Monday, February 25, 2013

အိမ်မက်တွေ လက်တွေ့ ဖြစ်လာပါစေ…

Posted on 5:24 PM by tun tun

ဆယ်တန်းအောင်ပြီးရင် ဘာဆက်လုပ်မလဲဆိုတဲ့ အခြေအနေကို ရင်ဆိုင်နေခဲ့ရတဲ့ အချိန်လေးဟာ အသားဖြူဖြူ၊ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အသက် ၁၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခူးဦးရယ်အတွက် ဆယ်ကျော်သက်အရွယ်ရဲ့ ဘဝတကွေ့မှာခါးသီးလှတဲ့ အတွေ့အကြုံတခုဟု ဆိုရမှာပါ။ ပညာဆက်လက်သင်ယူနိုင်ဖို့ ကောလိပ်တွေ၊ တက္ကသိုလ်တွေမရှိတဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်နီလူမှုအသိုင်းအ၀ိုင်းကြားမှာ ခူးဦးရယ်လို ဆယ်ကျော်သက်အရွယ်တွေ နှစ်စဉ်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတခုပါ။
ခူးဦးရယ်တက်ခဲ့တဲ့ နယ်စပ်ဒေသက ကရင်နီအထက်တန်းကျောင်းမှာ တနှစ်ကိုကျောင်းသားဦးရေ ၂၀၀ ခန့် အထက်တန်းပညာကို နှစ်စဉ် အောင်မြင်ပြီးဆုံးကြပါတယ်။
ဆယ်တန်းလွန်ကျောင်းကို ပညာနှစ်နှစ် ဆက်လက်သင်ယူနိုင်ဖို့ သူတို့ထဲကအယောက် ၁၀၀ ၀င်းကျင်ကိုသာ စီစစ်ခေါ်ယူပြီး ကျန်တဲ့ကျောင်းသားတွေအတွက်တော့ ပညာဆက်လက် သင်ယူနိုင်ဖို့အတွက် တခြားရွေးချယ်စရာလမ်းမရှိပါဘူး။
နှောင်နှစ်တွေစောင့်ပြီး ကြိုးစားဖြေဆိုမယ်ဆိုတဲ့ ကျောင်းသားတွေရှိသလို တချို့လည်း ဆယ်တန်းအောင်ပညာလေးနဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ရရာအလုပ်တွေကို ကြိတ်မိတ်ပြီး ၀င်လုပ်ကြရပါတယ်။ တချို့တော့ အိမ်ထောင်စောစောစီးစီး ကျသွားရရှာတယ်။
အတန်းပညာကို ဆက်လက်သင်ယူ ဆည်းပူးနိုင်ဖို့အခွင့်အလမ်းမရှိသေးတဲ့ ခူးဦးရယ်တယောက် သူ့ဘ၀တိုးတက်ဖို့ ဇွဲမလျော့ပါဘူး။ အတန်းပညာမရှိပေမဲ့ သူ့ဘ၀မှာ အတတ်ပညာဆိုတာဟာလည်း အရေးကြီးတဲ့အတွက် အခုဆိုသူ စွမ်းရည်မြင့်တင်ရေး သင်တန်းကျောင်းမှာ အတတ်ပညာနဲ့ အသိပညာတွေ လေ့လာဆည်းဖူးနိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။
"သင်တန်းကို စခန်းကော်မီတီကနေ ကြေငြာထားတယ်။ နောက်ဘာသာရပ်တွေကိုလည်း ဖော်ပြထားတယ်ပေါ့။ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်များလည်း ပါရှိတာကြောင့် ဒီသင်တန်းကိုလျှောက်ဖြစ်သွားခဲ့ပါတယ်... ကျနော်စိတ်ဝင်စားဆုံး ဘာသာရပ်ကတော့ အင်္ဂလိပ်ဖြစ်ပါတယ် ။ ဘာဖြစ်လို့အင်္ဂလိပ်က ကျနော့တွက်ဖြစ်စေ တခြားသူတွေတွက်ဖြစ်စေ အရမ်းအရေးကြီးတဲ့ ဘာသာရပ်တွေဖြစ်တယ်ပေါ့ နောက်အခြားဘာသာရပ်တွေကိုလည်း ကြိုက်နှစ်သက်ပါတယ်"လို့ ခူးဦးရယ်ကပြောပါတယ်။
