Saturday, February 2, 2013

ဒုတိယအကြိမ်မြောက် လူငယ်ခေါင်းဆောင်များ အရည်အသွေးမြှင့်တင်ရေး (၁) လ သင်တန်းဖွင့်လှစ်

Written by မိုးဇော်    Saturday, 02 February 2013 09:53    PDF Print E-mail
yangon 1 copyယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် ၆၀၊ မြင့်မိုရ်လမ်း၊ ပထမထပ်၊ စမ်းချောင်းမြို့နယ်၊ အာရက္ခဖောင်ဒေးရှင်းရုံး၌ ဒုတိယအကြိမ်မြောက် လူငယ်ခေါင်းဆောင်များ အရည်အသွေးမြှင့်တင်ရေး သင်တန်းကိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ လူဦးရေ ၁၀(တစ်ဆယ်ကျော်လာ၊ တရာကျော်လာ ပြန်စီစစ်ရန်) ကျော်ခန့် တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် ဧရာဝတီ၊ ပုသိမ်၊ ဟိုင်းကြီး၊ ဘိုကလေးမြို့တို့ကို ဖိတ်ကြားထားကြောင်း သိရသည်။
အာရက္ခ ဖောင်ဒေးရှင်းမှ အလုပ်အဖွဲ့မှ ဦးမျိုးကျော်က " အဓိကကတော့ ရခိုင်မှာရှိတဲ့ လူငယ်တွေဟာ ကိုယ်ရည်ကိုယ်သွေးတွေ ကျနေကြတယ်။ ရခိုင်ပြည်မှာ လက်ရှိရှိနေတဲ့ လူငယ်တွေဟာ ဒီမှာရန်ကုန်မှာရှိနေကြတဲ့ လူငယ်တွေနဲ့ တန်းတူလိုက်နိုင်ရေးအတွက်၊ ပြီးတော့ သူတို့တွေက ဒီမှာရှိတဲ့ လူငယ်တွေနဲ့ဆိုရင် နှိုင်းစာလို့မရလောက်အောင်ထိ အရည်အသွေး နိမ့်ကျနေတဲ့အတွက် ရန်ကုန်မှာ ဒီလိုသင်တန်းကို ဖွင့်ရတာ ဖြစ်ပါတယ်။ သင်တန်းကတော့ ၁ လ သင်တန်း ဖြစ်ပါတယ်။ နောက်ပြီးတော့ လူငယ်တွေ အနေနဲ့ ဒီသင်တန်းက ရလာတဲ့သင်ကြားမှုတွေကို ဆင့်ပွားပြီးတော့ စည်းရုံးလှုပ်ရှားကြမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ရခိုင်အပါအဝင် နောက်ထပ် တခြားတိုင်းရင်းသားတွေကိုလည်း သင်တန်းပေးသွားမယ့် အစီအစဉ်ရှိပါတယ်။ အခုက ရခိုင်ပြည် သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်က မြို့နယ်တွေနဲ့ ပြင်ပမှာရောက်နေကြတဲ့ ရခိုင်လူငယ်တွေကို သင်ကြားပို့ချပေးတာ ဖြစ်ပါတယ်။ သင်တန်းသားတွေကို မှာကြားချင်တာက သင်တန်းတစ်ခု တက်လို့ရှိရင် သင်တန်းကပို့ချတာတွေကို ရအောင်ယူပြီးတော့ ကိုယ့်နေရပ်၊ ကိုယ့်ဒေသကို ရောက်တဲ့အချိန်မှာ တိုးပွားအောင်လုပ်ပြီးတော့ အကျိုးရှိအောင် အသုံးချကြပါလို့ ပြောချင်တယ်။ " ဟု ပြောသည်။
ယခု သင်တန်းသည် အာရက္ခ ဖောင်ဒေးရှင်း၏ ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်ပြီး ပထမအကြိမ် သင်တန်းသည် အောက်တိုဘာလ ၁ ရက်နေ့မှ လကုန်အထိ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသင်တန်းတွင် ရခိုင်ပြည် စစ်တွေခရိုင်၊ မောင်တောခရိုင်တွင်းရှိ ၁၀ မြို့နယ်မှ ရခိုင်လူငယ် ၂၀ ကျော်ကို ဖိတ်ကြားပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။
yangon copy
yangon 3 copy
yangon 2 copy ARAKAN TIMES

မုဒိမ်းကျင့်ရန်ကြိုးပမ်းသူတစ်ဦးအား ခရိုင်တရားသူကြီးမ ဒေါ်အေးသိန်းမှလာဘ်စားကာ အပြစ်မဲ့တရားသေလွှတ်


Written by မိုးဇော်    Saturday, 02 February 2013 16:27    PDF Print E-mail
ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာနေ (ဘ) ဦးမောင်သိန်းညွန့် (မိ) ဒေါ်မကျိုင်အေး တို့၏သမီး မစောပွင့်(၄၅)အား ၄င်းကျေးရွာနေ ဦးမောင်ထွန်းလှိုင်က မုဒိမ်းကျင့်ရန်ကြိုးပမ်းခဲ့သောကြောင့် ၄င်းအမှုကို တရားလိုဖက်မှ မြို့နယ်ကတစ်ဆင့် ခရိုင်တရားရုံးကိုတိုင်ကြားခဲ့သော်လည်း ခရိုင်တရားသူကြီးမ ဒေါ်အေးသိန်းမှ လာဘ်စားကာ တရားခံအား အရေးယူပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ ပြီးခဲ့သည့်အပတ်က အပြစ်မဲ့တရားသေလွှတ်ပေးလိုက်ကြောင်း သိရသည်။
မုဒိမ်းကျင့်ခံရသော မစောပွင့်က " ကျမတို့က မိန်ကလေးတစ်ယောက်ကို အကြမ်းဖက်တာဟာ တော်တော်အကြံပတ်စက်တဲ့သူဆိုပြီးတော့ မြို့နယ်နဲ့မကျေနပ်လို့ ခရိုင်ကိုသွားပြီးတော့တိုင်တယ်။ ကျမတို့ထင်ထားတာက ဒီလူဟာ (၂)နှစ်က (၃)နှစ်ကြားမှာ ထောင်ကျနိုင်တယ်ဆိုပြီးတော့ ထင်ထားကြတာ။ အဲဒီတော့ သူဟာ ထောင်လည်းမကျဘူး ဘာအပြစ်မှမရှိဘဲနဲ့ ပြန်လွတ်လာတယ်။ ဒါဟာ တရားသူကြီးမ ဒေါ်အေးသိန်းက တရားခံဆီကနေ ငွေကြေးစားပြီးတော့ လွှတ်လိုက်တာဖြစ်တယ်။ ဒီလိုလုပ်တာဟာ မတရားပါဘူး။ တရားသူကြီးမလို့ နာမည်တပ်ထားပေမယ့် မတရားတာတွေကိုလုပ်နေတာဟာ ဆင်းရဲနွမ်းပါးစွာနဲ့ ရင်ဆိုင်နေရတဲ့ အမှုသည်တွေအတွက် ဒုက္ခအများကြီးရောက်စေပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောကြားသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ(၁)ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှာ မစောပွင့်အား ယခင် အမြင့်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ထွန်းလှိုင်က မုဒိမ်းကျင့်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ၄င်းမုဒိမ်းကျင့်ရန်ကြိုးပမ်းခြင်းခံရမှုကို အမြင့်ကျွန်း စခန်းမှူး ဦးမောင်တင်အောင်ထံတိုင်းကြားခဲ့ပြီး ကျေနပ်မှုမရှိသဖြင့် ခရိုင်ကိုတိုင်းကြားရာကနေ ခရိုင်မှ တရားသူကြီးမက လာဘ်ငွေယူ၍ တရားခံအားအပြစ်မဲ့ တရားသေလွှတ်လိုက်ကြောင်း သိရသည်။
အဆိုပါ မုဒိမ်းကျင့်ခံရသည်နှင့်ပတ်သက်၍ အကြောင်းစုံကို မစောပွင့်က အာရ်ကန်တိုင်းမ်စ်အား ရှင်းလင်းပြောကြားခဲ့သည်။
" ကျမတို့အိမ်နဲ့ အဲဒီ ဦးမောင်ထွန်းလှိုင်အိမ်နဲ့ ခြံချင်းကပ်လို့ပါ။ သူတို့အိမ်က ကျမတို့အိမ်ရဲ့နောက်ကဖြစ်ပါတယ်။ သူ့အိမ်နဲ့ သူ့တာ(ငါးမွေးမြူရေးကန်)နဲ့နီးနီးလေးပဲ။ သူ့တာမှာ ကျမမှာငါးကြီးတစ်ကောင်လှောင်ထားပါတယ်။ အဲဒါကို ကျမကသွားတောင်းတယ်။ သူ့က အခုမယူပါနဲ့ မနက်မိုးလင်းအာရုံမှာ လာပြီးတော့ယူပါလို့ပြောပါတယ်။ ကျမလည်း သူပြောတဲ့အတိုင်း သွားတာပေါ့။ ဒီလိုမျိုး အနိုင်ကျင့်ခံရမှာမသိဘူးလေ။ ဆိုတော့ ကျမငါးကိုယူနေတဲ့အချိန်မှာ အဲဒီ ဦးမောင်ထွန်းလှိုင်ကနေပြီးတော့ ကျမရဲ့အင်္ကျီကိုဆွဲပါတယ်။ ပြီးတော့ ကျမကို အဓမ္မပြုကျင့်ဖို့ကြိုးပမ်းပါတယ်။ ကျမလည်း ကြောက်ပြီးတော့ အော်လိုက်ပါတယ်။ အော်လိုက်တာနဲ့ သူက ကျမကိုပြန်လွှတ်လိုက်ပါတယ်။ ကျမလည်း ချက်ချင်း ရဲစခန်းကိုတိုင်ကြားပါတယ်။ အဲဒီစခန်းကနေတဆင့် ခရိုင်ရုံးကိုရောက်သွားပါတယ်။ ခရိုင်ရုံးမှာ လတွေအများကြီးကြာအောင်စစ်ဆေးပြီးတော့မှ တရားသူကြီးမကနေပြီး အပြစ်မရှိဘူးဆိုကာ လွှတ်လိုက်တာဖြစ်ပါတယ်။ " ဟု ပြောသည်။
အဆိုပါ တရားသူကြီးမသည် ခရိုင်တရားရုံးကို မကြာသေးခင်က ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ယခုတရားရုံးတွင် အဂတိလိုက်စားမှုကို အလွန်အကျွံပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။ ARAKAN TIMES

