Saturday, January 5, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဘာကြောင့် မရနိုင်တာလဲ

Hits:5,448

အစိုးရတပ်ဖက်မှ လေကြောင်း ပစ်ကူမှုများဖြင့်ပါ တိုက်ခိုက်လာသောကြောင့် ဗုံးခိုကျင်းတူးကာ တိမ်းရှောင်ရန် ပြင်ဆင်ထားသော ဒေသခံ စစ်ပြေးဒုက္ခသည် မိသားစုတစု (ဓာတ်ပုံ – လဖိုင် / ဧရာဝတီ)
၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရယူထားပြီးနောက် ၂၀၁၁ ဇွန်လမှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေဟာ တနှစ်ခွဲကျော် ကြာလာပါပြီ။ အခု ရက်ပိုင်းထဲမှာ အစိုးရ တပ်ဖက်က အရေးပါတဲ့ စခန်းထောက် တောင်ကုန်းတခုကို သိမ်းဖို့ လေကြောင်း ပစ်ကူမှုတွေကိုပါ အသုံးပြုလာလို့ ကုလသမဂ္ဂနဲ့ အမေရိကန်က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုလာကြတဲ့ အခြေအနေ ရောက်လာပါတယ်။
အစိုးရတပ်ဟာ KIA ကို မကြာခဏ အင်အားသုံး ထိုးစစ်ဆင်တယ်၊ ဆွီဒင်လုပ် အဆင်မြင့် လက်နက်တွေကို သုံးစွဲနေတယ်၊ တဖက်က ငြိမ်းချမ်းအတွက် ကမ်းလှမ်းနေပြီး တဖက်က ထိုးစစ်တွေ တပြိုင်တည်း လုပ်နေတယ်ဆိုပြီး KIA ဘက်က ပြောဆိုသလို အစိုးရတပ်ဖက်ကလည်း KIA ဟာ တံတားတွေ၊ လမ်းတွေကို မိုင်းခွဲ ဖျက်ဆီးတယ်၊ ကြိုတင် အသိပေးထားလျက်နဲ့ ရိက္ခာပို့တဲ့ အစိုးရတပ် လမ်းကြောင်းတွေကို ကြားဖြတ် တိုက်ခိုက်တယ်ဆိုပြီး ပြန်လှန် ဝေဖန် ပြောဆိုမှုတွေ တွေ့နေရပါတယ်။
ဒါ့အပြင် အွန်လိုင်းနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာ တိုက်ပွဲ အကျအဆုံး၊ စခန်း သိမ်းယူမှု စတဲ့ ဓာတ်ပုံတွေ အပြိုင်အဆိုင်တင်၊ အချက်အလက်တွေ တပြိုင်တည်း အသီးသီး ထုတ်ပြန်နေကြတာကိုလည်း မြင်ရပါတယ်။
တချိန်တည်းမှာ ဒီတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး အအေးဒဏ် ပြင်းတဲ့ ဆောင်;ရာသီမှာ ဒုက္ခရောက်နေတဲ့၊ ထောက်ပံ့မှုတွေ ကောင်းကောင်း မရတဲ့ ဒုက္ခသည် ၇ သောင်းခွဲလောက် ရှိနေပါတယ်။
တရုတ်နိုင်ငံနဲ့ နီးတဲ့ ကချင်ဒေသဟာ ကျောက်စိမ်းအပါအဝင် သဘာဝ သယံဇာတတွေ ထွက်ရှိပြီး စစ်အစိုးရလက်ထက်မှာ အာဏာပိုင်တွေနဲ့ ခရိုနီတွေ လက်ဝါးကြီး အုပ်ထားခဲ့ခြင်း၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးမှု မရှိခြင်းကလည်း သမိုင်းရှည်လျားတဲ့ ပဋိပက္ခ အရင်းအမြစ်တခု ဖြစ်ပါတယ်။
တိုင်ရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခဲ့ပြီး ကချင်နဲ့ အပစ်မရပ်နိုင်သေးပေမယ့် အရင် စစ်အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းအခြေခံဥပဒေကို တိုင်းရင်းသား အဖွဲ့တွေက လုံးလုံးလျားလျား လက်ခံတာ မဟုတ်ပါဘူး။ ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝ သယံဇာတ အားလုံးကို နိုင်ငံတော်က ပိုင် ဆိုင်ကြောင်း ရေးသားထားပြီး ဒီအချက်ကို ပြင်ကာ တိုင်းရင်းသားဒေသတွေကို အကျိုးအမြတ် ခံစားခွင့်ပေးဖို့ လွှတ်တော်မှာ တင်ပြနေတာတွေကလည်း မတင်မကျ အခြေမှာပဲ ရှိပါသေးတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို နယ်ခြားစောင့်တပ် ဖွဲ့ဖို့၊ အစိုးရစစ်တပ် အောက်ကို ဆွဲသွင်းဖို့ ဖိအားပေးခဲ့ခြင်းတွေကလည်း ထာဝရ ငြိမ်းချမ်းရေးရဖို့ အတားအဆီးတွေ ဖြစ်နေခဲ့ပါတယ်။
လတ်တလော လက်ပူတိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျိုးဟာ ကချင်ပြည်နယ် တည်ငြိမ်ရေးကို ဘယ်လောက် အာမခံနိုင်မယ်ဆိုတာလည်း မသေချာတဲ့ အခြေအနေမှာ ရှိနေပါတယ်။ KIO ဘက်က နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုနေသလို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကလည်း အပစ်ရပ်တာ အရင်လုပ်ဖို့ ညှိနှိုင်းရင်း အခုလို အခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
-ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KIA တို့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အဆင့်ဆင့် စေ့စပ်ဆွေးနွေးမှုတွေ ၁၁ ကြိမ် ဆောင်ရွက်ပြီးသည့်တိုင် ပြေလည်မှု မရနိုင်ဘဲ ရှိနေတာ ဘာကြောင့်လဲ။
-တကယ် လက်တွေ့ကျပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် နည်းလမ်းတွေက ဘာတွေဖြစ်နိုင်မလဲ။
စာဖတ်သူများအနေနဲ့ ဒီဖိုရမ်မှာ ဆွေးနွေးနိုင်ပါတယ်။
(ဧရာဝတီက ဖော်ပြခဲ့တဲ့ ကချင်ပြည်နယ် စစ်ရေး သတင်းများကို ဒီနေရာမှာ ပြန်လည် ဖတ်ရှု နိုင်ပါတယ်)

