Sunday, May 12, 2013

အမူအယာနဲ့ပဲသရုပ်ဆောင်တဲ့ ပြဇာတ်တစ်ပုဒ်က ကြည့်တဲ့သူတွေ မျက်ရည်ဝဲကျန်ခဲ့

ကုလားငွေဖြင့်စားပြီး ကုလားကျွန်ဖြစ်နေသူများ

ပဋိပက္ခ သတင်းလုပ်ကြံဖြန့် သူက မီဒီယာသင်တန်းပြုလုပ်မယ်

လာမဲ့ မေလ-၁၉-ရက်နေ့ မှာ စစ်တွေမြို့ ရွှေသဇင်ဟိုတယ်မှာ ပဋိပက္ခ အဖြစ်မခံနိုင်သော သတင်းစာသင်တန်းကို ပြုလုပ်မှာဖြစ်ပြီး  အိန္ဒိယနိုင်ငံအခြေစိုက် မိဇျိမ္မသတင်းဋ္ဌါနက အုပ်ချုပ်ရေးမှူး ဒါရိုက်တာဒေါ်သင်းသင်းအောင်က ဦးဆောင်ဟောပြော ပို့ ချမယ်လို့  သတင်းတွေမှာ ဖတ်ရတယ် ။ ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်မှာ ဒီလိုပဋိပက္ခဖြစ်ပွါးခြင်းကို ရခိုင်ပြည်နယ်အစိုးရကရော- ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနဲ့  ရခိုင်လူမျိုးတွေကပါ ငြိမ်းချမ်းစွာဖြစ်စေရေးအတွက် အတတ်နိုင်ဆုံး ထိမ်းသိမ်းဆောင်ရွက်နေတာဖြစ်တယ် ။ ဒါ့ကြောင့်မို့ လို့  ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူမျိုးတွေကို ဘယ်သူကမှ ပညာပေးသင်တန်းတွေ ပေးနေစရာ မလိုဘူးထင်တယ် ။ သတင်းဋ္ဌါနအနေနဲ့  သူတို့ ရဲ့  သတင်းထောက်တွေကို သင်တန်းပေးမယ်ဆိုတာမျိုးကတော့ ပြုလုပ်လို့ ရတယ် ။ 
      ဒါပေမဲ့  အခုအချိန်မှာ ဒီလိုပဋိပက္ခဖြစ်စေခြင်းများကို အဖြစ်မခံရအောင် သင်တန်းပေးတာမျိုး- ဟောပြောတာမျိုး-လက်လွပ်စပယ်ပြောဆိုတာမျိုးတွေကို တစုံတရာ ပြောဆိုရေးသား ပြုလုပ်ကြပြီဆိုရင် အထိမခံဖြစ်နေတဲ့  ရခိုင်လူမျိုးတွေရဲ့   အနေအထားမှာ အနာတရ ဒဏ်ရာဒဏ်ချက်ဆိုတာတွေဟာ ချက်ချင်း ပေါ်ပေါက်စေတယ် ။ ဒါတွေဟာ ကြပ်တည်းစွာသတိထားရမဲ့  အချက်တွေဖြစ်တယ် ။ ဥပမာအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်-မင်းကိုနိုင်တို့ တွေတောင်မှ ရခိုင်အရေးနဲ့  ပတ်သက်လို့  စကားပြောရင်တောင်မှ ဆင်ခြင်ပြောရင်တောင် အနှောင့်အသွား မလွပ် ဖြစ်နေတာကို ကြည့်ရင် တချို့ နေရာတွေမှာ အထူးသိထားရမဲ့  အချက်ဖြစ်တယ်ဆိုတာ နားလည်ထားဖို့ လိုတယ် ။ ဒီလို လူထုလေးစားတဲ့  လူတွေတောင်မှ ရခိုင်အရေးနဲ့  ပါတ်သက်လာရင်တောင် ဝေဖန်ခံနေရရင် အခုလို မိဇျိမ္မသတင်းဋ္ဌါနက အုပ်ချုပ်ရေးမှူး ဒါရိုက်တာဒေါ်သင်းသင်းအောင်လို လူစားမျိုးက ရခိုင်လူမျိုးတွေကို ပဋိပက္ခအဖြစ်မခံနိုင်သော မီဒီယာသင်တန်း ဟောပြောပွဲကို ပြုလုပ်မယ် ဆိုတော့ စဉ်းစားစရာဖြစ်ရတယ် ။ 
