Saturday, September 14, 2013

ရခိုင် ဗမာ အဓိကပြဿနာ



************************
ဗမာပြည်ဟုခေါ်တွင်သော နိုင်ငံထဲမှ ရခိုင်ပြည်ကြီးကို သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရန်ခွဲထွက်ဖို့ တောင်းဆိုနေသည့်အတွက် ဗမာအမျိုးသား အားလုံးလိုလိုက ရခိုင်ရို့ကို ကျဉ်းမြောင်းသူများဟု စွပ်စွဲကြသည်။ ရခိုင်ရို့သည် ဗမာရို့နှင့်မတူ ကွဲပြားခြားနားသော ၀ိသေသလက္ခဏာများဟိသောကြောင့် ဗမာရို့နှင့် လက်တွဲနိန်ထိုင်ဖို့သော်၎င်း၊ ခွဲထွက်ဖို့သော်လည်းကောင်း ရခိုင်ရို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဟိသည်။ ရခိုင်ရို့သည် ရှီးပဝေသဏီကပင် ကိုယ့်ချင်းကိုယ့်မင်းနှင့် ရာစုနှစ်ပေါင်းများစွာ သီးခြားနိန်ထိုင်လာခဲ့ပြီး ယ္ခုလက်ဟိတွင်လည်း သီးခြားနိုင်ငံတစ်ခုအဖြစ် ရပ်တည်နိန်နိုင်ရန်အတွက် နန်းရာကုန်းအပါအ၀င် မြောက်များစွာသော သမိုင်းအထောက်အထားနှင့် ရီမြီအထောက်အထား ဟိနိန်သည်ကို မည်သူကမျက်ကွယ်ပြု ငြင်းကွယ်နိုင်မည်နည်း။ ရခိုင်ရို့သည် ဗမာအမျိုးသားလက်ထဲ၌ အတိတ်နှင့်ပစ္စုပ္ပန်ကာလ နှစ်ခုစုံလုံးရို့တွင် လူ့အခွင့်ရေးပေါင်းမြောက်များစွာ ဆုံးယှုံးခံနိန်ရသည်။ မိမိရို့ဘုရင်ကို သတ်ခဲ့သောသူ၊ မိမိနိန်မြီကိုကျူးကျော်လျှက် မိမိရို့၏ စာပီယဉ်ကျေးမှုအစဉ်အလာများကို ဖျက်စီးခဲ့သော၊ လက်ဟိ၌လည်း ဖျက်စီးနိန်သောသူများနှင့် အတူနိန်ထိုင်၍ မည်ကဲ့သို့ပျော်နိုင်ပါမည်နည်း။
ရခိုင်ရို့ကို ဗမာရို့က ကျဉ်းမြောင်းသည်ဟု စွပ်စွဲလာလျှင် သူများနိန်မြီများကို ကျူးကျော်လျှက် အခြားလူမျိုးများကို မျိုးဖြုတ်သတ်ဖြတ်နိန်သူများကို မည်ကဲ့သို့ ကင်မွန်းတပ် စွပ်စွဲရမည်နည်း။ ဗမာလူမျိုးရို့သည် ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်သည့်အချိန်မှစ၍ ရခိုင်လူမျိုးရို့အပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။ ဒေနိန့်ထက်ထိလည်း အုပ်စိုးသူရို့သည် လူ့အခွင့်ရေးပေါင်းမျိုးစုံကို လျှိုးဖေါက်လျှက်ဟိနိန်တုန်းပင်။
ရခိုင်လူမျိုးရို့သည် ဗုဒ္ဓဘာသာဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရးကို ချစ်မြတ်နိုးးကြသည်။ ထို့ကြောင့် ရခိုင်အမျိုးသားအချို့ရို့သည် အုပ်စိုးသူ၏ နှိပ်ကွက်ရက်စက်မှုကို မခံနိုင်သောအဆုံးစွန်၌ ငြိမ်းချမ်းသောနိန်မြီကို ရှာဖွယ်ရန်အတွက် မိမိမွီးရပ်မြီကို စွန့်ခွာလာခဲ့ကြသည်။ တချို့ရို့သည် အလုပ်အကိုင်ရှာဖွယ်ပြီး သူရို့၏ဘ၀ကို ရပ်တည်နိန်နိုင်ရန်အတွက် ထိုင်းနိုင်ငံသို့လည်း ရောက်ဟိလာခဲ့ကြသည်။ တခါတရီ ထိုင်းရဲများက ဖမ်းဆီးးပြီး နယ်စပ်သို့ပြန်ပို့ခြင်းခံရသော်လည်း အာဏာသျှင်နယ်ချဲ့ရို့၏ ဖိနှိပ်မှုလက် အောက်မှာထက် လုံခြုံမှုဟိသည်ဟု ခံယူကြသည်။ အဖရခိုင်ပြည်ကြီး ငြိမ်းချမ်းသာယာမှု မဟိသမျှကာလပါတ်လုံး တရားမ၀င်အလုပ်သမားပြဿနာနှင့် မူးယစ်ဆီးဝါးပြဿနာရို့ကို ဖြီချင်းနိုင်လိမ္မည်မဟုပ်ပါ။ ရခိုင်လူမျိုးရို့၏ဘ၀နှင့် ထိုင်းပြည်သူရို့၏ဘ၀ကို ကယ်တင်နိုင်ရန်အတွက် ထိုင်းအစိုးရအနိန်ဖြင့် ဗမာပြည်၏ပြဿနာကို အကျွန်ရို့၏ပြဿနာသည်သာမက ထိုင်းရို့၏နိန်မြီနှင့် ထိုင်းပြည်သူရို့၏ လုံခြုံရေးအတွက်ပါ သက်ဆိုင်သည်ဟု သဘောထားသင့်သည်။ ကမ္ဘာ့ကုလသမဂ္ဂအနိန်ဖြင့်လည်း မြောက်များစွာသော မြန်မာပြည်သူရို့ ငြိမ်းချမ်းသာယာရေးအတွက် အနည်းငယ်မျှသော အုပ်စိုးမင်းမူသူများကို ပြစ်ဒါဏ်ချမှတ်ဖို့ လီးလီးနက်နက် ထည့်သွင်းစဉ်းစားသင့်သည်။ အနည်းငယ်မျှသော အုပ်စိုးသူများကို အပြစ်ပီးအရေးယူခြင်းသည် မြောက်များစွာသော ပြည်သူရို့၏ဘ၀ကို ကယ်တင်ရာရောက်ပါမည်။
အကျွန်ရို့၏ ဘိုးဘွား၊ ဘီဘင်ရို့သည် ထွန်းလင်းတောက်ပြောင်သော ရခိုင်မင်းနိန်ပြည်တော်တွင် ဗုဒ္ဓဘာသာ ရခိုင်ဘုရင်ရို့၏ အုပ်ချုပ်မှုလက်အောက်၌ နိန်ထိုင်ခဲ့ရသောကြောင့် ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းနှင့် နှစ်မြို့ဖွယ်ရာရို့သည် ၎င်းရို့၏အိပ်မက်များ ဖြစ်နိန်ခဲ့ပါသည်။ သို့သော် ဗမာရို့၏ကျွန်ပြုမှုကို ခံခဲ့ရပြီးနောက်ပိုင်းတွင်မူ ရခိုင်ပြည်သည် သဘာဝသယံဇာတမျိုးစုံ ပွါးများစီကာမူ ဆင်းရဲခြင်း၊ မျက်ရည်ကျခြင်းနှင့် ကြောက်ရွံ့ခြင်းရို့သည်သာ ရခိုင်ရို့အတွက် နိန့်စဉ်အိပ်မက်ဖြစ်လာခဲ့ရသည်။ ရခိုင်လူမျိုးရို့သည် ကိုယ့်နိန်မြီ၌ တပါးသူရို့၏ ကျွန်ပြုမှုကိုခံနိန်ရသည်။ ရခိုင်ပြည်သည် ကိုလိုနီဖြစ်ပါလျှက်နှင့် လူများမသိသော ကျွန်ပုန်းကိုလိုနီဖြစ်နိန်ရသည်မှာ အလွန်တရာမှဝမ်းနည်းစရာပင်။
အတိတ်နှင့် ပစ္စုပ္ပန်ရို့သည် အကျွန်ရို့၏နှလုံးအိမ်ကို နိန့်စဉ်ရက်ဆက် ရိုက်ခတ်နိန်မှုကြောင့် ရခိုင်ရို့သည် ဒီဇင်ဘာလ ၃၁-ရက်နိန့်ကျရောက်တိုင်း မျက်ရည်နှင့် ပြည့်နှက်နိန်ကြသည်။ ဤအချုပ်အခြာအာဏာကျဆုံးခဲ့သောနိန့်ကို ရခိုင်ရို့အနိန်ဖြင့် မည်ကဲ့သို့ မိန့်ပျောက်နိုင်ပါမည်နည်း။ ထိုနိန့်သည် ရခိုင်သားရို့အတွက် မိန့်ပျောက်၍မရနိုင်သောကြောင့် ရခိုင်ပြည် အချုပ်အခြာအာဏာကျဆုံးသောနိန့်ကို အခွင့်အခါရတိုင်း ရခိုင်သားရို့ကျင်းပကြသည်။ ဤသို့ကျင်းပခြင်းဖြင့် ရခိုင်ပြည်သည် အစစ်အမှန်ကိုလိုနီတိုင်းပြည်ဖြစ်နိန်သည်ကို ပြင်ပကမ္ဘာမှသိအောင် ဖန်တီးပီးနိုင်ပါမည်။ ရခိုင်ရို့ ဆက်လက်ပြီး မငိုချင်တော့ပါ။ ရခိုင်ရို့၏ညီညွတ်မှုဖြင့် အဖရခိုင်ပြည်ကြီးကို ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်လျှက်။

ကျွန်တော် အောင် ကိုစိုင်းပါ

မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှားဥပဒေဖြင့် အရေးယူမခံရဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိ



မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှား ဥပဒေဖြင့် မရေးယူမခံရတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိရန် ညှိနှိုင်းမှုရရှိခဲ့ကြောင်းအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့ သွားရောက်ပြီး အထောက် အထားမဲ့ မြန်မာအလုပ်သမားများအရေး အဓိကထား ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၂ရက်က ပြန်လည်ရောက်ရှိစဉ် မီဒီယာများနှင့် တွေ့ဆုံရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''အဓိကတော့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအတွက်ပါ။ အဲဒီအတွက်လည်း အထောက်အထားနဲ့ အလုပ် လုပ်ချင်တဲ့သူတွေကို တရားဝင် မှတ်ပုံတင်တွေ ထုတ်ပေးမယ်။ နောက်တစ်ခုက ဟိုပြေး၊ ဒီပြေးနဲ့ အလုပ်ရှင်ကလည်း မလိုအပ်ဘူးဆိုတဲ့သူတွေရယ်၊ စခန်းတွေမှာ ရောက်နေတဲ့ ကလေးတွေကို မလေးရှားဥပဒေနဲ့ အရေးယူခံရမှုကို ကင်းလွတ်ခွင့်ရရှိဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

ယခုလက်ရှိ မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသို့ ပြန်လာရန် စောင့်ဆိုင်းနေသူ ၁၀၀၀ ကျော်ခန့် ရှိနေကြောင်း၊ ယခင်က မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် အထောက်အထားမဲ့ မြန်မာအလုပ်သမားတစ်ဦးအနေဖြင့် မလေးရှားဥပဒေအရ ဒဏ်ကြေးငွေ မလေးရှားရင်းဂစ် ၄၀၀ ပေးဆောင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လာမည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို Bio-Matric System နည်းဖြင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တိကျသည့် အဖြေထွက်ရှိမှသာ ပြန်လာခွင့်ရရှိမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆက်လက်၍ ''မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေကို Bio-Matric System အရ လက် ၁၀ ချောင်းလုံးကို လက်ဗွေနှိပ်မယ်။ သူငယ်အိမ်က မျက်ကြည်လွှာကို ဓာတ်ပုံရိုက်မယ်။အဓိကတစ်ချက်က မြန်မာနိုင်ငံသားဖြစ်ရမယ်။ အဲဒီကမှရလာတဲ့ အထောက်အထားတွေကို မြန်မာနိုင်ငံမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးကို ပို့ပြီး စစ်ဆေးမယ်။ ပြီးရင်တော့ ပြန်လာနိုင်မှာပါ''ဟု ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား စုစုပေါင်းနှစ်သိန်းခွဲကျော် ရှိနေပြီး ၁၄၀၀၀၀ ကျော်မှာ တရားဝင် အလုပ်သမားများဖြစ်ကာ ၁၁၀၀၀၀ ကျော်မှာ အထောက်အထားမဲ့ အလုပ်သမားများဖြစ်နေသည့်အပြင် UNHCR ကတ်ကိုင်ဆောင်ထားသူမှာ ၈၀၀၀ ခန့်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခုနှစ်လယ်ပိုင်းက မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ရာနှင့်ချီ ပြန်လာနေကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ယူရန် စောင့်ဆိုင်းနေသူများ (ဓာတ်ပုံ-နေထွန်းနိုင်)

