Saturday, April 27, 2013

အကြမ်းဖက်တိုက်ခိုက်မှု ကာကွယ်ရေး

အကြမ်းဖက်တိုက်ခိုက်မှု ကာကွယ်ရေး

အခုဆိုလျှင် ကျနော် တို့ မြန်မာ နိုင်ငံဟာ အကြမ်းဖက်သမားများရဲ့ ရန်ကို အန္ဒိယနိုင်ငံ က သတိပေးရ တဲ့ အခြေနေတောင် ရောက်နေပါပြီ

ကျနော် တို့ ဟာ အကြမ်းဖက် တိုက်ခိုက်မှု အတော်များများကိုလေ့လာ ခဲ့ပါတယ်။ အမေရိကန် နယူးယောက်မြို့ ၉/၁၁ တိုက်ခိုက်မှု (၂၀၀၁) ၊ လန်ဒန် မြေအောက်ရထား တိုက်ခိုက်မှု (၂၀၀၅)၊ အန္ဒိယ မွန်ဘိုင်းမြို့ တိုက်ခိုက်မှု (၂၀၀၈)
များအရ အကြမ်းဖက် တိုက်ခိုက်သူ များဟာ တွေ့ရာ ခလေး ၊ လူကြီး ၊ ယောက်ျား၊ မိန်းမ မရွေး အညှာအတာ ကင်းမဲ့စွာ ရက်ရက်စက်စက် သတ်ဖြတ် ခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ အန္ဒိယ မွန်ဘိုင်းမြို့ တိုက်ခိုက်မှု ပါ။ အခုအချိန်အထိ အကြမ်းဖက် တိုက်ခိုက်မှု သမိုင်းမှာ အကြမ်းဖက်သမားများလက် မှ အသက်ရှင်လျက် လွတ်မြောက်လာသူ တစ်ယောက် မှ မရှိခဲ့ပါဘူး။

အကြမ်းဖက်တိုက်ခိုက်မှု ကာကွယ်ရေး အတွက်သိရှိရန်

(၁) အသွားအလာ သတိရှိပါ။

(၂) လူစည်းကားရာ နေရာများတွင် မင်္သကာဖွယ်ရာ အထုတ်များ ၊ ပစ္စည်းများကို စွန့်ပြစ်ခဲ့လျှင် ၁၉၉ ကို ချက်ချင်း အကြောင်းကြားပါ။ လုံးဝ မကိုင်ပါနှင့်။

(၃) အထုတ်အပိုးများနှင့် မင်္သကာဖွယ်ရာ လူမျိုးခြား ၃ ယောက် ကျော်ထက် တွေ့ရှိပါက ချက်ချင်း အကြောင်းကြားပါ။

(၄) အကြမ်းဖက်သမားများ သည် တွေ့ရာ ခလေး ၊ လူကြီး ၊ ယောက်ျား၊ မိန်းမ မရွေး ကို အချိန်တိုအတွင်းမှာ အကြောင်းမရှိ
သတ်ဖြတ် သောကြောင့် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု နှင့် ကြုံတွေ့ရပါ က လုံခြုံရေးဝန်ထမ်းများ မရောက်သေးခင်
ယောက်ျားများ မိမိ ၏ မိသားစု ကို ကာကွယ်ရန် တညီတညွတ် တည်း ရရာလက်နက် ဖြင့် အသေခံ ပြန်လည် ခုခံတိုက်ခိုက်ပါ။

(၅) အကြမ်းဖက်သမားများလက်မှ အသက်ရှင်လျက် ပြန်လည် လွတ်မြောက်ရန် နည်းလမ်းမှာ အသေခံ ပြန်လည် တိုက်ခိုက်ရန်
မှ တစ်ပါး အခြားနည်းလမ်း မရှိပါ။

ဒီနေရာမှာ United Airlines Flight 93 လေယာဉ် အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ ၉/၁၁ ဖြစ်စဉ်မှာ အဲဒီ လေယာဉ်ဟာ အကြမ်းဖက်သမားများရဲ့ လက်ကို ကျရောက်ခဲ့ပါ။ အကြမ်းဖက်သမားများဟာ အဲဒီ လေယာဉ် ကို အပိုင်းစီးပြီး ဝါရှင်တန်ဒီစီ မှာ ရှိတဲ့ အမေရိကန် သမ္မတ ရဲ့ အိမ်ဖြူတော် ကို ဦးတည် မောင်းနှင် ခဲ့ပါတယ်။ အကြမ်းဖက်သမားများရဲ့ ရည်ရွယ်ချက်ဟာ အိမ်ဖြူတော် ကို အဲဒီ လေယာဉ်နဲ့ ဝင်တိုက်ဖို့ ပါ။ အဲဒီ အချိန်မှာ လေယာဉ် ပေါ်မှာ ရှိတဲ့ လူတွေ အကုန်လုံးက နယူးယောက်မြို့ ကမ္ဘာကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်ခံရတဲ့ အကြောင်းကို သိရှိသွားပြီး အားလုံး ဟာ မိမိတို့ အားလုံး သေလူအဖြစ် သတ်မှတ်ကာ အကြမ်းဖက်သမားများ ကို သူသေကိုယ်သေ ပြန်လည် တိုက်ခိုက်ကြပါတယ်။ အကြမ်းဖက်သမားများရဲ့ ရည်ရွယ်ချက်ကို ကိုယ့်အသက်နဲ့ လဲပြီး ဖျက်စီးခဲ့ကြပါတယ်။ ရလာဒ် အနေနဲ့ကတော့ United Airlines Flight 93 ဟာ ပင်ဆဲဗေးနီးယား မှာရှိတဲ့ လယ်ကွင်းတစ်ခုမှာ ပျက်ကျခဲ့ပါတယ်။ အမေရိကန် အစိုးရ က United Airlines Flight 93 မှာ ပါဝင်တဲ့ သူတွေ အားလုံးကို သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ အကြမ်းဖက်သမားများကို အောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ဖြစ်ရပ်တစ်ခုပါ။

မြန်မာ ယောက်ျား တွေလည်း သွေးမနည်းဘူး ဆိုတာ ကမ္ဘာ က သိအောင် ပြနိုင်ဖို့လိုပါတယ်။
—MyanmarTodayNews

ညှာစိမ်းခိုင်ဆိုထားရယ် “သမိုင်းပီးတာဝန်”ဆိုရယ်တေးခြင်းကိုအားပီးလိုက်ကတ်ပါကျွန်တော်တော့ဒေတေးခြင်းကိုနားထောင်ကြက်သီးထရယ်

Friday, April 26, 2013

အကွက်ကျကျ လိမ်လည်တတ်မူသည် ကုလားငွေဖြင့် လည်ပတ်သော ပြည်ပသတင်းဌါနကြောင်းဖြစ်သည်။ အမှန်တရားကိုတောင် မသိနိုင်လောက်အောင် ငွေမက်သော သတင်းဌါနများမှာ လမ်းဘေး ဖာသည်မ လောက်တောင် အဆင့်တန်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။

= = = ရခိုင်ပြည်(သို့) ရွှေတူးရာမြေ အပိုင်း-၁ = = =

Lum Tayza

ဥတုရာသီ တောကိုမှီ၏။ လူနှင့်သက်ရှိ သတ္တ၀ါအပေါင်းတို့၏ အသက်ရှင် ရပ်တည်ရေးသည်လည်း ရာသီဥတုကို မှီခိုအား ထားနေရသည်မှာ လောကသဘာဝပင် ဖြစ်သည်။ တောတောင်ကိုမှီ၍ မြစ်ချောင်းတို့ ဖြစ်ပေါ်လာရ၏။ မြစ်ချောင်းတို့နုန်းမြေပို့ချမှုကြောင့် ရပ်ရွာတို့ရိက္ခာဖြည့်တင်းရန် လယ်ယာကိုင်းကျွန်းတို့ ၀ပြောလာရ၏။ ရှာဖွေစားသောက်ရောင်းချရန် သားငါးပုဇွန်တို့ ပေါများ လာရ၏။ သဘာဝသည် လောကအား သူ့နေရာနှင့်သူ သဟဇာတကျစေရန်အလို့ငှာ ဖန်တီးထားလျှက် တည်ရှိနေလေသည်။

ယနေ့ခေတ် အခါသမယတွင် လူတို့၏ အလိုဆန္ဒကား သဘာဝကိုဖီလာဆန့်ကျင်ပြုလျှက်၊ တစ်ဖက်၌ သောင်ထွန်းရန်အတွက် တဖက်တွင် ကမ်းကိုဖြိုကြသည်။ ရေတိုအကျိုးအတွက် ရေရှည်အဖို့ကို မျက်ကွယ်ပြုကြသည်။ ဘယ်သူသေသေ၊ ငတေကတော့ ကျန်းမာချမ်းသာလျှက် ရှိနေသည်။

ရွှေလက်တစ်ဆုပ်စာအတွက် တောတောင်တို့ပျက်စီးခြင်းသို့ ဆိုက်ရောက်ရသည်။ မြစ်ချောင်းတို့ တိမ်ကောခြင်းဖြစ်ကြရသည်။ တိရိစ္ဆာန်တို့ ဒု ဗ္ဘိဂန္ဓရ ကပ်သို့ ဆိုက်ရောက်ကြရသည်။

တောတောင်မြစ်ချောင်းတို့အား မှီခိုနေရသည့် ရပ်ရွာတို့သည်လည်း ရောကန္တရကပ်ဘေးသို့ မချိမဆန့် ကျရောက်သွားရသည်။

တောပြုန်းသောအခါ လေလုံးဝင်တော့သည်။ ခုခံစရာအပင်မရှိ၍ အိမ်ခြေတို့အမြစ်ကကျွတ်လေ၏။ ပြန်ဆောက်စရာ သစ်ဝါးက နထ္ထိ။ စီမံကိန်းတို့သည် လာဒ်ပေးလာဒ်ယူနှင့် အဂတိလိုက်စားခြင်းတည်းဟူသော အသွားထက်သည့် ပေါက်ချွန်း၊ပေါက်တူးတို့ ဖြင့် တောရိုင်းမြေနှင့် လူနေရပ်ရွာအနီးတ၀ိုက်ရှိ လယ်မြေကိုင်းကျွန်းတို့ကို အပိုင်စီးလျှက် တူးဆွလျှက်ရှိသည်။ အာဏာတည်း ဟူသော ဘူဒိုဇာဖြင့် သစ်တောများ၊ ကျေးရွာများ ကို အပြောင်ရှင်း၍ တလင်းဖြစ်အောင် ဖန်တီးနေလေ၏။

အိန္ဒိယဖြစ်၊ တရုတ်ဖြစ် မြေတူးမြေကော်စက် အပေါင်းတို့သည် မြစ်ချောင်းများရှိ သဲများကို ကော်ယူ၍ ရလာသည့်မြေသား ကို မြစ်ရေဖြင့်ပြန်မျှော၊ ထွက်လာသည့်ရွှေကို ပြဒါးဖြင့်ဖမ်း၊ မလိုအပ်သည်တို့ကို စွန့်ပစ်၊ လမ်းတလျှောက်စီးသွားသည့် မြေဇာ ရွံ့နှစ်တို့က မြစ်ထဲသို့ပြန်လည် ရောက်ရှိသည့်အခါ နောက်ကျိသည့်ရေပြင်ဝယ် ပြဒါးဆိပ်၊ခဲဆိပ်တို့ရောနှောလျှက် ရေကိုအမှီပြု ကြကုန်သည့် ကုန်းနေရေနေ သတ္တ၀ါအပေါင်းတို့ ပျက်စီးခြင်းသို့ ရောက်ကုန်၏။ တပြည်သားများကား အစာဝရုံတင်မက ရသမျှ ထုတ်ပိုး၍ အိမ်ပြန်လှကြပေလိမ့်မည်။ ဒေသခံတို့၏ ကမ္ဘာကား နွေလယ်ကန္တာရ သဲပြင်ပေါ်တွင် အရှင်လတ်လတ် နေလှမ်းခံရ သည့် ငါးသတ္တ၀ါကဲ့သို့ ကျန်နေခဲ့ရပေလိမ့်မည်ဖြစ်သည်။

အမိမြေသည် မှီတင်းနေထိုင်ကြကုန်သည့် သားသမီးများအတွက် အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးစလုံးတွင် မတောင့်မ တ မကြောင့်မကြ ရပ်တည်စေရန်အလို့ငှာ သယံဇာတဟင်းလျှာကို ဥတုရာသီမရွေး ချက်ပြုတ်ကျွေးလျှက်ရှိသည်။ သို့သော် မျှတစွာခွဲဝေပေးရန်ကား သူ့တွင် အာဏာမရှိချေ။ တချို့သောသူများသည် အမြီးကျက်လျှင်အမြီးစား၊ ခေါင်းကျက်လျှင်ခေါင်း စား၊ ၀ါးပြီးထွေးထုတ်၊ ပိုလျှင် ဆွေစဉ်မျိုးဆက်စားနိုင်စေရန် လစ်လျှင်လစ်သလို ပါဆယ်ထုတ်လျှက် ရှိကြသည်။ မလစ်လျှင် လည်း မည်သူ့ကိုမျှ ဂရုမစိုက်ပဲ ကြောင်တောင်နှိုက်စားကြကုန်၏။

အရိုးအရင်းတို့သည်ကား မြေကြီးတွင်ပြန့်ကျဲလျှက်၊ ဆာလောင် မွတ်သိပ်သော မျက်လုံးသန်းပေါင်းစွာကို လှောင်ပြောင်လျှက် ရှိနေသည်။ နိုင်ငံတော်ကား အကြွေးနွံဝယ် ဇောက်ထိုးနစ်လျှက်ပင်။

ပြီးခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း မြန်မာပြည်ကို စိုးစံအုပ်ချုပ်တော်မူသည့် ဆင်ဖြူမရှင် ကြက်ဆူဒါယကာ မင်းတရားကြီး သည် သူ၏ ဘုန်းတန်ခိုးအာနုဘော်အရ တင်ရှိနေသည့် ကြွေးတော်မြီတော်အပေါင်းတို့အား ဖြေရှင်းရန် အလို့ငှာ ရေမြေသ နင်းပြည့်ရှင်မင်းပီပီ ပိုင်ဆိုင်သည့် ရေ၊မြေတို့ကို မြီရှင်စိန တိုင်းသားများနှင့် မဇ္ဈိမတိုင်းသားတို့အား လက်ညှိုးထိုးအပ်ကာ စိတ် သဘောရှိ လိုသည့်အတိုင်း စီမံခွင့်ပေးရာ တစ်ချိန်တစ်ခါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် စံပြကြက်ဆူပင် စီမံကိန်းနှင့် နေ ပူတောင်မှလွဲ၍ တခြားကြီးမားသော စီမံကိန်းများနှင့် လားလားမျှ မသက်ဆိုင်ဖူးသည့် ရခိုင်ပြည်တွင် ဧရာမစီမံကိန်းများစွာ တို့ ဖြစ်ထွန်းပေါ်ပေါက် လာလေတော့သည်။

ရခိုင်ပြည်နှင့် ချင်းပြည်နယ်သည် မြန်မာနိုင်ငံကို အစဉ်အဆက်အုပ်စိုးခဲ့ကြသည့် အစိုးရမင်းများအတွက် စီးပွားရေးအရ စိတ်ဝင် စားစရာ နည်းပါးလှသည့် ဒေသတစ်ခုဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလနှင့် ယခုအချိန်ထိ ရခိုင်ပြည်တွင် ပေါ များသော အရာများမှာ အလုပ်လက်မဲ့များ၊ ရှေးဟောင်းစေတီပုထိုး အပျက်အစီးများနှင့် ဘင်္ဂလီများသာဖြစ်သည်။ ဆန်ရေစပါး၊ သားငါးပုဇွန်စသည်တို့ ထွက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ဆိုးရွားနိမ့်ကျသဖြင့် သူ့ရွာသူ့ဇာတ် အရပ်ဖူလုံရုံလောက် သာ ထုတ်လုပ်နိုင်ခဲ့သည်။ ခရီးသွားလုပ်ငန်းအတွက် ငပလီကမ်းခြေမှလွဲလျှင် နေရာအများစုမှာ ရခိုင်ရိုးမကို အသက်နှင့်ရင်း ၍ ဖြတ်သန်းရသည့်အတွက် ပြည်မသားများ အလည်အပတ်လာခဲသော အရပ်ဒေသတစ်ခုဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ဒုတိယမြောက်အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်သည် တချိန်တခါက ဆင်းရဲမွဲတေနေသော်လည်း ပြည် တွင်း စစ်ဒဏ်ခံနေရသည့် အခြားပြည်နယ်များထက်စာလျှင် အတန်အသင့် ငြိမ်းချမ်းတည်ငြိမ်သော ဒေသတစ်ခုဖြစ်ခဲ့သည်။ ကြံ့သတ္တ၀ါသည် ဈေးကောင်းရသည့် ဦးချိုနှင့်သွေးကြောင့် အသက်ဆုံးရှုံးရသကဲ့သို့ ဈေးကွက်မရှိသေးသောအချိန်တွင် ယူနီဖောင်းဝတ်တို့ တခါတရံ ဟင်းစားရှာကြသည်မှလွဲ၍ တည်ငြိမ်အေးချမ်းခဲ့သော အရပ်ဒေသသည် ယခုအခါတွင် အိမ်နီး ချင်းနိုင်ငံကြီးနှစ်နိုင်ငံ၏ ဂုတ်သွေးစုပ်ရန်အတွက် အမဲလိုက်ခံနေရသည့် သားကောင်ဘ၀သို့ ကျရောက်လာခဲ့ရတော့သည်။

ကုလားတန်မြစ်ကြောင်း စီမံကိန်း

၂၀၀၈ခုနှစ် ဧပြီလ၂ ရက်နေ့တွင် အိန္ဒိယအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့ သဘောတူလက်မှတ် ရေးထိုးခဲ့သည့် ကုလားတန်မြစ် ကြောင်း စီမံကိန်း (Kaladan Multi-Modal Trasit Transport Project)သည် အိန္ဒိယနိုင်ငံ ကာလက္ကတားမြို့မှသည် ကုန်တွင်းပိုင်းတွင် တောတောင်ထူထပ်မှုကြောင့် တိုက်ရိုက် ကုန်းကြောင်းဆက်သွယ်ရေး မလွယ်ကူသည့် အိန္ဒိယအရှေ့မြောက် ပိုင်း ဒေသ(မီဇိုရမ်ပြည်နယ်)တို့ကို ကုန်စည်တင်ပို့ ဖြန့်ဖြူးနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကုလားတန်မြစ်ကြောင်းတလျှောက် ရေကြောင်းခရီးဖြင့် တိုက်ရိုက်ဆက်သွယ်၍ ထိုမှတဆင့် ချင်းပြည်နယ်ကို ကုန်းကြောင်းခရီးဖြင့်ဖြတ်ကာ ကုန်းလမ်းရေလမ်း တစ်ပိုင်းစီပါဝင်သည့် ကုန်သွယ်ရေးလမ်းကြောင်း စီမံကိန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားပင်လယ်အော် ကို ဖြတ်သန်းသွားမည့် အဆိုပါစီမံကိန်း၏ ဆုံရပ်သည် စီမံကိန်း၏အရေးပါသော အစိတ်အပိုင်းဖြစ်သည့် စစ်တွေရေနက်ဆိပ် ကမ်းကို ဗဟိုပြုနေသောကြောင့် အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု အဖြစ် အရေးပါလာမည့် စီမံကိန်းတစ်ရပ်လည်းဖြစ်သည်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကာလကတ္တားမြို့ ဆိပ်ကမ်းမှစတင်၍ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေဆိပ်ကမ်းအထိ ၅၃၉ကီလိုမီတာ ရှည်လျှားသော ပင်လယ်ခရီးကိုဖြတ်သန်းကာ ထိုမှတဆင့် မြစ်ကြောင်း၊ကုန်းလမ်းခရီးတို့ဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်း မီဇိုရမ် သို့ဆက်သွယ်မည့် အဆိုပါစီမံကိန်းတွင် အဓိကအပိုင်းသုံးပိုင်းပါရှိသည်။

အပိုင်း(၁)

အနာဂတ်ကာလတွင် အရေအတွက်များပြားစွာ ဆိုက်ကပ်လာမည့် ပင်လယ်ကူးသင်္ဘောများအတွက် စစ်တွေဆိပ်ကမ်းကို တိုးချဲ့ မည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် စစ်တွေဆိပ်ကမ်း ဧရိယာကိုတိုးချဲ့ရုံသာမက Inland Waterway Terminal (IWT) အသစ်တစ်ခုကိုပါ တည်ဆောက်သွားရန် အစီအစဉ်ရှိနေသည်။

အပိုင်း(၂)

စစ်တွေမြို့နှင့် ချင်းပြည်နယ်မှ လက်ဝမြို့အထိ ကုလားတန်မြစ်ကြောင်းတလျှောက် ၂၂၅ ကီလိုမီတာ အကွာအဝေးအား ပင်လယ် ကူးသင်္ဘောကြီးများ ခုတ်မောင်းနိုင်သည့် အနက်ပမာဏသို့ တူးဖော်မည်ဖြစ်သည်။ ထို့အပြင်ခရီးတထောက်ရပ်နားရာဖြစ်သည့် ကလက်ဝမြို့၊ စက်ပစ်ပြင်တွင် IWT အသစ်တစ်ခုကို ထပ်မံတည်ဆောက် သွားမည်ဖြစ်သည်။ ဤအဆင့်ကို ၂၀၁၃ခုနှစ်တွင် အပြီးသတ်ရန် လျှာထားသည်။

အပိုင်း(၃)

ချင်းပြည်နယ် ကလက်ဝမြို့မှနေ၍ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်ဒေသအထိ ၆၂ကီလိုမီတာရှည်လျှားသော အဝေးပြေး လမ်းမကြီးတစ်ခုကို ဖောက်လုပ်သွားမည်ဖြစ်သည်။

ဤစီမံကိန်းကို အဓိကအကောင်အထည်ဖော်မည့် အဖွဲ့အစည်းမှာ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့ဖြစ်ပြီး အိန္ဒိယနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ စီမံကိန်းတစ်ရပ်လုံးကို ပြီးစီးသည်အထိ စီမံခန့်ခွဲသွားမည်ဖြစ်သည်။ ကွင်းဆင်းသုတေသနလုပ်ငန်းများကိုမူ ၄င်းအစိုးရပိုင် Rail India Technical and Economic Services(RITES) မှ တာဝန်ယူဆောင်ရွက်လျှက် ရှိနေ သည်။ စီမံကိန်းအပိုင်း(၁)နှင့် အပိုင်း(၂)တွင် ပါရှိသော စစ်တွေဆိပ်ကမ်းတိုးချဲ့ခြင်း၊ ကုလားတန်မြစ်ကြောင်း တူးဖော်ခြင်းနှင့် IWT များတည်ဆောက်ခြင်း စသည့်လုပ်ငန်းရပ်များကို အိန္ဒိယအစိုးရပိုင် Inland Waterway Authority မှ အိန္ဒိယပုဂ္ဂ လိက ကုမ္ပဏီများသို့ ထပ်ဆင့်ကန်ထရိုက်များချပေးထားပြီး ခန့်မှန်းခြေ အိန္ဒိယကုမ္ပဏီ ၅ခုခန့် ၀င်ရောက်လုပ်ကိုင်မည်ဟု သိရှိ ရသည်။

ကုန်ကျစရိတ် အနေဖြင့် ကုလားတန်မြစ်ကြောင်းပိုင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၆၈.၂၄သန်း ကုန်ကျမည်ဖြစ်ပြီး ကလက်ဝ-မီဇိုရမ် အဝေးပြေးလမ်းပိုင်းအတွက် အမေရိကန်ဒေါ်လာ ၄၉.၁၄သန်းကုန်ကျမည်ဖြစ်သည်။၂၀၀၈ခုနှစ်က နှစ်ဖက် အစိုးရအကြား သဘောတူညီခဲ့သည့် စာချုပ်အရ အဆိုပါစီမံကိန်းအတွက် မြန်မာဖက်မှ လိုအပ်သည့်နယ်မြေပမာဏကို အသုံးပြု ခွင့်ပေးရန်နှင့် စီမံကိန်းတွင် လာရောက်လုပ်ကိုင်မည့် အိန္ဒိယကုမ္ပဏီများ၏ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပေးရန် လိုအပ် ပြီး အိန္ဒိယအစိုးရဖက်မှ အဆိုပါမြေကိုငှားရမ်းခအဖြစ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀နှင့် အပိုချေးငွေ ၁၀သန်းကို မြန်မာ အစိုးရထံ ပေးချေမည်ဖြစ်သည်။ဤငွေကြေးပမာဏသည် ယနေ့ခေတ်အခါသမယတွင် အပြောင်းအရွေ့ဈေးကွက်၌ ကမ္ဘာ့ထိပ် တန်း ဘောလုံးသမားနှစ်ဦး၏ ပြောင်းရွေ့ကြေး ပမာဏခန့်သာရှိသည်။ အဆိုပါငွေကြေးပမာဏအတွက် မြန်မာပြည်ဖက်မှ လိုက်လျှောရမည့် အချက်တို့ကား မြောက်မြားစွာရှိနေသည်။ ဤစီမံကိန်းပြီးမြောက်ပြီးနောက် အိန္ဒိယအနေဖြင့် မည်သည့် အချိန်ကာလအထိ အသုံးပြုခွင့်ရှိသည်။ ဖြတ်သန်းဝင်ရောက်လာမည့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို မည်သည့်ဖက်မှ အခွန်ကောက်ခံမည် စသည့်အချက်များကိုမူ ရှင်းလင်းစွာမသိရသေးချေ။ ထို့အပြင် အဆိုပါစီမံကိန်းမှ ရရှိလာမည့် အကျိုး အမြတ်တို့ကို ဒေသအတွက် မည်သို့မည်ပုံ အသုံးပြုမည်ကိုလည်း ထုတ်ပြန်ကြေငြာခြင်း မရှိချေ။ မည်သို့ပင်ဆိုစေကာမူ ရခိုင် ပြည်၏ အသက်သွေးကြောဖြစ်သည့် ကစ္ဆပနဒီသည် ချစ်တီးများလက်တွင် အပေါင်ထားခြင်း ခံလိုက်ရပြီဖြစ်သည်။

စီမံကိန်းတည်ရှိရာ ကုလားတန်မြစ်ကြောင်းတလျှောက် သန်းနှင့်ချီသော ဒေသခံတို့သည် ဤမြစ်ကိုအမှီပြု၍ အသက်မွေးဝမ်း ကျောင်းပြုနေကြသည်။ သောက်ရေ၊သုံးရေတို့အတွက် မြစ်ကိုအားကိုးကြရသည်။

ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် မြစ်ကိုအသုံးပြုကြရသည်။ လယ်ယာကိုင်းကျွန်းတို့အတွက် မြစ်ကို မှီခိုနေကြရသည်။ အစာအဟာရအလို့ငှာ သားငါးပုဇွန်ရှာဖွေရန် မြစ်တွင်းသို့ဆင်းကြရသည်။ ဒေသတလျှောက် မြစ်ကိုမှီ၍ အသက်မွေးကြသည်မှ လွဲလျှင် ဒေသခံများတွင် စီးပွားရေးလုပ်ငန်း ကြီးကြီးမားမား မရှိကြချေ။

စီမံကိန်းမတိုင်မှီကာလကတည်းက ဌာနဆိုင်ရာ ယူနီဖောင်း ၀တ်တို့၏ အတင်းအဓမ္မဖိနှိပ်မှုအစုစုတို့ကို ခံစားခဲ့ကြရသည်။ ယခု တိုင်လည်း ခံစားနေရဆဲပင်ဖြစ်သည်။ စီမံကိန်းကို အကြောင်းပြ၍ တစ်သက်စာထုတ်သွားရန် ကြိုးပမ်းနေသော အရာရှိကြီးငယ် အပေါင်းတို့သည် မြစ်ရိုးတလျှောက် အစာရှာလျှက်ရှိနေသည်။ အခြားအဆင့် အကြပ်၊ရဲဘော် အပေါင်းတို့ကလည်း မဖူလုံသော လစာငွေကြောင့် တစ်နပ်စာထွက်ရှာနေကြသည်။ မြေဆီမြေသားကောင်းမွန်စေရန် တယုတယပြုပြင်ထားသည့် မြေကွက်တို့ သည် အကြွေးဘုရင် ရေမြေ့ရှင်၏ ရွှေဘောတော်ပြည့်ရန်အလို့ငှာ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တို့ လက်တွင်း ငြင်းဆန်နေရင်း ကပင် သက်ဆင်းခဲ့ရလေသည်။ ရောင်းပန်းလှသည့် သီးနှံတို့နေရာတွင် အနှစ်မရှိသောကြက်ဆူပင်တို့ မင်းမူနေသည်ကို နေ့စဉ် ရက်ဆက် တွေ့မြင်နေရသည်မှာ ရင်မချိဖွယ် ကောင်းလှ၏။ သိမ်းခံရသည့်မြေသည် မည်သည့်အခါမျှ ပိုင်ရှင်ရင်း၏လက်တွင်း သို့ ပြန်ရောက်ရိုးထုံးစံမရှိချေ။ ကြက်ဆူဆီမထွက်သောအခါ အဆိုပါမြေကွက်သည် အရပ်ဖက်သို့ထွက်သွားသော ဘောင်းဘီ စိမ်းမှ ပုဆိုးစိမ်းပြောင်းဝတ်သည့် ဖွတ်တစ်ကောင်၏ အမည်ပေါက်ဖြစ်နေပေလိမ့်မည်။

စီမံကိန်းအတွက် လုံခြုံရေးယူရန် တပ်ရင်းများ တိုးမြှင့်ချထားလာပြီးနောက်တွင် မော်တော်ကား မရှိသောပြည်သူတို့သည် စီမံ ကိန်းအတွက် ဥဒဟိုမောင်းနှင်နေကြသည့် နိုင်ငံခြားသားများနှင့် အပွင့်အခက်၊ရာထူးဂုဏ်ဒြပ်တို့ကို ပိုင်ဆိုင်တော်မူကြကုန် သည့် အခွင့်ထူးခံ၊ ဘုရားထူးခံ မင်းမှုထမ်း၊သူကြွယ်မျိုးတို့၏ မော်တော်ကားများ သက်တောင့်သက်သာ မပင်မပန်းစီးနင်းနိုင်ရန် အလို့ငှာ အဆဲခံအဆိုခံ၊ လက်ပေါက်သည်အထိ ကျောက်ထု၍ သကောင့်သားများ သွားမည့်လမ်းကို ကိုယ့်ထမင်းကိုယ်စား၍ ခင်းနေကြရလေသည်။ ရွာစဉ်လှည့်၍ ဗိုလ်မင်းအမိန့်တော်ပြန်လိုက်သည်မှာ တစ်အိမ် ကျောက်တစ်ကျင်း၊ လမ်းခင်းရန် လူ တစ်ယောက် မလိုက်လျှင် မနေရ၊ နေချင်လျှင် ငွေအသပြာထုတ် အဆင်သင့်ပြင်နိုင်ရမည်။ ဒေသခံတို့မှာ ကိုယ့်ပြည်တွင် ကျွန်ခံ ၍ နပ်မမှန်ရက်များလာသောအခါ တပါးတိုင်းပြည်သို့ ကျွန်ခံရန်ထွက်ကြရရှာသည်။ သို့သော် တစ်ခါတရံ၌ ၀ဋ်ကြွေးမကုန်သေး လျှင် ထိုင်းသို့သွားရာလမ်း၌ ၁၁(မျဉ်းစောင်း) ရခိုင်မှတ်ပုံတင်သည် လမ်းစောင့်နတ်အပေါင်းတို့၏ ဖမ်းစားခြင်းကို ခံကြတတ် သည်။ ကုန်းကြောင်းသွား၍ အနှောင့်အယှက်ရှိသည်ဟု မြစ်ကြောင်းသို့ စုန်ကြည့်သော် သူပုန်မရှိသည့်နေရာ၌ လုံခြုံရေးအပြည့် ယူကာစောင့်ကြပ်နေသည့် ကျားပါးစပ်ပိုက်နှင့် အလားသဏ္ဍာန်တူသော စစ်ရေယာဉ်တို့က အထက်အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်၍ လာသမျှလှေတို့ထံ အခွန်ဆက်သရန် ဆော်သြလျှက်ရှိသည်။ ရေငန်ပိုင်ဦးရှင်ကြီးပင် ကုလားတန်မြစ်ကိုဖြတ်ကူး မည်ဆိုပါက သူ့အပိုင်ရေငန်မဟုတ်၍ နေဗီဘုတ်ထံတွင် အခွန်ဆောင်ရပေလိမ့်မည်။

မြေယာသိမ်း၍ လျှော်ကြေးမရသည့်အခါ ဒေသခံအများစုသည် အလုပ်လက်မဲ့ဘ၀သို့ ရွေ့လျားကြကုန်၏။ ထိုင်းသို့စွန့်စား သွားရောက် အလုပ်လုပ်ကိုင်ရန် မတတ်နိုင်သောလူရွယ်အချို့အတွက် စေတနာကြီးမားလှသည့် တပ်မတော်ကြီးမှ ထမင်းနပ် မှန်သော အလုပ်ပေး၍ စုဆောင်းရေး လုပ်ကြလေသည်။ စစ်သားမလုပ်ချင်သောသူသည် ဘုန်းကြီးဝတ်၍ ဗမာပြည်မသို့ တက် ပြေး ကြရရှာသည်။ ထိုသို့သောအခြေအနေ အစုစုကြောင့် ရခိုင်ပြည်ရှိ အချိ့ကျေးလက်တောရွာများတွင် အရွယ်ကောင်း ယော င်္ကျားသားတို့ ရှားပါး၍ ယခင်က ရွာတစ်ရွာလျှင် တောင်ပိုင်း၊မြောက်ပိုင်း ဘောလုံးနှစ်သင်းစာ အခိုင်အမာထွက်ရှိသည့် ရွာတို့ တွင် ယခုအခါ အိမ်ထောင်ဦးစီး ယောင်္ကျားသား မရှိသလောက်နည်းပါးပြီး နို့သောက်နှင့် တုတ်ထောက်၊ မိန်းမသားတို့သာ ကျန်ရှိသဖြင့် လုပ်အားပေးဆင့်ခေါ်သည့်အခါ ဤသို့သောမြင်ကွင်းတို့ကို ရင်တွင်းမချိအောင် မြင်တွေ့နေရလေတော့သည်။

ကျေးလက်တောရွာများတွင်သာမက ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင်လည်း အဆိုပါစီမံကိန်း၏ ရိုက်ခတ်မှုကို မြို့ခံလူ များ ခါးစည်းခံစားနေကြရသည်။

စစ်တွေဆိပ်ကမ်း စီမံကိန်းဧရိယာတ၀ိုက် ယခင်က အများပြည်သူ အပန်းဖြေရာ မင်းကြီးကျောက်တန်း တလျှောက်လုံးကို စီမံ ကိန်းက၀ါးမျိုမည်ဖြစ်ပြီး စီမံကိန်းဧရိယာအတွင်း တစိတ်တပိုင်း ပါဝင်နေသည့် စစ်တွေမြို့၏ အလှပဆုံး ပွိုင့်ကမ်းခြေမှာလည်း စီမံကိန်းကြောင့် မကြာမှီ ရုပ်ဆိုးအကျည်းတန်တော့မည့် အခြေအနေသို့ ရောက်ရှိနေသည်။ ထို့အပြင် ကမ်းစပ်တလျှောက် ပင်လယ်ကူးသင်္ဘောကြီးများ ၀င်ရောက်နိုင်ရန်အတွက် သင်္ဘောလမ်းကြောင်း သတ်မှတ်ခြင်း၊ ရေအောက်ကြမ်းပြင် တူးဖော် ခြင်းစသည့် လုပ်ငန်းရပ်များကို ဖော်ဆောင်ခြင်း၊ လုပ်ငန်းမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ပင်လယ်တွင်သို့ စွန့်ပစ်ခြင်းစ သည် တို့ကို လုပ်ဆောင်ကြသည့်အခါ ရေထုညစ်ညမ်းမှုနှင့်အတူ ရေအောက်ကြမ်းပြင်တွင် နေထိုင်ကျက်စားကြကုန်သော ငါးပုဇွန်တို့ အစာရှာမှီးရာနှင့် မျိုးပွားရာနေရာဖြစ်သည့် သန္တာကျောက်တန်းတို့ ပျက်စီးပြီး အဏ္ဏ၀ါဂေဟစနစ်ကို အဆိုးရွားဆုံး ထိခိုက်စေလိမ့်မည်ဖြစ်သည်။ ထိုသို့သော အခြေအနေတို့သည် ဒေသ၏အဓိက အသက်မွေးလုပ်ငန်းဖြစ်သည့် ပင်လယ်ငါးဖမ်း လုပ်ငန်း၏ အနာဂတ်ကို ပြင်းထန်စွာခြိမ်းခြောက်လျှက်ရှိသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပြင် စီမံကိန်းကာလအတွင်း အိန္ဒိယကန်ထရိုက်များမှ မြို့ခံလူထုအပေါ် ဒေသအာဏာပိုင်များနှင့် လက်ဝါးရိုက် ခေါင်းပုံဖြတ်ခြင်း၊ စီမံကိန်းတွင် ၀င်ရောက် လုပ်ကိုင်နေသော ဒေသခံနေ့စား အလုပ်သမားများကို ထိုက်တန်သည့် လစာပေးချေမှုမရှိခြင်းစသည့် မတရားမှုများစွာ ဖြစ်ပေါ် လျှက်ရှိသည်။ ဤစီမံကိန်းသည် စစ်တွေမြို့အား နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ၀င်ရောက်ဆိုက်ကပ်ရာ စည်ကားသည့် ဆိပ်ကမ်းမြို့တစ်ခုအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သော်လည်း အဂတိလိုက်စားမှု ထူပြောသည့် ယနေ့ခေတ် အုပ်ချုပ်ရေးစနစ်၏ အားနည်းချက်များကြောင့် လာဒ်ပေးလာဒ်ယူမှု၊ မှောင်ခိုကုန်ကူးမှု၊ တရားမ၀င် လူကုန်ကူးမှုနှင့်အတူ ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားလုပ်ငန်းများ တွင်ကျယ်လာနိုင်ပြီး စစ်တွေမြို့၏ အနာဂတ်တွင် ပိုမိုအကျည်းတန်သည့် မြင်ကွင်းများစွာကို တွေ့ မြင် လာရမည်ဖြစ်သည်။ ထို့အပြင် စက်မှုဇုန်များ ဖော်ဆောင်လာခြင်းနှင့်အတူ ဒေသခံများ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြ သည့် မြေကွက်များသည်လည်း နိုင်ငံခြားသား တရုတ်၊ အိန္ဒိယ လုပ်ငန်းရှင်များနှင့် ဒေသအာဏာပိုင်များနှင့် နီးစပ်သူများလက် တွင်းသို့ ဖိအားပေးရောင်းချရန် စေခိုင်းခြင်း၊ အတင်းအဓမ္မသိမ်းယူခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မြို့ဧရိယာအတွင်း အကွက်ချ တည်ဆောက်နေသည့် အဆိုပါစီမံကိန်း ဘေးထွက်ဆိုးကျိုးများ၏ သက်ရောက်မှု မည်မျှကြီးမားမည်ကို ခန့်မှန်းသိရှိနိုင်သည်။ အကယ်၍ ဤစီမံကိန်းအား လူနေကျဲပါးသည့် ဆပ်ရိုးကျ တစ်ဖက်ကမ်းရှိ ရွှေမင်းဂံ(၀ါ)ကျေးတောပိုက်ဆိပ်သို့ ရွေ့ပြောင်း တည်ဆောက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနိုင်သော်လည်း ကုန်တင်ကုန်ချနှင့် ကုန်လှောင်ရုံတည်ဆောက် မှု၊ ဆက်စပ် စက်မှုလုပ်ငန်းများကြောင့် စစ်တွေမြို့၏ လူမှုဘ၀အထွေထွေကို ထိခိုက်နိုင်မည့် အကျိုးဆက်တို့ကို လျှော့ချနိုင်မည် ဟု မျှော်လင့်မိသည်။ လက်ရှိအခြေအနေတွင် အဆိုးရွားဆုံးလုပ်ရပ် တစ်ခုဖြစ်သည့် အိန္ဒိယကန်ထရိုက်များနှင့် ဒေသအာဏာ ပိုင်တို့ ပူးပေါင်းပြီး မြေပုံမြို့နယ်ရှိ ရခိုင်လူမျိုးများ အထွတ်အမြတ်ထားရာ သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ရွှေတောင်၊ငွေတောင် ကို ဖြို၍ ဆိပ်ကမ်းစီမံကိန်းအတွက် လိုအပ်သည့် သဲများကို တူးဖော်ရောင်းစားလျှက် ရှိသည်ကို ကြေကွဲဖွယ်ရာ တွေ့မြင်နေရ သည်။ ဖွံ့ဖြိုးတိုးတက်ရန် အတွက်တည်းဟူသော အကြောင်းပြချက် အောက်တွင် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့သည် ကျိမ်စာသင့်နေရပြီဖြစ်သည်။