24 Responses to “ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဘာကြောင့် မရနိုင်တာလဲ”

  1. Shwe Yoe
    January 4, 2013 at 11:15 am
    Kachins signed the Pang Long Agreement to form the Union of Burma. Kachins are the founding members of the Union. But they were cheated by the Burmans.
    The KIO signed Peace Agreement with SLORC. Kachins participated in drafting the constitution. But when KIO refused to transform the KIA into Border Guard position, the SPDC started labeling them as “Thaung Kyan Thu”. And the KIO was denied from registering to compete in the 2010 election.
    How many times should Myanmars cheat the Kachins? Now, instead of having dialogue, Myanmar government is assaulting the Kachins using fighter jets and helicopters. Do the Kachins deserve this kind of treatment? Absolutely “NO”. Myanmars are not the only group who owns the Union. The Union belongs to all of us. Did the ethnics signed the Pang Long Agreement to put themselves slaves to the Burmese? Are the Myanmars expecting us to bow at their feet? Is it the reason for founding the Union?
  2. January 4, 2013 at 12:49 pm
    I understand that kachin, Shan, Chin and other ethnics are cheated and betrayed from pan long aggrement to form union by burmese nationalist . Generations of all ethnics are fighting for their rights, their freedom, their land and their culture.
    I support KIA that this is their right to defend thier race and land from monopolise by burmese government. The road to jade land (Pha kant) had never been upgrated by the burmese gov despite earning billion of US $ by selling jade and mining permits. Why?
    There are thousand reasons for that. Not just kachin but also Shan state. There are hyro power projects, mining and main boarder trading with china, Shan state still can’t get electricity. But the electricity is lighting in every roads of Nay pyi daw.
  3. pps၁၂၃၄၅
    January 4, 2013 at 1:29 pm
    ကေအိုင်အေ၏ နောက်ခံသမိုင်းကြောင်း
    ကျွန်တော် လက်လှမ်းမှီ သလောက်ပြောရရင် ကေအိုင်အေ သူပုန်ထ တာဟာ ဦးနုလက်ထက် အများကိုးကွယ်သော ဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ပြဌာန်းပေးခဲ့ သောကြောင့် ဖြစ်ပါသည်။ ပူတာအိုဒေသမှ အခြား တိုင်းရင်းသားများ သူပုန် မထသောကြောင့် ကေအိုင်အေ ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ ကေအိုင်အေ ခေါင်းဆောင် နော်ဆိုင်း တရုတ်ပြည် တွင် သွားရောက် လုပ်ကိုင်ခဲ့ဖူး၍ ကေအိုင်အေ တို့က တရုတ်ပြည်မှ အကူအညီကို မျှော်လင့်ခဲ့သော်လည်း တရုတ် တို့ကမူ နောက်မှလာသူ ဗမာပြည်ကွန်မြူနစ်ပါတီ ကို ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်း လက်နက် တပ်ဆင်ပေးခဲ့ပြီး ကေအိုင်အေ တို့ ကို ထိုကဲ့သို့ အခွင့်ထူးများ မပေးခဲ့ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်များ၏ တိုက်ခိုက်မှုကြောင့် ကေအိုင်အေ တို့ နယ်မြေ အချို့ဆုံးရှူံးခဲ့ရသည်။ နောက်ဆုံး တပ်မတော်နှင့် အပြစ်အခတ် ရပ်ဆဲ ခဲ့ရသည်။ ထို့နောက် အိန္ဒိယ နယ်စပ် ရှိ နာဂသောင်းကျန်းသူများ အတွက် တရုတ်မှ ထုတ်ပေးခဲ့သော လက်နက်များကို ဝယ်ယူ၍ တပ်မတော်ရန်မှ ကာကွယ်ရန် အားထုတ်ခဲ့ရသည်။ ထိုကာလများ အတွင်း တပ်မတော်မှ တရုတ် အထောက်အပံ့ခံ ကွန်မြူနစ် တပ်များကို သာ ဦးစားပေး ထိုးစစ်ဆင် ခဲ့၍ ကေအိုင်အေ တပ်များ အနေချောင်ခဲ့လေသည်။ ထိုကာလမှ ၁၉၉၅ ခုနှစ် ငြိမ်းချမ်းရေး မယူခင်ကာလ အတွင်း ကေအိုင်အေနှင့် ကေအိုင်အိုသည် ခြုးနှစ်ကောင် တံဆိပ် ဘိန်းထုတ်လုပ်ခြင်း ၊ တပ်မတော်စစ်စခန်းများ မှ ခိုးထုတ်လာသော ကျောက်စိမ်းများကို တဘက်တိုင်းပြည်ပို့ရာတွင် နယ်မြေဖြတ်သန်းခ ကောက်ခံခြင်း၊ ဆပ်ကြေးကောက်ခြင်း၊ မြစ်ကြီးနားမြို့ထဲတွင် ဗုံးခွဲခြင်း၊ ရထားလမ်းဗုံးခွဲခြင်း စသော လုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြင့်ရပ်တည်ခဲ့ပါသည်။
    စစ်တပ်နှင့် ငြိမ်းချမ်းရေးယူပြီး စစ်တပ်ကဲ့သို့ သစ်ထုတ်ခြင်း ၊ ကျောက်စိမ်းတူးခြင်း သတ္တုတူးခြင်း စသော လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါသည်။ သို့သော် ယခင် ကွန်မြူနစ် ပါတီ တပ်မဟာမှူး စခုန့်တိန့်ယင်း ဦးစီးသော တပ်များကဲ့သို့ သစ်တောများ အပြောင်းခုတ်ခြင်း၊ သတ္တုများ အပြောင်ထုတ်ခြင်း စသာ အခွင့်အရေးများကို အစိုးရမှ မပေးခဲ့ပါ။ နောက်ဆုံး ကေအိုင်အေ တို့ စိတ်နာနေသော တရုတ် တို့ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်မှု ပြဿနာမှ စတင်ကာ ကေအိုင်အေ တို့တောခိုခဲ့သည်။
    ကေအိုင်အေတို့တောခိုခဲ့သော်လည်း စစ်စခန်းများ အသေအချာ မဆောက်ထားခြင်း ၊ လက်နက်ငယ်များကို သာ အားကိုးနေရခြင်း၊ ပိတ်မိနေသော အစိုးရဝန်ထမ်းများကို ဓားစာခံ အဖြစ် ဖမ်းမထားပဲလွှတ် ပေးထားခြင်း စသော အားနည်းချက်များကြောင့် တပ်မတော်မှ ကေအိုင်အေ ကို ဗန်းမော် လွယ်ဂျယ်လမ်းမှ အောင်မြင်စွာ ထုတ်နိုင်ခဲ့လေသည်။
    ဧရာဝတီ အနေဖြင့် ဆင်ဆာဖြတ်တောက်ခြင်း မပြုရန် မေတ္တာ ရပ်ခံပါသည်။
    • kyaw
      January 4, 2013 at 7:36 pm
      Yes… 100% agree with you. The greedy Kachin leaders brain-wash the young Kachin people and let them die for them in battle with burmese army and others.
      The root cause of civil war in our country is the greed for the natural resources.
      It is ridiculous they ask for some percentages from the resources government finds in Kachin State. The right way they should approach to the issue is to check and log in the complaint if the government does not do anything to develop their places, but keep taking the resources.
    • January 4, 2013 at 9:23 pm
      Do not try a gain to release your lying propaganda. We never and ever believe you. Do not release just like your manipulate system. Now a day all people known who is wright and who is wrong. A fake history, you are poison.
  4. pps၁၂၃၄၅
    January 4, 2013 at 2:43 pm
    တပ်မတော်၏ သမိုင်းကြောင်း(အာဏာမသိမ်းမှီ)
    တို့ဗမာ အစည်းအရုံးခေါင်းဆောင် သခင်ကိုယ်တော်မှိုင်း နှင့် သခင်ထွန်းအုပ်၊ ဗစိန် ဂိုဏ်းမှ လူကြီးများ ၏ အစီအမံဖြင့် တရုတ်ပြည်တွင် ကွန်မြူနစ် တို့ထံမှ လက်နက်သွားတောင်းရန် သခင်အောင်ဆန်း ကို စေလွှတ်ခဲ့ရာမှတပ်မတော် ဖွဲ့စည်းဖို့ဖြစ်လာခဲ့သည်။ တရုတ်တို့ နှင့် အဆက်အသွယ် မရခဲ့သော်လည်း အမွိုင်ကျွန်း( ရှမန်) တွင် ဂျပန်လူမျိုး ဗိုလ်မိုးကြိုး နှင့် အဆက်အသွယ်ရခဲ့ပြီး ဂျပန် အကူအညီဖြင့် စစ်တပ်ကိုဖွဲ့စည်းနိုင်ခဲ့သည်။ ဂျပန်တို့နှင့် အတူ အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့ရသည်။ တရုတ်ပြည်မမှ ချန်ကေချိတ် ၏ ဆိုးသွမ်းတပ်မတော်ကို မြန်မာပြည်မှ အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့သည်။
    ဂျပန်ခေတ် စတင်သည်နှင့် ဗမာ့တပ်မတော်မှ အောက်ခြေ အရာရှိများက ကရင်လူမျိုးများကို စတင်လက်စားခြေ သဖြင့် ကရင်-ဗမာ အဓိကရုန်း ပေါ်ပေါက်ခဲ့ရပြီး နောက်ဆုံး သခင်အောင်ဆန်းက ကရင်လူမျိုး ခေါင်းဆောင်များကို တပ်တွင်းရာထူးကြီးများပေးကာ စ ည်းရုံးခဲ့ရလေသည်။ ၁၉၄၅ တွင် အခြားတိုင်းရင်းသား အင်အားစုများနှင့် အတူ တပ်မတော်သည် ဖက်ဆစ်ဂျပန် တို့ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပါသည်။ ဂျပန်တို့ စွန့်ခွာသွားသော ရန်ကုန်မြို့ကို ဗမာ့တပ်မတော်မှ ဗိုလ်နေဝင်းမှ ဝင်ရောက်နေရာယူပြီး ရန်ကုန်ကို သိမ်းလိုက်ကြောင်း လိမ်ညာကြေညာခဲ့နိုင်ခဲ့သဖြင့် တပ်မတော်ကို ကမ္ဘာက အသိအမှတ်ပြုလာခဲ့ရပါသည်။ စစ်ကြီး အပြီး ဂန္ဒီ စာချုပ်အရ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများ ၏ ထုံးစံ အတိုင်းး တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်ရေး အောက်တွင် ထားရမည် ဖြစ်သောကြောင့် ဗိုလ်အောင်ဆန်း စစ်တပ်မှ အနားယူကာ နိုင်ငံရေးလောကထဲသို့ ပြန်ဝင်ခဲ့သည်။
    သခင်အောင်ဆန်းမရှိပြီးနောက် အင်္ဂလိပ်တို့ ဖွဲ့စည်းခဲ့သော မြန်မာ့တပ်မတော်တွင် ဗမာခေါင်းဆောင်များ အဖြစ် ဗိုလ်နေဝင်း၊ ဗိုလ်လက်ယာ နှင့် ဗိုလ်ဇေယျ တို့ပါဝင်ပြီး ကျန်ရဲဘော် အများစုမှာ ဗိုလ်မှူးအောင် ဦးစီးသော ပြည်သူ့ရဲဘော် အဖွဲ့တွင်ပါဝင်ခဲ့သည်။
    လွပ်လပ်ရေး ရပြီးနောက် ပြည်တွင်း သောင်းကျန်းမှု ပေါ်ပေါက်လာသော်လည်း တပ်မတော် အရာရှိများ သူရဲဘောကြောင် ကာ ရန်သူများ မရောက်မှီ တပ်စခန်းစွန့်ခွာ ထွက်ပြေးခြင်းကြောင့် အရပ်သား အစိုးရ အထိနာခဲ့ရသည်။ ထိုသို့ သောင်းကျန်းမှု ထူပြောနေသော်လည်း ဗိုလ်နေဝင်း နှင့် ဗိုလ်ဇေယျတို့ ကာကွယ်ရေး ဝန်ကြီးနေရာကို သာ ကြိုးစားပန်းစား တောင်းဆို နေသည်မှာလည်း ဗဟို အစိုးရ အတွက် အထိနာစရာပါ။ ဗိုလ်ဇေယျ တောခိုသွားပြီး ဗိုလ်နေဝင်း တစ်ယောက်သာ အာဏာရပြီးမှသာ တပ်မတော်မှ ခုခံသဖြင့် အင်းစိန်တိုက်ပွဲနှင့် မန္တလေးမြို့သိမ်း များအောင်မြင်ခဲ့ကာ ဗဟိုအစိုးရ အသက်ရှုချောင်သွားခဲ့ရသည်။
    စစ်တပ်နှင့် ကွန်မြူနစ် တို့ တိုက်ခိုက်ရင်း စစ်တပ်ထဲတွင် ကွန်မြူနစ်မုန်းသော သူများတိုးလာခဲ့ပါသည်။ တပ်မှ ကွန်မြူနစ် မုန်းသော ဝန်ကြီးချုပ် ဦးဗဆွေကို ထောက်ခံခဲ့သော်လည်း ဖဆပလ ဥက္ကဌ ဦးနု ဝန်ကြီးချုပ်ပြန်လုပ် သဖြင့် တပ်နှင့် အစိုးရ သဘောထားကွဲလွဲခဲ့သည်။ အိမ်စောင့်အစိုးရ လက်ထက်တွင် တပ်မတော်မှ တည်မြဲ နိုင်မည် ဟု ယူဆကာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း သန့်ရှင်းနိုင်သွားသဖြင့် တပ်မတော်အရာရှိကြီးများ စိတ်ညစ်ခဲ့ရကြောင်းသိရှိရပါသည်။ သို့သော် အာဏာလွှဲပေးခဲ့သည်။
    • January 5, 2013 at 12:38 pm
      KIO/ KIA ဆိုတာ ကချင်လူမျိုးတွေအတွင်းက ပေါက်ဖွားလာတဲ့ လက်နက်ကိုင်အဖွဲ.အစည်းဖြစ်လို. ကချင်လူမျိုးနဲ. ကချင်ပြည်နယ်ကိုကိုယ်စားပြုနိုင်တယ်လို.မြင်ပါတယ်။ လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့တုန်းက ဗမာလူမျိုးတွေရဲ. BIA ဆိုတာပေါ်ခဲ့တယ်မဟုတ်လား။ BIA ဆိုတဲ့ တပ်မတော်က လွတ်လပ်ရေးခေတ်မှာ ဗမာလူမျိုးတွေက နေပေါ်လာတဲ့ လွတ်မြောက်ရေးတပ်မတော်တစ်ခုဖြစ်ပြီး ဗမာလူမျိုးတွေကို ကိုယ်စားပြုနိုင်သလို KIO/KIA ဆိုတာဟာလဲ အဖိနှိပ်ခံ ကချင်လူမျိုးကို ကာကွယ်ဖို. ကချင်လူမျိုးတွေကိုကိုယ်စားပြုနိုင်တဲ့စစ်တပ်တစ်ခုဖြစ်ပါတယ်။ KIO/KIA စဖွဲ.တော့ လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၇၀ နှောင်းပိုင်းက စလို. KIO/KIA ဟာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရရှိနိုင်ဖို. တိုက်ပွဲဝင်နေတာဒီနေ.အထိပါပဲ။ ဒါကြောင့် KIO/KIA ဟာ ကချင်လူမျိုးများကို ကိုယ်စားပြုနိုင်တဲ့ စစ်တပ်တစ်ခုဖြစ်ပါတယ်။ကချင်ပြည်နယ်နဲ. မြန်မာနိုင်ငံကြီး ပြည်ထောင်စုအစစ်ဖြစ်လာဖို.၊ ဗမာတိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရဖို. KIO/KIA က တိုက်ပွဲဝင်နေတာဖြစ်တယ်။ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းရေးတကယ်ရဖို.အတွက် ဗမာ တိုင်းရင်းသားတွေအနေနဲ. ကျန်တိုင်းရင်းသားအားလုံးကို တန်းတူအခွင့်အရေးပေးဖို.လိုပါတယ်။ ဒီလိုတန်းတူအခွင့်အရေးပေးနိုင်ဖို. အစိုးရတခုထဲနဲ.မလုံလောက်ပါဘူး။ လူတန်းစားအလွှာစုံကတန်းတူအခွင့်အရေးပေးချင်စိတ်ရှိရပါမယ်။ ငါတို.က ဗြဟ္မမျိုး၊ ထီးနဲ. နန်းနဲ.နေတာဆိုပြီး ကျန်တိုင်းရင်းသားတွေထက်ခေါင်းတစ်လုံးပိုချင်ရင် မြန်မာနိုင်ငံဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ပါဘူး။ လက်ရှိ စစ်ပွဲတွေမငြိမ်းချမ်းနိုင်တာကလဲ ဗမာတွေအများစုနဲ.ဖွဲ.စည်းထားတဲ့ စစ်တပ်က ကချင်ပြည်နယ်ကိုကြိုက်သလိုစိုးမိုးချယ်လှယ်နိုင်ဖို. KIO/KIA ကိုအပြုတ်တိုက်ချင်နေလို.သာဖြစ်ပါတယ်။ KIO/KIA ကတောင်းဆိုနေတာဟာလဲ ခွဲထွက်ရေးမဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို.သာဖြစ်တယ်။ ကချင်၊ ချင်း၊ ရှမ်းတွေဟာ ပင်လုံကြောင့်ဗမာပြည်မနဲ. လွတ်လပ်ရေးအတူယူခဲ့ကြတာမို. ပင်လုံကိုလေးစားပြီး ပင်လုံအတိုင်းသာသွားမယ်ဆိုရင် မြန်မာပြည်အမှန်တကယ်ငြိမ်းချမ်းမှာပါ။ မြန်မာပြည်ရဲ. အဓိကနိုင်ငံရေးပြသနာဟာ တိုင်းရင်းသားအားလုံးတန်းတူရေးပါ။ ဒီမိုကရေစီဆိုတာ ဒုတိယမှပါ။ ဒီမိုကရေစီရလဲ တန်းတူမရရင်၊ တရားမျှတမှုမရှိရင် ကချင်ပြည်နယ်တင်မကပါဘူး၊ မြန်မာပြည်ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ပါဘူး။
    • မြန်မာပြည်သား
      January 5, 2013 at 1:56 pm
      ကျွန်တော် တို့ကိုဗြိတိသျှ တွေ အုပ်ချုပ် နေတာ မကြိုက်လို့ ကျွန်တော်တို့ လွပ်လပ်ရေး တောင်းဆိုနေတာပါ။ ခင်ဗျားတို့ တိုင်းရင်းသား တွေကို လည်း ကျွန်တော် တို့လို လွပ်လပ်စေချင်လို့ ကျွန်တော် တို့ ခင်ဗျားတို့ရှိတဲ့ နေရာကို လာခဲ့တာပါ။ ကျွန်တော် တို့လာတာ ခင်ဗျားတို့ကို လာအုပ်ချုပ်ဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ လူမျိုးတွေပဲ ခင်ဗျားတို့ အုပ်ချုပ်ကြ။ ကျွန်တော် တို့ ဗမာတွေက ကျွန်တော် တို့ကို ဘယ်သူမှ လာ အုပ်ချုပ်တာ မကြိုက်သလို ကျွန်တော်တို့လည်း ဘယ်လူမျိုး ကိုမှ အုပ်ချုပ်ဖို့ မစဉ်းစားဘူး။
      ဦးအောင်ဆန်း ပင်လုံ တွင် ပြောခဲ့သော မိန့်ခွန်းမှ ကောက်နှတ်ချက်
  5. January 4, 2013 at 4:07 pm
    We all know how burmese army violated human rights by killing ethnics minority, raping the innocent women and underage girls, torturing the villagers,robbing and burning their lands ..etc..
