ကြီးငယ်မရွေး သတ်ဖြတ်လေတော့သည်။ ဤကဲ့သို့ဗမာတို့သည် ရခိုင်ကို သတ်ဖြတ်ရာ၌ စလွယ်ကိုးမောင်း ရ၏ ဟူ၍ ဗမာမှတ်တမ်း တင်လျှက်ရှိလေသည်။ (၀ရဗုဒ္ဓိ)
သံတွဲစား အမတ်ကြီးဇေယျကျော်ထင် ရေးသော မဇ္ဈိမ အရေးတော်ပုံ ကျမ်း၌ဆိုသော ဟိန္ဒုစလွယ်တင် မရမာတို့ကို မုသလမံ ကုလားတို့က မောက်ဟူ၍ ခေါ်သည် ဟူသော လူမျိုးဇာတ်အနွယ်သည် ဗမာအောက်သားကို ကြောက်၍ ပျောက်ဆုံးလေတော့သည်။
ရှေးကရခိုင်သားတို့သည် ၀ါဂွမ်းချည် ကိုးပင်ကို ကျစ်လိမ်၍ ကြိုးကွင်းလုပ်ပြီးလျှင် ဘယ်ဖက်အစကို ခါး ညာဖက်အစကို ညာဖက်ပခုံးပေါ် တင်၍ စလွယ် ၀တ်ခဲ့ကြလေသည်။ ယခုဖလံထောင်နေ ရခိုင်သား တချို့ကို တွေ့နိုင်ပါသေးသည်။ ထိုသူတို့သည် ရခိုင်သားကို မရမာ ဟုသာသိသူများ ဖြစ်လေသည်။
ရခိုင်ပြည်၏ ၀တီလေးရပ်ဟု တွင်သော ဓည၀တီ ရမ္မာဝတီ မေဃ၀တီ ဒွါရာဝတီ တို့တွင် နေထိုင်ကြသော ရခိုင်သား လူလတ်ပိုင်းနှင့် လူငယ်ပိုင်းတို့မှာ ရက္ခ၀ံသ ရခိုင်သား ဟူသော အသိတခုသာ ကျန်၍ လူ၏ မူလအစကိုလည်းမသိ၊ ဇာတိကိုလည်းမသိ၊ ဇာတ်ကိုလည်း မသိကြတော့ပေ။ လူမည်သည်က စ၍ ဖြစ်လာသနည်းဟု မေးသောအခါ မျောက်က ဆင့်ကဲ ဆင်းသက် လာသည် ဟုသာ အဖြေကို ရပါတော့သည်။ ရခိုင်သားသည် လူ၏မူလ၊ ဇစ်မြစ်၊ ဇတ်၊ အမျိုး၊ အနွယ်၊ ၀ံသ၊ စသည့် မိမိလူမျိုး ဆင်းသက်ရာ ဘာသာဗေဒ စနစ်ကို မသိလေသောအခါ ပြောချင်ရာပြော ဆိုချင်ရာဆို ရေချင်ရာရေး စည်းမရှိ ကမ်းမရှိ ကလနားမရှိ မိမိ ရေးသည် ပြောသည် ဆိုသည် ကိုသာ အမှန်ဟူ၍ ယူဆကြလေတော့သည်။
ဆက်ရန်။ ယဉ်ကျေးမှုနှင့်ဇာတ် ။
...........................
VOICE OF GISSAPA
Filed in: ဆောင်းပါး

Real Arakan People Literature Archaeology History ရခိုင်က အကိုကြီးလား ဗမာက အကိုကြီးလား ကိုယ့်ကိုကိုယ်တွေးပေတော့

“ မြောက်ဖျားမှလွင့်ပျံလာတယ် ”

Kyaw Hlaing and Aung Thant Sin shared Mungdung La's photo.