ထို့အတူ ကုလားတန် မြစ်ကြောင်းတလျှောက် ၂၂၅ကီလိုမီတာ အကွာအဝေးအထိ မြစ်ကြမ်းပြင် တူးဖော်မည့်လုပ်ငန်းမှာလည်း စီမံကိန်းလုပ်ဆောင်ရာ မြစ်ကမ်းနံဘေးရှိ မြောက်မြားစွာသော ဒေသခံတို့၏ ဘ၀ရပ်တည်ရေးကို ပြင်းထန်စွာ ခြိမ်းခြောက် လျှက်ရှိသည်။ ကျောက်တော်မြို့နယ်နှင့် ကလက်ဝမြို့နယ်တို့တွင် လူနေအိမ်ခြေများစွာ အတင်းအဓမ္မ ရွေ့ပြောင်းခံရနိုင်ပြီး အဆို ပါရွေ့ပြောင်းမှုနှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူများထံမှ မည်ကဲ့သို့စီစဉ်ထားသည်ကို မသိရှိရသေးချေ။

ထို့အပြင် မြစ်ကြမ်းပြင်ကို တူးဖော်သည့်အခါ မြစ်ရေနောက်ကျိခြင်းနှင့်အတူ ရေတွင်ပါဝင်သည့် အောက်စီဂျင်ဓာတ်နည်းပါးပြီး မြစ်တွင်းငါးတို့ သေကြေပျက်စီးကြလိမ့်မည်။

စီမံကိန်းလုပ်ဆောင်နေစဉ်ကာလအတွင်း ဒေသ၏ အဓိက ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြစ်ကြောင်း ခရီးကို အားကိုး နေသူတို့ အတွက် အခက်အခဲများစွာ ကြုံတွေ့နိုင်သည့်အပြင် စီမံကိန်းပြီးစီးသည့်အခါ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရအကြား သဘောတူညီချက်များအရ အဆိုပါမြစ်ကြောင်းအတွင်း ဖြတ်သန်းဝင်ရောက်သည့် လှေ၊ သင်္ဘောအစရှိသည်တို့ထံမှ အခကြေး ငွေ ကောက်ယူနိုင်ဖွယ်ရှိနေပြီး ဒေသ၏ရေကြောင်း ဆက်သွယ်ရေးကဏ္ဍအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် မြစ်ကမ်းဘေးတွင် သဘာဝအလျှောက် ပေါက်ရောက်နေသော ဒီရေတောတို့ ခုတ်လှဲခံရမည့် အခြေအနေကြောင့် ဒေ သ အတွင်း ရာသီဥတုဖောက်ပြန်လာနိုင်သည့် အလားအလာများစွာ တွေ့မြင်နေရသည်။ ဤသဘာဝ ဒီရေတောများသည် တစ်နှစ်တွင် အနည်းဆုံး တစ်ကြိမ်ခန့် ဘင်္ဂလားပင်လယ်အော်မှ ပြင်းထန်စွာဝင်ရောက်လာသော ဆိုင်ကလုန်း မုန်တိုင်းကို အကာ အကွယ်ပေးထားသည့် ဒေသခံများအတွက် တစ်ခုတည်းသော သဘာဝလက်ဆောင်ဖြစ်သည့် အားလျှော်စွာ ဤဒီရေ တောများ မရှိသည့်ကာလတွင် ရခိုင်ပြည်အတွင်း သဘာဝကပ်ဆိုးများ ကျရောက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ထို့အပြင် အဆိုပါဒီရေတောများအတွင်း ဒေသခံအချို့ ရင်းနှီးမြှုပ်နှံဖော်ဆောင်ထားသည့် သဘာဝပုဇွန်မွေးမြူရေး လုပ်ငန်းများ ရှိနေကြသည်။ အဆိုပါပုဇွန်ကန်များတွင်းရှိ သားငါး၊ဂဏန်း၊ပုဇွန်တို့၏ အဓိကအစာအာဟာရသည် သစ်ပင်များ၏ အသီးအပွင့် တို့ကို စားသုံးသည့် ပိုးမွှားနှံကောင်များ ဖြစ်သည့်အတွက် တောပြုန်းလျှင် အဆိုပါစီးပွားရေးများသည်လည်း အလိုအလျှောက် ဆုံးရှုံးရပေလိမ့်မည်။ ဒီရေတောများအတွင်း နေထိုင်ကျက်စားကြကုန်သည့် ရေပျော်ငှက်များနှင့် အခြားတောရိုင်း တိရိစ္ဆာန်များ သည်လည်း သေကြေပျက်စီးခြင်းသို့ ဆိုက်ရောက်ကြပေလိမ့်မည်။

အဆိုပါတိရိစ္ဆာန်အုပ်စုများထဲတွင် မျိုးသုန်းပျောက်ကွယ်မည့် အလားအလာရှိနေသော ကမ္ဘာ့ရှားပါး စာရင်းဝင် တိရိစ္ဆာန်များ ပါဝင်နေပြီး ကမ္ဘာ့ရှားပါးတိရိစ္ဆာန်စာရင်းဝင် ရေချိုလင်းပိုင်များနှင့် လိပ်များ၏ အနာဂတ်ကို ဤစီမံကိန်းက ပြင်းထန်စွာခြိမ်း ခြောက်လျှက် ရှိနေသည်။

ထို့အပြင် မြစ်အထက်ပိုင်းရှိ ချင်းပြည်နယ်အတွင်း မြစ်ကြမ်းပြင်တူးဖော်ရုံသာမက ကျဉ်းမြောင်းသော မြစ်ဖျားပိုင်းကို သင်္ဘော များဝင်ရောက်နိုင်ရန်အတွက် မြစ်ကြောင်းချဲ့တွင်ခြင်း၊ သဘောင်္ဆိပ်ကမ်း တည်ဆောက်ခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်သည့် အခါ ဒေသခံတို့ထံမှ လျှော်ကြေးတစ်ပြားတစ်ချပ်မှမပေးပဲ အတင်းအဓမ္မ မြေယာသိမ်းယူမှုများ၊ ထိုက်တန်သည့် လုပ်အားခ တစ်ပြား တစ်ချပ်မျှ မပေးပဲ ဒေသခံများအား အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုများကို ဒေသတွင်းရှိ စစ်တပ်အာဏာပိုင်များမှ အိန္ဒိယ ကန်ထရိုက်များထံ ဂွင်ရိုက်၍ စားပေါက်ဖန်တီးမှုများ လုပ်ဆောင်လာနိုင်ပြီး အဆိုပါလုပ်ရပ်များနှင့် ပတ်သက်၍ ဒေသ ဆိုင်ရာ လွှတ်တော်အမတ်သည် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်နေပါက ဘောင်းဘီစိမ်းဝတ်တို့၏ မလျှော်ကန်သော လုပ်ရပ်တို့ကို ပုဆိုး စိမ်းဝတ်သည် မည်သည့်အခါမျှ လက်ညှိုးထိုး ထောက်ပြဝေဖန်မည် မဟုတ်ချေ။ သူတော်အချင်းချင်း သတင်းလွင့်လွင့် လုပ်ကာ ပေါင်းဖော်စားသောက် ကြမည်သာ ဖြစ်သည်။ စီမံကိန်း၏ နောက်ဆက်တွဲ ဖြစ်ရပ်များအနေဖြင့် မြန်မာနိုင်ငံ၏ သစ်တော အထူ ထပ်ဆုံး ဒေသတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လာခြင်းနှင့်အတူ တောင်ကျရေဆင်းမှု၊ ရေကြီးမှုစသည့် သဘာဝကပ်ဘေး တို့ ဖြစ်ပေါ်လာပေလိမ့်မည်။ သစ်တောနှင့်မြစ်ကြောင်းကို အမှီပြုအသက်မွေးကြရသည့် ဒေသခံတို့အတွက် အဆိုပါဖြစ်စဉ်တို့ကို ရင်ဆိုင်နိုင်မည့် အခြေအနေ လုံးဝမရှိချေ။ မျိုးသုန်းနိုင်ခြေ ရှိနေသည့် ရှားပါးငှက်မျိုးစိတ်များ အပါအ၀င် ငှက်မျိုးစိတ် ၁၃၅မျိုး၊ ရှားပါးလိပ်ပြာမျိုးစိတ်များနှင့် Gibbon ကဲ့သို့သော ရှားပါးမျောက်မျိုးစိတ်များ၊ ကျား၊ကျားသစ်၊၀က်ဝံနှင့် တောဆင်ရိုင်းတို့ အ သက်ရှင်နေထိုင်ရာ ချင်းတောင်တန်းကို ဖြတ်သန်း ဖောက်လုပ်မည့် ကလက်ဝ-မီဇိုရမ် အဝေးပြေးလမ်းပိုင်းတလျှောက် သဘာ ၀ ပတ်ဝန်းကျင် ထိခိုက်မှုများစွာ ဖြစ်ပေါ်လာနိုင်ပြီး ရာသီဥတုပြောင်းလဲလာခြင်းနှင့်အတူ ဒေသတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကိုပါ ဆိုးရွားစွာ ထိခိုက်လာစေလိမ့်မည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ဒုတိယအဆင်းရဲဆုံး ပြည်နယ်နှစ်ခုအတွက် ဒေသဖွံ့ဖြိုးရေးအလို့ငှာ ဤစီမံကိန်းအရပ်ရပ်ကို ဖော်ဆောင်၍ ဒေသခံများ၏ လူနေမှုဘ၀တိုးတက်မြင့်မားစေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဟု နှစ်ဖက်အစိုးရတို့ မည်သို့ပင်ပြောဆိုစေကာမူ စီမံကိန်းတည်ရှိရာ မြန်မာနိုင်ငံဖက်ခြမ်းသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံးသော ဒေသများထဲမှ တစ်ခုဖြစ်နေသည့်အတွက် စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရသည် သူ၏အစဉ်အလာကို ဤနေရာတွင် တော်လှန်မည်ဆိုသည်မှာ ကျားအသားရှောင်မည်ဆိုသကဲ့သို့ ယုံကြည်ရန်ခက်လှပေသည်။ ထို့ကြောင့် ဤဒေသတွင်အခြေစိုက်သည့် NGOအဖွဲ့၁၅ဖွဲ့မှ နိုင်ငံတော်အစိုးရထံသို့ ဤစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားရန် တင်ပြခဲ့သေးသည်။ သို့သော် ယခင်အစိုးရလက်ထက်မှ အကြွေးအရပ်ရပ်ကို ပုခုံးပြောင်းယူခဲ့ရသည့် သမ္မတဦးသိန်းစိန်အဖို့ ဤစီမံကိန်းအား မြစ်ဆုံစီမံကိန်းကဲ့သို့ ခေါင်းခါငြင်းဆန်နိုင်မည့်အခြေအနေ မရှိချေ။ မြစ်ဆုံစီမံကိန်း လူသိရှင်ကြား ကန့်ကွက်ခံရအပြီးတွင် ကျန်ရှိသည့် နိုင်ငံတော်စီမံကိန်းများကို အများပြည်သူအကြား ပေါက်ကြားမှုမရှိစေရေးအတွက် အစိုးရအဖွဲ့အနေဖြင့် လျှို့ဝှက်ထားရန် စီစဉ်နေသည်ဟု ယူဆမိသည်။ ဒေသခံများအနေဖြင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ မိမိတို့ဒေသ အမှန်တကယ်ဖွံ့ဖြိုးလာမည်ဆိုပါက မည်သည့်စီမံကိန်းကိုမဆို လှိုက်လှဲစွာ ကြိုဆိုကြမည်သာဖြစ်သည်။ သို့သော် တပြည်သားဝပြောရေးအတွက် ကမ္ဘာ့အဆင့်အတန်းအနိမ့်ဆုံး စီမံခန့်ခွဲမှု လက်အောက်တွင် မိမိတို့ရှင်သန် ရပ်တည်နေရသည့်ဘ၀ကို လည်စင်းစတေးခံကြရမည့် ဒေသခံများအတွက် ထောက်ပြဝေဖန် ကန့်ကွက်အရေးဆိုနိုင်သည့် အတိုက်အခံအရေအတွက် နည်းပါးသော ပြည်ထောင်စုလွှတ်တော်သည်လည်း အားကိုးစရာ အလျဉ်းမဖြစ်နိုင်သေးချေ။ ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာ မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်း ထိန်းသိမ်းရေး ဦးစီးဌာနသို့ နိုင်ငံတော်မှ ချပေးသော ဘတ်ဂျက်ပမာဏမှာလည်း ဆင်ပါးစပ်တွင် နှမ်းပက်သကဲ့သို့ အလွန်တရာ နည်းပါးလှသည်ကို တွေ့နေရသည်။အစိုးရဖက်မှ ဒေသဖွံ့ဖြိုးရေးအတွက်ဟု မည်မျှပင်ကြွေးကြော်စေကာမူ စီမံကိန်းလုပ်ငန်းစဉ်အရပ်ရပ်နှင့် ရရှိမည့် အကျိုးအမြတ်တို့ကို ဒေသအတွက် မည်ကဲ့သို့ခွဲဝေသုံးစွဲမည်ကို ရှင်းလင်းစွာမထုတ်ပြန်နိုင်သည့်အပြင် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လျှစ်လျှူရှုပြီး မိမိပိုင်သည့်မြေကို အကြွေးပူမိ၍ တပြည်သားလက်သို့ ၀ကွက်ထိုးအပ်နေရသည့် မြန်မာနိုင်ငံ၏ ယနေ့အချိန်အခါသည် ဤကဲ့သို့သော စီမံကိန်းများကို ကိုင်တွယ်ရန် အဆင်သင့်မဖြစ်သေးသည်ကို အထက်ဖော်ပြပါ အခြေအနေအရပ်ရပ်အရ ရှင်းလင်းစွာ သိရှိနိုင်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများစွာ လိုအပ်နေသည် မှန်သော်လည်း ပြည်သူတို့၏ နေထိုင်ရပ်တည်မှု ဘ၀အထွေထွေအား ရင်းနှီးစတေးပြီးမှ ရရှိလာမည့် ဖွံ့ဖြိုးတိုးတက်မှုသည် ခိုင်မာသည့် ဥပဒေစနစ်၊ မျှတသည့် အကျိုးအမြတ်ခွဲဝေမှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုတို့မရှိလျှင် အန္တရာယ်များလှသည်။ဒီမိုကရေစီစနစ်သို့ ဦးတည်လျှောက်လှမ်းနေသည့် နိုင်ငံတစ်ခုအနေဖြင့် စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူတို့၏ သဘောတူညီမှုကို ဦးစွာတောင်းခံရန် မဖြစ်မနေလိုအပ်သည်။ပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတကာစံချိန်စံညွှန်း၊ လုပ်ထုံးလုပ်နည်းများအတိုင်း သက်ဆိုင်ရာ ပညာရှင်များကိုယ်တိုင် ကြီးကြပ်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူနေမှုဘ၀ထိခိုက်မှု စသည့် အဓိကအချက်များကိုပါ ထည့်သွင်းစဉ်းစားပြီး ထိခိုက်နစ်နာမှုများအတွက် ထိုက်တန်သည့် လျှော်ကြေးငွေပေးအပ်ခြင်း၊ ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးတို့ကို ဖာထည်းနိုင်မည့် ထောက်ပံ့ရေး ဘတ်ဂျက်များ ရေးဆွဲခြင်း၊ စီမံကိန်းကြောင့် နေရာရွေ့ပြောင်းခံရသူများအတွက် အကူအညီ၊အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ စီမံကိန်းဧရိယာအတွင်း ဒေသခံတို့ အမြတ်တနိုး တန်ဖိုးထားသည့် ရှေးဟောင်းသမိုင်းဝင်နေရာများကို ဖျက်ဆီးမှုမှ ရှောင်ကြဉ်ခြင်း၊ သစ်တောများ ခုတ်လှဲမှုကြောင့် ဒေသတွင်းဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုးရွားမှုကို ကာကွယ်နိုင်မည့် အစီအစဉ်များ ချမှတ်ခြင်း၊ စီမံကိန်းပြီးစီးပြီးနောက် လုပ်ငန်းစတင်လည်ပတ်ချိန်တွင် ဒေသခံများအနေဖြင့် အဆိုပါလုပ်ငန်းရပ်များတွင် နိုင်ငံခြားသားများနှင့် ရင်ဘောင်တန်း ပါဝင်တာဝန်ထမ်းဆောင်နိုင်စေရန် ပညာရေးမြှင့်တင်မှုအစီအစဉ်များ ချမှတ်ပေးခြင်း စသည့် အသေးစိတ်အချက်အလက်များကို အစိုးရ၏ ဦးဆောင်မှုဖြင့် ကြိုတင် အကောင်အထည်ဖော်ရန် လိုအပ်ပေသည်။ မျှတသော အကျိုးအမြတ်ခွဲဝေမှုမရှိလျှင် နိုင်ငံတော်အစိုးရ၏ အဓိကပန်းတိုင်ဖြစ်သော အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် ဆန့်ကျင်ဖက် လက္ခဏာသို့ ရောက်ရှိသွားပြီး ဒေသခံတိုင်းရင်းသားတို့၏ သမိုင်းကြောင်း နာကျည်းချက်များအား ပြန်လည် တူးဆွလိုက်သကဲ့သို့ မလိုလားအပ်သော အခြေအနေများထံ ဦးတည်သွားလိမ့်မည် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် သတိပေးလိုက်ရပါတော့သည်။

