Saturday, July 20, 2013
ဒီနေ့ အစီအရင်ခ့စာတင်တဲ့ ကမ္ဘာ့အကြမ်းဖက်သတင်းပါ...... ကမ္ဘာမှာ အကြမ်းဖက်နေတာ ဘယ်သူတွေ ဘယ်ဘာသာဝင်တွေဆိုတာကို ငြင်းခုံ ပြောဆိုနေမဲ့အစား လက်တွေ့ကြည့်ပေတော့.
Posted on 8:02 PM
ကဲ သူငယ်ချင်းတို့ရေ....အခုတင်ထားတဲ့ Wrap Dress Turorial လေးကို ကြည့်လိုက်ပါဦး မိန်းကလေးတွေအတွက် ကလေးအနှီးတစ်ထည်နဲ့ သံကွင်းတစ်ကွင်းရှိရင်ကို ဒီဇိုင်းမျိုးစုံနဲ့ အ၀တ်အစားဝတ်လို့ရတဲ့ သဘောမှ ရှိတယ်ဗျို့
Posted on 7:44 PM
ရခိုင်ပြည်နယ်က မြောက်ဦးမြို့ အပါအဝင် ပျုမြို့ဟောင်းတွေကို ထိမ်းသိမ်းဖို့ ယူနက်စကိုနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ခွန်ဘသာ တင်ဆက်။
Posted on 6:48 PM
ကျွဲသူခိုး ၇ ဦးကို ကျွဲများနှင့် အတူ ပေါက်တောရဲက ဖမ်းဆီး
( နိရဉ္စရာ- ၂၀ ဇူလိုင် ၂၀၁၃) မောင်ရမ္မာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီ ကျွန်းကျေးရွာအနီး ပင်လယ်ပြင်တွင် ကျွဲခိုးလာသူ ဘင်္ဂလီ ၇ ဦးကို ဒေသခံများ၏ အကူအညီဖြင့် ပေါက်တော ရဲက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
သူတို့ကို ဒေသခံများနှင့် ရဲတာဝန်ရှိသူများ ပူးပေါင်းပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ပေါက်တောရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဌေးက ဖမ်းဆီးရမိသော ကျွဲများမှာ ခိုးယူလာခြင်းကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု ပြောသည်။
“ လှေတစ်စီးမှာ ကျွဲ ၄ကောင်နဲ့ ဘင်္ဂလီ ၇ ယောက်ပါ။ အခု ပေါက်တော ရဲစခန်းကို ရောက်ပါပြီ။ သူတို့ကို ငပြီကျွန်း ရွာမ ရွာသားတွေနဲ့ ကျွန်တော်တို့ ဘုတ် ၃-၄ စီးနဲ့ ၀ိုင်းဖမ်းကြပါတယ်။ ဖမ်းမိတဲ့အခါ ၀ယ်လာတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ လက်ထဲကို ရောက်လို့ စစ်ဆေးတဲ့အခါ ဟင်းခရိုကျေးရွာက ခိုးယူလာတာလို့ ပြောပါတယ်။ အခုတော့ ခိုးယူလာတာ ထင်ရှားသွားပါပြီ” ဟု ဒုရဲအုပ်က ဆိုသည်။
ယခု ဖမ်းဆီးရမိသော ကျွဲခိုးသူများသည် အနောက်ရဲ ကယ်ဆယ်ရေး စခန်းတွင် လက်ရှိ နေထိုင်ကြသူများ ဖြစ်ကြသည်ဟု ပြောသည်။
ဖမ်းဆီးရမိသူ ၇ ဦးနှင့် အမည်နှင့် သူတို့၏ နေရင်ရင်းမှာ ၁။ တေလာဟူဆောင်း (၂၇) နှစ် (ဖ)အဘူကာဆန် – အနောက်ရဲ မူဆလင်ရွာ၊ ၂။ ရော်ဘီ အာလောင် (၂၂)နှစ်၊ (ဖ) နူမာလာကိန်း – ရပ်ကွက် (၃) ပေါက်တော ၃။ ဆွေယော့ကာလောင် (၂၇ )နှစ်၊ (ဖ) မာမောက် ဆွေယော့- ငါးဝက်ချောင်း မူဆလင်ရွာ၊ ၄။ ရှော်နာယာ (၂၁)နှစ်၊ (ဖ) အာကိန်းမာလီ – ငါးဝက်ချောင်းရွာ၊ ၅။ အူစ်ပန်ဂူနီ (၃၀)နှစ်၊ (ဖ) ကာလိဂျာ- ငါးဝက်ချောင်း မူဆလင်ရွာ၊ ၆။ အဘူကာလောင် (၄၀)နှစ်၊ (ဖ) အာနီရင်းဂျာ- ကံပြင် မူဆလင်ရွာ၊ ၇။ ရော့ကာလောင် (၁၈)နှစ်၊ (ဖ) ရော်ကီး- ငါးဝက်ချောင်း ဘီရွာတို့ ဖြစ်သည်။
