Thursday, January 24, 2013

လက်ပစ်ကူးမလား အနစ်ခံမလား

မူလစာမျက်နှာ » ဆောင်းပါး



M. ထက်ခေါင်
(၁)
ကရင်သတင်းစဉ်အယ်ဒီတာနှင့် အွန်လိုင်း ဂျီမေးလ်ချတ်မှာ စာအပြန်အလှန်ရိုက်ရင်း အသံတိတ် စကားပြောဆိုခဲ့ရာတွင် ယခု လ ဆောင်းပါး ၌ ဒေါ်အောင် ဆန်းစုကြည်ကို ဝေဖန်ထောက်ပြသည့် အကြောင်း အချက် များနှင့် တိုင်းရင်းသား ပြည်သူလူ ထုများ လက်ငင်းကြုံတွေ့နေ ရသည့် အခြေအနေ အပေါ် ကေ အဲန်ယူမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို အကြံပြု တိုက်တွန်းမှု များ ပါရှိမည့်အ ကြောင်း ကျနော်ရေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို သဘောမကျသည်မှာ သူမ အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် လူထုဟောပြောပွဲ လုပ်ရာ တွင် သူ့အိမ်ပေါက်ဝကို စောင့်ကြပ်ပေးသည့် လုံခြုံရေးတာဝန်ခံ စစ်သားများကိုပါ ကျေးဇူးတင်ကြောင်း ပြောရာမှ စသည်။ ဂျွန်ယက်တော အင်းယားကန်ကို ကူးဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ၀င်သည့်ကိစ္စတွင် အိမ်ဝန်းကျင်ကို လုံခြုံရေး ယူပေးနေသော စစ်တပ်၏ အခန်းကဏ္ဍလည်း မလွဲမရှောင်သာ ပါရှိနေမည်ဖြစ်ကြောင်း ထိုနှစ် ထိုလထုတ် ကရင်သတင်းစဉ်၌ ကျနော် ရေးခဲ့သည်။ နောက်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းလစ်ဟာချက်များ၊ နည်းလမ်းမကျသော ပြော ဆိုပြုမူမှုများကို ကြုံလျှင်ကြုံသလို ကျနော်ထောက်ပြခဲ့သည်။ ရှေးယခင် က ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ဖူးသော စကား များကို သူမကိုယ်တိုင် ပြန်၍ မှတ်မိလာစေရန်နှင့် လူထုဘက်က ခိုင်မာပြတ်သားစွာ ရပ်တည်နိုင်ရန်အတွက်လည်း အခွင့်သင့် သလို ကျနော် ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်း အတိမ်အနက်ကို ကောင်းစွာ လေ့လာသိမြင်မှုမရှိဘဲ သူမ လုပ်သမျှ မျက်စေ့မှိတ် ထောက်ခံတတ်သူအချို့နှင့် ရန်သူ့ဒလံများထံမှ ပုတ်ခတ်ဝေဖန်မှု အချို့တက်လာကြသည်ကို ကျနော်အရေးမထား။
ပြီးခဲ့သည့်လ ဆောင်းပါးမှာတော့ ဗမာ မြန်မာကိစ္စ အငြင်းပွားနေမှုများနှင့်ပတ်သက်၍ ဗမာနိုင်ငံကို အင်္ဂလိပ်လို ဘားမားဟုသာ ဆက်၍ ခေါ်မည်။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားမည်။ လက်ပံတောင်းတောင်ဒေသခံလူထုကို သွားရောက်တွေ့ဆုံမည် စသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်အပေါ် စစ်အုပ်စုအကြိုက် မဟုတ်ပဲ လူထုဘက်က ရပ်တည်ပြောဆိုလာသည့်အ တွက် နွေးထွေးစွာ ကြိုဆိုရမည်ဖြစ်ကြောင်း ကျနော် ရေးခဲ့သည်။ ထိုဆောင်းပါးကို ၀က်ဘ်ဆိုက်၌ မဖော်ပြရသေးမီမှာပင် လက်ပံတောင်းတောင် သပိတ်စခန်းများမှ ဆန္ဒပြသံဃာတော်များနှင့် ကျေးရွာလူထုကို စစ်အုပ်စု လက်ပါးစေများက မီးလောင်ဗုံးများသုံး၍ အကြမ်းဘက် ဖြိုခွဲလိုက်သည့်ကိစ္စနှင့် နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည် ထိုဒေသသို့ ရောက်ရှိပြီး လူထုကို ဟောပြောရာတွင် လူထုဘက်က ရပ်တည်နိုင်မှု မရှိသည့် အပြောအဆို အမူအယာများကို တွေ့လာရသည့်အခါမှာ တော့ ပြီးခဲ့သည့်လက သူမအား နွေးထွေးစွာ ကြိုဆိုခဲ့သည့်ကိစ္စကို ဘေးချိတ်ကာ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ နွေးထွေးစွာပင် ဝေဖန်ထောက်ပြသည့် ဆောင်းပါးကို ရေးရတော့မည်ဖြစ်သဖြင့် အယ်ဒီတာအား ကြိုတင် စကားဦး သန်းခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ယခုလအစောပိုင်းမှာပင် လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား လူထုဘက်က ရပ်တည်နိုင်ရေး တိုက်တွန်းသည့် ဆောင်းပါးအချို့နှင့် သူမ ဦးဆောင်သော စုံစမ်းရေးကော်မရှင်အပေါ် ဝေဖန်ထောက်ပြကြ သော ဆောင်းပါးအချို့ ပေါ်ထွက်လာခဲ့သလို၊ မကြာသေးမီ ရက်များအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်းဆိုသည့် ဆောင်းပါးတွဲတခု ထွက်ပေါ်လာခဲ့ပြန် ရာ ဒေါ်အောင်ဆန်းစုကြည်၏ ချွတ်ယွင်းချက် များကို ထောက်ပြဝေဖန်အကြံပြုကြသည့် ဆောင်းပါးတွေများလွန်းပြီး ဟုန်သွားနိုင် သည့်အတွက် ရေး ထားပြီးဖြစ်သော ဒေါ်အောင် ဆန်းစုကြည်အပေါ် ဝေဖန်ချက် စာမူကြမ်းကို ကျနော်ပြန်၍ ဖြုတ်ပစ်ခဲ့သည်။ ဆောင်းပါးအများစုမှာ ကျနော်တင်ပြလိုသော အကြောင်းအရာအချို့ ပါရှိနေပြီးဖြစ်သည့်အပြင် အချို့ဆောင်းပါးများမှာ အချက် အလက် ပိုမိုပြည့်စုံသောကြောင့်လည်း ကျနော့်စာတွေကို ပြန်ဖြုတ်ခဲ့ခြင်း ဖြစ်သည်။
အများပြည်သူလူထု၏အကျိုးနှင့် တတိုင်းတပြည်လုံး ကျွန်အဖြစ် နွံနစ်ကြရမည့် အဖြစ်ဆိုးများမှ ကယ်တင်နိုင်ရေး ဒေါ်အောင် ဆန်းစုကြည်အပေါ် စေတနာရှေ့ထား၍ လမ်းကြောင်းမှန်သို့ ရောက်အောင် တည့်မတ်ပေးသော ပုဂ္ဂိုလ်များ ယခင်ထက်ပိုမို ပေါ်ထွက် လာကြပြီ ဖြစ်သောကြောင့် မလွဲမရှောင်သာလွန်း၊ မပြောမဖြစ်လွန်းသည့် အခါကျမှသာ ပြည်သူ့အကျိုးကို မျှော်ကိုး လျက် ၀င်ရောက် နှိုးဆော်ရမည် ဖြစ်သည်။ ၁၅ ကြိမ်မြောက်ကွန်ကရက်မှ ခေါင်းဆောင်သစ်များ ရွေးကောက်ပြီးစီးခဲ့သည့် ကေအဲန်ယူနှင့် ပတ်သက်၍လည်း သီးခြားအကြံပြုတော့မည် မဟုတ်ပဲ တော်လှန်သော အဖွဲ့အစည်းများအားလုံးအပေါ် ခြုံငုံ တိုက်တွန်းမှုများကိုသာ တင်ပြသွားမည် ဖြစ်သည်။
(၂)
ကေအဲန်ယူ ဒူးပလာယာခရိုင် ၁၉၉၇ခုနှစ်တုန်းက အဘယ့်ကြောင့် လက်လွတ်ကျရှုံးခဲ့ရသနည်း။ ကိုယ့်အချင်းချင်းထဲ စည်းလုံးမှု မရှိခဲ့၍ ဖြစ်၏။ ရန်သူကို သွေးပူအောင်ပင် မတိုက်ခိုက်ပဲ ရှောင်ခဲ့ကြ၍ ဖြစ်၏။ တကယ်တမ်းသာ တိုက်ခိုက်ပစ်ခတ်မည်ဆိုလျှင် ရန်သူ မခံနိုင်။ ရန်သူကို မတိုက်ပဲ ရန်သူ့ထံသွား၍ ဒူးထောက် အညံ့ခံသူတွေ၊ သွေဖည်လမ်းလွဲသူတွေ ပေါ်ပေါက်လာခဲ့သည့် နောက်တွင် (မိမိ၏ ညီနောင်ရင်းချာ ဒီကေဘီအေကြောင့် မာနယ်ပလောကို လက်လွှတ်ခဲ့ရသည့် ပုံစံအတိုင်း) စိတ်ဓာတ်ပျက် ပြားကာ မိမိတို့နယ်မြေကို ရက်အနည်းငယ်အတွင်းမှာပင် လက်လွှတ်ခဲ့ခြင်းသာ ဖြစ်လေသည်။
မိမိတို့ အချင်းချင်း စည်းလုံးညီညွှတ်နေကြသည့် အချိန်များ၌ ရန်သူသည် ဘယ်သောအခါကမျှ စစ်ရေးအရ အသာစီး မရနိုင်ခဲ့။ ရပ်ရွာလူထုတွေကိုပါ ပေါ်တာများအဖြစ် ခိုင်းစေကာ ဟိတ်နှင့်ဟန်နှင့် အလုံးအရင်းနှင့် တက်လာကြသော်လည်း ပြောက်ကျား တို့၏ အမှည့်ချွေ ချွေခြင်း ခံရကာ ၎င်းတို့ ရည်မှန်းချက်သို့ ရောက်ရှိပြီးနောက်ပိုင်းတွင်လည်း အမြဲတမ်းလိုလိုပင် သေကြေဒဏ် ရာများစွာဖြင့် အလဲလဲအကွဲကွဲ ဆုတ်ပြေးခဲ့ကြရသည်ချည်း ဖြစ်သည်။