“မြောက်ဖျားမှလွင့်ပျံလာတယ်”
===================
စစ်တဲ့ လက်ညှိုးထိုးတတ်သူတစ်စု လောဘတွေပွားလို့ ဒေါသတွေထားလို့ မောဟတွေပွားလို့ ငါတို့ သွေးတွေ ချွေးတွေ မျက်ရည်တွေ မျှော်လင့်ချက်တွေ ဒုက္ခတွေ သိန်းသန်း ကိန်းကဏန်းချလို့ဖြင့်မရနိုင်……….. ဟော့ဟိုမှာ စီးဆင်းနေတာ သားမဲ့မိခင်တို့ရဲ့ မျက်ရည်မြစ် မိဘမဲ့သားတို့ရဲ့ သောကမြစ် လင်မဲ့မယားတို့ရဲ့ ဒုက္ခမြစ် တို့တွေ အားလုံးရဲ့ သွေးနီမြစ်….. ဟော့ဟိုမှာ လွင့်ပျံသွားတာ သားမဲ့မိခင်တို့ရဲ့ အားနဲ့ထီး မိဘမဲ့သားတို့ရဲ့ အနာဂတ် လင်မဲ့မယားတို့ရဲ့ မျှော်လင့်ချက် တို့တွေအားလုံးရဲ့ ပြန်လမ်းမဲ့ဝိဥာဉ်တွေ…… တွေ့လား…. မိုးမလုံတဲ့ ဗီနိုင်းစအောက်မှာ ချမ်းတုန်နေတဲ့ သားမဲ့မိခင်…… တွေ့လား…. ညီမငယ်ရဲ့ တစ်နပ်စာအတွက် ကျည်ခွံကောက်ရောင်းတဲ့ အမိမဲ့သား….. တွေ့လား…. သားကျွေးမှုအတွက် မွေးရာပါကို ရင်းနှီးတော့မယ့် လင်မဲ့မယား…… ကျောင်းမရှိတော့တဲ့ သံဃာတော်က “ကိုယ့်ဝမ်းတောင် မနိုင်တဲ့ ဒုက္ခသည်တွေကြား ဆွမ်းဘယ်ဘယ်လို ခံစားမလဲ”….တဲ့…… ချက်ပေါ်အင်္ကျီတိုနဲ့ ချေး(ဂျီး) အထပ်ထပ် ကလေးငယ်က “ဟိုနားက မီးကျွမ်းတိုင်လေး သုံးငုတ်ဟာ သားတို့စာသင်ကျောင်းပေါ့ ”..…တဲ့…….. မျက်စေ့မှုန်မှုန် တုန်ချိချိအမေအိုက “ဟိုနားက ဗုံးချိုင့်ကြီးဟာ မင်းအဘိုးရှိတုန်းက လုပ်တဲ့လယ်ပေါ့ကွယ်” ….. တဲ့ သစ်ကိုင်းခြောက်ချိုင်းထောက်နဲ့ ကလေးအမေတစ်ယောက်က “ဟိုနားက အုတ်ပုံမို့မို့ဟာ နှစ်ကိုယ်တူ သစ္စာဆိုရာ စေတီသာပေါ့”…. တဲ့ ……………………………………………………… …………………………………………………….. ကျီး နဲ့ လဒ ပျော်ပါးတို့ ငါတို့ အားလုံးပေးဆပ်ခဲ့တယ် နိုင်သူလည်းရှုံး ရှုံးသူလည်းရှုံး ဂုဏ်တက်ဖို့ တစ်ကွက်မပါ ထိုးကြွေးခံ နယ်ရုပ်တွေဘဝ ပဲ့ကြွေကျတဲ့ မြေဇာပင်တွေ…….. ဟိုတောင်ဖျားမှာ အုံ့မှိုင်းနေတာ မီးခိုးတွေလား…. ငါတို့ မျက်လုံးတွေ မျက်ရည်သီနေလို့လား…… အုတ်ပုံနဲ့ တိုင်ငုတ် တွေကြား တွေ့ခဲ့ရတာက မီးကျွမ်းနေတဲ့ သံလွင်ခက် ကျည်သင့်ထားတဲ့ ချိုးငှက်ဖြူ အရည်ပျော်နေတဲ့ စည်းနဲ့ဝါး ကျောက်ဖြစ်သွားတဲ့ လောကနတ် ပြီးတော့ အသက်တွေ အရှက်တွေ သွေးကွက်နဲ့ မျက်ရည်များ…............. (သုဆက်လင်း)

