Wednesday, January 23, 2013

အဓိကရုဏ်းအတွင်း ဖမ်းဆီးခံ ရခိုင်အကျဉ်းသား မိသားစုဝင်များအား ၀ံလက်မှငွေကြေးထောက်ပံ့

Posted on 6:52 PM by tun tun

Written by မိုးဇော်    Wednesday, 23 January 2013 12:29    PDF Print E-mail
U Tun Myint Thei 1၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများတွင်ဖြစ်ပွားခဲ့သော ကုလား-ရခိုင်အဓိကရုဏ်းအတွင်း ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရသော ရခိုင်အကျဉ်းသားများ၏ မိသားစုဝင်များအား ဝံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဇန္န၀ါရီလ (၂၂)ရက်နေ့က ငွေကြေးများထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။
အကျဉ်းသားများ၏ မိသားစုဝင်များ ကြုံတွေ့နေရသော အခက်အခဲတစ်ချို့ကို ဖြေရှင်းနိုင်ရန် မိသားစုတစ်စုစီကို မြန်မာကျပ်ငွေ ၁၀၀,၀၀၀ တစ်သိန်းကျ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ငွေကြေးထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ " ကျနော်တို့ပေးတယ်ဆိုတာက အဲဒီအကျဉ်းသားမိသားစုတွေက ဆင်းရဲနွမ်းပါးကြတယ်။ သားပဲဖြစ်ဖြစ်၊ အဖေပဲဖြစ်ဖြစ် အဖမ်းခံလိုက်ရတယ်ဆိုတော့ ကျန်လိုက်တဲ့မိသားစုက စားတာသောက်တာအဆင်မပြေကြဘူးလေ။ ပြီးတော့ သူတို့က တရားရုံးကိုအမြဲလိုလိုသွားနေရတယ်။ ဆိုတော့ သူတို့မှာ ငွေကြေးဆင်းရဲတဲ့အတွက် သူ့တို့ကို အထောက်အပံ့ဖြစ်အောင်ဆိုပြီးတော့ လှူဒါန်းရတာဖြစ်ပါတယ်။ နောက်တစ်ခုက အဲဒီလိုအဆင်မပြေတဲ့ကြားထဲမှာ ကျန်လိုက်တဲ့ကလေးတွေဟာ ပညာရေးနဲ့ကျန်းမာရေး၊ ဟာအရမ်းအခက်အခဲဖြစ်ကြတယ်။ အဲဒီအခက်အခဲတွေကို အထောက်အကူဖြစ်အောင်ဆိုပြီးတော့ လှူဒါန်းရတာဖြစ်ပါတယ်။ " ဟု ၀ံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုထွန်းမြတ်သိန်းက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
ဇွန်လနှင့် အောက်တိုဘာလများတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း ဖမ်းဆီးခံ ရခိုင်အကျဉ်းသားများမှာ မြောက်ဦးမှ(၂၂) ဦး၊ ကျောက်တော်မှ(၃၃) ဦး၊ ရသေ့တောင်မှ(၂)ဦးနှင့် ရမ်းဗြဲမှ (၁)ဦး စုစုပေါင်း (၅၈)ဦး၏ မိသားစုများအား ဝံလက်ဖောင်ဒေးရှင်းမှ ငွေကြေးများထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ရခိုင်များဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ကိုထွန်းမြတ်သိန်းက " ရခိုင်တွေဟာ ကိုယ့်မြေမှာ ကိုယ်နေတယ်။ အဲဒါကို ကျူးကျော်လာတဲ့လူမျိုးတွေရဲ့ ရန်ကိုခုခံကာကွယ်လို့ အခုလိုမျိုးနိုင်ငံတော်အစိုးရဆီမှာ ဖမ်းဆီးခံနေရတာကိုတော့ အရမ်းပဲစိတ်မကောင်း ဖြစ်မိတယ်။ ဒီလိုဘက်လိုက်မှုတွေရှိနေတယ်ဆိုတော့ ကျနော်တို့က အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ဘာဖြစ်လို့ဆိုတော့ အခုဖြစ်သွားခဲ့တဲ့ ပြဿနာတွေမှာ ရခိုင်တွေ ရာဇ၀တ်မှုကိုကျူးလွန်တာမဟုတ်ပါဘူး။ ရခိုင်တွေက ကိုယ့်မြေ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်နဲ့ အမျိုးဘာသာသနာကို ကာကွယ်တာပဲရှိပါတယ်။ ကျနော်တို့ ရခိုင်တွေဖက်က ကျူးကျော်တာမဟုတ်ဘူး။ လွန်ကျုးနေတာမျိုး မဟုတ်ပါဘူး၊ အားလုံးသိတဲ့အတိုင်းပဲလေ။ ပြဿနာဖြစ်လာတဲ့ တစ်လျှောက်လုံးမှာ ကျနော်တို့ ရခိုင်ဖက်က စပြီးရန်ရှာတာ၊ စော်ကားတာမျိုးမရှိပါဘူး။ ကုလားတွေကသာ ကျုးကျော်ရန်စတယ်။ ပြဿနာစရှာတယ်။ ကုလားတွေခိုးဝင်လာပြီးတော့ နယ်မြေလုတာကို ကာကွယ်ကြတာပါ။ ဆိုတော့ အပြစ်မရှိအပြစ်ရှာကာ ဒီလိုဖမ်းဆီးနေတာဟာ တကယ်လိုများ နောက်ထပ်ပြဿနာတွေပေါ်လာခဲ့ရင် ဖမ်းဆီးခံရမှာကြောက်တယ်ဆိုပြီးတော့ ကိုယ့်ပြည်ကိုယ့်ရွာကို တစ်ယောက်မှ ကာကွယ်ကြမှာမဟုတ်ပါဘူးဆိုတာကို အစိုးရအနေနဲ့ စဉ်းစားပေးစေချင်ပါတယ်။ " ဟု ဆက်လက်ပြောကြားခဲ့သည်။  ARAKAN TIMES

No Response to "အဓိကရုဏ်းအတွင်း ဖမ်းဆီးခံ ရခိုင်အကျဉ်းသား မိသားစုဝင်များအား ၀ံလက်မှငွေကြေးထောက်ပံ့"

Leave A Reply