Thursday, January 24, 2013
အမေ
အော်------အမေ
အသိမကြွယ် သားငယ်ငယ်က
နို့ချိုတိုက်ကျွေး တေးဆိုပေးကာ
အေးမြနွေးထွေး အမေ့ရင်ထဲမှာ
အမေသားလှ အိပ်ပျော်ခဲ့တယ် အမေ။
သားလေးနှစ်ကျော် အမေပျော်လို့
မုန့်ဖို့သားတောင်း ကျောင်းကိုပြောင်းကာ
ပညာဖြန့်ဝေ ဆရာတွေနဲ့
ဂရုဏာရှင် သားမိခင်မှာ
ရှေ့ကိုမျော်တွေး နောင်အရေးကို
အားသန်ခွန်စိုက် တွန်းအားပေးတဲ့ အမေ။
သားဆယ်ကျော်သက် ပေါင်းသင်းတွေနဲ့
အထက်တန်းပညာ ကြိုးပန်းကာဝယ်
အောင်စရင်းထွက် နေ့တရက်က
သားအမည်ပါ အမေ့နားမှာ
တဆင့်စကား အမေကြားတော့
သားကိုပြေးဖက် ပျော်ခဲ့တဲ့ အမေ။
ဇွန်လတဆယ် အမေ့သားငယ်မှာ
စီးပွားဉစ္စာ စုစည်းကာဝယ်
အမေကျေးဇူး သားဆပ်ဖူးဖို့
နိုင်ငံပြည်ပ ထွက်ခွင့်ရအောင်
ကန်တော့သုံးခါ ဉီးချကာဖြင့်
ခွင့်တောင်းခံယူ သားအပူကို
အမေခွင့်ပြု မျက်ရည်ဉနဲ့
အငိုမစဲ ကျန်ခဲ့တဲ့ အမေ။
အမေ့သားငယ် ဝေးရပ်မြေကို
ရောက်ရဇွန်လ နှစ်ဆယ်ရက်မှ
လုံ့လကြိုးပမ်း အောင်ပန်းမှန်းကာ
ပီတိအရင်းခံ သားမောင်ကြံရင်း
အချိန်ကွယ်ပြောင်း နှစ်တွေဟောင်းတော့
အလွမ်းမပြေ အမေ့သားငယ်မှာ
ကျေးဇူးအရှင် မွေးမိခင်အား
ကျန်းမာပါစ ချမ်းသာစွဟု
လူကြုံသတင်း နားသက်ခံရင်း
သားချစ်အမေ အနိစ္စကွယ်ပြီ
အမေချစ်သား ငွဲပွဲပါ အမေ။
ဆုံးမချိုချို အမေ့အပေါ်
သားမောင်ဆိုးခ မှားသမျကို
ခွင့်လွတ်တမလွန် သားဆုပန်ကာ
ကုသိုလ်ကောင်းမူ အစုစုနဲ့
ရေစက်မမျှဝေ သာဓုခေါ်စေ
အမေ
ကောင်းရာသုကဓိ ရောက်ပါစေ။
ဆရိန်ရ နဒီ ကျော်မင်းခိုင်
No Response to " အမေ"
Leave A Reply