Saturday, April 20, 2013

အဏုမြုလက်နက်ရုပ်သိမ်းမည်မဟုတ်ဟု မြောက်ကိုရီးယားက ထပ်မံပြောကြား

အဏုမြုလက်နက်ရုပ်သိမ်းမည်မဟုတ်ဟု မြောက်ကိုရီးယားက ထပ်မံပြောကြား
**********

မြောက်ကိုရီးယားအနေနဲ့ သူရဲ့ အဏုမြူလက်နက်အစီအစဉ်ကို ဖျက်သိမ်းမှာမဟုတ်တဲ့ အကြောင်း  စနေနေ့က ထပ်မံပြောကြားလိုက်ပါတယ်။ 

သူတို့ ကလက်နက်ဖျက်သိမ်းဖို့ဆန္ဒရှိခဲ့ တယ်လို့ ပြောကြားခဲ့သော်လည်းအမေရိကန်ကတောင်းဆိုထားတဲ ပြောဆိုဆွေးနွေးမှုအစီအစဉ်ကိုပယ်ချခဲ့ပါတယ်။

 အဏုမြူလက်နက်နဲ့ ကိုရီးယားကျွန်းဆွယ်ကို သီတင်းပတ်အတော်ကြာကြာ ခြိမ်းခြောက်နေတာကို ရပ်တန့်ပေးဖို့  အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားတို့ က ကြိုးစားနေတဲ့ ဆွေးနွေးညိနှိုင်းမှုအတွက်  တောင်းဆိုချက်တွေ တပုံကြီးနဲ့ မြောက်ကိုရီးယားက ကမ်းလှမ်းလိုက်ပါတယ်။ အဲဒိအထဲမှာ ကုလသမဂ္ဂကမြောက်ကိုရီးယားကို အရေးယူရုပ်သိမ်းမှုကို ဖယ်ရှားရေးလည်းပါပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီးယားက သူရဲ့ အဏုမြုလက်နက်တွေကို ရုပ်သိမ်းရပ်တန့်တဲ့ အထိ ကင်းကင်းရှင်းရှင်းဖြစ်သွားတဲ့ အခြေအနေထိစောင့်အုန်းမယ်လို့ ပြောပါတယ်။
 
အမေရိကအနေနဲ့ တကမ္ဘာလုံးက အဏုမြူလက်နက်ကင်းစင်ရေး မလုပ်နိုင်သေးခင်မှာ ကိုရီးယားကျွန်းဆွယ်ကို အဏုမြူလက်နက်ကင်းစင်ရေးလုပ်ဖို့ မစဉ်းစားနဲ့ အုန်းလို့မြောက်ကိုရီးယားအစိုးရသတင်းစာကရေးသားလိုက်ပါတယ်။
 
အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား လက်နက်မတပ်ဆင်ဖို့ ပြောဆိုဆွေးနွေးကောင်း ဆွေးနွေးမှာဖြစ်ပေမယ့်  အဏုမြူလက်နက်တွေဖျက်သိမ်းရေးတော့ဆွေးနွေးစရာမရှိဘူးလို့ 
အဲဒိသတင်းစာမှာရေးသားထားပါတယ်။

မြောက်ကိုရီယားဟာ နိုင်ငံတကာအကူအညီတွေရဖို့ ၂၀၀၅ခုနှစ်မှာအဏုမြူလက်နက်ဖျက်သိမ်းရေးစာချုပ်မှာချူပ်ဆိုခဲ့ပေမယ့်  နောက်ပိုင်းမှာတော့ ပြန်လည်စမ်းသပ်ခဲ့ပါတယ်။ အခုအခါမှာတော့ သူရဲ့  အဏုမြုလက်နက်ကို ရန်နိုင်ဓားသဖွယ်တင်စားနေပြီး  ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ ပြောနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်းတတိယအကြိမ်မြောက် အဏုမြူလက်နက်ကို စမ်းသပ်ခဲ့ ပါတယ်။

ဒါကြောင့်လည်း ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့ မှူတွေ ထပ်မံချမှတိခဲ့တာပါ။
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြောက်ကိုရိးယားနဲ့ အဖြေရှာတွေ့ ဆုံဖို့ အတွက် တရုတ်၊တောင်ကိုရီးယား၊ဂျပန်နိုင်ငံတွေကိုသွားရောက်ခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်က တင်းမာမှူတွေကို သံတမန်နည်းနဲ့ ဖြေရှင်းဖို့ သူက အလေးထားလုပ်ဆောင်နေပါတယ်။

ပြောဆိုညိနှိုင်းဖို့ အတွက်မြောက်ကိုရီးယားရဲ အခုလို့ တောင်းဆိုချက်တွေကြောင့် အနည်းဆုံးတော့ သူတို့ လောင်းကြေးက ဘာလဲဆိုတာသိလိုက်ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောပါတယ်။ 

ဒါပေမဲ့ လုံးဝလက်ခံနိင်စရာမရှိပါဘူး။ရှင်းနေတာဘဲ။ ကျနော်တို့ ရှေ့ ဆက်တိုးဖို့ ဘဲရှိတယ်လို့ ဂျွန်ကယ်ရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

http://www.reuters.com/article/2013/04/20/us-korea-north
-idUSBRE93J06S20130420 
ထားထားမြင့် (Burma Newselite)က ဘာသာပြန်ဆိုပါတယ်။

ရှယ်ယာနိုင်ပါတယ် သတင်းလင့် များစာသားများကူးယူဖော်ပြခြင်းသည်းခံပါ

ထားထားမြင့် (Burma Newselite)က ဘာသာပြန်ဆိုပါတယ်။             FACEBOOK

ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ်များအား တရုတ်အစိုးရဖိတ်ခေါ်

ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ်များအား တရုတ်အစိုးရဖိတ်ခေါ်

 ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ဒေသတွင်း တိုင်းရင်းသားပါတီအချို့နှင့် လွှတ်တော်တွင်
ကိုယ်စားလှယ်အဖြစ် အများအပြား တက်ရောက်နေကြသော ပါတီများအား တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း ဖိတ်ကြားခံရသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင် ကပြောသည်။
၎င်းက “ ပိုက်လိုင်းလမ်းကြောင်းမှာ ရှိတဲ့တိုင်းရင်းသားပါတီတွေ ခေါ်တာပဲလေ။ ရခိုင်ရှိမယ်။ ရှမ်းရှိမယ်။ ပြီးတော့ပြည်မမှာရှိတဲ့ အနိုင်ရတဲ့ NDF နဲ့ တစညကို ခေါ်တာပါ” ဟု ဆိုသည်။

ထိုသို့ ဖိတ်ကြားထားခြင်းခံရသော ပါတီများမှာ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ ပါဝင်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအနေဖြင့် စစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်စ၍ ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းခြင်း စီမံကိန်းကြီးအား စတင်ဆောင်ရွက်ခဲ့ကာ ရခိုင်ပြည်နယ်မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်းမှ တဆင့်တရုတ်ပြည်သို့ ပိုက်သွယ်တန်းကာပေးပို့မည် ဖြစ်သည်။

ယခုတရုတ်အစိုးရဘက်မှ ဖိတ်ခေါ်ခြင်းသည် တိုင်းရင်းသား ဒေသအတွင်းရှိ စီးပွားရေး စီမံကိန်းများ နှင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးရေးအား ဦးတည်ခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။

အဆိုပါ အဖွဲ့သည်ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၂နာရီခန့်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတွင်လေးရက်နှင့် ပီကင်းတွင် လေးရက် သွားရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ထို့သို့ သွားရောက်ခြင်းမှာလည်း လေ့လာရန်သာဖြစ်ကြောင်း၊ သံတမန်အနေဖြင့် သွားရခြင်းမဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မှ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။

၎င်းက “ လွှတ်တော်နဲ့ သိပ်ဆက်စပ်မှု မရှိပါဘူး။ သံတမန်ပတ်စ်ပို့နဲ့ မဟုတ်ဘူး။ အခုက ကိုယ် ကိုင်ပတ်စ်ပို့နဲ့ ကိုလေ့လာရေးအနေနဲ့ ဖိတ်လို့ သွားကြမှာပါ ” ဟု ဆိုသည်။

အဆိုပါ နိုင်ငံရေးပါတီများ၏ တရုတ်ပြည်ခရီးစဉ်သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေး အမြင် လွဲမှားခြင်းအား တရုတ်နိုင်ငံဘက်မှ ပြန်တည့်ချင်သည့် ပုံပေါ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဥက္ကဌ ဦးခင်မောင်ဆွေက သုံးသပ်သည်။

ဦးခင်မောင်ဆွေက “ အစဉ်အဆက် ကျင့်သုံးခဲ့သလို နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးပါတီတွေ့ခြင်းဟာ ပြည်သူနဲ့
ပြည်သူတွေ့တဲ့ သဘောပါပဲ။ တရုတ်ပြည်ဟာ မြန်မာပြည်သူတွေကို ပိုပြီး ဆက်ဆံဖို့ ငြင်းပယ်လို့မရဘူး ဆိုတာ တွေ့ရပါတယ် ” ဟု သုံးသပ်သည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၌ ရုံးစိုက်လျက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းနေသော တရုတ်နိုင်ငံ CNPC ကုမ္ပဏီအား ဒေသခံရွာသား ၈၀၀ ခန့်က ကြာသပတေးနေ့ ညနေတွင် စီတန်း လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
၎င်းတို့၏ တောင်းဆိုချက်များထဲတွင် သိမ်းဆည်းခံ မြေများ လျော်ကြေးပေးရေး၊ ဒေသဆိပ်ကမ်းများမှ ရွာများသို့ လမ်းများ ဖောက်ပေးရေး၊ ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးရေး၊
လျှပ်စစ်မီး ရရှိရေး၊ ရပ်ရွာလုံခြုံရေး၊ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ နောက်ထပ် မြေသိမ်းမှုများ မပြုရေး တို့ပါဝင်သည်။

ရန်ကုန်(မဇ္ဈိမ)

အနောက်တောင်ရိုးမှ သောကမျက်ရည်

၂၀၁၂ မေလ ၂၈ ရက်နေ့မှာ ကြွေလွင့်သွားခဲ့ရတဲ့ ညီမငယ်လေး သီတာထွေး တစ်နှစ်ပြည့်
အတွက် ဒီကဗျာလေးကို ကိုမိုးစက်နီကရေးပေးထားတာပါ .. ပထမတော့ အခုလာမယ့်
မေလ ၂၈ ရက်နေ့ ညီမငယ်လေးသီတာထွေးရဲ့တစ်နှစ်ပြည့်နေ့မှ တင်ပေးမလို့ပါပဲ .. ဒါပေ
မယ့် အားလုံးပဲညီမငယ်ရဲ့တစ်နှစ်ပြည့်နေ့ကို ကြိုတင်သတိရ ပြင်ဆင်နိုင်အောင် တင်ပေး
လိုက်တာပါ ..
*********************************************

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် ။

ညီမလေးရေ
မင်းရေတိမ်နစ်ရတဲ့သတင်း
တို့ရင်ကို ပြင်းပြင်းဝင်ဆောင့်
အသည်းထဲ … အသွေးထဲမှာ
နင့်နေအောင်ကို အောင့်တယ် ။

ကယ်ပါ …. ကူပါ
တစာစာအော်ခဲ့ရတဲ့မင်းဟာ
မိစ္ဆာဘီလူး … ကာမရူးတွေကို
နောက်ဆုံးသောထွက်သက်အထိ
အရှုံးမပေး … ဒူးမထောက်
တို့လူမျိုးရဲ့ အရှက်ကို
မင်းသစ္စာဖောက်မသွားဘူးဆိုတာ
မင်းလက်ထဲမှာ ဆွဲဆုပ်ထားတဲ့
မြက်ပင်အကျိုးအကြေတွေက သက်သေပြနေတယ် ။

ညီမလေးရေ ….
မင်းအရှက် … မင်းအသက်နဲ့
ငါတို့ရဲ့အနာဂတ်တွေကို
ဓားမြိမြိတစ်လက်နဲ့
ထိထိမိမိအထောက်ခံထားရပြီဆိုတာ
သက်သေပြသွားခဲ့တယ် ။

ညီမလေးရေ
ဘာသာစကားတွေ ဘယ်လိုပဲကွဲကွဲ
ယဉ်ကျေးမှုတွေ ဘယ်လိုပဲကွာကွာ
အမိနိုင်ငံတော်ကြီးရဲ့အရိပ်အောက်မှာ
တို့ဟာ … ပြည်ထောင်စုရဲ့ မောင်နှမတွေပဲလေ
မင်းငိုလိုက်တဲ့ မျက်ရည်ဟာ
သံလွင် .. စစ်တောင်း
ချင်းတွင်း နဲ့ ဧရာဝတီမှာ
မျောပါစီးဆင်း ….
သွေးချင်းချင်းနဲ့
မျက်ရည်မြစ်လဲ ဖြစ်ခဲ့ပြီ ။

ညီမလေးရေ …
တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ
မုတ်သုံမိုးပြေး
လေနုအေးထဲမှာ
မင်းပေးခဲ့တဲ့ စည်းလုံးခြင်းဂီတနဲ့အတူ
အမျိုးသားရေးတေးတွေ …
တတိုင်းပြည်လုံး ပျံ့လွင့် …..
မင်း နားစွင့်ကြည့်လှည့်ပါ ။

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် … … ။

(ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ)

မိုးစက်နီ
ဧပြီ ၂၀၊ ၂၀၁၃ ခုနှစ်။ (copy from Marn Htan Myo)..
..