    ဒေါ်သင်းသင်းအောင်ဟာ ကျွန်တော်သိတဲ့  အမျိုးသမီးတဦးဖြစ်တယ် ။ ကျွန်တော်တို့  နယူးဒေလီမြို့ မှာ နေထိုင်စဉ် -DVB- ရေဒီယိုသတင်းဋ္ဌါနမှာ အပါတ်စဉ် ရေဒီိယိုဇါတ်လမ်းပမာကို စနေနေ့ တိုင်း ရေးသား ထုတ်လွှင့်ခဲ့ တာ နှစ်ပေါင်း ( ၁၀ နှစ်ကျော် ကြာ ) အချိန်ထိဘဲဖြစ်တယ် ။ ကျွန်တော်နဲ့  ရဲရင့်အောင် ( ယခုသြစတေးလီယား ) တို့ နှစ်ဦးဟာ ပင်တိုင်ဇတ်လမ်းပမာ ရေးသား ထုတ်လွှင့်သူဖြစ်တယ် ။ ဂျပန်နိုင်ငံ ထုတ်ဝေတဲ့  အာဟာရစာစောင်မှာလဲ ကျွန်တော်နဲ့  ရဲရင့်အောင်ဟာ ပင်တိုင်ဆောင်းပါးရှင်အဖြစ်ရေးသားနေခဲ့ ကြတယ် ။ နယူးဒေလီမှာ ကျွန်တော်တို့  စာရေးဆရာအဖွဲ့ ကို ဖွဲ့ စည်းပြီး စာပေအနုပညာရှင်များ ပါဝင်ဖွဲ့ စည်းတဲ့ အခါ ကျွန်တော်က ဥက္ကဋ္ဌ-ကိုရဲရင့်အောင်က အတွင်းရေးမှူး တာဝန်ယူဆောင်ရွက်ခဲ့ တယ် ။ ကျွန်တော်ပြောချင်တာက ဒေါ်သင်းသင်းအောင်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီ မြန်မာစာပေအနုပညာရှင်လောကမှာ ဆောင်းပါးတပုဒ်ရေးသူ- ကဗျာတပုဒ်ရေးသူ အဖြစ် သူမကို စာရေးဆရာတယောက်အဖြစ် ကဗျာဆရာတယောက်အဖြစ် ဘယ်သူမှ မသိကြဘူး။ ဘယ်သူကမှ အသိအမှတ် မပြုကြဘူး ။ ဒီတော့ စာရေးဆရာ တယောက် မဟုတ်တဲ့  လူတဦးက ဘယ်လိုလုပ်ပြီး မီဒီယာနဲ့  ပါတ်သက်လို့ ဟောပြောမလဲဆိုတာ စဉ်းစားလို့ မရဘူးဖြစ်နေတယ် ။ နယူးဒေလီက ရဲဘော်ကျော်သန်းဟာ ဒီအကြောင်းကြားရင် တော်တော် ရီမောနေလိမ့်မယ် ။ 
    သေချာတာ တခုကတော့ မိဇျိမ္မသတင်းဋ္ဌါနဟာ ထာဝစဉ် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး မဟုတ်ပါဘူးလို့ ပြောတဲ့  သမိုင်းလိမ်ကုလားလူမျိုးကို ပဋိပက္ခဖြစ်စေအောင် ဖန်တီးလုပ်ကြံရေးသားနေတဲ့  သတင်းဋ္ဌါနဖြစ်တယ်ဆိုတာ ပြောချင်တယ် ။ လွန်ခဲ့ တဲ့ လက အမေရိကပြည်ထောင်စု နယူးယောက်မြို့ ကို ၀န်ကြီးဦးအောင်မင်း-၀န်ကြီး ဦးခင်ရီ-ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့  မြန်မာမိသားစုတွေနဲ့  လူထုတွေ့ ဆုံပွဲ ပြုလုပ်ခဲ့ တယ် ။ အဲဒီတွေ့ ဆုံပွဲမှာ ကျွန်တော်က မီဒီယာများနဲ့  ပါတ်သက်လို့ ဝန်ကြီးဦးခင်ရီကို တင်ပြပြောဆိုခဲ့ တယ် ။ အဲဒါကတော့ မြန်မာနိုင်ငံနဲ့  ပါတ်သက်လို့  မီဒီယာတွေဟာ သတင်းအတည်ပြုချက် မယူဘဲ ရေးသားထုတ်လွှင့်နေကြတယ် ။ သမ္မတကြီး ဦးသိန်းစိန်ကအစ ၀န်ကြီးဦးခင်ရီ အပါအ၀င် အစိုးရတရပ်လုံးကပါ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး( ၁၃၅ ) မျိုးသာ ရှိတယ်လို့  တရားဝင်ထုတ်ပြန်ကြေညာထားတယ် ။ ဒီလိုကြေညာထားပါလျှက်ကယ်နဲ့  မိဇျိမ္မသတင်းဋ္ဌါန- ဧရာဝတီသတင်းဋ္ဌါန-နဲ့  အခြား ရေဒီယိုအသံလွှင့်ဋ္ဌါနတွေဟာ သမိုင်းလိမ်ကုလားလူမျိုးတွေရဲ့  နာမည်ကို ဖေါ်ပြပြီး အင်တာဗျူးပြုလုပ်ခြင်း- ဖြေဆိုခြင်း-ထုတ်လွှင့်ခြင်း-ရေးသားခြင်းများစွာကို ပြုလုပ်ကြတယ် ။ တကယ်လို့  အဲဒီလို ထုတ်လွှင့်ရေးသားမယ်ဆိုရင် အဲဒီလူမျိုးဟာ မြန်မာနိုင်ငံအတွင်းမှာ အမှန်တကယ် တိုင်းရင်းသားလူမျိုး( ၁၃၅ ) မျိုးထဲမှာ ပါဝင်ရဲ့ လားဆိုတာကို သက်ဆိုင်ရာဝန်ကြီးဋ္ဌါနများကို သတင်းအတည်ပြုချက် ရယူရမှာဖြစ်တယ် ။ အခုတော့ သတင်းအတည်ပြုချက် မယူဘဲ ရေးသားဖြန့် ချီ ထုတ်လွှင့်နေတာကြောင့်မို့ လို့  မြန်မာနိုင်ငံဟာ ခုအချိန်မှာ သွေးချောင်းစီးပဋိပက္ခကို ဖြစ်စေနေတာဖြစ်တယ် ။
   ဒါ့ကြောင့်မို့ လို ဒီရေးသားနေတဲ့  မိဇျိမ္မသတင်းဋ္ဌါန-ဧရာဝတီသတင်းဋ္ဌါနဲ့  အခြားရေဒီယိုသတင်းဋ္ဌါနများကို သတင်းအတည်ပြုချက် မယူဘဲ ပြုလုပ်နေကြတဲ့ အတွက် ဘယ်လိုအရေးယူရမှာလဲ ဆိုတာကို မေးမြန်းခဲ့ တာဖြစ်တယ် ။ ၀န်ကြီးဦးခင်ရီက အခုလို ဒီသတင်းအတည်ပြုချက် မယူဘဲ ထုတ်လွှင့်ရေးသားနေသူတွေလဲ ရှိနေတဲ့ အတွက် အရေးယူစရာလဲ လုပ်ရမှာပါဘဲလို့  ဖြေဆိုခဲ့ တာရှိပါတယ် ။ ဒါပေမဲ့  ၀န်ကြီးဦးခင်ရီဟာ မီဒီယာဥပဒေအပိုင်းနဲ့  မပါတ်သက်တဲ့ အတွက် မီဒီယာဥပဒေကို ပြင်ဆင်ရေးဆွဲနေတဲ့  သက်ဆိုင်ရာ ၀န်ကြီးဋ္ဌါနနဲ့  မီဒီယာဥပဒေကို ပါဝင်ရေးဆွဲနေတဲ့  မီဒီယာသမားတွေ သိရှိစေဖို့  တင်ပြပေးလိုက်တာဖြစ်တယ် ။ လွပ်လွပ်စွာရေးသားခွင့် ကို မီဒီယာသမားတွေက ရရှိသလို မီဒီယာသမားတွေအနေနဲ့ လဲ သတင်းအတည်ပြုချက်များနဲ့  သတင်းတည်ဆောက်ပြီးမှ ထုတ်လွှင့်ရေးသားရတဲ့  ဥပဒေဆိုတာ ရှိရပါမယ် ။ သတင်းအတည်ပြုချက် မယူဘဲ အခုလို နိုင်ငံကို အကြည်ညို ပျက်စေလောက်တဲ့  သတင်းအချက်အလက်များကို ဖေါ်ပြရေးသား ထုတ်ပြန်ခဲ့ ရင် ဥပဒေအရ အရေးယူရမယ်ဆိုတဲ့  ဥပဒေလဲ ထုတ်ပြန်ထားဖို့ လိုတယ် ။
     ကျွန်တော်တို့  နိုင်ငံတကာမှာ ရှိနေတဲ့  မီဒီယာသတင်းသမားတွေဟာ သတင်းများကို အတည်ပြုယူဖို့ အတွက် ပြည်တွင်းက သက်ဆိုင်ရာဝန်ကြီးဋ္ဌါနဖြစ်စေ ရဟန်းရှင်လူ တဦးဦးကိုဖြစ်စေ အထောက်အကူပြု အတည်ပြုချက် ယူကြရတယ် ။ ဒီလိုမှသာ သတင်းက ခိုင်လုံမှု ရှိကြတယ်ဆိုတာ လက်ခံကြတယ် ။ ဒီတော့ခါ မိဇျိမ္မသတင်းဋ္ဌါနက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့ တဲ့  ပဋိပက္ခသတင်းများနဲ့ ဖေါ်ပြနေခဲ့ ချိန်မှာ ဘယ်လို သတင်းမျိုးကို ဦးစားပေး ဖေါ်ပြနေခဲ့ သလဲ ဆိုတာ လေ့လာကြည့်ရင် အားလုံးနားလည်ကြမှာဖြစ်တယ် ။ ခုအချိန်မှာ မိဇျိမ္မသတင်းဋ္ဌါနက ဒါရိုက်တာ ဒေါ်သင်းသင်းအောင်က ပဋိပက္ခအဖြစ်မခံနိုင်သော မီဒီယာသင်တန်းကို ဟောပို့ ချမယ်ဆိုတော့ ဒါတွေကို စဉ်းစားရမှာဖြစ်လာတယ် ။ ပဋိပက္ခဖြစ်စေနိုင်သော သတင်းများကို လုပ်ကြံရေးသား ဖြန့်ချီနေသူများက မီဒီယာသင်တန်း ပြုလုပ်မယ်ဆိုတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့  အကြောင်းအရာသာဖြစ်တယ် ။ 
