Saturday, June 22, 2013

စစ်တွေရှိ ဒုက္ခသည်များ နေရပ်ရင်း ပြန်ရန် ငြင်းဆန်၍ ပြည်နယ်အစိုးရ အခက်ကြုံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စစ်တွေ(မဇ္ဈိမ)။   ။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အကြမ်းဖက်မှုများကြောင့် စစ်တွေမြို့နယ်သို့ ရောက်ရှိခိုလှုံ
နေထိုင်ကြသော အခြားမြို့နယ်များမှ မူဆလင် ဒုက္ခသည်များ မူလဒေသသို့ ပြန်ပို့ရန် အစီအစဉ်ကို ငြင်းဆန်နေ၍ ရခိုင် ပြည်နယ်အစိုးရအနေဖြင့် အခက်တွေ့နေရကြောင်း အစိုးရအဖွဲ့၊ သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းစု
ဆောင်းရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း က မဇ္ဈိမကို ပြောသည်။

ပဋိပက္ခဖြစ်စဉ်တွင် ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ်များမှ အိုးအိမ်မဲ့ မူဆလင် ဒုက္ခသည်များ စစ်တွေမြို့ဘက်သို့ ထွက်ပြေးရောက်ရှိလာကြပြီး သဲချောင်းရွာအနီး ဒုက္ခသည် စခန်းများတွင် ပြည်နယ်အစိုးရက ယာယီနေရာချထားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ပြည်နယ်အစိုးရက မိုးမကျမီ ဒုက္ခသည်များမိမိတို့ မူလနေထိုင်ရာ ဒေသမှာ အမိုးအကာအောက်
ရောက်ရှိရေးအတွက် နေအိမ်တွေ ဆောက်ပေးခဲ့တယ်။ ဒါကလည်း သူတို့တွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည်နေရာချ ထားဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်။ တကယ်တမ်း ပြန်ပို့မယ်ဆိုတော့ ငြင်းဆန်နေကြပြန်တယ်။ အားလုံးပြင်ဆင်ထားပြီးမှ မသွားဘူး ငြင်းနေတော့ အခက်ကြုံရတာပေါ့ဗျာ” ဟု ဦးလှသိန်း က ဆိုသည်။

ထိုသို့ငြင်းဆန်မှု ဖြစ်ပွားခဲ့ခြင်းမှာ ဇွန်လ လဆန်းပိုင်းက ပေါက်တောမြို့နယ်မှ ဒုက္ခသည်များအား နေရင်းအရပ်သို့
ပြန်ပို့စဉ်က ဖြစ်ရပ်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ရခိုင်နှင့် မူဆလင် နှစ်ဖက် ဒုက္ခသည်များအတွက် တဲအိမ်ကြီးများ နောက်ထပ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိကာ စစ်တွေတွင် ၆၂၇ လုံး၊ ပေါက်တောတွင် ၄၆၉လုံး၊ ရသေ့တောင်တွင် ၆၄ လုံး၊ ကျောက်တော်တွင် ၁၁၁ လုံး၊
မြောက်ဦးတွင် ၇၂ လုံး၊ မင်းပြားတွင် ၈၄ လုံး၊ မြေပုံတွင် ၉၅ လုံး၊ ကျောက်ဖြူတွင် ၇၁ လုံး၊ ရမ်းဗြဲတွင် ၁၂ လုံး ဆောက်လုပ်နေပြီး ဇွန်လအတွင်း အပြီး ဆောက်လုပ်သွားမည်ဟု ပြည်နယ်အစိုးရက ဇွန်လ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

“ထပ်မံဆောက်လုပ်မှုအတွက် ကျပ်သန်းပေါင်း ၄၉၀၀၀ ကုန်ကျပါတယ်။ ဒီဆောက်လုပ်မှုတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ WFP၊
UNHCR တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဒါ့ပြင် UNHCR က စစ်တွေ စက်ရုံစုရှိ ရခိုင်ဒုက္ခသည်များအတွက် အိမ်သာ ၂၂ လုံးကိုလည်း ဆောက်လုပ်ပေးခဲ့ပါတယ်” ဟု ဦးလှသိန်းက ရှင်းလင်းပြော
ပြသည်။.mizzimaburmese.com

စစ်ဆင်နေသည့် အစိုးရတပ်ဖွဲ့ကို TNLA နှင့် KIA တို့ ပူးပေါင်း တိုက်ခိုက်

အေးချမ်းစွာနေလိုသော တအာင်း မိသားစုဘ၀ အေးချမ်းစွာနေလိုသော တအာင်း မိသားစုဘ၀ (ဓါတ်ပုံ - တအာင်းစာပေအဖွဲ့)
ယနေ့နံနက် ၈ နာရီ အချိန်တွင် ရှမ်းပြည်မြောက်ပိုင်း ရှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ပိန်းပွန် ကျေးရွာ အနီးတွင် စစ်ဆင်လာသည့် အစိုးရ တပ်ဖွဲ့အား တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIA) တို့က ပူး ပေါင်း တိုက်ခိုက်သဖြင့် နာရီဝက်ခန့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား နေဆဲဖြစ်ကြောင်း TNLA တပ်မှူး တစ်ဦးက ဆိုပါ သည်။
“သူတို့ တက်အလာကို စောင့်ပစ်တယ်။ အထိနာတာပေါ့။ ဒါကြောင့် နာရီဝက်ဘဲ ခံတယ်။ ပြန်ဆုတ်သွားတယ်။ အဲဒီ တပ်က ဘယ်တပ်လဲ ဆိုတော့ လောလောဆယ် မသိရသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ မနေ့ညကလည်း တပ်ဖွဲ့အသစ်တွေ ထပ်ရောက် လာတယ်လေ။ ဆိုတော့ မသဲကွဲသေးဘူး။ ဒါပေမဲ့ သေချာတာကတော့ စစ်ဆင်ရေး လက္ခဏာက စိပ်လာတယ်။ ကျနော်တို့ကလည်း အဆိုးဆုံးကို ပြင်ထားပါတယ်” ဟု ဆိုပါသည်။
ယခုတိုက်ပွဲသည် TNLA ၁၀၁ တပ်ရင်းနှင့် KIA တပ်မဟာ (၄) ထိန်းချုပ် နယ်မြေမှ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်း TNLA တပ်ရင်း ၁၀၁ အရာရှိ တစ်ဦးမှ ဆိုပါသည်။ ကွတ်ခိုင်မြို့နယ် ပိန်းပွန်ရွာသည် KIA တပ်မဟာ ၄ ထိန်းချုပ် နယ်မြေဖြစ်သဖြင့် အစိုးရ တပ်ဖွဲ့များသည် KIA ကိုပါ ဆက်လက် တိုက်ခိုက်နေခြင်းသာ ဖြစ်ပါသည်။
တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လာနိုင်ကြောင်း၊ ယမန်နေ့ည ကလည်း လားရှိုးမှ မြန်မာစစ်တပ် စစ်ကား အစီး ၂၀ ကျော် ရှမ်းမြာက်ဖက်သို့ ထွက်ခွာ လာခဲ့ပြီး မနေ့ည ၉ နာရီအချိန်တွင် နမ့်ခမ်းမြို့သို့ စစ်ကား အစီး ၂၀ ကျော် ရောက်ရှိလာခဲ့ကြောင်း၊ ထိုမှတဆင့် မန်ဝိန်ကြီးဖက်သို့စစ်ကား ၁၁ စီးဖြင့် ခြေလျင်ဖြင့် စစ်သား ၂၀၀ ကျော် စစ်ဆင်သွားခဲ့ ပါသည်။  ကျန်သည့် စစ်ကား ၁၂ စီးမှာ နမ့်ခမ်းမြို့တွင် ရှိနေဆဲဖြစ်ပြီး TNLA ဒေသကို ဆက်လက် စစ်ဆင်မည်ဖြစ် ကြောင်း TNLA ကဆိုပါသည်။  
လက်ရှိ အခြေအနေတွင် ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ဧရိယာ၌ ရှိသောKIA အမှတ် (၃၆)၊ အမှတ် (၃၈)၊ အမှတ် ()၊ အမှတ် ()၊ အမှတ်()၊ အမှတ် (၃၄) အမှတ် (၁၇)နှင့် အမှတ် (၂၉) တပ်ရင်းတို့တွင်  နေရာတိုင်းတစ်နေရာ မဟုတ် နှစ်နေရာ၊ သုံးနေရာတွင် နေ့တိုင်း လိုလို တိုက်ပွဲများ ဖြစ်လာခဲ့ပါသည်။
ယင်းတိုက်ပွဲများကြောင့် သိန္နီ၊ ကွမ်းလုံ၊ မူဆယ်၊ ကွတ်ခိုင် နှင့် မန်တုံမြို့နယ်များတွင် ရှိနေသည့် ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြကြောင်း၊ အကြောင်းမှာ အစိုးရတပ်များသည် တိုက်ပွဲ ဖြစ်ပွားခဲ့လျှင် ဖြစ်ပွားသည့် အနီးအနား ကျေးရွာ များအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာ လူထုအား အကြောင်းမဲ့ စွပ်စွဲပြီး သတ်ဖြတ်ခြင်း၊ အမြင်မတော် ဂလဲ့ စားချေ ပစ်ခတ်ခြင်း၊ လမ်းပြပေါ်တာ ဆွဲခြင်းများ ဖန်တီး တတ်သဖြင့် စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။  
လားတူ TNLA တပ်ရင်းများ ဖြစ်သည့် အမှတ် (၁၁၂)၊ အမှတ် (၄၇၈)၊ အမှတ် (၃၆၇) အမှတ် (၁၂၅) အမှတ် (၂၅၆) အမှတ် (၁၀၁)နှင့် တပ်ရင်း သစ် စခန်းများတွင်လည်း လပေါင်းများစွာ စစ်ဆင်နေရာမှ တဖြည်းဖြည်း ပြင်းထန်လာ ခဲ့ပါသည်။