    The burmese army killed not just the students but also buddhist monks known as 1997 saffron revolution.Never in the history of burmese army killed buddhist monks brutality till senior general than shwe era. When the navy of bangladesh confronted burmese navy regarding about the dispute the marine territory, burmese navy back down and withrawn from the disputed area. to cut short, burma lost a island and some parts of marine territory to bangladesh. Still the burmese army generals claimed the victory for burma. How stupids the burmese generals are..
    • L San
      January 5, 2013 at 7:57 am
      I think,Not much difference between you and generals.
    • Ne Win
      January 5, 2013 at 10:47 am
      I am proud of bringing down Burma to the bottom of the world, the poorest of the poor. But we the generals are extremely wealthy. As long as we have everything we want, who care who is dying and who is hungry?
  6. Shan Lay
    January 4, 2013 at 7:08 pm
    Dear Readers!
    KIO and KIA was founded to resist the Burman hegemony and superiority. They asked for equality and self determination among the union. Their propaganda machine said they are only fighting because the Kachins are suffering from inequality and suppression from the Burmese. But what really happened. Look back to their 43 years of resistance and what are the outcome. Starting from formation of KIA, the strategy and KIA use were very brutal and narrow minded. Claiming that they were resisting the Burman hegemony, they themselves act like superior being among the ethnic people in Kachin states. Even in the KIA ranks, only the Jingphaw Kachin can go up to the higher ranks. Even closer cousin like Lishaw and Lisu were not allow to serve in higher ranks. For the Shans ethnic, formation of KIA was the starting of their 43 years long nightmare in Kachin state. When Shans refuse to co operate with KIA, KIA punished them by burning the whole villages, torturing Shan elders and raping shan girls as young as 8 years old. In the Mogaung and Monyin area, the KIA brutality force the ethnic Shans to form local militia backed by the government. But majority of Shans in the other part of Kachin state has no choice but to follow KIA. Remember our Shans are the second largest in the union and second largest ethnic in Kachin state. But being a peaceful people we were cordial enough to forgive KIA. We ourselves as Shans see ordinary Kachins as our own brothers. And never took revenge on the ordinary Kachins.
    But the latest developments in Kachin state in forcing Shans to their limits. In facts Shans elders in the KIA infested area are asking government to arm them so that they can fight with KIA. For us Shans in Kachin state even KIA win the battle and establish Kachin state, we will suffer because of the KIA brutality and Kachin hegemony. So we will have no choice but to establish our own army to defend ourselves. Therefore for the part of KIA, forget about Burman hegemony and superiority, please take a look at how our Shans are suffering in Kachin state because of KIA hegemony. If KIA want equality and self determination and if KIA want to get treated like equal one, please treat other ethnic in the Kachin state equally first. Otherwise you are the same evil as you suppose to resist. For our Shans, our patients are running thin. We just don’t want to be the grass between two fighting bull. But we are human being too. We really wish to live peacefully among the union and still see normal Kachins as our brothers. Otherwise in the long term it will be Shan Vs Kachin instead of KIA Vs Burmese army. I am sure that nobody want to fight especially among our brothers. Therefore I beg you KIA and KIO, please come to government initiated peace negotiation as soon as possible. This is the best time in the history of our union. I really wish we can honestly talk to each other and resolve our differences. Even old die hard KNU and our SSA are talking to the government. When everybody willing to come to negotiation, why are KIA refusing? Is there any hidden agenda among the KIA elite? The hsitory will tell who is the villain. I really cried for every one dying due to these infighting. Stop fighting and please come to negotiation table our brothers.May peace be upon Kachin land and god bless you.
    **Author is a Shan ehtnic from Mogaung, Kachin state,who is working as an Engineer in overseas, and Irrawaddy please don’t edit my comments.***
  7. pps၁၂၃၄၅
    January 4, 2013 at 7:15 pm
    တပ်မတော်၏ သမိုင်းကြောင်း(ဗိုလ်နေဝင်းခေတ်)
    တပ်မတော်တွင်း အာဏာသိမ်းလိုသော ဗိုလ်အောင်ကြီး၊ ဗိုလ်ကြည်မောင်၊ ဗိုလ်မောင်မောင်နှင့် ဗိုလ် တင်ဖေ တို့ ဦးဆောင်ကာ အာဏာထပ်သိမ်းရန် ကြံနေစဉ် ရှမ်းပြည်အရေး ပေါ်ပေါက်ခဲ့သဖြင့် စစ်တပ်အာဏာထပ်ရလာခဲ့သည်။ စစ်တပ်အာဏာရပြီးနောက် တောခိုကွန်မြူနစ်များ နှင့်ဆွေးနွေးခြင်း၊ ကေအန်ဒီအိုများနှင့် ဆွေးနွေးခြင်း စသာ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ခဲ့သဖြင့် အလံနီနှင့် ကေအန်ဒီအို ခေါင်းဆောင်များ တရားဥပဒေဘောင်အတွင်းပြန်ဝင်လာခဲ့ကြသည်။ ထိုအပြင် တောခို ကွန်မြူနစ်ဗိုလ် ရဲထွတ်ကို အခြေခံဥပဒေရေးဆွဲခိုင်းခဲ့သဖြင့် ပြည်သူထောက်ခံမှု ပိုမိုရရှိလာကာ ကွန်မြူနစ်ငယ်သားများ လက်နက်ချ အလင်းဝင်ခဲ့ကြသည်။ ထိုအကျိုးဆက်ကြောင့် တိုင်းပြည်ဒေသ တော်တော်များများ ငြိမ်းချမ်းရေး ရရှိခဲ့သည်။ တစ်ဘက်တွင်လည်း စီးပွားရေး သောင်းကျန်းသော ဗိုလ်အောင်ကြီး ကို ထုတ်ပစ်လိုက်ခြင်း နှင့် လယ်လုပ်သူ လယ်ပိုင်အောင်ဆောင်ရွက်ပေးခြင်း၊ တစ်နိုင်ငံလုံး စာတတ်မြှောက်ရန် ဆောင်ရွက်ခြင်း စသော လုပ်ဆောင်မှုများကလည်း ပြည်သူများ စစ်တပ်ကို ထောက်ခံမှု ကို ပိုများစေခဲ့ပါသည်။ သို့သော် တပ်မတော် ခေါင်းဆောင် ကြီး အမေရိကန်ပြည်ထောင်စုတွင် နစ်ဆင်နှင့်တွေ့ဆုံပြီး နောက်ပြန်လှန့်ရန်ကြိုးစားခြင်း၊ တရုတ်-ဗမာ အရေးအခင်းကို ဖန်တီးကာ တရုတ်ပြည်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ပစ်ရန် ကြိုးစားခြင်း ၊ ရှမ်းစော်ဘွားများ အာဏာစွန့်ရာတွင် အစိုးရမှ ပေးထားခဲ့သော လျှော်ကြေးငွေဖြင့် ဝယ်ထားသော ပစ္စည်းများကို ပြည်သူပိုင်သိမ်းခြင်း စသော အကြောင်းများကြောင့် တရုတ်တို့က ကွန်မြူနစ်တို့ကို လက်နက်တပ်ဆင်ပေးခဲ့ခြင်း၊ ရှမ်းပြည်တွင် သူပုန် ထခြင်း စသော ဆိုးကျိုးများကို ရရှိခဲ့သည်။ ထို့ကြောင့် စစ်အေးတိုက်ပွဲ နှင့် အတူ ပြည်တွင်းဆူပူမှုများ များပြားလာပြီး တိုင်းပြည်စီးပွားရေးကျဆင်းခဲ့သည်။ ထို့အပြင် ဘိန်းဘုရင် လော်စစ်ဟန်၏ ဘိန်းများကို စစ်အရာရှိပေါက်စများဖြင့် သယ်ဆောင်စေခဲ့သဖြင့် တပ်မတော် နာမည်ပျက် ဖြစ်ခဲ့ရသည်။ အမေရိကန် မှ ဘိန်းစစ်ဆင်ရေး အကူအညီဖြင့်ပေးသော လက်နက်များကို ဗကပများကို ထိုးစစ်ဆင်ရာတွင် ထုတ်သုံးခဲ့သည် ကိုလည်း တွေ့ရှိခဲ့ရသည်။ ထို အကျိုးဆက်၏ တရားခံဖြစ်သော အမေရိကန် CIA နှင့် ရင်းနှီးသော ထောက်လှမ်းရေး ဗိုလ်တင်ဦးကို ထုတ်ပစ်ခဲ့သော်လည်း တိုင်းပြည်စီးပွားရေး ကျဆင်းခဲ့ကာ ၁၉၈၈ အရေးအခင်းပေါ်လာခဲ့သည်။
  8. လူလေး
    January 4, 2013 at 9:12 pm
    ကျနော့် ကွန်မန်း ရေးတိုင်း မပါတာ စိတ်မကောင်းပါ
    ငြိမ်းချမ်းရေးက နှစ်ဖက်လုံး လျော့ရမှာ လက်ဝှေ့ထိုးသလို တယောက်က မထိုးရင် သူများကို့ကို အလဲထိုးလိုက်ပါ့မယ်။
    စစ်တပ်လဲ လျော့ဖို့လိုသလို ကေအိုင်အေလဲ လျော့ရပါ့မယ်။
    ခုလို တိုက်နေလို့လဲ နိုင်မယ်ထင်နေလို့လား ကချင်ပြည်သူတွေပဲ အထိနာမှာပါ။
    အစိုးရက ကမ်းလှမ်းရင် လေသံက ခပ်မာမာ အတိုက်ခံရတော့ အသံကျယ်ပြန်ရော။
    ဟိုတလောက ကချင်စစ်ဦးစီးချုပ်ရဲ့ လယ်သာ ဆိုဖာမှာ ဇိမ်ကျကျ အင်တာဗျူးပေးတာလဲ ကြည့်ရပါတယ်။ တော်လှန်ရေးသမားက အဲလောက်တောင် ဇိမ်ရှိတာလား
    ကျနော် နိုင်ငံခြားမှာ ၁၀နှစ် အလုပ်လုပ်နေတာတောင် အဲလိုအသားတံဆိပ်ခပ် လယ်သာ ဆိုဖာ မထိုင်ဖူးဘူး။ ဝယ်လဲ မဝယ်နိုင်ပါဘူး
    ဒါကြောင့် နှစ်၆၀ ကြာတာနေမှာ။
    ပြီးတော့ တခြားတိုင်းရင်းသား တွေက အပစ်ရပ် အရင် ရပ်ထား ပြီးနိုင်ငံရေးဆွေးနွေးမယ် လက်ခံထားတာ
    ကေအိုင်အေက ဘာအခွင့်ထူး ခံချင်လို့လဲ
    ကေအိုင်အေက something special လား
    အပစ်ခပ်အရင်ရပ်တာလဲ ကေအိုင်အေပဲ
    အခြားတိုင်းရင်းသားနည်းတူ ကေအိုင်အေက ဘယ်တုန်းက ညီညွတ်ဖူးလဲ။
    အမျိုးသား ညီလာခံတုန်းကလဲ ဒေါက်တာ တူးဂျာ တို့ပဲ အူယားဖါးယားဖြစ်နေတာ။
    ဘာနိုင်ငံရေးမှ လဲ နားလယ်ပုံမရဘူး
    ညီညွတ်မှုလဲ မရှိဘူး။
    ကချင်ပြည်သူတွေ ရော ဒီစစ်တိုက်နေတာ ကေအိုင်အေ ကို ထောက်ခံပါသလား
    ခင်းဗျားတို့ ပြည်သူ့အကျိုးစီးပွားလုပ်နေတယ်မလား။
    စစ်တပ်အနေနဲ့လဲ ကျနော်တို့ တိုင်းရင်းသားကို အမြစ်ပြုတ် တိုက်ဖို့ မသင့်သလို ပွင့်လင်းမြင်သာဖို့လဲ တိုက်တွန်းချင်ပါတယ်
    ကျနော်ပြည်သူတစ်ယောက်အနေနဲ့ စစ်ပွဲတွေ ရပ်စေချင်ပါတယ်
    ဖြစ်နိုင်ရင် ကြီးနိုင်ငယ်ညှင်း မရှိစေချင်ဘူး။
    ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားစစ်တပ်တွေလဲ မရှိသင့်တော့ပါဘူး
    ၂၀၀၈ အခြေခံဥပဒေလဲ ပြင်သင့်ပါပြီး။
    ကျနော် ပြောချင်တာက အကောင်းမြင်စေချင်ပါတယ်
    တိုက်နေသတ်နေကြရင် အခြေနေ ပိုဆိုးသွားနိုင်ပါတယ်
    ဦးသိန်းစိန် ထိုးစစ်မဆင်ဖို့ ကြေငြာတုန်းက ကေအိုင်အေ ဘာလို့ မကြေငြာနိုင်တာလဲ ကျနော် သံသယရှိတယ်
    ဘယ်က ပိုက်ဆံနဲ့တိုက်နေတာလဲ
    ခုကြားရတဲ့ သတင်းက တရုတ် ဆီကတဲ့။
    ရင်လေးတယ်ဗျာ
    ကချင်ပြည်ကို တရုတ်ကို ဈေးပေါပေါနဲ့ ထိုးရောင်းတော့မှာလား ကေအိုင်အေ ရေ။
    ဗမာတိုင်း မရိုင်းပါဘူး။ မြစ်ဆုံတုန်းက ခင်းဗျားတို့ထက် ဗမာတွေ ပိုလုပ်ခဲ့တာ သတိရပေးပါ။
    • pps၁၂၃၄၅
      January 5, 2013 at 4:29 pm
      ကိုလူလေး ခင်ဗျားပြောတာ တော်တော် များ များ မှန်ပါတယ်။ ဒါပေမယ့် တရုတ် ကို တိုင်းပြည်ရောင်းစားတယ် ဆိုတာ အစိုးရဗျ။ ဒါလေး တစ်ခုတော့ ခင်ဗျားမှားနေပြီ။
  9. haha
    January 4, 2013 at 9:58 pm
    why did u delete my comment?
  10. pps၁၂၃၄၅
    January 4, 2013 at 11:37 pm
    တပ်မတော်သမိုင်း(၈၈အရေးတော်ပုံကာလ)
    ဗိုလ်နေဝင်းသည် အယောင်အဆောင်ကောင်းသော စစ်ဗိုလ်ဖြစ်သည်။ လက်ဝဲဝါဒ ကို ယုံကြည်သူ မဟုတ်သော်လည်း လက်ဝဲညီညွှတ်ရေး အဖွဲ့တွင်ပါဝင်ခဲ့သည်။ ဆိုရှယ်လစ် ဆိုသည်ကို မသိပဲ ဦးကျော်ငြိမ်း နောက်လိုက်ခဲ့သည်။ ဆိုရှယ်လစ်ဝါဒ ကို နားမလည်ပဲ မား နှင့် အာဏာရှင် စနစ်ကို ပေါင်းစပ်ကာ စစ်ပလိပ် တိုင်းပြည်ကို ထူထောင်ခဲ့သည်။ ပြည်မြို့တွင် လမ်းဘေး ဘူးသီးကြော်သည် တစ်ယောက် က တိုင်းပြည်တွင် အမှန်တကယ် ဖြစ်ပျက် နေသည်များကို တင်ပြခဲ့သဖြင့် မျက်ရည်ကျချင်ယောင် ဆောင်ခဲ့သည်။ ထိုကဲ့သို့ အလိမ်အညာကောင်းသော လူကြီး သည် ပြည်သူများ သူကို မကြိုက်ကြ၍ ဆင်းသည် ဟုဆိုကာ TV တွင် အငိုမိန့်ခွန်းပြောပြီး တပ်မတော်တွင် အဆိုးဝါးဆုံး တပ်မှူး တစ်ယောက်ကို သူ့နေရာပေးကာ ဆင်းသွားခဲ့သည်။ ဗိုလ်နေဝင်းမှ ထိုသူကို ပရမ်းပတာ လုပ်ခိုင်းခြင်းအားဖြင့် တိုင်းပြည် ပိုဆူအောင်လုပ်ပေးခဲ့သည်။ တဘက်မှလည်း စစ်တပ်ခေါင်းဆောင်သစ်များကို မီးစိမ်းပြပြီး တိုင်းပြည်ကို အမေရိကန်ပြည်ထောင်စု ၏ ကျူးကျော်တိုက်ခိုက် မှု မှ ကာကွယ် ရန် ဆိုသော ကောလဟာလ ကို ဖြန့်ခဲ့ ကာ ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့၍ အာဏာသိမ်းခဲ့သည်။
  11. pps၁၂၃၄၅
    January 4, 2013 at 11:45 pm
    တပ်မတော် သမိုင်းကြောင်း(ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေခေတ်)
    ၁၉၈၈ နောက်ပိုင်း ဗိုလ်နေဝင်း ကိုယ်တိုင် selection ရွေးထားသော စစ်တပ်သည် တိုင်းပြည်ကို စစ်ဖိနပ်အောက်ထည့်ကာ ကမ္ဘာပေါ်တွင် အဆိုးဆုံး၊ အ ရက်စက်ဆုံး နှင့် တိုင်းပြည်ဘဏ္ဍာ အဘုန်းဆုံး အစိုးရ တစ်ရပ်ကို ထူထောင်ခဲ့ပါသည်။ စစ်တပ်သည် ရွေးကောက်ပွဲ အနိုင်ရ ပါတီကို ခြေမှုန်းပစ်သည်။ တက္ကသိုလ်ကျောင်းများကို နှစ်ပေါင်းများစွာပိတ်ပစ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများကို သူပုန်များဟု ယူဆကာ မြို့ပြင်သို့ပြောင်းရွှေ့ခဲ့သည်။ ယခင်က ဆက်ဆံရေးကောင်းပြီး ဒီမိုကရေစီ ကို အားပေးသော အမေရိကန်ပြည်ထောင်စုကို ရန်သူအဖြစ်သတ်မှတ်ခဲ့သည်။ အမေရိကန်မှ အချိန်မရွှေး ကျူးကျော်လာနိုင်ဆိုသော အကြောက်တရားဖြင့် တစ်တိုင်းပြည်လုံးအား ခြိမ်းခြောက်ခဲ့သည်။ အချို့ဒေသများတွင် အမေရိကန် ရန်မှ ကာကွယ်ရန် ဟု ဆိုကာ ရူးကြောင်ကြောင် အတွေးအခေါ်များဖြင့် တောင်သူလယ်သမားများအား စစ်သင်တန်းများပေးခဲ့သည်။