     နောက်ပြသနာ တခုက ဒေါ်သင်းသင်းအောင်ဟာ မူဆလင်ဘာသာဝင်အမျိုးသမီး တဦးဖြစ်တယ် ။သူမကဲ့ သို့  မူဆလင်ဘာသာဝင် အမျိုးသမီး  တဦးက ရခိုင်လူမျိုးတွေကို သင်တန်းပေး ဟောပြောမယ်ဆိုတာကို လူထုကြားမှာ သတင်းဖြန့်ချီတာနဲ့  ပါတ်သက်လို့  နယ်မြေငြိမ်းချမ်းစပြုနေတဲ့  စစ်တွေမြို့ ဟာ ဆန္ဒပြမြို့ တမြို့ အဖြစ် နောက်ထပ်မြို့ တမြို့  အဖြစ် ရောက်လာနိုင်စရာ ဖြစ်လာနိုင်တယ် ။ ကျွန်တော်ကတော့ သူမကို အခုလို ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဆရာကြီးလို သင်တန်းပေးတာမျိုးတာတွေကို ဘယ်လိုမှ လက်မခံတဲ့ သူဖြစ်တယ် ။ သူမရဲ့  အကျင့်စာရိတ္တ ဘယ်လိုမကောင်းဘူးဆိုတာကို ကျွန်တော့်အနေနဲ့  နုတ်မှ ထုတ်ဖေါ်ပြောရလောက်အောင် စိတ်ပျက်လွန်းတာကြောင့်  မပြောဘဲနဲ့ ဒီကိစ္စတွေကို တခြားလူတွေ ပြောကြပါလိမ့်မယ် ။ ကျွန်တော်လက်မခံတာက သူမဟာ စာရေးဆရာ တယောက်မဟုတ်ဘူး- ကဗျာဆရာ တယောက်မဟုတ်ဘူး- ဘလော့ဂါတယောက်လဲ မဟုတ်ဘူး- ဒါ့ကြောင့် သူမလို လူတယောက်က ကျွန်တော်တို့  စစ်တွေမြို့ မှာ ဆရာကြီးပုံစံနဲ့  လုပ်မဲ့ အရာ ဟူသမျှကို ရွံရှာတာလဲ ပါတယ် ။ စစ်တွေမြို့ ကို ခြေချခွင့်တောင် မပေးသင့်တဲ့ စာရင်းထဲမှာ သူမကို တနေရာ ထားရမှာဖြစ်တယ် ။ 
    မိဇျမ္မသတင်းဋ္ဌါနအနေနဲ့  သူတို့ ရဲ့  သတင်းထောက်များကို သတင်းရေးသားနည်းနဲ့  ရေးသားခြင်း သင်တန်းများ ပေးလို့ ရတာမှန်တယ် ။ အဲဒီလို ဆိုရင် အဲဒီသင်တန်းကို မူဆလင်လူမျိုး ဘင်္ဂလီကုလားတွေက လာရောက် တက်လာခဲ့ ရင်ကော ဘယ်လိုလုပ်မှာလဲ ဆိုတာမျိုးကော တွေးတောထားရမှာ လိုလာပြန်တယ် ။ တက်လာခဲ့ ရင် နယ်မြေ ဆူပူ လာမယ် ဆိုတာ သတိထားဖို့ လိုတယ် ။ ဒါကြောင့်လဲ  ရခိုင်ပြည်နယ် တ၀န်းမှာတော့ မိဇျိမ္မသတင်းဋ္ဌါနက ထုတ်ဝေဖြန့် ချီမဲ့  ဂျာနယ်-သတင်းစာ စသည်တို့ ကို ဘယ်ရခိုင်လူမျိုးကမှ ၀ယ်ယူအားမပေးဖို့  သတိပေး မေတ္တာရပ်ခံထားပါရစေ ။ အထူးသဖြင့်ကတော့ ငြိမ်းချမ်းစပြုနေတဲ့  ရခိုင်အရေးကို ဘယ်သူကမှ နည်းမျိုးစုံနဲ့  သပ်လျှိုပြီး ကောက်ကျစ်စွာ နေရာယူဝင်ကြခဲ့ ရင် ဖြစ်လာတဲ့  ပြသနာဟာ အဲဒီလူတွေကြောင့်လို့  ပြောရမှာဘဲ ဖြစ်တယ်လို့  ပြောချင်ပါတယ် ။ ဒါ့ကြောင့်မို့ လို့  စစ်တွေမြို့  ရွှေသဇင်ဟိုတယ်မှာ ပြုလုပ်မဲ့  အဲဒီအစီအစဉ်ကို ခွင့်ပြုကြသူများ အားလုံးကို လေးစားစွာ မေတ္တာရပ်ခံလိုက်ပါတယ် ။ အကယ်၍ ဆက်လက်ပြီး အဲဒီအစီအစဉ်များကို ပြုလုပ်မည်ဆိုပါက ဆန္ဒပြတောင်းဆိုပွဲများဖြင့် နယ်မြေမငြိမ်သက်မှုများ ဖြစ်ပွါးလာနိုင်စရာ ရှိပါကြောင်း အသိပေးတင်ပြလိုက်ရပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

