Monday, April 29, 2013

ရဲမင်းဦး(သို့မဟုတ်) ရခိုင်ပြည်ကငုယင်ဗန်ထွိုင်း

Posted on 4:13 PM by tun tun


ရဲမင်းဦး(သို့မဟုတ်)
ရခိုင်ပြည်ကငုယင်ဗန်ထွိုင်း


လူပုံကနွဲ့နွဲ့ကလေး
အဲ့ဒီ နွဲ့နွဲ့ကလေးထဲမှာ
ရဲရင့်မှုတွေအပြည့်ထည့်သိပ်ထားတယ်
သူ့ယုံကြည်ချက်အတွက်
သူချစ်တဲ့တိုင်းပြည်အတွက်
သူမြတ်နိုးတဲ့သာသနာတော်
အတွက်
ညကြီးမှောင်မှောင်
လူယောင်ဆောင်ပြီး
လာခေါ်ကြသူတွေရဲ့ နောက်ကို
သိသိကြီး နဲ့
ကောက်ကောက်ပါအောင်
လိုက်သွားတယ်
မများလွန်းဘူးလားညီလေးရယ်
မင်းသိပ်ပင်ပန်းနေပြီကွယ်
နိုင်ငံရေးသမားဆိုတာ
ပင်ပန်းဆင်းရဲခံရတယ်....တဲ့
မင်းပြောခဲ့တဲ့စကား
ခုတော့
တာဝန်ပါယူပြသွားတာလား
ရုံးထုတ်လာစဉ်ခဏလေးတောင်မှ
ကိုယ့်ဘဝအတွက်မတွေးအားဘဲ
အပြင်ကရဲဘော်တွေ 
သတိထားနေကြဖို့
သတင်းစကားတွေပါးခဲ့သေးတယ်
နော်
ပိတောက်တွေပွင့်တော့မယ်
ညီလေး  ရေ
သံတိုင်တွေကြားက
တရားမျှတမှုရဲ့  ပုံရိပ်
ရိုးသားဖြူစင်ခြင်းရဲ့   နိမိတ်ပုံ
ရဲရင့်မှုရဲ့  ပြယုဂ်
ရခိုင်ပြည်ကငုယင်ဗန်ထွိုင်း
အရွယ်နှင့်မလိုက်အောင်
ထူထောင်နိုင်ခဲ့သော
သင့်သမိုင်းအား
ရင်လှိုင်းဖိုကြွ ရသအလင်္ကာ
ဤကဗျာဖြင့် 
သည်းလွှာဦးခိုက် ပူဇော်လိုက်သည်
မှောင်မိုက်တွင်းက
လွတ်စေသတည်း။       ။



အမျိုးသားရေးသစ္စာဖြင့်

တက္ကသိုလ်မင်းခန့်

(ရခိုင်တိုင်းရင်းသားကဗျာဆရာ)

ရဲမင်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု
ကဗျာ



လူပုံကနွဲ့နွဲ့ကလေး
အဲ့ဒီ နွဲ့နွဲ့ကလေးထဲမှာ
ရဲရင့်မှုတွေအပြည့်ထည့်သိပ်ထားတယ
သူ့ယုံကြည်ချက်အတွက်
သူချစ်တဲ့တိုင်းပြည်အတွက်
သူမြတ်နိုးတဲ့သာသနာတော်
အတွက်
ညကြီးမှောင်မှောင်
လူယောင်ဆောင်ပြီး
လာခေါ်ကြသူတွေရဲ့ နောက်ကို
သိသိကြီး နဲ့
ကောက်ကောက်ပါအောင်
လိုက်သွားတယ်
မများလွန်းဘူးလားညီလေးရယ်
မင်းသိပ်ပင်ပန်းနေပြီကွယ်
နိုင်ငံရေးသမားဆိုတာ
ပင်ပန်းဆင်းရဲခံရတယ်....တဲ့
မင်းပြောခဲ့တဲ့စကား
ခုတော့
တာဝန်ပါယူပြသွားတာလား
ရုံးထုတ်လာစဉ်ခဏလေးတောင်မှ
ကိုယ့်ဘဝအတွက်မတွေးအားဘဲ
အပြင်ကရဲဘော်တွေ
သတိထားနေကြဖို့
သတင်းစကားတွေပါးခဲ့သေးတယ်
နော်
ပိတောက်တွေပွင့်တော့မယ်
ညီလေး ရေ
သံတိုင်တွေကြားက
တရားမျှတမှုရဲ့ ပုံရိပ်
ရိုးသားဖြူစင်ခြင်းရဲ့ နိမိတ်ပုံ
ရဲရင့်မှုရဲ့ ပြယုဂ်
ရခိုင်ပြည်ကငုယင်ဗန်ထွိုင်း
အရွယ်နှင့်မလိုက်အောင်
ထူထောင်နိုင်ခဲ့သော
သင့်သမိုင်းအား
ရင်လှိုင်းဖိုကြွ ရသအလင်္ကာ
ဤကဗျာဖြင့်
သည်းလွှာဦးခိုက် ပူဇော်လိုက်သည်
မှောင်မိုက်တွင်းက
လွတ်စေသတည်း။ ။



အမျိုးသားရေးသစ္စာဖြင့်

တက္ကသိုလ်မင်းခန့်

(ရခိုင်တိုင်းရင်းသားကဗျာဆရာ)

ရဲမင်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု
ကဗျာ     FACEBOOK

No Response to "ရဲမင်းဦး(သို့မဟုတ်) ရခိုင်ပြည်ကငုယင်ဗန်ထွိုင်း"

Leave A Reply