Friday, March 1, 2013

ရခိုင်တစ်မျိုးသားလုံးအတွက် အသက်တမျှ အရေးကြီးသော ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန်လိုအပ်/ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးကြိုးပမ်းမူ(ယာယီ) ကော်မတီဖွဲ့စည်း

Posted on 4:24 PM by tun tun

Written by မိုးဇော်    Friday, 01 March 2013 16:20    PDF Print E-mail
AN- 0771ရခိုင်တစ်မျိုးသားလုံးအတွက် အသက်တမျှအရေးကြီးသော ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်လိုလာသဖြင့် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးကြိုးပမ်းမူ(ယာယီ) ကော်မတီ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။
" ကျနော်တို့မှာ ရခိုင်လူမျိုးဆိုတာ သမိုင်းအစဉ်အလာအရ ထွန်းကားလာပေမယ့် ကျနော်တို့ ရခိုင်လူငယ်လူရွယ်တွေဟာ ကိုယ့်ကိုယ်တောင် ရခိုင်လူမျိုးဖြစ်နေတာကိုတောင်မှ မသိကြတဲ့အနေအထားမျိုးရှိတယ်။ နောက်တစ်ချက်က ရခိုင်ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့တွေ၊ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့အတွက် အမျိုးသားနေ့တစ်ရပ်ကို ဖော်ထုတ်ပြီးတော့ ရခိုင်ယဉ်ကျေးမှုတွေ၊ ရခိုင်ရိုးရာဓလေ့တွေ၊ ဝတ်စားဆင်ယင်မှုတွေကို တညီတညွတ်တည်း ဖော်ထုတ်လို့ရှိရင် မိမိတို့ရခိုင်လူမျိုးတွေဟာ နောင်အနာဂတ်မှာလည်း ရေရှည်တည်တံ့ခိုင်မြဲသွားမှာဖြစ်ပါတယ်။ အမျိုးဂုဏ်ဇာတိဂုဏ် မပျောက်ပျက်အောင်၊ အမျိုးသားစိတ်ဓါတ်လည်း အခုထက်မက ရှင်သန်လာဖို့လို့ ယုံကြည်မိတဲ့အတွက် ရခိုင်အမျိုးသားနေ့ဟာ မဖြစ်မနေရှိသင့်ပါတယ်။ " ဟု RNDP တွဲဘက် အတွင်းရေးမှူး ခိုင်ပြည်စိုးက ပြောသည်။
အဆိုပါ ယာယီကော်မတီအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(ဗဟိုဌါနချုပ်)ရုံးတွင် စစ်တွေမြို့မှ သမိုင်းပညာရှင်များ၊ တတ်သိပညာရှင်များ၊ ဥပဒေပညာရှင်များ၊ ၀န်ကြီးများ၊ ပါတီဗဟိုကော်မတီဝင်များနှင့် တခြားစိတ်ပါဝင်စားသော လူပုဂ္ဂိုလ် (၅၀) ခန့်တွေ့ဆုံဆွေးနွေးကာ ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
" ကော်မတီ အတည်ပြုဖွဲ့စည်းပြီးတဲ့အခါ အချက်အလက်တွေကို စုဆောင်းပြီးတော့ မြို့နယ်တိုင်းမြို့နယ်တိုင်းကို သွားပြီးတော့ ရခိုင်အမျိုးသားနေ့ကို ဘယ်နေ့သတ်မှမလဲဆိုတာကို ဆန္ဒခံယူပွဲကျင်းပကာ လုပ်သွားမှာဖြစ်ပါတယ်။ သို့သော် အသေးစိတ်အချက်အလက်ကို လာမယ့်တနင်္ဂနွေနေ့ မှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ " ဟု ခိုင်ပြည်စိုးက ပြောသည်။
ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်အတွက် " ရခိုင်လူမျိုးတွေမှာ ရခိုင်ရာဇာဝင်ခေတ်၊ အင်္ဂလိပ်ခေတ်၊ ပြည်ထောင်စုမြန်မာနိုင်ငံခေတ်တွေမှာ ထူးခြားတဲ့ရက်တွေ အများကြီးရှိခဲ့ကြပါတယ်။ ရခိုင်ပြည် အချုပ်အခြာအာဏာကျဆုံးတဲ့နေ လည်းရှိတယ်။ အဲဒီအထဲက နေပြီးတော့ အခု ဦးတည်ချက်ကတော့ ကျဆုံးတဲ့နေ့ထက် အောင်ပွဲခံယူတဲ့နေ့ကို သတ်မှတ်မလားဆိုတဲ့ သဘောနှင့် စဉ်းစားထားကြပါတယ်။ အောင်ပွဲခံယူတဲ့နေ့မှာတောင်မှ စစ်ရေးနဲ့ အောင်ပွဲခံယူတဲ့ နေ့တွေရှိပါတယ်။ သဘောထားနဲ့ အောင်ပွဲခံယူတဲ့ နေတွေလည်းရှိပါတယ်။ အဲဒီနေ့တွေကို ရွေးချယ်သင့်တယ်လို့ သဘောထားကြပါတယ်။" ဟု ယာယီကော်မတီအဖွဲ့ဝင် ဦးမောင်ဗသိန်းက ပြောသည်။
ရခိုင်ပြည်နယ်(၁၇)မြို့နယ်၊ ရန်ကုန်မှရခိုင်များ၊ နိုင်ငံတကာရောက်ရခိုင်များမှ သမိုင်းပညာရှင်များ၊ တတ်သိပညာရှင်များ၊ စာရေးဆရာများ၊ ရဟန်းသင်္ဃာတော်များနှင့် ရခိုင်တမျိုးသားလုံး၏ သဘောဆန္ဒကို တောင်းခံပြီး ရခိုင်တမျိုးသားလုံး လက်ခံနိုင်သော နေ့တစ်ရက်ဖြစ်အောင် နိုးဆော်ပြီးသဘောထား တောင်းခံကာ လုပ်ဆောင်သွားမည်ကို ယာယီကော်မတီမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယာယီကော်မတီအား ၁။ ဦးအောင်လှသိန်း၂။ ဦးအောင်ချစ် ၃။ ဦးမောင်ဗသိန်း ၄။ ဦးညိုသန့် ၅။ ဦးဖိုးကျော်သန်း ၆။ ဦးစောမောင် ၇။ ဒေါက်တာတင်အောင် ၈။ ဦးသာပွင့် ၉။ ဂေါရာမြေစောဝင်း ၁၀။ ဗဂျီးကျော်၁၁။ ဦးဝေစိန်အောင်၁၂။ ဦးကျော်ရွှေမောင် ၁၃။ ဦးကျော်ဆန်း ၁၄။ ဒေါ်အေးနုစိန် ၁၅။ ဦးအောင်မြကျော်တို့ဖြင့် ဖွဲ့စည်းခဲ့ကြပြီး ရဟန်းသင်္ဃာများထဲမှ ၂ ဦး၊ ရှေ့နေများမှ ၂ ဦး၊ ALD ပါတီမှ ၂ ဦး၊ စာရေးဆရာများမှ ၂ ဦး၊ ရဟန်းပျိုများမှ ၂ ဦး၊ အဖွဲ့အစည်းပေါင်းစုံမှ ၁ ဦး ကျစီ စည်းရုံးပြီး ကော်မတီအင်အားကို တိုးချဲ့ပြီး (၆) လအတွင်းတွင် ရခိုင်တမျိုးသားလုံးပါဝင်သော ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ညီလာခံကြီးကို ပြုလုပ်ပြီး ရွေးချယ်သွားမည်ကို ဆုံးဖြတ်ခဲ့ကြသည်။
AN- 0071
AN- 007  ARAKAN TIMES
သတင်း — March 1, 2013 at 10:28 am