    အမေရိကန် နှင့် ဆက်ဆံရေး ကောင်းသည်ဟု ယူဆရသော SSAနှင့် KNU ကို ဖိတိုက်ခဲ့သည်။ စစ်တပ်တွင် အဆိုးဆုံး ကိုမောင်လှ နှင့် ကိုလွန်းသီ ကို ထုတ်သုံးကာ ကရင် စခန်းများ တစ်စခန်းပြီး တစ်စခန်း သိမ်းခဲ့သည်။ NLD ပါတီဝင်များကို လည်း အမေရိကန် သူလျှိုများ အဖြစ် သမုတ်ခဲ့သည်။ ထိုသို့ ပယမ်းပတာ တိုက်ခိုက်ခဲ့သဖြင့် ဗမာ့ တပ်မတော်မှ ပစ်ခတ်သော အစိုးရ လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံတွင်းသို့ မကြာခဏ ကျရောက်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုကို ကြောက်ရသဖြင့် လေယာဉ်ပျံများကို ထုတ်မသုံးသော်လည်း အမြှောက်များကို သုံးကာ KNU အားဖြိုခွဲခဲ့သည်။ အမေရိကန်တပ်များ အိမ်နီးချင်း ထိုင်းနိုင်ငံမှ တဆင့် ဝင်ရောက်ခွင့် မပေးရန် လာဘ် ထိုးသည် ဟု ဆိုကာ ထိုင်းနိုင်ငံသားများကို သစ်တောများ ရောင်းစားခဲ့သည်။ တစ်ဘက်တွင်လည်း အစိုးရ မီဒီယာများမှ ထိုင်းနှင့် အမေရိကန် မကောင်းကြောင်း နေ့စဉ်နီးပါး ထုတ်လွှင့်ခဲ့သည်။ ရွေးကောက်ပွဲနိုင်ပါတီ ကို တစ်စစီဖြစ်သွားအောင်ဖြိုခွဲ ပစ်ခဲ့သဖြင့် အမေရိကန် ပိတ်ဆို့မှု နှင့်တိုးခဲ့ရသည်။ ဒီပဲယင်းတွင် ရွေးကောက်ပွဲနိုင်ပါတီ ကို အပြီးသတ် ချေမှုန်းရန် ကြိုးစားသဖြင့် ကမ္ဘာ၏ ဖယ်ကျဉ်ခြင်းကို စစ်တပ် ခံစားခဲ့ရပါသည်။ တပ်မတော်ကို မြို့တိုင်းရွာတိုင်းတွင် ရှိစေရန် စစ်တပ်ကို တိုးချဲ့ခြင်းအားဖြင့် တိုင်းပြည်ဘဏ္ဍာကို အဆမတန်သုံးစွဲခဲ့သည်။ စစ်အင်အား တိုးချဲ့ရန် ကလေးစစ်သားများ စုဆောင်းခဲ့သည်။ စစ်တပ်များတည်ဆောက်ရာတွင် လည်း ဒေသခံများအား အခမဲ့ လုပ်အားပေးခိုင်းခြင်းစနစ်ဖြင့် တည်ဆောက်ခဲ့ပါသည်။ ဒေသခံများထံမှ လယ်များ သိမ်းယူခြင်း ကြောင့် ဒေသခံများ ဘဝပျက်သွားခဲ့ရပါသည်။ စစ်တပ်ရံပုံငွေ အဖြစ် ဘိန်းများကို ကုန်သည်များ အမည်ခံကာ ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့ခဲ့သည်။ တဘက်တွင်လည်း စစ်လက်နက်ဝယ်ရန် နှင့် မြောက်ပိုင်းရှိ လက်နက်ကိုင် တပ်များနှင့် ငြိမ်းချမ်းရေး ရရှိရန် ယခင်က မတည့်သော တရုတ်တို့နှင့် ဆက်ဆံရေးပြေပြစ်အောင် ဆောင်ရွက်ခဲ့သည်။ တရုတ်တို့အား မြေပေါ်မြေအောက် သယံဇာတများ ရောင်းစားခဲ့သည်။ တရုတ် လက်နက် အစုတ်များကို ဝယ်ယူကာ KNU ကိုတိုက်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု ရန်မှကာကွယ်ရန် ဟု အကြောင်းပြကာ မြောက်ကိုးရီးယား နှင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းအားဖြင့် မိတ်ဖက်နိုင်ငံ လုပ်ခဲ့သည်။ နျူကလီးယား လက်နက်ထုတ်လုပ်ရန် ကြိုးပန်းခဲ့သည်။ သို့သော် တရုတ်မှ အရပ်ဝတ်လဲခိုင်းသဖြင့် ရွေးကောက်ပွဲခေါ် မဲခိုးပွဲကျင်းပကာ စစ်ဗိုလ် လူထွက်များဖြင့် ဖွဲ့စည်းထားသော အစိုးရကို တင်ပေးခဲ့သည်။
    ၁၉၈၈ နောက်ပိုင်း တပ်မတော်၏ အမှားကြီး တစ်ရပ်မှာ ပြည်မမှ စစ်ဗိုလ်များကို တိုင်းရင်းသားဒေသများ တွင် တိုက်ရိုက်အုပ်ချုပ်စေခြင်းဖြစ်ပါသည်။ ထိုအချက်သည် ပင်လုံစာချုပ်ကို တွင်တွင်ကြီးချိုးဖောက်ပါသည်။ အထူးသဖြင့် ဖားကန့်ဒေသတွင် ဗိုလ်ချုပ်ကြီးများနှင့်ရင်းနှီးသော ကုန်သည်ကြီးများ ကျောက်ကွက်ရကာ ဒေသခံစီးပွားရေးကို များစွာ နစ်နာခဲ့ပါသည်။
  12. January 5, 2013 at 1:29 am
    Country name itself is Union of Burma. The government should be Union Government. And the present national flag must be changed to another design with 8 stars (7states + bamar state), to add bamar ethnic group. After post colonial period, it was started with Bamar Government. It was not Union Government. Ethnic Groups and people were assimilated and discriminated by Myanmar Governments both politically and religiously until now. After 1988 there were only a few foolish ethnics guys enter into Myanmar army to be a soldier. But the rest of Ethnics people avoid to join. So, Myanmr army is Myanmar army.It is not the Union army.Today Myanmar army is only formed by Bamar people(Majority Group). But, 90% of bamar people didn’t notice about this Political game except the generations of Regime starting from 1949. So, ethnics groups, people and their armies never trusted Myanmar Government because there were unfaithful and untrustworthy along the history even to their own bamar people. They closed their people’s eyes, intellectual, social life and all rights. If someone or groups followed, agreed and signed with Myanmar Government who will loosed all, day by day and year by year. And then they will loose even their ethnic identity because of bamarnization. That’s why tribal armies and groups are defending for their rights, their lands, their people and their identity. And now, Kachin Land is Kachin own, not belong to Myanmar. So do Kayin, Chin, Shan, Rakhine and there are a lot of ethnics people and lands more than 153 ethnics groups. In this battle between Kachin VS Myanmar, it is a kind of colonial battle. They want to colonize as much as they can because Kachin land is full of natural resources. Whatever they successes they will build Buddhist Monastery and leave there so called spy monks. And now every body know, Myanmar army was attacking with flights but the army representative speaker dare to lie that they didn’t do it. But after world noticed they announce that they did it. How shameful they are. It is really shameful government and army. How their civilians will trust them. So, if the government has no sense to talk for national reconciliation and if they still want to lie on the Pinlong Agreements the conflicts and fightings between Myanmar and Ethnic groups will never end. Even now the peace between Myanmar government and other groups were also not peace just CEASEFIRE. It is just pausing the battles. Ethnic groups didn’t recognize that Myanmar government were unfaithful and lying all the time since 1947 to until now. But Kachin group know about (myanmar government’s is untrustworthy). So, other groups could not help in this moment. It is Myanmar brain. But we believe that this brain will live not so long in the Myanmar history. This brain will die very soon.
  13. မြန်မာ တိုင်းရင်းသူ
    January 5, 2013 at 3:25 am
    သမိုင်းတွေ ရာဇ၀င်တွေ ဟိုး ရှေးရှေးတုန်းက အခြေခံတွေ ထားပါတော့။ လက်ရှိမှာ ကချင်ပြည်သူ အများစုက အေးအေးချမ်းချမ်း တရားဥပဒေနဲ့ အညီ နေချင်လို့ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ကို လာတော့ ၀မ်းသာအားရ၊ အားကိုးတကြီး ကြိုဆိုကြတာ တချို့ ဗမာနယ်တွေထက် သာသေး။ ပြောချင်တာက ကချင်ရယ်၊ ဗမာရယ် ပြောမနေပဲ သည် အာဏာရူး ခေါင်းဆောင်တွေကြောင့် ဆိုတာ ခွဲ ပြောရမယ်။ ကချင်လူမျိုးတွေကို နှိပ်စက် သတ်ဖြတ်တာ ဗမာတွေ မဟုတ်ဘူး။ စစ်တပ်က၊ အဲသည်စစ်တပ်ထဲ လူမျိုးစုံ ပါတယ်။ လက်ရှိ ခေါင်းဆောင်တောင် ဗမာ မဟုတ်ဘူး။ မွန်လူမျိုး မင်းအောင်လှိုင်။ စစ်တပ် အကြီးအကဲတွေ လောဘ၊ မောဟတွေ ဖုံးလွှမ်းသလို ကချင် ခေါင်းဆောင်တွေကရော တကယ်ပဲ ကချင်လူမျိုးတွေ ကောင်းကျိုးအတွက် သည်စစ်ပွဲ နွှဲနေတာလား။ သူတို့ မိသားစု၊ သားသမီးတွေရော အဲသည်စခန်းတွေမှာ ရှိနေသလား။ နိုင်ငံခြားမှာ ပို့ထား၊ ကျောင်းကောင်းတွေ တက်နေကြသလား။
  14. January 5, 2013 at 12:58 pm
    I think KIA should be broad-minded. Please don’t make youths to be ethnocentrism.
    • January 5, 2013 at 1:44 pm
      R u Saya Gyi lar?? Have you ever hard about Pinglong agreement? if you didn’t, go and read it ok? Burmese King even kill their father to get a King position… so no wonder they kill Kahcin civilians to get Kachin Land… No Burmese King ruled Kachin Land, understood?
  15. January 5, 2013 at 4:27 pm
    ပထမဆုံး ဧရာဝတီကို ကျေးဇူးတင်တယ် ပြောပါရစေ။
    ကချင်ကိစ်စ ကို ရှမ်းပြည်မှာနေခဲ့တဲ့ မွေးခဲ့တဲ့ ရှမ်းပြည်လွတ်မြောက်ရေးလုပ်ခဲ့ပြီး နိုင်ငံရေး မျက်ချေမပြတ်အောင် အသက်၅၆ နှစ် ပညာတတ် အရွယ်ရှိပြီး တသက်လုံး မြန်မာပြည်အနှံ့ရောက် သွားလာပြီး ဘ၀အမျိုးမျိုးကို ဖြတ်သန်းနေတဲ့ ဗမာ တစ်ယောက်အနေနဲ့ ပြောပါမယ်။
    ကျွန်ဘ၀ကလွတ်ဖို့ ပင်လုံညီလာခံခေါ်စပြီုး ပြည်မ နဲ့ တောင်တန်းပေါင်းရတယ်။
    ကချင် လာပေါင်းတယ်။ ဖ ဆ ပ လ က ဗမာပြည်သူကိုတာဝန်ခံပြီး ဗိုလ်ချုပ်က တိုင်းရင်းသားတွေကို အာမခံ ဂတိ ပေးခဲ့တယ်။
    တောင်တန်းသားတွေ ခွဲမထွက်ချင်အောင် ဗမာတွေ တာဝန်ယူရမယ် တာဝန်ယူတယ်ဆိုတာပါဘဲ။
    ဥင်္းနု ဗိုလ်နေ၀င်း န၀တ နအဖ အခု ဦးသိန်းစိန် ဘာ အာမခံချက်မှမပေးနိုင်သေးဘူး။
    ဗိုလ်ချုပ်ရဲ့ ဂတိ ထက်ပိုတဲ့ အာမခံချက်လိုနေတဲ့ ဒီအချိန်မှာ အပစ်အခတ်ရပ်စဲရေး သေနတ်အရင်ချသင့်တဲ့ အစိုးရတပ်က နိုင်ငံလုံခြုံရေးအတွက် ဆုံးဖြတ်ချက်မချနိုင်တာကို ကချင်ကို ပထမတာဝန်ယူဖို့ ညှိနှိုင်းပြီး မယူဘူး မယူနိုင်ရင် ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ဦးတည်ချက် မူဆောင်တဲ့ ပြည်သူ့လိုလားချက်နဲ့ငြိမ်းချမ်းရေးယူရမှာ
    အဖြေက အစိုးရက တာဝန်လွှွှဲဖို့ မရှိဘူး။ ကချငိကလည်း တာဝန်ူယူနိုင်ဖို့ဖယ်ဒရယ် အစိုးရ အဆင့်နဲု့ ပြည်ထောင်စုတပ်မတော်လိုတယ်
    အရင်ဖြေရှင်းဖို့က ပြည်သူတွေကိုယ်တိုင်လုပ် ကိုယ်တိုင်ပါတဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကိုအရင်လုပ်ပြီုး သဘောတူညီချက် ရအောင်မလုပ်နိုင်တာကစပြီး ငြိမ်းချမ်းရေးဝေးနေတာ လို့ယုံကြည်တယ်။
  16. pps၁၂၃၄၅
    January 5, 2013 at 4:40 pm
    တပ်မတော်သမိုင်း(၁၉၈၈နောက်ပိုင်း)
    ၁၉၈၈ နောက်ပိုင်း ဗိုလ်နေဝင်း ကိုယ်တိုင် selection ရွေးထားသော စစ်ခေါင်းဆောင်များ သည် တိုင်းပြည်ကို စစ်ဖိနပ်အောက်ထည့်ကာ ကမ္ဘာပေါ်တွင် အဆိုးဆုံး၊ အ ရက်စက်ဆုံး အစိုးရ တစ်ရပ်ကို ထူထောင်ခဲ့ပါသည်။ စစ်တပ်သည် ရွေးကောက်ပွဲ အနိုင်ရ ပါတီကို ခြေမှုန်းပစ်သည်။ တက္ကသိုလ်ကျောင်းများကို နှစ်ပေါင်းများစွာပိတ်ပစ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများကို သူပုန်များဟု ယူဆကာ မြို့ပြင်သို့ပြောင်းရွှေ့ခဲ့သည်။ ယခင်က ဆက်ဆံရေးကောင်းပြီး ဒီမိုကရေစီ ကို အားပေးသော အမေရိကန်ပြည်ထောင်စုကို ရန်သူအဖြစ်သတ်မှတ်ခဲ့သည်။ အမေရိကန်မှ အချိန်မရွှေး ကျူးကျော်လာနိုင်ဆိုသော အကြောက်တရားဖြင့် တစ်တိုင်းပြည်လုံးအား ခြိမ်းခြောက်ခဲ့သည်။ အချို့ဒေသများတွင် အမေရိကန် ရန်မှ ကာကွယ်ရန် ဟု ဆိုကာ ရူးကြောင်ကြောင် အတွေးအခေါ်များဖြင့် တောင်သူလယ်သမားများအား စစ်သင်တန်းများပေးခဲ့သည်။
    အမေရိကန် နှင့် ဆက်ဆံရေး ကောင်းသည်ဟု ယူဆရသော SSAနှင့် KNU ကို ဖိတိုက်ခဲ့သည်။ စစ်တပ်တွင် အဆိုးဆုံး ကိုမောင်လှ နှင့် ကိုလွန်းသီ ကို ထုတ်သုံးကာ ကရင် စခန်းများ တစ်စခန်းပြီး တစ်စခန်း သိမ်းခဲ့သည်။ NLD ပါတီဝင်များကို လည်း အမေရိကန် သူလျှိုများ အဖြစ် သမုတ်ခဲ့သည်။ ထိုသို့ ပယမ်းပတာ တိုက်ခိုက်ခဲ့သဖြင့် ဗမာ့ တပ်မတော်မှ ပစ်ခတ်သော အစိုးရ လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံတွင်းသို့ မကြာခဏ ကျရောက်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုကို ကြောက်ရသဖြင့် လေယာဉ်ပျံများကို ထုတ်မသုံးသော်လည်း အမြှောက်များကို သုံးကာ KNU အားဖြိုခွဲခဲ့သည်။ အမေရိကန်တပ်များ အိမ်နီးချင်း ထိုင်းနိုင်ငံမှ တဆင့် ဝင်ရောက်ခွင့် မပေးရန် လာဘ် ထိုးသည် ဟု ဆိုကာ ထိုင်းနိုင်ငံသားများကို သစ်တောများ ရောင်းစားခဲ့သည်။ တစ်ဘက်တွင်လည်း အစိုးရ မီဒီယာများမှ ထိုင်းနှင့် အမေရိကန် မကောင်းကြောင်း နေ့စဉ်နီးပါး ထုတ်လွှင့်ခဲ့သည်။ ရွေးကောက်ပွဲနိုင်ပါတီ ကို တစ်စစီဖြစ်သွားအောင်ဖြိုခွဲ ပစ်ခဲ့သဖြင့် အမေရိကန် ပိတ်ဆို့မှု နှင့်တိုးခဲ့ရသည်။ ဒီပဲယင်းတွင် ရွေးကောက်ပွဲနိုင်ပါတီ ကို အပြီးသတ် ချေမှုန်းရန် ကြိုးစားသဖြင့် ကမ္ဘာ၏ ဖယ်ကျဉ်ခြင်းကို စစ်တပ် ခံစားခဲ့ရပါသည်။ တပ်မတော်ကို မြို့တိုင်းရွာတိုင်းတွင် ရှိစေရန် စစ်တပ်ကို တိုးချဲ့ခြင်းအားဖြင့် တိုင်းပြည်ဘဏ္ဍာကို အဆမတန်သုံးစွဲခဲ့သည်။ စစ်အင်အား တိုးချဲ့ရန် ကလေးစစ်သားများ စုဆောင်းခဲ့သည်။ စစ်တပ်များတည်ဆောက်ရာတွင် လည်း ဒေသခံများအား အခမဲ့ လုပ်အားပေးခိုင်းခြင်းစနစ်ဖြင့် တည်ဆောက်ခဲ့ပါသည်။ ဒေသခံများထံမှ လယ်များ သိမ်းယူခြင်း ကြောင့် ဒေသခံများ ဘဝပျက်သွားခဲ့ရပါသည်။ စစ်တပ်ရံပုံငွေ အဖြစ် ဘိန်းများကို ကုန်သည်များ အမည်ခံကာ ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့ခဲ့သည်။ တဘက်တွင်လည်း စစ်လက်နက်ဝယ်ရန် နှင့် မြောက်ပိုင်းရှိ လက်နက်ကိုင် တပ်များနှင့် ငြိမ်းချမ်းရေး ရရှိရန် ယခင်က မတည့်သော တရုတ်တို့နှင့် ဆက်ဆံရေးပြေပြစ်အောင် ဆောင်ရွက်ခဲ့သည်။ တရုတ်တို့အား မြေပေါ်မြေအောက် သယံဇာတများ ရောင်းစားခဲ့သည်။ တရုတ် လက်နက် အစုတ်များကို ဝယ်ယူကာ KNU ကိုတိုက်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု ရန်မှကာကွယ်ရန် ဟု အကြောင်းပြကာ မြောက်ကိုးရီးယား နှင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းအားဖြင့် မိတ်ဖက်နိုင်ငံ လုပ်ခဲ့သည်။ နျူကလီးယား လက်နက်ထုတ်လုပ်ရန် ကြိုးပန်းခဲ့သည်။ သို့သော် တရုတ်မှ အရပ်ဝတ်လဲခိုင်းသဖြင့် ရွေးကောက်ပွဲခေါ် မဲခိုးပွဲကျင်းပကာ စစ်ဗိုလ် လူထွက်များဖြင့် ဖွဲ့စည်းထားသော အစိုးရကို တင်ပေးခဲ့သည်။
    ၁၉၈၈ နောက်ပိုင်း တပ်မတော်၏ အမှားကြီး တစ်ရပ်မှာ ပြည်မမှ စစ်ဗိုလ်များကို တိုင်းရင်းသားဒေသများ တွင် တိုက်ရိုက်အုပ်ချုပ်စေခြင်းဖြစ်ပါသည်။ ထိုအချက်သည် ပင်လုံစာချုပ်ကို တွင်တွင်ကြီးချိုးဖောက်ပါသည်။ အထူးသဖြင့် ဖားကန့်ဒေသတွင် ဗိုလ်ချုပ်ကြီးများနှင့်ရင်းနှီးသော ကုန်သည်ကြီးများ ကျောက်ကွက်ရကာ ဒေသခံစီးပွားရေးကို များစွာ နစ်နာခဲ့ပါသည်။