“မြောက်ဖျားမှလွင့်ပျံလာတယ်”

စစ်တဲ့
လက်ညှိုးထိုးတတ်သူတစ်စု
လောဘတွေပွားလို့
ဒေါသတွေထားလို့
မောဟတွေပွားလို့
ငါတို့ သွေးတွေ ချွေးတွေ မျက်ရည်တွေ
မျှော်လင့်ချက်တွေ
ဒုက္ခတွေ သိန်းသန်း
ကိန်းကဏန်းချလို့ဖြင့်မရနိုင်………..

ဟော့ဟိုမှာ စီးဆင်းနေတာ
သားမဲ့မိခင်တို့ရဲ့ မျက်ရည်မြစ်
မိဘမဲ့သားတို့ရဲ့ သောကမြစ်
လင်မဲ့မယားတို့ရဲ့ ဒုက္ခမြစ်
တို့တွေ အားလုံးရဲ့ သွေးနီမြစ်…..

ဟော့ဟိုမှာ လွင့်ပျံသွားတာ
သားမဲ့မိခင်တို့ရဲ့ အားနဲ့ထီး
မိဘမဲ့သားတို့ရဲ့ အနာဂတ်
လင်မဲ့မယားတို့ရဲ့ မျှော်လင့်ချက်
တို့တွေအားလုံးရဲ့ ပြန်လမ်းမဲ့ဝိဥာဉ်တွေ……
တွေ့လား….
မိုးမလုံတဲ့ ဗီနိုင်းစအောက်မှာ
ချမ်းတုန်နေတဲ့ သားမဲ့မိခင်……
တွေ့လား….
ညီမငယ်ရဲ့ တစ်နပ်စာအတွက်
ကျည်ခွံကောက်ရောင်းတဲ့ အမိမဲ့သား…..
တွေ့လား….
သားကျွေးမှုအတွက်
မွေးရာပါကို ရင်းနှီးတော့မယ့် လင်မဲ့မယား……

ကျောင်းမရှိတော့တဲ့ သံဃာတော်က
“ကိုယ့်ဝမ်းတောင် မနိုင်တဲ့ ဒုက္ခသည်တွေကြား
ဆွမ်းဘယ်ဘယ်လို ခံစားမလဲ”….တဲ့……

ချက်ပေါ်အင်္ကျီတိုနဲ့ ချေး(ဂျီး) အထပ်ထပ် ကလေးငယ်က
“ဟိုနားက မီးကျွမ်းတိုင်လေး သုံးငုတ်ဟာ
သားတို့စာသင်ကျောင်းပေါ့ ”..…တဲ့……..

မျက်စေ့မှုန်မှုန် တုန်ချိချိအမေအိုက
“ဟိုနားက ဗုံးချိုင့်ကြီးဟာ
မင်းအဘိုးရှိတုန်းက လုပ်တဲ့လယ်ပေါ့ကွယ်” ….. တဲ့

သစ်ကိုင်းခြောက်ချိုင်းထောက်နဲ့ ကလေးအမေတစ်ယောက်က
“ဟိုနားက အုတ်ပုံမို့မို့ဟာ
နှစ်ကိုယ်တူ သစ္စာဆိုရာ စေတီသာပေါ့”…. တဲ့
………………………………………………………
……………………………………………………..

ကျီး နဲ့ လဒ ပျော်ပါးတို့
ငါတို့ အားလုံးပေးဆပ်ခဲ့တယ်
နိုင်သူလည်းရှုံး ရှုံးသူလည်းရှုံး
ဂုဏ်တက်ဖို့ တစ်ကွက်မပါ
ထိုးကြွေးခံ နယ်ရုပ်တွေဘဝ
ပဲ့ကြွေကျတဲ့ မြေဇာပင်တွေ……..

ဟိုတောင်ဖျားမှာ အုံ့မှိုင်းနေတာ
မီးခိုးတွေလား….
ငါတို့ မျက်လုံးတွေ မျက်ရည်သီနေလို့လား……

အုတ်ပုံနဲ့ တိုင်ငုတ် တွေကြား
တွေ့ခဲ့ရတာက
မီးကျွမ်းနေတဲ့ သံလွင်ခက်
ကျည်သင့်ထားတဲ့ ချိုးငှက်ဖြူ
အရည်ပျော်နေတဲ့ စည်းနဲ့ဝါး
ကျောက်ဖြစ်သွားတဲ့ လောကနတ်
ပြီးတော့
အသက်တွေ အရှက်တွေ
သွေးကွက်နဲ့ မျက်ရည်များ….............

(သုဆက်လင်း)

ဒါကတော့ကုလားလူမျိုး ခွေးဖြစ်တယ်ဆိုတာကို ကြားဖူးတာတောကြားပြီ အခုတောလက်တွေပါလား

အသားအရောင်အလိုက် ဆင်းရဲချမ်းသာ ကွာဟနေမှု အိုဘားမားထောက်ပြ

TEXT SIZE
ကိုသိန်းထိုက်ဦး
အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုရဲ့ သမိုင်းမှတ်တိုင် ထူခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၅၀) ပြည့်ခဲ့ပါပြီ။ တန်းတူအခွင့်အရေး ရရှိဖို့ ဒေါက်တာ မာတင် လူသာကင်း ဦးဆောင်ပြီး ၀ါရှင်တန်မြို့တော်ကို ချီတက်လှုပ်ရှားခဲ့တဲ့ နှစ်ပတ်လည်နေ့မှာတော့ အမေရိကန် ပြည်ထောင်စုက ပထမဆုံး လူမဲ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လည်း တက်ရောက် မိန့်ခွန်းပြောခဲ့တာပါ။ နှစ်ပေါင်း ၅၀ ကြာ တန်းတူအခွင့်အရေး လှုပ်ရှားမှုတွေ ဒီကနေ့အချိန်မှာ ဘယ်အခြေအနေအထိ ရောက်နေပြီလဲ ဆိုတာကိုတော့ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၅၀ က အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ပြီး တန်းတူရေးအတွက် ၀ါရှင်တန်မှာ ချီတက်ခဲ့ကြတဲ့ ချီတက်ပွဲက ပေးခဲ့တဲ့ သင်ခန်းစာကတော့ အမေရိကန် ပြည်သူတွေဟာ သမိုင်းအမှားကြားမှာ ပိတ်မိနေသူတွေ မဟုတ်ဘူး၊ ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင်၊ ကိုယ့်ဘာသာ ဖန်တီးနိုင်သူတွေ ဖြစ်တယ်ဆိုတာ ပြသခဲ့တာပါဆိုပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က  ပြောဆိုပါတယ်။

