Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Wednesday, November 13, 2013

ဘာာာကွ



*******
လုပ်မရှိလုပ်ရှာလို့
ဘုရားမှာ ဆန္ဒပြ
ကုလားက မင်းကျိုးယုတ်အောင်
ဘာလုပ်လဲကွ'တဲ့
ပြစ်တင်သံ နှောတဲ့အမေး
တွေး တွေးရင်း ငါဒေါသ
ဖြစ်ရတယ်ကွ……။
တစ်ရက်လုပ်မှ တစ်ရက်စား
ငါ့ဘဝ ဘယ်လိုခါးလဲ
မပြောပဲ မင်းသိပါတယ်……။
ဒီကောင်တွေ ကြံပက်စက်
ငါ့လူမျိုးတွေ အခက်ကြုံကာ
သာသနာ၊ဘာသာဖျက်မှာမို့
အလုပ်တွေ တစ်ရက်ဖျက်ပြီး
ဆန္ဒအမှန် ပြခဲ့ရတယ်
မင်းသိပါကွယ်……။
မင်းကျိုးယုတ်မှ
မင်းဆန္ဒပြမယ် တွေးထားခဲ့ရင်
ငါမေးချင်တယ်
မင်းဖြေပေးပါ သူငယ်ချင်း……။
မင်းမေကစ မင်းနှမအထိ
ကာမဘီလူး တဏှာရူးတို့
မုဒိမ်းကျင့်မှ ဆန္ဒပြရာ
မင်းပါမှာလား သူငယ်ချင်း……။
မင်းဖေ ကို၊ညီ ဆွေမျိုးဆီကို
ဓားကောက် ကိုင်တက်
လည်ပင်းဖြတ်မှ
ဆန္ဒပြရှာ
မင်းပါမှာလား သူငယ်ချင်း……။
မင်းဦးချရာ စေတီသာကို
မိုင်းခွဲ ဗုံးမှန်
အုတ်ခဲပဲ ကျန်မှ
မင်းသွေးကြွလို့
ဆန္ဒပြမလား သူငယ်ချင်း……။
ဒီပုတ်ထဲမှာ ဒီပဲဘဲလာမှာပေါ့
ပဲထည့်တဲ့ပုတ်ကိုနှိုက်ပြီး
ဆန်ရမယ်မင်းတွေး
ခွေးနဲ့တောင် ငါမနှိုင်းချင်ပ
ခွေးသိက္ခာကျ……။
မင်းမပါချင်အသာနေ
မင်းအမေ မင်းနှမ
အရှက်မရအောင်
ငါတို့ဆန္ဒအမှန်ပြမယ်
ဒို့ကိုလာပြီး ဝေဖန်နဲ့……။
မင်းမပါချင် သွား
မင်းဖေ ညီဘွားဆွေမျိုးများကို
အိမ်တက် လည်ဖြတ်
သူတို့မသတ်အောင်
ငါတို့ဆန္ဒအမှန်ပြမယ်
ဒို့ကိုလာပြီး ဝေဖန်နဲ့……။
မင်းမပါချင်ရှောင်
ဒို့ဘာသာ အမှောင်မလွှမ်းအောင်
တတ်နိုင်သမျှဆန္ဒပြမယ်
ဒို့ကိုလာပြီး ဝေဖန်နဲ့……။
မင်းနဲ့ငါဟာ
ဘာသာလဲတူ လူမျိုးတူတော့
မင်းစားငါတွက်
ငါ့မျက်နှာ ငါကွက်လှီးချင်အောင်
ရှက်မိပါရဲ့……။

Sunday, September 29, 2013

လေးမြို့ခေတ် မင်းထီး



===========
# မဆိုင်မပိုင်
နန်းတိုင်မှာ ကွမ်းကိုင်လို့ထုံးသုတ်
မိန့်တော်ထုတ်၊ ပြစ်စီရင်။

# ထုံးသုတ်လျှင်ဒဏ်ခတ်
သူ့လက်ညှိုးကိုဖြတ်။

# ဘုရင်မင်းမြတ်သူကိုယ်တိုင်
နန်းတိုင်မှာ ထုံးသုတ်မိလို့
ကိုယ်ထုတ်မိန့်ကိုယ်နာယူ
တိုင်းပြည်သူကြည်ဖြူသည့်မင်းကြီး
တရားစည်ကို အမှန်တီးရေ
လေးမြို့ခေတ်မင်းထီး။

# ကျေးဇူးရှင် ကိုယ်ဝရီး
သူခိုးကြီးနန့်အပေါင်းပါ
မျက်နှာသာသူမပီင်္း
ပြစ်ဒဏ်မှာ
သီဒဏ်ပီးရေ
လေးမြို့ခေတ်မင်းထီး။ ။
(သျှင်အုန်း)
၂၉-၉-၂၀၀၆နေ့ကွယ်လွန်သောကဗျာဆရာကြီးသျှင်အုန်းအမှတ်တရ။

Monday, September 23, 2013

မင်းကွန်းခေါင်းလောင်းထဲ မှ ငိုကြွီးသံ



ထနှောင်းပင်ရိပ်နန့် တမာပင်ရိပ်ရို့
လျွမ်းခြုံထားရာ အညာဒေသ ပျူဂါမသို့
တစ်ခေါက်တစ်ခါ ရောက်ဖြစ်ပါလျှင်
မန္တလေးတစ်ဖက် မင်းကွန်းရပ်ကို
မဖြစ်ဖြစ်အောင် အမောင်လားလီ လေ့လာခီ...။
ထိုသည့်ဒေသ မင်းကွန်းတစ်ခွင် လယ်တောပြင်မှာ
စူးခြုံနွယ်ပုပ် မြက်သစ်ငုတ်နန့်
အုတ်ခွပ်ကျောက်ခဲ လှန်ဖော်ကြည့်ကေ
ရှေးကဖီးဘွား ရခိုင်များ၏
ကျောက်ဖြစ်ရုပ်ကြွင်းပမာ အရိုးများစွာကို
အမောင်ရှာလို့ တွိလိမ့်မည်။
ထိုအရိုးများ ဤနားတ၀ိုက်
ဟိုမှာတစ်စ သည်တစ်စနန့်
ထောင့်နားမျိုးစုံ ပျံ့နီပုံကို
အကယ်၍သာ အမောင့်ရင်မာ သိချင်ပါလျှင်
ဧရာဝတီ မြစ်မဟီ၏
တထောက်တနား ရီကမ်းပါးမှာ
ကုန်ဘောင်ခေတ်၏ မောင်ဝိုင်းရာဇာ နယ်ချဲ့ဗမာက
ကြီးချိန်ပိဿာ မြောက်မြားစွာကို
ဖျော်ကာသွန်းလုပ် သမုတ်နာမ ပီးထားခသည့်
မင်းကွန်းမည်ခေါ် ခေါင်းလောင်းတော်နား
အသာလားပြီး
အနားကိုကပ် ပါးကိုဟပ်ကာ နာထောင်ပါ..။
ထိုခေါင်းလောင်းထဲ
မြောက်ဦးနန်းတွင်း လူသတ်ကွင်းဘ၀ ကျရောက်ရချိန်
ဗြီးသံလွားသံ ငိုကြွီးသံများ
တိုးသံခွက်သံ ကြုံးဝါးသံများ
ပဲ့တင်ရိုက်ဟပ် ထင်ကျန်ခသံ
သောသောညံမျှ ကြားနိန်ရ၏။
စဉ်းစားကြည့်ဖိ တွေးကြည့်ဖိအမောင်
နားထောင်ကြည့်ဖိ သွီးဆူဘိလော။
ရခိုင်ရွှီနန်း ပြေင်ဝင်းတောက်ပ ကြီးခေါင်မကို
ခွာချသယ်ယူ သူရို့မူအဖြစ်
ဖျော်ထုသွန်းလုပ် သမိုင်းရုပ်ခေါင်းလောင်း
အသွင်ပြောင်းကာ
မဟာဗမာ ကြီးကျယ်စွဟု
အောင်စည်တီးခတ် လျောက်လာကတ်စွာ
နှစ်ပေါင်းနှစ်ရာ ကျော်လားဗျာယ်ယေ။
ငါရို့ရခိုင်ပြည်မဏ္ဍိုင်ကား
နန်းယိုင်လဲပြို
စည်ဗဟိုရ်လည်းပျောက် ပြည်မီးတောက်ကာ
ထိုမှဂုတိုင် နလံမထူနိုင်ဘဲ
မိတ္ဆာလူမျိုးလက်အောက် ကျွန်သဘောက်ဘ၀မှာ
ပျော်ရွှင်စရာ ၀ီးကွာဆိတ်သုဉ်း သင်္ချိုင်းကုန်းပိုင်
တပြည်လုံးဒုကခ ရောက်နိန်ရရေ။
ဒေမိတ္ဆာဆိုး ဗမာတိကို
ငါရို့၏ဌာနီ ရခိုင်ပြည်မှ
သုတ်သင်မောင်းထုတ် ပြည်သစ်လုပ်ဖို့
အမောင်အားထုတ်နိုင်ပါစီ....။ ။
ကျနော်lovearakanအားလုံးကိုမင်္ဂလာပါးးးးးးးးးးးးး

