Wednesday, January 23, 2013

ကမ္ဘာလှည့်ခရီးသည်များ မြောက်ဦးမြို့သို့လည်ပတ်ရန် အာဏာပိုင်များတားဆီး

Posted on 6:38 PM by tun tun

Written by မိုးဇော်    Wednesday, 23 January 2013 17:05    PDF Print E-mail
Ko Thaungအာရှတိုက်တွင် ပျက်စီးပျောက်ကွယ်ရမည့် အန္တရယ်နှင့် ရင်ဆိုင်နေရသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်သော မြို့တော် (၁၀) ခုအနက် တစ်ခုအပါအဝင်ဖြစ်သော ရခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ခွင့်အား အာဏာပိုင်များက တားဆီးပိတ်ပင်ထားကြောင်း ဒေသခံများထံမှလာသော သတင်းအရသိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ မြောက်ဦးမြို့တွင် ကုလား-ရခိုင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခြားသားများ မြောက်ဦးမြို့သို့လာရောက်လည်ပတ်ခြင်းအား အာဏာပိုင်များက တားဆီးပိတ်ပင်ခဲ့ကြောင်း သိရသည်။
" အခုလို ကမ္ဘာလှည့်ခရီးသည်တွေကို တားဆီးပိတ်ပင်ထားတာက အာဏာပိုင်တွေအနေနဲ့ ခရီးသည်တွေကို လုံခြုံရေး အပြည့်အဝ မပေးနိုင်လို့ထင်ပါတယ်။ မြောက်ဦးမှာဖြစ်ပွားတဲ့ အဓိကရုဏ်းပြီးဆုံးသွားပြီဆိုပေမယ့် ကုလားတွေက အခွင့်အရေးရရင် ရသလိုလိုက်ပြီးတော့ ဒုက္ခပေးနေတယ်။ ဒါကို အာဏာပိုင်တွေအနေနဲ့လည်း ထိရောက်စွာ ဖြေရှင်းမပေးဘူး၊ ဒါကြောင့် နိုင်ငံခြားခရီးသည်များ မြောက်ဦးမြို့သို့ လာရောက်လည်ပတ်ခြင်းအား ပိတ်ပင်ထားတာ ဖြစ်နိုင်တယ်။ " ဟု မြောက်ဦးမြို့ရှိ တည်းခိုခန်းပိုင်ရှင်တစ်ဦးက ပြောသည်။
နိုင်ငံခြားသားခရီးသည်များ မြောက်ဦးမြို့သို့ လာရောက်လည်ပတ်ခွင့်ကို ပိတ်ပင်တားမြစ်ထားသည့်အတွက် ဧည့်လမ်းညွှန် လုပ်ငန်းဖြင့် အသက်မွေးနေကြသော ဧည့်လမ်းညွှန်များမှာ အကျပ်အတည်းများစွာကျရောက်နေကြရကြောင်း ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုထွန်းနေ၀င်းက အာရ်ကန်တိုင်းမ်စ်အား ပြောကြားခဲ့သည်။
ထို့အပြင် ရခိုင့်ရှေ့ဟောင်းမြို့တော် မြောက်ဦမြို့သည် အာရှတိုက်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်သော မြို့တော် (၁၀) ခုအနက် တစ်ခုဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ (၃) ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ (Global Heritage Fund)မှ ဖော်ပြချက်အရ သိရသည်။     NARINJARA

No Response to "ကမ္ဘာလှည့်ခရီးသည်များ မြောက်ဦးမြို့သို့လည်ပတ်ရန် အာဏာပိုင်များတားဆီး "

Leave A Reply