ဝါရှင်တန်မြို့တော် သမ္မတဟောင်း လင်ကွန်းရဲ့ ရုပ်ထုကြီးရှေ့မှာ ကျင်းပတဲ့ အခမ်းအနားကို လူတွေ သောင်းနဲ့ချီ တက်ရောက်ပါတယ်။ မာတင် လူသာကင်းရဲ့ မိသားစုဝင်တွေအပြင် အမေရိကန် သမ္မတဟောင်း ကလင်တန်၊ သမ္မတဟောင်း ဂျင်မီကာတာတို့လို  ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေရော၊ လွန်ခဲ့တဲ့နှစ် ၅၀ က စိတ်ဓာတ်တွေကို ပြန်လည်ခိုင်မာအောင် အသက်သွင်းဖို့ ပြောသွားခဲ့တဲ့ အော်ပရာ ၀င်းဖရီး (Opera Winfrey)၊ ဂျင်မီ ဖော့စ် (Jimy Fox) တို့လို ထင်ရှားတဲ့ သရုပ်ဆောင်တွေ၊ နိုင်ငံသား အခွင့်အရေး လှုပ်ရှားသူတွေ အခမ်းအနားမှာ တက်ရောက်ပါတယ်။  သမ္မတဟောင်း ဘေလ် ကလင်တန်က အခမ်းအနားမှာ အခုလို ပြောပါတယ်။

“နိုင်ငံရေး ယုံကြည်မှုအတွက် ရိုက်တာနှက်တာ သတ်တာဖြတ်တာ ပစ်ခတ်တာမျိုး ကျနော်တို့ မကြုံရတော့ပါဘူး။ နိုင်ငံရေးအရ ဘေးကျပ်နံကျပ် ဖြစ်စေဖို့အတွက် မဟုတ်ဘူးဆိုတာကို ကျနော် လေးလေးစားစား ပြောချင်ပါတယ်။ စောဒက တက်နေကြတာတွေကို အဆုံးသတ်ပြီး အမေရိကန် လူထုအတွက် နောက်ပြန်ဆွဲနေတဲ့ ဂိတ်တံခါးတွေကို ကျနော်တို့ ပုခုံးနဲ့ တိုက်ပြီး ဖွင့်ကြရမယ့် အချိန်တန်နေပါပြီ။”

လူတိုင်းဟာ တန်းတူညီမျှ အခွင့်အရေးကို ပိုင်ဆိုင်ဖို့ ဖန်တီးခံထားရသူတွေ ဖြစ်တယ်။ လွတ်လပ်စွာ အသက်ရှင် ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ပျော်ရွှင်မှုကို ရှာဖွေခွင့် ဒီလို အမှန်တရားနဲ့ အခြေခံမူတွေကို ဖန်တီးသူတွေ ကိုယ်တိုင်က ပေးဆပ်ထားခဲ့တယ်ဆိုတဲ့ တချိန်က မာတင် လူသာကင်း ပြောခဲ့တဲ့ အသုံးအနှုန်းတချို့ကို ပြန်လည် သုံးနှုန်းရင်း သမ္မတ အိုဘားမားက အဓိက မိန့်ခွန်းထဲမှာ ပြောသွားခဲ့တာပါ။

အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ ပေးဆပ်မှုတွေ အများကြီးနဲ့ စွန့်လွှတ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ခက်ခဲတဲ့ အတွေ့အကြုံတွေက ရခဲ့တဲ့ သင်ခန်းစာတခုကတော့ တခါတုန်းက ဖရဒ်ရစ် ဒေါက်ဂလပ်စ် (Frederick Dogulas) ပြောခဲ့သလိုပါပဲ။ လွတ်လပ်ရေးဆိုတာ သူများက ပေးတာမဟုတ်ဘူး။ ရုန်းကန်လှုပ်ရှားမှု၊ စည်းကမ်းရှိမှု၊ ခိုင်ကျည်မှု၊ ယုံကြည်မှုတွေနဲ့ ရယူရတာ ဖြစ်တယ်ဆိုပြီး သမ္မတ အိုဘားမားက ပြောသွားခဲ့တာပါ။