UNFC နှင့် ကချင် အဖွဲ့ ၁၁ ဖွဲ့တို့ ထိုးစစ်ရပ်ရန် ကြေညာချက်ထုတ်ပြန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကချင်ပြည်နယ် အတွင်းရှိ အစိုးရ တပ်များ၏ ထိုးစစ်များ လုံးဝ ရပ်တန့်ပေးရန် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ကချင်အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍လည်းကောင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် အသီးသီး ကြေငြာချက်များ ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။

ကချင် အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍ ထုတ်ပြန်ထားသည့် ကြေငြာချက်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို
လေကြောင်းမှ လေယာဉ်များဖြင့် အသုံးပြု တိုက်ခိုက်နေမှုများနှင့် လက်နက်ကြီးများဖြင့် ကချင်-တရုတ် နယ်စပ် တလျှောက်ရှိ ကချင် ဒုက္ခသည် စခန်းများဘက်သို့ ပစ်ခတ်နေမှုများကို ချက်ခြင်း ရပ်တန့်ပေးရန်နှင့် စစ်ရေးအရ ဖိအားပေးမှုများ ဖယ်ရှားကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် အပါအဝင် အချက် လေးချက်ကို တောင်းဆို ထုတ်ပြန်
ထားသည်။

စစ်ပြေး ဒုက္ခသည်များ၏ ဘဝ လုံခြုံရေးအတွက် ဆိုးရွားသည့် အခြေအနေများနှင့် တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်လိမ့်မည်ဟု သုံးကပ်ကာ ယခုကဲ့သို့ ကချင် အဖွဲ့များ စုပေါင်း၍ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပူးတွဲ ကြေငြာချက် ထုတ်ပြန်ရာတွင်ပါဝင်သည့် ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ
သူ မမွန်းနေလီက ပြောသည်။

“အဓိက ကတော့ ဒုက္ခသည်တွေရဲ့ ဘဝလုံခြုံရေး အခြေအနေတွေဟာ ပိုပြီး စိုးရိမ်စရာ ဖြစ်လာနေတယ်၊ တစ်ဖက်
မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်နေတဲ့ အချိန်မှာ အခုလို ထိုးစစ် ပြင်းပြင်း ထန်ထန် လုပ်နေတာဟာလည်း
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်မှာ အတားအဆီးတွေ ဖြစ်စေတယ်” ဟု မမွန်းနေလီမှ မဇ္ဈိမအား ပြောသည်။

ကချင်-တရုတ် နယ်စပ် တလျှောက် KIO ထိန်းချုပ် နယ်မြေအတွင်း၌ လဂျားယန် ဒေသ၌ စစ်ပြေး ဒုက္ခသည်ပေါင်း ၂၅,၀၀၀ ဝန်းကျင်ခန့်၊ လိုင်ဇာမြို့၌ ၂၀,၀၀၀ ဝန်းကျင်နှင့် ရှမ်းမြောက်ပိုင်းရှိ ကွတ်ခိုင် မြို့ပေါ်၌ ဒုက္ခသည် အသစ် အနည်းဆုံး (၅၀၀) ဦးခန့် ဒုက္ခသည် စခန်း များ၌ အသီးသီး ခိုလှုံ နေကြရ သည်ဟု မမွန်းနေလီမှ ပြောသည်။

ဒုက္ခသည် များမှာ စောင်၊ အနွေးထည်၊ စားနပ် ရိက္ခာ၊ ဆေးဝါးများ မလုံလောက်သည့် ပြဿနာများနှင့် ရင်ဆိုင်နေ
ပြီး ယာယီ ရွက်ဖျင်တဲများဖြင့်သာ နေထိုင်နေကြရသဖြင့် ကိုယ်ခံအားနည်းသည့် သက်ကြီး ရွယ်အိုများနှင့် ကလေး သူငယ်များမှာ အအေးဒဏ်မှတဆင့် ရရှိသည့် ရောဂါမျာ ခံရစား နေရသည်ဟု ဆိုသည်။

ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ ရှိသော်လည်း နှစ်ဖက် အကြား ဆွေးနွေးပွဲများ ပေါ်ပေါက် လာနိုင်ရန် မျှော်လင့်ကြောင်း မမွန်းနေလီက ပြောသည်။

“ဆွေးနွေးပွဲ လုပ်တယ် ဆိုတာက ယုံကြည်မှု တစ်စုံတစ်ရာ ရှိမှသာ ဆွေးနွေးပွဲ အောင်မြင်ဖို့ ဖြစ်တယ်၊ ဆွေးနွေးပွဲ လုပ်တိုင်းလဲ အောင်မြင် တယ်လို့ ပြောလို့မရဘူး၊ ထိုးစစ်တွေ အပြင်းအထန် လုပ်နေ ခြင်းဟာလည်း အကြိမ်ကြိမ် အဖန်ဖန် ဆွေးနွေး ခဲ့ကြတဲ့ ယုံကြည်မှု တွေကို ပျက်ပြားအောင် လုပ်ဆောင် နေသလို ဖြစ်နေတယ်၊ ကျွန်မတို့ အနေနဲ့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကိုတော့ မျှော်လင့် ပါတယ်” ဟု မမွန်းနေလီမှ မဇ္ဈိမကို
ပြောသည်။

ထို့အတူ ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ ထုတ်ပြန်သည့် ကြေငြာချက် တွင်လည်း မှားယွင်းပြီး တိုင်းပြည် အတွက် အကျိုးယုတ် စေသည့် ထိုးစစ်ဆင် တိုက်ခိုက် နေမှု များအား အလျင် အမြန် ရပ်တန့်ပေးရန် တောင်းဆို ထုတ်ပြန် ထားသည်။