Thursday, January 31, 2013

ကချင်လူမျိုးများအပေါ် ဗမာအစိုးရ၏ လူမဆန်စွာ သတ်ဖြတ်မှု


5 comments:

gunlahpai said...
yu n na masin grai n si ai law WP sha ni e.hpa majaw wa n dai ram re tsin yam ni hpe anhte WP sha nj hkrum sha ra nga ai kun.? grai yawn la ai.ngam nga ai nta masha ni a ntsa KK kaw na sha lan sha bran ai chye ju hkam la li mu ga law..
nhkum lawtlawt said...
ဗမာအစိုးရကိုမကျေနပ်ဘူးကွာ
Naw Kham said...
Myen hte pawng ra ai, Myen ni hte federal galaw ra ai, ngu myit nga ai ningbaw ni, nanhte grai tsawra ai Myen ni, galoi mung ndai hku sha J.W ni hpe zingri na re. Myen ni hte naw pawng na myit ma ai kun, atsawm she sumru yu ga, Mungchying mungshawa gaw myen hte n pawng ai sha Awmdawm Shanglawt la ga ngu yang, myen hte pawngra ai hkrai tsun, KIO a pungdung gaw Munghpawm re hkrai tsun.....myen hte pawng na rai yang galoi mung n dai hku dingyang zingri hkrum na re yaw......matsing da ga..
nu l said...
Nye masin ni grai machyi madai la ai law.Wa e an hte myu sha ni hpe maradat ya n na n Dai zawn re tsinyam kaw na hkye la rit law.Ngam nga ai n ta masha ni hte rau grai Hkam sha nga ga ai law.Wa e Je yang hparan ya rit law.Mr Thein Sein. .did you mean Peace is like that? Peace? Peace? Peace of Mr Thein Sein=killing of innocence peoples especially women and children
hkunman said...
EU.., UN.. USA.. hte Mungkan Ting de shalai ga lu yaw... Hparai simsa lam n-mai la ai ngu ai gaw... dai re.. Hpyen ladat n-nan galai shai dat ga....,

ဇန္န၀ါရီ ၂၉ ရက်နေ့က အမေရိကန် သံအမတ် ရခိုင်ခေါင်းဆောင်များကို ရန်ကုန်တွင် တွေ့ဆုံ

သတင်း — January 31, 2013 at 10:36 am


မောင်အေး
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell သည် ရန်ကုန်မြို့ အမေရိကန် သံရုံးသို့  ရခိုင်ခေါင်းဆောင် တစ်ချို့ကို ဖိတ်ခေါ်ပြီး ရခိုင် အရေးကိစ္စနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အမေရိကန် သံအမတ် Derek Mitchell စစ်တွေတွင် ရခိုင်လူငယ်များနှင့် တွေ့ဆုံစဉ်က။
အမေရိကန် သံအမတ် Derek Mitchell စစ်တွေတွင် ရခိုင်လူငယ်များနှင့် တွေ့ဆုံစဉ်က။
တွေ့ဆုံပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံးတွင်  ဇန္န၀ါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်ဟု ဆွေနွေးပွဲတွင် ပါဝင်ခဲ့သည့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက  ပြောသည်
အမေရိကန် သံအမတ်မှ ရခိုင်ခေါင်း ဆောင်တစ်ချို့ကို ခေါ်ယူတွေ့ဆုံသည့် အကြောင်းမှာ ရခိုင်တွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ခေါင်းဆောင်များ၏ အမြင်သဘောထားကို သိလို၍ ဖြစ်သည်ဟု သူက ဆိုသည်။
“ ကျွန်တော်ထင်တာက ဟိုတနေ့က မောင်တောမှာဖြစ်တဲ့ ကိစ္စနဲ့ပတ်သတ်လို့  ဘင်္ဂလီအုပ်စုက သံရုံးကို ၀င်ပြီး အရင် တွေ့တယ်လို့ ထင်ပါတယ်။ ပြီးမှ ကျွန်တော်တို့နဲ့တွေ့တာပါ။ သံရုံးက ပြောတာကတော့ လူမျိုးနှစ်ခု ပြန်လည်နေရာချ ထား ရေး၊ ငြိမ်းချမ်းစွာ နေထိုင်ရေး၊ နောက်ပြီး အမေရိကန်ကကူညီမဲ့ ဒေါ်လာ ၄ ဒဿမ ၂ သန်းကို မျှမျှတတ သုံးစွဲဖို့ ဆိုတဲ့အ ကြောင်းတွေကို ပြောကြတာပါ။ ပြောပြီးသား အကြောင်းတွေကို ထပ်ပြောကြတာပါ” ဟုဆိုသည်။
ဇန်န၀ါရီလ ၂၈ ရက်နေ့က မောင်တောမြို့နယ် ဗောဓိကုန်းကျေးရွာအနီးတွင် ဖြစ်ပွားသော ဆူပူမူတွင် စစ်တပ်မှ ပစ်ခတ်သည့် အတွက် ဘင်္ဂလီတစ်ဦး သေဆုံးခဲ့ပြီး ၎င်းနေ့ည ၉ နာရီခန့်တွင် ဝေသာလီကျေးရွာအနီး ဂေါက်ကွင်းရှိ အစိုးရ အဆောက်အဦးတခု မီးရှို့ခံခဲ့ရသည်။
တွေ့ဆုံပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးသာဘန်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးဦးလှစော၊ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဌ ဒေါ်စောခင်တင့်နှင့် ရခိုင်အမျိုးသားကွန် ယက်မှ အတွင်းရေးမှူး(၁) မသန်းသန်းရွှေတို့ ပါဝင်ခဲ့သည်။
အမေရိကန် သံအမတ်မှ လက်ရှိရခိုင်ပြည်နယ် အခြေအနေတချို့ကို မေးမြန်းခဲ့သည့်အတွက် ၀န်ကြီးဇော်အေးမောင်မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း  ဦးဦးလှစောက ယခုကဲ့သို့ ဆက်ပြောသည်။
“ ကျွန်တော်တို့ ရခိုင်အမျိုးသားတွေဘက်က ငြိမ်းချမ်းရေးအတွက် နောက်ဆုံးသည်းခံနိုင်တဲ့ အနေအထားထိ သည်းခံနေ တယ်ဆိုတဲ့အကြောင်း၊ ဘင်္ဂလီတွေဘက်က နောက်ထပ် ပြဿနာအကြီးအကျယ် ဖြစ်လာအောင် အမြဲရန်စနေတဲ့ အကြောင်းတွေကို ပြောပြတယ်။ နောက်တခုက သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ကို ပြောလိုက်တဲ့အချက် ၃ ချက်ကို ကျွန်တော်တို့ ရခိုင်တွေဘက်က သဘောတူတယ်။ ဒါပေမဲ့ သမ္မတက ပြောသာပြောပြီး အ ကောင်အထည်ဖော်တဲ့ နေရာမှာကျတော့ ကြန့်ကြာနေတယ်၊ ဒါကြောင့် ဒီပြဿနာတွေ ဖြစ်နေရတယ်ဆို တဲ့ အကြောင်းတွေကို တင်ပြခဲ့ပါတယ်” ဟု ဆိုသည်။
၎င်းပြင် ဦးလှစောက သူတို့အထဲမှ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ စိစစ်ပြီး  နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်သူများကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုပြီး သူတို့ကို လူ့အခွင့်အရေး အပြည့်အ၀ ပေးကာ မြန်မာနိုင်ငံသားများကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်လိုကြောင်း၊ နိုင်ငံသား မဖြစ်သူများကို သမ္မတကြီး ဦးသိန်းစိန် ပြောသကဲ့သို့ UNHCR အကူအညီဖြင့် စခန်းဖွင့်လှစ်ပြီး လက်ခံမည့် နိုင်ငံများ ရှိက ပေးပို့သင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကတွေ့ ဆုံစဉ် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ်ထားရှိပြီး UNHCR က ကျွေး မွေးစောင့်ရှောက်ပေးရန်နှင့် တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဟု ပြောကြားခဲ့သည်။
၎င်းပြင် ဆွေးနွေးပွဲတွင် ဦးဦးလှစောမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့်  လက်ရှိ ပြဿနာများမှာ ရခိုင်ပြည်နယ်အစိုးရမှ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ရာတွင် အလွန်အားနည်းချက်များ ရှိနေ၍ ဖြစ်ကြောင်း  အမေရိကန် သံအမတ်အား တင်ပြ ပြောဆိုခဲ့သည်ဟု ဆိုသည်။     narinjara

ကျဆင်းနေသော ရခိုင် ရေငန် ပုဇွန် မွေးမြူရေး နှင့် တင်ဒါ ငါးဖမ်းလုပ်ကွက် အလုပ်ရုံဆွေးနွေးပွဲ စစ်တွေတွင် ပြုလုပ်

