Sunday, April 14, 2013
ကင်ဂျုံအန် နှင့် အင်တာဗျူး
Posted on 7:14 PM by tun tun
..............................
ကျနော် ကင်ဂျုံအန် ပါဗျာ
ကျနော် မရူးပါဘူး ၊ ကျနော် ဒီလိုလုပ်နေရတာ ကျနော့်ကို ရူးနေတယ်လို့ထင်ကြမှာပဲ ၊
ကျနော့် အကြောင်းနဲ့ကျနော်ပါဗျာ ၊ ခင်ဗျားတို့က ကျနော့်ကို လူဆိုးလေးလို့မြင်ကြမှာပဲ ၊ အမှန်က ကျနော် ငြိမ်းချမ်းရေကို လိုချင်နေတာဗျ ၊
တကယ်ပြောတာပါ ဒါ ရီစရာမဟုတ်ပါဘူး ၊
ကျနော် ငြိမ်းချမ်းရေးကို တကယ်လိုချင်တာဗျ ၊ ဒါပေမယ့် ကျနော့်မှာ အဓိက အခက်အခဲကြီးရှိတယ်ဗျ ၊ အဲဒါကတောါ ကျနော့်နောက်ကျောကို ဒါးနဲ့ထောက်ထားတဲ့ ကွန်မြူနစ် တရုတ်တွေဗျ ၊
ကျနော်တို့ကိုးရီးယားတွေလည်း ကွန်မြူနစ်တွေပါပဲ ၊ တရုတ်ကွန်မြူနစ်တွေ နဲ့တော့ မတူဘူးဗျ ၊ အဲဒီတရုတ်တွေက ကွန်မြူနစ် ကွန်မြူနစ်လို့သာပြောတာ ၊ သူတို့မြတ်မယ်ဆိုရင် အဖေရင်းအမေရင်းကိုတောင် ရောင်းစားမယ့်ဟာတွေဗျ ၊
ဘယ်လိုလုပ်ကွန်မြူနစ်ဖြစ်ရမှာတု
တရုတ်တွေ ကျနော်တို့ကို ကြိုးကိုင်ခဲ့တာ ကြာပြီဗျ ၊ ကျနော့်အဖိုး ကင်အီဆွန်း လက်ထက်ကတည်းကဗျ ၊
အဲဒီတရုတ်တွေကို ကျနော့် အဖိုးကလည်း အယုံကြီးယုံခဲ့တယ်လေဗျ ၊ အရင်းရှင် အနောက်အုက်စုကို ဆန့်ကျင်တာရယ် ၊ ကျနော်တို့နဲ့ လူမျိုးချင်း ရန်စရှိခဲ့တဲ့ ဂျပန်တွေကိုမုန်းတာရယ် ၊ အဲဒီ နှစ်ခုက ကျနော်တို့နဲ့ တရုတ်တွေနဲ့ တူခဲ့ကြတယ်လေ ၊ အဖိုးက
အဲဒီတရုတ်တွေကို အထင်ကြီးခဲ့တာဗျ ၊
ကျနော့်အဖေ ကင်ဂျုံအီလက်ထက်ကျတော့ အဲဒီတရုတ်တွေ ပိုပြီးလက်ရဲဇာတ်ရဲနိုင်လာတယ်ဗျ
တံဆိပ်ကပ်ပြီးရောင်းတယ်လေဗျ ၊
သူတို့ကတော့ အားလုံးရှေ့မှာ လူကြီးလူကောင်းပေါ့ဗျာ ၊ ကျနော်တို့ကတော့ သူတို့ ခိုင်းတာလုပ်ရတာပေါ့ ၊ ကျနော်တို့က အားလုံးရှေ့မှာ လူဆိုးပေါ့ ၊ ခင်ဗျားတို့ ဗမာပြေမှာတောင် လှိုင်ဂူတွေကို သူတို့ တူးခဲ့ကြတာလေ၊ ဗမာပြေအထဲက သူတို့လိုချင်တာတွေယူနေတာ
မဖုံးနိုင်မဖိနိုင်တဲ့အခါကျတော့
အဲဒီတရုတ်တွေကို နဲနဲမှ ကြည့်မရဘူးဗျ ၊
ကျနော့် အဖေသေတာစောတယ်လို့ပဲပြောရမှာပေါ
အဖေက သူကြိတ်လုပ်ခဲ့တာတွေကို ကျနော့်ကို မသေခင်မှာသွားခဲ့တယ်လေ ၊ တရုတ်တွေကို ပြန်တော်လှန်ဖို့ပေါ့ ၊ သူတို့ကတော့ ချမ်းသာလို့ ၊ ငါတို့ ကိုးရီးယားတွေကျတော့ ဆင်းရဲလို့တဲ့ ၊ သူတို့ကတော့ အားလုံးရှေ့မှာ လူကြီးလူကောင်အယောင်ဆောင်ပြီး
ငါတို့ကျတော့ တကယ်လူဆိုးပုံလုပ်ထားခဲရတယ်တဲ့ ၊ အဖေပြောခဲ့တာတွေ ကျနော့်နားထဲ မှတ်မိနေပါသေးတယ်ဗျ ၊