“တိုင်းရင်းသား ပြသနာများကို လက်နက် အားကိုးပြီး နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့သော်လည်း မပြေလည်နိုင်ရုံမျှမက တိုင်းပြည် ခေတ်နောက်ကျ ပြည်သူများ ဒုက္ခ ရောက်နေရသည်ကို သင်ခန်းစာ မယူပဲ စစ်ရေး နည်းဖြင့် ဆက်လက် ဖြေရှင်းခြင်းသည် အလွန် မိုက်မဲသော လုပ်ရပ် ဖြစ်သည်” ဟု ကြေငြာချက်၌ ဖော်ပြ ပါရှိသည်။

အကယ်၍ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ မရပ်တံ့ဘဲ ဆက်လက် တိုက်ခိုက် နေပါက နောင်ဖြစ် လာမည့် ဆိုးကျိုး အားလုံးသည် အာဏာရ အစိုးရနှင့် မြန်မာ့ တပ်မတော် တာဝန်ပင် ဖြစ်မည် ဖြစ်ကြောင်း ကိုလည်း ကြေငြာချက်၌
ထောက်ပြ ပြောဆိုထားသည်။

အောက်တိုဘာလ (၂၀) ရက်နေ့၌ ဦးအောင်မင်းနှင့် ကချင် ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံစဉ်၌ လည်းကောင်း၊
နိုဝင်ဘာလ ၉ ရက်နေ့က UNFC ကိုယ်စားလှယ် များနှင့် တွေ့ဆုံစဉ်၌ လည်းကောင်း နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းရန် သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်သည်။

“တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့စည်း တရပ်ရပ် လူမျိုး တမျိုးမျိုးအား ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းသည် မိမိတို့ အားလုံးကို ချေမှုန်းရန် ဦးတည် နေကြင်း ဖြစ်ကြောင်း ကောင်းစွာ နားလည် ကြပါသည်” ဟုလည်း ကြေငြာချက်၌
ဖော်ပြ ပါရှိ ထားပါသည်။

UNFC ဘက်မှလည်း ရရှိ ထားပြီး ဖြစ်သော နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံ ဖြေရှင်းရေး သဘော တူညီမှုကို ပျက်ပြား မသွားစေလို၍ စိတ်ရှည်စွာဖြင့် ထိန်းသိမ်း လုပ်ဆောင် နေကြခြင်း ဖြစ်ကြောင်း
ကြေငြာချက်၌ သဘောထား ပြု၍ ရေးသား ထားပါသည်။

ကချင်ဒုက္ခသည် အတွက် အစိုးရ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်


User Rating: / 2
PoorBest 
သတင်း - ပြည်တွင်း
Kachin refyge 04မြို့ပေါ်ရှိသော ကချင်စစ်ပြေး ဒုက္ခသည်စခန်း များအား အစိုးရဘက်မှ တာဝန်ယူ ဖွင့်လှစ်ပေးထားရသည်ဟု နေပြည်တော်၏ ထုတ်ပြန်ချက်သည် မဟုတ်မှန်ကြောင်း ကချင်ဒုက္ခသည် စခန်းတာဝန်ခံ ဦးဒွဲပီဆာ ကဆိုပါသည်။
“အစိုးရဘက်က တာဝန်ယူ ကိုယ်တိုင်ဖွင့်ထားတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းဆိုလို့ မရှိပါဘူး။ မြို့ပေါ်မှာ ရှိနေတဲ့ ဒုက္ခ သည်စခန်းတွေဟာ အများစုဟာ ဘာသာရေးအသင်းတော်တွေ၊ ဆရာတော်တွေ ဦးဆောင်ပြီးတော့ ဖွင့်လှစ်ထားတဲ့ စခန်းပါ။ အစိုးရအသိအမှတ်ပြုတဲ့ စခန်းတော့ရှိပါတယ်။ သိပ်မများပါဘူး။ ကျန်တဲ့ စခန်းတွေကိုတော့ လုံးဝတာဝန်မယူ ပါဘူး။” ဟု ဆိုပါသည်။
http://www.president-office.gov.mm/briefing-room/news/2013/01/04/id-2290
ကချင်စစ်ပြေး ဒုက္ခသည် (၅) မျိုး ရှိပါသည်။ KIO ထိန်းချုပ်နယ်မြေ အတွင်း နေထိုင်သည့် ဒုက္ခသည်၊ တောထဲကို ထွက် ပြေးနေထိုင်သည့် ဒုက္ခသည်၊ တရုတ်ပြည်တွင်းရှိ နီးစပ်ရာ ဆွေမျိုး အသိုင်းဝိုင်းမှာ နေထိုင်နေသည့် ဒုက္ခသည်၊ အစိုးရ မဟုတ်သည် ပြည်ပအဖွဲ့အစည်းများ ဖွင့်လှစ်ထားသော စခန်း၌ နေထိုင်သည့် ဒုက္ခသည်၊ မြို့ပေါ်ရှိ ဒုက္ခသည် စခန်းအတွင်း နေထိုင်သည့် ဒုက္ခသည် တို့ ဖြစ်ကြပါသည်။
“မြို့ပေါ် စစ်ပြေးဒုက္ခသည်တွေ အတွက် အစိုးရဘက်က အားလုံး တာဝန်မယူနိုင်ဘူး။ အဓိကကတော့ အသင်းတော် တွေကဘဲ အသင်းတော်ဝင်းထဲမှာ၊ အသင်းတော်ရဲ့ ဘုရားကျောင်းတွင်းမှာ၊ အသင်းတော်ရဲ့ ပိုင်တဲ့မြေနေရာမှာ ဖွင့်ထား ပြီးတော့ အနီးကပ် စောင့်ရှောက်ထားပေးပါတယ်။” ဟု ကချင် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦခက်ထိန်နန် ကဆိုသွား ပါသည်။
အစိုးရဘက်မှ အကူအညီတချို့သာ ပေးပါသည်။ ကျန်ရှိသည့် အကူအညီများမှာ အစိုးရမဟုတ်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ၊ ပါတီများ၊ လုပ်ငန်းရှင်များက လာရောက်လှူဒါန်း ခဲ့ပါသည်။
1
မိုးမောက်မြို့ ကချင်စစ်ပြေး ဒုက္ခသည်စခန်း (ဓါတ်ပုံ ဂျိမ်လန်)
တိုက်ပွဲများ ဖြစ်ပွားလာပါက မြို့အနီးဝန်းကျင် ၁၅ မိုင်ခန့်ရှိ ကချင်ပြည်သူများသည် ပေါ်တာဖမ်းဆီးခြင်း မခံရရန် မြို့ပေါ်သို့ ထွက်ပြေး ရှောင်တိန်း နေကြရပါသည်။
မြို့ပေါ်ရှိ ဒုက္ခသည်များသည် နိုင်ငံတကာအပါဝင် မီဒီယာများက တွေ့ဆုံနိုင်သောကြောင့် အစိုးရသည် ထိုစခန်းရှိ ဒုက္ခသည် များကို “စစ်ပွဲများ မရှိတော့သည့် အတွက်ကြောင့် နေရပ်သို့ ပြန်ကြပါရန်” အစိုးရဘက်မှ အမြဲတိုက်တွန်းပြောဆို လေ့ရှိ ကြောင်း ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာခဲ့သည့် ကချင်လူငယ်အဖွဲ့ခေါင်းဆောင် နော်စန့် က ပြောပါသည်။
၎င်းအပြင် နေရပ်စွန့်ပြီး တောတောင်အတွင်းသို့ ထွက်ပြေးနေရသော ဒုက္ခသည်များတို့၏ အခြေအနေသည် အကူအညီမဲ့ လျှက်ရှိပြီး အခြေအနေ ဆိုးဝါးနေကြောင်း ပြောပါသည်။
KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်းပေါင်း (၃၀) ကျော်ရှိပြီး ဒုက္ခသည်ပေါင်း (၅၀၀၀၀) ဝန်းကျင်ခန့် ရှိ ပါသည်။ မြို့ပေါ်တွင် ကချင်စစ်ပြေး ဒုက္ခသည်ပေါင်း ၃၃၀၀၀ ခန့်ရှိသည်ဟု ဦးဒွဲဗီဇာက ဆိုပါသည်။

User Rating: / 2
PoorBest 
သတင်း - ပြည်တွင်း
Kachin refyge 04မြို့ပေါ်ရှိသော ကချင်စစ်ပြေး ဒုက္ခသည်စခန်း များအား အစိုးရဘက်မှ တာဝန်ယူ ဖွင့်လှစ်ပေးထားရသည်ဟု နေပြည်တော်၏ ထုတ်ပြန်ချက်သည် မဟုတ်မှန်ကြောင်း ကချင်ဒုက္ခသည် စခန်းတာဝန်ခံ ဦးဒွဲပီဆာ ကဆိုပါသည်။
“အစိုးရဘက်က တာဝန်ယူ ကိုယ်တိုင်ဖွင့်ထားတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းဆိုလို့ မရှိပါဘူး။ မြို့ပေါ်မှာ ရှိနေတဲ့ ဒုက္ခ သည်စခန်းတွေဟာ အများစုဟာ ဘာသာရေးအသင်းတော်တွေ၊ ဆရာတော်တွေ ဦးဆောင်ပြီးတော့ ဖွင့်လှစ်ထားတဲ့ စခန်းပါ။ အစိုးရအသိအမှတ်ပြုတဲ့ စခန်းတော့ရှိပါတယ်။ သိပ်မများပါဘူး။ ကျန်တဲ့ စခန်းတွေကိုတော့ လုံးဝတာဝန်မယူ ပါဘူး။” ဟု ဆိုပါသည်။
http://www.president-office.gov.mm/briefing-room/news/2013/01/04/id-2290
ကချင်စစ်ပြေး ဒုက္ခသည် (၅) မျိုး ရှိပါသည်။ KIO ထိန်းချုပ်နယ်မြေ အတွင်း နေထိုင်သည့် ဒုက္ခသည်၊ တောထဲကို ထွက် ပြေးနေထိုင်သည့် ဒုက္ခသည်၊ တရုတ်ပြည်တွင်းရှိ နီးစပ်ရာ ဆွေမျိုး အသိုင်းဝိုင်းမှာ နေထိုင်နေသည့် ဒုက္ခသည်၊ အစိုးရ မဟုတ်သည် ပြည်ပအဖွဲ့အစည်းများ ဖွင့်လှစ်ထားသော စခန်း၌ နေထိုင်သည့် ဒုက္ခသည်၊ မြို့ပေါ်ရှိ ဒုက္ခသည် စခန်းအတွင်း နေထိုင်သည့် ဒုက္ခသည် တို့ ဖြစ်ကြပါသည်။
“မြို့ပေါ် စစ်ပြေးဒုက္ခသည်တွေ အတွက် အစိုးရဘက်က အားလုံး တာဝန်မယူနိုင်ဘူး။ အဓိကကတော့ အသင်းတော် တွေကဘဲ အသင်းတော်ဝင်းထဲမှာ၊ အသင်းတော်ရဲ့ ဘုရားကျောင်းတွင်းမှာ၊ အသင်းတော်ရဲ့ ပိုင်တဲ့မြေနေရာမှာ ဖွင့်ထား ပြီးတော့ အနီးကပ် စောင့်ရှောက်ထားပေးပါတယ်။” ဟု ကချင် လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဦခက်ထိန်နန် ကဆိုသွား ပါသည်။
အစိုးရဘက်မှ အကူအညီတချို့သာ ပေးပါသည်။ ကျန်ရှိသည့် အကူအညီများမှာ အစိုးရမဟုတ်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ၊ ပါတီများ၊ လုပ်ငန်းရှင်များက လာရောက်လှူဒါန်း ခဲ့ပါသည်။
1
မိုးမောက်မြို့ ကချင်စစ်ပြေး ဒုက္ခသည်စခန်း (ဓါတ်ပုံ ဂျိမ်လန်)
တိုက်ပွဲများ ဖြစ်ပွားလာပါက မြို့အနီးဝန်းကျင် ၁၅ မိုင်ခန့်ရှိ ကချင်ပြည်သူများသည် ပေါ်တာဖမ်းဆီးခြင်း မခံရရန် မြို့ပေါ်သို့ ထွက်ပြေး ရှောင်တိန်း နေကြရပါသည်။
မြို့ပေါ်ရှိ ဒုက္ခသည်များသည် နိုင်ငံတကာအပါဝင် မီဒီယာများက တွေ့ဆုံနိုင်သောကြောင့် အစိုးရသည် ထိုစခန်းရှိ ဒုက္ခသည် များကို “စစ်ပွဲများ မရှိတော့သည့် အတွက်ကြောင့် နေရပ်သို့ ပြန်ကြပါရန်” အစိုးရဘက်မှ အမြဲတိုက်တွန်းပြောဆို လေ့ရှိ ကြောင်း ဒုက္ခသည်စခန်းများကို သွားရောက် လေ့လာခဲ့သည့် ကချင်လူငယ်အဖွဲ့ခေါင်းဆောင် နော်စန့် က ပြောပါသည်။
၎င်းအပြင် နေရပ်စွန့်ပြီး တောတောင်အတွင်းသို့ ထွက်ပြေးနေရသော ဒုက္ခသည်များတို့၏ အခြေအနေသည် အကူအညီမဲ့ လျှက်ရှိပြီး အခြေအနေ ဆိုးဝါးနေကြောင်း ပြောပါသည်။
KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်းပေါင်း (၃၀) ကျော်ရှိပြီး ဒုက္ခသည်ပေါင်း (၅၀၀၀၀) ဝန်းကျင်ခန့် ရှိ ပါသည်။ မြို့ပေါ်တွင် ကချင်စစ်ပြေး ဒုက္ခသည်ပေါင်း ၃၃၀၀၀ ခန့်ရှိသည်ဟု ဦးဒွဲဗီဇာက ဆိုပါသည်။