ယခုအခါ ဖမ်းဆီးရမိသူများကို ကျွဲခိုးမှုဖြင့် တရားစွဲဆိုထားသည်ဟု ဒုရဲအုပ် ဦးသန်းဌေးက ပြောသည်။
“ ဟုတ်ပါတယ်။ အရေးယူဖို့ဆိုတာကတော့ ပုဒ်မ ၃၇၉ (တ) /၅၄ ခိုးမှုမသင်္ကာမှုနဲ့ လောလောဆယ်ဖမ်းပါ တယ်။ ဖမ်းလို့ပြီးမှ အခုအချိန်မှာ ဟင်းခရိုက ကျွဲပိုင်ရှင် ရောက်လာပါတယ်။ ဟင်းခရိုက ကျွဲပိုင်ရှင်က အဓိက တရားလို ဖြစ်သွားပါဖို့။ ဒါကြောင့် ပုဒ်မ ၃၇၉ (တ) အရ ကျွဲခိုးမှုနဲ့ တရားစွဲဆိုထားပါတယ်။”
လွန်ခဲ့သော လကလည်း ပေါက်တောမြို့နယ် ၀လမ်းနှင့် ၀လမ်းကုန်းကျေးရွာများမှ ကျွဲနွားကောင်ရေ ၃၀ ခန့် ပျောက်ဆုံးခဲ့သော်လည်း သက်ဆိုင်ရာမှ တရားခံများကို ယခုအချိန်ထိ ဖေါ်ထုတ်နိုင်ခြင်း မရှိဟုသိရသည်။
ယခုအခါ ပေါက်တောမြို့နယ် မင်းငူကျွန်းအတွင်းရှိ ၀လမ်း၊ တောလယ်၊ အုန်းတောနှင့် ဂြင်းချောင်းကျေးရွာ များတွင် ကျွဲနွားများ အလွန်တရာ ပျောက်ဆုံးမှုများရှိနေသဖြင့် ၎င်း ကျွဲနွားများ မပျောက်ရအောင် တားဆီးကာ ကွယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ လုပ်ဆောင်နေသည်ဟု စုံစမ်း သိရှိရသည်။
ပေါက်တောမြို့နယ် အနောက်ရဲ ကယ်ဆယ်ရေးစခန်းတွင် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက လုံခြုံရေး တာဝန်ယူထားသော်လည်း ယခုကဲ့သို့ ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီများက အပြင်ထွက်ပြီး ပတ်ဝန်းကျင် ကျေးရွာများကို သွားရောက်ကာ ကျွဲနွားများ ခိုးယူနေကြသည့်အပေါ် ဒေသခံများက သံသယဖြစ်နေကြ သည်ဟု သိရှိရသည်။ NARINJARA

Posted on 6:30 PM
Thursday, July 18, 2013
ဗလီမှကြားရသော အသံများ၏ အဓိပ္ပါယ်အစစ်အမှန် ” “ ဗလီမှကြားရသော အသံများ၏ အဓိပ္ပါယ်အစစ်အမှန် ” မြန်မာနိုင်ငံနေရာ အနှံ့အပြားရှိ မွတ်စလင်ကုလားဗလီများမှ လော်စပီကာများဖြင့်အော်လေ့ရှိသော အရာများ၏ အဓိပ္ပါယ်အစစ်အမှန် *ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်ရေးအသင်း*
Posted on 5:13 PM
Newmoon Day Follow · July 11 at 6:40am near Yangon, Myanmar · ဗုဒ္ဓဘာသာဝင် (8) သန်းကျော်ကျဆုံးခဲ့တဲံ့ဂျိဟာဒ်စစ်ပွဲ ၃မိနစ်နဲ ၄၄ စက္ကန့် သာကြာမြင့်သော ယခုဗီဒီယိုဖိုင်သည် ကလေးသူငယ်များ ၊ အမျိုးသမီးများ ၊ နှလုံးအားနည်းသူများနှင့် သက်ကြီးရွယ်အိုများကြည့်ရူရန်မသင့်ပါ ဤ ဗီဒီယိုဖိုင်သည် 1965 တွင် အင်ဒိုနီးရှားနိုင်ငံမှာ ဂျိဟာဒ်စစ်ပွဲဆင်နွဲ ခဲ့ လို ဗုဒ္ဓဘာသာဝင် ၈ သန်းကျော်ကျဆုံးခဲ့ ခြင်းရဲ့  မှတ်တမ်း အပိုင်းအစတစ်ခုဖြစ်ပါတယ် ပြသနာတွေဖြစ်အောင် ဖွနေခြင်းမဟုတ်ပါ အစ္စလာမ်ဘာသာဝင်တွေ ရဲ့ ရက်စက်ယုတ်မာပုံကို သိရှိစေလိုသော စေတနာအရင်းခံတစ်ခုတည်းသာဖြစ်ပါသည် အမျိုးစောင်ဥပဒေကို ဝေဖန်နေသော ၊ ကန့် ကွက်နေသော လက်တစ်စုပ်စာလူတစ်စုကိုလည်းကြည့်စေချင်ပါသည် ယခုအခါမှာ ဗုဒ္ဓဘာသာဝင်တွေကို နှစ်ခြမ်းကွဲအောင် အစ္စလာမ်ဘာသာဝင်တွေက နိုင်ငံရေးနည်းလမ်းနဲ့ လုပ်ဆောင်နေတာကိုလဲ ကျွှန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ သတိထားပါလို့ တိုက်တွန်းပါရစေနော် သူတို့ ကပဲတိုင်းပြည်ကိုချစ်သလိုလို ဒီမိုကရေစီလိုလားသလိုလို နဲ့  မိတ်ဆွေတို့ တော့ မသိဘူး ကျွှန်တော်ဖြင့်လုံးဝ အယုံအကြည်မရှိဘူး အယုံအကြည်မရှိလို့ လဲ ***သိုးရေခြုံသောဝံပုလွေ (၀ါ) အစ္စလာမ်ဘာသာဝင်တွေရဲ့  နိုင်ငံရေးခံယူချက်ကိုဆန်းစစ်ခြင်း ***(https://www.facebook.com/photo.php?fbid=179434318894081&set=a.135573123280201.1073741827.100004825418212&type=1&theater )ဆိုတဲ့ ခေါင်းစဉ်နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့  နိုင်ငံရေးယုံကြည်ချက်ကို မေးခွန်းထုတ်ခဲ့ ပါပြီ __________________
Posted on 4:57 PM
ဘင်္ဂလီများကို နိုင်ငံသားပေးရန် ဘန်ကီမွန်းတောင်းဆိုချက် ရခိုင်ပါတီများလက်မခံ
ရခိုင်ပြည်အတွင်းသို့ တစ်ဖက်နိုင်ငံမှ
ခိုးဝင်ရောက်ရှိလာသော ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံသားအဖြစ် လက်ခံရန်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင်လ ၁၀ ရက်နေ့တွင်
ထုတ်ပြန်လိုက်သော်လည်း လက်ခံနိုင်စရာမရှိဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား
ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိသူများကိုသာ နိုင်ငံသားပေးမည်ဖြစ်ကြောင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ(RNDP)တို့မှ တာဝန်ရှိသူများက ပြောကြားသည်။
ဘင်္ဂလီလူမျိုးများကို မြန်မာနိုင်ငံသားအဖြစ်
အစိုးရမှ တရားဝင်သတ်မှတ်ပေးရေး အပါအ၀င် လူနည်းစုများ၏
နစ်နာဆုံးရှုံးမှုများကို တရားဝင်ဖြစ်စေဖို့နှင့် အာဏာပိုင်များဖက်မှ
လိုအပ်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးဖို့ အရေးကြီးကြောင်း
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှာ ၁၉၈၂ ခု နိုင်ငံသား
ဥပဒေရှိပြီး ၄င်းဥပဒေအရ ၁၈၂၄ ခု မတိုင်ခင် တည်ရှိခဲ့သော
တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံမှာ
တိုင်းရင်းသားလူမျိုးများဖြစ်ပြီး ယင်းလူမျိုးများနှင့်
လူမျိုးစုအနွယ်များက အလိုအလျောက် မြန်မာနိုင်ငံ၏ တိုင်းရင်းသား၊ နိုင်ငံသား