တကယ်တမ်းသာ သွေးစည်းညီညွှတ်မှု ရှိထားမည်ဆိုလျှင် ရန်သူသည် နယ်ခံတော်လှန်ရေး အဖွဲ့အစည်းများကို မည်သည့်အခါ မျှ မောင်းထုတ်နိုင်မည် မဟုတ်။ လူထုအပေါ်တွင်လည်း အနိုင်ကျင့် စော်ကားရဲမည် မဟုတ်။
တတိုင်းပြည်လုံး၏ ရန်သူကို လူထုက ခုချိန်ထိ ဘာ့ကြောင့် အောင်ပွဲမခံနိုင်ရသလဲဆိုသည့် အမေးပုစ္ဆာနှင့် ပတ်သက်၍ ပုဂ္ဂိုလ် တယောက် သုံးသပ်သွားပုံမှာ တွေးဆဆင်ခြင်ဖွယ် ကောင်းသည်။
လူထုအတွင်း နိုးကြားတက်ကြွသူများ ရှိလာသော်လည်း ရန်သူ၏ သပ်လျှိုသွေးခွဲထားမှုအပေါ် တဦးနှင့် တဦး သံသယများ ရှိနေ သေး၍လည်းကောင်း၊ မိမိတို့အချင်းချင်း ညီညွှတ်မှု မရှိကြသောကြောင့်လည်းကောင်း၊ ကိုယ်ကျိုးငဲ့ တဒင်္ဂပြေလည်ရေး ထွက် ပေါက်ရှာကြသူတွေများသောကြောင့်လည်းကောင်း၊ ရရှိလာသော စီးပွားဥစ္စာနေရာဌာနအပေါ် ခင်တွယ်သာယာနေသော ကြောင့်လည်းကောင်း၊ ဖိနှိပ်ခံရသည့် အခြေအနေမှ ရုန်းထွက်သည့်အခါ မအောင်မြင်ပါက သည့်ထက်ပိုဆိုးမည့်ဘ၀ ရောက် သွားမည်ကို စိုးရိမ်၍လည်းကောင်း၊ တော်လှန်ပြီးသည့်နောက် ခေါင်းဆောင် ဘယ်သူ ဆက်တက်မလဲဆိုသည်ကို မဆုံးဖြတ် နိုင်၍လည်းကောင်း၊ တဗိုလ်ကျတဗိုလ်တက် မလုပ်နိုင်၍လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မပြတ်သားသော ရှေ့ဆောင် မှုကို ယုံကြည်ခြင်း မရှိသော်လည်း ဟုတ်နိုးနိုးဖြင့် စောင့်ကြည့်နေရသောကြောင့်လည်းကောင်း၊ လက်နက်ကိုင် တိုက်မည်ဆိုပါ က ရန်သူ့တပ် အတော်များများပါ လူထုဘက်ကို ပါလာကြမည်ဖြစ်သည့်တိုင် လက်နက်ကိုင်များ ကြီးစိုးပြီး တဗိုလ်တမင်းများ ပေါ်လာကာ တိုင်းပြည် ပို၍နာသွားမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း စစ်အုပ်စုအား အပြုတ်နှံရေး နှောင့်နှေးနေကြခြင်း ဖြစ်သည်ဟု ဆို၏။
တကယ်တော့ တဦးပေါ်တဦး သံသယရှိခြင်း၊ မညီညွတ်ခြင်း၊ နေရာဌာန ဥစ္စာပစ္စည်းအပေါ် မက်မောတွယ်တာ ကိုယ်ကျိုးရှာ ခြင်းများမှာ အဖိနှိပ်ခံဘ၀မှ ရုန်းထွက်နိုင်ရေး ရန်သူနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လာရသည့်အခါ၌ လွင့်စင်ကွယ်ပျောက် သွားကြ မည်ဖြစ်ပြီး အဖိနှိပ်ခံ အချင်းချင်း စည်းလုံးညီညွှတ်မှုဖြင့် ဘုံရန်သူကို ဦးတည် တိုက်ခိုက်နိုင်ကြမည် ဖြစ်သည်။ တော်လှန်ပြီး သည့်နောက် ခေါင်းဆောင် မည်သူဖြစ်လာမည်နည်း ဆိုသည်တော့ လူထုတော်လှန်ရေးကြီးကပင် ဆုံးဖြတ်သွားလိမ့်မည်ဖြစ်သ လို လက်နက်ကိုင်များကြီးစိုးပြီး တဗိုလ်တမင်းများ ပေါ်လာမည့်ကိစ္စကိုလည်း စဉ်းစားဆင်ခြင်တတ်သော လူထုခေါင်းဆောင် များက ကိုင်တွယ် ထိန်းကွပ်သွားနိုင်မည် ဖြစ်သည်။
ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ ကလေး၊ စစ်တွေ၊ စသည့်မြို့များ၌ လက်ပံတောင်းတောင်အရေး ဆန္ဒပြ သံဃာ တော်များအား အကြမ်းဖက် ဖြိုခွဲသည့်ကိစ္စနှင့် ပတ်သက်၍ ဗမာပြည်တ၀ှမ်းမှ သံဃာတော်များ၏ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို သည့်အသံများ၊ ရွှေလုပ်သား၊ စက်ရုံလုပ်သား၊ မြေယာ အိုးအိမ် ကျူးကျော် သိမ်းယူခံရသူတို့၏ အသံများမှာ အကြောင်းကြောင်း သော အကြောင်းကြောင်းတို့ဖြင့် ယခုအချိန်၌ အနည်းငယ် ငြိမ်သက်သွားခဲ့သော်လည်း လုံးဝ အရှိန်သေ ပြီးပြတ်ပြေငြိမ်းသွား ခြင်း မရှိသော တအုံနွေးနွေး မီးခဲသည် လများမကြာမီပင် ထတောက်ပေလိမ့်ဦးမည်။