သံတွဲမြို့ရခိုင်များအား ချေမှုန်းရန် လက်နက်ဝယ်ယူခြင်း

Arakan Red shared ထူးမြန်မာ's photo.
*** အထူး သတင်း ***
===================

------------------------------
----------------------------
သံတွဲမြို့နယ် လင်းသာကျေးရွာနေ အင်္ဂလိပ်မွေးစားသား ဘင်္ဂလီအနွယ်ဝင်
ဖလတွတ် (ခေါ်) ငတွတ် ဆိုသူသည် မြ၀တီမြို့သို့သွားရောက်ပြီး လက်နက်
များဝယ်ယူနေခြင်းကို သံတွဲမြို့ခံများနှင့် အဆက်အသွယ်ရှိသော မြ၀တီနေ
ရခိုင်တစ်ဦးမှ တွေ့မြင်ခဲ့၍ သတင်းပေးပို့လာခြင်းဖြစ်ပါသည်။
ဝယ်ယူနေသောလက်နက်အမျိုးအစားများမှာ............
AK-47 ( 3 ) လက် ။ ကျည်တောင့် 280 ။ ဗုံးသီး (10) လုံး ဖြစ်ပါသည်။

သံတွဲမြို့ရှိ ဘင်္ဂလီအမာခံခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗလီဆရာ
ဦးခင်မောင်၏ ခိုင်းစေချက်ဖြစ်သည်ဟု မွတ်ဆလင်သတင်းပေး
တစ်ဦးမှ သတင်းပေးပို့ခဲ့ပါသည်။
ဘင်္ဂလီအနွယ်ဝင် ငတွတ်သည် သံတွဲ နှင့် မြ၀တီမြို့သို့ အိမ်ဦးနှင့်
ကြမ်းပြင် သကဲ့သို့ ခေါက်တုန့်ခေါက်ပြန် အလီလီ ကူးသန်း ခရီးသွား
နေသူဖြစ်သောကြောင့် သံတွဲမြို့သူမြို့သားများမှာ များစွာ စိုးရိမ်
ကြောက်ရွံ့ထိတ်လန့်လျှက်ရှိနေကြပါသည်။
သံတွဲမြို့ရှိ ဗလီများစွာ သို့ လက်နက်များရောက်ရှိနေခြင်းကြောင့်
သံတွဲမြို့သူမြို့သားများ၏ အသက်အန္တရာယ်မှာ နေ့စဉ် စိုးရိမ်
နေရပါကြောင်း တင်ပြ သတင်းပို့လိုက်ရပါသည်။
လက်နက်ဝယ်ယူလာသူ ငတွတ် စီးလာသော Without Car
အား မြို့အ၀င် ဂိတ်တွင်ရှာဖွေစစ်ဆေးပါသော်လည်း
သတင်းရထားသော ၀ယ်ယူလာသည့် အဆိုပါလက်နက်များ
အား မတွေ့ရှိခဲ့ပါကြောင်း ။
သတင်းပေးပို့သူ --- သံတွဲသားတစ်ဦး

ရွှေဂက်စ် ၏ တိုက်ပွဲခေါ်သံ



==============

မြတ်နိုးသာ

ရက္ခိတတို့၏ ရွှေဂက်စ်စိန်ခေါ်မှု

ရခိုင်သမိုင်းမှတ်တမ်းများအရရှေးဦးရခိုင်လူမျိုးတို့သည်ဘီစီ-၆၀၀၀ခန့်မှစ၍ရခိုင်ပြည်နယ်၊ရမ်းဗြဲကျွန်း၌ အခြေချ နေထိုင်ခဲ့ကြပြီး၊“ရမ္မာဝတီ”မည်သောသမိုင်းတစ်ခေတ်ကိုထူထောင်ခဲ့ကြသည်။“ရခိုင်သမိုင်းအစ၊ရမ္မာဝတီက”ဟုခေါ်တွင်ရလောက်အောင် သမိုင်းဝင်ဒေသတစ်ခုဖြစ်ခဲ့သည့် “ရမ်းဗြဲကျွန်း”သည် ထိုခေတ်၊ထိုအခါက မင်းကျင့် တရား ဆယ်ပါးနှင့်အညီအုပ်ချုပ်သော ရခိုင် မင်းတို့၏အုပ်ချုပ်ရေးကောင်းမွန်မှုကြောင့်ကြက်ပျံမကျ စည်ကားခဲ့ သလို၊လက်ရှိမှာလည်း နိုင်ငံတကာက အာသာရမက် ငန်းငန်းတက်၍ လိုချင်တပ်မက် နေကြသည့် သဘာဝ ဓာတ်ငွေ့ သိုက်များ ဖြင့် ကမ္ဘာတလွှားမှာ ထင်ရှားလျက်ပင် ရှိနေခဲ့ပြန်သည်။

မိုးထိမြင့်မား အမျိုးစောင့်တရားဖြင့် ထင်ရှားသည့် ရခိုင်တိုင်းရင်းသားတို့မှာ ဘီစီ-ခြောက်ထောင်ခန့်မှစ၍ ရမ္မာဝတီ၊ ဒွါရာဝတီ၊ ပထမဝေသာလီ၊ ဓည၀တီ၊ ဝေသာလီကျောက်လှေကား၊ လေးမြို့၊ မြောက်ဦး စသော ရှည်လျားလှသည့်သမိုင်းခေတ်ကြီးများကို အဆက်မပြတ်တရစပ်ဖြတ်သန်းရင်း မိမိတို့မြေနှင့် မိမိတို့လူမျိုးကို အသက်မကချစ်မြတ်နိုးကြသည်။ အမျိုးကိုထိလျှင် မချိအောင်နာတတ်သည့် လူမျိုးဖြစ်သည်။ အမျိုးသီလ၊ နှစ်ဌာန ကိုစောင့် ရှောက်သည့် ရခိုင်တို့၏ အဇ္ဈတ္တပုံရိပ်များကို ၁၇၈၄ခုနှစ် ရခိုင်ပြည်၏ အချုပ်အခြာ အာဏာ ကျဆုံးခဲ့ရ သည့် နောက်ပိုင်းကာလများတွင်အထင်အရှားတွေ့လာခဲ့ရသည်။ အထူးသဖြင့်၂ ၀၁၂ခုနှစ်၊ ဇွန်လရခိုင်ဒေသပဋိပက္ခ အရေးအခင်း၌ ရခိုင်တို့၏အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုသိသာထင်ရှားစွာ တွေ့မြင် ကြရသည်။

အချုပ်အခြာနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကင်းမဲ့သည့်ကာလ၌ရခိုင်မြေကိုကာကွယ်ရန်နည်းပေါင်းစုံဖြင့်ရခိုင်တို့တိုက်ပွဲ ၀င်နေချိန်မှာ နောက်ထပ်ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ပေါ်ပေါက်လာခဲ့ရသည်။ထိုစိန်ခေါ်မှုမှာ ရွှေဂက်စ် စိန်ခေါ်မှုပင်ဖြစ်၏။အဖိုးအနဂ္ဃထိုက်သည့် “ရွှေဂက်စ်”ကို တိုင်းတပါးသားတို့က ဌာနေတိုင်းရင်းသားတို့၏ ဆန္ဒ မပါဘဲ ထုတ်ယူ သုံးစွဲမည့် အမျိုးသားရေးပြဿနာနှင့် ထိပ်တိုက်ရင်ဆိုင် လိုက်ရခြင်းပင် ဖြစ်သည်။

ဖောင်စီးရင်း ရေငတ်ကြသူများ။

တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC ကုမ္ပဏီနှင့် မြန်မာအစိုးရတို့၏ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းမည့် “ကျောက်ဖြူ-ကူမင်းရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း” သဘောတူစာချုပ်,ချုပ်ဆိုခဲ့သည့်၂၀၀၉ခုနှစ်ကထဲကပင် ရခိုင်တို့ကသိခဲ့သည်။သို့သော်ထိုစဉ်က တိုင်းရင်းသား တို့ကိုကြိုးတုပ်ချည်နှောင်၊လှုပ်မရအောင်စီစဉ်ပြီးအင်အားသုံးချေမှုန်းနေခဲ့သည့်စစ်အုပ်ချုပ်ရေးကာလ ဖြစ်နေ၍ ရခိုင်တိုင်းရင်းသားတို့မှာအားမတန်၍မာန်လျှော့ကာ အံကြိတ် ငြိမ်ခံနေခဲ့ရခြင်းသာဖြစ်သည်။


စာချုပ်စချုပ်စဉ်ကပင် စီမံကိန်းဆိုင်ရာ စာချုပ်တို့၏ထုံးစံနှင့်အညီ ပွင့်လင်းမြင်သာမှုမရှိခဲ့သလို၊ ဒေသခံ တို့၏ နစ်နာမှုနှင့် အကျိုးအမြတ်တို့ကို လျစ်လျူရှုခဲ့ရုံသာမက ပတ်ဝန်းကျင်ဆိုင်ရာEIA၊SIAစစ်ဆေးမှုရှိမရှိကိုလည်း ဒေသခံတို့သိခွင့်မရခဲ့ကြ။ယုတ်စွအဆုံး အစိုးရနှင့် ကုမ္ပဏီတို့အကြား ထားရှိကြသည့် ဒေသဖွံ့ဖြိုးရေးကို မည်မျှမည်ရွေ့ဆောင်ရွက်မည်ဟူသောကတိက၀တ်သဘောတူညီချက်များကိုပင်ဒေသခံတို့အားသိခွင့်မပေးခဲ့ ကြပေ။

“နိုင်ငံတကာမှာ ဒီလိုဆောင်ရွက်တဲ့အခါ လုပ်ငန်းမစတင်မီ ကတည်းက ဒေသခံတွေရဲ့ နစ်နာချက်တွေကို ဖြည့်ဆည်းပေးရတယ်။ဒေသဖွံ့ဖြိုးရေးကိုဆောင်ရွက်ပေးရတယ်၊ပြီးတော့မှသူတို့ရဲ့လုပ်ငန်းကိုဆောင်ရွက်တယ်။ဒီမှာဖြစ်နေတာကဒေသဖွံ့ဖြိုးရေးမဆိုထားနဲ့ဒေသခံတွေရဲနစ်နာ ဆုံးရှုံးမှုတွေကိုလုံးဝလျစ်လျှူရှုထားတယ်” ဟု မြို့ချောင်းတိုက်နယ်၊ ဒေသဖွံ့ဖြိုးရေးကော်မတီဝင် ဦးထွန်းကြွယ်က ဆိုသည်။

စီမံကိန်းစတော့မည်ဆိုသည်နှင့်ပိုက်လိုင်းတည်ဆောက်ရေးအတွက်နှစ်၃၀အသုံးပြုမည့်မြေယာများကိုသြဇာသုံး၍သိမ်းဆည်းခဲ့ကြသည်။ထိုမြေများအတွက်လျော်ကြေးပေးရာတွင်လည်းတစ်နေရာနှင့်တစ်နေရာမတူညီဘဲ ကွဲပြား နေသည်။ရခိုင်ပြည်နယ်တွင်အမြဲတမ်းသိမ်းမြေတစ်ဧကကို၃သိန်းမှ၂၅သိန်းအထိဈေးအမျိုးမျိုးပေးသည်။ ရှမ်းပြည်နယ်တွင်မြေတစ်ဧကကိုသိန်း၂၀၀ကျော်ထိရကြသည်။ထို့ထက် တရုတ်နိုင်ငံထဲတွင်သိန်း၃၀၀ကျော်ပေး သည်ဟုသိရသည်။အခြားပြည်နယ်နှင့်တိုင်းများတွင်ပလပ်မြေအတွက်လျော်ကြေးပေးသော်လည်းရခိုင်တွင်မူ ပလပ်မြေလျော်ကြေးလုံးဝမပေးရုံသာမကဘိုးစဉ်ဘောင်ဆက်ဓါးမဦးချလုပ်ကိုင်လာခဲ့သောမြေကိုပင်ပိုင်ဆိုင်မှုအထောက်အထားမရှိဟုဆိုကာ လျော်ကြေး မပေးဘဲ ချန်ထားခဲ့ကြသည်။

လုပ်ငန်းစတင်ချိန်မှာဒေသခံတချို့ကိုအောက်ခြေအလုပ်ကြမ်းသမားများအဖြစ်ပုံမှန်မဟုတ်သောနေ့စား အလုပ် များသာလုပ်ခွင့်ရပြီး၊၄င်းတို့၏လုပ်ခမှာလည်းတစ်နေ့ကိုမြန်မာငွေကျပ်သုံးထောင်ဝန်းကျင်သာရကြသည်။ရုံးလုပ်ငန်းနှင့်အခြားကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်သူ အနည်းငယ်မှာလည်းအဆင့်တူ နိုင်ငံ ခြားသား အလုပ်သမားများကဲ့သို့ လုပ်ခလစာတန်းတူ မရရှိကြပေ။

ထို့ပြင်မြဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့်ပိုက်လိုင်းလုပ်ငန်းများအနီးတ၀ိုက်မြစ်ကြောင်းတစ်လျှောက်တွင်ငါးဖမ်း ခွင့်ပိတ်ပင်ထားခြင်းကြောင့် ရေလုပ်ငန်းဖြင့်အသက်မွေးသူဒေသခံ အများစုမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရသည်။