သတင်း — January 31, 2013 at 2:45 pm


တဖြည်းဖြည်း ကျဆင်း ပျက်စီးလာနေသော ရေငန် ပုဇွန် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့်  တင်ဒါ ငါးဖမ်းကွက်များ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို စစ်တွေမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
1312013
အခမ်းအနားကို  စစ်တွေမြို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ခန်းမတွင် နေ့လည် တစ်နာရီမှ ညနေ ငါးနာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျင်းပပြုလုပ်သော ရည်ရွယ်ချက်မှာ အဓိကအားဖြင့် ရခိုင်ပြည်နယ်တွင် ရေငန် ပုဇွန်မွေးမြူရေး လုပ်ငန်း ကျဆင်းနေသဖြင့် အဆိုပါ လုပ်ငန်း ကြီးထွား တိုးတက်လာရန်နှင့် တင်ဒါ ငါးဖမ်းကွက်များကို လုံးဝ ကင်းလွှတ်ခွင့်ပြုပြီး လွတ်လပ်စွာ ငါးဖမ်းခွင့် ပြုသင့် မသင့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု အလုပ်ရုံးဆွေးနွေးပွဲကို တက်ရောက်ခဲသူ ဦးစံကျော်လှက ပြောသည်။
“ ဆွေးနွေးပွဲကတော့ ဆုံးဖြတ်ချက်ချတာ မရှိပါဘူး။ သူ့အမြင် ကိုယ့်အမြင်ကို ဖလှယ်ကြတဲ့ သဘောပါ။ အခုက ရေငန် ပုဇွန်လုပ်ငန်းက လုံးဝ ကျဆင်းနေတယ်။ ဒါကို တိုးတက်အောင် ဘယ်လို လုပ်ကြမလဲ။ ဒါတွေကို သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးကြတယ်။ တင်ဒါ ငါးဖမ်းကွက်တွေကိုလည်း လေလံ မပေးတော့ဘူးဆိုရင် တခုချင်းအလိုက် ဖြေလျော့ပေးမလား။ အားလုံးကို တစ်ခါတည်း လွတ်လပ်စွာ ဖမ်းခွင့် ပြုလိုက်တော့မလား။ အဲသလို ပြုလိုက်ရင် ဆိုးကျိုး ကောင်းကျိုးတွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ဆွေးနွေးကြတာ ပါ” ဟု ဆိုသည်။
ကျဆင်းနေသော ရခိုင်ပြည်နယ် ရေငန် ပုဇွန်မွေးမြူရေး လုပ်ငန်း တိုးတက်ကောင်းမွန်အောင် တက်ရောက်သူများက အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သူက ပြောသည်။
“ လွန်ခဲ့တဲ့ ၁၀ စုနှစ်က ရခိုင် ရေငန် ပုဇွန်မွေးမြူရေး တော်တော့ကို အောင်မြင်ခဲ့ပါတယ်။ သဘာဝနဲ့ မွေးမြူ တယ်ဆိုပေမယ့် သူ့အတိုင်းအတာရ တော်တော့ကို အောင်မြင်ပြီး မွေးမြူတဲ့ လူတွေနဲ့ အကျိုးခံစားခွင့် ရှိခဲ့ပါတယ်။ ဒီကနေ့ အခြေအနေအရ ရေငန် ပုဇွန်က တော်တော့ကို ကျဆင်းသွားခဲ့ပါတယ်။ ထုတ်လုပ်တဲ့ လူတွေ တွက်ခြေကိုက်တဲ့ အနေအထားမှာတောင် မရှိဘူး။ ဒါကြောင့် ဒီအခြေအနေကနေ ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် ရေငန် ပုဇွန် မွေးမြူရေး လုပ်ငန်း ပျက်စီးရခြင်း အဓိက အကြောင်းအရင်းများမှာ နိုင်ငံတကာ၏ စီးပွားရေး  ပိတ်ဆို့ခံရမူကြောင့် ဈေးကွက်ကောင်း မရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူ များလာခြင်း၊ မွေးမြူ ထုတ်လုပ်သူများ အနေဖြင့် လိုအပ်သော ငွေကြေး မလိုက်နိုင်ခြင်း၊ ရခိုင် ဒေသတွင်  တခြားဒေသမှ လာသော ကုမ္ပဏီများမှ ခေတ်မှီ သင်္ဘောကြီးများဖြင့်  ငါးဖမ်းမူများကြောင့် မြစ်ချောင်းအင်းအိုင်တွေမှာ သားငါးပုဇွန် ရှားပါးလာခြင်း တို့ကြောင်း ဖြစ်သည်ဟု ဆိုသည်။
ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ လွှတ်တော် ဒုဥက္ကဌနှင့် စီးပွားရေး ၀န်ကြီး အပါအ၀င် မွေးမြူရေး လုပ်ငန်းရှင်များ၊ တင်ဒါ ရရှိသူများ စုစုပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်ဟု ဆိုသည်။
“ ရခိုင် ၀န်ကြီးချုပ်က ပြောတာကတော့ ရေငန် ပုဇွန်လုပ်ငန်းဟာ အမှန်တကယ် ပျက်စီးနေတဲ့ အတွက် အခုလို အလုပ်ရုံ ခေါ်ယူ ပြုလုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ တင်ဒါ ငါးဖမ်းကွက်တွေနဲ့ ပတ်သက်ပြီး ပြောတာမှာလည်း ဘုံငါးဖမ်းလုပ်ကွက်တွေ သတ်မှတ်ပေးမယ့် ရေပြင်တွေ ရှိသလို ဆက်လက်ထိန်းထားရမယ့် ရေပြင်တွေလည်း ရှိတယ်။ စည်းမဲ့ကမ်းမဲ့ ဖြစ်ရင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူတွေနဲ့ ရေရှည်မှာ ထိခိုက်နိုင်တဲ့ အတွက် အဆိုးနဲ့ အပြစ်ကို တွက်ချက် လုပ်ကိုင်ရမယ်လို့ ပြောသွားပါတယ်” ဟု ဆိုသည်။
တင်ဒါ လုပ်ငန်းမှ နိုင်ငံတော် အစိုးရမှ နှစ်စဉ် သိန်း ၁၉၀၀ ရရှိကြောင်း သိရသည်။ မြစ်ချောင်းများကို တင်ဒါ ပေးသည်မှာ အကျိုးအမြတ် တစ်ခုတည်း အတွက် ကြည့်ရှု့ခြင်း မဟုတ်ဘဲ သဘာဝ ပတ်ဝန်းကျင်နှင့် ရေနေသတ္တ၀ါများ အလွန်အကျွံ မပြုန်းတီးရန် ရည်ရွယ်ချက်လည်း ပါဝင်သည်ဟု ရခိုင်ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။
လောလောဆယ် ဆုံးဖြတ်ချက်များ မရရှိသေးသော်လည်း နောက်ထပ် (၂) ကြိမ် (၃) ကြိမ် ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ ထွက်ပေါ်လာမည် ဖြစ်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်သည် လယ်ယာ လုပ်ငန်းပြီးလျှင် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်သော ပြည်နယ် တစ်ခု ဖြစ်သော်လည်း ဒေသခံများမှာ အရင်းအနှီး နည်းပါးမူ၊ ခေတ်မှီ စက်ကရိယာများကို အသုံး မပြုနိုင်သဖြင့် ရေလုပ်ငန်းမှာ တဖြည်းဖြည်း ကျဆင်းနေသည်ဟု သိရသည်။                 narinjara

Wednesday, January 30, 2013

နယ်စပ် ဒေသ နံသာတောင်ကျေးရွာ ပရဟိတကျောင်းသို့ ရက္ခအလင်းတန်းမှ ပစ္စည်းများ လှူဒါန်း

သတင်း — January 30, 2013 at 11:28 am ထွန်းထွန်း ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း နံသာတောင်ကျေးရွာရှိ ပရဟိတစာသင်ကျောင်း၌ ပညာ သင်ယူနေ သော ကျောင်းသူ/သားများအတွက် ရန်ကုန်အခြေစိုက် ရက္ခအလင်းတန်းအဖွဲ့မှ ပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။ nanthardoung ပစ္စည်းလှူဒါန်း ခြင်းနှင့်ပတ်သက်၍ နံသာတောင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစရဏက နိရဉ္စရာသို့ယ ခုလိုမိန့်ကြားသည်။ “မနေ့က နံသာတောင်ရွာကို နေ့လည် ၁နာရီလောက်မှာ ရောက်ပါတယ်။ သူတို့လှူခဲ့တဲ့ ပစ္စည်းတွေကတော့ ကျပ် ၅သိန်းဖိုးလောက်ရှိပါတယ်။ အဓိကသူတို့ လှူခဲ့တဲ့ပစ္စည်းတွေက မော်တာစက်၊ တီရှပ်၊ ဂွမ်းကပ်အိပ်ရာ၊ ခြင် ထောင်တွေ ဖြစ်ပါတယ်” ဟုဆိုသည်။ ရက္ခအလင်းတန်းမှ နယက ဒေါ်မာမာကျော်ဇောဦး ဆောင်ပြီး အလှူပစ္စည်းများကို ပေးအပ်ပြီးနောက် ကျောင်း ထိုင်ဆရာတော် ဦးစရာဏ၊ ရက္ခအလင်းတန်းမှ နာယက ဒေါ်မာမာကျော်ဇော၊ ကျောင်းသူ/သား၊ တောင်ပြိုမှ ဆက်သွယ်ရေးတာဝန်ရှိတချို့၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းဆရာတချို့တို့နှင့် အတူ မိတ်ဆက် ဆွေးနွေးပွဲ တခုကိုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဘင်္ဂလား-မြန်မာနယ်စပ် နံသာတောင်ကျေးရွာ၌ ရခိုင်အမျိုးသမီး/သားပညာဒါန ပရဟိတစာသင်ကျောင်း၌ ကျောင်းသူ/သား စုစုပေါင်း ၂၁၀ရှိပြီး ကျောင်းဆရာ/မ စုစုပေါင်း ၂၃ ယောက်ရှိသည်ဟု သိရသည်။ အဆိုပါကျောင်းဆရာနှင့် ကျောင်းသားများအတွက် ရှေ့ဆက်တာဝန်ယူ လုပ်ဆောင်ရမည့် အခြေအနေနှင့် ပတ်သက်ပြီးဆရာတော်က ဆက်လက်မိန့်ကြားသည်။ “ဦးဇင်းက ဒီကျောင်းကို မတည်လာတဲ့ သူဖြစ်တော့ အစစအရာရာတာဝန်ယူပြီး လုပ်ဆောင် နေရပါတယ်။ ခု ဖေဖေါ်ဝါရီနဲ့ မတ်လမှာ ကျောင်းဆရာ/မ ၂၃ယောက်ကို လစာပေးဖို့ ထောက်ပံ့ငွေ မရှိဘူး။ ပြီးရင် အမြဲတန်း ကျောင်းမှာ တာဝန်ယူ ကျွေးမွေးနေရတဲ့ ကျောင်းသူ/သား ၃၅ယောက် အတွက် စားနပ် ရိက္ခမရှိဘူး။ ဒီအချက် တွေဟာ တကဲ့ပြဿနာကြီး တရပ်ဖြစ်နေပါတယ်” ဟု မိန့်သည်။ ပရဟိတ ကျောင်း၌ငှားထားသည့် ကျောင်းဆရာတဦးလျှင် တလကိုထောက်ပံ့ငွေ ကျပ် ၃သောင်းနှင့် ဆန်တ အိတ် စီပေးရကြောင်း၊ အဆိုပါ ပရဟိတစာသင်ကျောင်း၌ သူငယ်တန်းကနေ ၁၀တန်းအထိကျောင်း သူ/သား များကို နံသာတောင် ဆရာတော်ဦးစာရဏကမှ အခက်ခဲမျိုးစုံဖြင့် တာဝန်ယူ သင်ပေးနေသည်ဟု သိရသည်။ လက်ရှိကျောင်းသူ/သားများမှာ ပြိုပျက်နေသော ဘုန်းကြီးသင်္ခန်း၌သာ ပညာသင်နေရကြောင်း၊ သို့ဖြစ်၍ စာသင်ရန် ကျောင်းဆောင်တခုနှင့် ကျောင်းသားများ ရေသုံးဆောင်ဖို့ အုတ်ကန်တခု အရေး တကြီးလိုအပ် နေသည်ဟု ဆိုသည်။ ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သော ဇွန်လအရေးအခင်းပြီးနောက်ပိုင်း အစိုးရကျောင်းများ မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေ၍ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် နံသာတောင်ကျေးရွာရှိ ပရဟိတစာသင်ကျောင်းကို ၂၀၁၂-ခုနှစ် ဇူလိုင်လ ၃ရက်နေ့တွင် စတင်ထူ ထောင်ခဲ့သည်ဟု သိရသည်။ NARINJARA

