Wednesday, February 27, 2013

အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဝါးဆုံး ဆီးနှင်းမုန်တိုင်း တိုက်ခိုက်

Posted on 3:34 PM by tun tun


Written by အာရ်ကန်တိုင်းမ်စ်    Wednesday, 27 February 2013 13:36    PDF Print E-mail
Photo For AT copyအမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် တစ်ခုကာလအတွင်း အဆိုးဝါးဆုံး ဆီးနှင်းမုန်းတိုင်းတစ်ခု ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ထူထပ်ပြင်းထန်စွာ ကျဆင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုအကြိမ်တိုက်ခိုက်ခဲ့သည့် ဆီးနှင်းမုန်တိုင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးသမိုင်းဝင်မည့် ဆီးနှင်းမုန်တိုင်း (Blizzard) ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ နေထိုင်လာခဲ့သည့် မနန္ဒာဝေက အာရ်ကန်တိုင်းမ်စ်သို့ပြောသည်။
" ကျမ ဒီပြည်နယ်မှာ အခြေချနေထိုင်လာခဲ့တာဟာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပါပြီ။ ဒီလောက်ဆိုးဝါးစွာ ကျဆင်းတိုက်ခိုက်တဲ့ ဆီးနှင်းမုန်တိုင်းမျိုး တစ်ခါမှ မကြုံခဲ့ပါဘူး။ သယ်ယူပို့ဆောင်ရေး၊ မော်တော်ယဉ်လမ်းကြော၊ လေယာဉ်ခရီးစဉ်၊ အစိုးရရုံး၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်းနှင့် စက်ရုံအလုပ်ရုံများ ပိတ်ထားခဲ့ရတဲ့အခြေအနေထိ ကြုံတွေ့ခဲ့ရတာဟာ ဆယ်စုနှစ်တစ်ခုအတွင်း ဒီအကြိမ်ဟာ ပထမဆုံးအကြိမ်ပါ။ " ဟု ပြောသည်။
ဆီးနှင်းမုန်းတိုင်းသည် အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်းပြည်နယ်နှင့် အလယ်ပိုင်းပြည်နယ် တက္ကဆက်စ် (Texas)၊ ကင်ဆာ့စ် (Kansas)၊ အော်ကလာဟိုးမား (Okalahoma) နှင့် မီစ်ဆော်ရီ (Missouri) ပြည်နယ်များတွင် ကျဆင်းတိုက်ခိုက်ခဲ့ပြီး တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် ဆီးနှင်းမုန်တိုင်းများ (၅ ) လက်မခန့်ထိ ထူထပ်စွာ ကျဆင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် မော်တော်ယဉ်လမ်းကြော၊ လေယာဉ်ခရီးစဉ်၊ အစိုးရရုံး၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်း၊ ဈေးဆိုင်ခန်းများနှင့် စက်ရုံအလုပ်ရုံများ ပိတ်ထားခဲ့ရကြောင်း သိရှိရသည်။
ဆီးနှင်းမုန်တိုင်း ပြန်းထန်စွာ ကျဆင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အမာရီလိုမြို့တွင် သစ်ပင်များ ကျိုးကျပျက်စီးမှုကြောင့် လျပ်စစ်မီးကြိုးများပြတ်တောက်ကာ ဈေးဆိုင်နှင့် လူနေအိမ်တစ်ချို့ နာရီအတန်ကြာ လျပ်စစ်မီးပြတ်တောက်မှုများရှိခဲ့သည်။
မော်တော်ယဉ်လမ်းကြော၊ လေယာဉ်ခရီးစဉ်၊ အစိုးရရုံး၊ စာသင်ကျောင်း၊ ကောလိပ်၊ ဆေးရုံဆေးခန်း၊ စက်ရုံအလုပ်ရုံများနှင့် အမာရီလို အော်ကလာဟိုးမား ပြည်တွင်းအဝေးပြေးလမ်းမကြီး (Interstate Street 40) ကို တနင်္လာနေ့မှ အင်္ဂါနေ့ထိ နှစ်ရက်တိုင်တိုင် ပိတ်ပင်ထားခဲ့ရပြီး တက္ကဆက်စ် (Texas) ပြည်နယ်၊ ကင်ဆာ့စ် (Kansas) အော်ကလာဟိုးမား (Okalahoma) နှင့် မီစ်ဆော်ရီ (Missouri) ပြည်နယ်တို့တွင် လေယာဉ်ခရီးစဉ် နှစ်ထောင် (၂၀၀၀) နီးပါး အစီအစဉ်ဖျက်သိမ်းထားခဲ့ရကြောင်း ဆီးနှင်းမုန်တိုင်းမှတ်တမ်းများ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။Photo For AT 2 copy
အမာရီလိုမြို့လမ်းမများပေါ်တွင် အိမ်စီးကားများနှင့် ဟိုက်ဝေးလမ်းမပေါ်တွင် လော်ရီကားအကြီးများ ဆီးနှင်းရေခဲများကြားတွင် နှစ်မြုပ်သွားခဲ့ရပြီး ဇေယျသုခ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုလုံး ဆီးနှင်းရေခဲများလွှမ်းခြုံသွားခဲ့ရကာ ဆရာတော် သံဃာတော်များသည် ၂၅ ရက် တနင်္လာနေ့က ကျိန်းစက်တော်မူသည့်ကျောင်းဆောင်မှ ဆွမ်းစားဆောင်သို့ ကြွရောက်ကာ မွန်းတည့်ဆွမ်း သုံးဆောင်ရန်အတွက်ပင် အခက်အခဲရှိခဲ့ကြောင်း အမာရီလိုမြို့မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီလွင်က ပြောကြားသည်။
အဆိုပါ ဆီးနှင်းမုန်တိုင်းသည် ၂၅ ရက် တနင်္လလာနေ့ နှောင်းပိုင်းတွင်း အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်းပြည်နယ်နှင့် အလယ်ပိုင်းပြည်နယ်များမှ အရှေ့ဖက်ခြမ်းရှိ ချီကာဂို (Chicago) ပြည်နယ်သို့ ရွှေ့လျားသွားခဲ့ကြောင်း မိုးလေ၀ါသ ကြိုတင်ခန့် မှန်းချက် သတင်းများအရ သိရှိရပြီး လမ်းတံတားများတွင် ပိတ်ဆို့နေသည့် ဆီးနှင်းရေခဲများကို သယ်ယူပို့ဆောင်ရေးဌာနနှင့် မီးသတ်ဌာနများမှ ခေတ်မှီစက်ပစ္စည်းကရိယာများနှင့် ဆေးဝါးများအသုံးပြုကာ အင်အားသုံး ရှင်းလင်းဖယ်ထုတ်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

Photo For AT 3 copy                             ARAKAN TIMES

No Response to "အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဝါးဆုံး ဆီးနှင်းမုန်တိုင်း တိုက်ခိုက် "

Leave A Reply