ဤသို့ကြောင့် ကျောက်မဲ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းဝီးမြို့နယ်မှ တောနယ် ကျေးရွာ လူထုများ စိုးရိမ်ကြောက်ကြံ့နေကြပါသည်။
TNLA ဒေသစစ်ပြေး ဒုက္ခသည် အသစ်များ တိုးလာနေပါသည်။  နမ့်ဆန်၊ ကွတ်ခိုင်နှင့် မိုင်းငေါ့ဖက်မှ ဖြစ်ပြီး လူ့အခွင့် အရေး ချိုးဖေါက်မှု များစွာ ရှိနေကြောင်း၊ ဤကိစ္စအတွက် အချက်အလက်များ စုဆောင်းပြီး ကုလသမဂဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံး အပါဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများသို့ တင်ပြ သွားမည်ဟု တအာင်း အမျိုးသမီး ရေးရာ အဖွဲ့များက ဆိုပါသည်။.phophtawnews.org

ရခိုင် ရဟန်းတော် သီရိလင်္ကာနိုင်ငံ ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့ တက်ရောက်ရယူ


Share Arakan News



( နိရဉ္စရာ- ၂၂ ဇွန် ၂၀၁၃) / စိမ်းလန်းအောင် (ကိန်းသာမြီ)
ရခိုင်ရဟန်းတော် ဒေါက်တာအသျှင် ဉာဏုတ္တရ သည် သူ၏ ပါရဂူဘွဲ့ ကို ဇွန်လ ၂၁ ရက်နေု့ ညနေပိုင်းတွင် သီရိလင်္ကာနိုင်ငံ ဘန္ဒာနာယကေ အထိမ်းအမှတ် နိုင်ငံတကာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ကေလဏိယ တက္ကသိုလ်၏ ၆၇ ကြိမ်မြောက် အထွေထွေ ဘွဲ့နှင်းသဘင်တွင် တက်ရောက်ရယူခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကိန်းသာဓမ္မကျောင်း ပဓာနနာယက ဆရာတော် ဖြစ်သော ဒေါက်တာအသျှင် ဉာဏုတ္တရ သည် သူ၏ ပါရဂူဘွဲ့ကို ရခိုင်ပြည်နယ် အပေါ် ဗုဒ္ဓဘာသာ၏ လွမ်းမိုးသြဇာ သက်ရောက်မှုကို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကြောင်း အရ လေ့လာမှု စာတမ်း “A Historical and Cultural Study of the Influence of Buddhism on Inhabitants of Rakhaing (Arakan) State” နှင့် ရရှိခဲ့သည်။

သူ၏ ကျမ်းစာကို ဘွဲ့လွန်ပါဠိနှင့် ဗုဒ္ဓဘာသာပညာသင်ကျောင်း (ကေလဏိယတက္ကသိုလ်)သို့ လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် တင်သွင်းခဲ့ပြီး၊ ယင်းဘွဲ့အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် အပြီးသတ် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံမှ ပထမဦးဆုံး ပါရဂူဘွဲ့ရရှိသော ရခိုင်အမျိုးသားရဟန်းတော် တစ်ပါးဖြစ်ပြီး၊ မြန်မာရဟန်းတော်များ ထဲမှ ပဉ္စမမြောက် ပါရဂူဘွဲ့ရပုဂ္ဂိုလ်ဖြစ်သည်။ ဆရာတော်နှင့်အတူ မြန်မာနိုင်ငံမှ ပါရဂူဘွဲ့ရ တစ်ပါး၊ အခြားသော မဟာဒဿနိကဘွဲ့ရ နှင့် မဟာဝိဇ္ဇာဘွဲ့ရ ရဟန်းတော်များလည်း ဘွဲ့နှင်းသဘင်ကို တက်ရောက်ခဲ့ကြသည်။

ဆရာတော်၏ www.kingthardhamma.blogspot.com (ကိန်းသာဓမ္မကျောင်းဘလော့) အရ၊ ပါရဂူဘွဲ့မတိုင်မှီ ဆရာတော်သည် ၂၀၀၀ ခုနှစ်တွင် တက္ကသိုလ်ဝင် (၁၀) တန်းကို အထက ရသေ့တောင်မှ အောင်မြင်ခဲ့ပြီး၊ ၂၀၀၀ ခုနှင့် ၂၀၀၄ ခုနှစ်အတွင်း ဘုန်းတော်ကြီးသင် အခြေခံ ဗုဒ္ဓဘာသာစာပေများကို ပရိယတ္တိစာသင်တိုက်များတွင် လေ့လာသင်ယူခဲ့ပြီး သာသနာရေး ၀န်ကြီးဋ္ဌာနမှ ကြီးမှူးကျင်းပသော အခြေပြုမူလတန်း (၂၀၀၁)၊ ပထမငယ်တန်း (၂၀၀၂)၊ ပထမလတ်တန်း (၂၀၀၃)၊ ပထမကြီးတန်း (ရခိုင်ပြည်နယ်ပထမကျော်) ကို (၂၀၀၄) ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။

စစ်တွေတက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြုဖြင့် ၃ နှစ်တိုင် လေ့လာခဲ့ပြီး၊ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အထူးပြု အင်္ဂလိပ်စာ ဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ B.A. (English) ရရှိခဲ့သည်။ ဆရာတော်သည် ၂၀၀၆ ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့သွားရောက်ကာ ဗုဒ္ဓစာပေများ ကို လေ့လာသင်ယူခဲ့ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of Kelaniya) ၏ ဘွဲ့လွန် ပါဠိနှင့် ဗုဒ္ဓဘာသာ ပညာသင်ကျောင်း (Postgraduate Institute of Pali and Buddhist Studies) မှ ဘွဲ့လွန်ဒီပလိုမာ (PG Dip.) (ဗုဒ္ဓဘာသာပညာ)၊ မဟာဝိဇ္ဇာ (M.A.) (ဗုဒ္ဓဘာသာပညာ)၊ အင်္ဂလိပ်စာမှဗုဒ္ဓဘာသာ (Certified English through Buddhism) အောင်လက်မှတ်တို့ကို ရရှိပြီး၊ ၄င်းတက္ကသိုလ်တွင်ပင် မဟာဒဿနိကဗေဒဘွဲ့ (M.Phil.) (ဗုဒ္ဓဘာသာပညာ) ကို တစ်နှစ်တာ သုတေသနပြုခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့၍ ပါရဂူဘွဲ့ (Ph.D.) အတွက် ၃ နှစ်တိုင်တိုင် သုတေသနပြုနေခဲ့ပြီး ယင်းဘွဲ့အတွက် ၁၀-၁၀-၂၀၁၂ နေ့တွင် အပြီးသတ် အောင်မြင်ခဲ့သည်။