လူထုအရေး ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှာ လူထုနှင့်အတူ ရုန်းကြရမည် ဖြစ်၏။ လူထု အုံကြွမှုကြီးအတွင်း အဖွဲ့အစည်းများအနေဖြင့် ပီပြင်စွာ ပါဝင်နိုင်ဖို့ လိုအပ်သည်။ စစ်အုပ်စု၏ ဘက်တော်သား မဖြစ်စေပဲ လူထုဘက်သား တော်လှန် ရေးသမား ပီသစွာ ဆောင်ရွက်ကြရမည် ဖြစ်သည်။
လူထုဘက်က မရပ်တည်နိုင်သူ၊ စစ်အုပ်စုနှင့် ပူးပေါင်း၍ လူထုကို သိက္ခာမဲ့သော အရှုံးပေး အညံ့ခံရေး လမ်းကြောင်းတွင်းသို့ တွန်းပို့သူ၊ ခေါင်းဆောင်မပီသသူတို့၏ လမ်းညွှန်မှုကိုမူ လူထုအနေဖြင့် ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
(၃)
ပြီးခဲ့သော နှစ်အတန်ကြာမှစ၍ ကျနော်ရေးခဲ့သော ဆောင်းပါးများတွင် စစ်မက်ဖြစ်ပွားမှုကို လိုလားသော စစ်သွေးကြွ အရေးအ သားများသာ ဖုံးလွှမ်းနေသည်ဟု မိတ်ဆွေအချို့က ဆိုသည်။
စစ်သွေးကြွဆိုသည်မှာ တိုက်လိုခိုက်လိုစိတ် ပြင်းထန်သူများ၊ သူတပါးအပေါ် ကျူးကျော်စော်ကားလိုသူများ၊ အင်အားသုံး အကြမ်းဖက်လိုသူများကို ခေါ်ဆိုခြင်း ဖြစ်သည်။ ကျနော့်မှာ ထိုကဲ့သို့သော သဘောထား မရှိ။ ကျူးကျော်စော်ကားသူများကို ပြန်လည်တွန်းလှန်လိုသည့် သဘောထားသာ ရှိသည်။ ပြေလည် အေးချမ်းစေရေး ညှိနှိုင်းဆောင်ရွက်မှု၊ မေတ္တာရပ်ခံ တောင်း ပန်မှုများကို လျစ်လျူရှု ငြင်းပယ်ကာ အတင်းအဓမ္မ နိုင်ထက်စီးနင်း နှိပ်စက်သတ်ဖြတ်လိုကြသူများကို ဘာတခုမျှ ပြန်မလုပ်ပဲ သူတို့ပြုသမျှ နုကြရမည်လား၊ ပြန်လည်တွန်းလှန်တိုက်ခိုက်ရမည်လား ဆိုသည်ကို အသိဉာဏ်ရှိသူတိုင်း စဉ်းစားတတ်ကြမည် ဖြစ်၏။
ကချင်ပြည်နယ် ကေအိုင်အို ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ်များအား လဂျားယန်တွင် ဦးချိုးနှိပ် ကွပ်ပစ်လိုက်သည့် သတင်းကို ကြားရသည်မှာ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းနေလေသည်။ စစ်အုပ်စု၏ အမိန့်ပေးရာ နောက် အစဉ်းစားအဆင်ခြင်မဲ့စွာ လိုက်ပါလုပ်ဆောင်ကြသော လက်ကိုင်တုတ်တပ်များ၏ သေကြေဒဏ်ရာရခြင်းများကို လူလူ ချင်း စာနာထောက်ထားတတ်သူများ၊ တိုင်းပြည်ကောင်းကျိုး စေတနာထား ဆောင်ရွက်တတ်သူများအနေဖြင့် ၀မ်းပမ်းတသာ ဖြစ်ကြလိမ့်မည် မဟုတ်သော်လည်း တိုင်းရင်းသားပြည်သူလူထုအပေါ် ညှာတာထောက်ထားမှုမရှိသည့် စစ်အုပ်စု၏ လုပ်ရပ်များ ကို ကြုံတွေ့ကြားသိကြရသူတို့ အနေဖြင့်မူ ၎င်းတို့၏ ကျရှုံးဆုတ်ခွာပြေးရှောင်ရမှုများအပေါ် မည်သည့်နည်းနှင့်မျှ ၀မ်းနည်းပက် လက် ဖြစ်ကြလိမ့်မည် မဟုတ်ချေ။ လက်နက်ကိုင် တော်လှန်တိုက်ခိုက်သူများကို မယှဉ်သာတိုင်း လက်နက်မဲ့ လူထုအပေါ်မဲ ကာ နှိပ်စက်ကလူ ပြုကြမည့် ၎င်းတို့စစ်အုပ်စု လက်ကိုင်တုတ်များအား ထိုအပြုအမူမျိုး နောက်နောင် မလုပ်နိုင်တော့အောင် လက်တွေ့ကျကျ ဆုံးမပေးမည့်သူများသာ နေရာအနှံ့ ပေါ်ထွက်လာပေလိမ့်မည်။