ဘင်္ဂလာဒေခ်ျ့တွင် လူ ၃၃ ဦး သေဆုံးပြီး ဟိန္ဒူနှင့် ဗုဒ္ဓဘာသာကျောင်းများ မီးရှို့တိုက်ခိုက်ခံရ

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ မနေ့က ဂျာမတ် အစ္စလာမ်မီယာက ခေါင်းဆောင် တစ်ဦး သေဒဏ် ပေးခံရပြီးနောက် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ခဲ့ရာမှာ လူပေါင်း ၃၃ ဦး သေဆုံးပြီး ဟိန္ဒူကျောင်း ၅ ကျောင်းနဲ့ ဗုဒဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတို့ မီးရှိ့ တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။
Jamaat ramage၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပေါင်းပြီး လူသားမျိုးနွယ်အပေါ် စစ်ရာဇ၀တ်မူတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ဂျာမတ် အစ္စလာမ်မီယာ ပါတီက ဒုဥက္ကဌ ဒေလ၀ါ ဟူစိန် ဆာယီဒီကို ဘင်္ဂလာဒေခ်ျ့က ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ ရာဇ၀တ်မူ ခုံရုံးက မနေ့က သေဒဏ်ပေးခဲ့ပါတယ်။
အဲသလို သေဒဏ်ချမှတ်လိုက်ပြီး နောက်ပိုင်းမှာ ဂျာမတ် အစ္စလာမ်မီယာပါတီနဲ့ သူရဲ့ ကျောင်းသား အဖွဲ့ ဖြစ်တဲ့ ချီဘီ ပါတီရဲ့ နောက်လိုက်တွေက ခုလို ဆူပူတွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆူပူမူ အတွင်း ဟိန္ဒူ ဘုရားကျောင်း ၅ ကျောင်းနဲ့ ဗုဒဘာသာ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း အပါအ၀င် အိမ်တွေနဲ့ ဈေးဆိုင်တွေကို မီးရှို့ တိုက်ခိုက် တာတို့၊ လုယက်တာတို့ ဖြစ်ပေါ်ခဲ့သလို ရဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်မူတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
ဗုဒဘာသာ ဘုန်းတော်ကြီးကျောင်း မီးရှို့ခံရတာက စစ်တကောင်းခရိုင် Banshkhali  မြို့နယ် အတွင်းမှာ ဖြစ်ပြီး အဲဒီမြို့နယ်က ဟိန္ဒီ လူမျိုးတွေ အများဆုံးနေထိုင်တဲ့  Jaldi ဆိုတဲ့ နေရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
န၀ါခါလီ ခရိုင်အတွင်းက Rajganj မှာ ဟိန္ဒူ ဘုရားရှိခိုးကျောင်း တစ်ကျောင်းနဲ့ လူနေအိမ် ၈ လုံးကိုလည်း မီးရှို့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ ပစ်ခတ်တဲ့ အတွက် လူ (၂) ဦး သေဆုံး သွားခဲ့ပါတယ်။
အဓိက အားဖြင့် တိုက်ခိုက်သူတွေဟာ ဟိန္ဒူ လူမျိုးတွေ အပေါ် အဓိက ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒေလ၀ါဟူစိန် ဆာယီဒီ အမူမှာ ဟိန္ဒူ မိသားစု တစ်ချို့က မျက်မြင်တွေ အဖြစ်နဲ့ သက်သေထွက်ဆို ပေးခဲ့ကြတဲ့ အတွက် ခုလို တုန့်ပြန် တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ခုသေဆုံးသွားသူ ၃၃ ဦးထဲမှာ ရဲတပ်ဖွဲ့ဝင် ၄ ဦးပါဝင်ပြီး ဂျာမတ် အစ္စလာမ်မီယာနဲ့ ချီဘီ ကျောင်းသား အဖွဲ့က လူပေါင်း ၂၀ သေဆုံးရာမှာ ပါဝင်တယ်လို့ အဲဒီအဖွဲ့က ပြောကြောင်း သတင်းစာတွေမှာ ရေးသား ဖေါ်ပြ ပါတယ်။
ဒီနေ့ဟာ သောကြာနေ့ ဖြစ်တာကြောင့် နေ့လည်ပိုင်းမှာ အခြေအနေ ပိုဆိုးနိုင်တဲ့ အတွက် ဗုဒဘာသာ ၀င်တွေ အပါအ၀င် လူနည်းစုတွေကတော့  သူတို့ရဲ့ လုံခြုံရေးကို အထူး စိုးရိမ်နေကြပါတယ်။
နိုင်ငံ အနှံ့အပြားမှာ လုံခြုံရေးတွေကို တိုးမြှင့်ထားပြီး လမ်းတွေပေါ်မှာတော့ ဒေလ၀ါ ဟူစိန် ဆာယီဒီကို နိုင်ငံတကာ ခုံရုံးက သေဒဏ် ပေးလိုက်တဲ့အတွက် သီချင်းတွေ ဖွင့်ပြီး လူစု လူဝေးနဲ့ အောင်ပွဲခံနေကြသူတွေ ရှိသလို သေဒဏ်ပေးမူ အပေါ် မကျေနပ်တဲ့ သူတွေကလည်း တချို့ တချို့ နေရာတွေမှာ တိုက်ခိုက် ဖျက်ဆီးမူတွေကို ဆက်လုပ်နေကြတယ်လို့ သိရပါတယ်။
- See more at: http://www.narinjara.com/burmese/?p=4576#sthash.B8LOOirz.dpuf

No Response to "ရခိုင်တစ်မျိုးသားလုံးအတွက် အသက်တမျှ အရေးကြီးသော ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန်လိုအပ်/ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးကြိုးပမ်းမူ(ယာယီ) ကော်မတီဖွဲ့စည်း "

Leave A Reply