Friday, August 30, 2013

ှုငရို့ကံကြမ္မာဆိုစွာ ဗေဒင်ဆရာလက်ထဲမာဟိစွာမဟုတ်။ ငရို့ကံကြမ္မာဆိုစွာ ငရို့လက်ထဲမာရာဟိရေ။ ကိုင်း ရခိုင်ရို့ ဇာလုပ်ကတ်ဖို့လေး ဒေကနိ


 

"အချိန်တန်သောနိ့ရက်"

ရာစုနှစ်ခုကျော်သကြစ်ထဲက
ဒုက္ခကိုမွီးရာပါတစ်ခုပိုင်ခံစားလို့
အဖုံးအဖိခံ"ကျွန်"ဘ၀နန့်
ငရို့အဖိုးအဖီးရို့သီဆုံးခကတ်တေ
နှစ်ပေါင်းထောင်ချီ
တော်ဝင်ရေငရို့သမိုင်းတိ
ရည်ရွယ်ချက်ဟိဟိဖျက်စီး
ငရို့...အဖိုးအဖီးတိသွီးချောင်းစီးခကတ်တေ။
ငရို့...ရိုးမရင်အုံထဲက
ငရို့...ပိုင်ဆိုင်သမျှ
အသားကိုလေ့ယူ၊အဆီကိုလေ့စုပ်
လူရုပ်မပေါက်ယောင်
မွှီနှောက်ပစ်ခကတ်တေ။
စာပီ၊အက္ခရာ၊ယဉ်ကျေးမှု၊ရိုးရာအမွ
သမိုင်းခြီရာတိလက်စလက်နမကျန်
"ကျွန်"ပြုခံလူတန်းစားတစ်ရပ်လို
နလန်မထူနိုင်အောင်
သတ်မှတ်ပစ်ခကတ်တေ။
ငရို့...ဘဝ
ငရို့...အသက်
ငရို့...မျိုးဆက်တိကိုစားသုံး
သဇင်ပန်းတိလူဖြစ်ယှုံးအောင်
အမျိုးစောင့်သမိုင်းကို
ကြက်ခြီခတ်ပစ်ခကတ်တေ။
ခံစားချက်တစ်ခုဧ့
ယိုဖိတ်စီးကျမှုအတွက်
ပြုလုပ်သူနန့် ပြုလုပ်ခံရသူအကြား
ပေါက်ဖွားလာသောဇာတိမာန်
ငရို့...တိအတွက်
အတ္တလို့မစွပ်စွဲလီကေ့။
တန်ပြန်သက်ရောက်မှုတစ်ခုဧ့
ထံပြန်ခံစားမှုဟိလာခါ
နောင်တဆိုစွာမထိုက်တန်လို့
သမိုင်းကြွီးကို လိုင်ခြောင်းသွီးနန့်
ပီးဆပ်နိုင်ဖို့....
မင်းရို့တိဖက်ကရာ
အဆင်သင့်ဖြစ်ပါစီ။ ။

တဂိုးခိုင်( အာရက္ခမြီ)

Thursday, August 1, 2013

လိပ်အခွန်နွှာသည့်အာဇာနည်



------------------------------
-

ရူပမြောက်ရပ်lမြို့ စစ်တွေ

... မွေးရပ်ဇာတိlရခိုင်ပြည်မှာ

မိခင်ဝမ်းကြာlမွေးသန္ဓေကား

တနင်္ဂနွေရက်မြက်l၂၇မှာ

ဒီဇင်ဘာလl၁၈၇၉

အေးချမ်းနိမိတ်lဇွဲသစ်အားမာရ်

ရက္ခဝေဟင်lဝိရိယလျှံထွက်

မိုးမှောင်ညနက်lသွေးစွမ်းစေသူ

ကုလားဖြူနယ်ချဲ့ lငါ့ပြည်ငါ့ရွာ

ငါ့မြန်မာမှlအခုထွက်သွားး

လိပ်ခွန်နွာဖို့ lဗုဒ္ဓကြည်နီ

ဂဝေသီကိုlအာဂရက္ခ

ဇမ္ဗူကျွမ်းမှာlအေ့သည်ညီနောင်

သူ သုံးဖော်နဲ့ lမိခင်အောင်ကျော်သူ

ဘဦးမြကlကြည်စင်ရွှေသား

လောင်းလျှာကြည်နီlဥတ္တမမဌေကို

သန့် စင်မွေးဖွါးlမတစ်ထောင်မှ

တစ်မောင်ဖွါးသည်.......။ေ


မြန်မာပြည်ဖွါးlညီနောင်များတို့ 

ရှေ့ ခေတ်စဉ်လာlအာဇါနည်ကား

အမျိုးစောင့်သူlသွေးစစ်သူနဲ့ 

တိုင်းချစ်ပြည်ချစ်lမိသားစုချစ်မှ

အာဇာနည်တင်lမြှောက်စားရာ၏

ရွှေပြည်မြန်မာlလွပ်လပ်စေကြောင်

ထိုးဖေါက်ဖွှေရှာlဥတ္တမမှာ

မြန်မာ ပါဋ္ဌိlသက္ကတ ဘင်္ဂလီ

ဟိန္ဒူ ဂျပန် lအင်္ဂလိပ် နာဂရီ

ပြင်သစ်ဘာသာlဤကိုးဖြာနှင့်

ကိုယ့်ဝမ်းမငဲ့lပြည်ကိုကြည့်၍

လုပ်ကြမ်းထောင်ဒဏ်lခါခါဖန်ဖန်

သူကျခံပြီးlကိုယ့် ပြည်လွတ်ကြောင်း

တရားဒေသနာlဘာသာစာကို

သူဟောကြားစဉ်lသင်္ကန်းကိုချွတ်

အဝတ်ဖြူဝတ်စေlကြိမ်ကျစေနဲ့ 

ဒုက္ခမျိုးပေါင်းlထွက်ထွက်ကြေအောင်

ကုလါးဖြူနှိပ်စက်lနလံအရေး

မဌေထူဖို့ lခက်ခဲစော်ပင်

၉ရက် စက်တင်ဘာl၁၉၃၉ ခုမှာ

ဘဝနတ်ထံlကွယ်လွန်တော့သည်...။

ပြည်မြန်မာဖွားlညီနောင်များတို့ 

မမေ့အပ်lအာဇာနည်

သျှင်မဌေအားlအစဉ်ဦးညွတ်

၉ ရက်စက်တင်ဘာlမိုးပြိုညမှာ


မချိမလှ lကြွေကျမျက်ရည်

ဝမ်းနည်းအမှတ်ရ lဂုဏ်ယူစွာဖြင့်

ကန်တော့ရင်းပါ lအာရှ ဖခင်......။




ရေး -ဇင်မင်းည္ဓို

Saturday, May 11, 2013

ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ


ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ
============================
မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် ။

ညီမလေးရေ
မင်းရေတိမ်နစ်ရတဲ့သတင်း
တို့ရင်ကို ပြင်းပြင်းဝင်ဆောင့်
အသည်းထဲ … အသွေးထဲမှာ
နင့်နေအောင်ကို အောင့်တယ် ။

ကယ်ပါ …. ကူပါ
တစာစာအော်ခဲ့ရတဲ့မင်းဟာ
မိစ္ဆာဘီလူး … ကာမရူးတွေကို
နောက်ဆုံးသောထွက်သက်အထိ
အရှုံးမပေး … ဒူးမထောက်
တို့လူမျိုးရဲ့ အရှက်ကို
မင်းသစ္စာဖောက်မသွားဘူးဆိုတာ
မင်းလက်ထဲမှာ ဆွဲဆုပ်ထားတဲ့
မြက်ပင်အကျိုးအကြေတွေက သက်သေပြနေတယ် ။

ညီမလေးရေ ….
မင်းအရှက် … မင်းအသက်နဲ့
ငါတို့ရဲ့အနာဂတ်တွေကို
ဓားမြိမြိတစ်လက်နဲ့
ထိထိမိမိအထောက်ခံထားရပြီဆိုတာ
သက်သေပြသွားခဲ့တယ် ။

ညီမလေးရေ
ဘာသာစကားတွေ ဘယ်လိုပဲကွဲကွဲ
ယဉ်ကျေးမှုတွေ ဘယ်လိုပဲကွာကွာ
အမိနိုင်ငံတော်ကြီးရဲ့အရိပ်အောက်မှာ
တို့ဟာ … ပြည်ထောင်စုရဲ့ မောင်နှမတွေပဲလေ
မင်းငိုလိုက်တဲ့ မျက်ရည်ဟာ
သံလွင် .. စစ်တောင်း
ချင်းတွင်း နဲ့ ဧရာဝတီမှာ
မျောပါစီးဆင်း ….
သွေးချင်းချင်းနဲ့
မျက်ရည်မြစ်လဲ ဖြစ်ခဲ့ပြီ ။

ညီမလေးရေ …
တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ
မုတ်သုံမိုးပြေး
လေနုအေးထဲမှာ
မင်းပေးခဲ့တဲ့ စည်းလုံးခြင်းဂီတနဲ့အတူ
အမျိုးသားရေးတေးတွေ …
တတိုင်းပြည်လုံး ပျံ့လွင့် …..
မင်း နားစွင့်ကြည့်လှည့်ပါ ။

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် … … ။

(ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ)

မိုးစက်နီ
ဧပြီ ၂၀၊ ၂၀၁၃ ခုနှစ်။ (copy from Marn Htan Myo)..