ငချွန်းယေ(၈.၃.၂၀၁၂)

ငချွန်းယေ(၈.၃.၂၀၁၂)    FACEBOK

ကြာပေမဲ့ မရိုးသောသမိုင်းမှန်

ကြည့်နေရင်း အသက်ရူဖို့တောင် မေ့သွားတယ်။

မြေပုံမြို့တွင် ရဲသား တစ်ဦး ကြိုးဆွဲချသေဆုံး

ရခိုင်ပြည်နယ် မြေပုံမြို့ ရဲစခန်းတွင် ရဲတပ်သား တစ်ဦးသည် ဧပြီလ ၂၅ ရက်နေ့က  ကြိုးဆွဲချ သေဆုံးသွားကြောင်း သတင်း ရရှိသည်။
MrayBonသေဆုံးသွားသူ အသက် ၄၀ အရွယ် ဘိုမောင် ဖြစ်ကြောင်း သိရသည်။
“ သူက မနေ့က နံနက် ၁၁ နာရီခန့်မှာ ရဲစခန်း အပြင်မှာရှိတဲ့ သစ်ပင် တစ်ခုမှာ ကြိုးဆွဲချ သေသွားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သဂြိုလ် လိုက်ပါပြီ” ဟု မြေပုံ ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဦးဘိုမောင်မှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာမှ ဖြစ်ပြီး အမျိုးသမီး ဖြစ်သူနှင့် ကွဲနေသည်မှာ တနှစ်ခွဲခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ကြိုးဆွဲချ သေဆုံးသွားခြင်း၏ အကြောင်းအရင်းကို မသိရသော်လည်း သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်  ယခုလို မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အများက ခန့်မှန်း ပြောဆိုနေကြသည်ဟု ဆိုသည်။  NARINJARA

လူဦးရေ စာရင်း စစ်ဆေးရာတွင် စစ်တွေ၌ အကြမ်းဖက် တိုက်ခိုက်မုများ ပေါ်ပေါက်

ယနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စတင်ခဲ့တဲ့ ပြုလုပ်ခဲ့တဲ့ ဆွဲတင်စစ်လို့  လူသိများတဲ့ လူဦးရေ စာရင်း စစ်ဆေးမူဟာ အကြမ်းဖက် တိုက်ခိုက်မူတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် ဆက်မလုပ်ဘဲ  ရပ်နား လိုက်ရတယ်လို့ ဆိုပါတယ်။
UNHCR-Myanmarဘင်္ဂလီ၊ ဟိန္ဒူ၊ မာရမာကြီးနဲ့ ကမန်တွေရဲ့ လူဦးရေ စာရင်းကို စစ်ဆေးဖို့ အတွက် ဖွဲ့စည်းထားတဲ့ ဆွဲတင်စစ် အဖွဲ့ဝင်တွေဟာ ဘင်္ဂလီ မူဆလင်ရွာတွေကိုရောက်တာနဲ့ ကျောက်ခဲတွေ၊ တုတ်တွေနဲ့ ၀ိုင်းဝန်း တိုက်ခိုက်တာကို ခံလိုက်ရတယ်လို့ သဲချောင်း မွတ်ဆလင်ရွာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဆွဲတင်စစ် အရာရှိ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နံနက် ဆွဲတင် စစ်အဖွဲ့တွေဟာ ဘုမေရွာ၊ သက်ကယ်ပြင်၊ ဂျပန်ရွာဟောင်း၊ ဓေါဒူဝ၊ ဗေဒါရွာတွေကို လူဦးရေ စာရင်း စစ်ဆေးဖို့ သွားရာမှာ ရွာလမ်းဝကိုရောက်တာနဲ့ ခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
“ တိုက်ခိုက်တာက ဘင်္ဂလီတွေပါ။ သူတို့က ငါတို့ ဘင်္ဂလီ မဟုတ်ဘူး၊ ရိုဟင်ဂျာတွေပါ။ ရိုဟင်ဂျာ စာရင်းသွင်းပါ ဆိုပြီး အော်ဟစ်ကြတယ်။ တုတ်တွေ၊ ခဲတွေနဲ့ ပစ်ကြတယ်။ ရွာထဲကို အ၀င်မခံဘူး။ ဒါကြောင့် သဲချောင်း မွတ်ဆလင်ရွာမှာ ဘာမှ မလုပ်ဘဲ ပြန်လှည့်ခဲ့ရပါတယ်” လို့ သူက ပြောပါတယ်။
သက်တယ်ပြင်မှာ ဆိုရင် ခုလို ၀ိုင်းဝန်း တိုက်ခိုက်တဲ့ အတွက် သေနတ်တွေ မိုးပေါ် ထောင်ပစ် ခဲ့ရတာတွေတောင် ရှိတယ်လို့ ပြောပါတယ်။
အမြှောက်တပ်က တပ်ကြပ်ကြီး တစ်ဦး ဒဏ်ရာ ရသွာတယ်လို့ သတင်းရကြောင်း သူက ပြောပါတယ်။
ဒီနေ့မှာတော့ ဆွဲတင်စစ် လူဦးရေ စာရင်း  စစ်ဆေးမူကို ရပ်နားလိုက်ရပြီ အထက်က ဘယ်လို အမိန့် ညွှန်ကြားချက်လာမလဲဆိုတာ စောင့်နေတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အစိုးရအဆင့် ထိပ်တန်း လူကြီးတွေ ဒီကိစ္စ အပေါ်မှာ ဆွေးနွေးနေကြတယ်လို့ ပြောပါတယ်။
အခု ပြုလုပ်တဲ့ လူဦးရေ စာရင်း စစ်ဆေးမူဟာ ပြည်နယ် အစိုးရက လုပ်တဲ့ အစီအစဉ် မဟုတ်ဘဲ ဗဟို ပြည်ထောင်စု အစိုးရက လုပ်တာ ဖြစ်တဲ့ အတွက် အခုလို တိုက်ခိုက်မူတွေ ပေါ်ပေါက်လာတာကြောင့်  ပြည်ထောင်စု အစိုးရက ဒီကိစ္စ အပေါ် ဘယ်လို ကိုင်တွယ် ဆောင်ရွက်မလဲဆိုတာကိုတော့  စစ်တွေမြို့သူ မြို့သားတွေက အထူး စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။  NARINJARA

Thursday, April 25, 2013

ဗလီကို မီးရှို့တယ် ဆိုတာ အဲဒီဘာသာကို ကိုးကွယ်တဲ့ သူအားလုံးရဲ့ အသည်းနှလုံးကို မီးရှို့သလို ဖြစ်တယ်

ဗလီကို မီးရှို့တယ် ဆိုတာ အဲဒီဘာသာကို ကိုးကွယ်တဲ့ သူအားလုံးရဲ့ အသည်းနှလုံးကို မီးရှို့သလို ဖြစ်တယ် .......

ရှေ့နေဦးကိုနီ
=====================================

အား ဟား ဟား ဦးကိုနီ စာတွေတက် ပေတွေတက် ပညာရှိကြီးရဲ့ စကားက သွေးထက်အောင်မှန်တယ်

ဟုတ်တာပေါ့ မွတ်စလင်တွေရဲ့ အထွတ်အမြတ်ထားရာဗလီဝတ်ကျောင်းတော်နဲ့ သူတို့ ဘာသာရေး မော်လ၀ီဆရာတွေက သူတို့ရဲ့ နှလုံးသည်းပွတ်ပေါ့ 
ဒါဆို ဦးကိုနီရယ် ဗုဒ္ဓဘာသာဝင်တွေရဲ့ အသည်းနှလုံးက ဘာလဲ သိမှာပေါ့နော် ဘုရားကျောင်းကန် စေတီ ပုထိုးတွေနဲ့ ဘုရားသားတော် တွေပေါ့ဗျာ

ဦးကိုနီတို့ အခုတိုက်ပွဲ ၀င်နေတဲ့ တစ်ချိန်က နိုင်ငံတော် တရားရုံးချုပ်ကြီးက နှစ်ပေါင်း ၁၀၀ ကျော်လို့ ရှေးဟောင်း အမွေအနှစ်ဖြစ်တော့ကာ ဟော်တယ် ဆောက်လုပ်မယ်ဆိုရင် နိုင်ငံတော် အစိုးရကိုေ၇ှ့နေကွန်ယက်မှ တရားစွဲမယ်ဆို 
ဒါဆို အာဖဂန်က မွတ်စလင်တို့ မိုင်းခွဲဖျက်ဆီးခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးက ရှေးဟောင်း အမွေအနှစ်လဲ ဖြစ် ဗုဒ္ဓဘာသာဝင် တို့ရဲ့ နှလုံးသားလဲ ဖြစ်မှာပေါ့ ဒီအကြောင်းများကြားမိသေးသလား
ဟ ငါ့ကောင်ရ အဲဒီတုန်းက ငါမှမရှိတာ ငါဘယ်သိမလဲ ဟ လို့ ပြောမှာလား 

