Monday, December 17, 2012
Posted on 7:04 PM by tun tun
Hugawng Kachin and Dan Nawang shared Jade Land's photo.
သိန်းစိန်
ဦးဆောင်နေတဲ့ စစ်အစိုးရအုပ်စု ကချင်တွေကို တိုက်နေတာ တော်ရုံတန်ရုံ ကိစ္စ
မဟုတ်တော့ဘူး ...လေယာဉ်တွေ ထုတ်သုံးနေတယ် ၊ လက်ရွေးစင် အမြောက်တပ်တွေ ၊
လက်ရွေးစင်
ဆိုတဲ့ တပ်မကြီးတွေ ၊ စစ်အင်အား
သောင်းချီသုံးနေတာတွေ ၊ တင့်ကားဖျက်လက်နက်ဆန်းတွေ ၊ ဓါတုလက်နက်တွေ စသဖြင့်
နိုင်ငံတော် ဘတ်ဂျက် ဘီလီယံပေါင်းများစွာ သုံးပြီး တိုက်နေတာတွေဟာ
ကိုယ့်တိုင်းရင်းသားချင်း ဖြစ်တဲ့ ကိစ္စ မျိုးမှာ တိုက်တဲ့
ပုံစံမဟုတ်တော့ဘူး ...ဒါဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ပုံစံမဟုတ်တော့ဘူး...။
ကချင်စစ်ပြေးဒုက္ခသည် တွေကို ကူညီမယ့် နိုင်ငံတကာ အကူအညီတွေကို ပိတ်ပင်တားမြစ်ထားတွေဟာ ဘယ်လောက် လူစိတ်ကင်းမဲ့တဲ့ လုပ်ရပ်လဲ ဆိုတာ ပြောဖို့ တောင်လို မယ်မထင်ဘူး ။
ဒီလို ကချင်တိုင်းရင်းသားတွေအပေါ် မတရားသဖြင့် လုပ်ချင်သလို လုပ်ပြီး အနိုင်ကျင့်နှိပ်ကွပ်နေတာ ကို ကချင်ပြည်သူလူထု တစ်ရပ်လုံးက ပျော်ပျော်ကြီး ကြည့်နေကြမယ်လို့ ခင်ဗျားတို့ ထင်နေသလား ။ အဖိနှိပ်ခံ ဘ၀ မှာ ဘယ်လူမျိုးမှ မနေချင်တာ အဆန်းမဟုတ်တော့ဘူး ။ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ကချင်တစ်မျိုးသား လုံး ပါဝင်မယ့် ကချင်အမျိုးသားလုံး လွတ်မြောက်ရေး အတွက် တော်လှန်ရေးကြီး မကြာခင်လာတော့မယ် ။ ( Jade Land ) facebook

Subscribe to:
Post Comments (Atom)
No Response to " "
Leave A Reply