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် ။

ညီမလေးရေ
မင်းရေတိမ်နစ်ရတဲ့သတင်း
တို့ရင်ကို ပြင်းပြင်းဝင်ဆောင့်
အသည်းထဲ … အသွေးထဲမှာ
နင့်နေအောင်ကို အောင့်တယ် ။

ကယ်ပါ …. ကူပါ
တစာစာအော်ခဲ့ရတဲ့မင်းဟာ
မိစ္ဆာဘီလူး … ကာမရူးတွေကို
နောက်ဆုံးသောထွက်သက်အထိ
အရှုံးမပေး … ဒူးမထောက်
တို့လူမျိုးရဲ့ အရှက်ကို
မင်းသစ္စာဖောက်မသွားဘူးဆိုတာ
မင်းလက်ထဲမှာ ဆွဲဆုပ်ထားတဲ့
မြက်ပင်အကျိုးအကြေတွေက သက်သေပြနေတယ် ။

ညီမလေးရေ ….
မင်းအရှက် … မင်းအသက်နဲ့
ငါတို့ရဲ့အနာဂတ်တွေကို
ဓားမြိမြိတစ်လက်နဲ့
ထိထိမိမိအထောက်ခံထားရပြီဆိုတာ
သက်သေပြသွားခဲ့တယ် ။

ညီမလေးရေ
ဘာသာစကားတွေ ဘယ်လိုပဲကွဲကွဲ
ယဉ်ကျေးမှုတွေ ဘယ်လိုပဲကွာကွာ
အမိနိုင်ငံတော်ကြီးရဲ့အရိပ်အောက်မှာ
တို့ဟာ … ပြည်ထောင်စုရဲ့ မောင်နှမတွေပဲလေ
မင်းငိုလိုက်တဲ့ မျက်ရည်ဟာ
သံလွင် .. စစ်တောင်း
ချင်းတွင်း နဲ့ ဧရာဝတီမှာ
မျောပါစီးဆင်း ….
သွေးချင်းချင်းနဲ့
မျက်ရည်မြစ်လဲ ဖြစ်ခဲ့ပြီ ။

ညီမလေးရေ …
တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ
မုတ်သုံမိုးပြေး
လေနုအေးထဲမှာ
မင်းပေးခဲ့တဲ့ စည်းလုံးခြင်းဂီတနဲ့အတူ
အမျိုးသားရေးတေးတွေ …
တတိုင်းပြည်လုံး ပျံ့လွင့် …..
မင်း နားစွင့်ကြည့်လှည့်ပါ ။

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် … … ။

(ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ)

မိုးစက်နီ
ဧပြီ ၂၀၊ ၂၀၁၃ ခုနှစ်

၂၀၁၂ မေလ ၂၈ ရက်နေ့မှာ ကြွေလွင့်သွားခဲ့ရတဲ့ ညီမငယ်လေး သီတာထွေး တစ်နှစ်ပြည့်
အတွက် ဒီကဗျာလေးကို ကိုမိုးစက်နီကရေးပေးထားတာပါ .. ပထမတော့ အခုလာမယ့်
မေလ ၂၈ ရက်နေ့ ညီမငယ်လေးသီတာထွေးရဲ့တစ်နှစ်ပြည့်နေ့မှ တင်ပေးမလို့ပါပဲ .. ဒါပေ
မယ့် အားလုံးပဲညီမငယ်ရဲ့တစ်နှစ်ပြည့်နေ့ကို ကြိုတင်သတိရ ပြင်ဆင်နိုင်အောင် တင်ပေး
လိုက်တာပါ             facebook

ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူနှစ်ဦးမှ လွတ်မြောက်သွားသူ ညီဖြစ်သူအားဖမ်းမိပြီ

ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူနှစ်ဦးမှ လွတ်မြောက်သွားသူ ညီဖြစ်သူအားဖမ်းမိပြီ

ဧပြီလ ၁၉ရက်နေ့၊ ၂၀၁၃ခုနှစ်

ဒေသစံတော်ချိန်  8:45 p.m ခန့်တွင် ဘော့စထွန်မြို့၊ Watertown အိမ်တစ်လုံး၏ နောက်ဘက်ခြံစည်းရိုးဘေးတွင်ထားသော မော်တော်ဘုတ်နားမှာ ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။

သူ့ကို လူနာတင်ကားတစ်စီးက အစ်ကိုဖြစ်သူအခင်းဖြစ်ပွားရာနေရာက
ကားမောင်းထွက်လာစဉ် အမှတ်မထင်တွေ့ရှိခဲ့ပြီး မန်ကချူးဆက်အစိုးရကို အကြောင်းကြားခဲ့ရာ Watertown ဧရိယာတစ်ခုလုံး ပိတ်ပြီး သတင်းရရချင်း ရှာဖွေခဲ့ကြပါတယ်။

Watertown ဆင်ခြေဖုံးရပ်ကွက်တွေကို ရဲရာပေါင်းများစွာဖြင့် တစ်အိမ်တက်ဆင်း  ပိုက်စိတ်တိုက်ရှာဖွေခဲ့တာ တစ်နေကုန်နီးပါးကြာခဲ့ပါတယ်။

အဲလိုရှာဖွေရင်း ည 7:00 p.m လောက်မှာ Franklin လမ်းက အိမ်တစ်အိမ် မှာ  အိမ်နောက်ဘက် မော်တော်ဘုတ် မှာ သွေးစအနည်း ငယ်ပေနေ တာကို ရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့ပြီး ရဲတွေဟာ မော်တော်ဘုတ်အဖုံးကို ဖွင့်ကြည့်လိုက် တဲ့အခါမှာ Dzhokhar Tsarnaev (၁၉နှစ်) ကို  တွေ့ရှိဖမ်းမိ ခဲ့တာဖြစ် ပါတယ်။

ဗိုလ်ချုပ်ဟောင်း သားများ လက်ချက်ဖြင့် လူငယ် နှစ်ဦး ဓားဒဏ်ရာရ

သတင်း

Print This Post
ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံဘေးရှိ ၃၆၅ ကော်ဖီဆိုင် (ဓာတ်ပုံ – tripadvisor.co.uk)
စစ်တပ်အရာရှိကြီးဟောင်း တချို့၏သားများပါဝင်သည့် လူငယ်အုပ်စုတစုက ရန်ငြိုးရန်စမရှိဘဲ ဓားခုတ်မှုတခု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့နေ ဖုန်းမြင့်ဝင်း၊ မင်းသတ္တိ ဆိုသည့် လူငယ် ၂ ဦး ပါဝင်သော သူငယ်ချင်း ၅ ဦးသည် ဧပြီ ၁၁ ရက်က သင်္ကြန် မဏ္ဍပ် ဆောက်လုပ်နေရင်း သမ္မတ ရုပ်ရှင်ရုံဘေးရှိ ၃၆၅ ကော်ဖီဆိုင်သို့ ညဘက် သွားရောက်ရာတွင် ၀င်းထွေးလှိုင်၊ သန့်စင်လှိုင် ဟုခေါ်သော လူငယ် ၂ ဦး ပါဝင်သည့် လူငယ်အုပ်စုတစုက ဓား ၊ သံပိုက် စသည့် လက်နက်များဖြင့် ခိုက်ရန်ပြု ခြင်း ခံခဲ့ရသည်ဟု ဦးခေါင်းတွင် ဓားဒဏ်ရာများ ရခဲ့သည့် ဖုန်းမြင့်ဝင်း က ဧရာဝတီကို ပြောသည်။
မင်းသတ္တိ ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင်လည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ကျနော့်ကို ခုတ်တာ။ ခေါင်းမှာ ၂ ချက်ချုပ်ထားရတယ်။ အဲဒါ ဓားနဲ့ခုတ်တာ။ သံပိုက်နဲ့လည်း ရိုက်တယ်။ လုပ်တဲ့သူ တွေ က သန့်ဇင်လှိုင်၊ သူက ဗိုလ်ချုပ်မြင့်လှိုင်ရဲ့ သား၊ ၀င်းထေွးလှိုင်၊ သူက ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့ သား။ သူတို့အဖွဲ့က ကင်ဒို ဓား နဲ့ ခုတ်တာ။ ကျနော်နဲ့က ရန်စလည်း မရှိဘူး၊ လုံးဝ မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး”ဟု ဖုန်းမြင့်ဝင်းက ဧရာဝတီ ကို ပြောသည်။
သို့သော် ဖုန်းမြင့်ဝင်း၊ မင်းသတ္တိတို့ သူငယ်ချင်း အုပ်စုထဲမှ ဘိုလေးဆိုသူနှင့် ၀င်းထွေးလှိုင် တို့ အမှုဖြစ်နေသည်ဟုလည်း သူက ဆက်ပြောသည်။
ဝင်းထွေးလှိုင်သည် ဦးပိုင် လီမိတက် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်၏ သားဖြစ်ပြီး သန့်စင်လှိုင်သည် လယ်/ဆည် ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်၏သား ဖြစ်ကြောင်း ဖုန်းမြင့်ဝင်းက ပြောဆိုသည်။
ဓားဒဏ်ရာများ ရခဲ့သူ အသက် ၂၃ နှစ်ရှိ မင်းသတ္တိ ကလည်း ဦးခေါင်းဒဏ်ရာ ချုပ်ရိုး မဖြေရသေးကြောင်း၊ အခင်းဖြစ် သည့် ဧပြီလ ၁၁ ရက်နေ့ကတည်းက ဒဂုံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်၍ ရဲတပ်ဖွဲ့ကို ဖြစ်ရပ်စုံ ပြောပြခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။
“ကျနော်က ခေါင်းမှာ ၅ ချက် ချုပ်လိုက်ရတယ်”ဟု သူက ပြောပြသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဓားဖြင့်အခုတ်ခံရသူတို့က အခင်းဖြစ်သည့်နေ့က ၎င်းတို့စခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဒဂုံရဲစခန်းမှ တယ်လီဖုန်း လက်ခံဖြေကြားသူ ရဲ ၀န်ထမ်း တဦးက အတည်ပြုပြောသည်။
အခင်းဖြစ်ပွားပြီးနောက် ၄င်းတို့အား ဓားဖြင့် ခုတ်သွားခဲ့သူ အုပ်စုထဲမှ တဦးကို ဖမ်းမိထားသည်ဟု ရဲစခန်းမှူးက မင်း သတ္တိအား ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊ သို့သော် ဖမ်းဆီးထားသူ မည်သူ ဆိုသည်ကို မသိရှိကြောင်း မင်းသတ္တိက ဧရာဝတီကို ပြောပြသည်။
ဖုန်းမြင့်ဝင်းက“လူတယောက်ကို ဘာရန်ငြိုးမှ မရှိဘဲ အသေလုပ်တာ။ လက်သီးနဲ့ ထိုးတယ်ဆိုလည်း ဖြေသိမ့်နိုင်တယ်။ အခုဟာက ဓားတွေနဲ့ရော၊ တုတ်တွေနဲ့ရော လုပ်တာ။ သူတို့က ရမ်းကားသလိုဖြစ်နေတယ်”ဟု ဆိုသည်။
ကိုယ်ထိလက်ရောက် ကျူးလွန်သူများဘက်က ယခုအထိ တောင်းပန်ခြင်း မရှိသကဲ့သို့ တောင်းပန်ခဲ့လျှင်လည်း တရား ဥပဒေအရသာ ဆောင်ရွက်သွားလိုကြောင်း သူက ဆက်ပြောသည်။
“အဓိက ကျနော်တို့ သွားချင်တဲ့ပုံစံကတော့ တရားဥပဒေ စိုးမိုးရေးပါပဲ။ တကယ်တမ်း တရားဥပဒေအရ အရေးယူပေး တာကိုပဲ ဖြစ်စေချင်တာပါ”ဟု ဖုန်းမြင့်ဝင်းက ဆိုသည်။
မြန်မာစစ်တပ် အရာရှိကြီးများနှင့် အငြိမ်းစား အရာရှိကြီးများ၏ သားသမီးတချို့သည် မိဘများ၏ အရှိန်အ၀ါကို အသုံးချ၍ အုပ်စုဖွဲ့ အနိုင်ကျင့်ရမ်းကားမှုများ ရန်ကုန်မြို့တွင် မကြာခဏ ဖြစ်ပွားကြောင်း၊ ည အချိန်မတော်တွင် လောင်းကြေးဖြင့် ကားပြိုင်မောင်းခြင်းနှင့် တာဝန်ကျ အစိုးရ၀န်ထမ်းများကိုပင် ရိုင်းပြစွာ အနိုင်ကျင့်မှုများ ပြုလုပ်မှုများလည်း ရှိကြောင်း ရန်ကုန်မြို့က လူငယ်များအကြေားတွင် ပြောဆိုနေကြသည်။.irrawaddy.org

ခေါင်းဆောင် ၁၀ ဦးကိုတရားစွဲဆိုပြီးနောက် နောက်ထပ် ဆန္ဒမပြရန် ရဲမှူးကြီးက မဒေးကျွန်း ဒေသခံများကို ပြောကြား

ကျောက်ဖြူ ခရိုင်ရဲမှူးကြီးမှ မဒေးကျွန်းတွင် ဆက်လက် ဆန္ဒပြမူများ မပြုလုပ်ကြရန် ဒေသခံ လူကြီးများကို မေတ္တာရပ်ခံလိုက်သည်ဟု သတင်း ရရှိသည်။
Protest-Against-the-Shwe-Gas-Project-&-CNPC-in---Maday
ဆန္ဒပြရာတွင် ခေါင်းဆောင်သည်ဟု ယူဆသူ ၁၀ ဦးအား မဒေးကျွန်းရဲစခန်းမှူးမှ အမူဖွင့် တရားစွဲဆိုပြီးနောက် ထိုသို့ ရဲမှူးကြီးက ပြောဆိုခဲ့သည်ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဦးထွန်းကြည်က ပြောသည်။
“ ဆန္ဒပြပြီး နောက်တစ်နေ့မှာ ရဲမှူးကြီးနဲ့ ကျောက်ဖြူရဲမင်းကြီးမှာ ရုံးမှာ တွေ့တဲ့ အချိန်မှာ ကျွန်တော်ကို ပြောတာပါ။ အခု တရားစွဲဆိုတာက ဘာမှ မဖြစ်လောက်ဘူး။ ခင်ဗျားတို့ အနေနဲ့ နောက်တပ် ဆန္ဒပြမူတွေ မလုပ်ဖို့ဘဲ လိုတယ်ဆိုပြီး ပြောပါတယ်” ဟု ဆိုသည်။
ဧပြီ လ ၁၈ ရက်နေ့ နေ့လည်က ဒေသခံ ၅၀၀ ကျော်သည် သက်ဆိုင်ရာမှ ခွင့်ပြုချက်မရဘဲ သူတို့၏ လိုလားချက်များကို ဖြည့်ပေးရန် မဒေးကျွန်းရှိ တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ ချီတက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြီးနောက် မဒေးကျွန်း ရဲစခန်းမှူး ဦးစောဝင်းမှ ဆန္ဒပြရာတွင် ဦးဆောင်သူများဟု သံသယ ဖြစ်ခံရသူ ကျောက်တန်းရွာမှ ၃ ယောက်၊ ပြင်ရွာက ၃ ယောက်၊ ရွာမရွာမှ  ၄ ယောက်တို့အား ပုဒ်မ ၁၈ ဖြင့်  တရားစွဲဆိုခဲ့သည်။
“ တရားစွဲခံရတာက ကျောက်တန်းရွာက ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာက ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ကျွန်တော်ထွန်းကြည်တို့ ဖြစ်ကြပါတယ်”ဟု ကိုထွန်းကြည်က ပြောသည်။
တရားစွဲခံရသူ ၁၀ ဦးထဲမှ ၆ ဦးသာ ဧပြီလ ၁၉ ရက်နေ့က ရဲစန်းသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် သူတို့အား အာမခံ (ခံဝန်) ဖြင့် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း သူတို့အား ရဲစခန်းမှူးက စစ်ဆေး မေးမြန်းမူ တချို့ရှိခဲ့သည်ဟု ဆိုသည်။
Protest-Against-the-Shwe-Gas-Project-&-CNPC-in-Maday---
“ ရဲစခန်းမှာ ရွာသားတွေကို တီရှပ် အင်္ကျီတွေ ဘယ်ကရသလဲ။ ဆန္ဒပြပွဲအတွက် ငွေတွေကို ဘယ်အဖွဲ့အစည်းက ထောက်ပံ့သလဲ စသဖြင့် မေးတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ လူတွေက ကျွန်တော်တို့ရဲ့ ရံပုံငွေနဲ့ ကျွန်တော်တို့ လုပ်တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။”
ရဲအဖွဲ့မှ တရားစွဲဆိုသဖြင့် အဆိုပါ အမူကို ပြေလည်အောင် ဖြေရှင်းပါမည်နည်းဟု မေးမြန်းရာ သူက ယခုလို ပြောသည်။
“ ခုလို ခွင့်ပြုချက်မရဘဲ ဆန္ဒပြရင် ဖမ်းဆီး တရားစွဲဆိုနိုင်တယ်ဆိုတာကို ကျွန်တော်တို့ အစကတည်းက သိပါတယ်။ ဒါပေမယ့် ဆန္ဒပြတာက ကျွန်တော် ၁၀ ဦး တည်း မဟုတ်ပါဘူး။ ကျွန်ပေါ်က လူပေါင်း ၈၀၀ လောက်က ပြခဲ့တာ ဖြစ်တဲ့ အတွက် အရေးယူမယ်ဆိုရင် လူအားလုံးကို ယူရပါမယ်” ဟု ဆိုသည်။
ဆန္ဒပြသူများသည် အောက်ပါ အချက်များကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ဥယာဉ်ခြံမြေတွေကို နိုင်ငံတကာ စံနုန်းအတိုင်း ပေးလျော်ရေး၊ ရွာဆက် လမ်းတွေကို ကောင်းမွန်စွာ ပြုလုပ်ပေးရေး၊ ကျွန်းပေါ်က အလုပ်သမားကဒ်ရှိသူတွေကို အလုပ်အကိုင် ခန့်အပ်ပေးရေးနဲ့ တရုတ်ဝန်ထမ်းရတဲ့ လစာအတိုင်း ပေးရေး၊  မဒေးကျွန်းမှာရှိတဲ့ လူနေအိမ်တွေနဲ့ အဆောက်အဦးတွေမှာ လျှပ်စစ်မီး ရရှိရေး၊ ကျွန်းပေါ်မှာ ရာဇ၀တ်မူတွေ မပေါ်ပေါက်ရေး အတွက် ပြင်ပက အလုပ်လာလုပ်တဲ့ လူတွေကို သေချာစွာစိစစ်ရေး၊ ကျွန်းပတ်လည်မှာ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ ကျွန်းပေါ်မှာရှိတဲ့ မြေတွေကို ရွာသူ ရွာသားတွေကို အသိမပေးဘဲ သိမ်းယူနေတာကို ရှောင်ရှားရေး၊ ပျက်စီးသွားတဲ့ ကျွန်းပေါ်က တာတမံကြီးကိုပြန်လည် တည်ဆောက်ပေးရေးနဲ့ စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ဒေသခံတွေကိ လျော်ကြေးတွေ ထုတ်ပေးရေးတို့ ပါဝင်သည်။ NARINJARA