မောင်တောတွင် ကောလဟလ သတင်းမျိုးစုံပျံ့

သတင်း — January 30, 2013 at 11:11 am ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကောလဟလ သတင်းမျိုးစုံ ပျံ့နှံ့နေကြောင်း သတင်း ရရှိသည်။ Maungdaw watch tower ထိုသို့ သတင်းမျိုးစုံ ပျံ့နှံ့နေသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်စိတ်များ တိုးပွားနေကြောင်း သိရသည်။ “ သတင်းတွေက မျိုးစုံ ပျံ့နှံ့နေတာပါဘဲ။ ဘယ်က စပြီးကောက်ပြောရမှန်းတောင် မသိဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ နောက်ဒေသခံ တစ်ဦးကလည်း ယခုလ ၃၀ နေ့တွင် အကြမ်းဖက်မူများ ထပ်မံပေါ်ပေါက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုသည်။ “ ဟိုနေ့မှာ ဘာလုပ်မယ်။ ဒီနေ့မှာ ဘာလုပ်မယ်။ ကောင်းတဲ့ သတင်းတွေ မဟုတ်ဘူး။ မကောင်းတဲ့ သတင်းတွေက နေရာ အနှံ့ ထွက်ပေါ်နေပါတယ်။ ဒီလ ၃၀ နေ့မှာလည်း အကြမ်းဖက်မူတွေ ဖြစ်မယ်ဆိုပြီး သတင်းထွက်နေပါတယ်” ဟု ဆိုသည်။ အတည်မပြုနိုင်သေးသော သတင်းတစ်ခုအရ မွတ်ဆလင်မိသားစု တချို့ ထွေလာဂျီများဖြင့် မောင်တောမြို့ထဲ ကနေ မြို့ပြင်သို့ ပြောင်းရွှေ့နေကြသည်ဟု ဆိုသည်။ “ ခုလို ပြောင်းနေတာတော့ တွေ့တယ်။ ဘာကြောင်းလဲဆိုတာ မသိဘူး။ သာမန် ရွှေ့တာလား။ နောက်ကွယ်မှာ တစ်ခုခု ရှိသလားဆိုတာ မပြောနိုင်ဘူး” ဟု မောင်တော ဒေသခံက ဆိုသည်။ ဇန္န၀ါရီလ ၂၈ ရက်နေ့က ဂေါက်ကွင်းရှိ အဆောင်တစ်ခု မီးရှို့ခံရမူနှင့်လည်း လူပေါင်း (၅၀) ခန့်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေသည်ဟု ဆိုသည်။ အဆိုပါ မီးရှို့မူ ကိစ္စနှင့် ပတ်သက်ပြီးလည်း အခြေအနေများ အထူး ရှုပ်ထွေးနေသည်ဟု သိရသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မောင်တောမြို့နယ် တရားသူကြီး ဦးခင်ဇော်က ဇွန်လ အတွင်းက မောင်တော တောင်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မူကို ဦးဆောင်သူ မာမတ်အာလောင်နှင့် အပေါင်းအပါ (၆) ဦးကို ကျပ်ငွေ သိန်းရာကျော် ယူပြီး လွှတ်ပေးလိုက်သည်ဆိုသော သတင်းလည်း ပျံ့နှံ့နေပြီး ဒေသခံများ အကြား စိုးရိမ်စိတ်များ ယခင်ကထက် တိုးပွားနေကြောင်း သိရသည်။ ယခုကဲ့သို့ သတင်းများ အမျိုးမျိုးပျံ့နှံ့နေသဖြင့် မောင်တောမြို့နယ်တွင် လုံခြုံရေးကို အရင်ကထက် တိုးမြှင့်ထားဟု သိရသည်။ NARINJARA

Tuesday, January 29, 2013

to see you.

ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဌ ခိုင်ရဲခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ရခိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ပထမ အကြိမ် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲ ဂွမြို့တွင် ကျင်းပ


သန်းမင်းထိုက် (စစ်တွေ)
ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ  ဆရာတော်များ၏ ပထမအကြိမ် ပညာရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်  ဂွမြို့နယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
စစ်တွေမြို့မှ ဘုန်းတော်ကြီး ပညာသင်ကျောင်း တစ်ခုအား တွေ့ရစဉ်။ ( ဓါတ်ပုံ နိရဉ္စရာ)
စစ်တွေမြို့မှ ဘုန်းတော်ကြီး ပညာသင်ကျောင်း တစ်ခုအား တွေ့ရစဉ်။ ( ဓါတ်ပုံ နိရဉ္စရာ)
“ ကျင်းပတာက ဂွမြို့နယ်  ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးကျေးရွာ ဓမ္မသုခ ပရိယတ္တိ စာသင်တိုက်မှာ  ဇန်န၀ါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်” ဟု  စစ်တွေမြို့ ရွှေစေတီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် အရှင်အရိယ၀ံသ   က မိန့်ကြားသည်။
ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ၁၉၉၃ ခုနှစ်က စတင်ခဲ့သော်လည်း အောင်မြင်မူ အားနည်းနေသေးသဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ရသည်ဟု ဆိုသည်။
” ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ရဲ့  ပူးပေါင်းပါဝင်မှုနဲ့ လမ်းညွှန်ချက်များ အားနည်းနေသေးတဲ့ အတွက် ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ရှေ့ကို ရောက်သင့်သလောက် မရောက်ဘဲ ဖြစ်နေတယ်။ ဒါကြောင့် ကျောင်း အုပ်ဆရာတော်များ အနေနဲ့ ဘုန်းတော်ကြီးသင် ပညာရေး စနစ် တိုးတက် ကောင်းမွန်အောင် ဘယ်လို ဆောင်ရွက်ကြမယ် ဆိုတာ တွေ့ဆုံေ ဆွးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆရာတော်က ဆိုသည်။
ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၁၅ မြို့နယ်မှ  ကျောင်းထိုင်ဆရာတော် ၂၈ ပါးတက်ရောက်ခဲ့သည်ဟု သိရသည်။
စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်၌ ဆရာတော်ကြီးများ ဆွေးနွေးပွဲ နှစ်ကြိမ်တိုင်တိုင် ပြုလုပ် ခဲ့ပြီးနောက် ရရှိလာသော ဆွေးနွေးချက်များကို အခြေခံကာ ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း ဆရာတော်များ၏  ပထမ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က ပြောသည်။
ဆွေးနွေးပွဲမှ တစ်နှစ် တစ်ကြိမ် ပြာသိုလပြည့်နေ့တိုင်း ပြည်နယ်  ဖွံ့ဖြိုး တိုးတက်ရေးအသင်း အစည်းအဝေးကို နှစ်စဉ်ကျင်းပရန်၊ မြို့နယ် ဘုန်ကြီး ကျောင်းများသို့ လမ်းညွှန်ပေးရန်၊ ၂၀၁၄ ခုနှစ် မောင်တော (၃)မိုင် ဘုန်းကြီး ကျောင်း၌ ဒုတိယအကြိမ် အစည်းအဝေးတွင် အသင်းရန်ပုံငွေ အတွက် ငွေပဒေသာပင် စိုက်ထူရန်၊ ပြည်နယ် ဘုန်းကြီးကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ရန်ပုံငွေ ရရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ ရန်ပုံငွေရှာဖွေရန်၊ ရန်ပုံငွေ အခြေအနေအပေါ်မှာ မူတည်ပြီး အသင်းဝင်ကျောင်း အားလုံးကို မဲစနစ်ဖြင့် ခွဲဝေလှူဒါန်းရန်၊ ရခိုင်ပြည်နယ်  ဘုန်းတော်ကြီး ပညာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ စည်းကမ်း၊ စဉ်းမျဉ်း အခြေခံမူဝါဒများကို ရေးဆွဲရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည်ဟု သိရသည်။  NARINJARA

အမဲသား စား၍ ဆေးရုံရောက်သူ နှစ်ဦး အဆိပ်မိခြင်း ဟုတ်မဟုတ် စစ်တွေတွင် စမ်းသပ်နေ


သန်းမင်းထိုက် ( စစ်တွေ )
ယမန်နေ့က စစ်တွေမြို့ ရူပမြောက်ရပ်ကွက် ငပိန်လမ်း၊ မူလတန်းကျောင်းရှေ့ရှိ အိမ်တစ်အိမ်မှ လူ ၂ ဦးအား  အမဲသား ချက်စားရာမှ ဆေးရုံ တင်ပို့ခဲ့ရသဖြင့် သူတို့မှာ အဆိပ်မိခြင်း ဟုတ်မဟုတ်ကို စစ်တွေ ဆေးရုံကြီးတွင် စမ်းသပ် နေသည်ဟု သိရသည်။
sittwe_towerလူနှစ်ယောက်အား အမဲသားစား၍  ဆေးရုံ တင်ပို့ခဲ့ရပြီး  အမဲသား မကျက်တကျက်ကို ကျွေးသည့်   ခွေးနှစ်ကောင် အနက် တစ်ကောင်မှာ အဆိပ်မိ သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
သူတို့အား ယမန်နေ့ ညနေ ၆ နာရီ ၃၀ ခန့်တွင်ဆေးရုံသို့ စစ်ဆေးရန် ယူဆောင်သွားခဲ့ကြောင်း၊  အတော် အတန် စားမိသော ကိုဇော်နိုင်ဆိုသူ မှာ စားပြီး နေမကောင်း ဖြစ်လာကြောင်း၊ ဆေးဆိုင်မှ ဆေးဝယ် ကျွေးရာ အစားများကို အန်ခဲ့ကြောင်း၊  အမဲသား တစ်တုံးသာ စားသော ကိုအောင်ဆန်း မှာ စားပြီး နာရီဝက်ခန့် အကြာတွင် ခြောက်ကြိမ်အန်ခဲ့ကြောင်း ဆွေမျိုး တစ်ဦးက ပြောဆိုသည်။
ဆေးရုံအုပ် ဦးအောင်ချေ၏ သား ကိုထွန်းနိုင်ချေ က ပြောပြရာတွင်″ လူနာနှစ်ဦးမှာ ခုဆိုရင် စကားလဲ ပြောနိုင်ပါပြီ ။ သူတို့က အမဲသား မစားခင် အရက်တွေလဲသောက်ထားတော့ အရက်ကလဲမူး အမဲသားကလဲ သွေးတက်စာ ဆိုတော့ မူးပြီး အန်တာ လဲဖြစ်နိုင်တယ်။ အဆိပ်ပါ မပါကိုတော့ တိတိကျကျ မသိရသေးပါဘူး” ဟု ဆိုသည်။
လူနာ (၂) ဦးနှင့် သေဆုံးသွားသော ခွေးကိုပါ စစ်တွေ ဆေးရုံကြီးတွင် စစ်ဆေးခဲ့သည်ဟု ဆိုသည်။
“ ဆရာဝန်ကြီးတွေ ကိုယ်တိုင် သူတို့ရဲ့ သွေးတွေကို စစ်ဆေးနေပါတယ်။ ခွေးကတော့ သေသွားပါတယ်။ ခွေးကို ခွဲစိပ်လိုက်တော့ အာခေါင်မှာ  အမဲရိုးတွေက ထောက်နေတာကိုတွေ့ရပါတယ်။ အဆိပ်သင့် မသင့်ကိုတော့ ခု ဆရာဝန်တွေက စမ်းသပ်နေပါတယ်။ ဖြစ်နိုင်ရင်  ရန်ကုန်ကို စမ်းသပ်ရန် ပို့ဆောင်မှာ ဖြစ်မှာတယ်″ ဟု ပြောသည်။
စစ်တွေမြို့ အစားအစာများ ရောင်းချရာတွင် အဆိပ်ပါသော သတင်းများ ထွက်ပေါ်နေခြင်းနှင့်  ပတ်သက်ပြီး ပြည်သူ လူထုက ဝေဖန်သံများ ထွက်ပေါ်နေသော်လည်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြန်ကြားရေး ဌာ အတွင်းရေးမှူး ဦးဝင်းမြိုင် က “ ဒါတွေဟာ ကောလဟာလဖြစ်ပါတယ်” ဟု ဆိုကာ ပယ်ချထားသည်။
“ ခု အမဲသားကိစ္စ ကို အစိုးရက ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဒေသခံတွေက အထူး စိတ်ဝင်စားနေပါတယ်” စစ်တွေ ဒေသခံ ရူပ ရွာသား တစ်ဦးက ဆိုသည်။
အမဲသားမှာ ၄င်းအိမ်ရှင်၏ အသိ ဆိုက္ကား ဆရာတစ်ဦးက ရွာသာယာ ရပ်ကွက်မှ ဝယ်ယူလာခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်ရက်များကလည်း ဝယ်ယူပေးဖူးကြောင်း အိမ်ရှင်က ပြောသည်။ အဆိုပါ သတင်းမှာ စစ်တွေမြို့တွင် ပျံ့နှံ့လျှက် ရှိနေသည်ဟု သိရသည်။    NARINJARA