“သူတို့ အခုလို ချီတက်ခဲ့လို့ နိုင်ငံသား အခွင့်အရေး ဥပဒေတွေကို အတည်ပြုနိုင်ခဲ့တာပါ။ သူတို့ အခုလို ချီတက်ခဲ့တဲ့အတွက် မဲပေးခွင့် အခွင့်အရေးတွေ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။ သူတို့ ဒီလို ချီတက်ခဲ့တဲ့အတွက်လည်း သူတို့ သားသမီးတွေအတွက် အခွင့်အလမ်းနဲ့ ပညာရေးဆိုင်ရာ မျှော်မှန်းချက်တံခါးတွေ ပွင့်လာခဲ့ပြီး၊ သူများရဲ့ အ၀တ်လျှော်ပေးရ၊ ဖိနပ်တိုက်ပေးရတဲ့ ဘ၀ကနေ ရုန်းထွက်နိုင်ဖို့ စိတ်ကူးယဉ်နိုင်ခဲ့တာပါ။”

ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း လူမဲတွေအတွက် စိတ်တောင်မကူးနိုင်ခဲ့ဘူးလို့
ပြောရမယ့် အောင်မြင်မှုတွေ ရှိခဲ့တယ်ဆိုပေမဲ့လည်း လူမဲတွေအကြား အလုပ်လက်မဲ့ဦးရေ အရေအတွက်ဟာ လူဖြူ အလုပ်လက်မဲ့နှုန်းနဲ့စာရင်
နှစ်ဆလောက် ပိုများနေပြီး လက်တင်အမေရိက တိုက်သားတွေရဲ့ အလုပ်လက်မဲ့နှုန်းက နောက်မှာ ကပ်နေတဲ့အကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှုကလည်း နည်းမသွားဘဲ ပိုတောင်မှ ကြီးလာခဲ့တယ်လို့ သမ္မတ အိုဘားမား က ထောက်ပြပါတယ်။

အတိတ်က ကျနော်တို့ ရတဲ့ သင်ခန်းစာတွေဟာ မနက်ဖြန်အတွက် မျှော်လင့်ချက်တွေကို မွေးဖွားစေခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောဆိုသွားခဲ့ပါတယ်။

မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အခက်အခဲတွေကြားမှာ ဒီတိုင်းပြည်ကို ချစ်မြတ်နိုးသူတွေက ဖြစ်အောင် ပြောင်းလဲခဲ့ကြပါတယ်ဆိုပြီး သမ္မတ အိုဘားမား အခုလို ပြောဆိုသွားခဲ့ပါတယ်။

“ဘယ်ပြည်နယ်ကပဲဖြစ်ဖြစ်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမဆို ကိုးကွယ်ကြတဲ့ သန်းနဲ့ချီတဲ့ အမေရိကန်တွေ အတူတကွ ညီရင်းအကို စိတ်ဓာတ်မျိုးနဲ့ လက်တွဲမယ်ဆိုရင် ကျနော်တို့ ကျော်ဖြတ်မယ့် တောင်တန်းတွေလည်း နိမ့်ဆင်းသွားပါလိမ့်မယ်။ ကြမ်းတမ်းတဲ့ မြေပြင်တွေလည်း ညီညာပြန့်ပြူးသွားပါလိမ့်မယ်။ ကွေ့ကောက်တဲ့ နေရာတွေကလည်း သာယာလှပစွာနဲ့ ဖြောင့်တန်းသွားမှာ သေချာပါတယ်။ အရင် အနစ်နာခံ ပေးဆပ်ခဲ့ကြသူတွေ ယုံကြည်လက်ခံခဲ့ကြတဲ့ ဒီတိုင်းပြည်ဟာ ဘုရားသခင်ရဲ့ တခုတည်းသော တိုင်းပြည်၊ ခွဲခြားမှုတွေ မရှိနိုင်တဲ့ အားလုံးအတွက် လွတ်လပ်ခြင်းနဲ့ တရားမျှတမှုရှိတဲ့ တိုင်းပြည်၊ ဒီတန်ဖိုးထားမှုတွေရှိတာ သေချာခဲ့ပြီဆိုတာကို ကျနော်တို့ အခိုင်အမာ ပြောနိုင်မှာဖြစ်ပါတယ်။”

မလေးရှား ( အထူးသတင်းပါ )



