Saturday, December 22, 2012

ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓဘာသာ မိသားစု ၁၄ စု မြန်မာပြည်တွင် ခိုလုံခွင့်တောင်း

Posted on 7:24 PM by tun tun

သတင်း http://www.narinjara.com/burmese/



ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် ခရိုင်မှ ဗုဒ္ဓဘာသာမိသားစု (၁၄) စုသည် မောင်တော မြို့နယ် မြောက်ပိုင်မှ ၀င်ရောက်လာပြီး ခိုလုံခွင့်တောင်းခံခဲ့သည်ဟု သိရသည်။
စစ်တကောင်းတောင်တန်းနယ်မှ ဗုဒ္ဓ ဘာသာဝင် အမျိုးသမီးများ ဈေးဝယ်နေကြစဉ်။
စစ်တကောင်းတောင်တန်းနယ်မှ ဗုဒ္ဓ ဘာသာဝင် အမျိုးသမီးများ ဈေးဝယ်နေကြစဉ်။
သူတို့ကို ယခုအခါ မောင်တောမြို့နယ် မြောက်ပိုင်း နစက အမှတ် (၁) နယ်မြေမှ မောင်တောမြို့ ပေါ်သို့ ခေါ်ယူလာပြီး ဗဟိုကျောင်းတွင် နေရာချထားပေးထားသည်ဟု အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ အခု လောလောဆယ်တော့ သူတို့ကို မောင်းတောမြို့က ဗဟိုကျောင်းမှာ နေရာချထားပါတယ်။ သက်ဆိုင်ရာကတော့ စားရေး နေရေးထိုင်ရေး အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ မိသားစုက ၁၄ စု၊ လူက စုစုပေါင်း ၅၂ ဦး ပါဝင်ပါတယ်” ဟု သူက ပြောသည်။
အဆိုပါ မိသားစု ၁၄ စုသည် ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှ တဆင့် မောင်တောမြို့နယ် မြောက်ပိုင်းသို့ ၀င်ရောက်လာပြီး နီးစပ်ရာ နစက တပ်စခန်းများတွင် ခိုလုံခွင့်တောင်းခံခဲ့သည်ဟု သိရသည်။
“ ပထမ မိသားစု (၈) စုမှာ လူပေါင်း ၃၀ ပါဝင်ပြီး  ဒီဇင်္ဘာလ ၂၀ ရက်နေ့က မောင်တောမြို့ နစက ကျီးကန်းပြင် ဌာနချုပ်ကို ရောက်ပါတယ်။  နောက်ထပ် မိသားစု (၆) စုမှာတော့ မိသားစု အဖွဲ့ဝင် ၂၂ ဦး ပါဝင်ပြီး ဒီဇင်္ဘာလ ၂၁ ရက်နေ့က ရောက်ရှိလာပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ၀င်ရောက်လာသူများနှင့် ပတ်သက်ပြီး နိုင်ငံတော် အဆင့်ထိ တင်ပြထားပြီး နိုင်ငံတော်မှ အကြောင်းပြန်ပြီးမှ မည်သို့ ဆောင်ရွက်မည်ကို သိရှိရမည်ဟု ဆိုသည်။
ဝင်ရောက်လာသူ အုပ်စုနှစ်စုတွင် ပထမ အုပ်စုမှာ ကံ့ကော်ချောင်းမှဟု ပြောဆိုကြောင်း သူက ပြောကြားသည်။ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ကံ့ကော်ချောင်းဟု မရှိဘဲ ကံ့ကော်ဝဟုသာရှိသည်ဟု သိရသည်။
မည်သည့် အတွက်ကြောင့် ထွက်ပြေး ခိုလုံလာသည်ကို သိရှိနိုင်ရန် အတွက် ထွက်ပြေးလာသူ မိသားစုများနှင့် နိရဉ္စရာက ဆက်သွယ်မေးမြန်းရန် ကြိုးစား ဆောင်ရွက်နေပါသည်။   narinjara

No Response to "ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓဘာသာ မိသားစု ၁၄ စု မြန်မာပြည်တွင် ခိုလုံခွင့်တောင်း"

Leave A Reply