ဖမ်းဆီးမှုပြုလုပ်က ငြိမ်းချမ်းရေးလိုလားခြင်းမရှိဟု လမ်းလျှောက်ချီတက်သူများပြော

Written by မိုးဇော်    Tuesday, 29 January 2013 17:03    PDF Print E-mail
Line Zar 1ရန်ကုန်မှ လိုင်ဇာသို့ လမ်းလျှောက်ချီတက်နေကြသော ငြိမ်းချမ်းရေးအဖွဲ့အား တောင်ငူရဲများက ဖမ်းဆီးမည်ဟု သတင်း များထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ အမှန်တကယ် ဖမ်းဆီးလျှင် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိကြောင်း လမ်းလျှောက်ချီတက်လာနေသောငြိမ်းချမ်းရေးလိုလားသူများက ပြောဆိုလိုက်သည်။
အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့ကို ဦးဆောင်သူ ဦးအောင်မြင့်က အဆိုပါဖမ်းဆီးမည်ဟုထွက်ပေါ်နေသည့် သတင်းနှင့်ပတ်သက် ၍ " ကျနော်တို့က တောင်ငူကိုရောက်ဖို့ သိပ်မကြာတော့ပါဘူး။ ညနေဆိုရောက်မယ်ထင်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးလိုလားသူတွေကို တောင်ငူက မြို့သူမြို့သားတွေက မကြိုရဘူးလို့ ရဲတွေက တားမြစ်ထားတာကို သတင်းကြားထားပါတယ်။ ပြီးတော့ ကျနော်တို့ကို တောင်ငူရဲတွေက ဖမ်းမယ်လို့လဲကြားထားပါတယ်။ အစိုးရအနေနဲ့ဒီလိုမျိုးလုပ်တာဟာ အားလုံးကလိုလားတောင်းတနေတဲ့ ငြိမ်းချမ်းရေးကို မလိုချင်လို့ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ မှန်ထားတဲ့ ရည်မှန်းချက်ဖြစ်တဲ့ လိုင်ဇာမြို့ကို ရောက်အောင်သွားမှာပါ။ လမ်းခရီးမှာ ဘယ်လိုအခက်အခဲတွေပဲ တွေ့တွေ့၊ နိုင်ငံတော်အစိုးရပဲဖမ်းဖမ်း ကျနော်တို့က ငြိမ်းချမ်းစွာရင်ဆိုင်သွားမယ်။ ဖမ်းတယ်ဆိုရင်လည်း ဘာတစ်ခုမှ တုန့်ပြန်တာမရှိဘဲ အေးအေးဆေးဆေး အဖမ်းခံသွားပါမယ်။ အကြမ်းမဖက်ဘူး။ နောက်မဆုတ်ဘူး။ ခေါင်းမငုံ့ဘူး။ " ဟု ပြောသည်။
ထို့အပြင် လမ်းလျှောက်ချီတက်လာသော ငြိမ်းချမ်းရေးအဖွဲ့အား တောင်ငူမြို့မှ ကြိုဆို ဧည့်ခံကျွေးမွေး ပြုစုပေးမည့်အစီ အစဉ်များအားလည်း အာဏာပိုင်များမှ ပိတ်ပင်တားဆီးမှုများရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
အဆိုပါ လမ်းလျှောက်ချီတက်သောငြိမ်းချမ်းရေးအဖွဲ့မှာ ဇန္နဝါရီ ၂၁ ရက်နေ့တွင် ကချင်ပြည် လှိုင်ဇာသို့ချီတက်ရန် ရန်ကုန်မှစတင်ထွက်ခွာခဲ့ကြောင်းနှင့် လမ်းလျှောက်ချီတက်သည့်ခရီးစဉ်မှာ ယနေ့တွင် ၉ ရက်မြောက်ရှိပြီဖြစ်သည်။
Line Zar 2
  ARAKAN TIMES

ဇေယျသုခ ဘုန်းတော်ကြီးကျောင်း တိုးချဲ့ဝယ်မြေကွက်အတွက် အလှူရှင်များ တိုက်တွန်းနှိုးဆော်လျက်ရှိ

Written by အာရ်ကန်တိုင်းမ်စ်    Tuesday, 29 January 2013 12:03    PDF Print E-mail
Photo for AT copyအမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် မြန်မာတိုင်းရင်းသားပေါင်းစုံတို့မှ စုပေါင်းတည်ထောင်ကိုးကွယ်လျှက်ရှိသော ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်း၏ တိုးချဲ့ဝယ်ယူခဲ့သည့် မြေကွက် ၂ ဧကခန့်အတွက် စေတနာရှင် အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်လျှက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ တိုးချဲ့မြေ ၂ ဧကခန့်အား မြန်မာထေရဝါဒ ဗုဒ္ဓဘာသာအသင်းအမည်ဖြင့် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လတွင် လာအိုခြံပိုင်ရှင်တဦးထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းတစ်သောင်းကျော် အရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ငါးနှစ်ကြာပေးချေရမည် ဖြစ်သည်။ ၄င်းမြေကွက်တွင် ကျောင်းထိုင်ဆရာတော် ဘုန်းတော်ကြီးကျောင်းအဖြစ် သီတင်းသုံးနေထိုင်တော်မူသော အလျား ၇၆ ပေ၊ အနံ ၁၈ ပေခန့် ရှည်လျားသည့် ကျောင်းတစ်ဆောင်နှင့် ဓမ္မာရုံအဖြစ်အသုံးပြုထားသည့် အလျား ၃၀ ပေ၊ အနံ ၄၀ ပေခန့်ရှည်လျားသည့် အဆောက်အအုံတစ်လုံးပါဝင်ကြောင်း သိရှိရသည်။
ဘုန်းကြီးကျောင်း တိုးချဲ့မြေ၀ယ်ယူရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ " ရှေ့လာမယ့် အနာဂတ်ကာလတွေမှာ မျိုးဆက်သစ် ကျောင်းသားလူငယ် မောင်မယ်များအတွက် ပညာရိပ်သာခန်းမဆောင် တည်ဆောက်ပြီးတော့ အမျိုးဘာသာသာသနာနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းအမွေပေးနိုင်ဖို့ရယ်၊ လူကြီးများအတွက် တရားရိပ်သာခန်းမဆောင်နှင့် မြန်မာကွန်မြူနတီ စင်တာခန်းမအစရှိတဲ့ ခန်းမဆောင်များ တည်ဆောက်နိုင်ရေးအတွက် ဒီတိုးချဲ့မြေကွက်ကို ၀ယ်ယူခဲ့တာပါ။ " ဟု ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသက အာရ်ကန်တိုင်းမ်စ်သို့ မိန့်တော်မူသည်။
ယခင် နှစ်ကာလများက စီစဉ်ကျင်းပခဲ့သည့် တရားသဘင်ပွဲများနှင့် ရာသီအလိုက်ရိုးရာယဉ်ကျေးမှုး ဘာသာရေးပွဲတော်များတွင် အဆိုပါတိုးချဲ့မြေကွက်၌ ယာယီမဏ္ဍများထိုးကာ နေပူဒဏ်နှင့် နှင်းလေအေးဒဏ်တို့ကြားမှ အဆင်ပြေချောမွေ့ အောင်မြင်အောင် ကြိုးစားစီစဉ်ဆောင်ရွက် ကျင်းပခဲ့ကြရကြောင်း သိရသည်။
ယခုကာလသည် အမေရိကန်ပြည်ထောင်စုတွင် ပြည်သူများ တနှစ်တာပေးဆောင်ထားသည့် အခွန်ငွေများကို အစိုးရမှ ပြန်လည်ရှင်းတမ်းထုတ်ပေးနေသည့် ကာလဖြစ်သည့်အတွက် မိမိတို့၏စေတနာ သဒ္ဒါတရားထက်သန်သလောက် ပါဝင်လှူဒါန်းနိုင်ရန် နိုင်ငံတ၀ှမ်းရှိ စေတနာရှင်အလှူရှင်များအား တိုက်တွန်းနှိုးဆော်လျှက်ရှိကြောင်း သိရသည်။
ထို့အပြင် ဆရာတော်က " အရှင်နန္ဒ၀ံသ ဖုန်း +806-290-8017 ( ashinnandavamsa@gmail.com)၊ ဦးညီညီလွင် ဖုန်း +806+3168+441 ( nyithura2010@gmail.com)၊ ဦးကျော်ဝေစိုး ဖုန်း +806+881+8310 ( kyawwaisoe@gmail.com) နှင့် ဦးထွန်းတင် ဖုန်း +806+340+8705 ( tuntinaung9@gmail.com)" တို့အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း မိန့်ကြားခဲ့သည်။     ARAKAN TIMES

သံတွဲတွင် ရခိုင်အမျိုးသမီးတစ်ဦးအား ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်


