Saturday, December 8, 2012

ရခိုင်ပြည်အရေး ရခိုင်အမျိုးသားများအလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်း

Written by မင်းသွီး Thursday, 06 December 2012 16:06 PDF Print E-mail ရခိုင်ပြည်အရေးနှင့် ပက်သက်၍ ရခိုင်အမျိုးသားများအချင်းချင်းကြားတွင် ဘုံလုပ်ငန်းစဉ်များနှင့် သဘောထားများ ချက်မှတ်နိုင်ရန် ရခိုင်အမျိုးသားများညီလာခံတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရန်အတွက် ရခိုင်အမျိုးသားများအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ ယင်းကော်မတီကို ရခိုင်တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် ဖွဲ့စည်းလိုက်ပြီး ကော်မတီလုပ်ငန်းစဉ်များအနေဖြင့် ရခိုင်ပြည်၏ ယနေ့လက်ရှိဖြစ်ပေါ်လျက်ရှိသော လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်မာရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့်အကြောင်းရာကိစ္စအရပ်ရပ်ကို သုံးသပ်ဆွေးနွေးပြီး ဘုံသဘောတူညီချက်များ ချက်မှတ်နိုင်ရန် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ "ရခိုင်အဖွဲ့အစည်းတွေအားလုံးဟာ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် ရခိုင်အရေးနဲ့ ပက်သက်ပြီး ကြိုးပမ်းနေတာတွေရှိတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကတော့ အဲလို တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ဖိတ်ကြားပြီးတော့ ရခိုင်အမျိုးသားတွေအကုန်လုံး ရခိုင်ပြည်အရေးနဲ့ပက်သက်လာရင် ဘုံသဘောတူညီချက်တစ်ခုအပေါ်မှာရပ်တည်ပြီးတော့ ပြောဆို လှုပ်ရှားကြနိုင်ဖို့အတွက် ရခိုင်အမျိုးသားများအလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်ဖို့လိုအပ်လာတဲ့အပေါ်မှာ ဒီကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်တယ်။ ဆွေးနွေးပွဲကိုတော့ လာမယ့်နှစ် ၂၀၁၃ခုနှစ်၊ ဇွန်န၀ါရီ (၇၊ ၈၊ ၉)ရက်တွေမှာ ကျင်းပသွားမှာပါ"ဟု ရခိုင်အမျိုးသားများအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေး လုပ်ငန်းကော်မတီမှ ဗိုလ်မှူးကျော်ဟန်(ရက္ခိုင့်တပ်မတော်)က ပြောသည်။ အလုပ်ရုံဆွေးနွေးပွဲကော်မတီကို ဖွဲ့စည်းနိုင်ရန် ရခိုင်အမျိုးသားတော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများမှ တာဝန်ရှိသည့် အဖွဲ့အစည်းခေါင်းဆောင်များသည် ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၇ ရက်၊ အောက်တိုဘာလ ၉ ရက်၊ နိုဝင်ဘာလ ၈ ရက်နေ့များတွင် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကာ နိုဝင်ဘာလ ၂၈ရက်နေ့တွင်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူတချို့နှင့် ယာယီကော်မတီကိုဖွဲ့စည်းခဲ့ပြီး အကြိုလုပ်ငန်းစဉ်များကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။ ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီဝင်များမှာ အကြံပေးအဖွဲ့ (၁) ဒေါက်တာခင်မောင် (ANC) (၂) စောမြရာဇာလင်း (RWU) (၃) ဗိုလ်မှုကြီးထွန်းမြတ်နိုင် (ရက္ခိုင့်တပ်မတော်) လုပ်ငန်းကော်မတီ (၁) ဗိုလ်မှူးကျော်ဟန် (ရက္ခိုင့်တပ်မတော်) (၂) ဦးညီညီလွင် (ANC) (၃) ဦးဝင်းအောင် (Shwe Gas Movement) (၄) စောစံငြိမ်းသူ (RWU) (၅) စောနုနုခင် (RWU) တို့ဖြစ်ကြောင်း သိရှိရသည်။