ဆရာတော်သည် သီရိလင်္ကာနိုင်ငံ၏ အထင်ကရ ကိုလံဘိုတက္ကသိုလ်၊ အင်္ဂလိပ်စာ ဌာနမှပို့ချသော DETE (Diploma in English for Teachers of English) အင်္ဂလိပ် စာပြဆရာဖြစ် ဒီပလိုမာ (၂) နှစ်သင်တန်းကို ၂၀၁၁ ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာနမှ BLCE (Buddhist Leadership in Civic Empowerment) လူ့အသိုက်အမြုံတိုးတက်မှုမှာ ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းကိုလည်း ၂၀၁၀ခုနှစ်တွင် တက်ရောက်ပြီးဆုံးခဲ့သည်။

သီရိလင်္ကာနိုင်ငံမှ မိမိ၏ဒေသကိုရောက်ပြီးကတည်းက အခြေခံပညာ၊ ဗုဒ္ဓဘာသာ၊ ပြည်သူလူထု နှင့် အခြားဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများကို ဆရာတော်၏ ကိန်းသာ ဓမ္မကျောင်းမှာ ဖွင့်လှစ် သင်ကြား နိုင်ရေးအတွက် အခြေခံအဆောက်အအုံများကို အားသွန်ခွန်စိုက်ဆောင်ရွက် နေခဲ့ပါကြောင်း၊ ယခုအခါတွင် ဆရာတော်၏ဦးဆောင်မှုဖြင့် အလျား ၇၂ ပေ အနံ ၃၉ ပေ စာသင်ကျောင်းဆောင် တစ်ခုကို စာသင်ကြားဖို့အရန်အတွက် ဆောက်လုပ်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ဆဲစာသင် ကျောင်းဆောင် အမြန်ပြီးစီးရန် အတွက် ပြည်တွင်း ပြည်ပမှ အထောက်အပံ့ပေးမည့် စေတနာရှင်များ အလွန် လိုအပ်နေပါကြောင်း၊ စာသင်တန်းများပို့ချပေးဖို့ရန် ယင်းသည် အရေးတကြီးဖြစ်ကြောင်းဖြင့် ဘွဲ့နှင်း သဘင်အပြီးတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဆရာတော်က သူ၏ဒေသတွင် အခက်အခဲများ၊ နားမလည်မှုများ၊ ခေတ်နှင့် မလျော်ညီသော အလုပ်မဖြစ်သည့် အတွေးအခေါ်များစသော အခက်အခဲ စိန်ခေါ်မှုများ ရှိကြောင်း၊ ထိုစိန်ခေါ်မှုများသည် ကာယစိတ္တာနှစ်ဖြာသော ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးမတည်ကြောင်း၊ သို့သော် စိတ်ရှည်၊ သည်းခံ၊ နားလည်ခြင်းတို့ဖြင့် ရင်ဆိုင်တိုးဝှေ့ရန် စိတ်ဆုံးဖြတ်ထားကြောင်း၊ မာန် မာန၊ ဂိုဏ်း ဂဏ၊ ပါတီစသော ခွဲခြားမှုမရှိဘဲ၊ လူသားရင်းမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်ကိုးလျက် ဆရာတော်၏ လုပ်ဆောင်ချက်များတွင် မိမိတို့ တက်နိုင်သရွှေ့ကူညီကြစေ လိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါသည်။ သေရှာပေါက် အခက်အခဲများစွာရှိနေသော်လည်း အားတောင့် သည်းခံ ကြံကြံခံဖို့ ခွန်အားကို ရှာဖွေရမည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်လျင် အကျွန်ုပ်တို့သည် မည်သူ မည်ဝါ ဖြစ်မည် ဖြစ်သည်ကို သိကြမည် မဟုတ်ကြောင်းဖြင့် မိန့်ကြားခဲ့ပါသည်။

ဆရာတော်ထံသို့ kingthar@gmail.com ဖြင့်သော်လည်းကောင်း၊ +959440224439 နှင့် +959421741973 ဖုန်းနံပါတ်များကိုလည်းကောင်း ဆက်သွယ်နိုင်ပြီး၊ ဆရာတော် အကောင် အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများကို www.kingthardhamma.blogspot.com တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

သီရိလင်္ကာနိုင်ငံ၊ ဘွဲ့နှင်းသဘင်ပြီးသည့် နောက်ပိုင်းတွင် ဆရာတော်သည် နယူးယောက်မြို့၊ ဗုဒ္ဓဘာသာသနာပြုအဖွဲ့၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေး အလည် အပတ် ခရီးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအသျှင်ဉာဏုတ္တရကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်၌ အဖ (ဦးသာထွန်းအောင်) နှင့် အမိ ဒေါ်လှစောညိုတို့ ထံမှ ၁၉၈၃ ခု ဒီဇင်ဘာလ (၂၀) ရက် (အင်္ဂါနေ့ ) တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၂) ဦးအနက် (၉) ဦးမြောက် ဖြစ်သည်။ ဗုဒ္ဓသာသနာတော်အတွင်းသို့ ရှင်သာမဏေအဖြစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအပြီး ၂၀၀၀ ပြည့်နှစ် မတ်လတွင် ၀င်ရောက်ခဲ့သည်။
from -Share Arakan news

Friday, June 21, 2013

တရုတ်ပြည် မှ လက် ၀ါး တစ် ထောင် အက

ဆရာတော် ဦးဥတ္တမ အတ္ထုပတ္ထိသမိုင်း ဗွီစီဒီခွေ စတင်ဖြန့်ချီ

 