============================
မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် ။

ညီမလေးရေ
မင်းရေတိမ်နစ်ရတဲ့သတင်း
တို့ရင်ကို ပြင်းပြင်းဝင်ဆောင့်
အသည်းထဲ … အသွေးထဲမှာ
နင့်နေအောင်ကို အောင့်တယ် ။

ကယ်ပါ …. ကူပါ
တစာစာအော်ခဲ့ရတဲ့မင်းဟာ
မိစ္ဆာဘီလူး … ကာမရူးတွေကို
နောက်ဆုံးသောထွက်သက်အထိ
အရှုံးမပေး … ဒူးမထောက်
တို့လူမျိုးရဲ့ အရှက်ကို
မင်းသစ္စာဖောက်မသွားဘူးဆိုတာ
မင်းလက်ထဲမှာ ဆွဲဆုပ်ထားတဲ့
မြက်ပင်အကျိုးအကြေတွေက သက်သေပြနေတယ် ။

ညီမလေးရေ ….
မင်းအရှက် … မင်းအသက်နဲ့
ငါတို့ရဲ့အနာဂတ်တွေကို
ဓားမြိမြိတစ်လက်နဲ့
ထိထိမိမိအထောက်ခံထားရပြီဆိုတာ
သက်သေပြသွားခဲ့တယ် ။

ညီမလေးရေ
ဘာသာစကားတွေ ဘယ်လိုပဲကွဲကွဲ
ယဉ်ကျေးမှုတွေ ဘယ်လိုပဲကွာကွာ
အမိနိုင်ငံတော်ကြီးရဲ့အရိပ်အောက်မှာ
တို့ဟာ … ပြည်ထောင်စုရဲ့ မောင်နှမတွေပဲလေ
မင်းငိုလိုက်တဲ့ မျက်ရည်ဟာ
သံလွင် .. စစ်တောင်း
ချင်းတွင်း နဲ့ ဧရာဝတီမှာ
မျောပါစီးဆင်း ….
သွေးချင်းချင်းနဲ့
မျက်ရည်မြစ်လဲ ဖြစ်ခဲ့ပြီ ။

ညီမလေးရေ …
တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ
မုတ်သုံမိုးပြေး
လေနုအေးထဲမှာ
မင်းပေးခဲ့တဲ့ စည်းလုံးခြင်းဂီတနဲ့အတူ
အမျိုးသားရေးတေးတွေ …
တတိုင်းပြည်လုံး ပျံ့လွင့် …..
မင်း နားစွင့်ကြည့်လှည့်ပါ ။

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် … … ။

(ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ)

မိုးစက်နီ
ဧပြီ ၂၀၊ ၂၀၁၃ ခုနှစ်။ (copy from Marn Htan Myo)..

Wednesday, May 8, 2013

ရခိုင်အောင်လံတော်လင်္ကာ


 ==============
ကြားပိမ့်ဗိုလ်လူ၊ အံ့ချိမ့်မူလော့
သောင်းယူဇနာ၊ မြီမျက်နှာထက်
မြောက်မှာအာသံ၊ တောင်ရံသီဟိုဠ်
နောက်ကိုလှည့်လည်၊ မရွံပြည်နှင့်
ဥတည်ပိုင်ခြင်း၊ ပင်လယ်ဆင်းအောင်
စိုးမင်းတကာ၊ ဦးညွတ်ရာသည်
သာယာရွက်ဆောင်၊ ရန်တိုင်းအောင်သည်
ဘုန်းခေါင်ဓမ္မရာဇာ၊ ဥက္ကာမုခ်ချိုး
သမုတ်ရိုးလျှင်၊ စံစိုးသောခါ
ရက္ခာပူရ၊ ဓညမြို့ကြီး
တိုင်းလုံးထီးကို၊ ပြီးစီးခန့်ရည်
ရွှီနန်းတည်၍၊ အောင်စည်ညံညံ
ဘိသိက်ခံကာ၊ ကျော်သံသတင်း
သောင်းလုံးချင်းမျ၊ မြင်းလည်းသိန္ဓဝ
နာဂဆဒ္ဒါန်၊ ရန်မာန်ပါယ်လှယ့်
ခြင်္သေ့ကေသရီ
အောင်နီအောင်ဖြူ၊ ပဉ္စရူကို
ကြည်ဖြူနှစ်သက်၊ နတ်ရို့ဆက်က
ဘုန်းကျက်သရေ၊ မိုးနှယ်စွယ်၏
ရွှီငွေရတနာ၊ ပဒေသာသီး
ပြီးစီးစီတတ်၊ နတ်သမတ
စောင့်သီလနှင့်၊ ဣန္ဒ၀ဇီရာ
အလင်္ကာရ၊ အစဖြန့်ချီ
သီရိဓဇ၊ ချိုမြသာယာ
နောက်ပိုက်မှာလည်း၊ မဟာသုဓမ္မ
ရာဇဂုရု၊ ရုံးကာစု၍
မျက်ရှုခတ်နှိပ်၊ ရွှီတံဆိပ်ကို
စိပ်စိပ်ကြည်နူး၊ ရွှီနန်းဦး၌
ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက
နတ်လူတကာ၊ ကောင်းချိမ့်ညာလျှက်
သာယာမြတ်နိုး၊ မိတ္တာဖြိုး၍
ရီမိုဃ်းမှန်စွာ၊ မြီသြဇာလည်း
ရသာပြည့်နှက်၊ အောင်ဆုဆက်၍
ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်
ရိုက်သျှောင်းပဲ့တင်ခြိမ့်ခြိမ့်တည်း။ ။

စိန်တင်မြို့စားအမတ်ပညာဟိ (သီရိမာလ္လာ မိပန်းရံ) ရွီးဖွဲ့သည်။

Monday, April 29, 2013

ရဲမင်းဦး(သို့မဟုတ်) ရခိုင်ပြည်ကငုယင်ဗန်ထွိုင်း


ရဲမင်းဦး(သို့မဟုတ်)
ရခိုင်ပြည်ကငုယင်ဗန်ထွိုင်း


လူပုံကနွဲ့နွဲ့ကလေး
အဲ့ဒီ နွဲ့နွဲ့ကလေးထဲမှာ
ရဲရင့်မှုတွေအပြည့်ထည့်သိပ်ထားတယ်
သူ့ယုံကြည်ချက်အတွက်
သူချစ်တဲ့တိုင်းပြည်အတွက်
သူမြတ်နိုးတဲ့သာသနာတော်
အတွက်
ညကြီးမှောင်မှောင်
လူယောင်ဆောင်ပြီး
လာခေါ်ကြသူတွေရဲ့ နောက်ကို
သိသိကြီး နဲ့
ကောက်ကောက်ပါအောင်
လိုက်သွားတယ်
မများလွန်းဘူးလားညီလေးရယ်
မင်းသိပ်ပင်ပန်းနေပြီကွယ်
နိုင်ငံရေးသမားဆိုတာ
ပင်ပန်းဆင်းရဲခံရတယ်....တဲ့
မင်းပြောခဲ့တဲ့စကား
ခုတော့
တာဝန်ပါယူပြသွားတာလား
ရုံးထုတ်လာစဉ်ခဏလေးတောင်မှ
ကိုယ့်ဘဝအတွက်မတွေးအားဘဲ
အပြင်ကရဲဘော်တွေ 
သတိထားနေကြဖို့
သတင်းစကားတွေပါးခဲ့သေးတယ်
နော်
ပိတောက်တွေပွင့်တော့မယ်
ညီလေး  ရေ
သံတိုင်တွေကြားက
တရားမျှတမှုရဲ့  ပုံရိပ်
ရိုးသားဖြူစင်ခြင်းရဲ့   နိမိတ်ပုံ
ရဲရင့်မှုရဲ့  ပြယုဂ်
ရခိုင်ပြည်ကငုယင်ဗန်ထွိုင်း
အရွယ်နှင့်မလိုက်အောင်
ထူထောင်နိုင်ခဲ့သော
သင့်သမိုင်းအား
ရင်လှိုင်းဖိုကြွ ရသအလင်္ကာ
ဤကဗျာဖြင့် 
သည်းလွှာဦးခိုက် ပူဇော်လိုက်သည်
မှောင်မိုက်တွင်းက
လွတ်စေသတည်း။       ။



