Sunday, December 16, 2012

မူဝါဒနှင့်ဆန့်ကျင်၍ တက္ကသိုလ်ဒုတိယနှစ်ဝက် လုံးဝမတက်ရောက်သည့် ဘင်္ဂလီ ၅၈ဝ ကျော်အား အတန်းတင်စာမေးပွဲဖြေခွင့်ပေးလိုက်ပြီ

Posted on 7:48 PM by tun tun



ခိုင်မင်းသစ်

ရခိုင်ပြည်ပဋိပက္ခကြောင့် ပထမနှစ်ဝက်သာတက္ကသိုလ်တက်ခဲ့ရပြီးဒုတိယနှစ်ဝက် တက်ရောက် သင်ကြားခြင်း လုံးဝမရှိခဲ့ သည့် ဘင်္ဂလီ ၅၈ဝ ကျော်အား သက်ဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာလ ၃ ရက်နေ့တွင် အတန်းတင်စာမေးပွဲဖြေဆိုခွင့်ပေး ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ တက္ကသိုလ်ဒုတိယနှစ်ဝက်က
ိုသင်ကြားခြင်းမရှိဘဲ အတန်းအောင်စာမေးပွဲဖြေဆိုကြ မည့် ဘင်္ဂလီ ၅၈ဝ ကျော်မှာ ဒီဇင်ဘာ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ စစ်တွေမြို့အတွင်း စစ်တပ် နယ်မြေ အတွင်းရှိ အထကကျောင်းတွင်ဖြေဆိုခဲ့ကြပြီး မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစရှိသည့်နေရာများတွင်လည်း လုံခြုံရေးအကူအညီများဖြင့် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

“သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကနေ ဖြေခိုင်းတာပါ။ သူတို့ကိုလည်း တစ်ခြားအဖွဲ့အစည်း တွေကနေ ဖိအားပေးလို့ ခုလိုဖြေဆိုခွင့်ပေးတယ်လို့ထင်ပါတယ်။ တကယ်တော့ ဒီလိုမျိုး ပညာသင် နှစ်တစ်ခုကိုပြီးဆုံးအောင်သင်ကြားခြင်းမရှိဘဲ အတန်းတင်စာမေးပွဲဖြေဆိုခွင့်ပေးတာဟာ တက္ကသိုလ် ပညာရေးလောကမှာမရှိပါဘူး။ ဒါဟာ စစ်တွေတက္ကသိုလ်ရဲ့ဂုဏ်သိက္ခာကို အကြီးအကျယ် ကျဆင်း စေသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့လုပ်ရပ်မှားယွင်းခြင်းကြောင့် ပညာရေး လောကမှာ မျက်နှာပျက်အရှက်ရစေပါတယ်”ဟု စစ်တွေတက္ကသိုလ်မှ ဆရာတစ်ဦးကပြောသည်။

ပညာရေးမူဝါဒနှင့်လုံးဝဆန့်ကျင်၍ အတန်းတင်စာမေးပွဲဖြေဆိုခွင့်ရသောဘင်္ဂလီကျောင်းသားများအား မဖြစ်မနေ အတန်းတင်ပေးရန်ရှိသည်ဟုလည်း ကောလာဟလများထွက်ပေါ်လျက်ရှိသည်။

ယခုကဲ့သို့ မူဝါဒ၊ ကျင့်ဝတ်သိက္ခာနှင့်မညီ၊ တရားမျှတမှုမရှိသော လုပ်ရပ်နှင့်ပတ်သက်၍ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ အပါအ၀င် အခြားပညာရေး၊လူမှုရေးနှင့်သက်ဆိုင်သော ရခိုင် လူမှုအဖွဲ့ အစည်း များမှ တစ်စုံတစ်ရာ ကန့်ကွက် ထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။

အစိုးရအနေဖြင့် မိမိတို့၏အချုပ်အခြာနယ်ပယ်နှင့်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော် ရှိလင့်ကစား အကြမ်းဖက်သမားတို့မွေးဖွားရာမူဆလင်ကမ္ဘာကို ထိတ်လန့် ကြောက်ရွံ့ခြင်းကြီးမားခြင်းနှင့်အတူ မိမိတို့ပြဌာန်းထားသည့် ပြည်တွင်းတည်ဆဲဥပဒေများကို မိမိကိုယ်တိုင်ချိုးဖောက်နေသည်ဟု ရခိုင်ပညာရေးအသိုင်းအ၀ိုင်းမှ တိုးတိုးတိတ်တိတ် ဝေဖန်လျက် ရှိကြောင်းသိရသည်။

No Response to "မူဝါဒနှင့်ဆန့်ကျင်၍ တက္ကသိုလ်ဒုတိယနှစ်ဝက် လုံးဝမတက်ရောက်သည့် ဘင်္ဂလီ ၅၈ဝ ကျော်အား အတန်းတင်စာမေးပွဲဖြေခွင့်ပေးလိုက်ပြီ"

Leave A Reply