The Most Amazing Dog Video

ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း

( နိရဉ္စရာ- ၁၃ မေ ၂၀၁၃)
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။
Cyclone-mohosen-move-india
မဟာဆန်မုန်တိုင်းသည် ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၄၅ အကွာ ဘင်္ဂလာပင်လယ်ထဲတွင် ဗဟိုပြု တည်ရှိနေပြီး တဖြည်းဖြည်းဖြင့် အိန္ဒိယ နိုင်ငံ Chennai ပြည်နယ် ပင်လယ်ကမ်းခြေ  ဘက်သို့ ဦးတည် ရွှေ့လျားနေကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော်လည်း မုန်တိုင်း မဟာဆန် မည်သည့် အချိန်တွင် မည်သည့် အရပ်ဒေသသို့ ၀င်ရောက် တိုက်ခတ်မည် ဆိုသည်ကို တိတိကျကျ ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဒက္ကားမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဘာဇလူ ရာချစ် (Bazlur Rashid) က ပြောသည်။
မဟာဆန် မုန်တိုင်းသည် တစ်နာရီ ဆယ်ကီလိုမီတာနုန်းဖြင့် ရွှေ့လျားနေပြီး မနက်ဖြန်တွင် ကုန်းတွင်းပိုင်း ဒေသ တစ်ခုခုသို့ ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု သူက ခန့်မှန်း ပြောသည်။
မဟာဆန် မုန်တိုင်းသည်  လေဖိအား အနည်းအများ အပေါ် မူတည်ပြီး အနောက်သို့ယခု  ရွှေ့နေရာမှ အရှေ့ဘက်သို့လည်း ပြန်လည် ရွှေ့လျားနိုင်ကြောင်း နောက်ထပ် အရာရှိ တစ်ဦးက ပြောသည်။
မုန်တိုင်းသည် တိုက်ခတ်စဉ် တစ်နာရီကို ၆၂ ကီလိုမီတာမှ ၈၈ ကီလိုမီတာ အထိ တိုက်ခိုက်နိုင်ကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေ တလျှောက်တွင် နံပတ်သုံး အဆင့် သတိပေးမူကို ပြုလုပ်ထားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။
ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ငါးဖမ်းစက်လှေများ ပင်လယ်ပြင်ထွက်ခွင့်ကို တားမြစ်ထားလိုက်ပြီ ဖြစ်သည်။  NARINJARA

တရုတ်နဲ့ ဂျပန်တွေ စိတ်ဝင်စားနေတဲ့ သဲများအကြောင်း သိထားသင့်သမျှ။

=======================

ဒီတလော သတင်းမှာ တွေ့နေရတာက ရခိုင်ပြည်နယ်က အနက်ရောင် သဲများကို တရုတ်ပြည်က စိတ်ဝင်ပြီး လာရောက် စမ်းသပ်မှု တွေ ပြုလုပ်နေတယ် ဆိုတာပါပဲ။ မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာ သွားသုံးမှာလဲ၊ ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ။ စာရေးသူ ကိုယ်တိုင်လည်း အဲဒီ သဲတွေကို မမြင်ဘူး အကြောင်းလဲမသိပါ။ အရေးကြီးတယ် သိထားသင့်တယ် ယူဆလို့ ရှာဖွေမိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။ တစ်ခုတော့ ကြိုတင်စကားခံ ပါရစေ။ စာရေးသူက အဲဒီ အနက်ရောင်သဲ တွေဟာ rare earth နဲ့ ဆက်စပ်နေတယ်၊ အဲဒီထဲမှာ rare earth ပါဝင်မယ်လို့ ယူဆပါတယ်။

ဖတ်မိရတဲ့သတင်း အချက်အလက် အတိုင်းအတာကြောင့် အတိအကျ rare earth ဟုတ်မဟုတ် မသေချာပေမဲ့လည်း စာဖတ် သူများ အနေနဲ့ ဗဟုသုတတခု ရသွားမှာတော့ ယုံကြည်ပါတယ်။ အဆိုပါ အနက်ရောင်သဲများ က အင်္ဂလိပ်လိုတော့ rare earth လို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး မြေကြီးလည်း မဟုတ်ပါဘူး။ rare earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါဝင်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။ အဲဒါတွေက scandium (Sc-21), yttrium (Y-39), lanthanum (La-57), cerium (Ce-58), praseodymium (Pr-59), neodymium (Nd-60), promethium (Pm-61), samarium (Sm-62), europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67), erbium (Er-68), thulium (Tm-69), ytterbium (Yb-70), and luteium (Lu-71) တို့ ဖြစ်ပါတယ်။ အဲဒီ သတ္တုတွေကို တချို့က the silent heroes of modern technolog လို့ တင်စားကြပါတယ်။