အမျိုးသားရေးသစ္စာဖြင့်

တက္ကသိုလ်မင်းခန့်

(ရခိုင်တိုင်းရင်းသားကဗျာဆရာ)

ရဲမင်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု
ကဗျာ



လူပုံကနွဲ့နွဲ့ကလေး
အဲ့ဒီ နွဲ့နွဲ့ကလေးထဲမှာ
ရဲရင့်မှုတွေအပြည့်ထည့်သိပ်ထားတယ
သူ့ယုံကြည်ချက်အတွက်
သူချစ်တဲ့တိုင်းပြည်အတွက်
သူမြတ်နိုးတဲ့သာသနာတော်
အတွက်
ညကြီးမှောင်မှောင်
လူယောင်ဆောင်ပြီး
လာခေါ်ကြသူတွေရဲ့ နောက်ကို
သိသိကြီး နဲ့
ကောက်ကောက်ပါအောင်
လိုက်သွားတယ်
မများလွန်းဘူးလားညီလေးရယ်
မင်းသိပ်ပင်ပန်းနေပြီကွယ်
နိုင်ငံရေးသမားဆိုတာ
ပင်ပန်းဆင်းရဲခံရတယ်....တဲ့
မင်းပြောခဲ့တဲ့စကား
ခုတော့
တာဝန်ပါယူပြသွားတာလား
ရုံးထုတ်လာစဉ်ခဏလေးတောင်မှ
ကိုယ့်ဘဝအတွက်မတွေးအားဘဲ
အပြင်ကရဲဘော်တွေ
သတိထားနေကြဖို့
သတင်းစကားတွေပါးခဲ့သေးတယ်
နော်
ပိတောက်တွေပွင့်တော့မယ်
ညီလေး ရေ
သံတိုင်တွေကြားက
တရားမျှတမှုရဲ့ ပုံရိပ်
ရိုးသားဖြူစင်ခြင်းရဲ့ နိမိတ်ပုံ
ရဲရင့်မှုရဲ့ ပြယုဂ်
ရခိုင်ပြည်ကငုယင်ဗန်ထွိုင်း
အရွယ်နှင့်မလိုက်အောင်
ထူထောင်နိုင်ခဲ့သော
သင့်သမိုင်းအား
ရင်လှိုင်းဖိုကြွ ရသအလင်္ကာ
ဤကဗျာဖြင့်
သည်းလွှာဦးခိုက် ပူဇော်လိုက်သည်
မှောင်မိုက်တွင်းက
လွတ်စေသတည်း။ ။



အမျိုးသားရေးသစ္စာဖြင့်

တက္ကသိုလ်မင်းခန့်

(ရခိုင်တိုင်းရင်းသားကဗျာဆရာ)

ရဲမင်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု
ကဗျာ     FACEBOOK

Saturday, April 20, 2013

အနောက်တောင်ရိုးမှ သောကမျက်ရည်


၂၀၁၂ မေလ ၂၈ ရက်နေ့မှာ ကြွေလွင့်သွားခဲ့ရတဲ့ ညီမငယ်လေး သီတာထွေး တစ်နှစ်ပြည့်
အတွက် ဒီကဗျာလေးကို ကိုမိုးစက်နီကရေးပေးထားတာပါ .. ပထမတော့ အခုလာမယ့်
မေလ ၂၈ ရက်နေ့ ညီမငယ်လေးသီတာထွေးရဲ့တစ်နှစ်ပြည့်နေ့မှ တင်ပေးမလို့ပါပဲ .. ဒါပေ
မယ့် အားလုံးပဲညီမငယ်ရဲ့တစ်နှစ်ပြည့်နေ့ကို ကြိုတင်သတိရ ပြင်ဆင်နိုင်အောင် တင်ပေး
လိုက်တာပါ ..
*********************************************

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် ။

ညီမလေးရေ
မင်းရေတိမ်နစ်ရတဲ့သတင်း
တို့ရင်ကို ပြင်းပြင်းဝင်ဆောင့်
အသည်းထဲ … အသွေးထဲမှာ
နင့်နေအောင်ကို အောင့်တယ် ။

ကယ်ပါ …. ကူပါ
တစာစာအော်ခဲ့ရတဲ့မင်းဟာ
မိစ္ဆာဘီလူး … ကာမရူးတွေကို
နောက်ဆုံးသောထွက်သက်အထိ
အရှုံးမပေး … ဒူးမထောက်
တို့လူမျိုးရဲ့ အရှက်ကို
မင်းသစ္စာဖောက်မသွားဘူးဆိုတာ
မင်းလက်ထဲမှာ ဆွဲဆုပ်ထားတဲ့
မြက်ပင်အကျိုးအကြေတွေက သက်သေပြနေတယ် ။

ညီမလေးရေ ….
မင်းအရှက် … မင်းအသက်နဲ့
ငါတို့ရဲ့အနာဂတ်တွေကို
ဓားမြိမြိတစ်လက်နဲ့
ထိထိမိမိအထောက်ခံထားရပြီဆိုတာ
သက်သေပြသွားခဲ့တယ် ။

ညီမလေးရေ
ဘာသာစကားတွေ ဘယ်လိုပဲကွဲကွဲ
ယဉ်ကျေးမှုတွေ ဘယ်လိုပဲကွာကွာ
အမိနိုင်ငံတော်ကြီးရဲ့အရိပ်အောက်မှာ
တို့ဟာ … ပြည်ထောင်စုရဲ့ မောင်နှမတွေပဲလေ
မင်းငိုလိုက်တဲ့ မျက်ရည်ဟာ
သံလွင် .. စစ်တောင်း
ချင်းတွင်း နဲ့ ဧရာဝတီမှာ
မျောပါစီးဆင်း ….
သွေးချင်းချင်းနဲ့
မျက်ရည်မြစ်လဲ ဖြစ်ခဲ့ပြီ ။

ညီမလေးရေ …
တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ
မုတ်သုံမိုးပြေး
လေနုအေးထဲမှာ
မင်းပေးခဲ့တဲ့ စည်းလုံးခြင်းဂီတနဲ့အတူ
အမျိုးသားရေးတေးတွေ …
တတိုင်းပြည်လုံး ပျံ့လွင့် …..
မင်း နားစွင့်ကြည့်လှည့်ပါ ။

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် … … ။

(ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ)

မိုးစက်နီ
ဧပြီ ၂၀၊ ၂၀၁၃ ခုနှစ်။ (copy from Marn Htan Myo)..
..


မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် ။

ညီမလေးရေ
မင်းရေတိမ်နစ်ရတဲ့သတင်း
တို့ရင်ကို ပြင်းပြင်းဝင်ဆောင့်
အသည်းထဲ … အသွေးထဲမှာ
နင့်နေအောင်ကို အောင့်တယ် ။

ကယ်ပါ …. ကူပါ
တစာစာအော်ခဲ့ရတဲ့မင်းဟာ
မိစ္ဆာဘီလူး … ကာမရူးတွေကို
နောက်ဆုံးသောထွက်သက်အထိ
အရှုံးမပေး … ဒူးမထောက်
တို့လူမျိုးရဲ့ အရှက်ကို
မင်းသစ္စာဖောက်မသွားဘူးဆိုတာ
မင်းလက်ထဲမှာ ဆွဲဆုပ်ထားတဲ့
မြက်ပင်အကျိုးအကြေတွေက သက်သေပြနေတယ် ။

ညီမလေးရေ ….
မင်းအရှက် … မင်းအသက်နဲ့
ငါတို့ရဲ့အနာဂတ်တွေကို
ဓားမြိမြိတစ်လက်နဲ့
ထိထိမိမိအထောက်ခံထားရပြီဆိုတာ
သက်သေပြသွားခဲ့တယ် ။

ညီမလေးရေ
ဘာသာစကားတွေ ဘယ်လိုပဲကွဲကွဲ
ယဉ်ကျေးမှုတွေ ဘယ်လိုပဲကွာကွာ
အမိနိုင်ငံတော်ကြီးရဲ့အရိပ်အောက်မှာ
တို့ဟာ … ပြည်ထောင်စုရဲ့ မောင်နှမတွေပဲလေ
မင်းငိုလိုက်တဲ့ မျက်ရည်ဟာ
သံလွင် .. စစ်တောင်း
ချင်းတွင်း နဲ့ ဧရာဝတီမှာ
မျောပါစီးဆင်း ….
သွေးချင်းချင်းနဲ့
မျက်ရည်မြစ်လဲ ဖြစ်ခဲ့ပြီ ။