Written by ဇင်ကီး    Tuesday, 29 January 2013 15:16    PDF Print E-mail
Ngapali-Thandwe-Sandoway-Rakhine-State-Myanmarရခိုင်ပြည် သံတွဲမြို့နယ် ကွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာတွင် ရခိုင်အမျိုးသမီးတစ်ဦးအား မူဆလင်ဘာသာဝင် ဘင်္ဂလီလူငယ်တစ်ဦးက ဇန်န၀ါရီလ ၂၅ ရက်နေ့ ညနေတွင် အလိုမတူသားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
ကွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာနေ ရခိုင်ဗုဒ္ဓဘာသာဝင် (ဘ)ဦးပုတို၏သမီး မ၀င်းခင် (၃၄)နှစ်အား အောက်နတ်မော် ကျေးရွာအုပ်စု မြင်းစိမ်းမော်ကျေးရွာနေ ဘင်္ဂလီ မူဆလင် ဘ(ဦးမျိုးနိုင်)၏သား မျိုးကိုကိုဦး (ခ) အရှည်ကြီး (၂၁)က ဇန်န၀ါရီလ ၂၅ ရက်နေ့ ညနေ ၆ မိနစ် ၃၀ ခန့်တွင် ဆိပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း အရှေ့ဘက် ဂိတ် ၅၀ ကွာ၊ ပြားတောထဲ၌ အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့က ညနေက ဆိပ်ကြီးဘုန်းတော်ကြီးကျောင်းတွင် ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မ၀င်းခင်ပွဲသို့သွားရောက်စဉ် မျိုးကိုကိုဦးက ၎င်းပွဲသို့လာရောက်ရာမှ အခင်းဖြစ်ပွားခဲ့ကြပြီး သမီးပျောက်၍ မိခင်ဖြစ်သူ ဒေါ်ပိန်ပိန်က လိုက်ရှာရာဖြစ်၍ အဆိုပါပြားတောထဲ၌ မ၀င်းခင်ထိုင်၍ ငိုနေသည်ကိုတွေ့ရှိခဲ့ရသဖြင့် မေးမြန်းသောအခါ မျိုးကိုကိုဦးက အလိုမတူသားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း ရှင်းပြသည်။
ယင်ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဒေါ်ပိန်ပိန်သည် ကွေ့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်းညွှန့်၊ ဂေါပက အဖွဲ့ဝင်များဖြစ်သော ဦးမြင့်နိုင်နှင့် ကိုလေးမောင်တို့ကို အခင်းဖြစ်ပြီး မကြာမီ သွားရောက်တိုင်တန်းခဲ့သော်လည်း အရေးယူခြင်း တစုံတရာမရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေါ်ပိန်ပိန်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်တွင် ရွှေလှေရဲစခန်းသို့ သွားရောက် တိုင်တန်းရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ရဲစခန်းမှ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော မျိုးကိုကိုဦးအား ဖမ်းဆီးကာ သံတွဲမြို့နယ် ရဲစခန်း၌ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။   ARAKAN TIMES

Monday, January 28, 2013

အစိုးရနဲ့ KIO ငြိမ်းချမ်းရေး "o"ပြည်မြို့တော် ပန်ဆန်းမှာ ဆွေးနွေးဖို့ UWSA ကမ်းလှမ်း

MJ Lumpy and Jinghpaw Buga shared Lachid Kachin's photo.
ကချင်အရေး ဝအဖွဲ့ရဲ့ ဖိတ်ခေါ်ချက် အစိုးရလက်ခံ

ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA နယ်မြေထဲ လာပြီး၊ ကေအိုင်အိုနဲ့ အစိုးရ အကြား ပြန်လည် ဆွေးနွေး မှုတွေ ပြုလုပ် ကြဖို့ ဝအဖွဲ့ရဲ့ ဖိတ်ခေါ် ချက်ကို အစိုးရ ဘက်က လက်ခံ လိုက်ပါတယ်။
-----------------------------------

အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပစ်
ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ၀ပြည်သွေးစည်းညီ
ညွတ်ရေးအဖွဲ့ UWSA က ကြားဝင်ဆောင်ရွက်ပေး
မယ် လို့ ဖိတ်ခေါ်ထားကြောင်း ၀ပြည်သွေးစည်း
ညီညွှတ်ရေးအဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ
၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်
ခတ်ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ
ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
UWSA အဖွဲ့က ပေးပို့တဲ့အဆိုပြုလွှာကို ပြည်ထောင်
စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ နဲ့ KIO အဖွဲ့တွေထံ
ဇန်န၀ါရီလ ၂၄ရက်နေ့က ပေးပို့လိုက်တာဖြစ်တယ်လို့
UWSA အဖွဲ့က ပြောခွင့်ရ ဦးအောင်မြင့် ကပြောပါ
တယ်။
KIO အဖွဲ့ကတော့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှု
ကို တဖွဲ့ချင်းမဆွေးနွေးပဲ ညီညွတ်သော တိုင်းရင်းသား
များ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေးဖို့ အစိုးရ
ဖက်ကို အကြောင်းပြန်ထားပါတယ်။ အဲဒီအချက်အပေါ်
UWSA အနေနဲ့မူအားဖြင့် သဘောတူပေမဲ့ UNFC ဟာ
ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်နေတာ
ကြောင့် နိုင်ငံခြားမှာ ဆွေးနွေးမဲ့ကိစ္စကို မလိုလား
ကြောင်း မိမိပြည်တွင်းရေးကိစ္စကို ပြည်တွင်းမှာသာ
ဆွေးနွေးဖို့ UWSA က အကြံပြုထားတယ်လို့ ဆိုပါ
တယ်//                                                                        
By FB

မောင်တောတွင် အစိုးရ အဆောင်တစ်ခု မီးရှို့ခံရ


ထွန်းထွန်း
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အစိုးရ အဆောင်တစ်ခု ယနေ့နေ ၉ နာရီခန့်က မီးရှို့ခံရသည်ဟု သတင်း ရရှိသည်။
Maungdaw-gate
မီးရှို့ခံရသည့် အဆောင်မှာ မောင်တောသုံးမိုင် ဂေါက်ကွင်းအနီးရှိ ဂျီအီး ပစ္စည်းများ သိုလှောင်ရုံ ဖြစ်ကြောင်း သိရသည်။
“ အဲဒီမှာ ဘိလပ်မြေတွေ၊ သံတွေ၊ တိုလီမူတ်စတွေ ထားတယ်လို့ ကြားသိရပါတယ်။ အသေးစိတ်ကတော့ မနက်ဖြန်မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု သေခံ တစ်ဦးက ဆိုသည်။
မီးရှို့သူများမှာ အနီးအနားက မွတ်ဆလင်ကျေးရွာသားများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောဆိုပြီး  စစ်တပ်နှင့် နစက တပ်ဖွဲ့ဝင်များမှ မိုးပေါ် သေနတ်ပစ်ခတ်ကာ မီးရှို့သူများကို လူစုခွဲ ခဲ့ရသည်ဟုလည်း ဒေသခံက ပြောကြားသည်။
မီးရှို့သူများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက လိုက်လံ စုံစမ်းနေကြောင်း သတင်း ရရှိသည်။     Narinjara

Sunday, January 27, 2013

ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းအုပ်ဆရာတော်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