အခုခူးဦးရယ်တက်နေတဲ့ စွမ်းရည်မြင့်တင်ရေး သင်တန်းကျောင်းဟာ ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ KSWDC ကနေဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပါတယ်။ယခု ၂၀၁၃ခုနှစ်မှာဆိုရင် ကျောင်းသား/သူ အယောက်ပေါင်း ၁၅ယောက် တက်ရောက်နေတာကို တွေ့ရပါတယ်။
“အစပိုင်းကတော့ နွေရာသီကျောင်းပိတ်ရက်လေးတွေမှာဘဲ အခြေခံကွန်ပြူတာသင်တန်း၊ အခြားအထွေထွေ ဗဟုသုတသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကို ရက်တိုလောက်ဘဲဖွင့်ပြီး နောက်ပိုင်းမှ (၃) လကနေ စပြီးတော့မှ (၆) လအထိပေါ့နော် နောက်ဆုံး ဒီတစ်နှစ်ခါကျတော့ လုပ်ရင်းနဲ့ (၆) လကနေ ကို့လိုကန်လန့် ဆင်းသွားမယ်ဆိုရင် အလုပ်က မယ်မယ်ရရလည်း မရှိသေးဘူး နောက်ပညာကလည်း မပြည့်စုံသေးဘူး ဆိုတော့ စာသင်တဲ့နှစ်တစ်နှစ်သာ သက်မှတ်ပေးလိုက်တယ်။ နောက်ပြီး ကိုယ့်လူမူအသိုင်းဝိုင်းမှာ တကယ်ပြန်ပြီး အလုပ်လုပ်နိုင်ဖို့တွက်ရယ် သူတို့တွေ တခြားကျောင်းတွေကို ဆက်လက် လျှောက်နိုင်ရန်အတွက် ဒီစွမ်းရည်မြင့်တင်ရေးကျောင်းကို ဖွင့်ရခြင်းဖြစ်တယ်။ နောက်နှစ်တွေမှာလည်း ဒီထက်ပို ကောင်းမွန်အောင် လုပ်ဖို့လည်းရှိပါသေးတယ်”လို့ KSWDC ဒါရိုက်တာ ခူထဲဘူးက ရှင်းပြပါတယ်။
၂၀၀၈ ခုနှစ်ကဖွင့်လစ်ထားတဲ့ KSWDC စွမ်းရည်မြင့်တင်ရေးသင်တန်းကျောင်းမှာ အင်္ဂလိပ်ဘာသာရပ်၊ ကရင်နီအမျိုးသားစာပေနဲ့ ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်တွေ သင်ကြားဖို့ချပါတယ်။
"ကျနော်တို့ကရင်နီစာပေကို ဒုက္ခသည်မရှိခင် ဒီတော်လှန်းရေး နယ်မြေကတည်းကိုက မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေမှာ ပို့ချပြီးပြီပေါ့ အခုဒီမှာ လာရောက်ပို့ချရတာကတော့ အခြားဘာသာတွေ စကားတွေကိုသူတို့တတ်တယ် ဒီကရင်နီစကားတော့တတ်တယ်။ စာကိုမတက်တော့ သူတို့တွက် အားနည်းချက်ရှိတယ်လေ အားနည်းချက်မရှိအောင် နောက် မိခင်လူမျိုးဖြစ်ရက်နဲ့ မိခင်ဘာသာစကား မတက်ရင်မကောင်းဘူး ဆိုပြီး ကျနော်တို့နေရာတိုင်းကို