ဒါဆိုလဲ အာဖဂန် အဝေးကြီး လှမ်းမကြည့်နဲ့ဦး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်မှာ ဘာတွေဖြစ်နေလဲ 
မျက်စိပိတ် ပြီးပါးစပ်ဖြဲအော်မနေနဲ့လေ ဗုဒ္ဓဘာသာတွေ ၀ိုင်းမေတ္တာပို့နေမယ်။
ဟ အဲဒါက ငါနေတဲ့ တိုင်းပြည်မှ မဟုတ်တာ ကွ ငါဘာပြောနိုင်မှာလဲ လို့ ပြောဦးမှာလား
ရတယ်လေ ဒါဆိုလဲ လတ်တစ်လောပဲကြည့် ဘာမဆိုင် ညာမဆိုင် အသတ်လွတ် င်္မီးရှို့ အသတ်ခံလိုက်ရတာက ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသည်းပွတ် ဘုရားသားတော် သံဃာတော် မဟုတ်ပါလား ဦးကိုနီ 
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီလို မဆီမဆိုင် ဗလီ၊မော်လ၀ီတွေကို တစ်ခုခုများ လုပ်ကြည့်ပါလား ဦးကိုနီတို့ တောထွက်ပြေးမယ် ထင်တယ် လူ့ဘောင်ကြီးက ရှုပ်ထွေးတယ်လို့လေ 

တစ်ချိန်က ခင်ဗျားဟာ သိပ်တော်တဲ့ ရှေ့နေ သိပ်တော်တဲ့ စာရေးဆရာ သိပ်တော်တဲ့ သူတစ်ဦးပေါ့ 
အခုခင်ဗျားပြောစကားတွေက ခေတ်စကားနဲ့ပြောရရင် လန်ထွက်နေတာပဲ 

ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားက ဟောခဲ့တဲ့ စကားတစ်ခွန်း လက်ဆောင်ပေးမယ်နော် 
ဗုဒ္ဓဘာသာဝင်တိုင်းတော့သိပါတယ်။

ပြောမည့်စကား မပြောမီ စဉ်းစား
ပြောပြီးစကား ပြန်စဉ်းစား 
ဂေါတမ စကား........................တဲ့ 

အောင်မြင်ပါစေ ဦးကိုနီ
.......

ရှေ့နေဦးကိုနီ
==============================
=======

ဂေါတမ စကား........................တဲ

အောင်မြင်ပါစေ ဦးကိုနီ      facebook

ရခိုင်အရေးပေါ့သေးသေးမဟုတ်....ြ မန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတံခါးကို သွေးတိုးစမ်း လာခေါက်ခြင်း ဖြစ်သည်။

ရခိုင်အရေးပေါ့သေးသေးမဟုတ်....မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတံခါးကို သွေးတိုးစမ်း လာခေါက်ခြင်း ဖြစ်သည်။
 
သမိုင်းလိမ်တွေချပြပြီး မွတ်ဆလင်နိုင်ငံတွေရဲ့ထောက်ခံမှုတွေရနိုင်ပေမယ့် မြန်မာနိုင်ငံတော်ထဲမှာတော့ ရှမ်း၊ ရခိုင်၊ဗမာ၊ မွန်စတဲ့တိုင်း ရင်းသားတွေလို ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ တိုင်းရင်းသားဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ရဲရဲကြီးအာမခံရဲတယ်။ ကိုယ့်တိုင်းရင်းသား တွေထဲက သစ္စာဖောက်မှုတွေရှိလာရင်လည်း သစ္စာဖောက်တဲ့လူတွေဟာ ဘယ်သူဘဲဖြစ်ဖြစ် သမိုင်းတရားခံအဖြစ်နဲ့ သမိုင်းအမှိုက် တောင်းထဲရောက်သွားပါလိမ့်မယ်။

ရိုဟင်ဂျာအမည်နဲ့ မြန်မာတိုင်းရင်းသားဖြစ်သွားမယ့်နေ့ဟာ ကျနော်တို့အားလုံး မိုက်မဲမှုတွေကို လက်ခံလိုက်တဲ့နေ့ဘဲလို့ ပြောချင်တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်ကျော်လောက်ကပင် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ ရခိုင်ပြည်ထဲမှာ ရခိုင်တွေထက်စောပြီး နေထိုင်ခဲ့ တယ်ဆိုတဲ့သမိုင်းလိမ်တွေကတဆင့် လက်ရှိမြန်မာတနိုင်ငံလုံးမှာ ရှိနေတဲ့ မွတ်ဆလင်တွေအားလုံးဟာလည်း ရိုဟင်ဂျာအဖြစ်ပုံဖော်လာ တာတွေရှိလာခဲ့ပါပြီ။ ရှေးခေတ် မွန်နိုင်ငံတော်ထဲမှာတောင် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ မွန်တွေထက်စောပြီး နေထိုင်ခဲ့တယ် ဆိုတဲ့ သမိုင်းလိမ်တွေအပြင် လက်ရှိမွန်တွေဟာလည်း ကုလားကပြားတွေအဖြစ် လိမ်ညာမှုတွေဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် ရေးမူကို အကြီးမားဆုံးထိခိုက်စေပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ မွတ်ဆလင်တွေနဲ့ မြန်မာတိုင်းရင်းသား အဖြစ်လိုချင်နေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေကို ကွဲပြားစွာ မြင်လိုပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ မြန်မာတိုင်းရင်းသား ဖြစ်ရေး အိပ်မက်ရှည်ကို မွတ်ဆလင်တွေအများစုက မျှော်လင့်ချက်ထက် ကျော်လွန်လာခဲ့တယ်လို့မြင်တယ်။ ဆိုလိုတာက မျှော်လင့် ချက်ကို ရင်ထဲက ထုတ်ပြီး နည်းမျိုးစုံနဲ့ လက်တွေ့ပူးပေါင်းပါဝင်လာပြီလို့ ပြောချင်တယ်။
ရခိုင်ပြည်ကို ချန်လှပ်ထားပြီး အခြားပြည်နယ်နဲ့တိုင်းတွေမှာ မွတ်ဆလင်တွေဟာ နိုင်ငံသားဆိုတဲ့ဘောင်ထဲမှာ ရှိနေပါတယ်။ နိုင်ငံသားဖြစ်နေခြင်းက ကျော်လွန်ပြီး သမိုင်းလိမ်တွေချပြကာ မွန်၊ ဗမာ၊ရခိုင်၊ရှမ်းစတဲ့ တိုင်းရင်းသားတွေလို တိုင်းရင်းသားတွေပါလို့ မပြောဘူး။ ရခိုင်ပြည်နယ်ထဲမှာတော့ နိုင်ငံသားဘောင်ထဲမှာ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ နိုင်ငံသားစတဲ့ မှတ်ပုံတင်တွေကို ကိုင်ထားတာတွေရှိသလို ဘင်္ဂလားဒေ့(ရှ်)က ရည်ရွယ်ချက်မျိုးစုံနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေလည်း ထုနဲ့ထည်နဲ့ရှိနေပါတယ်။ ဘင်္ဂလား ဒေ့(ရှ်)ဟာ နိုင်ငံရဲ့ဧရိယာအကျယ်အ၀န်းနဲ့လူထုဟာ ဘယ်လိုမှ သဟဇာတဖြစ်တဲ့အနေအထားမှာ ရှိနေတာမဟုတ်သလို ပညာရှင် တွေရဲ့သုံးသပ်ချက်ဖြစ်တဲ့ ပင်လယ်ရေမျက်နှာအောက်မှာ ပျောက်ဆုံးသွားမယ့် မြေဧရိယာဟာလည်း ဘင်္ဂလားဒေ့(ရှ်)လူထုကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာသို့ ဖြန့်ထွက်သွားအောင် လျှို့ဝှက်ချက် မဟာဗျူဟာတွေအဖြစ် ပုံဖော်တာတွေလည်း ဖြစ်နိုင်ပါတယ်။ တဘက်မှာလည်း ဘာသာရေးနယ်ချဲ့ချင်တဲ့ မဟာဗျူဟာတွေလည်း ကျွဲကူးရေပါဆိုသလို ပါဝင်ပါလိမ့်မယ်။ဒါကြောင့် မြန်မာနိုင်ငံလွတ် လပ်ရေးမရမီကပင် အစ္စလာမ်မစ်နိုင်ငံထူထောင်ရေးအိပ်မက်ဟာ ဒီနေ့အချိန်ထိ ယှဉ်သန်နေဆဲဖြစ်တယ်ဆိုတာ သူတို့ရဲ့လှုပ်ရှားမှု တိုင်းက သက်သေခံနေပါတယ်။ နိုင်ငံသားဖြစ်ရေးတောင်မှ ရိုဟင်ဂျာလူမျိုးအဖြစ်ဖော်ပြလိုမှုဟာ ပါလီမန်ခေတ်က တီထွင်ခဲ့တဲ့ ရိုဟင်ဂျာသမိုင်းသစ်နဲ့ဆက်စပ်လိုလို့ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ပါလီမန်ခေတ်က စတင်သုံးစွဲခဲ့တဲ့ ရိုဟင်ဂျာသမိုင်းဟာ အထက် က တင်ပြခဲ့သလို နှစ်ပေါင်းငါးထောင်လောက်ကပင် နေထိုင်ခဲ့တဲ့လူမျိုးတွေဖြစ်တယ်။ ဒါကြောင့် မွန်၊ ဗမာ၊ရခိုင်၊ရှမ်း စတဲ့လူမျိုး တွေလို တိုင်းရင်းသားတွေဖြစ်တယ်။ အဲဒီတိုင်းရင်းသားတွေလို ပြည်နယ်တခု ဖန်တီးပေးရမယ်။တန်းတူပေးရမယ်ဆိုတဲ့ လှုပ်ရှားမှုတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ နိုင်ငံတကာ အခင်းအကျင်းတွေကြည့်ပြီး ပြောရမယ်။
ဆိုတော့ ရခိုင်ပြည်ရဲ့ အခြားတဘက်မှာ ရှိနေတဲ့ မွတ်ဆလင်တွေဟာ နိုင်ငံသားဘောင်ထဲမှာ ရှိနေပေမယ့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့လှုံ့ဆော်မှုတွေကြောင့် “ အနာဂတ်မှာ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသားအဖြစ် တရားဝင်ဖြစ်ခဲ့ရင် “  ဆိုတဲ့ မျှော်လင့် ချက်ကို လက်တွေ့ နည်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်လာမှုဟာ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတံခါးကို ပြင်းပြင်းထန်ထန် လာခေါက် နေပြီလို့ ပြောချင်တယ်။  ရန်ကုန်စတဲ့ မြို့ကြီးတွေက မွတ်ဆလင်တွေဟာ နိုင်ငံတော်ဘက်က မရပ်တည်ဘဲ ခိုးဝင်ဘင်္ဂလီတွေရဲ့ နိုင်ငံ တော်ကို ဖဲ့ထုတ်ရန်ကြိုးပမ်းမှုဘက်က ရပ်တည်ခြင်း၊ သမိုင်းလိမ်တွေနဲ့မြန်မာတိုင်းရင်းသားတွေရဲ့ဒေါသကို ဆွပေးခြင်း၊ရခိုင်ပြည်အရေး အခင်း၊ မွတ်ဆလင်နိုင်ငံတွေက ၄င်းတို့ဘက်က ရပ်တည်လာခြင်း စတဲ့ ဖြစ်ရပ်တိုင်း ၊ ဖြစ်ရပ်တိုင်းဟာ မွန်၊ဗမာ၊ ရခိုင်၊ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီစတဲ့ မြန်မာတိုင်းရင်းသားတွေကို တပ်လှန့်သလိုဖြစ်စေခဲ့တယ်။ အကျိုးဆက်အနေနဲ့ (၉၆၉)စတဲ့ စတေကာတွေ လုပ်ပြီး လူထုက လှုံ့ဆော်လာတယ်။ ကရင်ပြည်နယ်က ခြံမြေ မရောင်းရစတဲ့ လှုပ်ရှားမှုတွေအထိ ဖြစ်ပေါ်စေခဲ့တယ်။ ဒါတွေဟာ သက်ရောက်မှုရဲ့ “ အား” လို့မြင်တယ်။ ဒါကြောင့် ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးမူဟာ ပြဿနာရဲ့အဖြေမဟုတ်ဘဲ ပြဿနာရဲ့ရင်းမြစ်(ပြဿရဲ့အခြေခံ)ဖြစ်တယ်ဆိုတာကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ မွတ်ဆလင်တွေ သိထားဖို့လိုသလို ဆန့်ကျင်ဖို့လဲလို အပ်တယ်။
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ နိုင်ငံသားဖြစ်ရေးကို ကျော်လွန်ပြီး တိုင်းရင်းသားဖြစ်ရေးကို တစိုက်မတ်မတ်လုပ်လာခြင်းတွေက သူတို့ရဲ့ပန်းတိုင်မဟုတ်ဘူး။ သူတို့ရဲ့ ပန်းတိုင်းဟာ တိုင်းပြည်ဖဲ့ထုတ်ရေးသာဖြစ်တယ်။ တကယ်လို့ မြန်မာတိုင်းရင်းသားအဖြစ် တရားဝင်ဥပဒေကြောင်းအရသတ်မှတ်ခဲ့ရင် နိုင်ငံတကာမှာ ရိုဟင်ဂျာနာမည်ခံပြီး ရောက်ရှိနေတဲ့ ဘင်္ဂလီအုပ်စုတွေဟာ နိုင်ငံတကာဖိအားတွေနဲ့ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရေးအဖြစ်လှုံ့ဆော်ပြီး မြန်မာနိုင်ငံထဲက ရခိုင်ပြည်ထဲကို ပြန်ဝင်လာပါလိမ့်မယ်။ ပြည်တွင်းနေ မွတ်ဆလင်တွေဟာလည်း အလိုအလျောက် ရိုဟင်ဂျာအဖြစ်အသွင်ပြောင်းသွားပြီး အဲဒီအင်အားတွေ စုပေါင်းသွားပါလိမ့် မယ်။ အဲဒီအချိန်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက် ကိုင်လှုပ်လာမှာ ဖြစ်သလို အန္တိမပန်းတိုင်ဖြစ်တဲ့ အစ္စလာမ် မစ်နိုင်ငံ ထူထောင်ရေးလှုပ်ရှားမှုတွေဟာလည်း အင်အားကောင်းစွာ သက်ဝင်လှုပ်ရှားလာပါလိမ့်မယ်။ ဆိုတော့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီအရေအတွက်ဟာ ဘယ်လောက်ရှိသလဲဆိုတာ တိကျတဲ့ ကိန်းဂဏန်းတွေနဲ့ မချပြနိုင်ပေမယ့် တကယ့် ကြောက်စရာကောင်းတဲ့ အရေအတွက်တွေဖြစ်မှာကတော့ သေချာပါတယ်။ ရခိုင်ပြည်ထဲမှာ နေထိုင်ခဲ့ဖူးတဲ့ ဘင်္ဂလီတွေ ပြည်ပမှာ ရိုဟင်ဂျာဖြစ်သွားသလို ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသားတွေ ဒုတိယနိုင်ငံမှာ ရိုဟင်ဂျာနာမည်နဲ့ ဒုက္ခသယ်ခံယူပြီး တတိယနိုင်ငံထွက် သွားမှုတွေက ထုနဲ့ထည်နဲ့ရှိပါတယ်။ တဘက်မှာလည်း ဘင်္ဂလားဒေ့(ရှ်)စာအုပ်နဲ့ ဥရောပစတဲ့ နိုင်ငံတွေကို အရောက်သွားပြီး ရိုဟင်ဂျာ အရေခြုံကာ နိုင်ငံရေးခိုလှုံခွင့်တောင်းမှုတွေကလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ရခိုင်ပြည်ထဲက ဘင်္ဂလီတွေနဲ့ ဘင်္ဂလားဒေ့(ရှ်) က ဘင်္ဂလီတွေဟာ ထိုင်း ၊ မလေးစတဲ့ ဒုတိယနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ကြရင်း တဖက်မှာလည်း အဲဒီက တဆင့် တတိယနိုင်ငံတွေမှာ အခြေချနေထိုင်နိုင်တယ်ဆိုတဲ့ မက်လုံးတွေပေးပြီး လှုပ်ရှားနေတဲ့ ကွန်ယက်တွေရှိပါတယ်။ ဒီကွန်ယက်တွေထဲကို ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလှုပ်ရှားသူတွေက ချိတ်ဆက်ထားပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ဘင်္ဂလား ဒေ့(ရှ်)နိုင်ငံသား ဘင်္ဂလီတွေရဲ့အရေအတွက်ဟာ ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ မြန်မာ ပယ်လယ်ကမ်းရိုးတန်း၊ ထိုင်းပင်လယ်တွေထဲမှာ မကြာခဏဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်ထဲက ဘင်္ဂလီနည်းနည်းနဲ့ ဘင်္ဂလား ဒေ့(ရှ်)က ဘင်္ဂလီတွေ များများ ဖြစ်နေခြင်းတွေဟာ ဘင်္ဂလားဒေ့(ရှ်)အစိုးရရဲ့ အဆမတန်တိုးပွားနေတဲ့လူဦးရေကို လျော့ချရေး လျှို့ဝှက် စီမံကိန်းတခုဖြစ်နေမယ်ဆိုတာ ထင်ရှားပါတယ်။ တဖက်မှာလည်း နိုင်ငံတကာရောက်ရင် အလိုအလျောက်ရိုဟင်ဂျာဖြစ်သွားတတ်တဲ့ စီမံကိန်းဟာလည်း ရေရှည် စီမံကိန်းတခုဖြစ်ပါလိမ့်မယ်။ လှေစီးပြီး နိုင်ငံတကာကို ဖြန့်ကျက်ထွက်နေတဲ့ ဘင်္ဂလီတွေဟာ သြစတေး လျားအထိရောက်ပါတယ်။ လှေစီးပြီး မသွားခင် သင်တန်းလို ပုံစံမျိုးတွေရှိနိုင်ပါတယ်။ တကယ်လို့ နိုင်ငံတခုခုက မိရင် မြန်မာအစိုးရက ဘာသာရေးဖိနှိပ်လို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပါလို့ပြောရန် စတဲ့သင်တန်းမျိုးပါ။ ဒါကြောင့် နည်းမျိုးစုံနဲ့ ရခိုင်ပြည်ထဲမှာ နေထိုင် ခဲ့ဖူးတဲ့ ဘင်္ဂလီတွေရော၊ ဘင်္ဂလားဒေ့(ရှ်)က ဘင်္ဂလီတွေဟာ ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေမှာ ရိုဟင်ဂျာတွေဖြစ်သွားတတ်ပြီး နိုင်ငံ တကာမှာ ခန့်မှန်းလို့မရနိုင်လောက်အောင် ထုနဲ့ထည်နဲ့ ရောက်ရှိနေပါပြီ။
ဆိုတော့ မြန်မာနိုင်ငံရဲ့ဥပဒေကြောင်းအရ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားအဖြစ် တကယ်လို့ အသိအမှတ်ပြုပေးခဲ့မယ်ဆိုရင်
(က)ရခိုင်ပြည်ထဲမှာ လက်ရှိနေထိုင်နေတဲ့ ဘင်္ဂလီအင်အားစု
(ခ) မြန်မာတနိုင်ငံလုံးမှာ ရှိနေတဲ့ မွတ်ဆလင်တွေဟာ ရိုဟင်ဂျာအမည်ခံပြီး အင်အားစုအဖြစ်ပူးပေါင်းလာမယ်
(ဂ)နိုင်ငံတကာမှာ ထုနဲ့ထည်နဲ့ရောက်ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေပြိုဆင်းလာမယ်(ဒီအထဲမှာ ရခိုင်ပြည်ထဲမှာ နေထိုင်ခဲ့ဖူးတဲ့ ဘင်္ဂလီတွေနဲ့  ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသား စစ်စစ်တွေကိုယ်တိုင် ရိုဟင်ဂျာအမည်နဲ့ပူးပေါင်းလာမှာ သေချာတယ်)