ညီမလေးရေ …
တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ
မုတ်သုံမိုးပြေး
လေနုအေးထဲမှာ
မင်းပေးခဲ့တဲ့ စည်းလုံးခြင်းဂီတနဲ့အတူ
အမျိုးသားရေးတေးတွေ …
တတိုင်းပြည်လုံး ပျံ့လွင့် …..
မင်း နားစွင့်ကြည့်လှည့်ပါ ။

မေ … ၂၈
အနောက်တောင်ရိုးမှာ
သောကမျက်ရည်မိုးတွေ
အညှိုးတကြီးရွာနေခဲ့တယ် … … ။

(ညီမလေး … သီတာထွေးတစ်နှစ်ပြည့် အမှတ်တရ)

မိုးစက်နီ
ဧပြီ ၂၀၊ ၂၀၁၃ ခုနှစ်


၂၀၁၂ မေလ ၂၈ ရက်နေ့မှာ ကြွေလွင့်သွားခဲ့ရတဲ့ ညီမငယ်လေး သီတာထွေး တစ်နှစ်ပြည့်
အတွက် ဒီကဗျာလေးကို ကိုမိုးစက်နီကရေးပေးထားတာပါ .. ပထမတော့ အခုလာမယ့်
မေလ ၂၈ ရက်နေ့ ညီမငယ်လေးသီတာထွေးရဲ့တစ်နှစ်ပြည့်နေ့မှ တင်ပေးမလို့ပါပဲ .. ဒါပေ
မယ့် အားလုံးပဲညီမငယ်ရဲ့တစ်နှစ်ပြည့်နေ့ကို ကြိုတင်သတိရ ပြင်ဆင်နိုင်အောင် တင်ပေး
လိုက်တာပါ             facebook

Thursday, April 4, 2013

အမေ

Posted on 8:19 PM by tun tun
        
အော်------အမေ                                            
  အသိမကြွယ်   သားငယ်ငယ်က                                    
   နို့ချိုတိုက်ကျွေး   တေးဆိုပေးကာ                                       
  အေးမြနွေးထွေး    အမေ့ရင်ထဲမှာ                                             
   အမေသားလှ   အိပ်ပျော်ခဲ့တယ် အမေ။                               
  သားလေးနှစ်ကျော်   အမေပျော်လို့                                                    
  မုန့်ဖို့သားတောင်း   ကျောင်းကိုပြောင်းကာ                             
    ပညာဖြန့်ဝေ   ဆရာတွေနဲ့                                           
 ဂရုဏာရှင်   သားမိခင်မှာ                                           
  ရှေ့ကိုမျော်တွေး   နောင်အရေးကို                                        
   အားသန်ခွန်စိုက်   တွန်းအားပေးတဲ့ အမေ။                                
  သားဆယ်ကျော်သက်   ပေါင်းသင်းတွေနဲ့                                   
    အထက်တန်းပညာ   ကြိုးပန်းကာဝယ်                               
 အောင်စရင်းထွက်   နေ့တရက်က                                        
   သားအမည်ပါ   အမေ့နားမှာ                                             
 တဆင့်စကား   အမေကြားတော့                                             
 သားကိုပြေးဖက်   ပျော်ခဲ့တဲ့ အမေ။                                       
  ဇွန်လတဆယ်   အမေ့သားငယ်မှာ                                         
  စီးပွားဉစ္စာ   စုစည်းကာဝယ်                                         
  အမေကျေးဇူး   သားဆပ်ဖူးဖို့                                       
    နိုင်ငံပြည်ပ    ထွက်ခွင့်ရအောင်                                       
  ကန်တော့သုံးခါ   ဉီးချကာဖြင့်                                     
  ခွင့်တောင်းခံယူ   သားအပူကို                                                
 အမေခွင့်ပြု   မျက်ရည်ဉနဲ့                                        
   အငိုမစဲ   ကျန်ခဲ့တဲ့ အမေ။                                             
   အမေ့သားငယ်   ဝေးရပ်မြေကို                                           
   ရောက်ရဇွန်လ   နှစ်ဆယ်ရက်မှ                                               
  လုံ့လကြိုးပမ်း   အောင်ပန်းမှန်းကာ                                     
  ပီတိအရင်းခံ   သားမောင်ကြံရင်း                                     
  အချိန်ကွယ်ပြောင်း   နှစ်တွေဟောင်းတော့                                     
  အလွမ်းမပြေ   အမေ့သားငယ်မှာ                                
   ကျေးဇူးအရှင်   မွေးမိခင်အား                                       
   ကျန်းမာပါစ   ချမ်းသာစွဟု                                         
   လူကြုံသတင်း   နားသက်ခံရင်း                                       
  သားချစ်အမေ   အနိစ္စကွယ်ပြီ                                            
  အမေချစ်သား   ငွဲပွဲပါ အမေ။                                    
 ဆုံးမချိုချို   အမေ့အပေါ်                                         
  သားမောင်ဆိုးခ   မှားသမျကို                                                  
   ခွင့်လွတ်တမလွန်   သားဆုပန်ကာ                                     
    ကုသိုလ်ကောင်းမူ   အစုစုနဲ့                                           
 ရေစက်မမျှဝေ   သာဓုခေါ်စေ                                         
 
 အမေ
 ကောင်းရာသုကဓိ ရောက်ပါစေ။                                                              

                        

  ဆရိန်ရ နဒီ ကျော်မင်းခိုင်

Monday, February 25, 2013

သွေးကျိန်စာ

Saw Mon Aung and 2 other friends shared Moe Sat Ni's photo.
သွေးကျိန်စာ 
**********


ရခိုင်တွေ ငိုနေတယ် ..... 

သူတို့မျက်ရည်တွေကို 

သေသေချာချာမြင်အောင်ကြည့် ... ...

သွားလေသူ ... သမီးပျိုအတွက် 

အိမ်ဦးနတ်အတွက် လွမ်းဆွတ်တသခြင်းတွေ ... ...

လူကိုခွေးသတ်လေခြင်းလို့ 

ယူကြုံးမရနာကျည်းခြင်းတွေ 

သူတို့ရဲ့ မျက်ရည်ထဲမှာ

ဗြောင်းဆန်လှိုင်းထပြီး 

အိပ်မက်ဆိုးတွေဟာ အလိပ်လိပ်ထနေတယ် ... ... ။

ငါ့သွေးချင်းတွေ ငိုနေတယ် ..... 

သူတို့ အိမ်ထောင်ဦးအမှတ်တရတွေ ... ...

သူတို့ရဲ့ ဘိုးဘေးတွေရဲ့ အမွေတွေ ... 

မီးတိုက်ပြာချခံလိုက်ရတယ် ... ... ။

လူသနားအောင် ငိုပြနေတာမဟုတ်ဘူး .....

ဓာတ်ပုံအရိုက်ခံဖို့ ငိုပြနေတာ မဟုတ်ဘူး ... ... 

နာကျင်ရပါများလွန်းလို့ 

သူတို့ရဲ့နှလုံးသွေးတွေ 

မျက်လုံးကနေ စီးကျနေတာ ... ... ။

အဲဒီမျက်ရည်တွေဟာ 

ငါတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို 

လှုပ်နိုးလိုက်တဲ့ ခေါင်းလောင်းသံ ... ...

အဲဒီမျက်ရည်တွေဟာ 

ငါတို့ရဲ့ မျိုးချစ်စိတ်တွေကို 

မောင်းနှင်လိုက်တဲ့ စက်သွားတွေ ... ...

ငါ့သွေးချင်းတွေရဲ့ 

မြေခခဲ့ရတဲ့သွေးတွေဟာ 

မင်းတို့ရဲ့ ကျူးကျော်မှုတွေ ..... 

မင်းတို့မျှော်လင့်ခြင်းတွေကို

လက်စားခြေ ချေမွပစ်မယ့် 

သွေးနဲ့ရေးတဲ့ကျိန်စာတွေဖြစ်စေရမယ် ... ... ။


မိုးစက်နီ

**********


ရခိုင်တွေ ငိုနေတယ် .....

သူတို့မျက်ရည်တွေကို

သေသေချာချာမြင်အောင်ကြည့် ... ...

သွားလေသူ ... သမီးပျိုအတွက်

အိမ်ဦးနတ်အတွက် လွမ်းဆွတ်တသခြင်းတွေ ... ...

လူကိုခွေးသတ်လေခြင်းလို့

ယူကြုံးမရနာကျည်းခြင်းတွေ

သူတို့ရဲ့ မျက်ရည်ထဲမှာ

ဗြောင်းဆန်လှိုင်းထပြီး

အိပ်မက်ဆိုးတွေဟာ အလိပ်လိပ်ထနေတယ် ... ... ။

ငါ့သွေးချင်းတွေ ငိုနေတယ် .....

သူတို့ အိမ်ထောင်ဦးအမှတ်တရတွေ ... ...

သူတို့ရဲ့ ဘိုးဘေးတွေရဲ့ အမွေတွေ ...