ဖြစ်ခွင့်ရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်ပြည်၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ဆက်နေသည့်အတွက်ကြောင့် ယင်းနိုင်ငံထဲက
ခေတ်အဆက်ဆက် နည်းမျိုးစုံနှင့် ဝင်လာသော နိုင်ငံခြားသားများရှိကာ သူတို့ကို
၁၉၈၂ ခု နိုင်ငံသား ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ ဆုံးဖြတ်မယ်ဆိုပါက
ဥပဒေနှင့်ကိုင်ပြီးမှ နိုင်ငံသား ပေးခွင့်ရှိကြောင်း၊ အလိုအလျောက်
နိုင်ငံသားပေးခွင့်မရှိကြောင်းကို ALD ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
" ဒီကနေ့ ၁၉၈၂ ခု နိုင်ငံသားဖြစ်မှု
ဥပဒေဟာ တည်ဆဲဥပဒေ ဖြစ်တဲ့အတွက်ကြောင့် တခြားမည်သည့် လူမျိုးပဲဖြစ်ဖြစ်
လက်ရှိတိုင်းရင်းသားများဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊
ရခိုင်၊ ရှမ်းစတဲ့ လူမျိုးကြီး (၈)မျိုးနဲ့ ပတ်သက်တဲ့ မျိုးနွယ်စုတွေကတော့
တိုင်းရင်းသားလူမျိုးဖြစ်ပြီးတော့ အလိုအလျောက်
နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။ ကျန်တဲ့လူမျိုးတွေကတော့ ၈၂ ခု နိုင်ငံသား
ဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့ညီရင် နိုင်ငံသားဖြစ်မယ်။ မညီရင် နိုင်ငံသား
မဖြစ်ပါဘူး။ အဲဒီတော့ နည်းမျိုးစုံနဲ့ ခိုးဝင်လာလို့ရှိရင်တော့
နှစ်ပေါင်းဘယ်လောက်ပဲကြာကြာ နိုင်ငံသား ဖြစ်ခွင့်မရှိပါဘူး။ သူတို့ကိုတော့
ဒုက္ခသည်စခန်းမှာဖြစ်ဖြစ်၊ UNHCR လိုမျိုး အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ တတိယနိုင်ငံသို့ ပို့ရင်ပို့ရပါမယ်။ " ဟု ဥက္ကဌက ဆိုသည်။
ယခုလို ဘန်ကီမွန်း၏ ပြောဆိုချက်သည်
ရခိုင်ပြည်၏ အရှိတရားအပေါ် လုံးဝနားမလည်ဘဲ လက်လွှတ်စပယ် ပြောဆိုရာရောက်ပြီး
သူ့တောင်းဆိုမှုသည် OIC အစည်းဝေးပြီး နောက်ပိုင်းမှာ ထွက်ပေါ်လာသည့်အတွက် OIC
၏ နောက်ဆက်တွဲ ဂယက်နှင့် ၄င်းနောက်ကွယ်မှာ မမြင်နိုင်သော
ရိုတ်ခတ်မှုရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ
အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက နိရဉ္စရာ၏ မေးမြန်းခြင်းတစ်ခုတွင်
ဖြေကြားထားသည်။
" ဒီလို မြန်မာနိုင်ငံနဲ့
ရခိုင်ဒေသရဲ့ အခြေအနေမှန်တွေကို တစ်စုံတစ်ရာ နားမလည်ဘဲနဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးတစ်ဦးက ခုလိုတောင်းဆိုတဲ့ အပေါ်မှာ လုံးဝလက်မခံနိုင်ဘူး။ " ဟု သူကဆိုသည်။
မြန်မာနိုင်ငံသည် လွတ်လပ်သော
အချုပ်အချာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် မည်သူမဆို
လေးစားလိုက်နာရန် လိုကြောင်းနှင့် ပုံစံမျိုးစုံဖြင့် အကြောင်းပြ
ဖိအားပေးတောင်းဆိုနေမှု အပေါ်မှာလည်း စိတ်ပျက်မိကြောင်း ဦးလှစောက ဆက်ပြောသည်။
ဘယ်လို ပုံစံမျိုးနှင့် ဘယ်လောက်ပဲ