KIA အပေါ် အစိုးရစစ်ဆင်မှု ရုတ်တရက် ရပ်တန့်သွား


User Rating: / 2
PoorBest 
သတင်း - ပြည်တွင်း
406740 385147608244946 610508494 nအစိုးရတပ်ဖွဲ့များသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ဖြစ်သော လိုင်ဇာကို ပြင်းထန်စွာ စစ်ဆင်နေရာမှ ယနေ့မနက်ပိုင်းမှ ညနေအထိ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်ဟု လဂျားယန်စစ်မျက်နှာရှိ ABSDF ကျောင်းသားခေါင်း ဆောင်တဦးက ဆိုပါသည်။
ဘာကြောင့်လဲတော့ မသိဘူး၊ ဒီနေ့မနက်ကနေ ညနေအထိ မြေပြင်တပ်ရော၊ လက်နက်ကြီးရော၊ လေတပ်ပါ ရုတ်တရက် ရပ်တန့်လိုက်တယ်။ တကယ်တော့ သူတို့တက်မလာရင် ကျနော်တို့က လိုက်တိုက်မှာ မဟုတ်ဘူး။ အခုသူတို့နားတော့ ကျနော်တို့လည်း နားတာပေါ့ဟု ဆိုပါသည်။
တိုက်ပွဲများသည် ဇန်န၀ါရီလ (၃) ရက် မနက်တွင် နမ်ဆမ်ယန်ရှိ KIA တပ်စခန်းသို့ ခလရ (၂၉၈) ခမရ (၃၈၄) (၃၈၅) (၃၈၆) (၃၉၀) တပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ နေ့လည် ၁၂ နာရီခွဲအချိန်တွင် လေကြောင်းမှ လာရောက်ပစ်ကူပေး ခဲ့ပြီး တိုက်ပွဲပေါင်း (၈) ကြိမ် ဖြစ်ပွားခဲ့ပါသည်။
အလားတူ ဇန်န၀ါရီလ (၃) ရက်တွင် မြန်မာ့လေတပ်မှ G-4 Super Galeb တိုက်လေယာဉ် (၂) စီးသည် နေ့လည် (၁၂) နာရီခွဲ တွင်လဂျားယန်အထက် တောင်ကုန်းရှိ KIA တပ်စခန်းကို ဒုံးကျည်များအပါဝင် ဗုံးကျဲခဲ့ပါသည်။ ထို့အပြင် ၁၂ နာရီ ၄၅ မိ နစ်အချိန်တွင်လည်း နမ်ဆမ်ယန်ရှိ KIA တပ်ဖွဲ့ကို လေယာဉ် (၂) စီးဖြင့် ပစ်ခတ်ခဲ့သည်။
ကချင်ပြည်နယ်အရှေ့ပိုင်း ပန်ဝါဒေသ နယ်ခြားမှတ်တိုင် (၆) ရှိ KIA တပ်စခန်းသို့ တိုက်လေယာဉ် (၂) စီး ဖြင့်ဗုံးကျဲသလို ဒုံး ကျည်ဖြင့်လည်း ပစ်ခတ်ခဲ့ပြီး ခလရ (၁၀) (၇၇) (၁၃) (၇၄) တပ်ဖွဲ့များက ပြင်းထန်စွာ ထိုးစစ်ဆင် ခဲ့ပါသည်။
Jade Land1
ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- အင်တာနက်)
ဤကဲ့သို့ အစိုးရ စစ်ဆင်ရေး ပြင်းထန်နေရာမှ ရပ်တန့်သွားခြင်း ဖြစ်ပါသည်။ ဤရပ်တန့်မှုသည် ကိုမြအေး ခေါင်းဆောင် သော ၈၈ ကျောင်းသားများ KIA ဌာနချုပ်လိုင်ဇာကို ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေပါသည်။ အလားတူ အစိုးရလက် နက်ကြီးများ တရုပ်ပြည်သို့ ကျရောက်ခဲ့သဖြင့် တရုပ်အစိုးရမှ ကန့်ကွက်ထားချိန်နှင့်လည်း တိုက်ဆိုင်ပါသည်။
ကချင်ကိုထိုးစစ်ရပ်တန့်၇န် သွေးစည်းညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ကြေညာချက်ထုတ်ပြီး ပြင်းထန်စွာ ကန့်ကွက်ထားသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်
ထို့အပြင် အမေရိကန်အပါဝင် UN ကလည်း စိုးရိမ်ကြောင်း ပြောကြားထားသည်လည်း ရှိပြီး KNU အဖွဲ့ မှ သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံ၌ KIA စစ်ဆင်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်ဟု အကဲခတ်များက ဆို ပါသည်။
ဤအချိန်၌ နိုင်ငံတော်လုံခြုံရေး ပြည်တောင်စုဝန်ကြီး ဦးဆောင်မင်းသည်၊ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ ဥပဒေ ဘောင်အတွင်းမှာရှိတဲ့ ကိစ္စတွေအားလုံး ကျနော်အနေနဲ့ လိုက်လျောပေးနိုင်တယ်။ KIA နဲ့လည်း ဆွေးနွေးဖို့ အဆင်သင့် ရှိနေတယ်" စသဖြင့် ပြည်တွင်းမီဒီယာ ထုတ်ပြောနေချိန်နှင့် တိုက်ဆိုင်နေပါသည်။
တိုက်ပွဲများသည် အစိုးရဖက်မှ အကျအဆုံးများလှပြီး စစ်ကူထပ်မံ လိုအပ်နေပါသည်။ အစိုးရစစ်ကူများသည် ထပ်မံပေး ပို့နိုင်ခြင်း မရှိတော့ဟု အကခတ်များက ဆိုပါသည်။ တိုက်ပွဲအနိုင်အရှုံးကို တွက်ချက်မည်ဆိုပါက အစိုးရသည် အကျအ ဆုံးများလှပြီး၊ ပစ်အားများသလောက် အမှတ် (၇၇၁) လဂျားယန်ကုန်းတခုသာ သိမ်းပိုက် ရရှိခဲ့သည့် အခြေအနေတွင်ရှိနေ ပါသည်။
ဤသို့ကြောင့် မည်သည့်အခြေအနေကြောင့် ပစ်ခတ်မှု ရပ်တန့်သွားသည်ကို မသိရသေးသော်လည်း နှစ်ဖက်အောက် ခြေ တပ်များမှာမူ ၀မ်းသာနေလိမ့်မည်ဟု ABSDF တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်တဦးက ဆိုပါသည်။

ကြိုတင်အသိမပေးဘဲ ၀င်ရောက်လာသော အစိုးရတပ်ကို RCSS တိုက်ခိုက်

User Rating: / 1
PoorBest 
သတင်း - ပြည်တွင်း
Sai-Lao-Hseng-SSA-300x232ရှမ်းပြည် ပြန်လည်ထူထောင်ရေး အဖွဲ့ RCSS/SSA နယ်မြေထဲသို့ ကြိုတင်အကြောင်းမကြားဘဲ ခိုးဝင်လာသည့် အစိုးရတပ် ဖွဲ့များနှင့် ယနေ့မနက် (၇) နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS ပြောခွင့်ရသူ ဗိုလ်မှုစိုင်းလောင်းဆိုင် ကဆိုပါသည်။
“ ရှမ်းတောင်ပိုင်းပေါ့ဗျာ။ ဟိုမိန်မြို့နယ်ခွဲ အခြေစိုက် အစိုးရတပ်ဖွဲ့တွေ တပ်ရင်း (၂) ရင်းနဲ့ ကျနော်တို့ စခန်းရှိရာဘက်ကို အကြောင်းမကြားဘဲ ၀င်လာတယ်ဆိုတော့ ကျနော်တို့ အမှတ် (၅) နယ်မြေခံ တပ်ဖွဲ့က တိုက်ခိုက်လိုက်တာပါ။ နေရာ (၃) ခုမှာ (၃) ကြိမ်လောက်ဖြစ်ပြီး တကြိမ်ကို မိနစ် (၂၀) လောက်ဖြစ်တယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မသိသေးဘူး။” ဟု ဆိုပါ သည်။
ခိုးဝင်လာသည့် တပ်ဖွဲ့များသည် ဟိုမိန်မြို့နယ်ခွဲ အခြေစိုက် ခမရ ၅၁၄ တပ်ရင်း နှင့် ခမရ ၂၈၇ တပ်ရင်း တို့ဖြစ်ပြီး RCSS/ SSA ထိန်းချုပ်ထားသော အမှတ် (၅) တပ်ရင်း လွယ်နဂါးတောင် စခန်းအနီးသို့ ချည်နင်း ဝင်ရောက်သဖြင့် ပစ်ခတ်ရခြင်း ဖြစ်ပါသည်။ တိုက်ပွဲသည် ထိုင်း-မြန်မာ နယ်စပ် ဟိုမိန်မြို့နယ်ခွဲ အနောက်တောင်ဘက်၌ ရှိသည့် ခွန်ဇာဗဟိုဌာနချုပ် ဟောင်းတည်ရှိရာ မယ်အော်ကျေးရွာ အနီးတဝိုက်တွင် ဖြစ်ပါသည်။
အစိုးရတပ်ဖွဲ့တို့သည် RCSS/SSA ထိန်းချုပ်နယ်မြေထဲသို့ တပ်အင်အား အလုံအရင်းဖြင့် နောက်ထပ် တကြိမ်ထပ်မံ ၀င် ရောက်မည်ဆိုပါက ယခုလက်ရှိ ရယူထားသည့် အပစ်အခတ် ရပ်စဲရေးကို အစိုးရဘက်မှ ချိုးဖောက်သည်ဟု RCSSက သတ်မှတ်တော့ မည်ဖြစ်သည်ဟု ဗိုလ်မှူးစိုင်းလောင်းဆိုင်က ဆိုပါသည်။
“အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့က စပြီးမဖျက်ပါဘူး။ အပစ်ရပ်စဉ် သဘောတူညီချက်အတိုင်း အစိုးရဘက်က လိုက် နာမှုမရှိဘဲ နောက်ထပ်တပ်အင်အား အလုံအရင်းနဲ့ ဝင်လာမယ်ဆိုရင် ကျနော်တို့ ယူထားသည့် အပစ်အခတ်ရပ် စဲရေးကို ဖျက်တယ်လို့ သဘောထားမှာ ဖြစ်ကြောင်း။” ဗိုလ်မှူးးစိုင်းလောင်းဆိုင် ကပြောသည်။
rcss
RCSS သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကြောင်းပြပြီး အစိုးရတပ်ဖွဲ့က တပ်အင်အား အလုံးအရင်းနှင့် ၄င်းတို့နယ်မြေ ထဲသို့ ၀င်ရောက်လာပါက ခွင့်ပြုမည်မဟုတ်ဟု ကြိုတင်အသိပေးထားဘူးပါသည်။
သို့သော်လည်း အစိုးရတပ်ဖွဲ့များသည် အပစ်ခတ်ရပ်စဲ ထားလင့်ကစား ကြိုတင်အကြောင်းမကြားဘဲ RCSS/SSA နယ်မြေ ထဲဝင်လာခြင်းကြောင့် RCSS နှင့် တိုက်ပွဲအကြိမ်ပေါင်း (၅၀) ထက်မနည်း ဖြစ်ပွားခဲ့ပါသည်။ ယနေ့ တိုက်ပွဲသည်လည်း (၂) လခန့်ငြိမ် သက်နေရာမှ ပြန်လည် စတင်လာခဲ့ခြင်း ဖြစ်သည်။
RCSS သည်၊ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇန္နာဝါရီလ (၁၆) ရက်နေ့တွင် သဘောတူချက် (၁၁) ချက် ဖြင့်ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် နှစ်ဖက် သဘောတူ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုး ခဲ့ပါသည်။
           

မြောက်ဦးမြို့ရှိကွမ်းခြံများ ဖျက်ဆီးခံနေရမှုအား အကြိမ်ကြိမ်တိုင်ကြားသော်လည်း အာဏာပိုင်များ အရေးယူဆောင်ရွက်ပေး ခြင်းမရှိ


Written by မိုးဇော်    Saturday, 05 January 2013 17:31    PDF Print E-mail
Komeမြောက်ဦးမြို့၊ အလယ်ဈေးအုပ်စု၊ ဝသဲရက်ကွက်အနီး တောင်ယာမြေတွင် ရခိုင်များလုပ်ကိုင်စားသောက်နေသော ကွမ်းခြံများကို ကုလားများလာရောက်ဖျက်ဆီးနေခြင်းအား အရေးယူဆောင်ရွက်ပေးရန် ကွမ်းခြံပိုင်ရှင်များက မြောက်ဦးရဲစခန်း နှင့် တပ်ရင်း ၅၄၀ တွင် အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ထိုသို့ ဒေသခံအာဏာပိုင်များမှ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးမှုမရှိခြင်းနှင့် ရခိုင်ပိုင်ကွမ်းခြံများအား ဆက်လက်ဖျက်ဆီးခံနေရခြင်းများနှင့်ပတ်သက်၍ အာရ်ကန်တိုင်းမ်စ်က မေးမြန်းရာ "ကျနော်တို့ ကွမ်းခြံတွေ ဖျက်ဆီးခံရတဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့ မြောက်ဦးရေးစခန်းနဲ့ တပ်ရင်း ၅၄၀ မှာ ကျနော်တို့သွားရောက် တိုင်ကြားခဲ့ပါတယ်။ တိုင်ကြားတဲ့အတွက် ဖျက်ဆီးခံထားရတဲ့ ကွမ်းခြံနေရာတွေကို အာဏာပိုင်တွေ သွားကြည့်တယ်။ ကျနော့်တို့ကို ထိုဟာမေး ဒီဟာမေး မေးတယ်။ ပြီးတော့ ဘာမှလည်း အရေးယူလုပ်ဆောင်ပေးခြင်းမရှိဘဲ ပြန်သွားတယ်။ အဲဒီလို အာဏာပိုင်တွေက ဘာမှလုပ်ဆောင် မပေးတဲ့အတွက် ကုလားတွေက ဆက်ပြီးတော့ ကွမ်းခြံတွေကို ဖျက်ဆီးနေတယ်။" ဟု ကွမ်းခြံပိုင်ရှင်တစ်ဦးက ဖြေကြားသည်။
အဆိုပါကွမ်းခြံများအား လာရောက်ဖျက်ဆီးသောကုလားများမှာ မြောက်ဦးမြို့နှင့် ၇ မိုင်ခန့်ကွာဝေးသည့် ပေါင်းတုတ်ကုလားရွာမှဖြစ်ပြီး ဇန္နဝါရီလ ၂ ရက်နေ့ ညဥ့် ၁၁ နာရီခန့်တွင် မြောက်ဦးမြို့ အလယ်ဈေးအုပ်စု ဝသဲရပ်ကွက်အနီးရှိ ရခိုင်ပိုင်ကွမ်းခြံများအား လာရောက်စတင်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကွမ်းခြံများဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ " ကုလားအင်အား ၄၀ လောက်နဲ့ ညဥ့်အချိန်မှာ လာပြီးတော့ ဖျက်ဆီးတာ။ ကျနော်တို့က လူအင်အား ငါးယောက်ပါ။ ကွမ်းခြံတွေကို ကင်းလှည့်မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲဒီအချိန်မှာ ကုလားတွေက ကျနော်တို့ ကွမ်းခြံတွေကိုဖျက်ဆီးနေတယ်။ ကျနော်တို့ကင်းလှည့်နေတာကို သူတို့တွေ့သွားတာနဲ့ ကျနော်တို့ကို လေးခွတွေ၊ မျှားစူးတွေနဲ့ပစ်တယ်။ ကျနော်တို့ အသက်လုထွက်ပြေးလာရတယ်။ ဒဏ်ရာတွေတောင် ရလာပါတယ်။ " ဟု ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက အာရ်ကန်တိုင်းမ်စ်းသို့ ပြောသည်။
ထိုသို့ ဒေသခံအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေခြင်းကြောင့် ကွမ်းခြံ ၁၀၀ ကျော်ရှိရာတွင် ၇၅ ရာခိုင်နှုန်းမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်းနှင့် ကွမ်းခြံများသာမက လူနေတဲအိမ်များ၊ တစ်ခြားစိုက်ပျိုးရေးခြံများဖြစ် သော ဘူးခြံ၊ သခွားခြံ၊ ပဲခြံ၊ ပြောင်းခြံနှင့် ဥယဉ်ခြံများလည်း ဖျက်ဆီးခံနေကြရကြောင်း သိရသည်။
ယခုကဲ့သို့ ကုလားများ၏ အကြမ်းဖက်ရန်စနေမှုများအား ဒေသခံရခိုင်များက တရားနည်းလမ်းတကျ ဖြေရှင်းပေးရန် တိုင်ကြားမှုအား အာဏာပိုင်များမှ လျှစ်လျူရှုနေခြင်းသည် ရခိုင်ပြည်အတွင်း ကုလား-ရခိုင် ပြဿနာများကို ဆက်လက်ဖန်တီးနေခြင်းနှင့် အလားသဏ္ဍာန်တူနေကြောင်း နိုင်ငံရေးလေ့လာသူများ၏ ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်လျှက်ရှိသည်။  ARAKAN TIME