မီးတိုက်ပြာချခံလိုက်ရတယ် ... ... ။

လူသနားအောင် ငိုပြနေတာမဟုတ်ဘူး .....

ဓာတ်ပုံအရိုက်ခံဖို့ ငိုပြနေတာ မဟုတ်ဘူး ... ...

နာကျင်ရပါများလွန်းလို့

သူတို့ရဲ့နှလုံးသွေးတွေ

မျက်လုံးကနေ စီးကျနေတာ ... ... ။

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို

လှုပ်နိုးလိုက်တဲ့ ခေါင်းလောင်းသံ ... ...

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ မျိုးချစ်စိတ်တွေကို

မောင်းနှင်လိုက်တဲ့ စက်သွားတွေ ... ...

ငါ့သွေးချင်းတွေရဲ့

မြေခခဲ့ရတဲ့သွေးတွေဟာ

မင်းတို့ရဲ့ ကျူးကျော်မှုတွေ .....

မင်းတို့မျှော်လင့်ခြင်းတွေကို

လက်စားခြေ ချေမွပစ်မယ့်

သွေးနဲ့ရေးတဲ့ကျိန်စာတွေဖြစ်စေရမယ် ... ... ။


မိုးစက်နီ                 FACEBOOK

Sunday, February 17, 2013

ရခိုင်ပြည် ရှေးခေတ် အောင်လံတော်

Htay Naing shared Tun Naing's photo.
ရခိုင်ပြည် ရှေးခေတ် အောင်လံတော်
ရခိုင်ပြည် ရှေးခေတ် အောင်လံတော်
ကားပိမ့်ဗိုလ်လူ အံ့ချီးမူသော၊ သောင်းယူဇနာ မြေမျက်နှာထက်၊ မြောက်မှာ အာသံ တောင်ယံသီဟိုဠ်၊ နောက်ကို လှည့်လည် မရွံ့ ပြည်နှင့် ၊ ဦးတည်ပိုင်းခြင်း ပင်လယ်ဆင်းအောင်၊ စိုးမင်းတကာ ညီညွတ်ရာသည်၊ သာယာရွက်ဆောင် ရန်တိုင်းအောင်သည်၊ ဘုန်းခိုးဓမ္မရာဇာ ဥက္ကဟုခ်မျိုး၊ သမုတ်ရိုးလျင်၊ စိုးစံသောအခါ၊ ရက္ခပူရ ဓညမြို့ ကြီး တိုင်းလုံးထီးကို၊ ပြီးစီးခန့် ရှည်၊ ရွှေနန်းတည်၍ အောင်စည်ညံညံ၊ ဘိသိတ်စံက ၊ ကျော်ဘိသတင်း သောင်းလုံးချင်းမျှ၊ မြင်းလည်းသိန္ဒ၀ န၀ဆဒ္ဒန်၊ ရန်မာန်ပယ်လှဲ့  ခြင်္သေ့ကေသရီ၊ အောင်နီအောင်ဖြူ ပဉ္စရူကို၊ ကြည်ဖြူနှစ်သက် နတ်တို့ ဆက်က၊ ဘုန်းကြက်သရေ မိုးနှယ်စွယ်၏၊ ရွှေငွေရတနာ ပဒေသာသီး၊ ပြီးစီးစေတက် နတ်သမတ၊ စောင့်သီလနှင့်ဣန္ဒ၀ဇီရာ၊ အလင်္ကာရ အစဖြန့် ချီ၊ သီရိဓဇ ချိုမြသာယာ၊ နောက်ပိတ်မှာလည်း၊ မဟာသုဓမ္မ၊ ရာဇာဂုရု၊ ရုံးကာစု၍၊ မျက်ရှုခတ်နှိပ်၊ ရွှေတံဆိပ်ကို၊ စိတ်စိတ်ကြည်နူး၊ ရွှေနန်းဦး၌၊ ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက၊ နတ်လူတကာ ကောင်းချီးငြာလျက်၊ သာယာမြတ်နိုး၊ မေတ္တာဖြိုး၍၊ နေမျိုးမှန်စွာ မြေသြဇာလည်း၊ ရာသာပြည့်နက် အောင်ဆုခတ်၍၊ ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်၊ ရိုက်သျှောင်းပဲ့တင်ငြိမ့်ငြိမ့်တည်း။

ရခိုင်ပြည် ရှေးခေတ် အောင်လံတော်ပုံ
ခင်မင်လေးစားစွာဖြင့်
ရခိုင့်အမျိုးသားရေး နိုင်နိုင်

ရခိုင်ပြည် ရှေးခေတ် အောင်လံတော်
ကားပိမ့်ဗိုလ်လူ အံ့ချီးမူသော၊ သောင်းယူဇနာ မြေမျက်နှာထက်၊ မြောက်မှာ အာသံ တောင်ယံသီဟိုဠ်၊ နောက်ကို လှည့်လည် မရွံ့ ပြည်နှင့် ၊ ဦးတည်ပိုင်းခြင်း ပင်လယ်ဆင်းအောင်၊ စိုးမင်းတကာ ညီညွတ်ရာသည်၊ သာယာရွက်ဆောင် ရန်တိုင်းအောင်သည်၊ ဘုန်းခိုးဓမ္မရာဇာ ဥက္ကဟုခ်မျိုး၊ သမုတ်ရိုးလျင်၊ စိုးစံသောအခါ၊ ရက္ခပူရ ဓညမြို့ ကြီး တိုင်းလုံးထီးကို၊ ပြီးစီးခန့် ရှည်၊ ရွှေနန်းတည်၍ အောင်စည်ညံညံ၊ ဘိသိတ်စံက ၊ ကျော်ဘိသတင်း သောင်းလုံးချင်းမျှ၊ မြင်းလည်းသိန္ဒ၀ န၀ဆဒ္ဒန်၊ ရန်မာန်ပယ်လှဲ့  ခြင်္သေ့ကေသရီ၊ အောင်နီအောင်ဖြူ ပဉ္စရူကို၊ ကြည်ဖြူနှစ်သက် နတ်တို့ ဆက်က၊ ဘုန်းကြက်သရေ မိုးနှယ်စွယ်၏၊ ရွှေငွေရတနာ ပဒေသာသီး၊ ပြီးစီးစေတက် နတ်သမတ၊ စောင့်သီလနှင့်ဣန္ဒ၀ဇီရာ၊ အလင်္ကာရ အစဖြန့် ချီ၊ သီရိဓဇ ချိုမြသာယာ၊ နောက်ပိတ်မှာလည်း၊ မဟာသုဓမ္မ၊ ရာဇာဂုရု၊ ရုံးကာစု၍၊ မျက်ရှုခတ်နှိပ်၊ ရွှေတံဆိပ်ကို၊ စိတ်စိတ်ကြည်နူး၊ ရွှေနန်းဦး၌၊ ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက၊ နတ်လူတကာ ကောင်းချီးငြာလျက်၊ သာယာမြတ်နိုး၊ မေတ္တာဖြိုး၍၊ နေမျိုးမှန်စွာ မြေသြဇာလည်း၊ ရာသာပြည့်နက် အောင်ဆုခတ်၍၊ ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်၊ ရိုက်သျှောင်းပဲ့တင်ငြိမ့်ငြိမ့်တည်း။

ရခိုင်ပြည် ရှေးခေတ် အောင်လံတော်ပုံ
ခင်မင်လေးစားစွာဖြင့်
ရခိုင့်အမျိုးသားရေး နိုင်နိုင်                       FACEBOOK