arakanarmy

rakhaingarmy

အမျိုးသား နေ့၌ လက်ပံတောင်း ကိစ္စ မကျေ နပ်သည့် သံဃာများ ဆန္ဒပြ


User Rating: / 3
PoorBest 
သတင်း - ပြည်တွင်း
LPT Dec8ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကျရောက်သည့် (၉၂) နှစ်မြောက် မြန်မာနိုင်ငံ၏ အမျိုးသား နေ့၌ ရန်ကုန် ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီး များ၌ လက်ပံတောင်း သပိတ်စခန်း များအား အာဏာပိုင် များမှ အကြမ်းဖက် ဖြိုခွင်း ခဲ့သည့် အပေါ် မကျေ နပ်၍ သံဃာတော်နှင့် လူထုများက သပိတ် ပွဲများ ဆင်နွှဲ ခဲ့ကြ ပါသည်။
ရန်ကုန် မြို့တော်ခန်းမ ရှေ့၌ သပိတ် စခန်းများကို အာဏာပိုင် များမှ အကြမ်းဖက် ဖြိုခွင်းခဲ့မှု နှင့် ပတ်သက်၍ သာသနာရေး ဦးစီး ဌာနမှ တာဝန်ယူ ဖြေရှင်း ပေးရန်၊ နောက်ဆက်တွဲ ဆန္ဒ ထုတ်ဖော် ခဲ့ကြ သူများကို အစိုးရမှ ဖမ်းဆီး ထားသည် များကို အမြန်ဆုံး လွှတ်ပေး နိုင်ရန်၊ အကြမ်းဖက် ဖြိုခွင်း ခဲ့မှုများကို ဖော်ထုတ်၍ အရေးယူ ပေးရန် သံဃာတော် များက တောင်းဆိုကာ မွန်းလွဲ နှစ်နာရီ ခွဲခန့်တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြည်သည်။
 
ရန်ကုန် မြို့တွင် ဆန္ဒပြသူ များမှ ကြေးသွန်းဘုရားကြီး၊ မြို့တော်ခန်းမရှေ့နှင့် ကမ္ဘာအေးစေတီ တို့အပါအဝင် နေရာ (၅) ခုခန့်အား စုရပ် ထား၍ ဆန္ဒပြ ခဲ့ကြပါသည်။
 
မန္တလေးမြို့ ၌လည်း မွန်းလွဲ (၁) နာရီ ခန့်တွင် သံဃာ တော်များသည် အိမ်တော်ရာ ဘုရားဝင်း အတွင်းတွင် ထိုင်သပိတ် ပြုလုပ် ခဲ့ကြပြီးနောက် မွန်းလွဲ ၁ နာရီ (၄၅) မိနစ် ခန့်တွင် ဆန္ဒပြသူ အားလုံး၏ သဘော တူညီချက်ဖြင့် သံဃာတော်နှင့် ပြည်သူ လူထုများက ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
မုံရွာကမ်းနဖူး ဝမ်းနည်းခြင်း အထိမ်းအမှတ်
ဒဏ်ရာရ သံဃာတော် များအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ်ခန့် ငြိမ်သက်နေစဉ် (ဓါတ်ပုံ - အောင်နေမျိုး)
မုံရွာမြို့ ဇောတိက ရာမ ကျောင်းတိုက်နှင့် အုတ်ကန် တောရ ကျောင်းတိုက် များမှ သံဃာတော် အပါး ၅၀၀ ကျော် ခန့်တို့သည် ရွှေစည်းဂုံ စေတီ ဘုရားကြီး၌ စုရပ် ပြုကာ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ မြို့တွင်းသို့ စီတန်း လှည့်လည်ကာ ဆန္ဒပြ ခဲ့ကြသည်။
ကမ်းနားလမ်း ပေါ်ရှိ တားရိုး ပေါ်တွင် လက်ပံတောင်း တောင်ဘက်သို့ မျက်နှာ မူကာ ဒဏ်ရာရ သံဃာတော် များအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်ခြင်း ပြုလုပ် ခဲ့ကြသည်။
ဆန္ဒပြသူ များ၏ အဓိက တောင်းဆို ချက်များကို အစိုးရမှ မလိုက်လျော ပါကလည်း ဒီဇင်ဘာ (၁၂) ရက်နေ့ များတွင် ဆက်လက်၍ ဆန္ဒ ဖေါ်ထုတ် မှုများ ပြုလုပ် သွားရန် ရှိသည်ဟုလည်း ဆန္ဒပြ ကိုယ်တော်များမှ မိန့်သည်။