ဖိအားပေးပေး၊ တခြားနိုင်ငံ ကုလသမဂ္ဂပဲဖြစ်ဖြစ် မြန်မာနိုင်ငံ၏
ပြည်တွင်းရေးကို ဝင်စွက်ဖက်လို့တော့ မရကြောင်းနှင့်
မြန်မာနိုင်ငံမှာရှိသည့် တည်ဆဲဥပဒေအရပဲ ဆောင်ရွက်ရမှာဖြစ်ကြောင်း ALD ဥက္ကဌ
ဦးအေးသာအောင်ကလည်း ဆိုထားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းက
ဘင်္ဂလီများကို နိုင်ငံသားဖြစ်ခွင့် အပါအဝင် လူနည်းစု၏ နစ်နာချက်များကို
တရားဝင်ဖြစ်စေဖို့ အာဏာပိုင်များက လိုအပ်သည့်လုပ်ဆောင်မှုများရှိဖို့
အရေးကြီးသည်ဟု ကုလသမဂ္ဂ ကြေညာချက် ထုတ်ပြန်တောင်းဆိုခြင်းကို မြန်မာအစိုးရက
လက်ခံနိုင်စရာအကြောင်းမရှိဟုဆိုကာ ပယ်ချလိုက်သည်။
ပြည်ပက သုံးနှုန်းနေသည့် ရိုဟင်ဂျာ
တိုင်းရင်းသား၊ မျိုးနွယ်စုဆိုသော အသုံးအနှုန်းမှာ မြန်မာနိုင်ငံမှာ
သုံးနှုန်းခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူးလာသူများဖြစ်သောကြောင့်
ဘင်္ဂါလီဟုသာ သုံးစွဲကြောင်းနှင့် သူတို့၏နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ၁၉၈၂
ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ ထိပ်တန်း အစိုးရအရာရှိကြီး တစ်ဦးဖြစ်သူ ဦးရဲထွဋ်က
ပြောသည်ဟု The Voice မှာ ဖေါ်ပြထားသည်။ ARAKANTIMES
Posted on 4:45 PM
တောင်ကုတ် မူဆလင် ၁၀ ဦး အသတ်ခံရမူနှင့် ဆက်စပ်ပြီး လူ ၆ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား
သတင်း — July 18, 2013 at 12:49 pm
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ရခိုင်အမျိုးသား ၆ ဦးကို ဇူလိုင်လ ၁၇ ရက်နေ့ ညဥ့်အချိန်တွင် အာဏာ ပိုင်များမှ ဖမ်းဆီးပြီး သံတွဲ အကျဉ်းထောင်ကို ခေါ်ဆောင်သွားကြောင်း သတင်း ရရှိသည်။
ဖမ်းဆီးခံရသူ ၆ ဦးမှာ ကိုသိန်းမောင်ခေါ် ထွန်းနိုင် (ဘ) ဦးဝေထွန်းစိန်၊ ကိုဝင်းနိုင်ခေါ် မောင်ပု၊ ကိုသိန်းရွှေမောင် (ဘ) ဦးထွန်းအောင်ကျော်၊ ဦးထွန်းကျော် (ဘ) ဦးကျော်ထွီး၊ ပေါက် ဆိန်ခေါ် ထွန်းမြင့်နှင့် ဦးထွန်းဝင်းတို့ ဖြစ်ကြောင်း တောင်ကုတ်မြို့မှ ဦးတင်သိန်းအောင်က အတည်ပြု ပြောသည်။
ယခုကဲ့သို့ သူတို့ ၆ ဦးကို အာဏာပိုင်များမှ ဖမ်းဆီးခြင်းမှာ ၂၀၁၂ ခုနှစ် ဇွန်လ ပထမ အပတ် အတွင်းက မူဆလင် ၁၀ ဦး တောင်ကုတ်မြို့တွင် အသတ်ခံရသည့် အမှုနှင့် ဆက်စပ်နေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဦးတင်သိန်းအောင်က ယခုကဲ့သို့ ပြောသည်။
“ သူတို့ကို မနေ့ည ၁၁ နာရီခန့်မှာ ဖမ်းသွားတယ်ဆိုတာကို ကျွန်တော်တို့ဒီနေ့ မနက်ကမှ သိပါတယ်။ ကျွန်တော်တို့ သိရသလောက်က ရိုးမသစ္စာကားမှာ ပါလာတဲ့ မူဆလင် ၁၀ ဦးကို သတ်တဲ့ကိစ္စနဲ့ ဖမ်းတယ် လို့ဘဲ ကျွန်တော်တို့ သိရတယ်။”