မယားသေဆုံး၍ လင်ကိုဖမ်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇနီးဖြစ်သူ သေဆုံးသွားသဖြင့် ယောကျာင်္း ဖြစ်သူကို ဖမ်းဆီး ထားသည်ဟု သိရသည်။
sittwe_towerအဖမ်းခံရသူမှာ ကိုခင်မောင်ထွန်း(၃၁)နှစ် ဖြစ်ပြီး  စစ်တွေ အမှတ်(၁) ရဲစခန်းတွင်  (ပ) ၉၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲဇာနည် Facebook တွင် ဖေါ်ပြထားသည်။
စစ်တွေမြို့၊ ဓည၀တီ(ခ)ရပ်ကွက်နေ မဦးကျော့နု(၂၅) နှစ် သေဆုံးမှုနှင့် ပတ်သက်၍ သင်္ကာ မကင်းရာမှ သူမ၏ အလောင်းအား စစ်တွေ ဆေးရုံကြီးတွင် စစ်ဆေးရာ သူမမှာ ဆီးအိမ်ပေါက်ကာ ၀မ်းဗိုက်အတွင်း သွေးအိုင် သေဆုံးရခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
သို့အတွက် စစ်တွေရဲမှ အမူမှန် ပေါ်ပေါက်ရေး  စစ်ဆေးရာ သူမနှင့် နီးစပ်သူများက ယောင်္ကျား ဖြစ်သူ ကိုခင်မောင်ထွန်းသည် ဧပြီလ ၁၄ ရက်နေ့က ဇနီးဖြစ်သူကို ရိုက်နှက် ကန်ကျောက်ခဲ့မူများ ရှိခဲ့ကြောင်း  ပြောဆိုသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်း ၀မ်းဗိုက် အတွင်း ဒဏ်ရာကြောင့် နာကျင်မူများ ဖြစ်ပေါ်ပြီးနောက် နေအိမ်တွင် ဆေးမီးတိုဖြင့် ကုသခဲ့ကြောင်း၊ မသက်သာ၍  စစ်တွေ ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  ပြောဆိုသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် လင်ယောင်္ကျားဖြစ်သူကို ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။  NARINJARA

Friday, April 19, 2013

ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ ၃ နာရီကြာတိုက်ပွဲဖြစ်

kia 4th brigade
ရှမ်းပြည်မြောက်ပိုင်း လွယ်ကန် KIA တပ်မဟာ ၄ ဌာနချုပ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား ယမန်နေ့ ၃ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲသည် တပ်ရင်း ၁၇ နယ်မြေ မနောင်ဘွမ် (Manau Bum) တွင် အစိုးရစစ်တပ် ခလရ ၁၄၅ တပ်ဖွဲ့များမှ KIA တပ်ဖွဲ့များရှိသည့်နေရာသို့ ထိုးစစ်ဆင်လာချိန် KIA တပ်ဖွဲ့များ ပစ်ခတ်လိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း တပ်မဟာ ၄ KIA အထက်ပိုင်းအရာရှိ တစ်ဦးကပြောသည်။
“ကျနော်တို့နေတဲ့နေရာမှာ အစိုးရတွေလာခဲ့တာလေ ကျနော်တို့ရှိတဲ့နေရာမှာလာခဲ့တော့ ကျနော်တို့ပစ်လိုက်တာပေါ့။ ကျနော်တို့ဘက်က ဘာမှမဖြစ်ဘူး။ သူတို့ဘက်က အရမ်းနာသွားတာထင်တယ်။ သူတို့ဒဏ်ရာရတဲ့လူတွေကို အမြန်လာသယ်ယူဆိုပြီး သူတို့တိုင်းဌာနကို အကြောင်းကြားနေ တာကြားတယ်။ ဒီမနက်တော့ အချင်းချင်းပြန်စောင့်နေကြတယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။
၎င်းအစိုးရတပ်ဖွဲ့များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပြုလုပ်နေစဉ်အတွင်း တပ်မဟာ ၄ လက်အောက် တပ်ရင်း ၃၄ နယ်မြေ သို့ နေရာယူလာခြင်းဖြစ်ပြီး ယခုချိန် ၃ နေရာတွင် အစိုးရတပ်စခန်းချထားလိုက်ပြီ ဖြစ်ကြောင်း အထက်ပါအရာရှိကပြောသည်။
“သူတို့စခန်းပြန်ချတာတွေက မန်တုန် (Mandong) အောက် ဟူတုန်းမှာ စခန်းတစ်ခု၊ ခွန်ခါးမှာတစ်ခု ပြီးတော့ ဟူမုန်းဆိုတဲ့နေရာမှာ စခန်းတစ်ခုချထားပြီ။ ဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာ သူတို့က နေရာတိုင်းမှာ နေရာယူ စခန်းချလာတဲ့သဘောပဲ”
ယနေ့ ၁၁ နာရီဝန်းကျင်တွင်လည်း လားရှိုးဘက်မှ အစိုးရစစ်ကား ၁၀ စီးတွင် မြင်းကောင်များတင်လာသော ကားတစ်စီးပါပြီး ၁၀၅ မိုင်ဘက်သို့ ၀င်ရောက်လာကြောင်းသိရသည်။
၎င်းသည် အစိုးရတပ်ဖက်မှ  လူအလဲအလှယ်လုပ်ခြင်းမဟုတ်ပဲ အင်အားတိုးချလာခြင်းသာဖြစ်သည်ဟု KIA အရာရှိကပြောသည်။
“ခုနကပဲ စစ်သားတွေတင်ထားတဲ့ စစ်ကား ၁၀ စီး ၁၀၅ မိုင်ကိုဝင်လာတယ်လို့ သတင်းရောက်တယ်။ အဲဒီကနေ ကချင်ပြည်နယ်ဘက်ကိုသွားမလား။ မဟုတ်ရင် မုန်ဂိုဘက်ကို ထိုးစစ်ဆင်မလား အဲဒါက ကောင်းကောင်းမသိဘူး။ သူတို့က လူအပြောင်းအလဲ လုပ်သလားဆိုရင်လဲ မဟုတ်ပြန်ဘူး။ လာတိုးချထားတာ။ မြင်းတွေပါတယ်ဆိုတော့ တောင်ပေါ်တွေမှာ ၀င်ဖို့စီစဉ်တာပေါ့”
ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေတွင် သင်္ကြန်ရက်ကာလအတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း သင်္ကြန်အပြီး ယမန်နေ့မှ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။
အစိုးရနှင့် KIO ကြား မတ်လပိုင်းက ရွှေလီဆွေးနွေးပွဲတွင် ဧပြီလဆန်းပိုင်း ၁၀ ရက်မတိုင်မီ ပြန်လည်တွေ့ဆုံရန်သဘောတူခဲ့ပြီး မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် ပြောဆိုမှုများရှိခဲ့သော်လည်း အစီစဉ်ပျက်သွားခဲ့ခြင်းဖြစ်သည်။
သင်္ကြန်နောက်ပိုင်းတွေ့ဆုံရန် ပြောဆိုမှုများရှိသော်လည်း နှစ်ဖက်ဆွေးနွေးမှုကို သေချာမပြောနိုင်သေးကြောင်း KIO အထက်ပိုင်းအရာရှိများပြောဆိုခဲ့သည်။http://kachinnews.com

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲမှာ လက်ရှိဆောင်ရွက်နေတဲ့  ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို ဆန္ဒပြကန့်ကွက် နေတဲ့ မဒေးကျွန်းက ခေါင်းဆောင်တဲ့သူအချို့ ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။

CNPC ကုမ္မဏီအား ဒေသခံ ၈၀၀ ခန့်ဆန္ဒပြ၊ အနည်းဆုံးလူ ၁၁ ဦးကို အရေးယူရန်ပြင်ဆင်

CNPC ကုမ္မဏီအား ဒေသခံ ၈၀၀ ခန့်ဆန္ဒပြ၊ အနည်းဆုံးလူ ၁၁ ဦးကို အရေးယူရန်ပြင်ဆင်

တောင်းဆိုချက်များ မရမချင်း တရုတ် CNPC ကုမ္ပဏီအား မဒေးကျွန်းသားများက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း မဒေးကျွန်း ဒေသဖွံ့ဖြိုးရေး ကော်မတီမှ တာဝန်ရှိသူများက ဆိုသည်။CNPC ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကို မနှစ်သက်သောကြောင့် မဒေးကျွန်းဒေသခံများ ကန့်ကွက်ဆန္ဒပြ၍ မိမိလိုချင်သော အချက်များကို တောင်းဆိုနေကြစဉ်။CNPC ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကို မနှစ်သက်သောကြောင့် မဒေးကျွန်းဒေသခံများ ကန့်ကွက်ဆန္ဒပြ၍ မိမိလိုချင်သော အချက်များကို တောင်းဆိုနေကြစဉ်။

ဧပြီ ၁၈ ရက်နေ့ မွန်းလွဲ ၁း၄၅ မှ ညနေ ၃း၃၀ ထိ မဒေးကျွန်း၌ ရုံးစိုက်လျက်ရှိသော တရုတ်နိုင်ငံ CNPC (China National Petroleum Corporation) ကုမ္ပဏီအား ဒေသခံရွာသား ၈၀၀ ခန့်က စီတန်းလမ်းလျှောက် ဆန္ဒပြအပြီးတွင် ယင်းသို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

" ကျနော်တို့ ဒေသဖွံ့ဖြိုးရေးကော်မတီက ဆန္ဒပြတာမဟုတ်ပေမယ့် ဆန္ဒပြရွာသားတွေ သူတို့သွားနေတဲ့ လမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန်နဲ့ စနစ်တကျဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးနေတာ ဖြစ်တယ်။ အခု ရွာသားတွေအနေနဲ့ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် မရမချင်းဆက်လက် တိုက်ပွဲ ၀င်သွားဖို့ ရှိနေပါတယ်။ " ဟု ဒေသ ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က အာရ်ကန်တိုင်းမ်စ်ကို ပြောသည်။

ဒေသဖွံ့ဖြိုးရေး အပါအ၀င်တောင်းဆိုချက် ၉ ချက်ရရှိရေးအတွက် ယမန်နှစ် ဒီဇင်ဘာ ၁၄ ရက်နှင့် ယခုနှစ် မတ်လ ၂၉ ရက်နေ့တို့တွင် ကျောက်ဖြူမြို့နယ်သို့ ဆန္ဒပြခွင့်တင်ပြခဲ့သည်ကို မြို့နယ်က ပယ်ချခဲ့ပြီးနောက်၊ ဧပြီ ၅ ရက်နေ့က ပြည်နယ်၌ အယူခံရာတွင်လည်း ထပ်မံပယ်ချခံခဲ့ရရာမှ ယခုကဲ့သို့ ဆန္ဒပြမှု ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

ဧပြီ ၁၈ ဆန္ဒပြပွဲနှင့် ပတ်သက်၍ ၄င်းက " ရွာသားတွေဟာ ပြိန်ရွာဘုန်းကြီးကျောင်းမှာ နေ့လည် ၁၂ နာရီမှာ ဆွေးနွေးပြီးတော့ ကျောင်းက ၁ နာရီ ၄၅ မှာစထွက်တယ်။ စထွက်ချိန်မှာ လူ ၅၀၀ ၀န်းကျင်ပဲရှိတယ်။ နောက်ပိုင်း ၈၀၀ လောက်ဖြစ်သွားတယ်။ သူတို့က " CNPC အလိုမရှိ၊ တရုတ်တွေ ကောင်းစားဖို့ ကျနော်တို့ဒေသ လယ်၊ မြေတွေကိုမပေးနိုင် " ဆိုပြီးတော့ ကြွေးကြော်ပြီးတော့ CNPC ရုံးကိုချီတက်ခဲ့ကြတယ်။ ညနေ ၃ နာရီနီးပါးမှာ တရုတ် ကုမ္ပဏီရုံးရှေ့ကို ရောက်တယ်။ ရုံးရှေ့မှာ နာရီဝက်ကျော်ကျော် ဆန္ဒပြ တောင်းဆိုကြပြီးတော့ ညနေ ၃ နာရီခွဲလောက်မှာ ဆန္ဒပြမှုကို အဆုံးသတ်ခဲ့ကြတယ်။ " ဟု ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက CNPC ရုံးခြံဝင်းတံခါးကိုလုံခြုံစွာပိတ်ထားပြီး၊ ၀င်းထဲမှနေ၍ အသင့်နေရာယူထားခဲ့ ကြသည်ဟု သိရသည်။

ဧပြီ ၁၉ မနက်ပိုင်းက ကျောက်တန်းရွာသား မောင်မျိုးနိုင်၊ မောင်မောင်မြင့်၊ မောင်ယဉ်လှ ၃ ဦးတို့အား မဒေးရဲစခန်းမှ ခေါ်ယူလျက် ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုနှင့်အရေးယူကာ အာမခံနှင့်ပြန်လွှတ်ပေးခဲ့ပြီး စုစုပေါင်း လူ ၁၁ ဦးကို သက်ဆိုင်ရာက အရေးယူသွားမည်ကြောင်း မဒေးကျွန်း ဒေသဖွံ့ဖြိုးရေးကော်မတီမှ သိရသည်။
အဆိုပါ ၁၁ ဦးတွင် ကျောက်တန်းရွာမှ ၃ ဦး၊ ပြိန်ရွာမှ ၃ ဦး၊ ရွာမမှ ၄ ဦးနှင့် ပန်းထိမ်ဆည်မှ ၁ ဦးတို့ ပါဝင် ကြောင်းသိရသည်။