မြေပုံ ဒုက္ခသည် စခန်းတွင် ခိုက်ရန် ဖြစ်ပွား၊ တစ်ဦး ဒဏ်ရာရ၊ ၇ ဦးဖမ်းဆီးခံ



NLD ပါတီ မြေပုံမြို့နယ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေက ယခုလို ပြောသည်။
“ ဖြစ်တာက ဒီဇင်္ဘာလ ၆ ရက်နေ့က ဖြစ်ပွားတာ ဖြစ်ပါတယ်။ ဦးစံသိန်းဆိုတဲ့ မွတ်ဆလင် တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာမှာ ပါဝင်တဲ့ နောက်ထပ် မွတ်ဆလင် ၇ ဦးကိုတော့ ရဲက ဖမ်းဆီးလိုက်ပါတယ်” ဟု ဆိုသည်။
ဦးစံသိန်းမှာ ဒဏ်ရာ ပြင်းထန်သော်လည်း လုံခြုံရေး အရ ဆေးရုံကို  မတင်နိုင်ဘဲ မြို့နယ် ပြည်သူ့ ဆေးရုံ ဆေးအဖွဲ့ တစ်ခုက နေ့စဉ် သွားရောက် ကုသ နေရသည်ဟု ဆိုသည်။
“ ဦးစံသိန်းမှာ သုံးလေးချက်တော့ ချုပ်ရတယ်လို့ ပြောပါတယ်။ သေနိုင်လောက်အောင်ထိတော့ မပြင်းထန်ဘူးလို့ ကြားရပါတယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ နာမည်ကိုတော့ မရပါ။ အခု ရဲစခန်းမှာ ရှိနေပါတယ်” ဟု သူမက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် အတွက် ရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခု အချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

welcome arakannadi

welcome to arakan nadi news,

ရန်ကုန် မန္တလေး သံဃာ့ဆန္ဒပြမှု ဆက်ဖြစ်ပွား


ဒဏ်ရာရ သံဃာတော်တွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ မန္တလေးမြို့မှာ သံဃာတော်များ ဆန္ဒပြနေကြစဉ်။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။

မီဒီယာ

အသံ
TEXT SIZE
မအေးအေးမာ
လက်ပံတောင်းတောင် သပိတ်စခန်းကို ဖြိုခွဲစဉ်မှာ မီးလောင်ဒဏ်ရာ ရရှိခဲ့တဲ့ သံဃာတွေကို အစိုးရကိုယ်တိုင် တရားဝင် တောင်းပန်ဖို့ အပါအ၀င် အချက် ၃ ချက်ကို မန္တလေး မြို့က သံဃာတော်အင်အား ၅၀၀ ခန့်က ဆန္ဒပြချီတက်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ပံတောင်းတောင် ဒေသခံအင်အား ၂၀၀ လောက်ကလည်း တုံရွာကနေ စတင် ချီတက်ပြီး ကြေးနီစီမံကိန်း ရပ်တန့်ရေး အပါအ၀င် တောင်းဆိုချက် ၃ ချက်ကို တောင်းဆို ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းကနေ ချီတက်လာတဲ့ သံဃာအပါး ၅၀၀ ခန့်ဟာ တောင်းဆိုချက် ၃ ချက်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ဆောင်ပေးဖို့  ၂ နာရီခန့် ဆန္ဒပြခဲ့ကြပါတယ်။  ဆန္ဒပြမှုမှာ ဦးဆောင်သံဃာတပါး ဖြစ်တဲ့ မြတောင်ကျောင်းတိုက်က ဦးအာစရက အခုလို မိန့်ပါတယ်။