Rare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက တမျိုးတည်းသီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ဆိုတော့ တူးဖော်ရတဲ့ မြေကြီး သို့မဟုတ် အနက်ရောင်သဲများမှာ အထက်ပါ သတ္တုတွေ ရောနှောပါဝင်နေမှာ ဖြစ်ပြီး ပါဝင်တဲ့ သတ္တုတစ်ခုစီရဲ့ အချိုး အစားရာခိုင်နှုန်း မတူညီဘဲ ရှိတတ်ပါတယ်။ မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare earth ထဲမှာ ပါဝင်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။ ကျနော်တို့ နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက် ပါဝင်နေပါတယ်။ တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့ အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊ အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက် ကိရိယာများ၊ နုကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ် ကိုယ်ထည်တွေမှာ အဲဒီသတ္တု တမျိုးမဟုတ်တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။

ဥပမာပြရရင် Neodyumium သတ္တုကို သေးငယ်တဲ့ အီလက်ထရွန်းနှစ် အစိတ်အပိုင်း ဖြစ်တဲ့ ကွန်ပြူတာ hard disk, နားကျပ်၊ စပီကာ၊ တာဘိုင်၊ ရေနံတူးဖော်တဲ့ လွန်ပူ နဲ့ သံလိုက်ဓာတ် သုံးရတဲ့ နေရာတိုင်းလိုလိုမှာ ထည့်သုံးထားပါတယ်။ Neodyumium ကို သေးငယ်ပေါ့ပါးပြီး အလွန်မာကျောတဲ့ ကိရိယာအစိတ်အပိုင်းတွေမှာ အဓိက သုံးရပါတယ်။ Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်းဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။ Europium သတ္တုကို တီဗီဖန်သားပြင်၊ LED မီးလုံး တွေ နဲ့ နူကလီးယား ဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။ Hybrid ကား (ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့ ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရတယ်ဆိုတာ မသိကြပါဘူး။ တိုယိုတာ Prius Hybrid ကားတိုင်းမှာ Lanthanum ၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ ဘက်ထရီအမျိုးအစား "nickel-metal hydride" က Lanthanum သတ္တုကို သုံးထားတာပါ။ "ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တိုယို တာကားရဲ့ ထုတ်လုပ်မှုနှုန်းမှာ Prius ဟိုင်းဘရစ်ကား က ၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က ဈေးကွက်မှာ လုံလောက်စွာမရှိပါဘူး" လို့ rare earth ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။ 

ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်းသော ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။ အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း စက်မှု လုပ်ငန်း များမှာ အသုံးပြုဖို့ လုံလောက်အောင်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ တင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်။ အဲဒီ သတင်း ကြောင့် rare earth ဈေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။ rare earth ရဲ့ ဈေးနှုန်းကတော့ ဈေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ၀ယ်လို အားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် HEFA ရဲ့ ဈေးနှုန်းအရ ၁ ကီလိုဂရမ် ဈေးကို ဖော်ပြထားပါတယ်။ Scandium metal - အမေရိကန် ဒေါ်လာ ၁၅၀၀၀ (၁ ကီလိုဈေး)၊ Terbium metal - ၂၅၀၀၊ Neodymium metal - ၁၁၅၊ Lanthanum metal - ၂၈၊ Europium Oxide - ၂၁၅၀၊ Dysprosium Oxide - ၉၇၅၊ Erbium metal - ၂၇၅၊ Cerium metal - ၂၅ ဒေါ်လာ ....။

မြန်မာပြည်က အဖိုးတန်ကြွယ်ဝတဲ့ သံယံဇာတတွေကို ပြည်သူတွေ မသိရှိရဘဲ ပြင်ပတိုင်းပြည်တွေက ပေါချောင်ကောင်းနဲ့ တိတ်ဆိတ်စွာ သယ်ထုတ်သွားခဲ့တာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် အလွန်နှစ်နာလှပါတယ်။ မိမိတိုင်းပြည်က ငွေကြေး အရ နည်းပညာအရ ကိုယ်တိုင် တူးဖော်ထုတ်လုပ်နိုင်ခြင်း မရှိလို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ ကို ဖိတ်ခေါ်ရတယ် ဆိုရင်လည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပထမဦးစားပေး ထည့်သွင်းစဉ်းစား ရပါမယ်။ သတ္တုသွင်း တူးဖော်ခွင့်ပြုမယ့် နေရာဒေသတ၀ိုက်ရဲ့ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု၊ နေထိုင်ကြတဲ့ ပြည်သူလူထုများ ရဲ့ ကျန်းမာရေး အကျိုးသက်ရောက်မှု၊ ဘေးထွက် စွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းမှု စတာတွေကို ဦးစွာ စမ်းသပ်လေ့လာရပါမယ်။ 

ထို့အပြင် တူးဖော်မယ့် နေရာဒေသတ၀ိုက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့သဘောထင်မြင်ချက်ကို ထည့်သွင်းစဉ်းစား ရပါမယ်။ နောက်ဆုံးမှ ခွင့်ပြုချက်ပေးသင့် မပေးသင့်ကို ဆုံးဖြတ်ရပါမယ်။ ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာ တူးဖော်ခွင့် ပေးထားပေမယ့် အချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်း ရေးသားလိုက်ပါတယ်။