အလုပ်အကိုင်ရှားပါး၍ဒေသခံအများစုမှာထိုင်း၊မလေးရှားစသည့်နိုင်ငံများသို့သွားရောက် အလုပ်လုပ် နေကြရ သည်ကို“ရခိုင်ပြည်နယ်မှာအလုပ်အကိုင်မရှိတော့ပညာတတ်သူရော၊ မတတ် သူပါ အားလုံးအခြားနေရာတွေကို ပြောင်းရွှေ့ပြီး အလုပ်လုပ်ကိုင်လာကြတယ်။ လူလတ်ပိုင်း အရွယ်အသက်အရွယ်၊ အပိုင်းအခြားတစ်ခုဟာ လုံးဝပျောက်သွားတယ်”ဟုရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်က သြဂုတ်လ၁၈ရက်နေ့ ရန်ကုန်၊ တောင်ဝင်နှင်းဆီတွင်ပြုလုပ်သည့် သယံဇာတအကျိုးခံစားခွင့် လက်မှတ်ကောက်ခံခြင်း အခမ်းအနားတွင် ပြော ကြားခဲ့သည်။


ဓာတ်ငွေ့တိုက်ပွဲစလေပြီ။

မြန်မာနိုင်ငံ၌ဒီမိုကရေစီ၏အရိပ်လက္ခဏာကိုမှုန်ရီဝိုးတ၀ါးမြင်လာရသည့်၂၀၁၁ခုနှစ်အရောက်တွင် ပြည်တွင်း ပြည်ပရခိုင်အင်အားစုများကရွှေဂက်စ်နှင့်ပတ်သက်၍နိုးထကြိုးပမ်းကြသည်။ သို့သော် ကချင်ပြည်နယ် မြစ်ဆုံ တိုက်ပွဲနှင့်တိုက်ဆိုင်၍ မှေးမှိန်ခဲ့ရသည်။ မြစ်ဆုံအလွန် ကာလ၌လည်း လက်ပံတောင်းတောင်က ခေါင်းထောင် ထခဲ့၏။ တဆက်တည်းမှာ၂၀၁၂၊ဇွန်လအရေးအခင်းကြီးက ရခိုင်သို့မမျှော်လင့်ဘဲ ၀ုန်းဒိုင်းကြဲ၍ ၀င်ရောက် မွှေနှောက်ခြင်းကိုခံခဲ့ရပြန်သည်။ ပဋိပက္ခကို ခုတုန်းလုပ်၍ တိုင်းတပါးသားတို့က ရခိုင်တို့၏၀ိဥာဉ် ရွှေဂက်စ်ကို အမြန်ဆုံးထုတ်ယူနိုင်ရေး အပြင်းအထန်ကြိုးပမ်းကြလေသည်။

ဝရုန်းသုန်းကားကာလထဲမှာပင် ဒေသခံတို့က နောက်ထပ်စစ်မျက်နှာတစ်ခုကို ဖွင့်ခဲ့ကြရသည်။ ဂက်စ်လုပွဲစစ် မျက်နှာပင်ဖြစ်သည်။ နောက်ဆုံးမှာ လူဦးရေသုံးထောင်ခန့်သာရှိသည့် မြဒေးကျွန်းမှ ရက္ခိတတို့၏ ဆန္ဒပြမှုကို နိုင်ငံတကာ မျက်နှာစာတွင် အင်အားကြီးမားသည့် တရုတ်ကုမ္ပဏီCNPC ခံရလေတော့သည်။

ဧပြီလ၁၈ရက်နေ့က မြဒေးကျွန်းသားတို့၏ သမိုင်းဝင်တိုက်ပွဲဆင်နွှဲခဲ့ပုံကို “ရွာသားတွေဟာ ပရိန်ရွာ ဘုန်းကြီး ကျောင်းမှာ နေ့လည် ၁၂နာရီမှာဆွေးနွေးပြီးတော့ကျောင်းက ၁နာရီ ၄၅ မှာစထွက်တယ်။ စထွက်ချိန်မှာ လူ၅၀၀ ၀န်းကျင် ပဲရှိတယ်။ နောက်ပိုင်း၈၀၀လောက်ဖြစ်သွားတယ်။ သူတို့က“CNPCအလိုမရှိ၊ တရုတ်တွေ ကောင်းစားဖို့ ကျနော်တို့ဒေသ လယ်၊မြေတွေကိုမပေးနိုင်”ဆိုပြီးတော့ကြွေးကြော်ပြီးတော့ CNPCရုံးကို ချီတက် ခဲ့ကြတယ်။ ညနေ ၃နာရီနီးပါးမှာ တရုတ်ကုမ္ပဏီရုံးရှေ့ကိုရောက်တယ်။ ရုံးရှေ့မှာ နာရီဝက်ကျော်ကျော် ဆန္ဒပြ တောင်းဆို ကြပြီးတော့ ညနေ၃နာရီခွဲလောက်မှာ ဆန္ဒပြမှုကို အဆုံးသတ်ခဲ့ကြတယ်” ဟု မဒေးကျွန်း ဒေသ ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က ထိုနေ့ညနေပိုင်းတွင် မီဒီယာများသို့ပြောကြားခဲ့သည်။

အာဏာပိုင်တို့က ခွင့်ပြုချက်မပါဘဲဆန္ဒပြမှုဖြင့် မြဒေးကျွန်းဆန္ဒပြခေါင်းဆောင် ၁၀ ဦးကိုအရေးယူခဲ့ကြသည်။ ထိုခေါင်းဆောင်များမှာ ကျောက်တန်းရွာမှ ကိုမျိုးနိုင်၊ကိုမောင်မောင်မြင့်၊ကိုယဉ်လှ၊ ပြိန်ရွာမှ ကိုမောင်ဆန်းအေး၊ ကိုမောင်မောင်စိုး၊ရွာမရွာမှ ဦးထွန်းကြည်၊ ကိုအောင်သိန်းထွန်း၊ ကိုမောင်ဖြူသီး၊ ဦးထွန်းခိုင်နု၊ ပန်းထိမ် ဆည်ရွာမှကိုတင်ဦးကျော်တို့ဖြစ်ကြသည်။ ဆန္ဒမပြမီတစ်ရက်အလို ဧပြီ၁၇ရက်(နှစ်ဆန်းတရက်)နေ့ကCNPCက ဆန္ဒမပြရေး ဖိအားပေးရန်ကြိုးပမ်းခဲ့သော်လည်း ရခိုင်သားတို့၏ ရဲရင့်ကြံ့ခိုင်သော ဇွဲသတ္တိကို ဘယ်အရာ ကမျှ ထိန်းချုပ် တားဆီး နိုင်စွမ်းမရှိတော့။

ရွှေဂက်စ်ဖြတ်သော ခရောင်းလမ်း။

ဒေသခံတို့၏ မကျေနပ်ချက်များ၊ဆန္ဒပြမှုများနှင့်ရင်ဆိုင်နေရသော်လည်းCNPCကုမ္ပဏီသည် ရခိုင်မှရွှေဂက်စ်ကို ယူနမ်ပြည်နယ်၊ကူမင်းသို့ဇူလိုင်၁၅ရက်နေ့တွင်စတင်ပို့လွှတ်ခဲ့ကြသည်။သို့သော် ဒေသခံတို့က အသာတကြည် ပေးခဲ့ခြင်းတော့မဟုတ်။ နောက်ထပ် ကြီးမားသောတိုက်စစ်အတွက် အင်အားဖြည့်တင်းရင်း အသေးစား တိုက်ပွဲငယ်များကို ဆင်နွှဲခဲ့ကြပြန်သည်။

ဂက်စ်တိုက်ပွဲကား မြဒေးကျွန်းငယ်တစ်ခုထဲ၌ တွင်ရပ်မနေဘဲ အခြားကျေးရွာများသို့ကူးစက်ပြန့်နှံ့သွားခဲ့သည်။ ဇွန်လ၂ရက်နေ့ကကျောက်ဖြူမြို့နယ်မလကျွန်းရွာ၌ရွာပေါင်း ၁၇ရွာ စုဝေးခဲ့သြသလို၊ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း ကြတ္တိန်ရွာ၌ ကျေးရွာ ၂၃ရွာစုဝေးခဲ့ကြသည်။

ထိုဆွေးနွေးမှုများကဇူလိုင်လ၂၈ရက်နေ့ကကျောက်ဖြူရွှေသဘာဝဓာတ်ငွေ့၏ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်မည့်ဒုတိယသမ္မတဦးဥာဏ်ထွန်းရှေ့မှောက်တွင်ဆန္ဒပြရန်ပြင်ဆင်ခဲ့ကြသည်။ ပိုက်လိုင်းပိုက်လိုင်းတလျှောက် မြေယာပြဿနာ ဖြေရှင်းပေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လျှပ်စစ်မီး သွယ်တန်းပေး၊ ရခိုင် တစ်ပြည်နယ် လုံးလျှပ်စစ်မီးရရှိရေး၊OurGas,OurFuture(ကျွန်ုပ်တို့၏ ဓာတ်ငွေ့မှာ ကျွန်ုပ်တို့ အနာဂတ်ဖြစ်သည်) ဟူသော စာတန်းများကိုင်ဆောင်၍တောင်းဆိုရန်ဖြစ်သည်။သို့သော်ရာသီဥတုဆိုးရွားမှုကိုအကြောင်းပြု၍ထိုနေ့အခမ်းအနားကို ဒုသမ္မတမလာရောက်နိုင်သဖြင့် အစီအစဉ်ပျက်ခဲ့ရသည်။

ထို့နောက် ကျေးရွာအုပ်စု၇စုရှိရွာပေါင်း၂၃ရွာမှကိုယ်စားလှယ်၃၀ဖြင့်“ကျောက်ဖြူ ကျေးလက် ဒေသဖွံ့ဖြိုးရေး ကော်မတီ”ကိုဇူလိုင်နောက်ဆုံးပတ်ကဖွဲ့စည်းလိုက်ပြီး၊ယင်းကော်မတီမှဒေသ၏နစ်နာချက်များအား ဖြည့်ဆည်း
ပေးရန် တောင်းဆိုစာတစ်စောင်ကို CNPCနှင့်အာဏာပိုင်များထံသို့ သြဂုတ်လ၂ရက် နေ့က ပေးပို့ခဲ့သည်။

တောင်းဆိုစာနှင့်ပတ်သက်၍လိပ်ခမော်ရွာမှကိုမောင်အေးက“CNPCကသိမ်းဆည်းခဲ့တဲ့မြေတချို့အတွက်လျော်ကြေးပေးခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဒါးမဦးချလုပ်ကိုင် လာခဲ့တဲ့ တောင်သူတွေမှာ အထောက် အထား မပြနိုင်ရုံနဲ့ပဲ ဘာလျော်ကြေးမှမရခဲ့ကြဘူး။နစ်နာကြေးပေးတဲ့နေရာမှာလည်း ပိုက်လိုင်း လမ်းကြောင်း အတွက်ပဲ ပေးတယ်။ တကယ်တမ်းဖောက်လုပ်တဲ့အခါ သတို့သိမ်းမထားတဲ့မြေတွေပါ တစ်ဖက် တစ်ချက် ပေ၅၀ လောက်ပိုက်လိုင်းတလျှောက် ပျက်စီးသွားခဲ့ရတယ်။ ဒီအပေါ်မှာCNPCက တောင်သူတွေကို နစ်နာကြေးပေးဖို့ပျက်ကွက်ခဲ့တယ်။နောက်ပြီးနိုင်ငံတကာမှာစီးပွားရေးလုပ်နေကြတဲ့ကုမ္ပဏီတွေဟာသူတို့စီမံကိန်း မစခင်မှာဘဲ ဒေသ ဖွံ့ဖြိုး ရေးကိုလုပ်ပေးခဲ့ကြတယ်။ ဒီမှာက တည်ဆောက်ရေးလုပ်ငန်းပြီးလို့ ဂက်စ် တောင် လွှတ်နေပြီ၊ ဒေသ ဖွံ့ဖြိုးရေးမပြောနဲ့ လျော်ကြေး တောင်ပြည့်ပြည့်စုံစုံမပေးသေးဘူး။ ဒါကြောင့်ဒီလို လှုပ်ရှားမှုမျိုးတွေပေါ်လာခဲ့ရတာ ဖြစ်တယ်” ဟု ရှင်းပြသည်။

အစိုးရဘက်မှဒေသခံတို့၏တောင်းဆိုချက်များအပေါ်တုန့်ပြန်သည့်လက္ခဏာတချို့ကိုပြသခဲ့သည်။လျှပ်စစ်မီး ရရှိရေးနှင့်နစ်နာချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ကျောက်ဖြူ ဒေသခံတို့အား ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးလှမောင်တင်ကသြဂုတ်လ၁၅ရက်နေ့တွင်ဂတိပြုပြောကြားခဲ့သလို၊ပိုက်လိုင်းသယ်ပို့ရာမှ အစိုးရ နေ့စဉ်ရရှိမည့်ဓာတ်ငွေ့ပမာဏကုဗပေသန်း၁၀၀အနက်မှကုဗပေသန်း၂၀ကိုကျောက်ဖြူမြို့၌အသုံးပြုရန် ခွဲတမ်းချပေးထားကြောင်းလည်း ဇူလိုင်၃၀ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့သည်။