Thursday, January 24, 2013

အမေ

        
အော်------အမေ                                             
  အသိမကြွယ်   သားငယ်ငယ်က                                     
   နို့ချိုတိုက်ကျွေး   တေးဆိုပေးကာ                                        
  အေးမြနွေးထွေး    အမေ့ရင်ထဲမှာ                                              
   အမေသားလှ   အိပ်ပျော်ခဲ့တယ် အမေ။                                
  သားလေးနှစ်ကျော်   အမေပျော်လို့                                                     
  မုန့်ဖို့သားတောင်း   ကျောင်းကိုပြောင်းကာ                              
    ပညာဖြန့်ဝေ   ဆရာတွေနဲ့                                            
 ဂရုဏာရှင်   သားမိခင်မှာ                                            
  ရှေ့ကိုမျော်တွေး   နောင်အရေးကို                                         
   အားသန်ခွန်စိုက်   တွန်းအားပေးတဲ့ အမေ။                                 
  သားဆယ်ကျော်သက်   ပေါင်းသင်းတွေနဲ့                                    
    အထက်တန်းပညာ   ကြိုးပန်းကာဝယ်                                
 အောင်စရင်းထွက်   နေ့တရက်က                                         
   သားအမည်ပါ   အမေ့နားမှာ                                              
 တဆင့်စကား   အမေကြားတော့                                              
 သားကိုပြေးဖက်   ပျော်ခဲ့တဲ့ အမေ။                                        
  ဇွန်လတဆယ်   အမေ့သားငယ်မှာ                                          
  စီးပွားဉစ္စာ   စုစည်းကာဝယ်                                          
  အမေကျေးဇူး   သားဆပ်ဖူးဖို့                                        
    နိုင်ငံပြည်ပ    ထွက်ခွင့်ရအောင်                                        
  ကန်တော့သုံးခါ   ဉီးချကာဖြင့်                                      
  ခွင့်တောင်းခံယူ   သားအပူကို                                                 
 အမေခွင့်ပြု   မျက်ရည်ဉနဲ့                                         
   အငိုမစဲ   ကျန်ခဲ့တဲ့ အမေ။                                              
   အမေ့သားငယ်   ဝေးရပ်မြေကို                                            
   ရောက်ရဇွန်လ   နှစ်ဆယ်ရက်မှ                                                
  လုံ့လကြိုးပမ်း   အောင်ပန်းမှန်းကာ                                      
  ပီတိအရင်းခံ   သားမောင်ကြံရင်း                                      
  အချိန်ကွယ်ပြောင်း   နှစ်တွေဟောင်းတော့                                      
  အလွမ်းမပြေ   အမေ့သားငယ်မှာ                                 
   ကျေးဇူးအရှင်   မွေးမိခင်အား                                        
   ကျန်းမာပါစ   ချမ်းသာစွဟု                                          
   လူကြုံသတင်း   နားသက်ခံရင်း                                        
  သားချစ်အမေ   အနိစ္စကွယ်ပြီ                                             
  အမေချစ်သား   ငွဲပွဲပါ အမေ။                                     
 ဆုံးမချိုချို   အမေ့အပေါ်                                          
  သားမောင်ဆိုးခ   မှားသမျကို                                                   
   ခွင့်လွတ်တမလွန်   သားဆုပန်ကာ                                      
    ကုသိုလ်ကောင်းမူ   အစုစုနဲ့                                            
 ရေစက်မမျှဝေ   သာဓုခေါ်စေ                                          
  
 အမေ
 ကောင်းရာသုကဓိ ရောက်ပါစေ။                                                              

                         

  ဆရိန်ရ နဒီ ကျော်မင်းခိုင်                                                                                                                                                                                                      

Saturday, January 19, 2013

နန်းရာက ချောင်းဖြစ်လို့

အော်----- ဟေမာန်ဆောင်းကုန်လို့ နွေအကူး ညာဉ့်တညာဉ့်မှာ ငုတ်တုတ်ထိုင်ဗျလ် မှိုင်ကာငေးမိရေ နှင်းမဟိန့်လို့ မဖူးပွင့်နိုင်ရေ သဇင်ပန်းခိုင် တမြိုင်မြိုင်ကို ငါတမ်းတဗျာလ် ရင်နာမိ၊ လျှက်တပြက်ပြန်ကြည့်ဖြစ်တေ ငါ့နောက်မှာ နန်းရာကချောင်းဖြစ်လို့။ ဆရိန်ရ နဒီ ကျော်မင်းခိုင်

Tuesday, January 15, 2013

ဒီဇင်ဘာ ၃၁ ရက်သို

Filed under ကဗျာ
ဝေဒနာ အရင့်စားတစ်ခု
ရင်ဘတ်ထက်မှာ နာကြင်ယင်း
တံဆိပ်ကပ်ခံလိုက်ရစွာ ငါရို့
ချောက်ကမ်းပါးကို တိုးချခံလိုက်ရစွာ ငါရို့
အမှောင်ထဲကို တွန်းပို့ခံလိုက်ရစွာ ငါရို့
ရခိုင့်မြီမှာ ရခိုင်သွီးတိ အကြိမ်ကြိမ် မြေခ
အသက်တိအလီလီ ပီးဆပ်နိန်ရ
တော်ဝင်ရေငါရို့ မဟာမဆန်ခ
ထီးသုံးနန်းဟန်ကို ချိုးဖျက်ခံလိုက်ရရေ ဘဝ
ဒီဇင်ဘာ ၃၁
တမျိုးသားလုံး ကျွန်ဖြစ်ခရေရက်
               ၂၀၁၂၂၀၁၂  နှင်းချိုလှိုင် (မြောက်ဦး)  ARAKAN REVIEW

Monday, December 31, 2012

မနောဒဏ်ရာ




မနောဒဏ်ရာ
မောင်လွမ်းဏီ

ချိုးငှက်အစား၊ လင်းတနား
ရွှေဟင်္သာလား၊ လင်းယုန်လား၊

ဝေဟင်ပျံသွား၊ ချိုးငှက်လား
လေယာဉ်ပျံလား၊ စစ်မက်ဖျား၊

ဂျိမ်းဖောမိခင်၊ ခါးထစ်ခွင်ထား
စစ်မြေပြင်က လူမမယ်များ။

နေနိုင်သူလား၊ ရန်သူလား
မိတ်ဆွေပဲလား၊ ချစ်သူလား။

အာဏာရှင်မွှေးတဲ့ ပြည်တွင်းစစ်
ခရိုနီမွေးတဲ့ အိမ်ကြက်စစ်
အနှစ် ၆၀ ကျော်ပြီလား
အနှစ်တရာ တိုင်မှာလား။

ဘာနှစ်သစ်လဲ၊ ၂၀၁၃
ငါမုန်းတဲ့စစ်၊ ငါပစ်ပယ်ရင်
ပင်လုံအိပ်မက်
ရေပွက်ပမာ ခဏတာ။ ။

မောင်လွမ်းဏီ
၃၁-၁၂-၂၀၁၂

Monday, December 24, 2012

"သီတာထွေး” သို့ သွေးမော်ကွန်းနှင့် သွေးသစ္စာ

Features

မသီတာထွေး မသေဆုံးမီပုံနှင့် ဘင်္ဂါလီ ၃ ယောက်က ပစ္စည်းယူ မုဒိမ်းကျင့်အသတ်ခံထားရသည့်ပုံ
မသီတာထွေး မသေဆုံးမီပုံနှင့် ဘင်္ဂါလီ ၃ ယောက်က ပစ္စည်းယူ မုဒိမ်းကျင့်အသတ်ခံထားရသည့်ပုံ
(၁)
သြော်-------- မသတီစရာ အရေးကြောင့်
မဟီကမ္ဘာဆွေးပြီး  မှီစရာ
ဝေးခဲ့ရရှာတဲ့  “သီတာထွေး” ရေ ------
ဤကဗျာတေး၊  စီကာရေးရင်း
သွေးဖြင့်ဂုဏ်ပြုအပ်ပါသည်၊  သွေးဖြင့်မော်ကွန်းတင်ပါသည်၊
သွေးဖြင့် သစ္စာဆိုပါသည်။

(၂)  ၂၀၁၂၊၂၈- မေ  ထိုညနေ၌
မိုးမြေပြိုလဲ၊ သွေးရဲရဲနှင့်
ကြေကွဲပုံပြင်၊ နိဒါန်းဆင်ခဲ့
တော်ဝင်မြတ်စွ၊ သမိုင်းလှစွာ
ရိုးမရင်ခွင်၊ ဖွားသန့်စင်သည့်
သဇင်တစ်ခက်၊ မိစ္ဆာလက်မှာ
ကြွေပျက်နွမ်းခြောက်၊ အသက်ပျောက်၍
တောက်ခေါက်သံတုတ်၊ လက်သီးဆုတ်ကာ
တုန်လှုပ်ချောက်ချား၊ ကြင်နာပွားလျက်
ကြားရသူဘို့၊ မျက်ရည်စို့ ---
ကြားရသူတိုင်း၊ ရင်မှာလှိုင်း ---
ကြားရသူတွေ၊ ဒေါသပွေ ---
ကြားရသူထိတ်၊ အံခဲကြိတ်ပြီး
အတိတ်ကောက်ကြောင်း၊ သမိုင်းဟောင်းတို့
ပြန်ပြောင်းသက်ဝင်၊ နိုးထရှင်ခဲ့
ဇာတ်စင်အလုံး၊ လှုပ်ရှားရုန်းဖို့
ပြည်ဖုံးကားကို၊ ဖွင့်လိုက်ပြီ။

(၃)  ရခိုင်သူလေး၊ “သီတာထွေး”ကြောင့်
ဟစ်ကြွေးဖော်ညွှန်း၊ ကမ္ဘာတစ်ဝန်းမှာ
ရမ်းဗြဲကျောက်နီမော်၊ ဟိုးဟိုးကျော်ခဲ့
ထုတ်ဖော်ဖွင့်ဟ၊ ပြောဆိုရပြီး
ကမ္ဘာ့သတင်း၊ ဖြစ်ရပ်တွင်းမှာ
ချက်ချင်းထိပ်ရောက်၊ နာမည်ပေါက်ကာ
ကြောက်ခမန်းလိလိ၊ ဆန်းကြယ်ဘိသော
မင်း၏ဖြစ်ရပ်၊ အထပ်ထပ်သည်
မှတ်တိုင်မော်ကွန်းဝင်ခဲ့ပြီ။