ကျနော် ဟိုတလောက ငြိမ်းချမ်းရေးစကားသံ စပြောကြည့်တယ် ၊ အမေရိကန်နဲ့ အနောက်အုပ်စုတွေကလည်း သဘောကျ ကြတယ် ၊ တောင်ဘက်က အမျိုးတွေ ကိုးရီးယားတွေကလည်း ဝမ်းသာကြတယ်လေဗျ ၊ ဒါပေမယ့် ထုံးစံအတိုင်း တရုတ်ပြည်က ကျနော့်ကို
လှမ်းဆူသလိုပြောတယ် ဗျ ၊ ငြိမ်းချမ်းရေးစကားက ကျနော်တို့ ပြောရမှာမဟုတ်ဘူးတဲ့ ၊ သူတို့ ကြားဝင်တဲ့ အခါမှာ သူတို့ ခိုင်းတဲ့အတိုင်းလိုက်ပြောရမှာတ
ကျနော် တရုတ်တွေကို သည်းခံနိုင်စွမ်းကုန်သွားတယ်ဗျာ
ဒီတော့ ကျနော် အသေးစိပ်ကြံစည်ရတော့တာပေါ့ဗျ ၊
အစီအစဉ်ကဒီလိုလေ ၊
ကျနော် အကြောင်းတစ်ခုခုပြပြီး စစ်ကြေငြာသလိုလုပ်ရတော့မယ် ၊ ဒါမှ တရုတ်ပြည်က ကျနော့် ကို နောက်ကျောဒါးနဲ့မထိုးမှာ ၊ တပ်ထဲက အဖိုးကြီးတွေကလည်း ကျနော့်ကို ထောက်ခံကြမှာ ၊ နောက်ပြီး ဒုံးပျံ တစ်စင်း နှစ်စင်းလောက် ပစ်ပြမယ်ဗျ ၊ ပင်လယ်ထဲကို
ပစ်မှာပါဗျ ၊
နောက်မှ တရုတ်တွေဘက်ကို ဒုံးပျံအစင်း တစ်ရာလောက်ပစ်လိုက်မယ်ဗျာ ၊ ထိန်းချုပ်ခလုပ်တွေ ချို့ယွင်းပြီးလမ်းကြောင်းမှားသ
ရီရတယ်ဗျ ၊
ဒီတရုတ်တွေ သူများတွေကိုသာ ဂုတ်သွေးစုပ် အမြတ်ထုတ်နေတာ သူတို့ဘက် နဲနဲထိတော့ ဘယ်လောက်နာသလဲ ပြမှာလေ ၊ ကျနော်တို့ကို ဝင်တိုက်ကြည့်ပါလား ၊ ပြန်ချပစ်မှာပေါ့ ၊
အရေးကြီးတာက တရုတ်တွေဆီ ဒုံးပျံတွေ လွှတ်လိုက်တဲ့အချိန်မှာ ကျနော်တို့နဲ့ အမေရိကန်တွေ နဲ့ အဆက်အသွယ် မိအောင်တော့ လုပ်ရမယ်ဗျ ၊ ကျနော်တို့ လက်ထဲမှာရှိတဲ့ နျူကလီယားတွေကို ထိန်းချုပ်ထားဖို့ အနောက်အုပ်စုဆီက နည်းပညာလိုတယ်ပေါ့ ၊ ဒါဆို
အနောက်အုပ်စု နဲ့ ကျနော်တို့ အဆင်ပြေသွားမယ်လေ ၊
တရုတ်တွေ နဲ့တော့ နဲနဲတော့ စစ်ဖြေစ်ရမယ်ဗျ ၊ ဒါမှ ကျနော့်တပ်ထဲက တရုတ်အားကိုကောင်တွေ နောင်ကျဉ်သွားမှာဗျ ၊ ဒီနည်းနဲ့ လူကြီလူကောင်းလိုလို အယောင်ဆောင်နေတဲ့ တရုတ်တွေကို ပညာပြန်ပြရမှာပေါ့ဗျာ ၊
ကျနော်လည်း ကျနော့်ကိုးရီးယားကို ဆင်းရဲနေတာ မကြည့်ရက်တော့ဘူးဗျ ၊
ကဲကဲ ခင်ဗျားလည်း ကျနော်ပြောတာတွေ ဘယ်သူမှ လျှောက်မပြောနဲ့အုံးဗျ ၊ တရုတ်သူလျှိုတွေက ခင်ဗျားတို့ တိုင်းပြည် နေရာအနှံ့မှာရှိတယ်ဗျ ၊ ကျနော့်လုပ်ကွက်ကလေးတွေကို ပိတ်ကားပေါ်မှာ ဆက်ကြည့်ပေါ့ဗျာ ၊ နောက်မှတွေ့ကြမယ်ဗျို့ FACEBOOK
Subscribe to:
Post Comments (Atom)
No Response to "ကင်ဂျုံအန် နှင့် အင်တာဗျူး"
Leave A Reply