မြဒေးကျွန်းမှသည် တစ်ပြည်နယ်လုံးဆီသို့။

မြဒေးကျွန်းပေါ်ရှိ ရွာငယ် လေးရွာမှ ကနဦးစတင်ခဲ့သော ရခိုင်တို့၏ ရွှေဂက်စ်တိုက်ပွဲခေါ်သံမှာ ရွာပေါင်း ၂၀ ကျော်အထိပင်တဖြည်းဖြည်းနှင့်ကျယ်ပြန့်လာခဲ့ပြီ။ သက်ဆိုင်ရာမှ တောင်းဆိုချက်များကိုလိုက်လျောမှုမရှိသဖြင့် သြဂုတ်လ၂၃ရက်နေ့တွင်ကျောက်ဖြူမြို့နှမ်းဖဲတောင်ရွာဘုန်းတော်ကြီးကျောင်း၌ကျင်းပပြုလုပ်သောဒေသခံ၂၄ရွာတို့၏အစည်းအဝေးမှ အချက်၅ချက်ပါသည့်တောင်းဆိုချက်များကို အမြန်ဆုံး ဆောင်ရွက်ပေးရန် အာဏာ ပိုင်တို့ထံထပ်မံ တိုက်တွန်းခဲ့ကြပြန်သည်။ ရက်နှစ်ဆယ်အတွင်းသက်ဆိုင်ရာမှမတုန့်ပြန်ပါက ရွာ၂၄ရွာမှ ရွာသားများ လမ်းပေါ်ထွက်ဆန္ဒပြတော့မည်ဟုလည်း ဆော်သြထားကြသည်။

တောင်းဆိုချက်များမှာ “ကျေးရွာအားလုံးလျှပ်စစ်မီးရရှိရေး၊ ကျေးရွာအချင်းချင်း ဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ပေးရေး၊ကျေးလက်ဆေးခန်း၊စာသင်ကျောင်းနှင့်ရေတွင်းရေကန်များ တည်ဆောက် ပြုလုပ် ပေးရေး၊ ပိုက်လိုင်းလမ်းကြောင်းတလျှောက်အသိမ်းခံမြေများအတွက်လျော်ကြေးအပြည့်အ၀ပေးရေး၊မဒေးကျွန်း ဆန္ဒပြမှု တွင်ပုဒ်မ၁၈ဖြင့်တရားစွဲဆိုထားသူ၁၀ဦးကိုအမှုမှကွင်းလုံးကျွတ်လွှတ်ပေးရေး”တို့ဖြစ်ကြောင်းကျေးလက် ဒေသ ဖွံ့ဖြိုးရေးကော်မတီမှ မီဒီယာများသို့ ထုတ်ပြန်ခဲ့သည်။
“ဆန္ဒပြမည်”ဟုသက်ဆိုင်ရာကိုအတိအလင်းစိန်ခေါ်လိုက်ခြင်းအပေါ်ကျောက်ဖြူလူမှုကွန်ယက်မှဦးထွန်းလွင်က “နိုင်ငံတကာအသိုင်းအ၀ိုင်းမှာစီးပွားရေးလုပ်တဲ့အခါ ဒေသန္တရဖွံ့ဖြိုးရေးကို မလွဲမသွေလုပ်ပေးရတယ်ဆိုတာ CNPCလို ကုမ္ပဏီကြီးတစ်ခုက မသိဘဲမနေဘူး။ ဒါပေမယ့် ဒီကိစ္စကို အစိုးရနဲ့ ကုမ္ပဏီကြား ဘယ်လို အပေးအယူ လုပ်ထားတယ်ဆိုတာ ကွယ်ဝှက်ထားပြီးတော့ ဒေသခံတွေကို အမှောင်ချဖို့ကြိုးစား နေတယ်။ ဒါကြောင့် ယဉ်ကျေးတဲ့ကျနော်တို့ရခိုင်လူ့အဖွဲ့အစည်းတွေက သိမ်မွေ့ညင်သာစွာတောင်း ဆိုခဲ့ကြတယ်။ ဒါကို သက်ဆိုင်သူတွေက ဥပေက္ခာပြုနေလေတော့ တစ်ဆင့်ပြီးတစ်ဆင့် တိုးပြီးလုပ် ဆောင်ရုံကလွဲလို့ အခြားမရှိ တော့ဘူးပေါ့ဗျာ” ဟု သူ့အမြင်ကိုပြောခဲ့သည်။

တချိန်တည်း၌ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)မှဦးဆောင်၍ သယံဇာတအကျိုးခံစားခွင့်ဆိုင်ရာ ရခိုင်တစ်ပြည်နယ်လုံးမှ လူထုလက်မှတ်ကောက်ခံခြင်းကို သြဂုတ်လ၁၈ရက်နေ့မှစ၍ ဆောင်ရွက်နေခဲ့သည်။ ရခိုင်ပြည်သူလူထု၏ဆန္ဒနှင့်အညီရသင့်ရထိုက်သောအကျိုးခံစားခွင့်များကိုပြည်နယ်ရန်ပုံငွေသို့ ထိုက်သင့်သည့် အချိုးအတိုင်းခွဲဝေ၍ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအမြန်ဆုံးချမှတ်ဆောင်ရွက်ပေးရန်နှင့်ရွှေသဘာဝဓာတ်ငွေ့မှရရှိသောအကျိုးအမြတ်ဖြင့်ပြည်နယ်တစ်ခုလုံးလျှပ်စစ်မီးရရှိရေးအမြန်ဆောင်ရွက်ပေးရန်တို့ကိုအဓိက တောင်းဆို ထားသည်။

ရွှေဂက်စ်ကိစ္စတစ်ပြည်လုံးအတိုင်းအတာဖြင့်ဆောင်ရွက်လာရခြင်းနှင့်ပတ်သက်၍RNDPအတွင်းရေးမှူးဖြစ်သူ ဦးခိုင်ပြည်စိုးက“ရွှေသဘာဝဓာတ်ငွေ့ဟာ ရခိုင့်အမွေ၊ ရခိုင်လူမျိုးတို့ရဲ့ အသက်၊၀ိဥာဉ် ဖြစ်တယ်။ ဓာတ်ငွေ့ကရတဲ့ဝင်ငွေနဲ့အဖက်ဖက်ကနိမ့်ကျနေတဲ့ရခိုင်ပြည်နယ်ကိုနလန်ပြန်ထအောင်လုပ်ရမယ်။ဒါကြောင့်ရွှေဂက်စ်စီမံခွင့်ကို ကျနော် တို့ပြည်နယ်ကို မဖြစ်မနေ ပေးမှဖြစ်မယ်။ သယံဇာတစီမံခန့်ခွဲခွင့်ကို ပေးတဲ့အခါ အလွတ်သဘောနှုတ်နဲ့ပေးလို့မရဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဖြည့်စွက်၊ပြင်ဆင်၊ပြဋ္ဌာန်းပြီးတော့ဥပဒေအရပေးဖို့လိုပါတယ်။ဒါတွေမရမချင်းဒီမိုကရေစီကိုသွားနေတယ်၊ဖက်ဒရယ်တည်ဆောက်နေတယ်လို့ဘယ်လောက်ပဲပြောပြော၊အဲဒါအလကားပဲ”ဟု ရှင်းပြခဲ့သည်။

ရွှေဂက်စ် ၀ိဥာဉ်၏ အနာဂတ်ခရီး။

လခြမ်းမြေဖွား ရခိုင်တိုင်းရင်းသားတို့က ရွှေဂက်စ်ကို ရခိုင်တို့၏ အသက်၊ ရခိုင်တို့၏ ၀ိဥာဉ်၊ ရခိုင်တို့၏ အနာဂတ်ဟု နှလုံးသွင်းထားကြသည်။မြန်မာနိုင်ငံတွင်ဒုတိယအဆင်းရဲဆုံးပြည်နယ်ဘ၀မှလွတ်မြောက်နိုင်ရေး ရွှေအိမ်မက်ကို ဆောင်ကျဉ်းပေးသူအဖြစ် သတ်မှတ်ထားကြသည်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂက်စ်စီမံခန့်ခွဲခွင့်ကို ရခိုင်တို့မဖြစ်မနေ ရမှဖြစ်မည်ဟုလည်းယုံကြည်နေကြသည်။သို့သော် အာဏာရ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်က လုပ်ပိုင်ခွင့်သုံး၍ စာနာမှုဖြင့်ပေးခြင်းမျိုးကိုမလိုလားဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သယံဇာတစီမံခန့်ခွဲခွင့်ကို ဂုဏ်သိက္ခာရှိရှိလိုချင်ကြသည်။

စစ်အာဏာရှင်ယန္တယားကိုအခွင့်ကောင်းယူ၍ပြည်ပကုမ္ပဏီတို့ကတိုင်းရင်းသားတို့၏သယံဇာတများကိုကာလတစ်ခုအတွင်းလက်ဝါး ကြီးအုပ် ချုပ်ကိုင်ထားခဲ့သော်လည်း ပွင့်လင်းသည့်အနေအထား သို့ရောက်လာ သောအခါဌာနေတိုင်းရင်းသားတို့၏ရပိုင်ခွင့်၊စီမံခွင့်တို့အတွက်တန်ပြန်တိုက်စစ်ဆင်မှုကိုမလွဲမသွေခံကြရမည် ဖြစ်သည်။ ဒေသခံတိုင်းရင်းသားတို့၏ ဆန္ဒကို မျက်ကွယ်ပြုနေသမျှ ၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ မဆောင်ရွက်သမျှ ကာလပတ်လုံး ရွှေဂက်စ်၏တိုက်ပွဲခေါ်သံများကို စစ်အုပ်စုနှင့်ချုပ်ဆိုခဲ့သော စာချုပ်များအရ ဆယ်စုနှစ် သုံးစုတိုင်သည်အထိ ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင် ဖြတ်သန်းနေကြ ရဦးမည် သာ။ ။
---------------------------------------------------------------------------

၂၀၁၃၊စက်တင်ဘာ ၁၁၊ ပဲ့တင်သံဂျာနယ် (သတင်းဆောင်းပါး)။

ကိုယ်ဝန် အတုနဲ့ ကိုကင်းများဖမ်းမိ ကိုယ်ဝန် အတုနဲ့ ကိုကင်းများဖမ်းမိ စက်တင်ဘာလ ၁၃ ရက် ၂၀၁၃ မနေ့က ကမ္ဘာ့သတင်းလောကမှာ နာမည်ကြီးသွားတဲ့ သတင်းတပုဒ်ကတော့ ကနေဒါ နိုင်ငံသူ တဦးဟာ ကိုယ်ဝန်အတု ထဲမှာ ၀ှက်ထားတဲ့ ကိုကင်း ၄ ပေါင်နဲ့အတူ ကိုလံဘီယာ လေဆိပ်ကနေ ကနေဒါ နိုင်ငံ၊ တိုရန်တို မြို့ကို ထွက်ခွာခါနီး စက်တင် ဘာလ ၁၁ ရက်နေ့ ဖမ်းဆီးခံခဲ့ရအဖြစ်ပါ။ လေဆိပ် အကောက်အခွန်အရာရှိက ဒီအမျိုးသမီးရဲ့ ကိုယ်ဝန်ဟာ ပုံမှန်လို မဟုတ်ပဲ ဗိုက်သားက နည်း နည်း မာကျော တဲ့ လက္ခဏာ ရှိတာရယ် ပုံမှန်မဟုတ်တဲ့ ထူးခြားမှုရှိတာကို သတိထားမိလိုက်တာက အခုလို ဖမ်းဆီးရမိသွားခဲ့တာပါ။ ကိုလံဘီယာနိုင်ငံဟာ မူးယစ်ရာဇာဂိုဏ်းတွေပေါ်များတဲ့နေရာတခု လည်း ဖြစ်သလို လက်ရှိ ကိုလံဘီယာမှာ မှုးယစ်ဆေးဝါနဲ့ ပတ်သက်ပြီး ဖမ်းမိထားတဲ့ နိုင်ငံခြားသား အကျဉ်းသားပေါင်း ၈၀၀ ကျော်ရှိနေပါတယ်။ ဖမ်းဆီးမိခဲ့တဲ့ ကနေဒါ အမျိုးသမီးဟာ ဥပဒေအရ ထောင်ဒဏ် ၅ နှစ်ကနေ ၈ နှစ်ထိ ကျခံရဖွယ် ရှိကြောင်း ဘီဘီစီသတင်းတပုဒ်မှာ လည်း ဖော်ပြထားပါတယ်။ ဒီသတင်းအပေါ် တချို့က မှတ်ချက်ပေးရာမှာတော့ ကိုကင်း ကိုယ်ဝန်ပျက်ကျခြင်း (Cocaine Abortion) လို့ ဆိုကြပါတယ်။ ကနေဒါ နိုင်ငံသူက ကိုယ်ဝန် အတုထဲ ကိုကင်းမူးယစ်ဆေးတွေ ဘယ်လို ထည့်လာ သလဲ ဆိုတာ အေပီ သတင်း ဌာနက ယခုလို တင်ပြထားပါတယ်။

Friday, September 13, 2013

ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သည် စာပေပါရဂူ ဦးရွှေဇံအောင်



==============================
=========-
လယ်တီဆရာဘုရားသည် ဗုဒ္ဓစာပေများကို ပါဋိစာပေမှ မြန်မာဘာသာသို့ အဓိကဘာသာပြန်ပေးခဲ့သည့် ကျေးဇူးရှင်ဆိုလျှင် မြန်မာစာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်မှာ ပထမဦးဆုံး ဦးရွှေဇံအောင်ဖြစ်သည်။

