Saturday, April 20, 2013
မယားသေဆုံး၍ လင်ကိုဖမ်း
Posted on 4:30 PM by tun tun

စစ်တွေမြို့၊ ဓည၀တီ(ခ)ရပ်ကွက်နေ မဦးကျော့နု(၂၅) နှစ် သေဆုံးမှုနှင့် ပတ်သက်၍ သင်္ကာ မကင်းရာမှ သူမ၏ အလောင်းအား စစ်တွေ ဆေးရုံကြီးတွင် စစ်ဆေးရာ သူမမှာ ဆီးအိမ်ပေါက်ကာ ၀မ်းဗိုက်အတွင်း သွေးအိုင် သေဆုံးရခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
သို့အတွက် စစ်တွေရဲမှ အမူမှန် ပေါ်ပေါက်ရေး စစ်ဆေးရာ သူမနှင့် နီးစပ်သူများက ယောင်္ကျား ဖြစ်သူ ကိုခင်မောင်ထွန်းသည် ဧပြီလ ၁၄ ရက်နေ့က ဇနီးဖြစ်သူကို ရိုက်နှက် ကန်ကျောက်ခဲ့မူများ ရှိခဲ့ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်း ၀မ်းဗိုက် အတွင်း ဒဏ်ရာကြောင့် နာကျင်မူများ ဖြစ်ပေါ်ပြီးနောက် နေအိမ်တွင် ဆေးမီးတိုဖြင့် ကုသခဲ့ကြောင်း၊ မသက်သာ၍ စစ်တွေ ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
၎င်းနောက်ပိုင်းတွင် လင်ယောင်္ကျားဖြစ်သူကို ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "မယားသေဆုံး၍ လင်ကိုဖမ်း"
Leave A Reply