Arakanese victims of the unrest are much more worried about their safet y


Written by Tha Zun Oo    Saturday, 30 June 2012 13:59    PDF Print E-mail
248069 395696243801338 616852592 nAccording to one of the victims from Maungdaw, local Arakanese victims are still in trouble and much more worried about their safety since the unrest involving the Bengali Muslim violence in Maungdaw on June 8:
"Actually we can say that the situation is normal now. But we're very much worried about our safety, as the Bengali Muslims who fled to Bangladesh and the extremist Muslims from Bangladesh may cooperate with [each other] and come into Arakan in different ways to fight against us", said Ko Naing Naing Aung from Maungdaw. He continued to say: "We can't go to the market until now. So Mroma Market, the main market of Maungdaw is not crowded as before. Neither are the Kayindan Market of Bengali Muslims and Mainzat Landson Market. We've found the people who are selling things are Bengali Muslims. Most of the owners of shopping stalls are Bengali Muslims. So the people are now worrying about their security that the extremist Bengali Muslims might attack to local Arakanese again. More than 10,000 victims in 6 refugee camps from different areas of Maungdaw Township are surviving with the support from different donors. We've found that many victims go to the clinic everyday due to their illness, as thousands of people from the temporary refugee camps are facing much difficulty in lack of pure drinking water and accommodation."
According to U Maung Htwan Aye from Maungdaw, the people from Maungdaw Township are safe now due to the security forces consisting of army personnel, policemen, security, and riot police, but they are very much concerned with their safety after all the security forces leave or are withdrawn from Maungdaw.
Local Arakanese assumed that the violence might spread to other areas, particularly to Buthidaung and Maungdaw townships, as the situation in Rathaydaung Township remains unstable since the unrest and murder of local Arakanese.
The AP News Agency reported that based on the statistics of World Food Programme (WFP), there are over 90,000 victims who are facing much difficulty in terms of food and accommodation, due to the current unrest in Arakan State.
Domestic and external watch-groups have pointed out that there has been an increase in victims due to the unrest in Arakan State, and so the current U Thein Sein's Government is fully responsible for calming the situation in order not to spread the violence in both urban and rural areas of Arakan State.
According to one of the border security force members, the security of Maungdaw Township has been achieved systematically by the concerned Brigadier General. The troops of the army stationed at Maungdaw Township are inspecting and keeping an eye on the danger of possible attacks against local people.
The victims of unrest in Maungdaw Township are accommodated and housed in Laymai Police Column (2), Quarter (3), Social Welfare School, Baho School and Alodawpyi Buddhist Monastery in Maungdaw.
Local sources confirmed that there are currently more than 80 temporary refugee camps in Arakan State. When asked from the Arakan Times about the refugee camps for Bengali Muslims, the local residents of Maungdaw said they don't know about the camps for Bengali Muslims and don't have any information.  ARAKAN TIME

American Diplomats visit Arakan to Explore Solutions to Violence


Saturday, 15 September 2012 09:16    PDF Print E-mail
1-1The morning of September 8, 2012, an 11 person delegation of American diplomats arrived in Arakan State, western Burma to be explore resolutions for the long-term solution of Arakan's unrest between Bengalis and Rakhine.
The group include the US Deputy Foreign Minister, Mr. Joe Yun, American Ambassador to Burma, Mr. Derek Michel and UNCHR Head Office Representative, Mr. Hans Ten Feld. All of whom arrived in Sitetway on a flight from Rangoon
An Arakan Times (AT) reporter based in Sitetway reported that the diplomatic group accompanied the Federal Security and Border Affairs Union Minister, Lieutenant General U Thein Htay, who led the group upon arrival in Sitetway. The group was extensively briefed about the living conditions of Rakhine and Bengalis, using township maps.
Lieutenant General U Thein Htay explained the current conditions regarding security and internally displaced people, as well as humanitarian assistance to both sides. Mr. Joe Yun also discussed the many long-term solutions for peaceful co-existence between the Bengalis and Rakhine. During an afternoon meeting at the Arakan State's government meeting room, the United States reportedly offered to give continual humanitarian assistance. Following the afternoon meeting, the US Delegation visited the relief camps in Shwe Zedi Monastery, Marmgan, Thetkay Prum, Bawdufa and exchanged views and questions with local authorities. Reportedly, the delegation went to Maungdaw by helicopter on the morning of September 9, and interviewed the internally displaced people who have been living in different relief camps since the violence in June. The delegation returned to Sitetway later, in the afternoon.
At about 1 pm, the US Delegation met with senior monks, representatives from five Arakan social welfare organisations, which included the Rakhine Thahaya Association, the Wanlark Foundation, the Arakan Refugees Relief Committee, Action Based Community Development and UTOPIA.2
Sources said that Mr. Joe Yun emphasized questions on the root causes of the conflict, and whether the groups can live together as a long-term solution for the peaceful co-existence. The AT correspondent further added that the US Deputy Foreign Minister and his group returned Rangoon on September 9, after two days spent in meetings and interviews with the concerned people and authorities from Sitetway and Maungdaw townships.  ARAKAN TIME

ဆော်ဒီအာရေးဗီးယားရောက် မြန်မာ ဗုဒ္ဓဘာသာ ၁၂ ဦး၏ အသက် အန္တာယ် စိုးရိမ်နေရ

ဆော်ဒီ အရေးဗီးယားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ နိုင်ငံသား ၂၆ ဦးထဲမှ ဗုဒ္ဓဘာသာဝင်  ၁၂ ဦး၏  အသက် အန္တာရယ် စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သတင်း  ရရှိသည်။
teach-english-sudia
သူတို့ ၁၂ ဦးသည် တစ်ခြား မြန်မာနိုင်ငံသား ၁၄ ဦးနှင့် အတူ အလုပ်သမား အေဂျင်စီ တစ်ခုနှင့်  ကုမ္ပဏီ တစ်ခုတို့၏ ပူးပေါင်း လိမ်လည်မူဖြင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျေလာမြို့သို့ ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင် အလုပ် လုပ်ရန် ရောက်ရှိခဲ့သည်ဟု ဆိုသည်။
ရောက်ရှိလာသည်မှာ ၂နစ်ကြာမြင့် လာခဲ့ပြီ ဖြစ်သော်လည်း ကုမ္ပဏီ၏ လိမ်လည်ခိုင်းစေမူကြောင့် နေရေး စားရေး ကအစ အဆင်မပြေ ဖြစ်ကာ ဒုက္ခ မျိုးစုံကို ရင်ဆိုင် ခံစားနေကြရသည်ဟု ဆိုသည်။
ယခုအခါ အချိန်ကြာမြင့်လာပြီး  နိုင်ငံကူး လက်မှတ်ကိုလည်း ကုမ္ပဏီက သိမ်းဆည်းထားပြီး passport stay card များလည်း မရှိသဖြင့် ဆိုဒီ ရဲများကိုလည်း ကြောက်လန့်ကာ  အပြင် မထွက်ရဲဘဲ အိမ်ထဲတွင် ပုန်းအောင်းနေကြရသည် သိရသည်။
အခြေအနေ ပိုမို ဆိုးဝါးလာသည်မှာ ရခိုင်ပြည်နယ်တွင် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော အရေးအခင်း နောက်ပိုင်းတွင် ဖြစ်သည်ဟု ဆိုသည်။  မြန်မာနိုင်ငံမှ ရောက်ရှိနေသူ ၂၆ ဦးအထဲမှ  ဗုဒ္ဓဘာသာဝင် ၁၂ယောက်ကို သတ်ပစ်ရန် ခြိမ်းခြောက်မူများ ထွက်ပေါ်နေ၍ ဖြစ်သည်ဟု ဆိုသည်။
ဆော်ဒီအာရေးဗီးယား နိုင်ငံရှိ မောင်းတောမြို့နယ်မှ ရောက်ရှိနေသူ  မွတ်စလင် အများစုက ဗုဒ္ဓဘာသာဝင် ၁၂ ဦးအား အပြင်ထွက်ပါက သတ်ပစ်ရန် ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။
ထိုသို့ ခြိမ်းခြောက်ထားသဖြင့်  ဗုဒ္ဓဘာသာဝင် ၁၂ယောက်ကို အကူအညီပေးနေကြသော ဘူးသီးတောင်နှင့်  မောင်တောမြို့မှ တချို့  မွတ်ဆလင်များမှာ  ခြိမ်းခြောက်မူကို ကြောက်လန့်ကာ  ပြဿနာဖြစ်မည်ဟု ပြောဆိုပြီး ယခုအခါ ဆက်လက်မကူညီနိုင်ပဲ ရှိနေသည်ဟု ဆိုသည်။
သို့အတွက် ဗုဒ္ဓဘာသာဝင် ၁၂ယောက်မှာ နေစရာ စားစရာ မရှိ၊ အလုပ်အကိုင်လည်း မရှိ၊ အပြင်ကိုလည်း မတွက်ရဲဘဲ ကြောက်လန့်စွာ ပုန်းအောင်းနေထိုင်နေကြရပြီး ဒုက္ခမျိုးစုံကို ခံစားနေကြရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဋ္ဌာန အမျိုးမျိုးကို အသနားခံ အကူ အညီတောင်း တိုင်တန်းစာများပို့ ထားသော်လည်း သက်ဆိုင်ရာ အေဂျင်စီနှင့် မိသားစုဝင်များကို အကြိမ်ကြိမ် စုံစမ်း စစ်ဆေးရုံက လွဲပြီး မြန်မာ၂၆ယောက်၏ မြန်မာပြည် ပြန်နိုင်မည့် အရေး အတွက် အကူအညီများ မရရှိခဲ့ဟု ဆိုသည်။
ဆော်ရီအာရေးဗီးယားရှိ မြန်မာ သံရုံးကို မြန်မာ ၂၆ယောက်၏ ဒုက္ခ ပြဿနာအား ဖြေရှင်းပေးရန် အတွက် အသနားခံစာ အကူအညီ တောင်းစာများကို တယ်လီဖုံး၊ ဖက်စ် fax များဖြင့်အမျိုးမျိုး ဆက်သွယ်ပြီး အကူအညီ တောင်းခံသော်လည်း အကြောင်း အမျိုးမျိုး ပြကာ မကူညီနိုင်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။
ဗုဒ္ဓဘာသာဝင် ၁၂ယောက် အနေဖြင့် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် အသက်အန္တာရယ် အရမ်း စိုးရိမ် နေရပြီး ဒုက္ခမျိုးစုံ ရောက်နေကြောင်း  မြန်မာ နိုင်ငံသို့ အပြန်ဆုံး ပြန်လိုကြောင်း  မြန်မာသံရုံးကို အကူအညီ တောင်းရန် ကြိုးစား သော်လည်း သံရုံးအနေဖြင့် လက်ခံစကား ပြောချင်စိတ် မရှိဘဲ ဖြစ်နေသည်ဟု ပြောသည်
မြန်မာနိုင်ငံမှ အလုပ်သမား ၀န်ကြီးဋ္ဌာန၏ ဆွေးနွေးမူဖြင့် မြန်မာ ၂၆ ယောက် ပြသနာကို ကုမ္ပဏီနှင့် ဖြေရှင်းပြီး မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်နိုင်ရေး အတွက် အေဂျင်စီမှ ကိုယ်စားလှယ် တစ်ယောက် ရောက်ရှိ နေသော်လည်း ညှိုနှိုင်းမူ မရဘဲ အချိန်သာ  ကြန့်ကြာနေသည်ဟု သိရသည်။
ယခုအခါ ဗုဒ္ဓဘာသာ ၁၂ယောက်၏ အသက်အန္တာရယ်မှာ တစ်ရက်ထက် တစ်ရက် စိုးရိမ်စရာ အနေအထားသို့ ရောက်ရှိနေသဖြင့် မြန်မာ အစိုးရ အပါအ၀င် မြန်မာနိုင်ငံသားများ အနေဖြင့် သူတို့ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိရေး အတွက်  တတ်နိုင်သည့်ဘက်မှ အကူအညီပေး ကြရန် မေတ္တာရပ်ခံထားသည်။                                         NARINJARA