လာမည့် ဇန္န၀ါရီလအတွင်းဆွေးနွေးကြရန် စစ်အုပ်စု၏ အယောင်ပြကမ်းလှမ်းထားမှုကို ကေအိုင်အိုအနေဖြင့် မည်သို့မျှ ဂရုပြု စရာအကြောင်းမရှိ။ ကချင်ကို လူမျိုးတုန်း အမှုန့်ချေပစ်ရန် နေ့စဉ်နှင့်အမျှ ကြိုးပမ်းနေသည့် သူတွေထံမှ ကမ်းလှမ်းမှုကို ယုံကြည်၍ မရ။ ငြိမ်းချမ်းရေးကိစ္စ ဦးစီးဆောင်ရွက်နေသူ ဦးအောင်မင်းမှာ အရေခြုံသမ္မတ သိန်းစိန်ရုံးမှ ၀န်ကြီး ဖြစ်၏။ ဦးသိန်းစိန်မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကပင် သူ့တပ်တွေကို မိမိကိုယ်မိမိ ကာကွယ်ရုံမှအပ ထိုးစစ်မဆင်ရန် ကြေညာခဲ့သူဖြစ်၏။ တပ်တွေက ကချင်ပြည်နယ်ထဲ အများအပြား ရောက်ရှိကာ ထိုးစစ်များ ဆက်တိုက် ဆင်နေသည်။ သမ္မတစကားကို စစ်တပ်က မလိုက်နာသလို ဖြစ်နေသည်။ တကယ်တော့မဟုတ်။ ၎င်းတို့အားလုံးပင် တကျိတ်တည်း တဉာဏ်တည်း ဖြစ်လေသည်။ ၀န်ကြီး ချုပ်ဘ၀ကပင် ကချင်နှင့် ရ၀မ်ကို သွေးခွဲခဲ့သူမှာ ဦးသိန်းစိန် ဖြစ်သည်။ နိုင်ငံရေး မဆွေးနွေး၊ အပစ်အခတ်ရပ်စဲရေးလည်း မလို အပ်၊ လက်နက်ချဖို့သာ လိုသည်ဟု ကေအိုင်အေကို အမိန့်ပေးခဲ့သူမှာ ဦးသိန်းစိန် ဖြစ်သည်။ ကေအိုင်အိုအနေဖြင့် ဘာမျှတွေ ဝေနေစရာမရှိ။ ခရစ်စမတ် အခါသမယကိုပင် မရှောင် ကျူးကျော်ထိုးစစ်များ ဆင်နွဲနေသော စစ်အုပ်စုတပ်များကို ခုခံတွန်းလှန် ရေးထက် ပိုမိုသည့် စစ်ဆင်ရေးဖြင့် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ကချင်သည် မိမိနယ်မြေတွင်း ခုခံတွန်းလှန်စစ်၌ အောင်ပွဲ တွေ တသီကြီး ရရှိနေ၏။
ကချင်၏ အောင်ပွဲရ သတင်းများကို အားကျဖွယ်ရာ ဖတ်ရင်းမှာပင် ကချင်ကို မဟာမိတ်တပ်များက ၀ိုင်းဝန်းကူညီကြမည့်အ ကြောင်း ၀မ်းမြောက်ဖွယ်သတင်းကို ကြားကြရသည်။ လူထုကလည်း အုံကြွလိုနေကြပြီ ဖြစ်၏။ တိုင်းရင်းသား ပြည်သူလူထုအ ပေါ် မည်သည့်အခါကမျှ ညှာတာထောက်ထားမှု မရှိသော စစ်အုပ်စု လက်ကိုင်တုတ်တပ်များအား ယခုလို အခြေအနေ အခွင့်အ ခါကောင်းခိုက်တွင် ၀ိုင်းဝန်းတိုက်ဖျက်ကြရပေလိမ့်မည်။ ဤအချိန်အခါမျိုး၌ စစ်အုပ်စုကို တိုက်ခိုက်ဖို့ရန် တွေဝေနှောင့်နှေးနေ မည်ဆိုလျှင် နောက်နောင် ဘယ်သောအခါမျှ နာလံထူနိုင်လိမ့်မည်မဟုတ်ပဲ သားစဉ်မြေးဆက် စစ်ကျွန်အဖြစ် ဘ၀ဆုံးကြဖို့သာ ရှိလေသည်။
သူတို့က အင်အားများတယ်၊ လက်နက်ကောင်းတွေလည်း ရှိတယ်၊ ကျနော်တို့ တိုက်လို့နိုင်ပါ့မလားဟု ဆိုလာကြမည့် စစ်အုပ်စု ဒလံများ၊ လူကြောက်များနှင့်ပတ်သက်၍မူ ရာဇဓိရာဇ်နှင့် မင်းရဲကျော်စွာတို့၏ ထုံးကို နှလုံးမူရမည် ဖြစ်၏။ လူကြောက်တို့၏ လမ်းစဉ်ကို မလိုက်ပဲ တတိုင်းတပြည်လုံး လွတ်မြောက် ငြိမ်းချမ်း ရှင်သန်ရေးအတွက် တိုက်ကြရမည် ဖြစ်လေသည်။
တပ်မတော်ကို တိုက်လို့ တပ်မတော် အင်အားချိနဲ့သွားရင် ပြည်ပရန်တွေကို မကာကွယ်နိုင်တော့ပဲ တပါးကျွန်ဖြစ်ကြရမည်ဟု အချို့က ဆိုကြသည်။ ဗိုလ်ချုပ်ကျော်ဇောလက်ထက် နောက်ပိုင်း မဆလ ခေတ်မှစ၍ ဤတပ်မတော်မှာ မည်သည့်အခါကမျှ ပြည်ပရန်ကို ကာကွယ်ခဲ့သည့် တပ်မတော်မဟုတ်။ ပြည်တွင်းစစ်ကို အတောမသတ် တောက်လောင်စေပြီး တိုင်းရင်းသားနယ် မြေများသို့ ကျူးကျော်စစ်များပြုကာ တနိုင်ငံလုံးကို ဖိနှိပ်အုပ်စိုးခဲ့သည့် အာဏာရှင်၏ လက်ကိုင်တုတ်တပ်တွေသာ ဖြစ်သည်။
၎င်းတို့၌ ပြည်ပရန်ကို ကာကွယ်နိုင်သည့် အရည်အချင်းလည်း မရှိ။ ပြည်ပရန် မပြောနှင့် အင်အား အနည်းငယ်ကြီးသော ပြည် တွင်းမှ ၀တပ်ဖွဲ့များကိုပင် တိုင်းရင်းသားများအား အမှည့်ချွေ တိုက်ခိုက်ရာ၌ ၀င်ရောက်ကူညီမှု မပြုစေရန်အတွက် အခွင့်အရေး များပေးကာ အပစ်အခတ်ရပ်ရေး လုပ်ထားရသူတွေ ဖြစ်သည်။ တိုင်းရင်းသားများ ပေါင်းစည်းမည့်အရေးကိုလည်း မလိုလားပဲ တဖွဲ့ချင်းစီ သပ်လျှိုသွေးခွဲကာ ညီညွှတ်မှုမရှိအောင် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ပြည်မမှ ၀န်ထမ်းများနှင့် ပြည်သူလူထုအပေါ် တွင်လည်း မလောက်မင မ၀ရေစာတို့ဖြင့် မွဲတေမှု ဆင်းရဲနွမ်းပါးမှုများမှတဆင့် အကျင့်ပျက်ချစားမှုများဖြစ်စေပြီး အချို့ကို အခွင့်အရေးများပေးလျက် လက်ကိုင်တုတ်များလုပ်ကာ လူထုအတွင်း သွေးကွဲအောင် ဖန်တီးခဲ့သူတွေ ဖြစ်သည်။