၁၈၇၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ့မှာ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် (ဘ)ရာဇ၀တ်ဝန်ကြီး ဦးရွှေသာ နှင့် (မိ) ဒေါ်မိအဖြူဇံတို့မှ မွေးဖွားခဲ့သည်။ ၁၈၉၂ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ ၁၈၉၄ ခုနှစ်မှာ လယ်ဝန်ဖြစ်လာခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် မြန်မာ သုတေသနဂျာနယ်တို့တွင် ဗုဒ္ဓအဘိဓမ္မာများကို စတင် ဆောင်းပါးရေးသားခဲ့သည်။ ယင်းခေတ်တွင် ထင်ရှားသော အင်္ဂလန်ပြည်မှ ပါဋိပညာရှင် မစ္စက်ရိုင်းဒေဗစမ်က လယ်တီဆရာတော်ကြီးကို မေးမြန်းသော မေးခွန်ပုစ္ဆာများကို မြန်မာပြန်၍ ဆရာတော်ကြီးကို တင်ပြခဲ့သည်။ လယ်တီဆရာတော်ကြီး ဖြေတော်မူသော အဖြေများကို အင်္ဂလိပ်ဘာသာသို့ပြန်ပြီး လန်ဒန်ပါဋိ လေဒီမစ္စက်ရိုင်းဒေးဗစ်ထံ စာတိုက်က ပေးပို့ပြီး ဗုဒ္ဓစာပေကို ကမ္ဘာသို့ ပြန့်ပွါးအောင် ဆောင်ရွက်ခဲ့သည်။

၁၉၁၀ ခုနှစ်မှာ ဦးရွှေဇံအောင် အင်္ဂလိပ်ဘာသာရေး အဘိဓမ္မာသင်္ဂဟကျမ်းကို ထွက်ဝေခဲ့သည်။ လန်ဒန် ပါဋိ လေဒီ မစ္စက်ရိုင်းဒေးဗစ်မှ ဦးရွှေဇံအောင်ကို ကျေးဇူးတင်စကားပါးခဲ့သည်။ ဆရာကြီး၏ ဗုဒ္ဓဒသာန ရှင်းလင်းချက်ကို ဥရောပ ပညာရှင်များက နားလည်အောင် ရှင်းပြ ရေးသားနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်ငးတင်ခဲ့သည်။

မြင့်မြတ် “ဂျောင်း” ဗွီဒီယို ဇာတ်ကား ANN သတိပေး.



..............................
..........................
"ဂျောင်း" ဇာတ်ကား၏ ဒါရိုက်တာ၊ သရုပ်ဆောင်နှင့် တာဝန်ရှိသူတို့အား ကျွနုပ်တို့ ရခိုင်အမျိုးသားကွန် ရက်မှပြင်းထန်စွာ သတိပေးခြင်း။
ဂျောင်း - ဇာတ်ကား၏ ဇာတ်ဝင်ခန်း။
--------------------------------------
ကျေးရွာလေးတစ်ရွာမှာ မိသားစုတွေ အေးချမ်းစွာ နေကြသည်။ ရွာ၏စရိုက်က အလှူဆို စုပေါင်းအလှူ - သာရေးနာရေး ဆိုးတိုင်ပင်ကောင်းတိုင်ပင်နှင့်ရွာဦးဘုန်းကြီးကျောင်းမှာ ဆိုလျှင် ကာလသားတွေက စုပေါင်းပြီး ဆရာတော်၏ ဝေယျဝိစ္စ-ကျောင်းကိစ္စတွေကို လုပ်ပေးကြသည်။ ရွာမှာ အပေါင်ခံ ငွေတိုးချေးစားသော ဦးယဉ်ကျေးတို့  မိသားစုက ငွေကြေးချောင် လည်ကြသည်။ ………..ယနေ့ လည်း ဘုန်းကြီးကျောင်းသားတွေက ဦးယဉ်ကျေးဆီမှာဆွမ်းအတွက် ရောက်ရှိပြီး စကားပြောနေသည်။ ဘုန်းကြီးကျောင်းသား နှစ်ယောက်သည် ဦးယဉ်ကျေး၏ လူရိုးလူအ စိတ်ကို အခွင့်ကောင်းယူကာ ဤသို့ပြောလိုက်သည် ။“ ဦးယဉ်ကျေး မိန်းမက ရခိုင်မဆိုတော့ ဘင်္ဂလီနဲ့ ဆော်နေပြီပေါ့- “ ဤစကားက ဘုန်းကြီးကျောင်းသားက ဦးယဉ်ကျေးအား အားမနာ ပြောဆိုလိုက်သော စကားဖြစ်သည်။ စင်စစ်အားဖြင့် ဦးယဉ်ကျေး၏ မိန်းမသည် ဘင်္ဂလီကုလားနှင့် နောက်မီးလင်းနေသည် ဆိုသော စကားကို ပြောဆိုခြင်းဖြစ်သည်။သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ အနေဖြင့် သုံးသပ်သည်မှာ အဆိုပါဇာတ်ကားသည် မတော်တဆမှားယွင်းသည်ဖြစ်စေ၊ မသိနားမလည်၍ မှားယွင်းသည်ဖြစ်စေ ဌာနေတိုင်းရင်းသား လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာကိုသော်လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို သော်လည်းကောင်း ထိခိုက်ပျက်ပြား စေသော စကားလုံးနှင့် စကားရပ်များဖြစ်၍ အမြန်ဆုံးလူသိရှင်ကြား ဝန်ချတောင်းပန်မှုကို ဇာတ်ကားနှင့် ပတ်သက်သော သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြုလုပ်ပေးကြပါရန် ကျွန်ုပ်တို့မှ အလေးအနက် အသိပေးအပ်ပါသည်။မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို အမြန်ဆုံးခေါ်ယူ သတိပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက်တောင်းဆို အပ်ပါသည်။ ဟိုးယခင်ကလည်း "နှလုံးသားမှာကြွက်ဝင်နေတယ်" ဇာတ်ကား၌ အလားတူဖြစ်ရပ်မျိုးဖြစ်၍ ကျွန်ုပ်တို့ ရခိုင်အမျိုးသား ကွန်ရက်အနေဖြင့် ရှပ်ရှင်အစည်းရုံးနှင့် ပူးပေါင်း၍သက်ဆိုင်ရာ တာဝန်ရှိသူများအား ခေါ်ယူသတိပေးဝန်ချ တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ဖန် ထပ်မံ ဖြစ်ပွားလာသည်ကို ထောက်ရှုခြင်းအားဖြင့် ခေါ်ယူသတိပေး ဝန်ချတောင်းပန်မှုမျိုး လုပ်ရုံမျှဖြင့်မလုံလောက်တော့ဟု ကျွန်ုပ်တို့ယုံကြည်ယူဆ ပေသည်။ သို့ဖြစ်ပါ၍ ခံဝန်ကတိနှင့် နောက်နောင်ဖြစ်ပွားပါက ဥပဒေအရ မည်သို့မည်ပုံ အရေးယူဆောင်ရွက်မည်ကိုပါ ထည့်သွင်းပေးပါရန် ကျွန်ုပ်တို့အနေဖြင့် ထပ်မံအရေး ဆိုအပ်ပါသည်။သက်ဆိုင်ရာလူကြီမင်းတို့ အနေဖြင့် ကျွန်ုပ်တို့၏ တောင်းဆိုမှုများအား အရေးယူဆောင်ရွက်ခြင်းမရှိပါက နိုင်ငံရေးနည်းလမ်း အရသော်လည်းကောင်း၊ ဥပဒေကြောင်း အရသော်လည်းကောင်း လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အားလုံးကိုလေးစားလျက်တင်ထူးအောင်ဥက္ကဌရခိုင်အမျိုးသားကွန်ရက်(ANN)

Arakan Time

TNLA တိုက်ခိုက်မှုကြောင့် အစိုးရ တပ်ဖွဲ့ အထိနာ


===========================
(ရွှေဟင်္သာ)
ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ နမ့်ဟွန်းချောင်း အနီးသို့ ထိုးစစ်ဆင် လာသော အစိုး ရ ခလရ (၄၅) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ကို တအာင်း အမျိုးသား လွတ်မြောက်ရေး TNLA တပ်ရင်း (၁၁၂) မှ စောင့်ပစ်ရာ ယနေ့ နေ့လည် ၂ နာရီခန့်မှ ၃ နာရီခွဲ အထိ ပြင်းထန်စွာ အနီးကပ် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။

“ ဒီလိုပါ၊ ဒီတပ်က မနေ့ ကတည်းက ကျနော်တို့ တပ်ဖွဲ့ နောက်ကို လိုက်နေတာ။ ဒီတော့ သူတို့ ချောင်းကူးလာတယ် ။ ချောင်းတဘက် ကမ်းမှာလည်း ကျနော်တို့ မိုင်းထောင် ထားတယ်။ ရှေ့ဆုံးပွိုင့်က မိုင်းထိတာနဲ့ ကျန်တဲ့ တပ်ဖွဲ့ တချို့က ချောင်းထဲမှာလေ ၊ ဒီတော့ အပြင်းအထန်ကို ကျနော်တို့ တိုက်လိုက် ပါတယ်” ဟုဆိုပါသည်။

ကျနော်တို့ ကလည်း နမ့်ဟွန်း ချောင်းတဖက် ကမ်းကို ကူးပြီး စောင့်ပစ်တယ်။ ဗုံးလည်း ထပ်ထောင် ထားတယ်။ အဲဒီတော့ သူတို့က ချောင်းလည်း ကူးရော စပစ်တာပေါ့။ ဒီတော့ ချောင်းထဲမှာ အတုန်းအရုံး ထိတာပါဘဲ။ ပြီးတော့ ကျနော်တို့ ကမ်းစပ် ဖက်မှာလည်း မိုင်းထောင် ထားတော့ ကမ်းအတက်မှာပါ မိုင်းတွေ ထပ်ထိသွားတယ်” ဟု ဆိုပါသည်။

ဤတိုက်ပွဲတွင် အစိုးရဖက်မှ အနည်းဆုံး (၁၀) ဦး ထက်မနဲ ကျပြီး (၂၀)ကျော် ပြင်းထန်စွာ ဒါဏ်ရာ ရခဲ့သည်ဟု TNLA က ဆိုပါသည်။ အင်အား (၁၀၀) ခန့်ရှိသည့် အစိုးရ တပ်များသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရန် လှုပ်ရှားနေသော TNLA တပ်ရင်း (၁၁၂) နောက်ကို စစ်ဆင် နေသည့် အတွက် တိုက်ခိုက် လိုက်ခြင်း ဖြစ်ကြောင်း တပ်ရင်း (၁၁၂)မှူး ဗိုလ်ကြီး တာခွန်ဆာက ဆိုပါသည်။

TNLA တပ်ရင်း ၁၁၂ သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်အရ မူးယစ်ဆေးဝါး ရောင်းဝယ် နေသည့် လော့ခူန် ပြည်သူ့စစ်တပ်ဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ဝင်ရောက် စီးနင်း ခဲ့ပါသည်။ ပြည်သူ့စစ် ဆက်မလုပ်ရန်လည်း ပြင်းထန်စွာသတိပေးပြီး လက်နက်များ ဖြုတ်သိမ်း ခဲ့ပါသည်။

ထိုကဲ့သို့ လက်နက် ဖြုတ်သိမ်း ခဲ့သည်ကို မကျေနပ် သဖြင့် ခလရ ၄၅ နှင့် ပန်ဆေး ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းက အပြင်းအထန် ထိုးစစ်ဆင် ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် တိုက်ပွဲကြောင့် ထိခိုက် ဒါဏ်ရာ ရရှိသူများ သဖြင့် လူနာများ သယ်ဆောင်ရန် ထိုနေရာတွင် နေရာ ယူထား ရဆဲ ဖြစ်ပါသည်။

ဤအခြေ အနေကြောင့် နောက်ထပ် တိုက်ပွဲများ ဖြစ်ပွား လာစရာ ရှိနေသဖြင့် TNLA နှင့် အစိုးရတို့၏ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ အလားအလာမှာ မသေချာ သေးကြောင်း အထွေအထွေ အတွင်းရေးမှူး တာဘုန်းကျော်က ဆိုပါသည်။

TNLA သည် အပစ်အခတ် ရပ်စဲရန် ပြီးခဲ့သည့် ဇူလိုင်လ အကုန်ပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ သြဂုတ် လဆန်းတွင် ထပ်မံ တွေ့ဆုံရန် မူလက စီစဉ် ထားသော်လည်း အစိုးရမှ ယုံကြည်မှု မတည်ဆောက် နိုင်သဖြင့် ယနေ့ တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း TNLA က ဆိုပါသည်။

Thursday, September 12, 2013

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် EPC မီးမှူး အောင်သိန်းထွန်းနှင့်