( နိရဉ္စရာ- ၂၁ ဇွန် ၂၀၁၃) / မောင်အေး
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေစေတီကျောင်းတွင် ဆရာတော် ဦးဥတ္တမပြတိုက် တစ်ခု ဆောက်လုပ်ရန် ရံပုံငွေရှာဖွေသည့် အနေဖြင့် ဆရာတော် ဦးဥတ္တမအတ္ထုပတ္တိ သမိုင်း ဗွီစီဒီခွေကို ယမန်နေ့က စတင်ပြီး  ဖြန့်ချီ ရောင်းချနေကြောင်း သတင်း ရရှိသည်။
Ottama
ယခုကဲ့သို့ ဆရာတော်အသျှင် ဦးဥတ္တမအတ္ထုပတ္ထိသမိုင်း ဗွီစီဒီခွေ ဖြန့်ချီရသည့် ရည်ရွယ်ချက်ကို ရွှေစေတီ ကျောင်းဆရာတော် အရိယာဝံသက ယခုကဲ့သို့ မိန့်ကြားသည်။
“ ဆရာတော် ဦးဥတ္တမက မြန်မာနိုင်ငံအပါအ၀င် အာရှတိုက်တခုလုံးကို လွတ်လပ်ရေးရအောင် လမ်းပြခဲ့တယ် ဆိုတာကို အများပြည်သူနဲ့ ကျောင်းသားလူငယ်တွေသိစေချင်တယ်။ နောက် တချက်က ဆရာတော်ဦးဥတ္တမ ပြတိုက်ဟာ မြန်မာနိုင်ငံမှာ မရှိသေးဘူး။ ဂျပန်မှာဆိုရင် ဆရာတော် ဦးဥတ္တမ စာပြခဲ့တဲ့ ကျောင်းနဲ့ ဆရာတော်ပြ တိုက်ကို အခုထိ ဂျပန်တွေ ထိမ်းသိမ်းထားတယ်။ မြန်မာနိုင်ငံမှာ ဆရာတော် ပြတိုက်လည်း မရှိ၊ ဆရာတော်ရဲ့ မှတ်တမ်း မှတ်ရာတွေကို ထိန်းသိမ်းမယ့် နေရာလည်း မရှိတဲ့ အတွက်ကြောင့် မြန်မာလူမျိုးတွေဟာ ဆရာတော်ရဲ့ ကျေးဇူးကို ဂျပန်တွေ လောက် မသိကြသလို ဖြစ်နေတယ်။ ဒါကြောင့်  ဆရာတော် သီတင်းသုံးခဲ့တဲ့ ရွှေစေတီကျောင်းမှာ ပြတိုက်တခု လုပ်ဖို့ ရည်ရွယ် ချက်နဲ့ ဗွီစီဒီတွေကို ဖြန့်ချီတာဖြစ်တယ်။”
အဆိုပါ ဗွီစီဒီခွေကို ယမန်နေ့နေ့လည်ပိုင်းက စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် အပါအ၀င် မြို့တချို့တွင် တပြိုင်နက်တည်း ခွေတစ်ခွေလျှင် ကျပ်ငွေ ၁၀၀၀ ဖြင့် ဖြန့်ချီ ရောင်းချနေသည်ဟု ဆိုသည်။
ဗွီစီဒီခွေထဲတွင် ဆရာတော် အသျှင် ဦးဥတ္တမ သီတင်းသုံးခဲ့သည့်ကျောင်း၊ ဆရာတော် နေထိုင်ခဲ့သည့် နေရာ၊ ဆရာတော်အသျှင် ဦးဥတ္တမနှင့် သက်ဆိုင်သည့် မှတ်တမ်း မှတ်ရာများကို ထည့်သွင်းထားပြီး ဆရာတော် လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးမှတ်တမ်းများကိုပါ ဖေါ်ပြထားကြောင်း ဆရာတော် အရိယာဝံသက ပြောသည်။
အသျှင် ဦးဥတ္တမ၏ သမိုင်းကြောင်းကို နောက်ခံစကားပြောကို မွန်အမျိုးသား တစ်ဦးဖြစ်သူ အမျိုးသားရေး ဦးဝင်နိုင်က ဆရာတော်ကို ဂုဏ်ပြုသည့်အနေဖြင့် ပါဝင်ကူညီထားကြောင်း သိရသည်။
“ မြန်မာနိုင်ငံ လွတ်လပ်ရေး အပါအ၀င် အာရှတိုက်တခုလုံး လွတ်မြောက်ဖို့အတွက် ဘ၀တစ်ခုလုံးကို မြုပ်နှံကြိုးစားခဲ့တဲ့ ဆရာတော်ဦးဥတ္တမအတွက် မြန်မာနိုင်ငံမှာ အမှတ်တရ နေရာတခုမှ မရှိ တာကတော့ ဆရာ တော့်ရဲ့ တပည့်သားသမီးတွေ အတွက် အထူး ရင်နာစရာဖြစ်တယ်။ ဂျပန်တွေကတောင် ဆရာတော်အ မှတ် တရအတွက် ကျောင်းတွေကို ထိမ်းသိမ်းထားတယ်။ ဒါကြောင့် ပြတိုက်တစ်ခု ဖြစ်နိုင်အောင် ကြိုးစားနေတာပါ” ဟု ဆရာတော်က ဆက်လက် မိန့်ကြား သည်။
ဆရာတော် အသျှင် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့ ရူပရွာ ချောင်းနားတန်းတွင် ဖခင် ဦးစံမြနှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့သည်။
အသက် ၁၃ နှစ်အရွယ်အတွင် ကိုရင်ဝတ်ပြီး ဗုဒ္ဓစာပေများကို လေ့လာဆည်းပူကာ ပြင်သစ်၊ ဟီန္ဒီ၊ ဂျပန်၊ အင်္ဂလိပ်၊ ဘင်္ဂလီ၊ တိဗက်စသည့် စာပေများနှင့်စကားများကိုလည်း တတ်မြောက်ခဲ့သည်။
ဆရာတော်သည် မြန်မာနိုင်ငံကို ဗြီတိသျှနယ်ချဲ့များအုပ်ချုပ်စဉ်က မြန်မာအမျိုးသားများကို အမျိုးသားရေး စိတ်ဓါတ် ပြန်လည်နိုးကြွလာအောင် တောရောမြို့ပါ မကျန် အမျိုးသားရေး တရားများ လှည့်လည် ဟောပြော စည်းရုံးခဲ့သည့်အပြင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် ဗြိတိသျှ ဘုရင်ခံ ဆာဂျလ်အား မြန်မာပြည်မှထွက် သွားရန် နှင်ထုတ်ခဲ့သည့်အတွက် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးထောင်ချ သည်ကိုလည်း အကြိမ်ကြိမ်ခံခဲ့ရသည်။
ဆရာတော်သည် သူ့ဘ၀တစ်လျှောက်လုံးကို မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပေးဆပ်ကြိုးပမ်းရင်း ၁၉၃၉ ခု စတင်ဘာလ ၉ ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို  ရခိုင်အမျိုးသားများက ဆရာတော် ဦးဥတ္တမနေ့အဖြစ်သတ်မှတ်ပြီး ပြည်တွင်းပြည်ပတွင် အခမ်းအနားများ ကျင်းပ လေ့ရှိသည်။
- See more at: http://www.narinjara.com/burmese/?p=6052#sthash.6748WYdn.dpuf