မောင်ကံချွန်။
Credit: KDN
====================
Periodic Table မှာတော့ Rare Earth Elements တွေကတော့ Lanthanoids နဲ့ Actinoids series ထဲမှာပဲပါဝင်ပြီး သူတို့တွေကို သဘာဝမှာတော့ ကမ္ဘာ့အပေါ်ယံလွှာမှာ မြောက်များစွာ တွေ့ရှိနိုင်ပေမယ့်လည်း အခြားသော ဒြပ်စင်တွေလည်း ပေါင်းစပ်ပါဝင်နေတာမို့ ဆန်းသက်တစ်နည်းအရ ခွဲထုတ်နိုင်မှသာ အဆင်ပြေပါတယ် ... Rare Earth Elements ကိုတော့ မြန်မာလို မြန်မာမှုပြုရင် ရှားပါးတဲ့မြေအစား 'မြေရှားဒြပ်စင်" ဆို အဆင်ပြေလွယ်ကူမှာပါ ... အထက်ကပြောသလို ... သဘာဝမှာတော့ အရောအနှောများစွာအနေနဲ့ပါဝင်နေတာမို့ သီးသန့်ခွဲထုတ်မှသာလျှင် ... အနည်းငယ်လောက်ရရှိလာနိုင်တာမို့ ( ဥပမာ = ယူရေနီယမ်) မြေရှားလို့ အမည်မှည့်ခေါ်ရခြင်းပါပဲ။ ဒါနဲ့ ပတ်သတ်ပြီး အနည်းအကျဉ်းကို ... muctr.com ကနေ အနည်းငယ် ဖော်ပြပေးလိုက်ပါတယ် ....

Rare Earth Elements

ဒြပ်စင်အလှည့်ကျဇယား (Periodic Table) ရှိ မြေရှားဒြပ်စင်များ (Rare Earth Elements) အုပ်စုတွင် လန်သန်နမ်နှင့် ဆင်တူသော ဒြပ်စင်များ (Lanthanides) အုပ်စုမှ ဒြပ်စင် ၁၅ ခုအပြင် စကန်ဒီယမ် Sc (Scandium) နှင့် အီထရီယမ် Y (Yttrium) စုစုပေါင်း ဒြပ်စင် ၁၇ ခု ပါရှိသည်။ စကန်ဒီယမ် Sc (Scandium) နှင့် အီထရီယမ် Y (Yttrium) တို့သည် လန်သန်နမ်နှင့် ဆင်တူသော ဒြပ်စင်များ (Lanthanides) အရိုင်းတုံးများတွင် တွဲဖက်၍ ပါဝင်နေတတ်ပြီး ဓာတ်ဂုဏ်သတ္တိများသည်လည်း ဆင်တူမှုရှိနေသောကြောင့် ၎င်း ဒြပ်စင် ၂ ခုကိုလည်း မြေရှားဒြပ်စင်များ (Rare Earth Elements) အုပ်စုတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ မြေရှား ဒြပ်စင်များ အားလုံးကို ဒြပ်စင်အလှည့်ကျဇယား (Periodic Table)၏ ဒေါင်လိုက် အစု အမှတ်စဉ်-၃ အောက်ရှိ အလျားလိုက် အုပ်စု အမှတ်စဉ် ၆ တွင် ပါဝင်ပါသည်။
၎င်းတို့ မြေရှားဒြပ်စင်များဟု ခေါ်ဝေါ်သုံးစွဲထားသော်လည်း ရေဒီယိုသတ္တိကြွ ပရိုမက်တေနီယမ် Pm (Promethium) မှလွဲ၍ အခြားသော မြေရှားဒြပ်စင်များသည် ကမ္ဘာ့အပေါ်ယံလွှာတွင် မြောက်များစွာ တည်ရှိနေသည်။ ၎င်းတို့ထဲတွင် ဆယ်ရီယမ် Ce (Cerium) သည် ၂၅ ခုမြှောက် အပေါများဆုံးဖြစ်ပြီး ကြေးနီ Cu (Copper) ကဲ့သို့ပင် အပုံတစ်သန်းလျှင် ၆၈ပုံ (68 ppm) တည်ရှိနေသည်။ သို့သော်လည်း မြေရှားဒြပ်စင်များသည် ဒြပ်စင် ဒြပ်စင် အမျိုးအစား မြောက်များစွာပါဝင်လျှက် ပမာဏ အနည်းငယ်စီဖြင့်သာ ပျံ့နှံ့စွာ တွေ့ရှိရသည်။ ပထမဆုံး တွေ့ရှိခဲ့သည့် သတ္တုရိုင်းတုံးဖြစ်သည့် ဂါဒိုလင်နိုက် (Gadolinite) တွင် ဆယ်ရီယမ် Ce၊ အီထရီယမ် Y၊ သံ Fe၊ ဆီလီကွန် Si နှင့် အခြားသော ဒြပ်စင်များ ပါဝင်နေသည်။ ၎င်းသတ္တုရိုင်းတုံးကို ဆီဒင်နိုင်ငံ (Sweden) အီတာဘိုင်ရွာ (Ytterby Village) ရှိ သတ္တုတွင်းမှ ထုတ်ဖော်ရရှိခဲ့သည်။ မြောက်များစွာသော မြေရှားသတ္တု ဒြပ်စင်များ၏ အမည်များကို ၎င်းတို့ စတင်တွေ့ရှိခဲ့ရာ နေရာဒေသကို အစွဲပြု၍ ခေါ်ဝေါ်သုံးစွဲထားသည်။ တရုတ်နိုင်ငံသည် မြေရှားဒြပ်စင်များကို ကမ္ဘာပေါ်တွင် အများဆုံး ထုတ်ယူသောနိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် တည်ရှိနေသော မြေရှားဒြပ်စင် ပမာဏ၏ ၃၇% သာပိုင်ဆိုင်ထားသော်လည်း ၎င်းထုတ်ယူမှု ပမာဏမှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လိုအပ်ချက်၏ ၉၇% ကျော် ထိ ထုတ်ယူသုံးစွဲလျက်ရှိသည်။ တရုတ်နိုင်ငံပြီးလျှင် ထုတ်ယူမှု များသော နိုင်ငံများမှာ ဘရာဇီး၊ မလေးရှား နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်သည်။ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန် နှင့် ထိုင်းနိုင်ငံတို့တွင်လည်း ၎င်းဒြပ်စင်များကို ထုတ်ဖော်လျှက်ရှိကြသည်။ ၎င်းဒြပ်စင်များ သန့်စင်ရန် အချို့သော လုပ်ငန်းစဉ်များကို အမေရိကန်၊ ဂျပန်၊ တရုတ် နှင့် ဥရောပနေရာအတော်များ တို့တွင် လုပ်ဆောင်ကြသည်။