CNPC က ဆန္ဒပြမှုကို တားဆီးရန်ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် ခွင့်ပြုချက်မဲ့ ဆန္ဒမပြပါဟူသော ခံဝန်ချက်ကို အလုပ်သမားများအား လက်မှတ်ရေးထိုးစေခိုင်းခဲ့ရာ အချို့မှာ လက်မှတ်ထိုးရန်ငြင်းဆန်ကြသဖြင့် မဒေးကျွန်းမှ အလုပ်သမား ၅၀ ကျော်အား ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်) နေ့မှစ၍ အလုပ်မှ ထုတ်ပစ်ခဲ့သေးသည်။

ဆန္ဒပြ ခေါင်းဆောင်တစ်ဦးက မိမိတို့ မဒေးကျွန်းသားများ ခံစားနေရသော ဒုက္ခတွေကို ကမ္ဘာကြီးက သိရှိပြီးတော့ လူသားချင်း စာနာမှုကိုရလို၍ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပြီး၊ တောင်းဆိုချက် ၉ ချက်ကို လိုက်လျောမှု မရှိသေးသမျှ ဆက်ပြီးဆန္ဒဖော်ထုတ်ပွဲတွေ လုပ်သွားဆောင်သွားရန် အားလုံးက ဆုံးဖြတ်ထားကြောင်း ဆိုသည်။

မဒေးကျွန်းဒေသခံများ တောင်းဆိုချက်များတွင် သိမ်းဆည်းမြေများ လျော်ကြေးပေးရေး၊ ဒေသဆိပ်ကမ်းများမှ ရွာများသို့ ဆက်သွယ်ရေးလမ်းများ ဖောက်ပေးရေး၊ ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာစံနှုန်းအတိုင်း ပေးရေး၊ ကျေးရွာများ၌ လျှပ်စစ်မီးရရှိရေး၊ ရပ်ရွာလုံခြုံရေး၊ ဒေသတွင်း လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ နောက်ထပ် မြေသိမ်းမှုများ လုံးဝမပြုလုပ်ရေး စသည်တို့ပါဝင်ကြောင်း သိရ သည်။

မဒေးကျွန်းမှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၈ မိုင်အကွာတွင် ရှိ၍ကျွန်းပေါ်၌ ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိမ်ဆည်ဟူသော ရွာ ၄ ရွာတည်ရှိကာ လူ ၃၀၀၀ ကျော်တို့ နေထိုင်သည့် ကျွှန်းတစ်ကျွန်းဖြစ်ပြီး၊ CNPC က ၂၀၀၉ ခုနှစ်က တည်းကပင် ကျောက်ဖြူ- ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းခြင်း စီမံကိန်းကြီးအား မဒေးကျွန်းပေါ်၌ ရုံးစိုက်လုပ်ကိုင်နေခြင်း ဖြစ်သည်။

http://arakantimes.net

http://arakantimes.net/

ဝေးကွာနေရတဲ့  အဝေးရောက်.. သူငယ်ချင်းများ ခံစားစေဖို့ 

အားပေးနေမယ်................ကိုနေတိုး...............၀ိုင်းစု............ရတနာမိုင်..

Thursday, April 18, 2013

ကျောက်ဖြူ မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီ CNPC ကို ဒေသခံတွေ ၀ိုင်းဝန်း ဆန္ဒပြပြီ

သတင်း — April 18, 2013 at 8:51 pm

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် အထွေထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မဒေးကျွန်းက ဒေသခံ ပြည်သူ ၄၀၀ ခန့်ဟာ ဒီနေ့ နေ့လည်က စပြီး တရုတ်ကုမ္ပဏီ CNPC ဆန္ဒပြနေကြပြီလို့ သိရပါတယ်။
မဒေးကျွန်းမှ ဒေသခံ ပြည်သူများ ဘ၀ (ဓါတ်ပုံ- နိရဉ္စရာ)
မဒေးကျွန်းမှ ဒေသခံ ပြည်သူများ ဘ၀ (ဓါတ်ပုံ- နိရဉ္စရာ)
ဆန္ဒပြသူတွေဟာ မဒေးကျွန်းက ဘုန်းတော်ကြီးကျောင်းရှေ့မှာ စုဝေးပြီး ကြွေးကြော်သံတွေကို ကြွေးကြော် ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြသူတွေ အနေနဲ့ အချက် (၉) ချက်ကို တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ ဦးဆောင်သူ တစ်ဦး ဖြစ်သူ ကိုထွန်းကြည်က ပြောပါတယ်။
အခု ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရဘဲ ပြုလုပ်တာ ဖြစ်တဲ့ အတွက် အရေးယူမူတွေ၊ နှိမ်နှင်းမူတွေ ပြုလုပ်လာနိုင်တဲ့ အတွက် သတိထားပြီး ဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။
နေ့လည် ၂ နာရီထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ တုန့်ပြန် ဆောင်ရွက်မူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ (၁) သိမ်းဆည်း လယ်မြေတွေကို လျှော်ကြေးပေးရာမှာ နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ပေးဆောင်ရန်(၂) လယ်မြေ ဥယာဉ်ခြံမြေတွေကို ဒေသခံတွေကို အသိမပေးဘဲ မသိမ်းရန် (၃) ကျွန်းပတ်ပတ်လည်မှာ ငါးဖမ်းခွင့်ပေးရန် (၄) ကျွန်းပေါ်ရှိ ဒေသခံ ကျေးရွာများတွင် လျှပ်စစ်မီး ပေးဝေရန် (၅) အလုပ်သမားကဒ် ရှိသူတွေကို အလုပ်ပြန်ခန့်ပြီး တရုတ် အလုပ်သမားတွေနဲ့ တန်းတူ လစာပေးရန်၊ (၅) မဒေကျွန်းမှာ ပျက်စီးနေတဲ့ လမ်းတွေကို ပြန်လည် ပြုပြင်ပေးရေး(၆) ပျက်စီးနေသောတာတမံတွေကိုပြန်လည် တည်ဆောက် ပေးရေး  စတဲ့ အချက်တွေ ပါဝင်တယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။
စုစုပေါင်းတောင်းဆိုတဲ့ အချက် (၉) ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ NARINJARA

Wednesday, April 17, 2013

ဘီဘီစီမြန်မာပိုင်းကဏ္ဍသို့ ဒေါက်တာအေးချမ်း၏ အိပ်ဖွင့်ပေးစာ

ဘီဘီစီမြန်မာပိုင်းကဏ္ဍသို့ ဒေါက်တာအေးချမ်း၏ အိပ်ဖွင့်ပေးစာ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဘီဘီစီ အသံလွှင့်ဌာန ခင်ဗျာ
 ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၊ မနက်ပိုင်းမြန်မာဘာသာအစီအစဉ်မှာ ဗြိတိန်နိုင်ငံ အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း၏ ဥက္ကဌဆိုသူ ဦးထွန်းခင်နဲ့ ဘီဘီစီတို့ အင်တာဗျူးကို နားဆင်လိုက်ရပါတယ်။ ဒီကိစ္စမှာ ဘက်နှစ်ဘက်က ရှုမြင်သုံးသပ် နိုင်ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းက မူဆလင်တွေအပေါ် မြန်မာစစ်တပ်က ပြင်ပြင်းထန်ထန် နှိပ်ကွပ်ခဲ့မှုတွေကို ကျွန်တော်တို့ မငြင်းပါဘူး။ ဒါပေမယ့် စစ်တပ်ရဲ့ ရက်စက်စွာ နှိပ်ကွပ်မှုကို ခံစားခဲ့ရသူတွေဟာ မူဆလင်တွေ ချည်းတော့ မဟုတ်ပါဘူး။ ကမ္ဘာကျော် သတင်းမီဒီယာတွေက တခြား မျိုးနွယ်စုတွေထက် ရိုဟင်ဂျာတွေကို ဘာ့ကြောင့် ပိုပိုကဲကဲ စိုးရိမ်ပူပန်နေရသလဲဆိုတာကို ကျွန်တော်တို့ သိချင်ကြ ပါတယ်။ 
‘ရိုဟင်ဂျာ’ ကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုဖို့ဆိုတာက ဆွေးနွေးဖြေရှင်းစရာ ပြဿနာတစ်ရပ် ဖြစ်နေပြန်ပါတယ်။ ဒီ ‘ရိုဟင်ဂျာ’ လို့ ခေါ်သူတွေဟာ ဗြိတိသျှတို့ရဲ့ ကိုလိုနီနယ်မြေအဖြစ် သိမ်းပိုက်ခံကာလက လယ်ယာမြေတွေမှာ ခိုင်းစေခဲ့တဲ့ ဘင်္ဂါလီသူရင်းငှားတွေက ဆင်းသက်လာသူတွေသာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီကိစ္စကို သမိုင်းကောက်ကြောင်းတွေနဲ့ သက်သေပြခဲ့ပါပြီ။ ကျွန်တော့်ဆောင်းပါးကို ‘အရှေ့တိုင်းနှင့်အာဖရိက ဘာသာရပ်သင်ဌာနမှ ထုတ်ဝေ သော မြန်မာနိုင်ငံသုတေသန စာစောင်အတွဲ (၃-၂) (SOAS Bulletin of Burma Research 3-2)’ မှာ ဖတ်ရှုနိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်ပညာရှင်နဲ့မဆို အချေအတင် ဆွေးနွေးဖို့ ကျွန်တော့်အနေနဲ့ အဆင်သင့် ရှိနေပါတယ်။ သူတို့တွေဟာ ကိုလိုနီခေတ်က ရခိုင်ပြည်နယ်မှာ လာရောက်နေထိုင်ခဲ့ကြပါတယ်။ ရခိုင်တွေကလည်း သူတို့ကို ကြိုဆိုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ရခိုင်ပြည်နယ်မှာ သူတို့သာ လူများစုဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးမကြေညာမီမှာပဲ ရခိုင်ပြည်နယ်ကို အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ (ရှ်) နိုင်ငံ) အတွင်း ထည့်သွင်းပေါင်းစည်းပေးဖို့ သူတို့တွေက တောင်းဆိုခဲ့ကြပါတယ်။ ပါကစ္စတန်ခေါင်းဆောင်တွေက သူတို့ရဲ့ တောင်းဆိုချက်ကို လက်မခံတဲ့အခါ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ကြေညာခဲ့ကြပါတယ်။ တောတွင်းစစ်ပွဲမှာ သူတို့တွေ အရေးနိမ့်သွားတဲ့အခါ ‘ရိုဟင်ဂျာ’ ဆိုတဲ့ အမည်နာမကို ဖန်တီးမွေးဖွားပြီး သူတို့အတွက် ‘ရိုဟင်ဂျာနိုင်ငံ’ ကို တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလိုမျိုးနွယ်စုတစ်စု ဘယ်တုန်ကမှ မရှိဖူးခဲ့ပါ။
လွှတ်တော်အမတ် ဆမစ်က ပြောခဲ့တယ်။ ပါကစ္စတန်နီတွေ၊ အာရပ်တွေနဲ့ အိန္ဒိယလူမျိုးတွေဟာ မျိုးဆက်များစွာ နေထိုင်လာကြပြီးနောက် ဗြိတိန်နိုင်ငံသားတွေ ဖြစ်လာကြပါတယ်တဲ့။ ကျွန်တော် ဆမစ်နဲ့ သဘောတူပါတယ်။ ဒါပေမယ့် အဲဒီ ဗြိတိန်နိုင်ငံတွင်းသို့ ပြောင်းရွှေဝင်ရောက်နေထိုင်လာသူတွေဟာ ‘နိုင်ငံတော်ပိုင်နယ်မြေတစ်ခုကို ပေးပါ’ ဆိုပြီး မတောင်းဆိုပါဘူး။ စကော့လူမျိုးတွေ၊ အိုင်းရစ်တွေ၊ ဝေလနယ်သားတွေလိုမျိုး သီးခြားမျိုးနွယ်စု အဖြစ်ရပ်တည်နိုင်မှုကို တောင်းဆိုနေကြတာ မဟုတ်ပါဘူး။ မြောက်ပိုင်းပင်လယ်ထဲမှာတောင် သူတို့တွေအတွက် သီးခြားနိုင်ငံ တောင်းဆိုမနေကြပါဘူး။ သူတို့ကိုယ်သူတို့ ဗြိတိသျှလူမျိုးလို့သာ ခေါ်ကြပါတယ်။ (၁၉၄၇) ခုနှစ်မှာ ဒီစစ်တကောင်းနယ်သား ဘင်္ဂါလီတွေက ရခိုင်တိုင်းကို နှစ်ပြည်ထောင်အဖြစ် ပိုင်းခြားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တကယ်လို့များ ပြောင်းရွှေ့ဝင်ရောက်နေထိုင်လာသူတွေကိုသာ ဘိုးဘွားပိုင်မြေကို တစ်စိတ်တစ်ဒေသအနေနဲ့ ပေးလိုက်ရမယ်ဆိုရင် ဒေသခံရခိုင်သူ၊ ရခိုင်သားတွေ ဘယ်လိုမျိုး ခံစားရမှာလဲ? ကျွန်တော့်အနေနဲ့ ဘီဘီစီ နဲ့ ဦးထွန်းခင်ကို ဒီလိုပဲ မေးခွန်းထုတ်ချင်ပါတယ်ခင်ဗျာ။

ရိုးသားဖြူစင်စွာ

အေးချမ်း
သမိုင်းပါမောက္ခ
အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုဌာန
၁-၄-၁ ၀ါကာဘာ၊ မီဟာမာဟု၊ ချီဘာ ၂၆၁-၀၀၁၄၊ 
ဂျပန်နိုင်ငံ။

ဘာသာပြန်သူ = ဇွဲသစ် (ရမ္မာမြေ) 

Source :  http://www.wontharnu.com/index.php/2012-05-03-00-20-35/72-open-letter-of-draye-chan-to-bbc-burmese

++++++++++++++++++++++++++++++

ကျေးဇူးပြုပြီးရှယ်ပေးပါ

@[0:1: ကျေးဇူးပြုပြီးရှယ်ပေးပါ ]

တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။

ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငှား လိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။

ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တခုလုံး ရေချိုးဇလုံ (ကန်) ထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။

ရေချိုးဇလုံ (ကန်) ဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။

"ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထားပေးတယ်။

၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မလောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။

ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံ (ကန်) ထဲမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။

ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံထားရတာပါ။

အင်အားကောင်းတဲ့ မူးယစ်ဆေး နဲ့ ရေခဲအစွမ်းဟာ လူကို မနာကြင်စေဘူး လို့ ဆိုပါတယ်။

သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။

ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရပါသတဲ့။

ရဲဌာနက သတိပေးထားတာက အထူးလေ့ကျင့်ထားတဲ့ မှောင်ခိုသမားများဟာ တရုတ်ပြည်ရဲ့ မြို့ကြီးတွေမှာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်၊ သတိထားကြပါ၊ တဲ့။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။
ဈာန်
မှ ထပ်ဆင့်ကူးယူပါသည် ။ 

Post from Mr .အယ်လ်ဂျေ
( မူရင်း link   = http://www.bubblews.com/news/52295-young-women-and-men-tourists-students-and-to-all )