သူတို့ ၆ ဦးကို ဖမ်းဆီးပြီးသည်နှင့်ချက်ချင်း သံတွဲအကျဉ်းထောင်သို့ ယူဆောင်သွားကြောင်း သူက ဆိုသည်။
ယခုကဲ့သို့ ရခိုင်အမျိုးသား ၆ ဦးဖမ်းဆီးခံရမှုနှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိနိုင်ရန် တောင်ကုတ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ကျဒုရဲအုပ် တစ်ဦး ဖုံးကိုင်ပြီး တစုံတရာ ပြန်လည် ဖြေကြားခြင်းမရှိဘဲ ဖုံးချသွားခဲ့သည်။
ယခုအခါ တောင်ကုတ်မြို့တွင် လုံခြုံရေးကို တိုးချထားကြောင်းလည်း ဦးတင်သိန်းအောင်က ပြောသည်။
“ အခုတော့ မြို့မှာ လုံခြုံရေးတိုးချထားပါတယ်။ ဘုရားမှာလည်းရှိတယ်။ မြို့တော်ခန်းမမှာလည်း လုံခြုံရေးအင်အား ၂၀ ခန့်ရှိတယ်။ ကျွန်တော်တို့ အာဇာနည်နေ့ကျင်းပဖို့ စီစဉ်နေတာနဲ့ ချတာလား၊ သူတို့ ၆ ဦးကိစ္စနဲ့ ချတာလား ဆိုတာတော့မသိဘူး” ဟု ဆိုသည်။
၂၀၁၂ ခုနှစ်က မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် သပြေချောင်းကျေးရွာသူ မသီတာထွေးကို မူဆလင် လူငယ် ၃ ဦးက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးနောက် ဇွန်လ ၃ ရက်နေ့တွင် သံတွဲမြို့မှ လာသည့် ရိုးမသစ္စာကားကို တောင်ကုတ်တွင် လူအုပ်ကြီး တစ်ခုက တိုက်ခိုက်ရာ ကားပေါ်တွင် ပါလာသူ မူဆလင် ၁၀ ဦး သေဆုံးခဲ့သည်။ NARINJARA
Posted on 4:32 PM
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဂျာမတ် ပါတီ အတွင်းရေးမှူးကို သေဒဏ်ချမှတ်
သတင်း — July 18, 2013 at 11:27 pm
သူဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လွတ်လပ်ရေး တိုက်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပေါင်းပြီး လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ ရာဇ၀တ်မူတွေကို ကျူးလွန်ခဲ့သူ ဖြစ်တယ်ဆိုပြီး ခုလို တရားရုံးက သေဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
သေဒဏ် ချမှတ်ခံရတဲ့ အာလီအာစန် မူဟာမတ် မူဂျာဟစ်ဟာ အသက် ၆၅ နှစ် ရှိပြီး လက်ရှိ အချိန်မှာ ဂျာမတ် အီး အစ္စလာမ်မီယာပါတီရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၁၇ ရက် မနေ့က နိုင်ငံတကာ တရားရုံးခုံရုံး အမှတ် (၂) က ဂျာမတ်ခေါင်းဆောင် မူဂျာဟစ်ရဲ့ အမူကို ဆုံးဖြတ်ရာမှာ တရားစွဲဆိုခံရတဲ့ အမူ ၇ ခုထဲမှ ၅ ခုကို ကျူးလွန်ခဲ့တယ်ဆိုပြီး သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ခုလို သေဒဏ်ချမှတ်မူနဲ့ ပတ်သက်ပြီး သူ့ကို ထောက်ခံသူတွေက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီး လမ်းပေါ်ထွက် ဆန္ဒပြမူတွေ ပြုလုပ်ခဲ့တဲ့ အတွက် နိုင်ငံ အ၀န်းမှာ အကြမ်းဖက်မူတွေ ပေါ်ပေါက်ခဲ့သလို ကားတွေ၊ ဈေးဆိုင်တွေ အများအပြားလည်း မီးရှို့ခံခဲ့ရပါတယ်။