ပါကစ္စတန် ရွှေးကောက်ပွဲ ဘင်္ဂလီ သိန်းပေါင်း (၂၀) မဲပေးပိုင်ခွင့်မရ

မေလ ၁၂ ရက် ၂၀၁၃

မေလ ၁၁ ရက် စနေနေ့က ပြုလုပ်ခဲ့သော ပါကိစ္စတန် နိုင်ငံ အထွေထွေ ရွှေးကောက်ပွဲတွင် နိုင်ငံ အတွင်း နေထိုင်သော ဘင်္ဂလီ လူမျိုး သိန်းပေါင်း (၂၀) ခန့် မဲပေးပိုင်ခွင့် မရရှိခဲ့ကြောင်း သိရသည်။

Bengalis Deprived of Voting Rights ခေါင်းစည်းဖြင့် ရေးသားထားသော သတင်းအား ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ယနေ့ ဖေါ်ပြရာ အဆိုပါ သတင်းတွင် ထိုသို့ ဘင်္ဂလီ လူမျိုး သိန်းပေါင်း (၂၀) ခန့် မဲပိုင်ခွင့် မရရှိခဲ့ ကြောင်း ဆိုသည်။

ယခုကဲ့သို့ မဲပေးပိုင်ခွင့် မရရှိခဲ့ခြင်းမှာ အဆိုပါ လူပေါင်း သိန်း (၂၀) အား ပါကိစ္စတန် နိုင်ငံသား အဖြစ် အသိအမှတ် မပြု ရာမှ ရွှေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ရေးသားသည်။
ပါကိစ္စတန် နိုင်ငံ၏ ၁၉၅၁ ခုနှစ် နိုင်ငံသား ဖြစ်မူ အက်ဥပဒေအရ ၁၉၇၁ ခုနှစ် ဒီဇင်္ဘာလ ၁၆ ရက်နေ့ မတိုင်မီ ပါကိစ္စတန်နိုင်ငံတွင် နေထိုင်သူများကိုသာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် လာရောက်နေထိုင်သူများကို နိုင်ငံသား အဖြစ် အသိအမှတ် မပြုကြောင်း သတင်းက ဆိုသည်။

သို့သော်လည်း အဆိုပါ နိုင်ငံသား ဖြစ်မူဆိုင်ရာ ပါကိစ္စတန်၏ ဥပဒေမှာ အငြင်းပွားဖွယ်ရာ အချက်အလက်များ ပေါ်ပေါက် လာပြီး ၁၉၇၁ ခုနှစ် ဒီဇင်္ဘာလ အတွင်း ပါကိစ္စတန်နိုင်ငံ ကရာချိမြို့သို့ ပြောင်းရွှေ့နေထိုင်သူများကိုလည်း နိုင်ငံသား အဖြစ် အသိအမှတ် မပြုဘဲထားကြောင်း သတင်းက ရေးသားသည်။

ပါကိစ္စတန်နိုင်ငံတွင် နေထိုင်သည်မှာ နှစ်ပေါင်း ၄၂ နှစ်ရှိနေပြီ ဖြစ်သော်လည်း နိုင်ငံသား အဖြစ် အသိအမှတ်ပြု မခံရဘဲ သူတို့အား ယခု အချိန်ထိ နိုင်ငံခြားသား အဖြစ် သတ်မှတ်ထားသည်ဟု ပြောသည်။
Narinjara

ဘင်္ဂလီကိစ္စ ဒေါက်တာ ဒေါ်ရင်ရင်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း