လိုက်လံပို့ချနေပါတယ်။ သူတို့ဒီ ကရင်နီစာပေတက်မြောက်ထားရင် ကြိုက်တဲ့အသံနဲ့စကား တွေနဲ့သုံးနိင်တယ် တဖြည်းဖြည်းနဲ့လည်း ရုံးသုံးစာပေအဖြစ် လည်းအသုံးပြုနိုင်တယ် ရှေ့ဆက်ပြီးတော့သူတို့ ဖက်ရှု့မယ်ဆိုရင် သူတို့အနာဂါတ်မှာလည်း အသုံးဝင်သွားမှာဖြစ်တယ်။" လို့ ကရင်နီစာပေသင်ကြားပေးတဲ့ ဆရာယွီရယ်ကပြောပါတယ်။
KSWDC ကို ၁၉၉၆ ခုနှစ်ဇွန် လကတည်းက စတင် တည်ထောင်ခဲ့ပါတယ်။ အဖွဲ့အစည်းဟာ ကရင်နီပြည်တွင်းမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးပုန်းရှောင်နေကြတဲ့ (IDP) အတွက် အရေးပေါ် ကယ်ဆည်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ထူထောင်ထားခဲ့တာ ဖြစ်ပါတယ်။
KSWDC ကနေယခုလက်ရှိကရင်နီပြည်မှာ INGOs တွေနဲ့ အစိုးရတို့မရောက်နိုင်တဲ့ IDP ဒေသနဲ့  ရွာစွန်၊ ရွာဖျားတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေပါတယ်။
KSWDC စွမ်းရည်မြင့်တင်ရေးကျောင်းကိုရောက်လာတဲ့ ခူးဦးရယ်ဟာ အခုသူအတန်းပညာကို ဆည်းဖူးနေရသလိုပါဘဲ။
သင်တန်းကျောင်းက သင်ကြားပို့ချတဲ့စာတွေကို လိုက်နိုင်ဖို့ အချိန်တွေကို စနစ်တကျ စီမံခန့်ခွဲရပါတယ်။ သင်တန်းကျောင်းမှာ သူပျော်နေပါတယ်။
သူရဲ့  ဂုဏ်သတင်းတွေဟာလည်း သူနဲ့အတူ သင်တန်းကျောင်းတက်နေတဲ့ သူငယ်ချင်းတွေကြားမှာ ထင်ပေါ်ကျော်ကြားလျက် ရှိနေပါတယ်။
ခူးဦးရယ်ဟာ သူပညာပြည့်စုံတဲ့တနေ့ သူ့ရဲ့လူမှုအသိုင်းအ၀ိုင်းအတွက် ပြန်လှည်အလုပ်ကျွေးပြုဖို့ စိတ်အားထက်သန်မှုတွေ ရှိနေတဲ့အတွက် အခုသူရောက်နေတဲ့ KSWDC စွမ်းရည်မြင့်တင်ရေးကျောင်းရဲ့ ရည်ရွယ်ချက်တွေနဲ့လည်း တထပ်တည်း ကိုက်ညီမှုတွေ ရှိနေပါတယ်။
စွမ်းရည်မြင့်တင်ရေးမှာ သင်တန်းကျောင်းပြီးသွားလို့ အတန်းပညာ၊ ပညာတော်သင် အခွင့်အလမ်း ရှိလာမယ်ဆိုရင်လဲ သင်တန်းကျောင်းကသူ့ကို တတ်နိုင်သလောက် ကူညီမှာဖြစ်ပါတယ်။
"ဒီစွမ်းရည်မြင့်တင်ရေးကျောင်း ပြီးသွားရင် ဆတ်လက်ပြီးကျောင်းတွေကို ဆက်သွားဖို့ရှိပါတယ်"လို့ ခူးဦးရယ်ကပြောပါတယ်။
ခူးဦးရယ်တယောက် စွမ်းရည်မြင့်တင်ရေးကျောင်းမှာ သူကြိုးစားတလောက် သူ့ရဲ့အိမ်မက်တွေ လက်တွေ့ဖြစ်လာနိုင် သလို ကျောင်းအတွက်ပါ အကျိုးရှိမှာသေချာပါတယ်။     ktimes

No Response to "အိမ်မက်တွေ လက်တွေ့ ဖြစ်လာပါစေ…"

Leave A Reply