“ဒီနေ့ ဦးပဉ္စင်းတို့ လုပ်ရတဲ့အကြောင်းရင်းကတော့ လက်ပံတောင်းတောင်မှာ အကြမ်းဖက်ခံထားရတဲ့ သံဃာတော်တွေ၊ ဆေးရုံးမှာ ရောက်နေတဲ့သံဃာတော်တွေကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာန ကနေပြီးတော့ ဦးပဉ္စင်းတို့ ဆေးရုံးပေါ်မှာ တက်နေတဲ့ သံဃာတော်တွေကို ပြန်ပြီး တောင်းပန်ဖို့၊ အကြမ်းဖက်မှုမှာ ပါဝင်တဲ့သူတွေကို အရေးယူပေးဖို့၊ ဒီအခင်းနဲ့ ပတ်သက်လို့ ဖြစ်ပြီးတော့ သံဃာတွေကိုရော တချို့ လူပုဂ္ဂိုလ်တွေကိုရော ဖမ်းဆီးတာတွေ ရှိတယ်။ အဲဒီ ရဟန်းပုဂ္ဂိုလ်တွေ၊ လူပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးဖို့ ပေါ့နော်။ အဲဒီသုံးချက်ကို တောင်းဆိုတာ။ ၁၂ ရက် ၁၂ လ ၂၀၁၂ မှာ ဦးပဉ္စင်းတို့ တကြိမ် ထပ်လုပ်ဖို့ ရှိပါတယ်။ အဲဒါကို ဦးပဉ္စင်းတို့ ၁၁ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ တောင်းပန်ပေးဖို့၊ တကယ်လို့ ၁၁ ရက်နေ့ ပြည့်လို့မှ ဦးပဉ္စင်းတို့ တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို မလိုက်လျောဘူးဆိုရင် ဦးပဉ္စင်းတို့ အနေနဲ့ ၁၂ ရက် ၁၂ လ ၂၀၁၂ မှာ ဦးပဉ္စင်းတို့ ဆန္ဒထုတ်ဖော်တဲ့ဟာကို အရှိန်မြင့်သွားဖို့ ဦးပဉ္စင်းတို့ အစီအစဉ် ရှိပါတယ်။”

အာဏာပိုင်တွေအနေနဲ့ စစ်ကိုင်တိုင်း မုံရွာမှာလည်း ၀န်ချ တောင်းပန်းတဲ့ပွဲတွေ၊ သာသနာရေးဝန်ကြီးက တောင်းပန်တဲ့ပွဲတွေ လုပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ပါရှိပါတယ်။ ဒီတောင်းပန်ပွဲတွေ လုပ်ခဲ့တာတွေကိုလည်း သံဃာတွေအနေနဲ့ လက်မခံနိုင်သေးတဲ့အကြောင်း ဦးအာစရက ဆက်မိန့်ပါတယ်။

 “ဒီလို တောင်းပန်တာ ဟုတ်တယ်။ အဲဒါတွေက ဦးပဉ္စင်းတို့နဲ့ မဆိုင်ဘူးဗျ၊ သူတို့ အဲဒီမှာ လုပ်တာတွေက။ ဦးပဉ္စင်းတို့ သိရသလောက်ဆိုရင် မုံရွာမှာ ဆိုလို့ရှိရင် မုံရွာရဲတွေက မုံရွာမှာရှိတဲ့ ဘုန်းကြီးတွေပေါ့နော်၊ ဘွဲ့ကြီးဝါကြီးတွေကို တောင်းပန်တယ်လို့ ဦးပဉ္စင်းတို့ သတင်းတွေထဲမှာလည်း တွေ့တယ်၊ သိထားတယ်။ နောက်ပြီးတော့ မနေ့က သာသနာရေး ဦးစီးဌာနကနေပြီးတော့လည်း လာပြီးတော့ လျှောက်တာ ရှိတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ လိုချင်တာက နိုင်ငံတော် အစိုးရအဖွဲ့အစည်းကနေပြီးတော့၊ အစိုးရကနေပြီးတော့ မန္တလေး ဆေးရုံကြီးမှာ တက်နေတဲ့ သံဃာတော်တွေကို ကိုယ်တိုင်လာပြီးတော့ တောင်းပန်ရမှာ။”