==============================
========
ပြည်နယ်EPC ဌာနမှူးတို့ညှိနှိုင်းပြီးလဒ်စားခြင်းများပေါ်ပေါ်ထင်ထင်ပြုလုပ်နေ
===========================================
ပေါက်တောမြို့မှ မြို့နယ်လျှပ်စစ်မှူးအောင်သိန်းထွန်းသည် ဘဝမ်းချောင်းဝစု
ရပ်ကွက်၌မီးသွယ်တန်းပေးမည်ဟုပြောကာ မီးလိုချင်သူပြည်သူများထံမှ
ငွေ(၄)သိန်းကျပ်တောင်းခံသည့်အပြင် မီသွယ်တန်းရန်လိုအပ်သည့် မီးတိုင်နှင့်
အစရှိသည့်အခြားကုန်ကျစရိတ်များကိုလည်း ၄င်းရပ်ကွက်မှကျခံစေပါသည် ။
မြို့မီးလင်းရေးအဖွဲ့အားလည်းယုတ်ညစ်စွာဆဲဆိုခြင်းမြို့ပေါ်ပြည်သူများအပေါ်တွင်
လည်း ပြည်နယ်မှူးကိုလက်ကိုင်ရထား၍ ဂရုစိုက်စရာမလိုဆိုသည့်အမူအရာနှင့်
စကားများပြောဆိုခြင်းများပြုလုပ်လျှက် ရှိပါသည်။ ခွဲတမ်းဒီဇယ်များကိုလည်း သူ့စိတ်
ကြိုက် ရောင်းချကာ လက်အောက်ငယ်သားများအပေါ်ငဲ့ညှာမှုလုံးဝမရှိပါ။ မြို့ပေါ်
မီးပေးချိန်များမှာလည်း ပုံမှန်ခြင်းမရှိစိတ်ထင်တိုင်းပြုလုပ်လျက်ရှိပါသည်။
အဆိုပါကိစ္စရပ်များအား မြို့သူ မြို့သားများမှ ပြည်နယ်မှူးထံတိုင်ကြားသော်လည်း မီမှူးနှင့်ပြည်နယ်မှူးတို့မှာ အကျိုးတူလဒ်စားဖက်ဖြစ်နေသောကြောင့်တစုံတစ် ရာ
အ ရေးယူမှုမရှိပါသည့်အပြင် မီးမှူး၏လုပ်ရပ်များကို အားလုံးသိနေပြီးမီးမှူးနှင့်မတည့်
သည့် လိုင်းမန်ဘိုအောင် ဆိုသူကိုလည်း ပြည်နယ်မှူးနှင့်ညှိ၍ ပြောင်းရွေ့ပြစ်ဒါဏ်ပေး
ခဲ့ပါသည် ။ ယခုလည်း ဘ၀မ်းချောင်းဝစုရပ်ကွက်မီးရရှိရေးအတွက် အစိုးရထံမှပေး
သည့် ကြေးကြိုးများဝယ်ရမည်ဟုဆိုပြီး ငွေကျပ်(၄)သိန်းအား ယနေ့ (၁၁-၉-၂၀၁၃)
တွင် သက်ဆိုင်ရာရပ်ကွက်လူကြီးများထံမှ ကောက်ယူသွားပါပြီ ။

မီးချစ်သူ

ဖိလစ်ပိုင်မှ ခွဲထွက်ရေး မွတ်ဆလင်သောင်းကျန်းသူများ ဖိလစ်ပိုင်မှာ မွတ်ဆလင်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသပေးတုန်းက မြန်မာပြည်က ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်စု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာတယ်ဆိုပြီး သွားခဲ့ကြသေးတယ်။ ဖိလစ်ပိုင်အစိုးရ အသုံးမကျလို့ ညံ့ဖျင်းလို့ မွတ်ဆလင်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသပေးလိုက်ရတာဟာဂုဏ်ယူစရာ ငြိမ်းချမ်းရေးအောင်ပွဲမဟုတ်ပါဘူး။ ဖိလစ်ပိုင်ရဲ့ အင်မတန်ရှက်စရာကောင်းတဲ့ ညံ့ဖျင်းမှု ကျရှုံးမှုပါ။ ခုတော့ ထုံးစံအတိုင်း မွတ်ဆလင်တွေ ခွဲထွက်ဖို့တောင်းဆိုလို့ တိုက်ပွဲတွေဖြစ်ကုန်ပြီ။ ဒါကို ၈၈မျိုးဆက်တွေက အဟုတ်မှတ်ပြီး သွားလေ့လာခဲ့ကြသေးတယ်။ မြန်မာပြည်မှာတော့ ဖိလစ်ပိုင်လို ထိုင်းတောင်ပိုင်းလို မဖြစ်ဖို့ အရေးကြီးတယ်။

Wednesday, September 11, 2013

ရွှေမြန်မာတို့ ကြည့်ကြကုန်လော့... မွတ်ကုလားတို့သည် မိမိလူမျိုးအမျိုးသမီးများကို ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်သည့် အလေ့အထ ရှိကြသည်

ပေါက်တောတွင် ဘင်္ဂါလီ ခုနစ်ဦးက ကျွဲထိန်း နှစ်ဦးအား အကြမ်းဖက်ကာ ကျွဲခြောက်ကောင်ကို လုယက်သွား



====================

( Coral Arakan News / ၁၁ စက်တင်ဘာ ၂၀၁၃ )

ပေါက်တောမြို့နေ ဇီးချိုမော်ရွာနေ ဦးမောင်သာလှ၏သား ဦးဦးထွန်းသိန်းတွင် စားကျက်မလုံလောက်သောကြောင့် ကြက်သရေကျေးရွာအနီး စားကျက်ဝယ်၍ ကျွဲ (၁၃) ကောင်အား ကျက်သရေကျေးရွာနေ အဖိုးတော်စပ်သူ ဦးမောင်စိန် (ဘ) ဦးမဲကျော် (၆၈-နှစ်) နှင့် လယ်လုပ်သား ကျွဲထိန်း မောင်ထွန်းစံ (ဘ) ဦးအေးစိန်အောင် (၂၅-နှစ်) တို့ နှစ်ဦးအား ထိန်းသိမ်းစောင့်ရှောက်ရန် ငှားရမ်းထားပါသည်။

ကြက်သရေကျေးရွာနှင့် ကိုက် (၆၀၀) ခန့်ကွာဝေးသော ယင်းစားကျက်တွင် လယ်တဲဆောက်လုပ်ပြီး ၄င်းကျွဲ (၁၃) ကောင်အားထိန်းသိမ်းစောင့်ရှောက်နေသည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

အခင်းဖြစ်ပွားသည့် ၂-၉-၁၃ နေ့ ညဥ့် ဆယ်နာရီခန့်တွင် ကျွဲထိန်းနှစ်ဦး အိပ်ပျော်နေစဉ် ကျွဲမြည်သံကြား၍ ဦးမောင်စိန်က လက်နှိပ်ဓါတ်မီးဖြင့်ထိုးကြည့်ရာ၊ ဘင်္ဂါလီတစ်ဦးတဲပေါ်သို့ ပြေးတက်လာပြီး ခဲသီးဖြင့်ပစ်ခန်ရာ ၀ဲဘက်ပါးတွင် ခဲသီးနစ်ဝင်သွားပြီး ရင်ဝသို့လက်သီးတစ်ချက်ထိုးပါသည်။ ကျန်ကုလားများက အသင့်ပါလာသော ဓါးရှည်များဖြင့် ရင်ဝကိုထောက်ထားပြီး လက်နှစ်ဖက်ကို နောက်ပြန်ကြိုးချည်ခြင်း ခြေကိုချည်ခြင်းများပြုလုပ်ပြီး လယ်တဲ၏တိုင်များတွင် သီးခြားစီတုပ်နှောင်ကာ ပါးစပ်ကို အ၀တ်များဖြင့် ထိုးထည့် စည်းနှောင်ထားပါသည်။

ထို့နောက်ချည်နှောင်ထားသော ကျွဲ (၁၃) ကောင်အား ညာဥ့် ဆယ်နာရီခွဲခန့်တွင် လုယက်ခိုးယူသွားရာ၊ လမ်းခရီးတစ်ဝက်တွင် ကျွဲခုနစ်ကောင်မှာ လွတ်ထွက်သွားခဲ့သော်လည်း၊ ကျွဲထီးနှစ်ကောင် နှင့် ကျွဲမလေးကောင် (စုစုပေါင်း ခြောက်ကောင်)တို့မှာ ဘင်္ဂါလီ ခုနစ်ဦးတို့၏ လုယက်ခိုးယူမှုကြောင့် ယနေ့ထက်တိုင် စုံစမ်း၍ မရနိုင်သေးပါ။

အထပ်ပါဖြစ်ရပ်အတွက် နယ်မြေခံ ရဲတပ်ဖွဲ့များက အပူတပြင်း ရှာဖွေစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(Coral Arakan News သို့ ပေါက်တောသား ရေးသားပေးပို့သည်။)

----------------

ဓါတ်ပုံရည်ညွှန်းစာသား - လုယက်တိုက်ခိုက်ခြင်းခံရသူ ဦးမောင်စိန်

( တစ်ဂူထဲက ခြင်္သေ့နှစ်ကောင် နင့် ထူးခြားသော ပုဂ္ဂိုလ်များ )





