Thursday, December 20, 2012

ရခိုင်သား နိမ့်ကျလာ နှင့် ရခိုင်သား နှိမ့်ချ ခံထားရလာ

Posted on 7:01 PM by tun tun


..................................................................

ကျွန်တော်ရို့ တိစွာ ရခိုင်ပြည်ကြီးကို ဇာပိုင်ကောင်းအောင်တည်ဆောင်ဖို့ အနာဂါတ်ရခိုင်ပြည်ကြီးကို သာယာအောင် ဇာပိုင်လုပ်ကတ်ဖို့ အဘက်ဘက် ကစဉ်းစားနိန်ကတ်တယ်.. အဂု ဆိုကေ
မျိုးဆက်သစ်လို့ပြောလို့ရရေ ကျွန်တော်ရို့ လက်ထဲကို ရခိုင်ပြည်ရောက်ရှိလာပါရာ... ယေခါ လူငယ်အများစု စွာ ရခိုင်သား၊သူ နှင့် ရခိုင်ပြည်ကြီး တိစွာ နိမ့်ကျရေ ဆိုရေ အမြင်စွာ မြင်လာကတ်တေ..
ယင်းအမြင်စွာ ရခိုင်ပြည်အနာဂတ်အတွက် ကကောင်းဆိုးဝါးရေ အမြင်တစ်ခု ဖြစ်မှန်းမသိ ဖြစ်ပါလတ်ပါရာ.. ရခိုင်သား၊သူ နှင့် ရခိုင်ပြည်ကြီးကို နှိမ့်ကျရေ အမြင်ရှိလာကေ ရခိုင်သား၊သူ နှင့် ရခိုင်ပြည်ကြီး
ထက်သာလွန်ရေ နိုင်ငံခြားသား နိုင်ငံခြားတိုင်းပြည်တိကို အားကျလာကတ်ပါရေ.. အားကျလာခါ သူရို့ ပါးက အမြင်၊ သူရို့ပါးက အတွေးအခေါ် နှင့် သူရို့ ယဉ်ကျေးမူတိကို အတုယူမှန်းမသိ ယူလာပြီးကေ
ရခိုင်သားတိ ကိုယ်ပိုင် ယဉ်ကျေးမူ၊ ကိုယ်ပိုင် ရပ်တည်ချက်တိစွာ ပျောက်ဆုံးပါလတ်ကေ အနာဂါတ် ရခိုင်ပြည်ကြီးအတွက် အင်အားတိပျောက်ဆုံးလားဖို့လမ်းစဖြစ်ပါလတ်ပါရာ...

ဇာကြောင့် ရခိုင်သား၊သူ နှင့် ရခိုင်ပြည်ကြီး နိမ့်ကျရေ အတွေးအခေါ်တိ ရှင်သာလာကတ်လေ ရခိုင်ပြည်ကြီး လက်ရှိခံစားနိမ်ရရေ ဒုက်ခ တိတိကျကျ ဆန်းစစ်မူ အားနည်းပြီးကေ ၊
ရခိုင်ပြည်ကြီး မှာ လွှမ်းမိုးခရေ အတိတ်ဆိုး သမိုင်းတိ နှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်ဆိုင်းရာ ကျဆင်းလာမူ နှင့် ကိုယ်ရို့ တိ ပိုင်ဆိုင်ထားမူ တိကို လေ့လာ မူအားနည်းလို့ဖြစ်ပါရေ...

ရခိုင်သူ၊သား နှင့် ရခိုင်ပြည်ကြီးကျ နိမ့်ကျနိန်စွာ မဟုတ်ပါ နှိမ့်ချခံထားရစွာဖြစ်တေ ဆိုစွာကို မြင်စီချင်ပါရေ.. နှိမ့်ချခံထားရလို့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမူရာဖြစ်တေ..
ရခိုင်သူ၊သား တိ နိမ့်ကျ နိန်လို့ အဂုပိုင် ဒုက်ခ တိရောက်နိန်စွာမဟုတ်ဆိုစွာကို သဘောပေါက်ဖို့လိုပါရေ...

နိမ့်ကျရေ လူမျိုးဆိုစွာ အခွင့်အလမ်းဇာလောက်ပင်ပီးပီး ဆင်းရဲဒုက်ခက ရုန်းမထွက်ကတ် မြင့်မြတ်အောင်မကြိုးစားကတ်စွာကို နိမ့်ကျရေလူမျိုးလို့ရာသတ်မှတ်နိုင်ပြီးကေ

နှိမ့်ချခံထားရရေလူမျိုးဆိုစွာ အခွင့်အလမ်း ပိတ်လှောင်မူခံရရေလူ၊ ကိုယ်ရို့ အခွင့်အရေးကို အားကြီးလူတိက ယူထားရေ၊ ကြိုးစားမူတိအတွက် ထွက်ပေါက်တိက ပိတ်လှောင်ခံထားရရေ ဆိုကေ ယင်းယှင့်စွာ နှိမ့်ချခံထားရရေလူမျိုးပါ...

မျိုးဆက်သစ်လူငယ်ချေတိ ဒေချင့်နှစ်ခုကို မကွဲပြားကေ ကိုယ်ရို့ လုပ်နိန်ကတ်စွာ က သဲထဲ ရီသွန်ပိုင် ဖြစ်ရုံမက ရခိုင်ပြည်ကြီး အနာဂါတ်အတွက် မှေးမှိန်နိုင်ရေ အတွေးအခေါ်တိ နောက်လာကတ်ဖို့ မျိုးဆက်သစ်တိကို လက်ဆင့်ကမ်းပိုင်ဖြစ်လားကတ်ဖို့ စွာကို ကကောင်းစိုးရိမ်ပါရေ...

ရီသူရဲကောင်း  facebook

No Response to "ရခိုင်သား နိမ့်ကျလာ နှင့် ရခိုင်သား နှိမ့်ချ ခံထားရလာ"

Leave A Reply