လက်ပံတောင်း တောင် တုံရွာမှာလည်း ကြေးနီစီမံကိန်း အပြီးတိုင်ရပ်ဖို့ အပါအ၀င် ဆန္ဒပြမူတွေကို ဒေသခံရွာသား ၂၀၀ ခန့်က ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ဆန္ဒပြနေတဲ့ ဒေသခံ ရွာသူတဦး ပြောပြတာက -

“အဓိက ဆန္ဒပြရတာကတော့ လက်ပံတောင်းတောင်ကြီး လုံးဝ ဖျက်သိမ်းပေးရေး အတွက်ကို ဦးတည်ပြီးတော့ ဒေသခံတွေက ဆန္ဒပြနေကြပါတယ်။ နောက်ထပ် ဒုတိယအချက်ကတော့ ဒီ သံဃာတော်များကို မီးလောင်ဗုံးတွေနဲ့ ဒဏ်ရာရအောင် လုပ်ထားတဲ့အပေါ်မှာ တာဝန်ရှိသူတွေကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးဖို့ရာရယ်၊ နေရာအနှံ့အပြားမှာ လက်ပံတောင်းတောင် အတွက်ကို ဖမ်းဆီးထားတဲ့ အားလုံး ကူညီနေတဲ့သူအပေါင်းကို ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ အရေးကို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။”
 
အလားတူပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းက သံဃာတော်များကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုနဲ့ပတ်သက်ပြီး သာသနာရေး ဦးစီးဌာနက တာဝန်ယူ ဖြေရှင်းပေးဖို့နဲ့ ဆန္ဒထုတ်ဖော် ခဲ့ကြသူများကို ဖမ်းဆီးထားရာမှ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက် ဖြိုခွဲခဲ့သူတွေကို ဖော်ထုတ်အရေးယူ ပေးဖို့ အပါအ၀င် တောင်းဆိုချက်တွေကို ရန်ကုန်တိုင်းအတွင်းက သံဃာတွေကလည်း ဒီကနေ့မှာပဲ ရန်ကုန်မြို့တော် ခန်းမ ရှေ့မှာ အင်အားရာနဲ့ချီ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ 
By http://burmese.voanews.com/content/monks-protest-12-08-12/1561047.html

ကျောက်တော်တွင် အသက် ၂၀ ကျော် အရွယ် လူငယ် တစ်ဦး အသတ်ခံရ


ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အသက် ၂၀ ကျော် အရွယ် လူငယ် တစ်ဦး  အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