(၄)  “မသီတာထွေး” မင်းစတေးသည့်
သွေးနီတစ်စက်၊ ပန်းတစ်ခက်နှင့်
အသက်ခန္ဓာ၊ ဘ၀တာသည်
ကြေညာထပ်လောင်း၊ သမိုင်းကြောင်းကို
မောင်းထုစည်တီး၊ ရိုက်ခတ်တီးကာ
မီးမောင်းပြထိုး၊ တပ်လန့်နှိုး၍
ရိုးသားကြိုးစား၊ အမျိုးသားတို့
နိုးကြားစည်းလုံးခဲ့ကြပြီ။

(၅)  ကိုးကွူယ်ရာသန့်၊ မျိုးနွယ်သန့်သည့်
သန့်စင်နီထွေး၊ ရခိုင်သွေးကို
ညစ်ထေးပက်စက်၊ နင်းချေဖျက်၍
မိုးအက်မြေပြို၊ လောကငိုပြီး
မီးလိုပူပြင်း၊ တုံ့ပြန်ခြင်းတို့
ချက်ချင်း၊ ပဲ့တင်ထပ်ခဲ့ပြီ။

(၆)  ဘာသာမတူ၊ မျိုးမတူသည့်
အယူကွဲပြား၊ ငရဲသားတို့
လွဲမှားယုတ်မာ၊ ရက်စက်စွာဖြင့်
မိစ္ဆာအယူ  မိစ္ဆာအကျင့်
မိစ္ဆာစရိုက်၊ ပြုမှုမှိုက်၍
ငုံ့ခံလည်စင်း ၊ဆင်းရဲတွင်းမှာ
သက်ဆင်းတုန်လှုပ်၊ စုံးစုံးမြုပ်ကာ
မျိုးပြုတ်ပျက်စီးကြရပြီ။

(၇)  သာသနာရေး၊ ဘာသာရေး
အမျိုးသားရေး၊ လူမှုရေး
နယ်မြေအရေး၊ ကာကွယ်ရေး
ပြည်ထောင်စုရေး၊ စည်းလုံးရေးကို
သွေးဖြင့်ရေးပြ “ထွေး” နှမငယ်
ဘ၀တူချင်း၊ နှမရင်းမို့
မင်းငိုသံများ၊ ငါတို့ကြား၏
မင်းမျက်ရည်ယို၊ ငါတို့စို၏
မင်းဒုက္ခဆူ၊ ငါတို့ပူ၏
ထပ်တူထပ်မျှ၊ အားလုံးဝအောင်
မျှဝေခံစား၊ ဖြစ်ပုံများကို
ကြားသိပါစ၊ မေးလိုလှ၏
ဘ၀ဖန်ခါ၊ သံသရာဝယ်
ကြမ္မာဂြိုလ်ဆိုး၊ ဤဖြစ်မျိုးနှင့်
မတိုးမကြုံ၊ အဆိုးဘုံမှာ
မဆုံစေလို၊ တောင်းဆုဆိုသည်
ပန်းလိုလန်းလှ၊ ပါစေသတည်း၊
စမ်းလို ချမ်းမြ ပါစေသတည်း။

(၈)  ပြည်သူပြည်သား၊ မျက်ရည်များဖြင့်
အားလုံးကြင်နာ၊ ကိုယ်ချင်းစာလျက်
ရင်မှာထွေးသိပ်၊ မေတ္တာစိတ်ကြောင့်
တိုးတိတ်ဖွဖွ၊ ဆုတောင်းကြသည့်
နှမငယ်လေး “သီးတာထွေး”
ဝေးလွင့်ကမ္ဘာ၊ ခြားခဲ့ပါလည်း
ရောက်ရာဌာန၊ ဘုံဘ၀မှာ
ဒုက္ခဘေးဆိုး၊ ကင်းပါစေ
ရောက်ရာဌာန၊ ဘုံဘ၀မှာ
ချမ်းမြသန့်စင်နိုင်ပါစေ၊
ရောက်ရာဌာန ဘုံဘ၀မှ  နှမ သာဓုခေါ်ပါလေ။

(၉)  ဘာသာအရေး၊ အသက်ပေး၍
လူမျိုးအရေး၊ အသက်ပေး၍
ဒေသအရေး၊ အသက်ပေး၍
နိုင်ငံအရေး၊ အသက်ပေး၍
လေးစားတသ၊ ဂုဏ်ပြုရသည့်
နှမငယ်လေး၊ “သီးတာထွေး”ရယ်
မင်းသွေးအသက်၊ ဤမြေထက်မှာ
ရက်ပေါင်းများစွာ ----
လပေါင်းများစွာ -----
နှစ်ပေါင်းများစွာ ------
ရာစုပေါင်းများစွာ၊ ရှည်မြင့်ကြာလည်း
ကမ္ဘာတည်သရွေ့ ဒို့မမေ့ပါ
နေ့စဉ်ရက်ဆက၊် ကမ္ဘာပျက်တိုင်
အသက်တည်ရာ၊ ကိုယ်ခန္ဓာ၌
ညင်သာလှည့်ပြေး၊ နီနီစွေးသည့်
သွေးရှိနေသမျှ၊ သတိရပြီ
တမ်းတဂုဏ်ပြု၊ လွမ်းရတုကို
ပေါင်းစုမျှော်တွေး၊ သွေးဖြင့်ရေး၍
သွေးဖြင့်ဂုဏ်ပြုအပ်ပါသည်၊
သွေးဖြင့် မော်ကွန်းတင်ပါသည်၊
သွေးဖြင့်သစ္စာဆိုပါသည်။   ..............

စစ်တွေညိုသန့် rakhapura



rakhapura

Wednesday, December 19, 2012

အမင်သား၏လွမ်းဆွတ်သံ

အို အမင်
သဇင်တိလည်း ၀ီဝီဆာလို့ ပွင့်နီရေ
အမင်မြီမှာ လီချေသွတ်သွတ် တိုက်နီယင့်
သဇင်ရိပ်အောက် အမင်ဇာလုပ်နီပါလဲ --။

အို အမင်
အမင်သားချေ လှပရေသဇင်တိနန့်
အီးမြရေ အမင်အရိပ်အောက်ကို
အမြဲတမ်း အတွက်ရနီပါရေ --။

အို အမင်
သားနန့်အမင်ရို့ ဘ၀တိစွာ
အသက်ရှင်လျှက် မျှော်လင့်ချက်မဲ့နီကတ်တေ
ယေဇူးနန့် အမင်၏သား အောင်မြင်မှုနန့် လာဖို့နိကို
အမင်အိုက သဇင်ရိပ်ခိုလို့
စောင့်ကြိုနိုင်ပါခန့်သိမ့်လား --။

အို အမင်
အခုပိုင် မလှပရေ ကံကြမ္မာ
ယုတ်မာရက်စက်တေ အဖိနှိပ်ခံဘ၀တိ
လွတ်မြောက်လာဖို့ နိကို
ကြိုးစားယင်းနန့် အခုဘ၀ မဆုံဖြစ်ကေလည်း
နောင်သံသရာ ဘ၀ကနီပြီး
နားလည်ခွင့်လွှတ် ပီးပါလီ --။

ခိုင်နီလ (လခြမ်းမြီ)

သုတေသီ



သုတေသီဟု
ပညတ်ပြုသော
ဗဟုသုတ
လွန်ကြွယ်ဝသော ဆရာ --။

ကမ္ဘာ့သမိုင်း
ဖြစ်စဉ်တိုင်းကို
ပိုင်းခြားဝေဖန်
တိကျမှန်သော ဆရာ --။

မြန်မာရာဇ၀င်
ကျမ်းစုံလင်ကို
ရင်သတ်မိမော
ဟောပြောနိုင်သော ဆရာ --။

ပိဋကတ်သုံးဖုံ
အလုံးစုံကို
အာဂုံဆောင်လျှက်
နှုတ်ကျက်ရသော ဆရာ --။

ရခိုင်သမိုင်း ရခိုင်စာကျ
လေ့လာကြိုးကုတ်
ဖော်ထုတ်ဖို့ရန်
သူက မိကွန်ဆောင်နီ၏ --။

ဟက်ကရီကျမသား
ဝမ်းဖားဖား
ကားရီကားရား
ဝက်ပိုင်ယှောင်စား
ဝက်ပိုင်ယှောင်လား --။

ဘွဲ့လုံးထီးထီး
ထန်းသီးလုံးပိုင်ယှောင်ကြီး
ဓပြုတ်သီးပိုင်ယှောင်ကြီး
(လီးလိုက်တေပင်) ထမ်းလို့မပါ
ကာလနာ --။

မောင်ဂေါက် (ရခိုင်ပြည်)