လာမည့်တနင်္ဂနွေနေ့ကစပြီး မလေးရှားအာဏာပိုင် အဖွဲ့စည်းအားလုံးက ခန့်မှန်းခြေ ၅၀၀၀၀၀ (၅သိန်း) ခန့်ရှိတဲ့ တရားမဝင်နေထိုင်သူများအားလုံးကို တိုင်းပြည်လုံး ပိုက်စိပ်တိုက်ရှာဖွေတော့မည် ဖြစ်ကြောင်းကို ယနေ့ The Star သတင်းစာမှာ ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြသွားခဲ့ပါသည် ။

ယခင်တင်ပြခဲ့သည့်အတိုင်း ယခု စီမံချက် Operacy တွင် မလေးရှားနိုင်ငံ၏ လဝက ၊ ရဲ ၊ စစ်တပ် ၊ ရေလား ၊ ပြည်သူ့စစ် အပါအဝင် တိုင်းပြည်ရှိ အာဏာပိုင်အဖွဲ့စည်းအားလုံး ပူးပေါင်းရှာဖွေမည့် အင်အား ၁၃၅၀၀၀ ပါဝင်မည့်အကြောင်းကို ရေးသားထားခဲ့သည် ။


ထိုအထဲတွင် လဝက မှာ အဓိက ပါဝင်စစ်ဆေးမည်ဖြစ်သည် ။ ယခု အစီအစဉ်တွင် ကွာလာမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်း ၊ ဂျိုဟိုး စသည့်နေရာများရှိ တရားမဝင်အလုပ်သမားများရှိသည့် သတ်မှတ်နေရာများကို အဓိက စစ်ဆေးသွားမည့်အကြောင်းဖော်ပြထားပါသည်။

ဖမ်းဆီးရမိသူများအားလုံးကို မည်သည့်ရဲစခန်းသို့မှ ပို့မည်မဟုတ်ပဲ မလေးနိုင်ငံရှိ တရားမဝင်နေထိုင်သူများကို ထိမ်းသိမ်းမည့် လဝက ကန့် ၁၂ ခုသို့တိုက်ရိုက်ပို့သွားမည်ဖြစ်ကြောင်းကို လည်းလဝကအရာရှိ Datuk Alias Ahmad ကပြောကြားသွားသည်။

ထို့အပြင် တရားမဝင်အလုပ်သမားများကို အလုပ်ပေးထားသည့် အလုပ်ရှင်များကိုလည်း တရားဥပဒေအရ Migrants Act 2007 အတိုင်းအရေးယူသွားမည့်ဖြစ်ကြောင်းရေးသားထားသည်။
ယခုစီမံချက်အတွက် တရားဝင်အလုပ်သမားများ မပါဝင်စေရန် ထိုသူတို့အတွက်လုံလောက်သော အထောက်အထားများကို သူဌေးများမှ ထုတ်ပေးထားရန် ယနေ့တရားဝင် ကြော်ငြာထားပြီးဖြစ်သည်ဟု ဖော်ပြထားသည် ။

ယခုစီမံချက်သည် 6P စီမံချက်အတွင်း မှတ်ပုံတင်ထားသူများထဲမှ တရားဝင်လာရောက်မဆောင်ရွက်သော သူများအားလုံးကို အဓိကထားရှာဖွေမည်ဖြစ်ပြီး တွေ့ရှိပါကမည်သည့် တရားဝင်ဆောင်ရွက်မှု့မျိုးမှ ပေးမည်မဟုတ်ကြောင်း နှင့် တရားဝင်ဆောင်ရွက်ပေးသောအေးဂျင်းများမှ အဓိကတာဝန်ယူရမည့်အကြောင်းကို ဖော်ပြထားသည် ။