“ ဟုတ်တယ်။ အလောင်းကို ဒီကနေ့ မနက်က ရပါတယ်။ ရွာဟောင်းအနီးက  ကာလီယာ ဘင်္ဂလီ တစ်ဦးရဲ့ လယ်ထဲက တလင်း အနီးမှာ ရပါတယ်။ ဒါပေမယ့် ဘယ်သူ သတ်သလဲ ဆိုတာ မပြောနိုင်သေးဘူး။ ရဲက စစ်ဆေး နေပါတယ်။  ညနေပိုင်းလောက်မှ သိရမှာ ဖြစ်ပါတယ်” ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက နိရဉ္စရာသို့ ပြောသည်။
မောင်ရာဇာဆိုသော အသတ်ခံရသော လူငယ်သည် ရသေ့တောင်မှ အလည်ရောက်နေသူ အမျိုးသမီးငယ် တစ်ဦးအား ကျောက်တော်မြို့နယ် ပြည်တော်သာ ရပ်ကွက်သို့ ပို့ဆောင်ရန် ညနေ ၆ နာရီကျော်ကတည်းက အိမ်မှ ထွက်သွားခဲ့သည်ဟု သိရသည်။
မနက်လင်းမှ သူ၏  အလောင်းအား  အ၀တ်အစား တစ်စုံတစ်ရာမပါဘဲ ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။
“ ကြားရတာက ဦးခေါင်းနောက်စေ့ ပွင့်ထွက်သွားပြီး ခန္ဓာကိုယ်မှာ ဓါးဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ပြောတယ်။ အဲဒီ အသတ်ခံရတဲ့ နေရာက လူပြတ်တဲ့ နေရာလည်း ဖြစ်နေတဲ့ အတွက် လူတွေကတော့ အမျိုးမျိုး ဝေဖန် ပြောဆိုမူတွေတော့ ထွက်နေပါတယ်။ အတိအကျ မသိဘဲ ခန့်မှန်း မပြောဆိုလိုပါ” ဟု ဦးစောငြိမ်းက ပြောသည်။
ယခုအခါ ရဲအဖွဲ့မှာ ရသေ့တောင်မှ အမျိုးသမီးငယ်နှင့် သူမ တည်းခိုရာ နေအိမ်မှ လူငယ် တစ်ဦးအား ရဲစခန်းသို့ ခေါ်ယူသွားပြီး စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း  သိရသည်။
မောင်ရာဇာမှာ အိမ်ထောင်ရှိပြီး ရွှေမင်းဂံ ရပ်ကွက်တွင် စက်ဘီးပြင်ဆိုင် ဖွင့်ထားသည်ဟု သိရသည်။

တခြားသတင်းများ

ယ်ခြားမှတ်တိုင် (၆) အနီး တရုတ်စစ်အင်အား (၃၀၀) ကျော်ချထား


ဒီဇင်ဘာ (၈) စနေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ ကချင်ပြည်နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် (၆) သို့ တရုတ်အစိုးရမှ တရုတ်စစ်တပ် အင်းအား (၃၀၀) ကျော်ကို လာရောက်တပ်ချထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ တရုတ်အစိုးရမှ ယခုကဲ့သို့ နယ်ခြား မှတ်တိုင်သို့ စစ်အင်အား အများအပြာ လာရောက်ချထားရခြင်းမှာ ဗမာစစ်အစိုးရမှ ဒီဇင်ဘာလ (၅-၆) ရက်နေ့တို့တွင် စစ်ရဟတ်ယာဉ်ဖြင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များကို လာရောက် ပစ်ခတ်ရာ၊ ဗမာအစိုးရ စစ်ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံအတွင်းသို့ မီတာ (၈၀၀) ကျော်ဝင်ရောက်လာခြင်းနှင့် ဗမာစစ်အစိုးရ စစ်ရဟတ်ယာဉ်မှ ပစ်လွတ်လိုက်သော ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်များ တရုတ်နိုင်ငံ အတွင်သို့ ကျရောက်ပေါက်ကွဲခြင်းတို့ကြောင့် ဖြစ်ကြောင်း သတင်းရရှိပါသည်။ တရုတ်စစ်တပ်မှ နယ်ခြားမှတ်တိုင်အနီးတပ်စွဲထားသော တရုတ်စစ်တပ်မှ လေယာဉ်ပစ် လက်နက်ကြီးများကိုလည်း တပ်ဆင်ထားပြီး နောက်တစ်ကြိမ် ဗမာအစိုးရ စစ်ရဟတ်ယာဉ်များ နယ်ကျော်လာပါက ပစ်ချသွားမည်ဖြစ်ကြောင်း နေပြည်တော် ကိုလည်း သတိပေးထားပြီး ဖြစ်ကြောင်း ဆက်လက် သိရှိရပါသည်။