တိုင်းရင်းသား ပြည်သူလူထု၏ ခုခံတွန်းလှန်စစ်မှာ တရားဥပဒေရေးရှုဒေါင့်မှ ကြည့်လျှင်ပင် တရားမျှတမှုရှိ နေပြီး ဖြစ်သည်။ တရားဥပဒေအထက်က စစ်အုပ်စု ရှိနေသော ဗမာနိုင်ငံအတွက်မူ တရားဥပဒေရေး၊ နိုင်ငံရေး ၊ လူ့အခွင့်အရေးတို့ဖြင့်သာမက တွန်းလှန်တိုက်ခိုက်ရေးဖြင့်ပါ ဆောင်ရွက်ကြရမည် ဖြစ်သည်။ စစ်အုပ်စုအနေဖြင့် မည်သည့်တိုင်းရင်းသား ပြည်သူလူထုကိုမျှ အမြစ်ပြုတ် မျိုးတုန်းအောင် တိုက်ခိုက်နိုင်မည်မဟုတ်ပဲ တိုင်းရင်းသားပြည်သူလူထုကသာ စစ်အုပ်စုကို အမြစ်ဖြုတ် တွန်းလှန် နိုင်ကြမည် ဖြစ်၏။
မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးသော တပ်များမဟုတ်ပဲ မိမိတို့အား ပို၍ ၀န်လေး ပင်ပန်းစေသည့် ထိုကဲ့သို့သော သူခိုးဓားပြစစ်တပ်မျိုးကို အင်အားနည်းပါးရုံမက ပြုတ်ပြုတ်ပြုန်း သွားစေရန်အတွက် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများ၏ အင်အား၊ ပြည်သူလူထု၏ အင်အားတို့ဖြင့် တိုက်ခိုက်ရှင်းလင်းပြီးမှသာ တကယ်တမ်း တိုင်းပြည်ကောင်း ကျိုးဆောင်လိုသည့် စိတ်ဓာတ်ခံယူချက် ပြည့်ဝပြီး လူထုအရေးကို ဦးထိပ်ထားလျက်၊ လူထုအပေါ် ကျရောက်လာမည့် ပြည် တွင်းပြည်ပ ရန်စွယ် အန္တရာယ်များအား ရွပ်ရွပ်ချွံချွံ တွန်းလှန်ကာကွယ်မည်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုစစ်တပ် စစ်စစ်၊ ကမ္ဘာက လေးစားအားကျရမည့် တကယ့် တပ်မတော်စစ်စစ်တို့ကို ပြန်လည် ဖွဲ့စည်းထူထောင်ကြရမည် ဖြစ်သည်။
(၄)
တနှစ်တာ လျှောက်လှမ်းခဲ့သည့် ခရီးလမ်းကို ပြန်လည်စောင်းငဲ့ကြည့်ရာတွင် ပြီးခဲ့သည့်လ အမေရိကန် သမ္မတ အိုဘားမား ဗမာပြည်ကို နာရီအနည်းငယ်အကြာ လာရောက်လည်ပတ်ပြီး ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောသွားသည့် ကိစ္စတခုကလွဲ၍ တနှစ်ပတ်လုံးပင် အကောင်းနည်းနည်း အဆိုးများများ ရောပြွမ်းနေသည့် ဖြစ်ရပ်များနှင့် အကောင်းမြင်စရာ တကွက်တလေမျှ မရှိသည့်အဖြစ်တို့ကို အံ့သြမှုကင်းစွာ တွေ့မြင်ရလေသည်။
အရေခြုံ သမ္မတသိန်းစိန်၏ တွန့်ဆုတ်တွန့်ဆုတ် ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်အုပ်စု၏ အချိတ်အဆက် အလိမ်အညာ အဖုံးအဖိ မသမာမှုများ၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အကြောင်းပြလျက် နယ်စပ်ဒေသဖွံ့ဖြိုးရေး စီးပွားရေး ဦးတည်ချက်များဖြင့် ကေအဲန်ယူနှင့် စစ်အုပ်စု အပစ်ရပ်ရေး ပဏာမသဘောတူညီမှုများ၊ မင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်း သားခေါင်းဆောင်အချို့နှင့် နိုင်ငံရေး အကျဉ်းသားအချို့ကို ပုဒ်မ၄၀၁/၁ အနှောင်အတည်းဖြင့် လွှတ်ပေးခြင်းများ၊ ပါတီမှတ်ပုံ တင်ကာ ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပီပြင်ပြတ်သားမှုမရှိသော ခေါင်းရှောင်မှုများ၊ ကေအဲန် ယူတွင်း လမ်းလွဲသွေဖည်မှုများ အာဏာလွန်ဆွဲမှုများနှင့် မညီမညွတ်ဖြစ်လာမှုများ၊ စစ်အုပ်စုနှင့် အပစ်အခတ် ရပ်စဲထားသော ကလိုထူးဘောဗျူဟာက ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို တာဝန်မှ ရပ်ဆိုင်းလိုက်သည့်ဖြစ်ရပ်၊ ကချင်နယ်မြေကို လဖြင့်၊ နှစ်ဖြင့် ချီ၍ ကျူးကျော်စော်ကားနေမှုများ၊ ကရင်ပြည်နယ်ထဲ လူထုပိုင် လယ်မြေဧကပေါင်း သောင်းသိန်းချီ၍ အသိမ်းခံရခြင်းများ၊ တောင်ငူနယ်အတွင်း လေကြောင်း စစ်ရေး လေ့ကျင့်မှုများလုပ်ကာ ကရင်လူထုကို ခြိမ်းခြောက်မှုများ၊ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးထားပြီးဖြစ်သည့် ရှမ်းပြည်နယ်အတွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ကိစ္စများ၊ ကရင်နီပြည်နယ်တွင်းမှ စစ်အုပ်စု၏ သံချပ်ကာကားများ၊ အလိမ်ခံရသော မိုးထိမိုးမိ ရွှေလုပ်သားများကိစ္စ၊ စက်ရုံအလုပ်သမားဆန္ဒပြပွဲများနှင့် အကြမ်း ဖက် ရိုက်နှက်ဖြိုခွဲခံရမှုများ၊ လယ်ယာမြေအသိမ်းခံရသော ရွှေမြယာမှ လယ်သမားကြီးများနှင့် စစ်အုပ်စု အချစ်တော် ၀ါဝါ၀င်း ကုမ္ပဏီ၏ စော်ကားပြောဆိုမှုများ၊ ၀ါတွင်းကာလမရှောင် အိမ်ကြီးရခိုင်များရှိသည့် ရပ်ကွက်တွေ ရွှေ့ပြောင်းခိုင်း၊ ဘုန်းတော်ကြီး ကျောင်းတွေ ဖျက်ဆီးမီးရှို့သည့်လုပ်ရပ်များ၊ စစ်အုပ်စုလုပ်သမျှ မြှောက်ပင့်ထောက်ခံကာ ကိုယ်ကျိုးရှာကြသော နိုင်ငံများ၊ ရခိုင် နှင့် ဘင်္ဂလာလီရိုဟင်ဂျာ အဓိကရုဏ်း ဖန်တီး မီးမွှေးခြင်းနှင့် နှစ်ဘက် သေပျောက်ခြင်းများ၊ စစ်အုပ်စု လက်ပါးစေများ၏ ၀င် ရောက်ပစ်ခတ် သတ်ဖြတ်ခြင်းများ၊ ကြေးနီစီမံကိန်းကြောင့် လက်ပံတောင်းတောင်ဝန်းကျင် ကျေးရွာလူထု တွေ့ကြုံကြရသည့် အန္တရာယ်များ၊ စွန့်ပစ်မြေစာများကြောင့် ပတ်ဝန်းကျင်လယ်မြေများ မည်သည့်သီးနှံမျှ စိုက်ပျိုးရန် မဖြစ်ထွန်း၊ အငွေ့အသက်များ နှင့် ရေတွင်းများပါ ထိခိုက်၊ လူတွေ ရောဂါဆိုးများရပြီး သေကြရ၊ တရုတ်ကို ကြောက်တတ်သူများ၏ မီးလောင်ဗုံးဒဏ် သင့်ခဲ့ရသည့် လက်ပံတောင်းတောင်သပိတ်စခန်းမှ ဆန္ဒပြ သံဃာတော်များ၊ ကျေးရွာလူထုများ၊ လွတ်လပ်သော ဈေးကွက်စီး ပွားရေးကို ဖော်ဆောင်နေသည့် နိုင်ငံတွင် ကျပ်ငွေ သိန်းထောင်ချီ တန်ဘိုးရှိသော အိမ်များကို ဈေးကစားရန် ရည်ရွယ်လျက် ၀ယ်ယူသည်ဟုဆိုကာ မိမိတို့စီးပွားရေးကို မိမိတို့ ရိုးသားစွာ လုပ်နေသော တိုင်းရင်းသူကလေးနှင့် ခင်ပွန်းသည် ဂျပန်အမျိုး သားကြီးကို ဖမ်းဆီးနှိပ်စက် စစ်ဆေးလျက် တိုင်းရင်းသူကလေးကို သတ်ဖြတ်ကာ တိုက်ပေါ်မှ ပစ်ချခဲ့ပြီး၊ ထောင်တွင်းမှနေ၍ ရောဂါရလာသော ခင်ပွန်းသည် ဂျပန်ကြီး၏ အာမခံ လျှောက်ထားမှုကို ငြင်းပယ်သော စစ်အုပ်စု လက်ပါးစေများ၏ လူမဆန် သည့် သူခိုးဓားပြလုပ်ရပ်များ၊ တိုင်းပြည်ထဲ ကျူးကျော်လာသော တရုတ်ဖြူတို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ပြီးနောက်၊ အသက်အ ရွယ် အိုမင်းသည့်တိုင် ပြည်သူလူထု အကျိုးအတွက် စွမ်းစွမ်းတမံ တော်လှန်တိုက်ပွဲဝင် ရေးသားဟောပြောခဲ့သော ဗိုလ်ချုပ် ကျော်ဇော ပြည်ပမှာပင် ကွယ်လွန်ခဲ့သည့်သတင်း၊ လူထုအကျိုးပြုစာများ ရေးသားခဲ့ရေးသားဆဲ ဆရာမောင်ဝံသ ကင်ဆာ ရောဂါ ရရှိသည့်သတင်းနှင့် တော်လှန်သောလူငယ်ထုအတွက် စိတ်ဓာတ်မြှင့်တင်ရေး