ဆရာတော် ဦးဥတ္တမ အတ္ထုပတ္ထိသမိုင်း ဗွီစီဒီခွေ စတင်ဖြန့်ချီ

( နိရဉ္စရာ- ၂၁ ဇွန် ၂၀၁၃) / မောင်အေး
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေစေတီကျောင်းတွင် ဆရာတော် ဦးဥတ္တမပြတိုက် တစ်ခု ဆောက်လုပ်ရန် ရံပုံငွေရှာဖွေသည့် အနေဖြင့် ဆရာတော် ဦးဥတ္တမအတ္ထုပတ္တိ သမိုင်း ဗွီစီဒီခွေကို ယမန်နေ့က စတင်ပြီး  ဖြန့်ချီ ရောင်းချနေကြောင်း သတင်း ရရှိသည်။
Ottama
ယခုကဲ့သို့ ဆရာတော်အသျှင် ဦးဥတ္တမအတ္ထုပတ္ထိသမိုင်း ဗွီစီဒီခွေ ဖြန့်ချီရသည့် ရည်ရွယ်ချက်ကို ရွှေစေတီ ကျောင်းဆရာတော် အရိယာဝံသက ယခုကဲ့သို့ မိန့်ကြားသည်။
“ ဆရာတော် ဦးဥတ္တမက မြန်မာနိုင်ငံအပါအ၀င် အာရှတိုက်တခုလုံးကို လွတ်လပ်ရေးရအောင် လမ်းပြခဲ့တယ် ဆိုတာကို အများပြည်သူနဲ့ ကျောင်းသားလူငယ်တွေသိစေချင်တယ်။ နောက် တချက်က ဆရာတော်ဦးဥတ္တမ ပြတိုက်ဟာ မြန်မာနိုင်ငံမှာ မရှိသေးဘူး။ ဂျပန်မှာဆိုရင် ဆရာတော် ဦးဥတ္တမ စာပြခဲ့တဲ့ ကျောင်းနဲ့ ဆရာတော်ပြ တိုက်ကို အခုထိ ဂျပန်တွေ ထိမ်းသိမ်းထားတယ်။ မြန်မာနိုင်ငံမှာ ဆရာတော် ပြတိုက်လည်း မရှိ၊ ဆရာတော်ရဲ့ မှတ်တမ်း မှတ်ရာတွေကို ထိန်းသိမ်းမယ့် နေရာလည်း မရှိတဲ့ အတွက်ကြောင့် မြန်မာလူမျိုးတွေဟာ ဆရာတော်ရဲ့ ကျေးဇူးကို ဂျပန်တွေ လောက် မသိကြသလို ဖြစ်နေတယ်။ ဒါကြောင့်  ဆရာတော် သီတင်းသုံးခဲ့တဲ့ ရွှေစေတီကျောင်းမှာ ပြတိုက်တခု လုပ်ဖို့ ရည်ရွယ် ချက်နဲ့ ဗွီစီဒီတွေကို ဖြန့်ချီတာဖြစ်တယ်။”
အဆိုပါ ဗွီစီဒီခွေကို ယမန်နေ့နေ့လည်ပိုင်းက စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် အပါအ၀င် မြို့တချို့တွင် တပြိုင်နက်တည်း ခွေတစ်ခွေလျှင် ကျပ်ငွေ ၁၀၀၀ ဖြင့် ဖြန့်ချီ ရောင်းချနေသည်ဟု ဆိုသည်။
ဗွီစီဒီခွေထဲတွင် ဆရာတော် အသျှင် ဦးဥတ္တမ သီတင်းသုံးခဲ့သည့်ကျောင်း၊ ဆရာတော် နေထိုင်ခဲ့သည့် နေရာ၊ ဆရာတော်အသျှင် ဦးဥတ္တမနှင့် သက်ဆိုင်သည့် မှတ်တမ်း မှတ်ရာများကို ထည့်သွင်းထားပြီး ဆရာတော် လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးမှတ်တမ်းများကိုပါ ဖေါ်ပြထားကြောင်း ဆရာတော် အရိယာဝံသက ပြောသည်။
အသျှင် ဦးဥတ္တမ၏ သမိုင်းကြောင်းကို နောက်ခံစကားပြောကို မွန်အမျိုးသား တစ်ဦးဖြစ်သူ အမျိုးသားရေး ဦးဝင်နိုင်က ဆရာတော်ကို ဂုဏ်ပြုသည့်အနေဖြင့် ပါဝင်ကူညီထားကြောင်း သိရသည်။
“ မြန်မာနိုင်ငံ လွတ်လပ်ရေး အပါအ၀င် အာရှတိုက်တခုလုံး လွတ်မြောက်ဖို့အတွက် ဘ၀တစ်ခုလုံးကို မြုပ်နှံကြိုးစားခဲ့တဲ့ ဆရာတော်ဦးဥတ္တမအတွက် မြန်မာနိုင်ငံမှာ အမှတ်တရ နေရာတခုမှ မရှိ တာကတော့ ဆရာ တော့်ရဲ့ တပည့်သားသမီးတွေ အတွက် အထူး ရင်နာစရာဖြစ်တယ်။ ဂျပန်တွေကတောင် ဆရာတော်အ မှတ် တရအတွက် ကျောင်းတွေကို ထိမ်းသိမ်းထားတယ်။ ဒါကြောင့် ပြတိုက်တစ်ခု ဖြစ်နိုင်အောင် ကြိုးစားနေတာပါ” ဟု ဆရာတော်က ဆက်လက် မိန့်ကြား သည်။
ဆရာတော် အသျှင် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့ ရူပရွာ ချောင်းနားတန်းတွင် ဖခင် ဦးစံမြနှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့သည်။
အသက် ၁၃ နှစ်အရွယ်အတွင် ကိုရင်ဝတ်ပြီး ဗုဒ္ဓစာပေများကို လေ့လာဆည်းပူကာ ပြင်သစ်၊ ဟီန္ဒီ၊ ဂျပန်၊ အင်္ဂလိပ်၊ ဘင်္ဂလီ၊ တိဗက်စသည့် စာပေများနှင့်စကားများကိုလည်း တတ်မြောက်ခဲ့သည်။
ဆရာတော်သည် မြန်မာနိုင်ငံကို ဗြီတိသျှနယ်ချဲ့များအုပ်ချုပ်စဉ်က မြန်မာအမျိုးသားများကို အမျိုးသားရေး စိတ်ဓါတ် ပြန်လည်နိုးကြွလာအောင် တောရောမြို့ပါ မကျန် အမျိုးသားရေး တရားများ လှည့်လည် ဟောပြော စည်းရုံးခဲ့သည့်အပြင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် ဗြိတိသျှ ဘုရင်ခံ ဆာဂျလ်အား မြန်မာပြည်မှထွက် သွားရန် နှင်ထုတ်ခဲ့သည့်အတွက် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးထောင်ချ သည်ကိုလည်း အကြိမ်ကြိမ်ခံခဲ့ရသည်။
ဆရာတော်သည် သူ့ဘ၀တစ်လျှောက်လုံးကို မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပေးဆပ်ကြိုးပမ်းရင်း ၁၉၃၉ ခု စတင်ဘာလ ၉ ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို  ရခိုင်အမျိုးသားများက ဆရာတော် ဦးဥတ္တမနေ့အဖြစ်သတ်မှတ်ပြီး ပြည်တွင်းပြည်ပတွင် အခမ်းအနားများ ကျင်းပ လေ့ရှိသည်။
- See more at: http://www.narinjara.com/burmese/?p=6052#sthash.ppww3Cif.dpuf

Thursday, June 20, 2013

ရခိုင်သံချပ် နှင့် ရခိုင်ရိုးရာဓလေ့

မူဆလင်နိုင်ငံတူတကီမှာ မူဆလင်ချင်းဒီလိုဖမ်းတယ်၊ လူ့အခွင့်အရေးငအတွေ ကဲ .. ကြည့်ထားကြနော် ကျနော်တို့နိုင်ငံကသုံးစားမရတဲ့အစိုးရလူကြီးမင်းများနဲ့လူ့အခွင့်အရေးတစာစာအော်နေကြတဲ့ ဒီမိုကရေစီခါင်းဆောင်ကြီးအပါအ၀င် ၈ပူးတွေ၊ ပြည်တွင်းနေမူစလင်တွေ အကုန်ကြည့်ထား ကြ .. ခင်ဗျားတို့ကို တစ်ချိန်လုံးဆရာလာလုပ်နေတဲ့ တစ်ချိန်လုံးသြဇာလာပေးနေတဲ့ ခင်ဗျား တို့ဆရာကြီး တူရကီမှာဘာတွေလုပ်နေလဲဆိုတာကြည့်ထားကြ .. "ဆန္ဒပြပွဲ ကိုင်တွယ် ပုံ စိုးရိမ်မိကြောင်း အမေရိကန်က ပြောပေမယ့် နိုင်ငံခြား တိုင်းပြည်တွေက သြဝါဒ ချွေတာ လက်မခံနိုင်ဘူးလို့ တူရကီ ဝန်ကြီးချုပ် အာဒိုဂန်က ချေပ ပြောကြား ပါတယ်။" ခင်ဗျားတို့ကို အပေါ်ကညွှန်ကြားနေတဲ့ ခင်ဗျားတို့ကြောက်နေရတဲ့ ခင်ဗျားတို့ဆရာ တူရကီရဲ့ ပြောကြားချက်ပေါ့ .. သူများနိုင်ငံမှာကျတော့ အခွင့်အရေးတွေလာတောင်းဆိုနေတဲ့ နိုင်ငံက သူ့နိုင်ငံရဲ့ပြည်တွင်းရေးကိုတော့ ပြတ်သားလိုက်တာ .. ကျုပ်တို့နိုင်ငံကတော့ ဟိုနိုင်ငံကြောက် ရ ဒီနိုင်ငံကြောက်ရနဲ့ စောက်သုံးမကျတဲ့သူတွေခေါင်းဆောင်လာဖြစ်နေတာကိုး ကြောက်ရတာ ပေါ့ .. ကဲ တစ်နှစ်ပြည့်တော့မယ့် ဘင်္ဂလီကိစ္စကို ခင်ဗျားတို့ဘာလုပ်မှာလဲ ? လူ့အခွင့်အရေး အော်နေတဲ့ ဒေါ်စုနဲ့ ၈ပူးတွေလဲ ပါးစပ်လေးခဏပိတ်ထားလိုက်ကြ .. မြန်မာ့အရေး ၀င်စွက် ဖက်နေတဲ့ OIC နဲ့ တူရကီအပါအ၀င် အစ္စလာမ်နိုင်ငံတွေအားလုံးလည်း စောက်ပါးစပ်တွေ ပိတ်ထားလိုက်ကြတော့ ငါတို့ပြည်တွင်းရေးကို ဘယ်ကောင်မှဝင်စွက်ဖက်စရာ မလိုဘူး .. ဒါ တစ်တိုင်းပြည်လုံးရဲ့ဆန္ဒအမှန်ပဲ .. လူ့အခွင့်အရေးတောင်းနေတဲ့ ပြည်တွင်းကမူစလင်တွေ လည်း စောက်ပါးစပ်တွေပိတ်ထားလိုက်ကြ "ထားရာနေ စေရာသွား" မနေနိုင်ရင် ထွက်သွား ကွာ .. ဗီဒီယိုဖိုင်ကြည့်ရင်းနဲ့ ငါတို့နိုင်ငံကိုတော့ ဆရာလာလုပ် ဖိအားလာပေး လူ့အခွင့်အရေး လာအော်နေတဲ့နိုင်ငံက သူ့နိုင်ငံကျတော့ဘယ်သူမှဝင်စွက်ဖက်စရာမလိုဘူး ဆိုတော့ စောက် ရမ်းပေါက်ကွဲသွားလို့ ရေးလိုက်တာပဲ .. ငါတို့ကိုကျတော့ အရုပ်လေးလိုသဘောထားပြီး ကြိုး ဆွဲနေတဲ့နိုင်ငံတွေက သူတို့နိုင်ငံမှာကျတော့ဘယ်သူမှဝင်စွက်ဖက်လို့မရဘူး .. ငါတို့ဘ၀က ဘာတွေလဲ ဘယ်လောက်ခံပြင်းဖို့ကောင်းလဲ ? ကဲ ဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ ၈ပူးက ကိုမင်းကိုနိုင်တို့ တူရကီကို နည်းနည်းလောက်ဝင်စွက်ဖက်ကြည့်ပေးစမ်းပါ .. တူရကီ က အခုဖြစ်နေတဲ့ပြဿနာကို ခင်ဗျားတို့ဖိအားပေးပြီး ထိန်းချုပ်ကြည့်ကြစမ်းပါဦး .. ခင်ဗျား တို့အရည်အချင်းကိုကြည့်ချင်လို့ပါ .. သူများကြိုးဆွဲတာပဲကတတ်တာလား ကိုယ်ကပြန်ပြီးကြိုး ဆွဲနိုင်တဲ့အရည်အချင်းရှိလားဆိုတာ ကျုပ်တို့သိချင်လို့ပါ ..

အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ဖို့ လူကုန်ကူးသူတွေကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး - ကိုဂျိုး

KIA စစ်သမီးများ ***************** မကြည့်ရသေးသူတွေအတွက်ပါ

သမိုင်းပါမောက္ခဒေါက်တာအေးကျော်၏ သမိုင်းဝင်ရခိုင်သမိုင်းသျှင်းလင်းချက်(၁၀)

<iframe src="https://www.facebook.com/video/embed?video_id=402157386570450" width="352" height="288" frameborder="0"></iframe>

ကျောက်ဖြူ လယ်သမား ၁၃ ဦးမှ ပိုက်လိုင်းကြောင့် ပျက်စီးမြေအတွက် လျော်ကြေးရလိုကြောင်း အထက်ကို စာတင်

သတင်း — June 20, 2013 at 11:19 am


( နိရဉ္စရာ- ၂၀ ဇွန် ၂၀၁၃)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ လယ်သမား ၁၃ ဦးသည် ဂတ်စ်နှင့် ရေနံပိုက်လိုင်း ဖေါက်လုပ်ရာတွင် ပျက်စီးသွားခဲ့သော သူတို့၏ လယ်မြေများ အတွက် လျော်ကြေး ရလိုကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံ စာရေးပြီး တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။
Kyauk-pru-Pipeline
တောင်းဆိုသူ လယ်သမား ၁၃ ဦးမှာ ကျောက်ဖြူမြို့နယ် ဂြင်ကြီး ကျေးရွာအုပ်စု ကျောက်ခမောက် ကျေးရွာမှ ဖြစ်ကြောင်း လူမူရေး ဆောင်ရွက်နေသူ ကျောက်ဖြူမြို့မှ ဦးသန္တာမောင်က ပြောသည်။
“ သူတို့က မနေ့က မြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ စာလာတင်ပါတယ်။ ကျောက်ခမောင်းရွာက ဦးသန်းခင် ဦးစီးပြီး လာတင်တာ ဖြစ်ပါတယ်။ ဆုံးရှုံးသွားတဲ့ လယ်က တစ်ယောက်မှ နှစ်ဧက၊ သုံးဧက အဲသလို မျိုးရှိကြပါတယ်” ဟု ဆိုသည်။
ကျောက်ခမောက်ကျေးရွာတွင် ဂတ်စ်နှင့် ရေနံပိုက်လိုင်းကြောင်း လယ်သိမ်းခံရသူနှင့် လယ်မြေ ပျက်စီးသွားသူ လယ်သမား ၂၆ ဦးရှိကြောင်း သိရသည်။ ထိုအထဲမှ ၁၃ ဦးကိုသာ လျော်ကြေးပေးပြီး ကျန် ၁၃ ကိုမူ တစ်စုံတစ်ရာ လျော်ကြေး မပေးကြောင်း သိရသည်။
“ သူတို့ ကျောက်ခမောက်က လယ်မြေတွေ အသိမ်းခံရတာ စုစုပေါင်း လယ်သမား ၂၆ ဦးပါ။ ဒီအထဲက ၁၃ ဦးကိုဘဲ ပေးတယ်။ ကျန် ၁၃ ဦးကျတော့ မပေးဘူး။ သူတို့မှာလည်း ပိုက်လိုင်းတွေကြောင့် လယ်မြေတွေ အသိမ်းခံရသလို တစ်ချို့မြေတွေဆိုရင် စိုက်ပျိုးလို့ မရတော့ဘူး။ ဒါကြောင့် လျော်ကြေးရဖို့ စာတင်တာပါ” ဟု သူက ဆိုသည်။
ပိုက်လိုင်း မြုပ်ရန် အတွက် လယ်မြေများကို မြေတူးစက်များဖြင့် တူးဖေါ်ပစ်ပြီး ထွက်လာသော မြေစာများကိုလည်း အနီးအနားရှိ လယ်ကွင်းများတွင် စုပုံထားသဖြင့် ပိုက်လိုင်း တလျှောက်ရှိ အနီးအနား လယ်မြေ အများအပြားမှ ထွန်ယက် စိုက်ပျိုး၍ မရဘဲ ဖြစ်နေကြောင်း သိရသည်။
လယ်သမားများအနေဖြင့် သူတို့ မြို့နယ် အုပ်ချုပ်ရေးမှူးထံကို ပေးသို့စာကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအုံးတင်၊ ကျောက်ဖြူ ခရိုင် ဥက္ကဌ နဲ့ တစ်ခြား အဖွဲ့အစည်းများသို့လည်း  မိတ္တူပေးကြောင်း  သူက ပြောသည်။
လယ်သမားများတင်သော စာကို မြို့နယ် ဒု ဦးစီးမှူးက လက်ခံယူထားလိုက်ပြီး စစ်ဆေးမူများ ပြုလုပ်သွားမည်ဟု အဆိုပါ အရာရှိက ပြောကြောင်း သိရသည်။  NARINJARA

Wednesday, June 19, 2013

Amazing!!!!!!!!! Practice Can Make Everything Perfect

arakan patriot

သမိုင်းပါမောက္ခဒေါက်တာအေးကျော်၏ သမိုင်းဝင်ရခိုင်သမိုင်းသျှင်းလင်းချက်(၁)

Monday, June 17, 2013

RNDP နှင့် ALD တို့ “ရခိုင်အမျိုးသားပါတီ” အမည်ဖြင့် သမိုင်းစာမျက်နာသစ် ဖွင့်လှစ်

နိုင်ငံရေး — June 17, 2013 at 3:12 pm

 

