Thursday, April 18, 2013

ကျောက်ဖြူ မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီ CNPC ကို ဒေသခံတွေ ၀ိုင်းဝန်း ဆန္ဒပြပြီ

Posted on 5:51 PM by tun tun

သတင်း — April 18, 2013 at 8:51 pm


ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် အထွေထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မဒေးကျွန်းက ဒေသခံ ပြည်သူ ၄၀၀ ခန့်ဟာ ဒီနေ့ နေ့လည်က စပြီး တရုတ်ကုမ္ပဏီ CNPC ဆန္ဒပြနေကြပြီလို့ သိရပါတယ်။
မဒေးကျွန်းမှ ဒေသခံ ပြည်သူများ ဘ၀ (ဓါတ်ပုံ- နိရဉ္စရာ)
မဒေးကျွန်းမှ ဒေသခံ ပြည်သူများ ဘ၀ (ဓါတ်ပုံ- နိရဉ္စရာ)
ဆန္ဒပြသူတွေဟာ မဒေးကျွန်းက ဘုန်းတော်ကြီးကျောင်းရှေ့မှာ စုဝေးပြီး ကြွေးကြော်သံတွေကို ကြွေးကြော် ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြသူတွေ အနေနဲ့ အချက် (၉) ချက်ကို တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ ဦးဆောင်သူ တစ်ဦး ဖြစ်သူ ကိုထွန်းကြည်က ပြောပါတယ်။
အခု ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရဘဲ ပြုလုပ်တာ ဖြစ်တဲ့ အတွက် အရေးယူမူတွေ၊ နှိမ်နှင်းမူတွေ ပြုလုပ်လာနိုင်တဲ့ အတွက် သတိထားပြီး ဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။
နေ့လည် ၂ နာရီထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ တုန့်ပြန် ဆောင်ရွက်မူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ (၁) သိမ်းဆည်း လယ်မြေတွေကို လျှော်ကြေးပေးရာမှာ နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ပေးဆောင်ရန်(၂) လယ်မြေ ဥယာဉ်ခြံမြေတွေကို ဒေသခံတွေကို အသိမပေးဘဲ မသိမ်းရန် (၃) ကျွန်းပတ်ပတ်လည်မှာ ငါးဖမ်းခွင့်ပေးရန် (၄) ကျွန်းပေါ်ရှိ ဒေသခံ ကျေးရွာများတွင် လျှပ်စစ်မီး ပေးဝေရန် (၅) အလုပ်သမားကဒ် ရှိသူတွေကို အလုပ်ပြန်ခန့်ပြီး တရုတ် အလုပ်သမားတွေနဲ့ တန်းတူ လစာပေးရန်၊ (၅) မဒေကျွန်းမှာ ပျက်စီးနေတဲ့ လမ်းတွေကို ပြန်လည် ပြုပြင်ပေးရေး(၆) ပျက်စီးနေသောတာတမံတွေကိုပြန်လည် တည်ဆောက် ပေးရေး  စတဲ့ အချက်တွေ ပါဝင်တယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။
စုစုပေါင်းတောင်းဆိုတဲ့ အချက် (၉) ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ NARINJARA

No Response to "ကျောက်ဖြူ မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီ CNPC ကို ဒေသခံတွေ ၀ိုင်းဝန်း ဆန္ဒပြပြီ"

Leave A Reply