စင်စစ်အားဖြင့် ဂူဆိုသည်က ခြင်္သေ့နှစ်ကောင် မအောင်း ။ အားမန်အပြည့်နှင့် ရှိတတ်သော တိရိစ္ဆာန်တို့ ၏ ဘုရင် ခြင်္သေ့တို့ မှာ တစ်ကောင်တည်းသာ နေသည် ။ ခုတော့ ကျနော်က တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းနေကြပြီဟု မော်ကွန်းကဗ္မည်း ရေးဖြစ်ခွင့် ကြုံပါတော့သည် ။ သူတို့ ကား တိရိစ္ဆာန်မဟုတ် ။ ရန်ကုန်က ရခိုင်လူမျိုးဖြစ်သည် ။ တိတိကျကျ ပြောရလျှင် စစ်တွေသားများဖြစ်သည် ။ ကျနော်ပြောပါမည် ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်နှင့် ဥပဒေပညာရှင် ဦးသန်းမောင်တို့  ညီနောင်နှစ်ဦးကို သတိထားမိလာသည်မှာ ကြာမြင့်ပါပြီ ။ သူတို့ နှင့် ကျနော် အဆက်အစပ် မရှိသော်လည်း သူတို့ ၏ အမေ့မောင်အရင်းခေါက်ခေါက်ဖြစ်သူ ဒုပြည်နယ် ဥပဒေအရာရှိ ဦးအေးမောင်ကား ကျနော့်သူငယ်ချင်းဖြစ်သည် ။ ဦးအေးမောင်၏ မိန်းမဖြစ်သူသည် ကျနော်တို့ နှင့် လွန်စွာရင်းနှီးသလို ဦးအေးမောင်၏ ဆိုးမွေကောင်းမွေကို ခံရသလို ကျနော်တို့ ၏ ဆိုးဒဏ်ကောင်းဒဏ်ကိုလည်း တော်တော်ခံရသူဖြစ်သည် ။ ကျောက်ကပ်ရောဂါကြောင့် ကွယ်လွန်ခါနီးထိ ကျနော်တို့ သည် သူမအနားမှာ တစ်ချိန်လုံး ရှိနေပြီး ကွယ်လွန်သွားသည့်နေ့ ပင် ဦးအေးမောင်နှင့် ကုတင်တစ်လုံးထဲ နှစ်ယောက်ကပ်ပြီး အိပ်စက်နေခဲ့ သည်ထိ ရင်းနှီးခဲ့ သူဖြစ်သည် ။
မိန်းမကွယ်လွန်လျှင် ငိုယိုသောသူမှာ ရက်သတ္တတစ်ပါတ် မပြည့်ခင် နောက်အိမ်ထောင်ပြုသည်ဟု ကျနော်က ပြောဆိုထားရာ ဦးအေးမောင်ခမြာ မိန်းမကို မြေမြုပ်သဂြိုလ်နေသည့်တိုင် မျက်ရည် တစ်ပေါက် ကျမပြသူဖြစ်သည် ။ အိမ်ရောက်တော့ ဖခင်ဖြစ်သူ ရှေ့နေကြီး ဦးမောင်သာဇံအား သက်သေပြ တိုင်တည်ပြောဆိုပါတော့သည် ။ ဦးအေးမောင်မှာ ရန်ကုန်မြို့ သို့  နောက်ပြောင်းရွှေ့ သွားပြီး နေထိုင်သွားသည် ။ သူပြောသလို နောက်အိမ်ထောင်လည်း မပြု ။ သားသမီးလေးများအား ပြုစုစောင့်ရှောက် ကျွေးမွေးသုတ်သင်ယင်း ကွယ်လွန်သွားတော့သည် ။ သူကွယ်လွန်ချိန်မှာ ကျနော်ကား အမေရိကကို ရောက်ရှိနေပြီဖြစ်သည် ။ ကျနော်၏ ခင်မင်ရင်းနှီးသော မိတ်ဆွေထဲတွင် သူပါသလို ၈ွမြို့ နယ်မှာ အတူအစိုးရာတ၀န်ဖြင့် နေခဲ့ ကြစဉ်က အတူတူ စားဖေါ်သောက်ဖက် ဖြစ်ခဲ့ သည် ။ နှစ်ယောက်စလုံး စစ်တွေမြို့ ရောက်တော့ ပိုမိုထိတွေ့ နေခဲ့ ကြသည် ။
ကျနော်က ဦးအေးမောင်ကို ကြိုက်သောအချက်တစ်ချက်ရှိသည် ။ သူပြောသလို သူက လက်ထောက်ပြည်နယ်ဥပဒေအရာရှိ ဖြစ်သောကြောင့် ဗဟိုတရားရုံးရှေ့နေကြီးဖြစ်သော ဖခင်ဖြစ်သူ ဦးမောင်သာဇံနှင့် နေအိမ်တစ်ခုထဲတွင် နေထိုင်၍ မသင့်တော်ဟု ဆိုကာ သီးခြားနေတော့သည် ။ အိမ်ခန်းရှာမရသောအခါ ပြည်နယ်ဥပဒေရုံးမှာ အခန်းဖွဲ့ ၍နေသည် ။ နောက်မြို့ ထဲမှာ ငှားနေသည် ။ အိမ်ငှားနေယင်းပင်း မိန်းမဖြစ်သူ ဆုံးရှာပါတော့သည် ။ ဗဟိုတရားရုံးရှေ့နေကြီး ဦးမောင်သာဇံသည် ကျနော်နှင့် ရင်းနှီးသည်မှာ ဦးအေးမောင်ကြောင့်မဟုတ် ။ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှ စစ်တွေမြို့ နယ် အမှတ် ( ၂ ) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်၍ ကျနော်တို့ ၏ တစ်သီးပုဂ္ဂလအဖြစ် တက်ရောက်သူ ကိုဦးညွန့် မောင်နှင့် ယှဉ်ပြိုင်သူဖြစ်သည် ။ ထိပ်တိုက်မယှဉ်ပြိုင်ခင် ကျနော်သည် တပ်ပေါင်းစုရုံးသို့ သွားနေတတ်သလို ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးသို့ လည်း မကြာမကြာ သွားနေသူဖြစ်သည် ။ ထို့ ကြောင့် မည်သူနှင့်မဆို ကျနော်သည် နိုင်ငံရေးအရ ခင်မင်ရင်းနှီးပြီးသားဖြစ်သည် ။ တစညပါတီမှ အပ ကျန်သော မည်သည့်ပါတီမှ
မဆို နိုင်ငံရေးသမားပါဟု ရင်ကော့ပြောဆိုသူများနှင့် ရင်းနှီးစွဲရှိသည် ။ သို့ ဖြစ်၍ ရှေ့နေကြီး ဦးမောင်သာဇံနှင့်လည်း ရင်းနှီးသည် ။
ဆိုကြပါစို့  ။ ကျနော်တို့ သည် -၁၉၉၀- ခုနှစ်မှာ ယှဉ်ပြိုင်ခဲ့ ကြသူများဖြစ်သည့်တိုင် ပါတီစွဲ လူစွဲ မရှိကြချေ ။ ဆရာဦးမောင်စောဖြူ ၊ ဦးအောင်စိန်သာ ၊ ဦးညွန့် မောင် ၊ ဦးသာနိုး ၊ ဦးထွန်းအောင်ကျော် ၊ ဦးကံကြီးမောင် ၊ စသူတို့ သည် ပါတီကွဲကြသော်လည်း စိတ်ဝမ်းကွဲမနေခဲ့ ကြ ။ တစ်ချိန်တည်းမှာပင် -၂၀၁၀-ရွေးကောက်ပွဲတွင် ဖေါ်ပြခဲ့ သော ၄င်းသူများသည် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတွင် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးဖြစ်နေကြပြီ ။ ကိုဦးညွန့် မောင်လည်း ကွယ်လွန်ခဲ့ ၍သာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မလာခဲ့  ။ သို့ အတူ ရှေ့နေကြီး ဦးမောင်သာဇံလည်း အသက်အရွယ်ကြီးမြင့်ခဲ့ ၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်မလာခဲ့  ။ သို့ သော် ရှေ့နေကြီး ဦးမောင်သာဇံ၏ မြေးဖြစ်သူ ဦးဇေါ်အေးမောင်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်တော့သည် ။ ခုတော့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဟူ၏ ။
ကျနော်သည် ဘမျိုးဖိုးတူ ဖြစ်နေသော တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်၏ ရခိုင်လူမျိုးများအရေးနှင့် ပါတ်သက်၍ သူ၏ဆောင်ရွက်ချက်များကို ဂရုပြုမိလာသည် ။ တစ်ချိန်တည်းမှာပင် တစ်ခေတ် တစ်ချိန်က စတီရီယိုအဆိုတော် နာမည်ကြီးသော ဥပဒေပညာရှင် ဦးသန်းမောင်ကိုလည်း သတိပြုမိလာသည် ။ သူတို့ ညီအစ်ကို နှစ်ယောက်သည် မြန်မာနိုင်ငံအစိုးရ၏ လွပ်လွပ်စွာ ပွင့်လင်းလာသော ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းခြင်းကဏ္ဍတွင် အရေးပါလာသူများဖြစ်လာသည်ကို တွေ့ ရသည် ။ ကျေနပ်အားရအောင်ထိ သူတို့ ညီနောင်နစ်ယောက်၏ ဆောင်ရွက်ချက်များကို မလေးစား၍ မနေနိုင်လောက်အောင် မြင်တွေ့ လာရပြီ ။
မနေ့ က မြန်မာ့လွပ်လွပ်ရေးမျိုးစေ့ချသူ လွပ်လွပ်ရေးသုခမိန် ဆရာတော်ဦးဥတ္တမ၏ ရ၄-နှစ်မြောက် နေ့ အောက်မေ့ဘွယ်အခန်းအနားကို ကျင်းပသည် ။ ခန်းလုံးပြည့် လူတွေ လူလာကြသည် ။ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ မင်းကိုနိုင် အပါအ၀င် ရွှေည၀ါဆရာတော် ၊ အရှင်ဝီရသူ ၊ အရှင်ပါမောက္ခတို့  ကြွရောက်ချီးမြှင့်လားသည်ကို မြင်တွေ့ ရသည် ။ စက်ဘီးတပ် ကုလားထိုင်ဖြင့် ဦးသာထွန်းခိုင်လည်း ရှေ့တန်းမှ လာရောက်သည်ကို မြင်ရသည် ။ အခန်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန်အတွက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်သည် နေ့ မအားညမအား ကြိုးစားပမ်းစား ဆောင်ရွက်များကား ပင်ပမ်းခံကျိုး နပ်ပေပြီ ။ ဥပဒေပညာရှင် ဦးသန်းမောင်၏ ရေးသားသော စာတွင် စင်ပေါ်သို့ မတက်ရောက်ရသော်လည်း အခန်းအနားစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ဖို့  ကာယအား ၊လူအား ၊ စည်းရုံးရေးအားနှင့် အောက်ခြေသိမ်းပုဂံဆေးမှ အမှိုက်လှည်းသမားထိ ကြိုးစားကြသူများကြောင့်သာ ဤအခန်းအနားမှာ ရခိုင်လူမျိုးတို့ အတွက် ဂုဏ်ယူစွာ အောင်မြင်ပါကြောင်း မှတ်တမ်းတင်ဓါတ်ပုံဖြင့် ရေးသား တင်ပြသည်ကို တွေ့ ရသည် ။ ဤသည်မှာ ယခုပွဲအခန်းအနားသည် ရခိုင်လူမျိုးတစ်ရပ်လုံးက ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ကြသောကြောင့် အောင်မြင်စွာ ပြီးဆုံးခဲ့ သည်ဟု သူက ပြောဆိုခြင်းဖြစ်သည် ။ ရခိုင်လူမျိုးတို့ သည် ကျေးဇူးရှင် ဆရာတော်ဦးဥတ္တမ၏ ပျံလွန်တော်မူသော စက်တင်ဘာကိုးကို ဘယ်သောအခါမှ မေ့ပျောက်၍ရသူများ မဟုတ်ကြ ။ သို့ အတူ လွပ်လွပ်ရေးသုခမိန် ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုစွာဖြင့် ရနှ်ကုန်မြို့ မှာ ဦးဥတ္တမပန်းခြံကို ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုကြသည်မှာလည်း မျိုးချစ်စိတ်ကို အရင်းခံပြသလိုက်ခြင်းဖြစ်သည် ။ မြန်မာနိုင်ငံရေးတွင် ဆရာတော်ဦးဥတ္တမကို လေးစားမှ -ဂုဏ်ပြုတတ်မှ- ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမှ -ဂုဏ်ပြုတတ်မှ စစ်မှန်သော ထူးခြားသည့် ပြည်သူချစ်သော နိုင်ငံရေးသမားကောင်း ဖြစ်မည်မှာ သေချာသည် ။ ယခုလည်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်နှင့် ဥပဒေပညာရှင် ဦးသန်းမောင်တို့  ညီနောင်နှစ်ဦးမှာ တစ်ဂူထဲတွင် ခြင်္သေ့နှစ်ကောင် အောင်းသလို ရခိုင်လူမျိုးအရေးနှင့် ပတ်သက်လာပါက ညှိနှိုင်းတိုင်ပင် ဆောင်ရွက်နေကြသည် ။ သူတို့ ၏ ကြိုးပမ်းချက်များနှင့် အခြားပုဂ္ဂိုလ်များ၏ ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံ၏ ထူးခြားသော နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့်  ရွှေည၀ါ ဆရာတော်နှင့် အရှင်ဝီရသူ- ဆရာတော်ပါမောက္ခတို့ လည်း ကြွရောက်ချီးမြှင့် လာသည်ကို ပရိတ်သတ်ရှေ့၌ ဖူးမှော်ရဖြစ်သည် ။ စင်စစ် ဆရာတော် ဦးဥတ္တမ၏ လွပ်လွပ်ရေးစိတ်- မျိုးချစ်စိတ်သည်ကား မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတို့ အတွက် မျိုးစေ့ချပေးခဲ့ သည်မှာ အမှန်တရားဖြစ်သည် ။ ယခုမြန်မာနိုင်ငံကို ကယ်တင်လိုသည့် စစ်မှန်သော နိုင်ငံရေးသမားကောင်းများသည် ဆရာတော်ဦးဥတ္တမ၏ ခြေတော်ရင်းကို ရောက်ရှိဝပ်စင်းခဲ့ ကြပြီ ။ သို့ ဖြစ်၍ တစ်ဂူထဲတွင် ခြင်္သေ့နှစ်ကောင်နှင့် ထူးခြားသော ပုဂ္ဂိုလ်များဟု ကျနော် မော်ကွန်းကဗ္မည်းတပ်ရေးသား လိုက်ရခြင်း ဆိုပါလျှင် လွန်အံ့မထင်ပါလေ ။။။။

ခိုင်အောင်ကျော် ( နယူးယောက် )


( ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်နှင့်  ဥပဒေပညာရှင် ( အဆိုတော် ) ဦးသန်းမောင်တို့  ညီအကိုမောင်နှမ သုံးဦး က ဤသို့  ရခိုင်အရေးမှာ မြင်တွေ့ရ၏ )

သေနတ်တချက်ဖောက်စရာမလိုဘဲ နယ်မြေအချို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဦးအေးသာအောင်ရဲ့ ထောက်ပြမှု

Win Zaw shared Ko John's photo.
သေနတ်တချက်ဖောက်စရာမလိုဘဲ နယ်မြေအချို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဦးအေးသာအောင်ရဲ့ ထောက်ပြမှုကို နိုင်ငံတော်အနေနဲ့ အထူးအလေးအနက်ထား စဉ်းစားဖို့ လိုအပ်သလို ဘင်္ဂလီတွေရဲ့ နောက်ထပ် မဟာဗျူဟာတခုဆိုတာကိုလည်း ထည့်တွက်ထားဖို့ အထူးလိုအပ်ပါတယ်။

(၁၄) ရာစုက ကိုဆိုဗိုမှာ ဆာ့တ်လူမျိုးက (၉၆) ရာခိုင်နှုန်းရှိပြီး အစ္စလာမ် အယ်ဘေးနီးယားက (၃) ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၁၉၉၁ ခုနှစ်မှာတော့ အစ္စလာမ်အယ်ဘေးနီးယားတွေက (၈၁.၆) ရာခိုင်နှုန်းဖြစ်သွားကာ ဆာ့တ်လူမျိုးတွေက (၉) ရာခိုင်နှုန်းဖြစ်သွားရပါတယ်။

ဆိုတော့ ရခိုင်တွေ တချိန်ကလူများစု ဖြစ်ခဲ့ပေမယ့်၊ လက်ရှိအနေအထားမှာ ဘင်္ဂလီတွေက အသာစီးရလျက်ရှိနေ ပါတယ်။

ဘူးသီးတောင်မှာ ဘင်္ဂလီ (၉၅)၊ မောင်တော (၉၆)၊ ရသေ့တောင် (၈၀) နဲ့ စစ်တွေမြို့မှာ (၅၅) ရာခိုင်နှုန်းထိ ရှိနေပါတယ်။

ဘာသာရေးအရ မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ မော်လ၀ီဆရာတွေရဲ့ သွန်သင်မှုတွေက ကလေးမွေးဖွားနှုန်းကို အားပေးနေတာကြောင့် နောက်ထပ် နယ်မြေအချို့ကို သေနတ်တချက်ဖောက်စရာမလိုဘဲ ဆက်လက်သိမ်းပိုက်စေမယ့် မဟာဗျူဟာလည်း နိုင်ငံတော်အတွက် စိန်ခေါ်မှုတွေဖြစ်တယ်လို့ ပြောချင်ပါတယ်။

တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ မွတ်ဆလင်တွေရဲ့ လူအင်အားတိုးပွားနှုန်း (မွေးဖွားနှုန်း) မဟာဗျူဟာတွေနဲ့ ချီတက်ရင်း ယနေ့အချိန်မှာတော့ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရေး အန္တိမပန်းတိုင်ကို ရောက်ရှိနေခြင်းတွေကလည်း မြန်မာနိုင်ငံတော်အတွက် အကောင်းဆုံး သင်္ခန်းစာတွေ ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။

----- ----- ----- ----- -----
အစ္စလာမ်တွေ တက်ကြွလျှက်ပါ မြန်မာတွေ အိပ်ငိုက်လျှက်ပါ။
----- ----- ----- ----- -----

ရန်သူလူမိုက်တွေဟာ ဘာမှမသိဘူး ထမင်းစားဖို့ပဲသိတယ်ဗျာ၊ ဘာလုပ်ရရ လူတွေကို အမြဲတမ်း အန္တရာယ်ပေးတတ်တယ်ဗျာ

ရခိုင်ပြည်ကို သတိရမိတယ်ခင်ဗျာ ရခိုင်တိုင်းရင်းသူတိုင်းရင်သားတွေကို လဲ သတိရပါတယ်။

အမှန်တော့ ကျွန်တော်အမေက ရခိုင်ပါ။ ဒါကြောင့် ကျွန်တော်ဆီမှာ ရခိုင်သွေးတစ်ဝက်ပါနေပါတယ်ဗျာ။

နေ့စဉ် ရခိုင်ပြည်သူတွေက ရန်သူ(ကုလား)တွေ ကပေးတဲ့ ဒုက္ခတွေကို ကုလားတွေ ကြားထဲမှာ ကြံကြံခံပြီး အမိမြန်မာပြည်ကြီးရဲ့အနောက်တံခါးကို ကာကွယ်စောင့်ရှောက်နေကြပါတယ်။

ရခိုင်တံခါးက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု တံခါးကြီးဖြစ်ပါတယ်။ ရှေ့တန်းခံတပ်ကြီးလဲဖြစ်ပါတယ်။

ဗန္ဓုလခေတ်က ဓန္ဓုဖြူခံတပ်ကြီး ကျဆုံးခဲ့ရပြီးနောက် တဖြည်းဖြည်းနဲ့ ခံတပ်တွေကျဆုံးလာခဲ့ပါတယ်။

ဘယ်အရာမဆို တိုက်ပွဲတစ်ပွဲဆိုလည်း ပထမဆုံးတိုက်ပွဲက အလွန်အရေးကြီးပါတယ်ဗျာ ။ စိတ်ဓာတ်အတွက် အရေးကြီးတာပါ။

ရခိုင်ကို မကာကွယ်ရင်း ကျဆုံးခဲ့လျှင် သူကျွန်ဘ၀ရောက်သွားနိုင်ပါတယ်ခင်ဗျာ။

အင်္ဂလိပ်ကျွန်ဖြစ်သွားခဲ့ရင် မြန်မာမျိုးဆက်မပြတ်နိုင်တဲ့အတွက် ပြန်တိုက်ယူဖို့ အင်အားတွေ ထပ်စုနိုင်ပါတယ်ခင်ဗျာ။

ကုလားကျွန်ဖြစ်သွားခဲ့ရင် အစ္စလာမ်ကျွန်ဖြစ်သွားခဲ့ရင် တော့ မြန်မာမျိုးဆက်ပြတ်သွားနိုင်ပါတယ်ဗျာ - - -

သူတို့တွေက လူကိုလူမျိုတဲ့ ပုံစံမျိုးနဲ့ တဖြည်းဖြည်း ကျွန်ပြုနေကြတယ်ခင်ဗျာ - - -

ကြည့်ကြည့်လိုက်ပါ။ အစ္စလာမ်နဲ့ယူပြီး ထွက်လာတဲ့ကလေးကလည်း အစ္စလာမ်ဘဲလေ - - -

အစ္စလာမ်တွေ သိမ်းပိုက်ခံရတဲ့ နိုင်ငံတွေကိုကြည့်ပါ။

အာဖဂန်၊ ပါက္ကစတန်၊ အီရန်၊ အီရတ်၊ ဘင်္ဂလားဒေရုင်္၊ မလေးရှား၊ အင်ဒိုနီးရှာ စသည့်နိုင်ငံများကိုကြည့်ပါ - - -

ရခိုင်ပြည်လဲမပျက်သေးပါဘူး၊ မပျက်အောင်လဲ ကျွန်တော်တို့ ကြိုးစားရပါမယ်။ ခုကြိုးစားတဲ့မျိုးချစ်တွေက လည်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးနဲ့ယှဉ်ရင် အရေအတွက်တော်တော်လေးနည်းပါးပါတယ်။

ဒါပေမဲ့ နှမ်းတစ်စေ့နဲ့ဆီမဖြစ်နိုင်ပေ့မယ်။ တဖြည်းဖြည်းနဲ့ နှမ်းတွေစုပြီး ဆီဖြစ်အောင်တော့ ကြိုးစားရပါမယ်။

မြန်မာနိုင်ငံသားများအနေနဲ့ ကြိုးစားကြပါ။ ကြိုးလည်းကြိုးစား စေချင်ပါတယ် ခင်ဗျာ။


ရခိုင်လူမျိုးတွေကို ကျေးဇူးတင်ပါတယ်ဗျာ၊ ရခိုင်လူမျိုးတွေနေရာမှာ မြန်မာလူမျိုးတွေရှိကြည့် ရခိုင်ပြည်ပျက်စီးတာကြာပေါ့ ဘာဖြစ်လို့လဲဆိုတော့ -

၁။ မြန်မာတွေက အမြင်မကျယ်ဘူး။

၂။ မစည်းလုံးဘူး။

၃။ ဘိုးဘွားတွေက သတ္တိရှိပေ့မယ့် ယနေ့မြန်မာတွေက တော်တော်များများ သတ္တိမရှိဘူး။

၎။ အမျိုးမစောင့်ဘူး။

၅။ အမျိုးသားရေးအပေါ် မှာ အလေးအနက်မထားဘူး။

၆။ မြန်မာအမျိုးသမီးတွေက ကုလားကိုလည်းယူပါတယ်


အစ္စလာမ်တွေက မြန်မာနိုင်ငံကို အောက်ပါအတိုင်း တိုက်ခိုက်လေ့ရှိသည် -

(၁) လူဦးရေး တိုးတက်ဖို့ အဓိက လုပ်ဆောင်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်(မဒိန်း)ကျင့်တယ်ဗျာ။

ကြာတော့ ဒီနယ်ပယ်မှာ မိန်းကလေးတွေမနေရဲတော့ဖူး ဒီနယ်ပယ်က ထွက်သွားမယ်ဆိုရင် တစ်ယောက်လျော့တာနဲ့ မွေးဖွားနှုန်းလျော့နိုင်တဲ့ အတွက် အမျိုးသမီးတွေကို တိုက်ခိုက်ခြင်းဖြစ်ပါသည်။

နောက်ရည်ရွယ်က မြန်မာတိုင်းရင်းသားအမျိုးသမီးတွေဟာ အရှက်အကြောင့် အင်မတန် ကြီးကြပါတယ်။

သူတို့က မိန်းမကောင်းပန်းတပွင့်လို့ ခံယူထားကြပါတယ်။ အဲဒါကို သိတဲ့ အစ္စလာမ်တွေက မတရားသိမ်းပိုက်သည့် နည်းလမ်းသုံးပြီးတော့ သိမ်းပိုက်ကြပါတယ်။

အစ္စလာမ်တွေပြောစကားအရ မိန်းမတစ်ယောက်ကို သူတို့ဘာသာဝင်ထည့်ပါဝင်အောင်စည်းလုံးနိုင်ရင် သူတို့အတွက် စစ်သည် အယောက် (၅၀၀) ရတာနဲ့ တူပါတယ်တဲ့ဗျာ။

(၂) စီးပွားရေးသမားတွေက ဦးတည်ပြီး ဓားမြတိုက်တာလေ။ ရခိုင်စီးပွားရေး သမားတွေကို မနေစေချင်လို့ မနေနိုင်တော့လို့ တခြားနေရာပြောင်းပေးကြရတယ်။

အဲဒီတော့ စီးပွားရေး လုပ်ငန်းရှင်တွေ မရှိတော့ရင် စီးပွားရေး ဦးဆောင်ပြီးလုပ်မဲ့သူ မရှိတော့တဲ့အတွက် ရခိုင်တွေက နောက်ပိုင်း ကုလားစီးပွားရေးသမားတွေကို အောက်ကျခံပြီး အလုပ်လုပ်ရမယ်။ ကုလားစီးပွားရေးသမားတွေ အနိုင်ကျင့်ကျတယ်လေ။

နောက်ကုလားဆိုင်ဆိုရင် ခန့်အပ်တဲ့ဝန်ထမ်းတွေထဲမှာ အမျိုးသမီးက ၅၀ % ခန့်၊ အမျိုးသားက ၅၀%ခန့် ရှိတယ်။

အမျိုးသမီး ၅၀ %ကိုတော့ မြန်မာ့တိုင်းရင်းသူတွေ ချောချောလေးတွေ ခန့်ပြီး အမျိုးသား ၅၀%ကိုတော့ မူဆလင်တွေကသာ ရွေးခန့်လေ့ရှိပါသည်။

ဒါကို ကြည့်ချင်အားဖြင့် ကုလားတွေက မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံဖြစ်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးစားလျှက်ရှိပါသည်။

(၃) ရပ်ရွာအကျိုးသယ်ပို့တဲ့ လူတွေကို အဓိကထားတိုက်တယ်။ နောက်ပြီးရခိုင်တွေအတွက် ဦးဆောင်တဲ့လူမျိုးကို အဓိက ထားတိုက်ခိုက်တယ်။


အဲဒီလို ရခိုင်လူမျိုးတွေကို ကုလားတွေက အနိုင်ကျင့်တာ နှစ်ပေါင်း(၆၀)ခန့်ရှိတယ်။

ဒါကို နိုင်ငံရေးသမားတွေ မြင်အောင် မကြည့်တတ်ပါဘူး။ အမှန်တကယ်တိုက်ပွဲက အစ္စလာမ်ရဲ့ ဂျီဟတ်တိုက်ပွဲပါ။ နိုင်ငံရေးသမားတွေက ပြည်သူ့ဘက်က မရပ်တည်ကြဘူး။

နောက်ပြီး သဲချောင်းစခန်းကြည့်လိုက်ရင် ရခိုက်ကနေ ပင်လယ်ပြင်ကိုထွက်တဲ့ ရေကြောင်း ထွက်ပေါက်နားမှာရှိပါတယ်။

နောက်ဆိုရင်သူတို့ ဒီနေရာကို မူတည်ပြီးနိုင်ငံဖြစ်လာရင် ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ပြင်ထွက်ပေါက် ပိတ်နိုင်ပါတယ်ခင်ဗျာ။

ဒါကြောင့် ရခိုင်ပြည်သူ့တွေကို အားပေးဖို့အတွက် ကျွန်တော်တို့ ပြည်ထောင်စု တိုင်းရင်းသားတွေအားလုံးမှာ တာဝန်ရှိပါတယ်ခင်ဗျာ။


ရခိုင်တွေရဲ့ ဆိုရိုးစကားရှိပါတယ်။ ``ရခိုင်ပြိုရင် မြန်မာငိုရမယ်တဲ့´´

မြန်မာတွေမငိုရအောင် ရခိုင်တွေကို အားပေးထောက်ခံကြပါစို့ဗျာ။

ပေါ့ပေါ့တွေးသော အဲဒီလူရဲ့စိတ်က အဲဒီလူရဲ့ ရန်သူပင်ဖြစ်ပါသည်။

မောင်းတောမြို့ရယ် လူဦးရေး ၇ သိန်းနီးပါး ရှိတယ်။

အဲဒီမှာ ရခိုင် အပါအ၀င် တိုင်းရင်းသားများကတော့ အင်အား၂ သောင်းကျော်လောက်နဲ့ ကြံကြံခံပြီးနေထိုင်နေပါတယ်ဗျာ။

ရခိုင်အပါအ၀င်တိုင်းရင်းသား သမီးပျိုတွေ အပြင်ထွက်တဲ့အခါမှာ ကုလားတွေက တဏှာမျက်လုံးတွေနဲ့ ကြည့်တဲ့ ဒဏ်တွေ နေတိုင်းခံရပြီး မဒိန်းကျင့်ဖို့လဲ အမြဲတမ်းကြိုးစားခြင်းခံနေရပါသေးတယ်ဗျာ - - - ဘယ်လောက်တောင် ရင်နာဖို့ကောင်းလိုက်လဲ။

အဲဒါကြောင့် မြန်မာတွေက အိပ်မငိုက်သင့်တော့ပါဘူး။ အမျိုးသားရေးစိတ်ဓာတ်နဲ့ အတူ မြန်မာတွေနိုးထပြီး မြန်မာတွေ ရှင်သန်ကြပါစို့လားဗျာ။

၂၀၁၅ ကျရင် ကုလားထောက်ခံတဲ့ ပါတီ (သို့မဟုတ်) ကုလားတွေရဲ့ တည်ကြက်ဖြစ်တဲ့ လူမျိုးကို မထောက်ခံသင့်တော့ပါဘူး။

အမျိုးသားရေး သတိနဲ့ ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။


Credit : Hanmyo Mon