( နိရဉ္စရာ- ၁၇ ဇွန် ၂၀၁၃) / မောင်ရမ္မာ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့သည် လက်ရှိ ရှိနေသော မိမိတို့ ပါတီများအား ဖျက်သိမ်းပြီး ရခိုင်အမျိုးသား ပါတီ ( Arakan National Party) အဖြစ် ပူးပေါင်း လိုက်ကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
RNDP နှင့် ALD ခေါင်းဆောင်များ ယနေ့ (ဇွန် ၁၇) ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးနေကြစဉ်။
RNDP နှင့် ALD ခေါင်းဆောင်များ ယနေ့ (ဇွန် ၁၇) ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးနေကြစဉ်။
ထိုသို့ ပေါင်းစည်းလိုက်ကြောင်းကို ပေါင်းစည်းရေး အစည်းအဝေးမှ ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။
ရန်ကုန်မြို့ ရခိုင်သဟာယ အသင်းရုံး၌ ၂၀၁၃ ခု ဇွန်လ ၁၅ ရက်မှ ၁၆ ရက်နေ့ထိ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှ အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
နှစ်ပါတီသဘောတူ ကြေငြာချက်တွင် ပါဝင်သော အချက်များနှင့် ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က နိရဉ္စရာသို့ ပြောသည်။
“ အဓိက ကတော့ နှစ်ပါတီကို တစ်ပါတီတည်း ပေါင်းစည်းဖို့ သဘောတူတယ်။ ပါတီသစ်မှာ ပါဝင်ဖို့အတွက် လျှောက်ထားရဖို့ အချက်ပါတယ်။ နှစ်ပါတီက ပါဝင်တဲ့ ပုဂ္ဂိုလ်တွေဟာ ပါတီက နှုတ်ထွက်ပြီးတော့ နောက် တပါတီ မထူထောင်ရဆိုတဲ့ အချက်တွေပါတယ်။ ပါတီရဲ့ မူဝါဒအနေနဲ့ လူမျိုးကို အခြေခံပြီးတော့ ကိုယ်ပိုင်ပြ ဌာန်းခွင့်၊ တန်းတူအခွင့်အရေးရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်သွားဖို့အတွက် သဘောတူတဲ့ အချက်တွေ ပါတယ်။ နောက်ပြီး ပါတီသစ်ကို မြန်မာနိုင်ငံ တပြည်လုံးမှာ စည်းရုံးဖွဲ့စည်းသွားဖို့ ဆိုတာ ပါတယ်။ ပါတီကို ဖွဲ့စည်းတဲ့အခါမှာ တဖက်က ၁၅ ယောက်စီနဲ့  ဖွဲ့စည်းသွားဖို့ ပါတယ်။ ပါတီကိုတော့ (Arakan National Party) ရခိုင် အမျိုးသားပါတီ အနေနဲ့ထားဖို့၊ ပါတီရဲ့ အလံ တံဆိပ်တွေကိုလည်း ကြေငြာချက်မှာ ဖေါ်ပြပြီးတော့ နှစ်ဖက် လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။”
နှစ်ပါတီ သဘောတူ ကြေငြာချက် ၁၁ ချက်ကို နှစ်လအတွင်း အကောင်အထည်ဖေါ် လုပ်ဆောင်သွားမည်ဟု လည်း ဦးအေးသာအောင်က ပြောသည်။
အမျိုးသားရေး လိုအပ်ချက်အရ နိုင်ငံရေး ပါတီ (၂) ခုကို တစ်ပါတီအဖြစ် ပေါင်းစည်းနိုင်ခဲ့သဖြင့် နှစ်ပါတီ ခေါင်းဆောင်များ၏ ဆောင်ရွက်ချက် အပေါ် အားရကျေနပ်မှု ရှိကြောင်း ALD ဥက္ကဌ ဦးအေးသာအောင်က ဆက်ပြောသည်။
“ အခုလို နှစ်ပါတီပေါင်းစည်းဖို့ မူအရပါ၊ ဖွဲ့စည်းပုံအရပါ သဘောတူလိုက်ပြီးတော့ နှစ်ပါတီက လက်မှတ်ထိုးတဲ့ အတွက်ကြောင့် ပါတီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလဲ ၀မ်းသာတယ်။ တမျိုးသားလုံး အတိုင်းအတာနဲ့လဲဘဲ အခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တစ်ပါတီတည်း ပေါင်းစည်း တည်ထောင်နိုင်တဲ့အတွက် အားရ ကျေနပ်ကြပါတယ်” သူက ဆက်ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ် နေရာ ၃၅ နေရာ အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီဖြစ်သကဲ့သို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှာလည်း ၁၉၉၀ ရွေး ကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၁၁ ဖြင့် အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။ NARINJARA

ရခိုင် တေးသံရှင် ဒိုးရီ ၏ ဇနီး ဓါးထိုး အသတ်ခံရ

သတင်း — June 17, 2013 at 11:35 pm

 

( နိရဉ္စရာ- ၁၇ ဇွန် ၂၀၁၃)
ရခိုင်တေးသံရှင် ဒိုးရီ ၏ ဇနီးဖြစ်သူ မဥမ္မာထွန်း (၃၂-နှစ်) မှာ ယနေ့  ဇွန်လ ၁၇ ရက်နေ့  ညနေ (၆) နာရီခန့်တွင် အိမ်နီးချင်းတစ်ဦး၏ ဓါးဖြင့် ထိုးသတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း Coral Arakan Facebook ၏ သတင်း စာမျက်နာတွင် ဖေါ်ပြထားသည်။
10539_611780608841517_1721875280_nအိမ်နီးပါးချင်း နေထိုင်သူ ဦးမောင်တုတ်ဆိုသူက ဓါးဖြင့် ထိုးသတ်သွားကြောင်း သတင်းတွင် ဖေါ်ပြသည်။
လူသတ်တရားခံ ဖြစ်သူ ဦးမောင်တုတ် နှင့် အခင်း မဖြစ်ပွားမီ တနေ့က တစ်ကြိမ် နှင့် ယနေ့နေ့လယ်ပိုင်းက တစ်ကြိမ် ကိုဒိုးရီတို့ လင်မယား နှင့် စကားများခဲ့ကြပြီးနောက် ညနေပိုင်းတွင် မဥမ္မာထွန်းကို ဦးမောင်တုတ်၏ ဓါးဖြင့် ထိုးသတ်သွားခဲ့သည်ဟု ဆိုသည်။
တရားခံဖြစ်သူအား ယခု အချိန်အထိ ဖမ်းဆီးမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေသည်ဟု ဆိုသည်။
ကွယ်လွန်သူ မဥမ္မာထွန်းတွင် ကလေးသုံးယောက် ကျန်ရစ်ခဲ့ပြီး၊ အငယ်ဆုံးကလေးမှာ အသက်သုံးနှစ် အရွယ်မျှသာ ရှိသေးသည်ဟု သိရသည်။
ကွယ်လွန်သူ မဥမ္မာထွန်းအား ဇွန်လ ၁၉ ရက်နေ့တွင်  သင်္ဂြိုံလ်မည်ဖြစ်ကြောင်း သိရသည်။ NARINJARA

ရခိုင်သာတယောက်

လွန်ခရေနှစ်ပေါင်း ၂၀ ကျော်က ပြောခရေမိန့် ခွန်းပါ။နားထောင်လို့ မကောင်း နားထောင်သူအတွက်အကျိုးဖြစ်တေ နားထောင်ဖူးပြီးသား နောက်ထပ် နားထောင်ချင်ရေ။

ရခိုင်သားလေး နည်းပညာ

 
ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၅)နည်းကို ပြောပြပါမယ်။ သိပြီးတဲ့ ...လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။
ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။

နည်းပညာ လေ့လာမူနဲ့  ပတ်သက်ပြီး ရခိုင်သားလေးကိုယ်တိုင် ရွာလည် တိုင်ပတ် အနှပ်ခံခဲရသလို ရခိုင်သားလေးတို့  သူငယ်ချင်းတွေကိုလည် မကြုံရအောင် ပြန်လည်မျှဝေပေးတာပါ
ရခိုင်သားလေးရဲ့  မေ့ခ်ျ အိမ်လေးက သင့်အတွက် ကျေနှပ်မူ တစ်ခုခု ရသွားခဲရင် အမြဲးတမ်း ကျေနှပ်နေသူရခိုင်သားလေး
ရခိုင်သားလေးရဲ့  မေ့ခ်ျ အိမ်လေးကို အလည်ရောက်လာပြီး ဗဟုသုတ အသိပညာ တစ်ခု တိုးခဲမယ်ဆိုရင် ကျေးနှပ်ပါပြီး အားပေးစကား တစ်ခွန်း ဝေဖန်အကြံပေး စာလေးတစ်ကြောင်း ချန်ခဲမယ်ဆိုရင်တော့ အင်တာနှတ်ပေါ်မှာ ခြေလမ်းမှားပြီး ရှောက်လမ်းခဲတဲ့  ညတွေအတွက် အားဆေးတစ်ခွပ် ဖြစ်ပါလိမ်မယ် facebook

Sunday, June 16, 2013

ဆရာတော်ရွှေည၀ါဘုရားကြီး ဂျပန်မှ တိုက်ရိုက်ပြောဆိုနေပါတယ်။ မီဒီယာ တွေ့  ကြည့် စေချင်ပါတယ်.သေသေချာချာနားထောင်ကြဖို့ ပြောလိုပါတယ်.။ သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသနှင့် ရွှေညဝါဆရာတော် အမေးအဖြေ..ဖြစ်ပါတယ်။

