Saturday, April 20, 2013

ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူနှစ်ဦးမှ လွတ်မြောက်သွားသူ ညီဖြစ်သူအားဖမ်းမိပြီ

Posted on 4:53 PM by tun tun

ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူနှစ်ဦးမှ လွတ်မြောက်သွားသူ ညီဖြစ်သူအားဖမ်းမိပြီ

ဧပြီလ ၁၉ရက်နေ့၊ ၂၀၁၃ခုနှစ်

ဒေသစံတော်ချိန်  8:45 p.m ခန့်တွင် ဘော့စထွန်မြို့၊ Watertown အိမ်တစ်လုံး၏ နောက်ဘက်ခြံစည်းရိုးဘေးတွင်ထားသော မော်တော်ဘုတ်နားမှာ ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။

သူ့ကို လူနာတင်ကားတစ်စီးက အစ်ကိုဖြစ်သူအခင်းဖြစ်ပွားရာနေရာက
ကားမောင်းထွက်လာစဉ် အမှတ်မထင်တွေ့ရှိခဲ့ပြီး မန်ကချူးဆက်အစိုးရကို အကြောင်းကြားခဲ့ရာ Watertown ဧရိယာတစ်ခုလုံး ပိတ်ပြီး သတင်းရရချင်း ရှာဖွေခဲ့ကြပါတယ်။

Watertown ဆင်ခြေဖုံးရပ်ကွက်တွေကို ရဲရာပေါင်းများစွာဖြင့် တစ်အိမ်တက်ဆင်း  ပိုက်စိတ်တိုက်ရှာဖွေခဲ့တာ တစ်နေကုန်နီးပါးကြာခဲ့ပါတယ်။

အဲလိုရှာဖွေရင်း ည 7:00 p.m လောက်မှာ Franklin လမ်းက အိမ်တစ်အိမ် မှာ  အိမ်နောက်ဘက် မော်တော်ဘုတ် မှာ သွေးစအနည်း ငယ်ပေနေ တာကို ရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့ပြီး ရဲတွေဟာ မော်တော်ဘုတ်အဖုံးကို ဖွင့်ကြည့်လိုက် တဲ့အခါမှာ Dzhokhar Tsarnaev (၁၉နှစ်) ကို  တွေ့ရှိဖမ်းမိ ခဲ့တာဖြစ် ပါတယ်။

No Response to "ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူနှစ်ဦးမှ လွတ်မြောက်သွားသူ ညီဖြစ်သူအားဖမ်းမိပြီ"

Leave A Reply