မှ ထပ်ဆင့်ကူးယူပါသည် ။FACEBOOK

....အခုလို အစွန်းရောက်ပြီး အကြမ်းဖက်ဖေါက်ခွဲမှုတွေကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျူးလွန်နေတဲ့အတွက်ကြောင့် မကြာမီကာလမှာ အကျည်းတန် မိစ္ဆာ အယူဝါဒ အခြေခံ အစ္စလာမ်ဘာသာဟာ ကမ္ဘာပေါ်ကနေ ဆုံးခန်းတိုင်ပြီး အပြီးတိုင်ပျောက်ကွယ် သွားရတော့မယ်ဆိုတာ ပိုပြီး သေချာလာနေပါပြီ။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ရင်ခုန်သံစကားများ အပိုင်း(၁)

စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးအား ရိုက်နှက်ပြီး ဗီဒီယိုမှတ်တမ်းကို အင်တာနက်ပေါ်တင်သည့် မိန်းကလေးတစ်စုဖမ်းမိ

စိတ်ဝေဒနာသည် အမျိုးသမီးတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ပြီး မှတ်တမ်းတင်ရိုက်ကူးထားသည့် ဗီဒီယိုကို အင်တာနက်ပေါ်တင်ခဲ့သည့် မိန်းကလေးတစ်သိုက်ကို ဖမ်းဆီးရမိသည့် ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားတွင် ဖြစ်ပွားခဲ့သည်။
ထိုသို့ရိုက်နှက်နေသည့် ဗီဒီယိုမှတ်တမ်းကို Facebook ပေါ်တွင် တင်လိုက်ခြင်းဖြစ်ပြီး၊ အိမ်နီးချင်းတစ်ဦးက ရဲတပ်ဖွဲ့ကို ထိုမိန်းကလေးများ၏ လုပ်ရပ်ဖြစ်နိုင်ကြောင်း သတင်းပေးပို့ခဲ့သည်။ ရဲတပ်ဖွဲ့မှ လျှို့ဝှက်မှတ်တမ်း ဗီဒီယိုနှင့် တိုက်ဆိုင်စစ်ဆေးပြီး မိန်းကလေး ၆ ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် မိန်းကလေး ၄ ဦးသည် အသက် ၁၆ နှစ်မှ ၁၇ နှစ်အတွင်းဖြစ်ပြီး အများပြည်သူကို နှောင့်ယှက်မှု၊ မဆင်မခြင် ထိခိုက်စေမှု၊ ခိုးမှု၊ လုယက်မှုတို့ဖြင့် ဖမ်းဆီးအရေးယူခံရမည်ဖြစ်သည်။ နောက်ထပ် နှစ်ဦးကို မကြာသေးမီကမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုမိန်းကလေးများသည် အိမ်လှေခါးတွင် ထိုင်နေသည့် စိတ်ဝေဒနာရှင် အမျိုးသမီးကြီးကို ဖိနပ်များချွတ်ကာ ရိုက်နှက်သည့်အပြင်၊ ကုလားထိုင်ဖြင့်ပါ ရိုက်နှက်ခဲ့ကြသည်။ ထိုသို့ နှိပ်စက်ရိုက်နှက်နေခြင်းဖြစ်ရပ်အားလုံးကို မနီးမဝေးရှိ ကုန်စုံဆိုင်တွင် တပ်ဆင်ထားသည့် လုံခြုံရေးဗီဒီယိုက အစအဆုံး မှတ်တမ်းယူထားခဲ့သည်။
ရိုက်နှက်ခြင်းခံရသည့် အမျိုးသမီးကြီးသည် အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသူလည်းဖြစ် သည်။ သူမသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မိန်းကလေးများက ဖမ်းဆီးတုတ်နှောင်ကာ အဆက် မပြတ် ရိုက်နှက်ခဲ့ကြသည်။ မိန်းကလေးတစ်ဦးက ဖြစ်ရပ်အား ဗီဒီယိုလိုက်ရိုက်နေသည်ကိုလည်း လုံခြုံရေး ကင်မရာမှတ်တမ်းတွင် တွေ့ရှိခဲ့ရသည်။ ယခုဖြစ်ရပ်သည် လူတစ်ယောက်ကို နာကျင်အောင်လုပ်သည်ဆိုခြင်း ထက်ပိုသည်ဟု ရဲတပ်ဖွဲ့မှ အရာရှိ ဂျိမ်းစ် နိုလန်ကပြောကြားသည်။
မိန်းကလေးများသည် သူတို့မှတ်တမ်းတင်ထားသည့် ဗီဒီယိုပြကွက်ကို Facebook ပေါ်တင်ပြီး ကြွားလုံးထုတ် ကာ ဂုဏ်ယူခဲ့ကြသည်။ ရဲမှူးနိုလန်က ဤနည်းဖြင့် သူတို့ကို လူသိများစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းသည်။ ရဲတပ်ဖွဲ့မှ စိတ်ရောဂါသည် အမျိုးသမီးကို ဆေးဝါးများကုသပေးနေပြီး မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ .maukkha.org

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးက OIC အစည်းအဝေးမှာ မြန်မာ အရေးနဲ့ ပတ်သက်ပြီး ဘာတွေကို တင်ပြခဲ့ပါသလဲ

နိရဉ္စရာ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီဟာ ဧပြီလ ၁၄ ရက်နေ့က ဆော်ဒီ နိုင်ငံ ဂျီဒက်မြို့မှာ ကျင်းပတဲ့ အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံများရဲ့ Contact  Group အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက မြန်မာနိုင်ငံက မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး အချက် အတော်များများကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။  အဲဒီအထဲမှာ သူမ တင်ပြတဲ့ ပထမဆုံးအချက်က မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ အက်ဥပဒေကို ဖြစ်ပါတယ်။
OIC-logoဒီပူရ် မူနီက အိုအိုင်စီ အနေနဲ့ မြန်မာနိုင်ငံက သူမ အခေါ် ရိုဟင်ဂျာ ဆိုသူတွေရဲ့ နိုင်ငံသား အခွင့်အရေးကို ပြန်လည် ရရှိအောင် ၁၉၈၂ ခုနှစ် အငြင်းပွားဖွယ်ရာ နိုင်ငံသား ဥပဒေကို ပြန်လည် ဆန်းစစ်နိုင်အောင် မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်းရမယ်လို့ ပြောဆိုပါတယ်။ ဒါမှသာ ( သူမ အခေါ်) ရိုဟင်ဂျာတွေရဲ့ ဆုံးရှုံးနေတဲ့ အမျိုးသား ဆိုင်ရာ အခွင့်အရေးတွေနဲ့ နေထိုင်ခွင့်တွေကို လုံခြုံမူရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ရရှိနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒုတိယ အချက်နဲ့ သူမတင်ပြတာက  မြန်မာ အစိုးရ အနေနဲ့ ( သူမ အခေါ်) ရိုဟင်ဂျာ ဆိုသူတွေကို ဘင်္ဂလီလို့ တံဆိပ်တပ် ခေါ်ဝေါ်နေတဲ့ ကိစ္စနဲ့ ဘင်္ဂလာဒေခ်ျ့က ရွှေ့ပြောင်း အခြေချ နေထိုင်လာတယ်ဆိုတဲ့ ကိစ္စကို ဖြစ်ပါတယ်။
သူမက ဒီလို ယေဘူယျ တံဆိပ်ကပ် ခေါ်ဝေါ်နေတာဟာ သမိုင်း ဆိုင်ရာ အချက်အလက်တွေနဲ့ အခြေခံ သဘောတရားအရ တရားဝင်မူ မရှိဘူးလို့ ပြောဆိုပါတယ်။
ဒါ့ပြင်သူမက လာမယ့်နှစ် မြန်မာနိုင်ငံမှာ သန်ခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်ကို ထောက်ရင် ရိုဟင်ဂျာ ဆိုသူတွေရဲ့ နိုင်ငံသား ဖြစ်မူ မဖြစ်မူဟာ အရေးပေါ် အခြေအနေ ဖြစ်လာနေပြီ ဖြစ်တယ်လို့ တချို့က ထောက်ပြ ပြောဆိုတယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေခ်ျ့မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဆိုသူတွေကို လုံခြုံဘေးကင်းစွာနဲ့  မြန်မာနိုင်ငံကို ပြန်ပို့ရေးဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့ ဦးစားပေး အစီအစဉ်မှာ ရှိနေတယ်လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ်က မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ အစိုးရကြားမှာ  တရားဝင် အသိအမှတ်ပြု ဒုက္ခသည်တချို့ကို မိမိစိတ်နဲ့ မိမိ မြန်မာနိုင်ငံကို ပြန်နိုင်အောင် မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ရေး လုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ် ဇွန်လမှာ ပေါ်ပေါက်ခဲ့တဲ့ ရခိုင် အရေးအခင်းကြောင့် အဲဒီ အစီအစဉ်ဟာ လမ်းတ၀က်မှာ ရပ်တန့် သွားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီပူရ် မူနီ အနေနဲ့ အစည်းအဝေး အတွင်းမှာ အိုအိုင်စီ အနေနဲ့ လက်တွေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ တိုးတက် ကောင်းမွန်လာအောင် အမြန်နဲ့ ရေတို ဦးစားပေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့လိုတယ်လို့ ပြောဆိုပါတယ်။ ဒီအထဲမှာ မြန်မာ အစိုးရ အပါအ၀င် ရိုဟင်ဂျာ ဆိုသူတွေနဲ့ ရခိုင်လူမျိုးတို့ကို – အိုအိုင်စီရဲ့ အကူအညီ ဆိုတာဟာ အိုးအိမ်မဲ့တွေ အဖြစ် ဒုက္ခရောက်သွားခဲ့ကြတဲ့ လူတွေ အားလုံးအတွက် အကျုံး ၀င်တယ်ဆိုတာကို နားလည် သဘောပေါက်အောင် ရှင်းပြ ပြောဆိုဖို့လိုတယ်လို့ ပြောဆိုပါတယ်။
ဒါပြင့် သူမက ရိုဟင်ဂျာဆိုသူတွေရဲ့ စခန်းတွေမှာ ကျန်းမာရေးနဲ့ နေရေးထိုင်ရေးဟာ ရှေ့မှာ မုတ်သုန် ရာသီ လာတော့မှာ ဖြစ်တဲ့ အတွက် အထူးဆိုးရွားလာနိုင်တယ်။ ဒါကြောင့် အိုအိုင်စီ အနေနဲ့ မြန်မာ အစိုးရကို UNHCR ကနေ အစားအစာ ထောက်ပံရေးတွေ ကူညီနိုင်ရေးအတွက်  စခန်းတွေ အတွင်းမှာ ရုံးတွေ ဖွင့်လှစ်ဖို့ လုံလောက်တဲ့ အထောက်အပံ့တွေကို ပေးဖို့ တောင်းဆိုသင့်တယ်လို့ ပြောပါတယ်။
နောက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ပြောတာက နိုင်ငံတကာ မိသားစုတွေ အနေနဲ့ မြန်မာ အစိုးရကို ရခိုင်နဲ့ ရိုဟင်ဂျာဆိုသူတွေ အကြားမှာ အပြန်အလှန် စကားပြောဆိုနိုင်အောင် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အားပေး ပြောဆိုသင့်တယ်လို့ ပြောပါတယ်။
အိုအိုင်စီ အနေနဲ့ ပဋိပက္ခ ဖြစ်နေကြတဲ့ သူတွေ အကြား အပြန်အလှန် လေးစားမူနဲ့ နားလည်မူ ရရှိအောင် ဆွေးနွေးပွဲတွေကို  ကြားဝင် ဆောင်ရွက်ပေးသူ အဖြစ် လုပ်ဆောင်ဖို့ မြန်မာ အစိုးရကို ကမ်းလှမ်းသင့်တယ်လို့ ပြောဆိုပါတယ်။
သူမက ဆက်လက်ပြီး  အိုအိုင်စီ အနေနဲ့ ဆက်လက်ပြီး  မြန်မာနိုင်ငံမှာ ရှိတဲ့ မွတ်ဆလင်တွေ အတွက် စီးပွားရေး အခွင့်အလန်းတွေ ရရှိအောင် တိုက်တွန်းသင့်တယ်လို့ ပြောပါတယ်။
အခု လက်ရှိ ရိုဟင်ဂျာဆိုသူတွေဟာ လူမှောင်ခိုသမားတွေရဲ့ သားကောင် အဖြစ်နဲ့ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေကို  အသက်အန္တရာယ်တွေ ကြားက လှေတွေနဲ့ ခိုးထွက်သွားလာနေကြတာတွေကို ရပ်တန့်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ပူးပေါင်းတားဆီးဖို့လိုတယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပြောင်းလဲ မြန်ဆန်နေပြီး မွတ်ဆလင်တွေရဲ့ အခြေအနေက ပိုမို အရှုတ်အထွေး ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
အိုအိုင်စီ အတွင်းမှာ ကျွန်မတို့အနေနဲ့ ရိုဟင်ဂျာဆိုသူတွေနဲ့ မြန်မာ မွတ်ဆလင်တွေ အပေါ် စနစ်တကျ ခွဲခြားဆက်ဆံ အနိုင်ကျင့်ခံနေရမူတွေ ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်စွန်း ရှိကြောင်း ပြသဖို့ လိုတယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံကို သူမတို့ Contact Group ၀န်ကြီးအဆင့် တာဝန်ရှိသူတွေ အနေနဲ့ သွားရောက်ခွင့်မရခဲ့တဲ့ အပ်ါမှာလည်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။
နောက်ဆုံးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက  ကျွန်မတို့ အနေနဲ့ မြန်မာနိုင်ငံက  မွတ်ဆလင် ညီနောင်တွေကို ပြတ်ပြတ်သားသား အမှာစကား ပေးပါတယ်။ ကျွန်မတို့ဟာ သင်တို့နဲ့  အတူ ဆက်လက် ရပ်တည်လျှက် ရှိနေတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံက မွတ်ဆလင်တွေရဲ့ နောက်ဆုံး အဆင့် ပြဿနာကို မဖြေရှင်းနိုင်ဘဲ ဘယ်တော့မှ လက်မြှောက် အရှုံးပေးမှာ မဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။ NARINJARA