လက်ရှိ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်နဲ့ သူတို့ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကနေ ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုနေသူတွေကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး ကောင်းချီးသြဘာ ပေးလိုက်ကြပါတယ်။
ခုလို သေဒဏ်ချမှတ်လိုက်တဲ့ အပေါ်မှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ( Amnesty International) ကတော့ တရားရုံးက သေဒဏ်ပေးတဲ့ အပေါ် ရှုတ်ချလိုက်ပြီး ခုလို သေဒဏ် ပေးတာဟာ နိုင်ငံတာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီး ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကနေ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲ အတွင်း လူသားဆိုင်ရာ ရာဇ၀တ်ပြစ်မူ ကျူးလွန်သူတွေ အပေါ် တစ်ယောက်ပြီး တစ်ယောက် ပြစ်ဒဏ်တွေ စီရင်ချက်ချနေရာမှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ဂျာမတ် အီး အစ္စလာမ်မီယာ ပါတီ ထိပ်တန်း အကြီးအကဲ ဂေါ်လာအာဇန်ကို နှစ်ပေါင်း (၉၀) ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ သူဟာ အခုအခါ အသက် ၉၁ နှစ်ရှိပြီ ဖြစ်တဲ့ အတွက် လျှော့ပေါ့ သက်ညှာတဲ့ အနေနဲ့ ခုလို ထောင်ဒဏ် နှစ်ပေါင်း (၉၀) ပြစ်ဒဏ်ပေးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပူးပေါင်းပြီး လူသားမျိုးနွယ်ဆိုင်ရာ ရာဇ၀တ်မူ ကျူးလွန်သူတွေလို့ စွပ်စွဲခံထားရတဲ့ သူတွေကို ဖေါ်ထုတ် တရားစွဲဆိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးနေတဲ့ အတွက် နိုင်ငံအတွင်းမှာ မတည်ငြိမ်မူတွေလည်း ဖြစ်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ တနင်္ဂနွေ (ဇူလိုင်လ ၁၄ ရက်နေ့ကစပြီး) တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင် ကန့်ကွက်နေတဲ့ ဂျာမတ်ပါတီက သပိတ်တိုက်ပွဲ ဆက်တိုက် ဆင်နွဲနေတဲ့ အတွက် တစ်နိုင်ငံလုံးမှာ ကားအသွားအလာတွေ ရပ်နေပြီး ဈေးဆိုင်တွေ၊ အလုပ်ရုံတွေ၊ စာသင်ကျောင်းတွေကိုလည်း အခု အချိန်ထိ ပိတ်ထားရပါတယ်။
နိုင်ငံတကာ ရာဇ၀တ်မူ ခုံရုံးက ဆုံးဖြတ်တဲ့ အပေါ်မှာ ထောက်ခံသူတွေနဲ့ ဆန့်ကျင်ကန့်ကွက် သူတွေ အကြားမှာလည်း တစ်ဘက်နဲ့ တစ်ဘက် တင်းမာမူတွေ ကြီးထွားလာပြီး လမ်းပေါ်ထွက် တိုက်ခိုက်မူတွေလည်း ရှိနေတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့ သာမန် ပြည်သူတွေ အကြားမှာတော့ အခု အခြေအနေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်မူတွေ ရှိနေကြပါတယ်။ NARINJARA
Posted on 4:30 PM
Subscribe to:
Posts (Atom)