Monday, January 21, 2013

ဧရာဝတီတိုင်းတွင်လည်း အုပ်ချုပ်သူများ၏ အနိုင်ကျင့်ခြင်းကို ရခိုင်များ ခံနေကြရ

Posted on 4:50 AM by tun tun


ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကန္နီကျေးရွာအုပ်စု၊ ရခိုင်ကုန်းကျေးရွာတွင် နေထိုင်သော ရခိုင် လူမျိုးများ အနေဖြင့် အုပ်ချုပ်သူများ၏ အနိုင်ကျင့်မူကို ခံနေကြရသည်ဟု ဒေသခံများက ပြောသည်။
m_rakhine
“ ကျွန်တော်တို့ ဒီဒေသမှာ ရှေ့နှစ်ပေါင်း များစွာက နေထိုင် လာခဲ့ကြပါတယ်။ ရခိုင်လူမျိုးတွေ ပိုင်ဆိုင်တဲ့ နွားစားကျက် မြေတွေကို ဦးကျော်ဝင်းလှိုင် (အဖ ဦးဖိုးနု) က ကန္နီ ရွာမှာ ရယက ဥက္ကဌ ဖြစ်စဉ်က သိမ်းယူသွားပြီး အခုအဲဒီ  စားကျက်မြေတွေကို တစ်ကွက်ကို ကျပ် တစ်သိန်းနုန်းနဲ့  ဆင်းရဲသူ၊ ဆင်းရဲသား  ရခိုင်ကုန်းရွာသူ ရွာသားတွေကို ပြန်ရောင်းစားနေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
၎င်းအပြင် ကန္နီ ကျေးရွာနေ ဦးမြင့်စိုး (ဘ) ဦးချမ်းမောင် သည်လည်း ရခိုင်ကုန်းရွာ၏ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ကန္နီအုပ်စု၊ ဟင်းအိုးချောင်းအုပ်စု၊ ကွင်းချောင်းအုပ်စု၊ တမန်ချောင်း အုပ်စု အတွင်းရှိ  လေးအုပ်စုပိုင် သစ်တောစိုက်ခင်းများအားလည်း ကိုယ်ပိုင် အဖြစ် ပြုလုပ်ပြီး သစ်ပင်များကို ရောင်းစားနေသည်ဟု ဆိုသည်။
“ မြို့နယ် သစ်တော ဦးစီးဌာနက လူတွေကို  လာဘ်ငွေထိုးပြီး သစ်ပင်တွေကို သူတစ်ဦးတည်းပိုင် ပြုလုပ်ပြီး အသုံးချနေပါတယ်။ တောသူ တောင်သားတွေမှာ အိမ်ဆောက်မယ့် သစ်က အစ တောတက် ခုတ်မယ်ဆိုရင် သူ့ဆီက ၀ယ်နေရပါတယ်။ ထင်းခုတ်တာက အစ ပိုက်ဆံ ကောက်နေ ပါတယ်” ဟု ပြောသည်။
ထိုသို့ မတရား လုပ်နေကြသူ ဦကျော်ဝင်းလှိုင်နှင့် ဦးမြင့်စိုးတို့အား နိုင်ငံတော် သမ္မတနှင့် ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီချူပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ အာဏာရ ပုဂ္ဂိုလ်များမှ အမြန်ဆုံးအရေးယူရန် ကျေးရွာသားများက လိုလားနေကြသည်ဟု ကျေးရွာသားများက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကန္နီကျေးရွာအုပ်စု၊ ရခိုင်ကုန်းကျေးရွာတွင် နေထိုင်သော ရခိုင် လူမျိုးများ အနေဖြင့် အုပ်ချုပ်သူများ၏ အနိုင်ကျင့်မူကို ခံနေကြရသည်ဟု ဒေသခံများက ပြောသည်။
m_rakhine
“ ကျွန်တော်တို့ ဒီဒေသမှာ ရှေ့နှစ်ပေါင်း များစွာက နေထိုင် လာခဲ့ကြပါတယ်။ ရခိုင်လူမျိုးတွေ ပိုင်ဆိုင်တဲ့ နွားစားကျက် မြေတွေကို ဦးကျော်ဝင်းလှိုင် (အဖ ဦးဖိုးနု) က ကန္နီ ရွာမှာ ရယက ဥက္ကဌ ဖြစ်စဉ်က သိမ်းယူသွားပြီး အခုအဲဒီ  စားကျက်မြေတွေကို တစ်ကွက်ကို ကျပ် တစ်သိန်းနုန်းနဲ့  ဆင်းရဲသူ၊ ဆင်းရဲသား  ရခိုင်ကုန်းရွာသူ ရွာသားတွေကို ပြန်ရောင်းစားနေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
၎င်းအပြင် ကန္နီ ကျေးရွာနေ ဦးမြင့်စိုး (ဘ) ဦးချမ်းမောင် သည်လည်း ရခိုင်ကုန်းရွာ၏ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ကန္နီအုပ်စု၊ ဟင်းအိုးချောင်းအုပ်စု၊ ကွင်းချောင်းအုပ်စု၊ တမန်ချောင်း အုပ်စု အတွင်းရှိ  လေးအုပ်စုပိုင် သစ်တောစိုက်ခင်းများအားလည်း ကိုယ်ပိုင် အဖြစ် ပြုလုပ်ပြီး သစ်ပင်များကို ရောင်းစားနေသည်ဟု ဆိုသည်။
“ မြို့နယ် သစ်တော ဦးစီးဌာနက လူတွေကို  လာဘ်ငွေထိုးပြီး သစ်ပင်တွေကို သူတစ်ဦးတည်းပိုင် ပြုလုပ်ပြီး အသုံးချနေပါတယ်။ တောသူ တောင်သားတွေမှာ အိမ်ဆောက်မယ့် သစ်က အစ တောတက် ခုတ်မယ်ဆိုရင် သူ့ဆီက ၀ယ်နေရပါတယ်။ ထင်းခုတ်တာက အစ ပိုက်ဆံ ကောက်နေ ပါတယ်” ဟု ပြောသည်။
ထိုသို့ မတရား လုပ်နေကြသူ ဦကျော်ဝင်းလှိုင်နှင့် ဦးမြင့်စိုးတို့အား နိုင်ငံတော် သမ္မတနှင့် ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီချူပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ အာဏာရ ပုဂ္ဂိုလ်များမှ အမြန်ဆုံးအရေးယူရန် ကျေးရွာသားများက လိုလားနေကြသည်ဟု ကျေးရွာသားများက ဆိုသည်။  NARINJARA

No Response to "ဧရာဝတီတိုင်းတွင်လည်း အုပ်ချုပ်သူများ၏ အနိုင်ကျင့်ခြင်းကို ရခိုင်များ ခံနေကြရ"

Leave A Reply