Friday, January 25, 2013
ဂစ္စပနဒီမြစ်အတွင်း တိုက်ခိုက်လုယက်မှု ကျူးလွန်သူများမှ တစ်ချို့သာဖမ်းဆီးခံရ
Posted on 6:46 PM by tun tun
|

" ဒီနေ့ ၂ နာရီခွဲလောက်မှာပေါ့နော် ကျောက်တော် ရဲစခန်းက ဒုရဲအုပ် ဇော်မင်းအောင် ဦးဆောင်ပြီးတော့ တိုက်ခိုက် လုယက်မှုမှာ ပါဝင်ခဲ့တဲ့ကုလားတွေကို သွားရောက်ဖမ်းဆီးပါတယ်။ ဖမ်းဆီးတယ်ဆိုပေမယ့် ကုလား ၆ ဦးကိုသာဖမ်းဆီးခဲ့ပြီး ကျန်တဲ့ကုလားတွေကို လွှတ်ထားခဲ့တယ်။ ယခုလို လွှတ်ထားခဲ့ရတဲ့ အကြောင်းအရင်းတော့ရှိမှာပါ။ လဒ်စားထား တာမျိုးတို့ပေါ့။ လာဘ်စားမထားဘူးဆိုရင် တရားခံတွေကို တွေ့ပါလျှက်နဲ့လွှတ်ထားခဲ့တယ်ဆိုတာ မဖြစ်သင့်ဘူး " ဟု တရားခံများအား သွားရောက်ဖမ်းဆီးခြင်းအား လေ့လာစောင့်ကြည့်နေသည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဖမ်းဆီးလာသော ကုလားများအား ပုဒ်မ ၃၆၀ ခိုးမှုဖြင့် ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။
အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်၍ " အမှန်ဆိုရင်တော့ သူတို့ကို ပုဒ်မ ၃၉၅ ခြိမ်းခြောက်မှုနဲ့ အမှုဖွင့်ရမှာဖြစ်တယ်။ အခုက ပုဒ်မ ၃၆၀ ခိုးမှုနဲ့ဖွင့်ထားပါတယ်။ ကျနော်တို့ ဖြစ်စေချင်တာက စခန်းမှူးအနေနဲ့ အဖြစ်မှန်ကို အဖြစ်မှန်အတိုင်း ဘက်မလိုက်ဘဲ တရားဥပဒေအတိုင်း လုပ်ဆောင်စေချင်ပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။
ထို့သို့ တိုက်ခိုက်လုယက်မှုကျူးလွန်သူများအား သွားရောက်ဖမ်းဆီးရာတွင် ကုလား-ရခိုင်အဓိကရုဏ်းအတွင်း ပုဒ်မ ၄ ခုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသော၊ ယခုအချိန်လွတ်မြောက်နေသော ကုလားတစ်ဦးအား တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါ ကုလားအားဖမ်းဆီးရန် ဒုရဲအုပ်ဇော်မင်းအောင်က စခန်းမှူအား အစီရင်ခံခဲ့ရာတွင် ဖမ်းဆီးခြင်းမပြုရန် အမိန့်ကျလာကြောင်း တရားခံများအားဖမ်းဆီးရန်သွားသော ရဲတပ်ဖွဲ့ထဲမှရဲတစ်ယောက်၏ ဖွင့်ဟပြောကြားချက်အရ သိရသည်။
ယခုကဲ့သို့ အထက်အာဏာပိုင်များက ပြစ်မှုကျူးလွန်ထားသည့် တရားခံများအား ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ချက်များ မရှိခြင်းသည် ရခိုင်ပြည်အတွင်း ဒုစရိုက်မှုနှင့် ပြဿနာများ ပို၍များပြားလာစေရန် ဖန်တီးရာရောက်နေကြောင်း ကျောက်တော်မြို့ ရပ်မိရပ်ဖများ၏ ဝေဖန်ပြောဆိုသံများလည်း ထွက်ပေါ်လျှက်ရှိသည်။ ARAKAN TIMES
Subscribe to:
Post Comments (Atom)
No Response to "ဂစ္စပနဒီမြစ်အတွင်း တိုက်ခိုက်လုယက်မှု ကျူးလွန်သူများမှ တစ်ချို့သာဖမ်းဆီးခံရ"
Leave A Reply