အဆိုပါ 6P စီမံချက်တွင် တရားဝင်ဆောင်ရွက်ထားသော သူ ၂ သန်းကျော်အတွင်းခန့်မှန်းခြေ ၁.၃ သန်းမှာ စာရွက်စာတမ်းမပြည့်စုံသူများဖြစ်ကြောင်း တွေ့ရှိရပြီးဖြစ်ကြောင်း ။ ထိုသူများထဲမှာ ၅ သိန်းကျော်ကို တရားဝင်ပါမစ်များထုတ်ပေးခဲ့ပြီး ကျန်သည့် ၃သိန်း ၃ သောင်းကျော်မှာ ယနေ့ထိတိုင် တရားဝင်ပါမစ် အတွက်မဆောင်ရွက်သေးကြောင်း ။

ယခု မလေးရှားအစိုးရမှ အခွင့်အရေးအပြည့်ပေးထားပြီးဖြစ်ကြောင်း ။ ယခု အချိန်သည် 6P စီမံချက်၏ enforcement ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အထူးသဖြင့် ဂျိုဟိုး ပါစီဂူးဒန်းမှ ဝင်ရောင်လာသော အင်ဒိုနီးရှားနိုင်ငံသားများမှာ အိုဗားတေးနေထိုင်မှု အထူးများပြားကြောင်း ။

ထပ်မံပြီးတရားမဝင်နေထိုင်သူများအနေဖြင့် ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ဗီယက်နမ် နှင့် နီပေါနိုင်ငံသားများ ရှိနေကြောင်း ။

ဒါတွတ်အလီ မှ ဆက်လက်ပြောကြားရာတွင် ကြောင်နှင့်ကြွက် ကစားပွဲကြီးအတွက် မလေးရှားအစိုးရမှ အပြည့်အဝ ပြင်ဆင်ပြီးဖြစ်ကြောင်း နှင့် .. လာမည့် တနင်္ဂနွေနေ့မှစတင်ပြီး ထိုတရားမဝင်နေထိုင်သူများ ရုတ်တရက် ပျောက်ကွယ်သွားရမည်ဖြစ်ကြောင်း ကို..။ တရားမဝင်နေထိုင်သူများအားလုံး ပုန်းနေခဲ့တာကြာပြီ မည်မျှဆက်လက်ပုန်းအောင်းနိုင်မည်ကို စောင့်ကြည့်စေလိုကြောင်း ။

၃ လတိတိ ဆက်တိုက်ပြုလုပ်မည့် အဆိုပါအော်ပရေးရှင်းတွင် မလေးရှားနိုင်ငံမှတရားမဝင်နေထိုင်သူများအားလုံး ပျောက်ကွယ်ရမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည်ဖြစ်သည့်အကြောင်း ..

တရားမဝင်နေထိုင်သူများအတွက် ကာကွယ်ပေးသူ ၊ အကူညီပေးသူများအားလုံးကို ဒဏ်ငွေ ၅၀၀၀၀၀ နှင့် ထောင်ဒဏ် အနှစ် ၂၀ အထိ အမြင့်ဆုံးသတ်မှတ်ထားသည့်အတွက် မည်သူမျှ ကာကွယ်မပေးစေလိုကြောင်းကို ...။

အလုပ်ရှင်များအားလုံးသိစေရန်မှာ အခွင့်အရေးပေးထားပြီးသည့်အတွက် မည်သည့် တရားမဝင်အလုပ်သမားကိုမှ ဆက်လက်မထားတော့ရန် အချိန်ရောက်ပြီဖြစ်ကြောင်းကို .

လဝက ဒါရိုက်တာ ဒါတွတ်အလီမှ ပြောကြားသည့်အတိုင်း မလေးရှားရောက် မြန်မာနိုင်ငံသားများသိရှိစေရန် ဘာသာပြန်တင်ဆက်ပေးရပါသည် ။

Source : http://www.thestar.com.my/News/Nation/2013/08/28/Nations-biggest-ever-crackdown-soon.aspx

Ref : မလေးရှားရောက် မြန်မာများ