(ဃ)ဘင်္ဂလားဒေ့(ရှ်)နိုင်ငံထဲက နောက်ထပ် အသစ် အသစ်တွေထပ်ဝင်လာမယ်
အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိမ်းထားလို့ ရနိုင်တော့မှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာအခင်းအကျင်းတွေအရ ပြောနိုင်တယ်။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ နှစ်ငါးဆယ် နှစ်တရာကို မျှော်ကြည့်ခြင်းမဟုတ်ဘူးဆိုတာ နိုင်ငံတော်

အနေနဲ့ရော မြန်မာတိုင်းရင်းသားထုတရပ်လုံးပါ သိဖို့လိုအပ်တယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ နှစ်တထောင်ကို အနည်းဆုံးထားပြီး မျှော်ကြည့်ဖို့နဲ့ ချင့်တွက်တတ်ဖို့ ပြောလိုတယ်။ အမေရိကန်တွေ  အလွန်သေးငယ်တဲ့ ရွာ ၊ မြို့တည်တဲ့အခါ  အနည်းဆုံး နှစ်တထောင်လောက်ကို ချင့်တွက်ပြီး တည်ဆောက်ကြတယ်လို့ မြင်တယ်။ နောက်ထပ် မျိုးဆက်သစ်တွေအတွက် အိမ်သစ်တွေပေါ်လာမယ် ၊ အိမ်သစ်တွေ ပေါ်လာရင် ဘာတွေဖြစ်လာမယ် စတဲ့ ချင့်တွက်မှုတွေနဲ့တည်ဆောက်ကြတယ်။ မြန်မာနိုင်ငံတော်အနေနဲ့လည်း လာမယ့်အနှစ်တရာ ကို မျှော်ကြည့်ဖို့ထက် အနည်းဆုံး နှစ်တထောင်လောက်ကို မျှော်ကြည့်ဖို့လိုလိမ့်မယ်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ လျှို့ဝှက် ထားတဲ့ ဘင်္ဂလားဒေ့(ရှ်)အဖွဲ့အစည်းတွေနဲ့ နှစ်တထောင်လောက်ကို မျှော်ကြည့်ပြီး အလုပ်လုပ်နေပေမယ့် ကိုယ့်ဘက်က နှစ်ငါးဆယ် လောက်မှာ သူတို့အိပ်မက်ကို အကောင်အထည်ဖော်ပေးလိုက်တဲ့ ပုံစံမျိုးဖြစ်သွားစိုးတယ်။
နိုင်ငံတော်အနေဖြင့် ကိုင်တွယ်ဖြေရှင်းနေတာက နိုင်ငံသားဖြစ်မှု မဖြစ်မှုနဲ့ နိုင်ငံတွင်းသို့ ခိုးဝင်မှုကိစ္စဖြစ်တယ်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဘက်ကတော့ နိုင်ငံသားဖြစ်မှုထက် ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ အပေါ်မှာ ရပ်တည်တယ်။ နိုင်ငံတော်ကရော၊ မြန်မာတိုင်းရင်းသားပေါင်းစုံကပါ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမဟုတ်ဘူးဆိုတာ ပြတ်သားစွာ ရှင်းထားတယ်။ နိုင်ငံသားဖြစ်မှုဘောင်ထဲမှာ ရှင်းရမယ့် ပြဿနာကို ကျော်လွန်ပြီး ပြဿနာဖြစ်စေမယ့် ရိုဟင်ဂျာဆိုတာ မြန်မာတိုင်း ရင်းသားဆိုတဲ့မူဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အပြင်းထန်ဆုံးရိုက်ခတ်စေပါတယ်။ ထို့အတူ သင်္ဘောပျက်ပုံပြင် စတဲ့ သမိုင်းလိမ်တွေနဲ့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်တွေကို ရန်ကုန်၊ မန္တလေးစတဲ့ဒေသတွေက မွတ်ဆလင်တွေကပါ နည်းမျိုးစုံ ၊ အသွင်မျိုးစုံနဲ့ ပူးပေါင်းပါဝင်လှုပ်ရှားမှုတွေနဲ့အတူ (OIC )စတဲ့ အဖွဲ့အစည်းတွေကပါ ဟန်ချက်ညီညီ လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာတံခါးကို ပြင်းထန်စွာ လာခေါက်ခြင်းဖြစ်တယ်ဆိုတာ ပြောချင်တယ်။  ။

ခိုင်လင်း(မေဃ၀တီ)

တရုတ်မှာလဲ ပြဿနာ ရှာပြန်ပြီ.

** တရုတ်မှာလဲ ပြဿနာ ရှာပြန်ပြီ....**

ဝီဂါမူဆလင်နဲ့ တရုတ်ရဲကြား ပဋိပက္ခဖြစ် ၂၁ ဦးသေ
Thursday ,April25 ,2013

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ ဒေသခံ ဝီဂါလူမျိုးတွေနဲ့ တရုတ်ရဲတွေအကြား ပဋိပက္ခဖြစ်ကြရာက လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ရပါတယ်။

ဝီဂါလူမျိုး လူငယ်တချို့ ဓားတွေကိုင်ဆောင်ထားတာကို တရုတ်အစိုးရအရာရှိတွေ သတိပြုမိပြီး ရဲတွေကို အကြောင်းကြားရာက ပဋိပက္ခ စတင်ခဲ့တာလို့ တရုတ်အစိုးရပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။

ရဲတွေက ဒေသခံတွေရဲ့ နေအိမ်မှာ လက်နက်သိုလှောင်မှုတွေ ရှိမရှိ စစ် ဆေး ရာ က ပြဿနာ ဖြစ်တာ လို့လည်း ဖော်ပြထားပါတယ်။

ဝီဂါလူမျိုးတချို့နဲ့ တရုတ်ရဲတွေအကြား ဖြစ်နေတဲ့ ပဋိပက္ခအတွင်း တခြား ဝီဂါလူမျိုးတွေပါ ပါဝင်ပြီး ရဲတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတွေနဲ့ တရုတ်အစိုးရဝန်ထမ်း ၁၅ ယောက်လောက် သေဆုံးပြီး ဝီဂါလူမျိုး ၆ ယောက် သေဆုံးခဲ့တယ်လို့ ဘေကျင်းမြို့အခြေစိုက် အေဘီစီသတင်းထောက် Stephen McDonell က သတင်းပေးပို့ခဲ့ပါတယ်။

ဝီဂါလူမျိုးတွေဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပြီး အများစုက တရုတ်နိုင်ငံကနေ လွတ်လပ်ရေးရရှိဖို့ လိုလားကြသူတွေ ဖြစ်ပါတယ်။ ရှင်ကျန်း ပြည်နယ်မှာ ဝီဂါလူမျိုး လူဦးရေ ၉ သန်းလောက်ရှိပြီး ရှင်ကျန်းပြည်နယ် လူဦးရေရဲ့ ၆၀% ကျော်ရှိပြီး ကျန်လူတွေကတော့ ဟန်တရုတ်လူမျိုးတွေ များပြားကြောင်း သိရပါတယ်။

