Sunday, April 28, 2013

အာရီဇိုးနား ပြည်နယ် ဖီလ်န့စ်မြို့  ၌ရခိုင်လူမျိုး တစ်ဦး ကားတိုက်သေဆုံး

Posted on 4:44 PM by tun tun

အာရီဇိုးနား ပြည်နယ် ဖီလ်န့စ်မြို့  ၌ရခိုင်လူမျိုး တစ်ဦး ကားတိုက်သေဆုံး

အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ် ဖီလ်နစ်မြို့  ၌ (၂၇)ရက်နေ့  ည တစ်နာရီ အချိန်တွင် ကားအက်ဆီးဒင့် ဖြစ်ပွါးရာ ရခိုင်လူမျိုးတစ်ဦး ပွဲချင်းပြီးသေဆုံပြီး ကချင်လူမျိုးတစ်ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိ ခဲ့သည်ဟုသိရပါသည်။ သေဆုံးသူ မှာ အဖ ဦးအောင်ကျော်ထွန်း အမိ ဒေါ်ဒါလှခိုင် တို့ ၏သား အာင်စိုး(ခေါ်) ကျော်ကြီး (၃၆)နှစ် ဇာတိအမှတ်(c)၄၇ ရွာကြီးလမ်း ဘောက်သီးစုရပ်ကွက် စစ်တွေမြို့  မှ ဖြစ်သည်။ ပြီးခဲသည်နှစ်က မလေးရှားနိုင်ငံ မှ အမေရိက သို့  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အစီအစဉ်ဖြင့် အခြေချ ရောက်ရှိလာသူဖြစ်ပါသည်။

အာရီဇိုးနာ ရခိုင်ကွန်မြူနတီ ဥက္ကဋ္ဌ ဦးခိုင်ကျော်ခိုင်ကို လေးဝတီမှ ဆက်သွယ်ရာမှာ " အောင် စိုးနှင့် ကချင်လေး( jata) ၊ဖြိုးမောင် ဆိုသူတို့ဟာ ညတစ်နာရီခန့် တွင် အကြောင်းကိစ္စ တစ်ခုကြောင်း အပြင်ထွက်ရာကနေ သူတို့မောင်းလာတဲ့ကား အက်ဆီးဒင့်ဖြစ်ပြီးသေဆုံးရတာပါ ဘယ်လို အက်ဆီးဒင့်ဖြစ် သေဆုံးတယ်ဆိုတာ ကို ပြောဖို့ ခက်ပါတယ် ရဲတွေနဲ့ တွေ့ မှ ဘဲ အသေးစိတ်ကို သိရမှာပါ အခုက ပါဝင်တဲ့ သုံးယောက်အထဲမှာ ကိုအောင်စိုး(ခေါ်) ကျော်ကြီး ကားဒရိုင်ဘာဖြစ်သူ ကိုဖြိုးမောင် နှင့် ကချင်လေး jata တို့ ဖြစ်ကြပါတယ် ဒရိုင်ဘာဖြစ်သူ ကို ဖြိုးမောင် အခုရဲစခန်း အချုပ်ထဲမှာပါ ကချင်လေး jata ဆေးရုံရောက်နေတယ် ဆိုတော ဖြစ်စဉ် သိရဖို့ ကျွန်တော်တို့ စုံစမ်းနေပါတယ် သေဆုံးသူ ကိုအောင်စိုး (ခေါ်)ကျော်ကြီး MARICOPACOUNTY ဆေးရုံမှာ သူအလောင်ကို စစ်ဆေးနေတယ် ဒီရောက်နေတဲလူတွေနဲ့ ပူးပေါင်းပြီး နာရေကိစ္စဆောင်ရွက်ဖို့ ကို ဘယ်ပုံဘယ်နည်းဆောင်ရွက်မလဲ ဆိုတာ ကျွန်တော်တို့ ကွန်မြူနတီ တွေ စုစည်းထားပါတယ် အမေရိကရောက် ရခိုင်လူမျိုးတွေ ဆွေမျိုးတော်စပ်သူတွေ ကို ဒီနေရာကနေ အသိပေးအပ်ပါတယ်" လို ဦးခိုင်ကျော်ခိုင်က ပြော ကြားသည်။ အောင်စိုး (ခေါ်)ကျော်ကြီး သေဆုံးအချိန်တွင် ဇနီးမယား မဌေးဌေး၊သမီးဝင်းသန္တာအောင် နှင့် သားဇော်ဝင်းနိုင်တို့  ကျန်ရစ်ခဲသည် ဟုသိရှိရပါသည်။
ကိုအောင်စိုး(ခေါ်) ကျော်ကြီး နာရေးကိစ္စ နှင့်ပတ်သတ်ပြီး သိလိုသည့် များကို ကိုကျော်ခိုင် နှင့် ကိုညီကြီးဆီ သို့ ဆက်သွယ်မေးမြန်းစုံနိုင်ပါသည်။

ဦးခိုင်ကျော်ခိုင် ဖုန်း(+16023496170)

ကိုညီကြီး ဖုန်း(+16024876462 )

စိုး လင်းထွန်းLaywaddy Arakan

No Response to "အာရီဇိုးနား ပြည်နယ် ဖီလ်န့စ်မြို့  ၌ရခိုင်လူမျိုး တစ်ဦး ကားတိုက်သေဆုံး"

Leave A Reply