ဘင်္ဂလာဒေခ်ျ့တွင် ရခိုင်သချိုင်း အလုခံရ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အ၀ကျွန်းဒေသမှ ရခိုင်သချိုင်းမြေ တစ်ခုအား ဒေသအတွင်းမှ အာဏာရှိသူ လူတစ်စုမှ လုယူရန် ကြိုးစားနေကြောင်း ယခုလ ၁၄ ရက်နေ့ထုတ် The Daily Star သတင်းစာတွင် ဓါတ်ပုံနှင့် တကွ သတင်း ဖေါ်ပြသည်။
လုယူခံရသော သချိုင်းနှင့် စိုက်ထူထားသော မှတ်တိုင်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- Star)
လုယူခံရသော သချိုင်းနှင့် စိုက်ထူထားသော မှတ်တိုင်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- Star)
ဧပြီလ ၆ ရက်နေ့က Jalal ဆိုသူ ဦးဆောင်သော လူပေါင်း ၂၀ နှင့် ၂၅ ခန့်ပါဝင်သော ဒေသခံ ဘင်္ဂလီ လူအုပ်စု တစ်ခုသည် ရခိုင်အခေါ် ရွာသစ်ချေ ကျေးရွာရှိ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော သချိုင်း အလယ်တွင် အဆိုပါ မြေအား သူတို့ပိုင်ကြောင်း အမှတ်အသားပြု ကျောက်တိုင် တစ်ခုအား လာရောက်စိုက်ထူခဲ့သည်ဟု ဆိုသည်။
ရခိုင်အမျိုးသားများပိုင် သင်္ချိုင်းမှာ Done မြစ်ကမ်းနားတွင် တည်ရှိပြီး အကျယ်အ၀န်းမှာ 0.22 ဧက ကျယ်ဝန်းပြီး ၁၉၆၅ ခုနှစ်ကတည်းက ဒေသခံ ရခိုင်များက သချိုင်း အဖြစ် အသုံးပြုလာနေသော နေရာ ဖြစ်ကြောင်း သတင်းစာတွင် ဖေါ်ပြသည်။
ထိုသို့ မှတ်တိုင်စိုက်ပြီးနောက် သချိုင်းမြေအား တူးဖေါ်ရာ ရခိုင်ကျေးရွာသာများက ၀ိုင်းဝန်း ကန့်ကွက် ခဲ့ကြသည်ဟု ဆိုသည်။
သတင်းစာတွင် ရခိုင်အမျိုးသား Momothe ဆိုသူကို ကိုးကားပြီး ဖေါ်ပြရာတွင် သချိုင်းမြေ အမှတ်မှာ ၃၂၀ ဖြစ်ပြီး သချိုင်းမြေ 0.22  အထဲမှ 0.12 ဧကကို Kalapara မြို့နယ် မြေစာရင်း ဦးစီးဌာနမှ Jalal ဆိုသူကို တရားမ၀င် ဌားရမ်းခွင့်  ထုတ်ပေးခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဒေသရှိ Tiakhali ကျေးရွာအုပ်စုမှ အ၀ါမီလိဂ် ပါတီ ဥက္ကဌဟောင်း Syed Akhtaruzzaman ခေါ် Kokka Mira ဆိုသူမှ Jalal ဆိုသူနှင့်  မတရား တိတ်တဆိတ် ပူပေါင်းပြီး ရခိုင်သချိုင်းအား သိမ်းယူရန် ကြံစည်ကြိုးစားနေသည်ဟု Momothe က ပြောကြောင်း သတင်းစာက ရေးသားသည်။
သချိုင်းမြေပေါ်တွင် မှတ်တိုင် စိုက်ပြီးနောက် နောက်တစ်နေ့တွင် Momothe ဆိုသူမှ ရခိုင် ကျေးရွာသားများ ကိုယ်စား ပေါတာဝါခါလီ ခရိုင် ကော်မရှင်နာ မင်းကြီးထံ စာရေးသား တိုင်ကြားပြီး ရခိုင်သချိုင်းမြေအား မတော်မရား လုယူသူများ လက်ထဲမှ ကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။
ထိုသို့ တိုင်ကြားပြီးနောက် ဥက္ကဌဟောင်း  Kokka Mira ဦးဆောင်သော လူ ၁၀ နှင့် ၁၂ ဦးခန့်သည် မော်တော်ဆိုင်ကယ် သုံးလေးစီးဖြင့် အဆိုပါ ရခိုင်အမျိုးသားများ နေထိုင်ရာ ကျေးရွာများသို့ ရောက်ရှိလာပြီး တိုင်ကြားထားခြင်းကို ရုတ်သိမ်းရန်နှင့် အကယ်၍ မရုတ်သိမ်းပါက သချိုင်းကို လုံးဝ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုသည်။
Jalal မိသားစုများ အဆိုအရ ရခိုင်သချိုင်းမြေထဲမှ  0.12 ဧကကို ဒေသအတွင်းရှိ မြေစာရင်းဌာနမှ Jalal နှင့် သူ၏ ဇနီးဖြစ်သူ Jharna Brgum နာမည်ဖြင့် ဌားရမ်းခဲ့သည်ဟု ဆိုသည်။ သို့သော်  သချိုင်းမြေကို ရှင်းလင်း တူးဖေါ်ရာ ရခိုင်ရွာသားများက ကန့်ကွက်နေကြသည်ဟု ဆိုသည်။
နိရဉ္စရာက အဆိုပါ သချိုင်းမြေကိစ္စကို ဒေသခံများအား မေးကြည့်ရာ ယမန်နေ့က ခရိုင် ကော်မရှင်နာ မင်းကြီးမှ ဆုံးဖြတ်ချက်ပေးမည်ဟု ပြောကြားသော်လည်း ယခုအချိန်ထိ ဆုံးဖြတ်ချက် ထွက်မလာသေးကြောင်း၊ ရွာသားများ အနေဖြင့် သချိုင်းမြေ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသလို တိုက်ခိုက်ခံရမည်ကိုလည်း  ပူပင် စိုးရိမ်နေကြကြောင်း ပြောကြားသည်။  NARINJARA

ကျောက်တော် မဟာမုနိ ကုန်းတော်တွင် အငြင်းပွားဖွယ်ရာ စေတီ တစ်ဆူ တည်ဆောက်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ် ကိန်းအောင်းရာ ဘုရား ၀င်းအတွင်း အငြင်းပွားဖွယ်ရာ စေတီ တစ်ဆူအား တည်ဆောက်နေကြောင်း သတင်း ရရှိသည်။
 ကျောက်တော်မြို့ မဟာမုနိ သိမ်တော်ကြီး  ( Photo-  Soe Thant Aung)
ကျောက်တော်မြို့ မဟာမုနိ သိမ်တော်ကြီး ( Photo- Soe Thant Aung)
ယခု စေတီအား မဟာမုနိ ရုပ်ရှင်တော်မြတ် အနောက်ဘက် စောင်းတန်းမြောက်ဘက် မျက်နာစာ မဟာဗောဓိပင်နားရှိ ယခင် စေတီဟောင်း ၂ ဆူ အနီးတွင် ကပ်ရပ် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရှေးဟောင်းနယ်မြေ အတွင်း စေတီတော် တစ်ဆူ တည်ဆောက်နေခြင်းကို ရှေးဟောင်း သုသေနဌာနမှလည်း သဘောမတူကြောင်း သိရသည်။
သို့အတွက် နိရဉ္စရာမှ မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသန ဌာနအား မည်သည့် အတွက်ကြောင့် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်နေသော စေတီအား တားမြစ်နိုင်ခြင်း မရှိ ဖြစ်နေပါသလဲဟု မေးမြန်းရာ တာဝန်ရှိ သူ တစ်ဦးမှ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့တွင်  ဖြေကြားရန် တာဝန် မရှိကြောင်းနှင့်  ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းပါဟု ပြောဆိုကာ ဖုံးချသွားခဲ့သည်။
မြောက်ဦးရှေးဟောင်း သုတေသနဌာနနှင့် နီးစပ်သူ တစ်ဦး အပြောအရ  ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ တည်ရှိရာ နေရာတွင် ခွင့်ပြုချက်မရှိဘဲ စေတီ တည်ဆောက်နေခြင်းကို ရှေးဟောင်းသုတေသနဌာနမှ ကျောက်တော်ရဲစခန်းတွင် အမူဖွင့်တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း  သိရသည်။
သို့အတွက် အထက်က ဖိအားပေးမူများ ရှိနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ သုံးသပ်ပြောဆိုသည်။
စေတီ တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး မဟာမုနိ ဘုရားဂေါပက အဖွဲ့အား ဆက်သွယ်မေးမြန်းရာ မဟာမုနိ ဘုရားဂေါပ အလှည့်ကျ ဥက္ကဌ ဦးညိုသာလှမှ စေတီ တည်ဆောက်နေခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် မြို့နယ် သံယာနာယက ဥက္ကဌ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်နေခြင်း ဖြစ်ကြောင်း ပြောသည်။
“ ဟုတ်ပါတယ်။ စေတီတော်မှာ အမြင့် (၉) တောင်ရှိပါတယ်။ လွန်ခဲ့တဲ့ အပတ်ကနေ စတင် တည်ဆောက်နေတာပါ။ သံယာနာယက ဥက္ကဌရဲ့စာထဲမှာတော့ ဒီစေတီကို ကရင်ပြည်နယ်မှ အောင်စိုးမိုးနှင့် တကာ တကာမများက လှူဒါန်း တည်ဆောက်တဲ့ စေတီဖြစ်တယ်လို့   စာထဲမှာ ပါရှိပါတယ်” ဟု ဆိုသည်။
မည်သည့်အတွက် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ တည်ရှိရာ နေရာတွင် စေတီတစ်ဆူကို ထပ်မံ တည်ဆောက်ရပါသလဲဟု မေးမြန်းရာ ဘုရားဂေါပကတွင် မြို့နယ် သံယာနာယက၏ အမိန့်ကို ဖီဆန်နိုင်သော အာဏာ မရှိသလို မိမိတို့တာဝန်မှာ စေတီ အဟောင်းဖြစ်စေ အသစ်ဖြစ်စေ ထိန်းသိမ်း စောင့်ရှောက်ရန်သာ တာဝန်ရှိကြောင်း ပြောဆိုသည်။
ယခု တည်ဆောက်နေသော စေတီကို ဒေသခံ ပန်းရံဆရာများက တည်ဆောက်နေခြင်း မဟုတ်ဘဲ သူတို့တွင် တခါတည်း တစ်ခြား အရပ်မှ ပန်းရံဆရာများ ပါလာသည်ဟု ဆိုသည်။
ယခုကဲ့သို့ မဟာမုနိ ရုပ်ရှင်တော်မြတ် ကိန်းအောင်ရာ ကျောင်းတော် အတွင်း ရပ်ဝေးမှ လာရောက်ပြီး  စေတီ တစ်တူ တည်ဆောက်နေခြင်း အပေါ် ဒေသခံများးလည်း သိရှိခြင်း မရှိကြောင်း ရခိုင် သမိုင်းသုတေသီ ဦးဘသောင်းက ပြောသည်။
“ အခု စေတီ တည်နေတာကို ဒေသခံတွေကလည်း  မသိလိုက်ဘူး။ အခုက ပြီးစီးလုနီးပါး ရောက်နေပြီ။ နေ့ရော ညရော တည်ဆောက်နေတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဒေသခံတွေကတော့ သိပ် ကျေနပ်မယ့်ပုံ မရှိပါဘူး” ဟု ဆိုသည်။
ဘုရားဂေါပက အလှည့်ကျ ဥက္ကဌ ဦးညိုသာလှကို စေတီ တည်ဆောက်ခြင်းရည်ရွယ်ချက်ကို သိပါသလားဟု မေးမြန်းရာ သူက ယခုလို ဆက်ပြောသည်။
“ သူတို့က ပြောတာက ကုသိုလ်ရေး ဒါနရေး တိုင်းပြည်ဒေသ ငြိမ်းချမ်းရေး  အတွက် တည်တယ်လို့ ပြောတာပါဘဲ။ ဒီလောက်ဘဲ သိပါတယ်” ဟု ပြောသည်။
ယခုအခါ စေတီတော် တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရာ တစ်စုံတစ်ရာ ရှိရမည်ဟု အများက ခန့်မှန်း ပြောဆိုနေကြသည်ဟု သိရသည်။
ကျောက်တော်မြို့နယ် သံယာနာက ဥက္ကဌ ဆရာတော်ကြီးအား အသေးစိတ် သိရှိနိုင်ရန်  ဖုံးအကြိမ်ကြိမ် ဆက်သော်လည်း ဖုံးပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိခဲ့ပါ။  NARINJARA

Boston တိုက်ခိုက်မှုမှာ သုံးခဲ့တဲ့ ဗုံးအပိုင်းအစတွေ FBI တွေ့ရှိ

အိမ်ရိုက်သံတွေ၊ ဘောစေ့တွေ ထည့်ပြီး ဗုံးခွဲခဲ့တဲ့ ဟင်းချက်ပေါင်းအိုးကို FBI က တွေ့ရှိ (၁၇ ဧပြီ ၂၀၁၃)အိမ်ရိုက်သံတွေ၊ ဘောစေ့တွေ ထည့်ပြီး ဗုံးခွဲခဲ့တဲ့ ဟင်းချက်ပေါင်းအိုးကို FBI က တွေ့ရှိ (၁၇ ဧပြီ ၂၀၁၃)

ဗွီအိုအေ(မြန်မာဌာန)
အမေရိကန်နိုင်ငံ Boston မြို့က မာရသွန် တာဝေးအပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ကနေ အဓိကကျတဲ့ သက်သေ အထောက်အထားတွေကို တာဝန်ရှိသူတွေ ရထားကြပါတယ်။

တွန့်လိမ်ကောက်ကွေးနေတဲ့ သတ္ထုအိုးတခုရဲ့ အပိုင်းအစတွေ၊ ၀ါယာကြိုးတွေနဲ့ ဘက်ထရီတွေရဲ့ ဓာတ်ပုံတွေအပါအ၀င် ဗုံးနှစ်လုံးရဲ့ အပိုင်းအစ ဓာတ်ပုံတွေကို ပြည်ထောင်စု ထောက်လှမ်းရေး အေဂျင်စီ FBI က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဗုံးတွေကို အနက်ရောင် အိတ်တစ်လုံးထဲမှာ ထည့်ထားပြီး အိမ်ရိုက်သံတွေ၊ ဘောစေ့တွေ အပြည့်ထည့်ထားတဲ့ ဟင်းချက်ပေါင်းအိုးတွေလည်း ပါဖွယ်ရှိတယ်လို့ FBI က ပြောပါတယ်။

ဗုံးဖောက်ခွဲမှုရဲ့လက်သည်ကို ရှာဖွေတဲ့နေရာမှာ အထောက်အကူ ဖြစ်စေဖို့ ဘယ်လို သတင်း အချက်အလက်မျိုးကိုမဆို ပေးပို့ကြဖို့ FBI က လူထုကို ပန်ကြားထားပါတယ်။

လက်သည်ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ဆုငွေ ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်မယ်လို့ Boston မြို့ ရဲနဲ့မီးသတ်သမဂ္ဂက ကြေညာထားပါတယ်။ ဒီဗုံးဖောက်ခွဲမှုရဲ့ လက်သည်ကို ကမ္ဘာမြေ အဆုံးအထိ လိုက်ပြီး ရှာဖွေ ဖော်ထုတ်သွားမယ်လို့လည်း စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေတဲ့ FBI တာဝန်ရှိသူကပြောပါတယ်။

Boston တာဝေးအပြေးပြိုင်ပွဲရဲ့ ပန်းဝင်အမှတ်နားမှာ စက္ကန့်ပိုင်းဆီပဲခြားပြီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအ၀င် လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။ တခြားလူ ၁၇၆ ယောက် ဒဏ်ရာရခဲ့ပြီး သူတို့ထဲက အများအပြားဟာ ခြေထောက်တွေ ဆုံးရှုံးခဲ့ရပါတယ်။

Tuesday, April 16, 2013

ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု (ရုပ်/သံ)

ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု နောက်ဆုံးရ သတင်းများ

အမေရိကန် ပြည်ထောင်စု၊ မန်ဆာချုးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ ဗုံး၃လုံး၊ နေရာ ၂ နေရာကွဲပြီး အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအ၀င်လူ ၃ဦးသေဆုံး၊ လူ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 

အမေရိကန် သမ္မတက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မိန့်ခွန်းတိုပြောကြားရာမှာ ဘယ်လိုလူမျိုးက ဘာ့အတွက် ဒီလိုလုပ်တယ်ဆိုတာ မသိသေးပေမယ့် လက်သည်ကို အမြန်ဆုံး ဖော်ထုတ်အရေးယူသွားဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။  ရဲတွေကတော့ အခုလက်ရှိ အချိန်အထိ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးအရေးယူထားတာ လူတယောက်မှ မရှိသေးကြောင်း ဆိုပါတယ်။

ပထမဗုံး၂လုံးဟာ ဘော်စတွန် မာရသွန်ပြိုင်ပွဲ ပန်းဝင်ခါနီးနေရာမှာ ဆက်တိုက်ကွဲလို့အသက်(၈)နှစ်အရွယ် ခလေးငယ်တစ်ဥိး အပါအ၀င် လူ၃ဦး သေဆုံးခဲ့ပြီး နောက်တလုံးကတော့ စာကြည်တိုက်မှာ ကွဲခဲ့တာပါ။ ဒဏ်ရာရရှိသူတွေထဲမှာလည်း ၁၀ယောက်ကျော်လောက် အသက်အန္တရာယ် စိုးရိမ်နေရကြောင်းလဲ သိရပါတယ်။

အမေရိကန်သမ္မတ အိုဘားမား ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဖော်ပြလိုက်ပါတယ်။

Good afternoon, everybody. Earlier today I was briefed by my homeland security team on the events in Boston. We're continuing to monitor and respond to the situation as it unfolds, and I've directed the full resources of the federal government to help state and local authorities protect our people, increase security around the United States, as necessary, and investigate what happened.