ဝီဂါလူမျိုးတွေကတော့ သူတို့အပေါ် တရုတ်အစိုးရက ဘာသာရေး၊ လူမျိုးရေး ဖိနှိပ်မှုတွေလုပ်တယ်လို့ ပြောဆိုထားပြီး တရုတ်အစိုးရကလည်း ဝီဂါလူမျိုးတချို့ ဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့ပြောပြီး တချို့ကို ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။
  
ABC Radio Australia

ရှေးဟောင်း သုတေသနဇုန်တွင် စေတီသစ် တည်ခြင်းအား တရားစွဲထား

 ရခိုင်ပြည်နယ်၊ ကျောက်တော် ရှေးဟောင်း သုတေသနဇုန် နယ်မြေအတွင်းရှိ မဟာမုနိ ပရိဝုဏ်ဝင်းထဲ စေတီ တည်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရှေးဟောင်း သုတေသန ဌာနမှ စေတီတည်သူများ ကို တရားစွဲထားကြောင်း သိရသည်။

အမြင့် ကိုးတောင် (၁၃.၅ ပေ) ရှိပြီး “ကိုးနဝင်း စေတီ” ဟု အမည်ပေးထားသည့် အဆိုပါ စေတီငယ်ကို အမည်မသိ လူတစုက ဧပြီလ ၈ ရက်နေ့မှ ဧပြီ ၁၉ ရက်နေ့အတွင်း ညအချိန်များတွင် တည်ထားခဲ့ကြခြင်း ဖြစ်သည်။

“ရှေးဟောင်း သုတေသန နယ်မြေထဲမှာ ဧပြီ ၈ ရက်နေ့က ပန်းရန်ဆရာ ၂၀ လောက်နဲ့ ပန္နက်ချတယ်။ ကျနော်တို့
ဌာနက တာဝန်အရ သွားပြီး ဟန့်တားပါတယ်။ ဒါပေမယ့် မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ခွင့်ပြုချက်နဲ့ တည်ဆောက်တာဆိုပြီး တားမြစ်မှုကို မလေးမခန့် လုပ်ခဲ့တယ်။ ဒါကြောင့် ဧပြီလ ၉ ရက်နေ့မှာ ဌာနက ဥပဒေနဲ့ အညီ ကျောက်တော်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့သလို မြို့နယ် သာသနာရေး ဦးစီးဌာနကိုလည်း အကြောင်းကြားထားတယ်။ အမှုမှာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆက်စပ်ပါဝင်နေလို့ ပြည်နယ်ကို လွှဲထားတယ်။ ခုအချိန်ထိ ဘာမှအကြောင်း မပြန်သေးဘူး” ဟု မြောက်ဦး ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ဝန်ထမ်းတဦးက ဆိုသည်။

ကျောက်တော် မဟာမုနိရှေးဟောင်းနယ်မြေကို မြောက်ဦးရှေးဟောင်းသုတေ သနဦးစီးဌာန အောက်တွင် ထားရှိသည်။

ယင်းသို့ တရားမဝင် စေတီတည်သူများအား ဥပဒေအရ အမှုဖွင့်ရာတွင် အလှူရှင်များကို မသိရသေးသဖြင့် ကာယကံမြောက် ကျူးလွန်ခဲ့သူ ပန်းရန်ဆရာ ဦးအောင်စိုးမိုး ကိုသာ တရားစွဲဆိုထားရသည်ဟု အဆိုပါဝန်ထမ်းက
ပြောသည်။

ထို စေတီငယ် တည်ထားခြင်းအပေါ် ရခိုင်သမိုင်းသုတေသီများ အပါအဝင် ပညာရှင်များ၊ ဒေသခံများကလည်း ကန့်ကွက်လျက်ရှိသည်။

“ရှေးဟောင်းသမိုင်းဝင်ဒေသကို မူလအတိုင်းပဲ ထားသင့်တယ်။ ဘယ်လို အဆောက်အဦ သစ်တွေကိုမှ မဆောက်လုပ်သင့်သလို သက်ဆိုင်ရာကလည်း ခွင့်မပြုသင့်ဘူး။ တကယ်လို့ စေတီဘုရား တည်ထားချင်ရင်လည်း ပရိဝုဏ် ပြင်ပမှာ တည်လို့ရတာပဲလေ” ဟု စစ်တွေမြို့မှ ရခိုင်သမိုင်း သုတေသီ အရှင်ပညာစာရ က မိန့်ကြားသည်။

မဟာမုနိရုပ်ပွားတော်မှာ ကျောက်တော်မြို့ အရှေ့ဘက် ၇ မိုင်အကွာရှိ ပေ ၃၀ မြင့်သည့် မဟာမုနိကုန်းတော်
ပေါ်ဝယ် ကိန်းဝပ်စံပ္ပါယ်နေခြင်း ဖြစ်သည်။ ဘုရား ကုန်းတော်တွင် ပစ္စယာ ၃ ခု ရှိပြီး ပထမ ပစ္စယာတွင် မဟာမုနိ ရုပ်ပွားတော်၊ ဒုတိယ ပစ္စယာတွင် နတ်များနှင့် တတိယ ပစ္စယာတွင် ပြတိုက်၊ သိမ်တော်၊ လက်ဆေးကန်တို့ ရှိသည်။ ထိုစေတီငယ်ကို တတိယ ပစ္စယာ အတွင်း တည်ထားခြင်း ဖြစ်သည်။ ရှေးဟောင်းဌာန ဥပဒေအရ ပရိဝုဏ်၏ ပြင်ပ ကိုက် ၅၀ အပြင်ဘက်၌သာ တည်ဆောက်ခွင့် ရှိသည်ဟု သိရသည်။

တာဝန်ရှိသူက ဟန့်တားစဉ် ဆက်တည်ခြင်း၊ လူခြေတိတ်ချိန် ညများတွင်သာ ဆောက်လုပ်ခြင်းနှင့် အမြန်လုပ်ကိုင်
နေခြင်းတို့ကြောင့် တစုံတရာ ယတြာချေခြင်း ဖြစ်နိုင်သည် ဟုလည်း ယူဆနေကြသည်။

“ဘယ်သူပဲဖြစ်ဖြစ် ဒါဟာ လုံးဝ မလုပ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ ယဉ်ကျေးမှုနယ်မြေမှာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ယတြာချေတာလိုမျိုးဟာ အတော့်ကို အရုပ်ဆိုးတယ်။ ဦးဇင်းကတော့ လုံးဝ ကန့်ကွက်ရှုတ်ချတယ်။ အားလုံး ဝိုင်းကန့်ကွက်ဖို့လည်း တိုက်တွန်းသွားမယ်” ဟု သံတွဲမြို့မှ ရခိုင်သမိုင်းသုတေသီ အရှင်ကုသလ(ငွေသဇင်)က အမိန့်ရှိသည်။

၎င်းစေတီမှာ ကျမ်းစာများနှင့် ရခိုင်ဓလေ့ထုံးတမ်းအရ ပူဇော်အပ်သည့် စေတီတဆူအဖြစ် အသိအမှတ်ပြုရန် ခက်ခဲသည်ဟု ရှေးဟောင်း သုတေသနညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် က မှတ်ချက်ပြုသည်။

“စေတီဘုရားတွေ တည်မယ်ဆိုရင် သတ္တုရူပ ဗိသုကာကျမ်း အညီ တည်ဆောက် သွန်းလုပ်ကြရတယ်။ သတ္တုရူပဗိသုကာကျမ်း အလိုအရဆိုရင် စေတီတည်မယ့် မြေဟာ သန့်စင်ပြီးသား ဖြစ်နေ ရမယ်။ စေတီမှာ ဌာပနာမယ့် အခန်းအရံတွေ ရွေးချယ် ထည့်သွင်းရမယ်။ သူတို့မှာက ရှေးဟောင်း သုတေသနဌာနက ဥပဒေနဲ့အညီ ထိန်းချုပ်ထားတဲ့ မြေဖြစ်နေတယ်။ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသလို အခန်းအရံ ရွေးချယ် ထည့်သွင်းခြင်း မရှိတာကိုလည်း တွေ့ရတယ်” ဟု ထောက်ပြသည်။

အခန်းအရံ ထည့်သွင်းခြင်းဆိုသည်မှာ ကျမ်းစာနှင့်အညီ ဌာပနာထည့်သွင်းခြင်းကို ဆိုလိုသည်။

“စေတီတည်သူတွေ နောက်ထပ် သိရမှာက ရခိုင်စေတီဌာပနာ ၃ ရပ် ရှိတယ်။ မြေအောက် ဌာပနာမှာ ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ်မီ ဖွားတော်မူခန်း၊ တောထွက်ခန်းစတဲ့ ဗုဒ္ဓဝင်လာ ဆင်းတုတွေကို ဌာပနာရတယ်။ သပိတ်မှောက် ဌာပနာမှာက ဘုရားဖြစ်ပြီး ဗောဓိပင်နဲ့ ရွှေပလ္လင် အောင်တော်မူခန်းလို ဆင်းတုတွေကို ဌာပနာရတယ်။ ငှက်ပျောဖူး ဌာပနာကျတော့ ဘုရားက စကုပတိမင်းကို ချွတ်ခန်းစတာတွေနဲ့ ဌာပနာရပါတယ်။ မဟာမုနိကုန်းပေါ်မှာ ဥပဒေမဲ့ တည်ထားရာမှတော့ ဘီလူးရုပ်တွေ၊ ဇော်ဂျီရုပ်တွေနဲ့ လုပ်ထားတယ်။ ကျမ်းဂန်နဲ့ မညီသလို ရခိုင်ရိုးရာ ဓလေ့ထုံးစံတွေနဲ့လည်း ဆန့်ကျင်နေတယ်။ စေတီတခုရဲ့ အင်္ဂါရပ်တွေ မပါဘူးလို့ပဲ ပြောရမယ်” ဟု ရှင်းပြသည်။

မြောက်ဦးမြို့မှ ရခိုင်သမိုင်းသုတေသီ ဝေဒပညာရှင်တဦးကလည်း ပွင့်လင်းမြင်သာမှုလည်း မရှိဘဲ ဥပဒေကို ဆန့်ကျင်၍ သင်္ကြန်အတွင်း ညအချိန်များတွင် စေတီတည်ခြင်းအား ဝေဖန်လိုက်ပြီး ယတြာလုပ်ရန် ကြိုးပမ်းချက်တခုဟု စွပ်စွဲလိုက်သည်။

“ဒါဟာ နောက်ကွယ်က ဘယ်အဖွဲ့အစည်းက ကြိုးကိုင်နေမှန်းမသိပေမယ့် ရခိုင်ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ မြင်တယ်။ သူတို့က မဟာမုနိဟာ ရခိုင်တို့ရဲ့ အသက် ဆိုတာ သိတယ်။ ရခိုင်ကို တခုခု လုပ်ချင်ရင် ရခိုင်တို့ရဲ့ ဦးခေါင်းနဲ့ တူတဲ့ မဟာမုနိကို အဓိက ပစ်မှတ်ထားတယ်။ သူတို့က စေတီငယ်ကို ရှစ်သောင်း ပုထိုးပုံစံယူ တည်ထားတယ်။ ၁၅၃၅ ခုနှစ်၊ ရခိုင်ဘုရင် မင်းဗာကြီးက ရှစ်သောင်းကို တည်တဲ့အခါ ဗေဒင် ယတြာအရ တိုင်းပြည်ရဲ့ အာယုအရပ်ဖြစ်တဲ့ နန်းတော်ကုန်းရဲ့ မြောက်ဘက်မှာ တည်တယ်။ အခုဟာက ရှစ်သောင်း ပုံတူ စေတီကို မဟာမုနိရဲ့ အနောက်ဘက်အရပ်ဆိုတော့ ပရိဝါရ လို့ခေါ်တဲ့ မတည်သင့်တဲ့ အရပ်မှာ တည်လိုက်တာ
ဖြစ်တယ်။ ဒါဟာ ဗေဒင်ကိန်းခန်းအရ ကောင်းတဲ့ ရည်ရွယ်ချက် လုံးဝ မဟုတ်ဘူး” ဟု ဆိုသည်။

ယခု စေတီငယ်မှာ  ရှစ်သောင်းပုထိုးတော်နှင့် ပုံစံတူဟု ဆိုသော်လည်း ကွဲပြားမှုများရှိသည်။ ရှစ်သောင်း တည်ပုံမှာ
ခေါင်းလောင်းမှောက် ပုံစံ ဖြစ်ကာ ဤစေတီငယ်မှာမူ အောက်ခြေမှစ၍ ၈ မျက်နှာယူထားပြီး အပေါ်ပိုင်း သပိက်မှောက်တွင် ဆောင့်ကြောင့်ထိုင်နေသော ဘီလူးရုပ်များကို ထည့်ထားသည်။

ရခိုင်ရှေးဟောင်းသုတေသနဌာန မြောက်ဦးဌာနကို ၁၉၂၀ ခုနှစ်က စတင်ဖွင့်လှစ်ပြီး ကျောက်တော် ရှေးဟောင်း နယ်မြေကို ပူးတွဲသတ်မှတ်ကာ၊ ၁၉၅၅ ခုနှစ်တွင် မဟာမုနိ ကုန်းတော်၌ ပြတိုက်တခုကို ကုန်းတော်၏ အောက်ဆုံး ပစ္စယာတွင် ထားရှိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့ထုတ် ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့(Global Heritage Fund)မှ ထုတ်ပြန်သော အစီရင်ခံစာ၌ အဆိုပါ ကျောက်တော် မဟာမုနိ ရှေးဟောင်းဒေသအနီးရှိ မြောက်ဦးမြို့ဒေသကို အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ် ၁၀ ခု စာရင်းတွင် ထည့်သွင်းထားခဲ့သည်။

စစ်တွေ(မဇ္ဈိမ)။