Written by ခိုင်ခိုင်    Monday, 28 January 2013 08:21    PDF Print E-mail
Thanway copyရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးဆရာတော်များ ပထမအကြိမ် ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ၊ ဘိုကလေးကျေးရွာ၊ ဓမ္မသုခပရိယတ္တိစာင်သင်တိုက်၌ ဇန်န၀ါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ၁၉၉၃ ခုနှစ်က စတင်ခဲ့သော်လည်း ပြည်နယ်ကြီးကြပ်ရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုနှင့် လမ်းညွှန်ချက်များ အားနည်းခြင်းကြောင့် ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အုပ်ဆရာတော်များ တွေ့ဆုံဆွေးနွေးပွဲကို ယခုနှစ်မှသာ ပထမအကြိမ်အဖြစ် ကျင်းပနိုင်ခြင်းဖြစ်သည်ဟု စစ်တွေမြို့ ရွှေစေတီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် အရှင်အရိယ၀ံသ (မေတ္တာစမ်းရိပ်)မှမိန့်ကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၁၅ မြို့နယ်မှ ဘ-က ကျောင်းအုပ်ဆရာတော် ၂၈ ပါးတက်ရောက်ခဲ့ပြီး သြဂုတ်လနှင့် ဒီဇင်ဘာလကဗြိတိန်သံရုံး၏ ထောက်ပံ့မှုဖြင့် ပျိုးပင် projet မှ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်၌ ဆရာတော်ကြီးများ ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ခြင်းကို အခြေခံကာ ရခိုင်ပြည်လုံးဆိုင်ရာ ဘ-ကဆရာတော်များ ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းအုပ်ဆရာတော်များ တွေ့ဆုံဆွေးနွေးပွဲမှ ရခိုင်ပြည်နယ် ဘ-က ပညာရေးကျောင်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးကို ဖွဲ့စည်းခဲ့ကြပြီး အနာဂတ်ရခိုင်ပြည်၏ ဘ-ကပညာရေး လမ်းကြောင်းသစ်ကို ဖော်ဆောင်မည့် ပညာရေး နည်းဗျူဟာသစ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးမှ တစ်နှစ် တစ်ကြိမ် ပြာသိုလပြည့်နေ့တိုင်း ပြည်နယ် ဘ-က ဖွံ့ဖြိုးတိုးတက်ရေးအသင်း အစည်းအဝေးကို နှစ်စဉ်ကျင်းပရန်၊ မြို့နယ် ဘ-က ကျောင်းများသို့ လမ်းညွှန်ပေးရန်၊ ၂၀၁၄ ခုနှစ် မောင်တော (၃)မိုင်၊ ဘ-က ကျောင်း၌ ဒုတိယအကြိမ် အစည်းအဝေးတွင် အသင်းရန်ပုံငွေ အတွက် ငွေပဒေသာပင် စိုက်ထူရန်၊ ပြည်နယ် ဘ-က ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ရန်ပုံငွေ ရရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ ရန်ပုံငွေရှာဖွေရန်၊ ရန်ပုံငွေ အခြေအနေအပေါ်မှာ မူတည်ပြီး အသင်းဝင်ကျောင်းအားလုံးကို မဲစနစ်ဖြင့် ခွဲဝေလှူဒါန်းရန်၊ ရခိုင်ပြည်နယ် ဘ-က ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ စည်းကမ်း၊ စဉ်းမျဉ်း အခြေခံမူဝါဒများကို ရေးဆွဲရန် စသည့် ဆုံးဖြတ်ချက်များကို အစည်းအဝေးက ချမှတ်ခဲ့ကြသည်။Thaway copy
ဆွေးနွေးပွဲမှ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ အလုပ်အမှုဆောင်ဆရာတော်ကြီးများ ကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ကျောက်ဖြူမြို့၊ ပရဟိတ၊ ဘ-က ကျောင်းမှ ဘဒ္ဒန္တ ကောဏ္ဍည၊ မြောက်ဦးမြို့၊ မော်ရွာသစ်၊ ဘ-က ကျောင်းမှ ဘဒ္ဒန္တ သကျဝံသ၊ ပေါက်တောမြို့နယ်၊ သ၀င်ေ ချာင်း၊ ဘ-က ကျောင်းမှ ဘဒ္ဒန္တ ဥတ္တမ တို့မှာ အသင်းကြီး၏ သြ၀ါဒစရိယ ဆရာတော်ကြီးများဖြစ်သည်။
အလုပ်အမှုဆောင် ဆရာတော်ကြီးများမှာ
၁။ ဘဒ္ဒန္တ ဣန္ဒက၊ မီးဝ၊ ဘ-က ကျောင်း၊ ကျောက်တော်မြို့နယ်။ ဥက္ကဋ္ဌ
၂။ ဘဒ္ဒန္တ မ္မာနန္ဒ၊ ရွှေနတ်တောင်၊ ဘ-က ကျောင်း၊ ရမ်းဗြဲမြို့။ ဒု- ဥက္ကဋ္ဌ
၃။ ဘဒ္ဒန္တ န္ဒာသီရိ၊ သုံးမိုင်၊ ဘ-က ကျောင်း၊ မောင်တောမြို့။ ဒု- ဥက္ကဋ္ဌ
၎။ ဘဒ္ဒန္တ အရိယ၀ံသ၊ ရွှေစေတီ၊ ဘ-က ကျောင်း၊ စစ်တွေမြို့။ အတွင်းရေးမှူး
၅။ ဘဒ္ဒန္တ ဣန္ဒက၊ ဘိုကလေး၊ ဘ-က ကျောင်း၊ ဂွမြို့နယ်။ တွဲ- အတွင်းရေးမှူး
၆။ ဘဒ္ဒန္တ ၀ရဓဇ၊ ဂုံကျွန်း၊ ဘ-က ကျောင်း၊ မြောက်ဦးမြို့။ တွဲ- အတွင်းရေးမှူး
၇။ ဘဒ္ဒန္တ ဣန္ဒာစာရ၊ ပုလဲရတနာ၊ ဘ-က ကျောင်း၊ ဂျိတ္တော၊ သံတွဲမြို့နယ်။ ဘဏ္ဍာရေးမှူး
၈။ ဘဒ္ဒန္တ ၀ရသာမိ၊ ပြိန်းချောင်း၊ မှန်ကျောင်း၊ ဘ-က ကျောင်း၊ ကျောက်တော်။ တွဲ-ဘဏ္ဍာရေးမှူး
၉။ ဘဒ္ဒန္တ ခေမာဝံသ၊ ဝေဠုန်ဝန်၊ ဘ-က ကျောင်း၊ စစ်တွေမြို့။ တွဲ- ဘဏ္ဍာရေးမှူး
၁၀။ ဘဒ္ဒန္တ ၀ဏ္ဏ၊ အုန်းတောချောင်း၊ ဘ-က ကျောင်း၊ ပေါက်တောမြို့နယ်။ စာရင်းစစ်
၁၁။ ဘဒ္ဒန္တ တေဇဉာဏ၊ ငပြီကျွန်း၊ ဘ-က ကျောင်း၊ ပေါက်တောမြို့နယ်။ တွဲ- စာရင်းစစ်
၁၂။ ဘဒ္ဒန္တ နိဝါတ၊ ကံပိုင် မဟာဝိဟာရ၊ ဘ-က ကျောင်း၊ တောင်ကုတ်မြို့။ တွဲ- စာရင်းစစ်
မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ၁၉၉၃ ခုနှစ်က ဖွင့်လှစ်ရန် နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားခဲ့ရာ ရခိုင်ပြည်နယ်တွင် တစ်မြို့နယ်လျှက် ကျောင်း (၅) ကျောင်းကျစီဖွင့်ခွင့်ရခဲ့ရာ အဆိုပါနှစ်က (ဘ-က) ကျောင်း ၁၈၀ ကျော်ရှိခဲ့သည်။
ကူညီထောက်ပံ့ပေးမှုအားနည်းချက်ကြောင့် ကျောင်းများလျှော့ကျခဲ့ရာ လက်ရှိတွင် ရခိုင်ပြည်နယ်တွင် (ဘ-က)ကျောင်းပေါင်း ၈၀ ကျော်သာရှိပြီး ဆရာ၊ ဆရမ ၄၀၀ကျော်နှင့် ကျောင်းသားဦးရေ (၁၀၅၀၀) ကျော်ရှိကြောင်း သိရသည်။           ARAKAN TIMES

MOU ပတ်စ်ပို့သမားများ နေထိုင်ရေးနှင့် ကျန်းမာရေးချို့တဲ့မှုကြောင့် လူပေါင်း(၄၀၀)ဆန္ဒပြတောင်းဆို

Written by ခိုင်ခိုင်    Sunday, 27 January 2013 17:35    PDF Print E-mail
MWD - MOUထိုင်း- မြန်မာ နှစ်နိုင်ငံကြားနားလည်မှု စာချွန်လွှာ(MOU)ဖြင့် ဘန်ကောက်သို့ သွားရောက်အလုပ်လုပ်ကိုင် ရန် မြဝတီမြို့၊  မွေးမြူရေးဇုန်တွင် စောင့်ဆိုင်းနေကြသော မြန်မာနိုင်ငံသားများသည် အစားအသောက် အဆင်မပြေမှုများ၊ နေထိုင်ရေး၊ ကျန်းမာရေး ချို့တဲ့မှုများ စသည့်အခက်အခဲများကြုံနေရပြီး ၄င်းအခက်အခဲများကို ပြေလည်အောင်ဖြေရှင်းပေးရန်အတွက် လူပေါင်း ၁၂၀၀ အထဲမှ ရခိုင်တိုင်းရင်းသားများ ၄၀၀ ခန့်သည် ယမန်နေ့ ဇန္န၀ါရီလ ၂၆ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ MOU ပါ့စ်ပို့သမားများကို ကျွေးမွေးသည့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုမရှိသဖြင့် နေမကောင်းဖြစ်နေသူ ၃၀ နီးပါးခန့်ရှိပြီး ၄င်းစားသောက်ရေးကို တာဝန်ယူထားသူမှာ မြဝတီမှ သူဌေးကိုမျိုးမြတ် ဖြစ်ကြောင်းသိရသည်။
" မနေ့က ကျွန်တော်တို့နေတဲ့ အဆောင်မှာ အစားအသောက်မကောင်းတဲ့အတွက် တောင်းဆိုနေကြတာတွေကြောင့် ဆူပူမှုတွေ ဖြစ်နေပါတယ်။ စားရတာတွေအဆင်မပြေလို့ဆိုပြီးတော့ အခက်အခဲဖြစ်နေကြတဲ့အကြောင်းကို အဆောင်ဥက္ကဌကို ပြောပြပါတယ်။ သူကသူ့ဌေးကိုတင်ပြပြီးတော့ အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောပါတယ်။ ကျနော်တို့အားလုံးကလည်း အရင်အတိုင်းပဲ ကျွေးမယ်ဆိုရင် မစားဘဲနဲ့ အငတ်ခံနေမယ်လို့ ပြောပါတယ်။ ရေတွေလည်းမသန့်တော့ ဗိုက်အောင့်တာတို့ ဗိုက်နာတာတို့ အဖြစ်များကြပါတယ်။ ချောင်းဆိုးတာတွေ၊ ခေါင်းကိုက်တာတွေလည်း ရှိကြပါတယ်။ သူတို့ကျွေးတဲ့ ဟင်းတွေကလည်း အာလူးတွေကို ပုစွန်ငယ်တွေနဲ့ရောပြီး ချက်ကျွေးပါတယ်။ မစားနိုင်တဲ့သူတွေကတော့ အပြင်မှာသွားစားကြပါတယ်။ ထမင်းတွေလည်း အနံ့နံပြီးတော့ ၀၀လင်လင်မကျွေးဘူး " ဟု ဆန္ဒပြရာတွင်ပါဝင်သူ မောင်သန်းလင်းက ပြောသည်။
စိုက်ပျိုးရေးဇုန် အဆောင်တွင် လူဦးရေ ၁၂၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ခန့်မှာ ရခိုင်ပြည် မြို့နယ်အရပ်ရပ်မှဖြစ်ပြီး ရန်ကုန်မြို့၊ ဧရာဝတီတိုင်းဘက်တို့မှလည်းပါဝင်ကြောင်း သိရှိရသည်။
ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာ၊ ကုန်တန်းကျေးရွာ၊ မင်းကန်ချောင်း၊ သင်္ကန်းချောင်း၊ ကျောင်းကန်ကြီးရွာတို့မှ လူဦးရေ ၁၀၀ ကျော်ခန့် ပါဝင်ကြောင်းကို မင်းကန်ကျေးရွာမှာ မောင်သန်းလင်းက " အခု ကျွန်တော်နေတဲ့ အဆောင်မှာရှိတဲ့သူ ရခိုင် ၁၀၀ လောက်က ရသေ့တောင်မြို့နယ်က ဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ နောက်ထပ် လူ ၂၀ ကျော်ပါပြီးတော့ ကျွန်တော်တို့ကို ခေါ်လာတာက စစ်တွေမြို့၊ ဓညဝတီ ရပ်ကွက်က ဦးသိန်းထွန်း ဖြစ်ပါတယ်။ ပွဲစားခက အပြီးအစီး ၃ သိန်းခွဲ ပေးရပါတယ်။ ကျွန်တော်တို့ကို မြဝတီမှာ ပတ်စ်ပို့လုပ်ပြီးတော့ ဘန်ကောက်မှာ အလုပ်လုပ်ရမယ်လို့ပြောပြီး ခေါ်လာတာ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် ၃ လ ၄ လ၊ ၅ လ၊ ၆ လ စောင့်ရတဲ့သူတွေလည်း ရှိတယ်။ မစောင့်နိုင်တော့လို့ ပိုက်ဆံကိုအဆုံးခံပြီး ပြန်သွားကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီမှာရှိကြတဲ့ သူတွေကတော့ အများအားဖြင့် အသက် ၂၀ ဝန်းကျင်နှင့် ၃၀ ဝန်းကျင် ကြားရှိပြီးတော့ အမျိုးသား ၉၀၀ လောက် ရှိပါတယ်။ အမျိုးသမီးတွေလည်း တော်တော် ဒုက္ခရောက်နေကြပါတယ်။ သူတို့က ဘယ်နေ့သွားရမယ်ဆိုတာကိုလည်း အတိအကျ မပြောသေးပါဘူး။ " ဟုပြောသည်။
ရခိုင်ပြည်နယ်တွင်း ကြုံတွေ့နေရသော လူမှုစီးပွားပြဿနာအမျိုးမျိုးများကြောင့် ရခိုင်လူငယ်အများစုသည် အိမ်၊ ခြံ၊ မြေများကိုရောင်းချပြီး ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ အလုပ်လုပ်ရန်အတွက် ထွက်ခွာလာမှုများမှာ ပိုမိုများပြားလာနေကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံတွင်လည်းအစိုးရမှ အလုပ်သမားတစ်ဦးလျှင် နေ့စားခ ၃၀၀ ပေးရမည်ဟု ကြေငြာပြီးနောက်ပိုင်းတွင်း အလုပ်ရှင်များမှ အလုပ်သမားများ လျှော့ချမှုများပြားနေပြီး ထိုင်းနိုင်ငံအတွင်း လုပ်ငန်းခွင်ပြဿနာ၊ အခက်ခဲများကြောင့် မြန်မာပြည်သို့ ပြန်သည့်သူများလည်း ရှိနေကြသည်။    ARAKAN TIMES

ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်အား အဆက်အသွယ်ပြန်လည်ရရှိ


Written by အာရ်ကန်တိုင်းမ်စ်    Monday, 28 January 2013 08:33    PDF Print E-mail
GeneralTMNယနေ့နံနက်ပိုင်းတွင် ရက္ခိုင့်တပ်မတော် ဗဟိုစစ်ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီးထွန်းမြတ်နိုင်အား အဆက်အသွယ်ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရက္ခိုင့်တပ်မတော် AA မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူးကျော်ဟန်က “ ဗိုလ်မှူးကြီးထွန်းမြတ်နိုင်ဟာ အခုလုံခြုံတဲ့နေရာတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ တရုတ်စစ်ပုလိပ်များဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ခရီးသွားစာရွက်စာတမ်းများနှင့် အထောက်အထားစာရွက်စာတမ်းများ ဖျက်ဆီးခံခဲ့ရကြောင်း ” အာရ်ကန်တိုင်းမ်စ်သတင်းဌာသို့ အတည်ပြု သတင်းပေးပို့သွားခဲ့သည်။
ဇွန္န၀ါရီလ ၂၅ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ China Esatern Airlines MU - 2594 လေယဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ စီးနှင်းလိုက်ပါစဉ် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် မဟာမိတ်အသိုင်းအဝိုင်းနှင့် ရက္ခိုင်တပ်မတော်မှ တာဝန်ရှိသူများ အပူတပြင်းလိုက်လံစုံစမ်းခဲ့သဖြင့် ယနေ့နံပိုင်းတွင် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် အဆက်အသွယ်ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
 

ARAKAN TIMES

ကေအိုင်အေ ဗျူဟာမြောက်စခန်း သိမ်းပိုက်ရေး စစ်တပ်ထိုးစစ် ပြင်းထန်

Sunday, January 27, 2013 ကိုဇော်ဝင်းလှိုင် (V0A)၊ 26.01.2013 ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရစစ်တပ်က ဒီကနေ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော်က ပြောပါတယ်။ အစိုးရစစ်တပ်ဟာ ဒီဒေသမှာ ဗျူဟာအရ အရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို သိမ်းပိုက်နိုင်ဖို့အတွက် လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ မြန်မာစစ်တပ်အနေနဲ့ KIO ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ အခုလအစောပိုင်းတုန်းက သမ္မတ ဦးသိန်းစိန်က ပြောဆိုအပြီးမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရက်ဆက်ဆိုသလို ဖြစ်နေတာပါ။ စနေနေ့မှာလည်း မြန်မာစစ်တပ်ဘက်က တနေကုန် လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ဗိုလ်မှူး မင်းဋ္ဌေးက ဗွီအိုအေကို ပြောပါတယ်။ “ဒီနေ့ အသားကုန်ချတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်တာ၊ မိုးရွာသလိုကို ပစ်တာ။ လက်နက်ကြီးတွေနဲ့ အများကြီးပဲ ပစ်တယ်။ အောက်ရောက်မှ ကွဲတာလည်း သုံးတယ်။ လေပေါ်မှာ ကွဲတဲ့ဟာလည်း ရှိတယ်။ အောက်မှာကျတော့ ဘန်ကာ အဖြိုတွေလေ။ အဲဒီ overhead ဖြိုတဲ့ဟာတွေ သုံးတယ်။ အဲဒီကောင်တွေက အောက်အနက်ကို ၄ ပေ၊ ၅ ပေလောက် ၀င်သွားတာ မြေကြီးထဲကို။ ဟော … အခုတောင် ပစ်နေတယ်။ ချနေကြတယ်။” မြန်မာစစ်တပ်က အဲဒီလို လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ကေအိုင်အိုဌာနချုပ် လဂျားယန်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခါယာဘွမ် တောင်ကုန်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အကြောင်းလည်း ကချင်သတင်းဌာနက အယ်ဒီတာ ဦးနော်ဒင်းက ပြောပါတယ်။ “ဒီနေ့က သူတို့ ကေအိုင်အေရဲ့ တောင်ကုန်းတကုန်းကို အစိုးရတပ်တွေ သိမ်းလိုက်တယ်ဆိုတဲ့ သတင်းပေါ့နော် ဒီနေ့မနက်ပိုင်းမှာ။ အဲဒါကတော့ အခု လဂျားယန်နဲ့ ကပ်လျက်လောက်ရှိတဲ့ ကေအိုင်အေအတွက် အရေးပါတဲ့ ခါယာဘွမ်ပေါ့၊ အဲဒီဟာကို သူတို့ သိမ်းလိုက်ပြီဆိုတဲ့သတင်း အဲဒါ ကျနော်တို့ သိရတာပေါ့။ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က ဒီတောင်ကုန်းပေါ့။ ကေအိုင်အေ အမာခံစခန်းပဲ။ ကျနော်တို့ကြားတာ သူတို့က ကလက်စတာဗုံးတွေ သူတို့ သုံးတယ်ဆိုတဲ့ဟာ ကြားရတာပေါ့။” ခါယာဘွမ်တောင်ကုန်းဟာ ဒီဒေသမှာ မဟာဗျူဟာမြောက်တဲ့ တောင်ကုန်းတခု ဖြစ်တယ်လို့လည်း ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပါတယ်။ “တောင်ကုန်းကတော့ သူက ပွိုင့် - ၁၀၁၂ ရှိတယ်လေ။ သူက မြင့်တာကိုး။ မြင့်တော့ ဒီဘက်မှာ စိုးမိုးကုန်းပေါ့။ ဒီဒေသကို စိုးမိုးကုန်း။ ဆိုတော့ သူက အဲဒီကနေပြီးတော့မှ စိုးမိုးကုန်းကို သူတို့ရသွားပြီဆိုရင်တော့ ကျန်တဲ့ကုန်းတွေက အောက်ရောက်သွားပြီကိုး။ ဆိုတော့ ဒေသတ၀ိုက်မှာတော့ သူ အမြင့်ဆုံးဖြစ်နေတော့ သူတို့ အဲဒီကုန်းကို မရမချင်း ထိုးစစ်ဆင်တယ်။ အင်အားတွေကလည်း တောင်ပတ်ပတ်လည်မှာ ပတ်ပြီးတော့မှ ထိုးစစ်ဆင်နေတာတော့ ကျနော်တို့ သိရတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်ပြီးတော့ လက်နက်ကြီး ကျည်ကုန်သွားတယ်တဲ့။ ကုန်သွားတော့ ဟိုတလောက သူတို့သိမ်းထားတဲ့ ပွိုင့် - ၇၇၁ ကို ရဟတ်ယာဉ်နဲ့ နှစ်ခါ လာပြန်ချတယ်။ ဟိုက်စကီးနဲ့။ လက်နက်ကြီးကျည်တွေ ချပြီးတော့မှ တခါ ပြန်ပစ်တယ်။ ပစ်တော့ ဒီဘက်ကလည်း ပစ်တယ်လေ။ ဟိုဘက်ပစ်၊ ဒီဘက်ပစ်။ ပစ်ပြီးတဲ့အခါကျတော့ ဆီပြန်ကုန်သွားတဲ့ပုံရှိတော့ သူတို့ ပြန်ပြီး ရပ်သွားတယ်။ တောင်ကုန်းကိုတော့ အများကြီးတော့ ပစ်လိုက်တယ်။ ထောင်ချီ ပစ်လိုက်တယ်လို့ ပြောတယ်။” မြန်မာစစ်တပ်က အေအိုင်အိုကို လေကြောင်းကနေပါ တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် နိုင်ငံတကာမှာ ဝေဖန်ပြောဆိုမှုတွေ ထွက်လာပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်မှုတွေ မလုပ်တော့ပေမဲ့လည်း ရဟတ်ယာဉ်တွေတော့ အသုံးပြုနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးမင်းဌေးက ပြောပါတယ်။ “အခုက လေယာဉ်တွေဘာတွေ မလာတော့ဘူး။ အခု နိုင်ငံတကာလူတွေကလည်း သိသွားတဲ့အခါကျတော့ သူက လေယာဉ်တွေက မလာတော့ဘဲနဲ့ သူတို့ တိုက်ပွဲပုံစံက ပြောင်းသွားတယ်။ ရဟတ်ယာဉ်က ပစ္စည်းသယ်တာတွေ၊ ပို့တာတွေတော့ လုပ်နေတယ်။ လေကြောင်းတွေက တိုက်တာတော့ မလုပ်တော့ဘူး။ ရှိသမျှ လက်နက်ကြီးတွေ အကုန်လုံး၊ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကြီးတွေ အကုန်လုံး ယူလာသလား မသိပါဘူးဗျာ။ အကုန်လုံး ပတ်ပတ်လည်ကနေ ပြီးတော့မှ လက်နက်ကြီးတွေချည်းပဲ ပစ်တာ။ အများကြီး။ တစက္ကန့်ကို အချက်ပေါင်း မြောက်များစွာနဲ့ ပစ်တယ်ဆိုတော့ အလက် ဘယ်လောက်ရှိမလဲ ကျနော်တို့ မသိတော့ဘူး။ ခန့်မှန်းရလည်း ခက်တယ်။ အဲဒီလိုမျိုး ကုန်းတကုန်းကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပစ် ပစ်လိုက်တာလေ။ ရဟတ်ယာဉ်တွေတော့ သွားတာ လာတာ၊ လူချတာ၊ အဲဒါတွေတော့ လုပ်နေကြတယ်။” ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပြခဲ့တာပါ။ အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အခြေအနေတွေ သိရှိနိုင်အောင် ဗွီအိုအေက ကေအိုင်အိုနဲ့ မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်ဆိုပေမဲ့လည်း စာရင်းအတိအကျတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တဦးကတော့ လက်နက်ကြီးတွေ ထိမှန်ပြီး ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။ တိုက်ပွဲတွေအဆုံးသတ်ပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်း၊ လွှတ်တော်နဲ့ နိုင်ငံရေးအင်အားစုတွေကပါ တိုက်တွန်း ပြောဆိုနေကြပေမဲ့ တိုက်ပွဲအရှိန်တွေကတော့ ခုချိန်ထိ လျော့မသွားသေးပါဘူး။ drlunswe