The American people will say a prayer for Boston tonight, and Michelle and I send our deepest thoughts and prayers to the families of the victims in the wake of this senseless loss.

We don't yet have all the answers, but we do know that multiple people have been wounded, some gravely, in explosions at the Boston Marathon. I've spoken to FBI Director Mueller and Secretary of Homeland Secretary Napolitano, and they're mobilizing the appropriate resources to investigate and to respond.

I've updated leaders of Congress in both parties, and we reaffirm that on days like this there are no Republicans or Democrats; we are Americans united in concern for our fellow citizens.

I've also spoken with Governor Patrick and Mayor Menino, and made it clear that they have every single federal resource necessary to care for the victims and counsel the families. And above all, I made clear to them that all Americans stand with the people of Boston.

Boston police, firefighters, and first responders, as well as the National Guard, responded heroically and continue to do so as we speak.

It's a reminder that so many Americans serve and sacrifice on our behalf every single day, without regard to their own safety, in dangerous and difficult circumstances. And we salute all those who assisted in responding so quickly and professionally to this tragedy.

We still do not know who did this or why. And people shouldn't jump to conclusions before we have all the facts. But make no mistake, we will get to the bottom of this, and we will find out who did this. We'll find out why they did this. Any responsible individuals, any responsible groups, will fill the full weight of justice.

Today's a holiday in Massachusetts, Patriots Day. It's a day that celebrates the free and fiercely independent spirit that this great American city of Boston has reflected from the earliest days of our nation, and it's a day that draws the world to Boston's streets in a spirit of friendly competition.

Boston is a tough and resilient town, so are its people. I'm supremely confident that Bostonians will pull together, take care of each other, and move forward as one proud city, and as they do, the American people will be with them every single step of the way.

You should anticipate that as we get more information, our teams will provide you briefings. We're still in the investigation stage at this point. But I just want to reiterate, we will find out who did this, and we will hold them accountable. Thank you very much.

Boston တိုက်ခိုက်မှု နိုင်ငံတကာရှုတ်ချ

ဧပြီလ ၁၅ ရက်နေ့ ဗုံးပေါက်ကွဲပြီးနောက် ဆေးဝန်ထမ်းတွေ ကနေ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေစဉ်ဧပြီလ ၁၅ ရက်နေ့ ဗုံးပေါက်ကွဲပြီးနောက် ဆေးဝန်ထမ်းတွေ ကနေ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေစဉ်

မဆုမွန်
အမေရိကန် ပြည်ထောင်စုမှာ လူအများအပြား ထိခိုက်သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ စတင် စုံစမ်းစစ်ဆေး နေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချသံတွေလည်း ထွက်ပေါ်လာ ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း လူမဆန်တဲ့ လုပ်ရပ်အဖြစ် ပြစ်တင်လိုက်သလို၊ ဥရောပသမဂ္ဂ (EU) ကလည်း စက်ဆုပ်စရာ တိုက်ခိုက်မှုအဖြစ် ပြောဆိုခဲ့တာပါ။ အလားတူ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ကအစ အာဖဂန်၊ ပါကစ္စတန်နိုင်ငံတွေအဆုံး အကြမ်းဖက်လုပ်ရပ်အပေါ် ရှုတ်ချခဲ့ကြပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တုံ့ပြန်မှုတွေနဲ့ တချိန်တည်းမှာပဲ အမေရိကန် အစိုးရ အာဏာပိုင်တွေကတော့ တိုက်ခိုက်မှုရဲ့ လက်သည်တွေ ပေါ်ပေါက်အောင် စတင်ကြိုးပမ်းနေတဲ့အကြောင်းကို မဆုမွန်က တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု Massachusetts ပြည်နယ် Boston မြို့မှာ အနည်းဆုံး လူ သုံးဦး သေဆုံးပြီး၊ နောက်ထပ် လူပေါင်း ၁၄၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ဗုံးနှစ်လုံးပေါက်ကွဲမှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေသလဲ ဆိုတာကို အာဏာပိုင်တွေ အပူတပြင်း စုံစမ်းနေကြပါတယ်။ တနင်္လာနေ့က နာမည်ကျော် Boston မာရသွန်တာဝေး အပြေးပြိုင်ပွဲ ပန်းဝင်မယ့် နေရာအနီးတ၀ိုက်က  ပေါက်ကွဲမှုကို ဖော်ထုတ်နိုင်ဖို့ အခုအခါ အမေရိကန် ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) က ဦးဆောင်ပြီး၊ တခြား အစိုးရအေဂျင်စီတွေ ကြိုးပမ်းနေကြတာပါ။

တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တရက်မှာပဲ ဘော်စတွန်မြို့ ဆင်ခြေဖုံးက Revere အရပ်မှာရှိတဲ့ အိမ်ခန်းတွဲတခုကို FBI တာဝန်ရှိသူတွေ ၀င်ရောက် ရှာဖွေခဲ့ကြပါတယ်။ မီတာ ၁၀၀ အကွာအတွင်း ဆက်တိုက်နီးပါး ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာ အခုအထိတော့ တိတိကျကျ မသိရသေးပေမဲ့ မပေါ်ပေါ်အောင် စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်တဲ့အကြောင်း ပေါက် ကွဲမှုတွေ ဖြစ်ပွားအပြီး နာရီပိုင်းအကြာမှာပဲ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုထားတာ ဖြစ်ပါတယ်။
Boston ဗုံးကွဲပြီးနောက် သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားBoston ဗုံးကွဲပြီးနောက် သမ္မတ အိုဘားမား မိန့်ခွန်းပြောကြား

“ဒါဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်၊ ဘာ့ကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ကျနော်တို့ မသိသေးပါဘူး။ ကျနော်တို့ သတင်းအချက်အလက်တွေ အားလုံး ပြည့်ပြည့်စုံစုံ မရသေးခင်မှာ လူတွေအနေနဲ့လည်း အစောတလျင် ကောက်ချက်ချတာမျိုးတွေ မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ကျနော်တို့ ဒီကိစ္စကို ခြေခြေမြစ်မြစ် စုံစမ်းမယ်၊ ဘယ်သူလုပ်တယ် ဆိုတာကို ကျနော်တို့ ဖော်ထုတ်မယ်။ ဘာ့ကြောင့် လုပ်တယ်ဆိုတာကို ကျနော်တို့ ဖော်ထုတ်မယ်။”

ပေါက်ကွဲမှုဖြစ်ချိန် မာရသွန်ပြိုင်ပွဲဝင်သူပေါင်း ၂ သောင်း ၃ ထောင်ကျော်ရှိပြီး၊ ပထမဆုံး မာရသွန် အပြေးသမားက ပန်းဝင်လိုင်းကို ဖြတ်ကျော်ပြီး သိပ်မကြာခင်မှာပဲ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့နောက် ပြိုင်ပွဲကိုလည်း ရပ်ခဲ့ရတာပါ။ ဒေသခံ Boston Globe သတင်းစာကတော့ ဒဏ်ရာရသူတွေထဲမှာ ကိုယ်အင်္ဂါအစိတ်အပိုင်း ပြတ်တောက်ကုန်သူတွေ ပါတယ်လို့လည်း လုံခြုံရေးအာဏာပိုင်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ဘော်စတွန်မြို့မှာ ၇ နှစ်ကျော်ကြာ ရိုးမအမည်ရတဲ့ စားသောက်ဆိုင်တဆိုင် ဖွင့်လှစ်ထားတဲ့ မြန်မာမြို့ခံတဦးဖြစ်တဲ့ ဦးစိုင်းလုကျော် ကတော့ ပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“၂ နေရာ ၃ နေရာပဲပေါက်တာ ပထမ သူတို့ Finish Line မှာ မာရသွန်ပြေးလာပြီးတော့ မောတဲ့လူတွေ ထားတဲ့နေရာပေါ့နော်၊ အဲ့ဒီမှာတဲတွေလိုမျိုးရှိတယ်။ အဲ့ဒီနေရာမှာပေါက်တာ။ ပေါက်တာ သူတို့ပြောတာကတော့ အမှိုက်ပုံကစပြီးတော့မှ ဗုံးတွေကို အဝေးကနေ Remote နဲ့ နှိပ်ပြီး ဖောက်တဲ့ဗုံးပေါ့။ လူကတော့ ၂ ယောက် ၃ ယောက်လောက် သေတယ်။ ဒဏ်ရာရတဲ့လူက အများကြီးပဲ။ သူတို့ အဲ့ဒီအနားမှာ ဆေးရုံရှိတယ်လေ။ အရေးပေါ်ကားတွေလည်း ၀င်ထွက်နေကြတာပဲ။ အခု ဒီမှာ လေဆိပ်တွေ ဘာညာ အားလုံးပိတ်လိုက်ပြီလေ။ အခု လေယာဉ်အ၀င်အထွက် မပေးတော့ဘူး။ လမ်းတွေ၊ မြေအောက်ရထား Subway တွေပါ ပိတ်ပြီလေ။ လူတွေက သွားလာဖို့ အခက်အခဲ ရှိပြီလေ။ သူက နိုင်ငံတကာက လာပြိုင်ကြတာကိုး။ နိုင်ငံ တော်တော် များများက တော်တဲ့လူတွေ လာပြိုင်ကြတဲ့ အခါကြတော့ တော်တော်စည်တဲ့ပွဲပါ။ ကျနော်တို့ ဒီမှာက ဒီနေ့က ရုံးပိတ်ရက် အားလပ်ရက်ဆိုတော့ ဘော်စတွန် မာရသွန်မှာ လူတွေက အာရုံစိုက်ကြတယ်လေ။”

ပေါက်ကွဲမှုတွေ ဖြစ်ပြီးပြီးချင်းဆိုသလို သမ္မတရဲ့ လုံခြုံရေး အထူးတပ်ဖွဲ့ဖြစ်တဲ့ Secret Service ကတော့ အိမ်ဖြူတော်ပြင်ပက Pennsylvania Avenue လမ်းမကြီးကို ပိတ်ထားလိုက်ပေမဲ့ သမ္မတအိမ်တော်ကတော့ ပုံမှန် အစီအစဉ်တွေအတိုင်း ဆောင်ရွက်ခဲ့ကြပါတယ်။

ဘော်စတွန်မြို့မှာတော့ ပေါက်ကွဲမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် လုံခြုံရေးတွေကို တင်းကျပ်ထားတဲ့အကြောင်း မြို့ခံ ဦးစိုင်းလုကျော် ကပြောပါတယ်။

“နောက်ပြီးတော့ ကိုယ့်မှာ information တခုရှိတယ်၊ ခုနဗုံးပေါက်ကွဲတဲ့ နေရာမှာ တခုခုမြင်တယ်၊ သူတို့လိုချင်တဲ့ information အတွက် သူတို့ရဲ့ Hotline ကို ဖုံးခေါ်ဖို့။ အခု မြို့လယ်ခေါင်မှာဆိုရင်လည်း ဘယ်သူမှ မလာကြဖို့ အစိုးရ တာဝန်ရှိတဲ့လူတွေ၊ Homeland Security က လူတွေက သူတို့လိုချင်တဲ့ information တွေကို အဲ့ဒီမှာ စုံစမ်းစစ်ဆေးတဲ့နေရာ Crime Scene (မှုခင်းဖြစ်ပွားရာ) နေရာလိုမျိုး ဖြစ်ထားတော့ ဘယ်သူမှ သွားလို့လည်း မရဘူး။ ကျနော်နဲ့ အဲ့ဒီနေရာနဲ့က ၅ မိနစ် ၆ မိနစ်လောက် ကားမောင်းရတယ်။ ကျနော်တို့ဆိုင်နဲ့ အဲ့ဒီမြို့လယ်နေရာနဲ့က။”

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက နောက်ထပ် မြို့ကြီးတွေ ဖြစ်ကြတဲ့ မြို့တော် Washington D.C.၊ New York၊ Los Angeles နဲ့ San Francisco မြို့တွေမှာလည်း လုံခြုံရေးတွေကို တင်းကျပ်ထားလိုက်ကြပါတယ်။

အမေရိကန် ပြည်ထောင်စုက သွေးထွက်သံယို ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး ဗြိတိန်နိုင်ငံမှာလည်း လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် နိုင်ငံတကာ အားကစားပွဲတခုဖြစ်တဲ့ လန်ဒန်မာရသွန်ပြေးပွဲအတွက် လုံခြုံရေးအစီအစဉ်တွေကို ပြန်လည် စိစစ်သွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။  VOA

မြောက်ဦးမြို့သို့ သင်္ကြန်ကာလ အဖျက် အမှောင့် လုပ်ရန် ၀င်ရောက်လာသူများဟု ယူဆရသူ ၅ ဦး ဖမ်းဆီးမိ

