Tuesday, April 30, 2013

ဝတပ်ကို တရုတ်က လက်နက် တပ်ဆင်ထားသော စစ်ရဟတ်ယာဉ်များ ပေးပို့

Posted on 5:33 PM by tun tun

  • Written by  ခင်မေဇော်
(ဓါတ်ပုံ- အင်တာနက်) (ဓါတ်ပုံ- အင်တာနက်)
UWSA ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့လက်နက် တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန် လက်နက်ပြန်လည်တပ်ဆင်ရေး အတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက်တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကိုဝတပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့်မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်းဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာနေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေး သဘောတူညီချက် ရယူထားပါတယ်။

အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မဟုတ်ဘဲ လာအိုဘက်ကတဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့က ပြောဆိုပြီး စုစုပေါင်း ရဟတ်ယာဉ် ၅စီး ပေးပို့ခဲ့ကြောင်းလည်း ပြောဆို ခဲ့ပါတယ်။

မြန်မာအစိုးရ သတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ် များ UWSA လက်ထဲသို့ရောက်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟုဆိုပါတယ်။

Mi-17
ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက် တပ်ဆင်ထားတယ် ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆိုမှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီ စစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ခင်မေဇော် (Burma-Newselite) က Janes Intelligence သတင်းကိုဘာသာပြန်ဆိုပါတယ်။

ပြန်လည် တင်ပြလိုသူများ တိုက်ရိုက်ရှယ်နိုင်ပါတယ်။ စာသားကူးယူပြီး ပြန်လည်ဖော်ပြခြင်း သည်းခံပါ။  .phophtawnews.org

No Response to "၀တပ်ကို တရုတ်က လက်နက် တပ်ဆင်ထားသော စစ်ရဟတ်ယာဉ်များ ပေးပို့ "

Leave A Reply