ရခိုင်၏သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာအသေးစိတ် သုတေသနပြုကာလေ့လာခဲ့သူ ပြင်သစ်နိုင်ငံသားသမိုင်းပညာရှင် Dr,Jacques Leider မှဆက်လက်ပြောကြားသည်မှာ ရိုဟင်ဂျာမှာ ရခိုင်တိုင်းရင်းသား မဟုတ်ပါကြောင်း...............။




ရိုဟင်ဂျာဆိုသည်မှာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်များနဲပတ်
သတ်ပြီး Concept မရှိပါဘူးတဲ့။ သူတို့တွေအနေနဲ့မတ်တပ်ရပ်ပြီးတော့ သူတို့ဟာမြန်
မာတိုင်းရင်းသားပါလို့ ကြွေးကြော်လို့တော့ မရနိုင်ပါဘူး။

ပြီးတော့ ဒီလိုအော်နေတာက အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးလို့ကျွန်တော်ထင်ပါ
တယ်။ သူတို့တွေအနေနဲ့ရခိုင်ပြည်မှာမျိုးဆက်တခုမက နေထိုင်လာကြတဲ့မူစလင်တွေ
ပါလို့ပြောရင်တော့ငြင်းဖို့ခက်ပါတယ်။ ရိုဟင်ဂျာဆိုတာဝေါဟာရတစ်ခုပါ။ ရှေးဟောင်း
စကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှ ဒါကို
အသုံးပြုခဲ့ပြီးတော့ နိုင်ငံရေးခေါင်းစဉ်တပ်နိုင်ဖို့အတွက်တောင်းဆိုနေခြင်းဖြစ်ပါတယ်။

အခုအချိန်အထိတော့ သူတို့အားလုံးဟာ ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေအားလုံး
အနေနဲ့အဲဒီနိုင်ငံရေး ခေါင်းစဉ်တစ်ခု၏အောက်မှာ အကျုံးဝင်ဖို့အဆင်သင့်မဖြစ်ပါဘူး။
ကျွန်တော်ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့စဉ်တုန်းက ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို
ကူးလာတဲ့ မူစလင်တွေအားလုံးကို ခင်ဗျားတိုဟာ ရခိုင်ပြည်ကလာတဲ့ ရိုဟင်ဂျာလားလို့ 
မေးကြည့်ခဲ့ဖူးပါတယ်။ ။ သူတို့ကပြောပါတယ်။ ကျွန်တော်တို့ကရိုဟင်ဂျာမဟုတ်ပါဘူး
ကျွန်တော်တို့က ရခိုင်ပြည်မှာ နေထိုင်ခဲ့ကြတဲ့ ဘင်္ဂလီလူမျိုးမွတ်စ်ဆလင်တွေဟုဆိုကြ
ကျွန်တော်တို့ကို ရိုဟင်ဂျာဆိုတဲ့ စတေးတပ်ကာ ကပ်ပေးလို့မရပါဘူးလို့ဆိုခဲ့ပါတယ်။

Q: Are the Rohingya an ethnic group of Burma?
A: My answer is that Rohingya is not an ethnic concept. Okay, they can stand
up and say we are an ethnic group inside Myanmar.But I think that is not the
best way. When you argue we are Muslims and we have been living in Ranki
ne for several generations, nobody can deny it. For me,Rohingya is the term,
which is an old word that has been claimed as above all as a political label >
after the independence of Myanmar.For the moment,I do not see that all the
people there readily submit to one and a single label. When I was in Banglad
-esh, people pointed out Muslims to me who originally lived in Rankine. They
have now moved to Bangladesh and when you ask them, “ are you Rohingya
coming from Rankine?” they say, “no, we are Muslims who live in Rankine,
we do not take for us the label Rohingya.”

ရိုဟင်ဟူသည့်ဝေါဟာရသည် (China ကို တရုတ်ဟု မြန်မာတို့ ကခေါ်ကြသကဲ့သို)ရခိုင်
ပြည်ကိုဘင်္ဂလီများက ဘင်္ဂလီဘာသာဖြင့်ရှေးခေတ်ပသီများကနေ(ရိုဟင်)ဟုခေါ်ဆိုကြ
ခြင်းသာဖြစ်ပြီး ဆင့်ပွားဝေါဟာရဖြစ်သော ရိုဟင်ဂျာဆိုသည်မှာ ရခိုင်ပြည်သားဟု အဓိ
ပ္ပါယ်ရကြောင်း နောက်ပိုင်းမှ ရခိုင်လူမျိုးတို့ သိခဲ့ကြရလေသည်။

ရခိုင်ပြည်သားဆိုသည့် အဆိုပါ(ဝေါဟာရသည်)ရခိုင်ပြည်သား(သို့) ရခိုင်လူမျိုးများနှင့်
သာသက်ဆိုင်နေပြီး ၁၉၅၀ - ခုနှစ်၊ နောက်ပိုင်းကာလမှ ရခိုင်ပြည်အတွင်းသို့ဘင်္ဂလား
ဒေ့ရှ်များမှခိုးဝင်လာသူ ဘင်္ဂလီများနှင့် လုံးဝသက်ဆိုင်မှုမရှိပါကြောင်း သိရှိရလေသည်။
၁၉၅၀ - ခုနှစ်၊နောက်ပိုင်းတွင်နည်းအမျိုးမျိုးတို့ ဖြင့် ဘင်္ဂလားဒေ့ရှ်ဒ်နိုင်ငံမှခိုးဝင်လာသူ
ဘင်္ဂလီလူမျိုးတိုနှင့် မူရင်းနေ(ပသီတို့ )ရောနှောကာ နေထိုင်လာကြရာမှ လူဦးရေအစမ
တန် တိုးပွားလာခြင်းသာ ဖြစ်လေသည်။

စင်စစ်ဆိုရသော်ယခင်ကရှိခဲ့ပြီးသော ပြည်တွင်းနေမွတ်ဆင်လူမျိုးတို့ ၏ အဆိုပါလူမသိ
လူမသိ (ရိုဟင်ဆိုသည့်ဝေါဟာရကို)အကြောင်းပြုပြီး ရခိုင်ပြည်နယ်ကိုခြေကုတ်ယူ၍ထို
မှစတင်၍မြန်မာနိုင်ငံကို အစ္စလာမ်မစ်နိုင်ငံ ထူထောင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်ကိုစ
တင်ကာ အပိုင်သိမ်းဖို့ ရန် (ရည်ရွယ်ချက်ရှိရှိဖြင့်) လှုပ်ရှားလာခဲ့ခြင်းပင် ဖြစ်လေသည်။

ရိုဟင်ဆိုသည့်ဝေါဟာရကို ပညာမတောက်တခေါက်တတ်သူ (ဘင်္ဂလီ)များကနှစ်ပေါက်
တစ်ပေါက်ရိုက်ကာ လှည့်စားဖို့ ရန် ရည်ရွယ်၍အသုံးပြုကြခြင်းသာဖြစ်ပါသည်။ နိဂုံးချုပ်
ရသော် (ဘင်္ဂလီရိုဟင်ဂျာလူမျိုးဟူသည့်မှာ) ဘင်္ဂလားဒေ့ရှ်ဒ်နိုင်ငံမှ ခိုးဝင်လာသူဘင်္ဂလီ
လူမျိုးတို့ ၏ ပြည်တွင်းနေမွတ်စ်လင်လူမျိုးတို့ ပူးပေါင်းကာ (အစ္စလာမ်ဥပဒေအရ)မြန်
မာနိုင်ငံအား အစ္စလာမ်မစ်နိုင်ငံ ထူထောင်နိုင်ရေးအတွက် နိုင်ငံရေးကစားကွက်တစ်ခုမျှ
ပင်ဖြစ်သည်ဟု ရခိုင်သမိုင်းအားနှစ်ပေါင်း ၂၀ ကျော်ကြာမျှ အသေးစိတ် သုတေသနပြု
ကာလေ့လာခဲ့သူဖြစ်သည့် (ပြင်သစ်နိုင်ငံသားသမိုင်းပညာရှင်) Dr,Jacques Leider ဆို
သူမှ သူဤသို့ ကောက်ချက်ချကြောင်း သိရှိရပါသည်။

ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် (Dr, Jacques Leider)