သတင်း — April 16, 2013 at 4:25 pm

ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ သင်္ကြန်ကာလ အတွင်း အဖျက်အမှောင့်များ လုပ်ရန် ၀င်ရောက်လာသူများဟု ယူဆရသူ မွတ်ဆလင် (၅) ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဖျက်အမှောင့် လုပ်မည့်သူ ၅ ဦးကို စစ်တပ်က ထိန်းသိမ်းထားစဉ်။ (ဓါတ်ပုံ- RSV)
အဖျက်အမှောင့် လုပ်မည့်သူ ၅ ဦးကို စစ်တပ်က ထိန်းသိမ်းထားစဉ်။ (ဓါတ်ပုံ- RSV)
ဧပြီလ ၁၄ ရက်နေ့ နံနက် အစောကြီး (၁) နာရီခန့်တွင် ပထမ နှစ်ဦးကို ဖမ်းမိပြီး များမကြာမီ အနီးအနား တောင်တန်းများတွင် ပုန်းအောင်းနေသော နောက်ထပ် (၃) ဦးကို ဖမ်းဆီးမိခဲ့သည်။
သူတို့ထံမှာ ဓါတ်ဆီပုန်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
“ စုစုပေါင်း ဘင်္ဂလီ လူမျိုး ၅ ဦး ဖြစ်ပါတယ်။ သူတို့က လက်ဆည်ကန် အနီးက တောင်ကိုကျော်ပြီး ဓါတ်ဆီပုန်းတွေနဲ့ ၀င်ရောက်လာတာပါ။ ဘယ်ရွာကဆိုတာတော့ အတိအကျ မပြောနိုင်ဘူး။ အများက ခန့်မှန်းတာကတော့  တောင်တစ်ဘက်မှာ ရှိတဲ့ ပေါင်းတုတ်ရွာကလို့ ခန့်မှန်းကြပါတယ်” ဟု မြောက်ဦး ဒေသခံ ကိုထွန်နေမင်းက ပြောသည်။
ပြည်တွင်း သတင်းဌာန တစ်ခု ဖြစ်သော RSV တွင် ဖေါ်ပြထားသော သတင်းတွင် အဆိုပါ ဘင်္ဂလီ (၅) ဦးမှာ ပေါင်းတုတ်ရွာနေ ရွှေမောင်၊ ဖူတီယာ၊ အူတိန်အာမောက်၊ အဒူခေါ်ရိမ် (ခေါ်) စံမောင်၊ အဒူ ချော်ဘီတို့ ဖြစ်ကြောင်း ဖေါ်ပြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် မြောက်ဦးမြို့သို့ ဆက်လက် ဆက်သွယ်မေးမြန်းရာ မွတ်ဆလင် (၅) ဦးအား ဖမ်းဆီးမိခြင်းမှာ မှန်ကန်ကြောင်း တစ်ခြား လူကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။ သို့သော်လည်း ဓါတ်ဆီးပုန်း ပါမပါကို ကိုယ်တိုင် မမြင်ရ၍ တိတိကျကျ မပြောနိုင်ကြောင်း သူကဆိုသည်။
သူတို့အား ဒေသခံများက ဖမ်းမိခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် စစ်တပ်လက်ထဲသို့ အပ်လိုက်သည်ဟု ဆိုသည်။ စစ်တပ်မှ စစ်ဆေး မေးမြန်းမူများ ပြုလုပ်ပြီးနောက် မြောက်ဦးရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အသေးစိတ် သိရှိနိုင်အောင် မြောက်ဦးရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။  NARINJARA

Monday, April 15, 2013

မထသ ကပြည်သူတွေကို လိမ်နေပြီ

မထသ ကပြည်သူတွေကို လိမ်နေပြီ
မထသခရီးသည်တဦး၊ မိုးမခပေးစာ၊ ဧပြီ ၁၃၊ ၂၀၁၃
ဂျာနယ်တော်တော်များများမှာ သင်္ကြန် ကိုယ်မြို့ကိုယ်နယ် အပြန်တွေကို ခရီးသွားပြည်သူများ အတွက် ကားလက်မှတ်ခကို သတ်မှတ်ထားသော အဖိုးထက် ပိုကောက်ရင် ပြင်းထန်စွာ အရေးယူမယ်။ ကားဂိတ်ကို ပိတ်မယ်ဆိုပြီး စည်းကမ်းတင်းကြပ်မယ်လို့ ပါပြီးမှ သူတို့ကိုယ်တိုင် ပြည်သူကို ဒုက္ခရောက်အောင် လုပ်ဆောင်နေပါတယ်။
ရန်ကုန်-ဟင်္သာတ  လမ်းကြောင်း ပုံမှန်ပြေးဆွဲနေသော ကားဂိတ်များမှာ ရိုးရိုးကား၊ AIR COM  ကားများသည် ကားစီးခကို ရိုးရိုးကားပုံမှန် ၂၀၀၀ ။ AIR COM  ကား ၃၀၀၀ ပဲကောက်ပြီး အဝေးပြေးဂိတ်ကြေး ၃၀၀၀ ပေးရပြီးရန်ကုန် မှ ဟင်္သာတသို့ ပြေးဆွဲနေပါတယ်။ဒါပေမယ့် ရန်ကုန် မထသ နှင့် ဒဂုံဧရာ အဝေးပြေးတာဝန်ရှိသူများ ပူပေါင်းပြီး အခြားလိုင်းမှကားများကို စတေကာများ ဖြုတ်ပြီး လူတစ်ယောက်ကို ၃၀၀၀၊  ၄၀၀၀ (ရိုးရိုးကား) များဖြင့် သတ်မှတ်ထားသော လူဦးရေထက် လည်းပိုတင်တယ်။ ပိုတင်တော့ခရီးသည်က ပိုက်ဆံလည်း ပိုပေးရသေး အသက်ရှူကြပ်လို့ ပြောတော့လည်း မကျေနပ်ရင် ဆင်းကျန်ခဲ့ တဲ့။  ကိုယ်မြို့ကိုယ်နယ်က ကားတွေမဟုတ်တော့ ကားကို မမှတ်မိဘူး။ ကားက မှတ်ပုံတင်တွေလည်း ခွာထားတယ်။ မှတ်မိတာဆိုလို့ ကားမှာ အအေးကြော်ငြာတွေပဲ ကပ်ထားတယ်။
ဒဂုံ ဧရာ အဝေးပြေးထဲက တစ်နေ့ကို အစီးရေ (၆၀) ခန့် ထွက်ပြီး တခါ ထွက်လျင် ပုံမှန်က ၃၀၀၀ ဆိုပေမယ့်၊ သူတို့က ဒဂုံဧရာအဝေးပြေးက တာဝန်ရှိသူတွေကို ၃သောင်း ပေး ထွက်ရတယ်။  ၁၀ ဆ တောင် ပေးနိုင်နေတာ ခရီးသည်တွေဆီက ခရီးကားလက်မှတ်ကို ဘယ်လောက် ပိုယူထားလဲတွေးကြည့်ပါ။
အဲဒီကားတွေ ဟင်္သာတကို ၀င်လာတော့ ဟင်္သာတ မထသ ဥက္ကဌ ဦးစံဌေးကလည်း မြိုခံ ကားဂိတ်များ၏နစ်နာတာတွေကိုသိရက်သားနဲ့ ကားမှာလိုအပ်တာတွေကို မစစ်ဆေးသည့်အပြင် ကားတစ်စီဝင်တိုင်း ၂၀၀၀ ကျပ် ဖြတ် ကောက်တယ်။ ရန်ကုန်မှာလည်း ပေးရ။ဟင်္သာတမှာလည်း ပေးရ။ လမ်းခရီးဂိတ်များတွင်လည်း ပေးရတာတောင် ပြေးဆွဲနေသော လိုင်းမ၀င်ထားသော ကားများကြောင့် ပြည်သူတွေ အရမ်းနစ်နာနေလို့ တားဆီးအရေးယူပေးပါရန် တင်ပြအပ်ပါတယ်။http://moemaka.com

သံချပ်သစ်တွေနဲ့ မြန်မာသင်္ကြန်

မြန်မာ

၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရဲ့ မြန်မာအတာသင်္ကြန်ရိုးရာပွဲတော်၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရဲ့ မြန်မာအတာသင်္ကြန်ရိုးရာပွဲတော်

TEXT SIZE
ကျော်သိင်္ခ
ဒီနှစ်သင်္ကြန်မှာတော့ လုံခြုံရေးအတွက် အစောပိုင်းတုန်းက စိုးရိမ်မှုတချို့ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်တဲ့အကြောင်း ရေကစားပွဲတော်ကို ဆင်နွှဲသူတွေက ပြောကြပါတယ်။ ရိုးရာအစဉ်အလာအတိုင်း ရေကစားတာတွေ၊ အလှူအတန်း လုပ်တာတွေကို ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးတွေမှာ စည်စည်ကားကား ကျင်းပနေကြတာ ဖြစ်ပါတယ်။ သင်္ကြန်အကြတ်နေ့ရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ စုံစမ်းထားတဲ့ ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။

ဒီနေ့ မဟာသင်္ကြန် အကြတ်နေ့မှာတော့ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ သင်္ကြန်ပွဲတော်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆက်လက် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဆိုရင်လည်း ကမ္ဘာအေးဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ကန်တော်ကြီး နဲ့ အင်းလျားကန်တ၀ိုက်မှာ ရေပက်ခံကားတွေ၊ မဏ္ဍပ်တွေနဲ့ သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြတာပါ။

အခုနှစ် ရန်ကုန်သင်္ကြန်မှာတော့ အသံချပ်ထိုးတာတွေ၊ သင်္ကြန် အလှပြကားတွေနဲ့ ရေပက်ခံသူတွေ မနှစ်ကထက် ပိုပြီးစည်ကားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ သင်္ကြန်ပွဲ ဆင်နွှဲနေတဲ့ ဘလော့ဂါ နေဘုန်းလတ်က ပြောပါတယ်။ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ မြို့အတော်များများမှာ ကြုံခဲ့ရပြီးတဲ့နောက် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ အခုတော့ ရေကစားပွဲတွေဟာ အေးအေးချမ်းချမ်း ရှိတယ်လို့လည်း သူကပြောပါတယ်။

“အေးအေးချမ်းချမ်းပါပဲ။ ဘာမှ ပြဿနာမရှိပါဘူး။ နည်းနည်းပါးပါး မူးတာ ပြုတာလောက်ပါပဲ။ ဒီပုံစံတွေကတော့ အရင်လိုပါပဲ။ သင်္ကြန်မတိုင်ခင်ကတော့ ကောလဟာလမျိုးစုံ ထွက်ထားတော့ အားလုံး ကြောက်နေကြတာ၊ တခုခုဖြစ်မှာကို အရမ်း စိုးရိမ်နေကြတယ်ဆိုပေမဲ့ အခုအချိန်ထိတော့ ဘာမှ ထူးထူးခြားခြားတော့ မဖြစ်သေးပါဘူး။ ကျနော်ကတော့ သင်္ကန်းကျွန်း မြို့နယ်ရုံးရှေ့မှာ မဏ္ဍပ်ထိုးပြီးတော့ နေ့တိုင်း စတုဒီသာ ကျွေး တယ်ဗျာ။ တချို့ သံချပ်အဖွဲ့လေးတွေလည်း တော်တော်များများ တွေ့ရတယ်။ ၈၈ မျိုးဆက်ကလုပ်တဲ့ ‘မျိုးဆက်ဆိုတဲ့ သံချပ်အဖွဲ့’ တွေလည်း ကားလေးတွေနဲ့ သွားပြီးတော့ အရင်ပုံစံပေါ့။ အရင်တုန်းက နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဒီသံချပ်ကို ပြန်ပြီးတော့ ဖော်ထုတ်နေတာ တွေ့ရတယ်ခင်ဗျ”

ရန်ကုန်မြို့က နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် တဦးလည်းဖြစ်တဲ့ ဦးကျော်သူကတော့ အကြတ်နေ့မှာ အလှူဒါန အစီအစဉ်တွေ လုပ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အရင်တုန်းက သတင်းမီဒီယာတွေ တင်းကျပ်လေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ရိုးရာသင်္ကြန်သံချပ်တွေဟာလည်း ကန့်သတ်ခံရလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ လွတ်လပ်ခွင့်တချို့ ရလာတာနဲ့အမျှ သံချပ် အစီအစဉ်တွေလည်း စလုပ်ဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

“နောက် ဒီနှစ်ကတော့ ကျနော်တို့ ပထမဆုံး သင်္ကြန် သံချပ်ပေါ့။ ကျနော်တို့ နာရေးကူညီ မှုအသင်း (ရန်ကုန်) ရဲ့ “ပေးဆပ်သူများ” သံချပ်အဖွဲ့ ကျနော်တို့ စထွက်တယ်။ ပြည်သူလူထုထဲကို”

သင်္ကြန်ရိုးရာ ရေကစားပွဲတွေကို နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ မန္တလေးမှာလည်း အကြတ်နေ့ကို မြို့ခံတွေ ဆက်ကျင်းပနေကြတာပါ။ ထူးထူးခြားခြား ဆိုသလို နိုင်ငံရေးပါတီတွေပါ ပါဝင်လာတာ တွေ့ရတယ်လို့လည်း မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“မန္တလေးသင်္ကြန်ကတော့ ထုံးစံအတိုင်းပဲ ကျုံးဘေးမှာပဲ တိုးကြတာပေါ့လေ။ တောင်ဘက်ကျုံးနဲ့ အရှေ့ဘက်ကျုံးမှာပဲ ပြန်ပြီး တိုးကြတာပေါ့။ အနောက်ဘက် ကျုံးဆိုတာကလည်း မဏ္ဍပ်က ၃ ခုလောက်ပဲ ရှိတာ၊ မြောက်ဘက်ကျုံးမှာဆိုရင် မဏ္ဍပ်တခုမှကို မရှိဘူး ဒီနှစ်သင်္ကြန်မှာ။ အထူးသဖြင့် လည်တဲ့ပတ်တဲ့သူတွေကတော့ တောင်ဘက်ကျုံးရယ်၊ အရှေ့ဘက်ကျုံးရယ်ကို အဓိကထားပြီး ပျော်ကြတယ်။ မြို့ထဲမှာတော့ မဏ္ဍပ်က ကျနော်တွေ့သလောက်တော့ ဘယ်နေရာမှ မရှိဘူးဗျ။ မြို့ထဲမှာ အထူးသဖြင့် လမ်း ၈၀ တို့၊ ၈၂၊ ၈၃၊ ၈၄ လမ်းတွေမှာတော့ အလှပြယာဉ်တွေလည်း မရှိဘူး။ ရေပက် မဏ္ဍပ်တွေလည်း မရှိတဲ့အခါကျတော့ ရေပက်ခံထွက်တဲ့ သူ တော်တော်များများ ကတော့ ကျုံးမှာ ၀င်တိုးကြတာပေါ့လေ။ မန္တလေးသင်္ကြန်မှာ ဒီနှစ်မှာ ထူးထူးခြားခြား တွေ့ရတာကတော့ NLD ပါတီတခုပဲ အလှပြကား ထွက်နိုင်တာ တွေ့ရတယ်ခင်ဗျ။ ကျန်တဲ့ပါတီတွေကတော့ အလှပြကား ထွက်နိုင်တာ မတွေ့ရဘူးခင်ဗျ။ ဒါကတော့ ၂၀၁၃ မှာ ထူးထူးခြားခြားဆိုရင်တော့ နိုင်ငံရေး ပါတီတွေမှာ ပထမဆုံးထွက်တဲ့ ကားလို့ ပြောလို့ရပါတယ်ခင်ဗျ။ ချမ်းအေးသာဇံ မြို့နယ်ကနေ ‘ချမ်းအေးမောင်’ ဆိုတဲ့ နာမည်နဲ့ ထွက်တာပါခင်ဗျာ။”

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာတော့ သမ္မတ ဦးသိန်းစိန် မိသားစု အပါအ၀င် အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်းတွေကလည်း ပါဝင်ဆင်နွှဲတဲ့အကြောင်း အစိုးရပိုင် သတင်းတွေက ဖော်ပြပါတယ်။ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအတွက် ပူပန်မှုတွေ ရှိခဲ့တဲ့အတွက်လည်း အာဏာပိုင်တွေကတော့ လုံခြုံရေးတွေကို တိုးမြှင့်ချထားခဲ့တာလည်း ဖြစ်ပါတယ်။ VOA