တေးသီချင်းများ သီကျူးခဲ့သည့် အဆို တော် ခင်မောင်တိုး ကွယ်လွန်သောသတင်း၊ စစ်အုပ်စု၏ ကျေးဇူးရှင်တဦးဖြစ်သော မူးယစ်ရာဇာနော်ခမ်းကို တရုတ်တရားရုံးက သေဒဏ်ပေးသည့်သတင်း၊ ခရီးသည်တင် လေယာဉ်လမ်းကြောင်းမှားဆင်းပြီး ထိခိုက်ပျက်စီး သေကြေဒဏ်ရာရသည့်သတင်း၊ လူသေ အပါအ၀င် အပုပ်ကောင်များကို ထိုးဆွ စားသောက်တတ်သည့် ကျက်သရေယုတ်သော အမင်္ဂလာ သတ္တ၀ါ ဠင်းတငှက် အချို့ ရွှေတိဂုံ စေတီတော် ငှက်ပျောဖူးအရင်းတွင် နားနေခဲ့ကြသည့် သတင်းများ … စသည် စသည်ဖြင့် ပျော်စရာ ရွှင်စရာ စိတ် ချမ်းသာစရာဟူ၍ တစက်မျှ မရှိ၊ မကျေနပ်စရာ၊ ဒေါသဖြစ်စရာ၊ မချိတင်ကဲ ကြေကွဲဝမ်းနည်းစရာ အနိဌာရုံဖြစ်ရပ် သတင်းများ သာ လွှမ်းခြုံနေခဲ့သည့်နှစ် ဖြစ်လေသည်။
ရှေ့လာမည့်နှစ်ကတော့ ယခုထက် အခြေအနေ ပိုမိုဆိုးဝါးလိမ့်မည်ဟု နက္ခတ်ဗေဒင်ဆရာအချို့က ဟောကိန်းထုတ်ထားကြ သည်။ ဗမာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အခြေအနေ အရပ်ရပ်ကလည်း အဆိုးဘက်ကို တွန်းပို့နေကြသည်။ ကမ္ဘာ့နိုင်ငံများက ငွေရေးကြေးရေးအရလည်းကောင်း၊ နည်းပညာအရလည်းကောင်း၊ လူသုံးကုန်ပစ္စည်းများ အခြေခံ စားနပ် ရိက္ခာများဖြင့်လည်းကောင်း မည်မျှပင် ထောက်ကူမှုများ ပြုစေကာမူ၊ ပြည်သူလူထုအနေဖြင့် မိမိတို့၏ မကျေနပ်မှုနှင့် တွန်းလှန် လိုစိတ်များကို ချုပ်တည်းသည်းခံကာ တိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် မည်မျှပင် ကြိုးစားဆောင်ရွက်စေကာမူ စစ်အုပ်စု လက်အောက် ဗမာနိုင်ငံမှာ ကမ္ဘာ့အလယ် အောက်တန်းနောက်တန်း။ အောက်ကျ နောက်ကျဘ၀မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။       KAREN  INFORMATION CENTER

အမှောင်ညများကို ကျောခိုင်းလျက်


M. ထက်ခေါင်
(၁)

ယခုလထဲ တော်လှန်ရေးအဖွဲ့အစည်းများအတွင်း စိတ်အနှောက်အယှက်ဖြစ်ဖွယ်၊ စိတ်ပူစိုးရိမ်ဖွယ် ဖြစ်ရပ်အချို့နှင့် ပတ်သက်၍ အချို့ပုဂ္ဂိုလ်များ ရေးသားအကြံပြုခဲ့ကြပြီးဖြစ်သောကြောင့် ကျနော့်အနေဖြင့် အထူးတလည် ရေးရန်လိုမည် မဟုတ် ချေ။ လောလောဆယ် ကေအဲန်ယူအတွင်း ဖြစ်ရှိခဲ့သည့် အခြေအနေကို အကျဉ်းမျှ ဖော်ပြပြီး ဗမာပြည်နှင့် ပတ်သက်သည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍ ညံ့ဖျင်းမှုများနှင့် လူမျိုးရေး၊ စစ်ရေး၊ နိုင်ငံရေး ကဏ္ဍအချို့ကိုသာ အနည်းငယ်မျှ တင်ပြလိုသည်။
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲမှာပင် နှစ်ဘက်ဆက်ဆံရေးရုံး ဖွင့်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကေအဲန်ယူ ဗဟိုနှင့် ကေအဲန်အယ်လ်အေတပ်မှူးအချို့အကြား ပြဿနာ အနည်းငယ်ရှိခဲ့သည့်အပေါ် အဖွဲ့အစည်းအတွင်း ပြန်လည်သင့် မြတ်ပြေလည်စေရေး အချင်းချင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ စစ်ဦးစီးချုပ် အပါအ၀င် တာဝန်ရှိသူအချို့ကို ရာထူးမှလည်း ကောင်း၊ ကေအဲန်ယူ အဖွဲ့အစည်းဝင်အဖြစ်မှလည်းကောင်း ထုတ်ပယ်ခဲ့သောကိစ္စသည် တရားဥပဒေအထက် စစ်ဦးစီးချုပ် ရှိနေ သည့် ဗမာပြည် စစ်အုပ်စုကို အတော်ကလေး မျက်ခုံးပင့် ကျောချမ်းသွားစေခဲ့သည်။ ကေအဲန်ယူနှင့် ကေအဲန်အယ်လ်အေ တပ် ကွဲမည့်ကိစ္စအတွက် ၎င်းတို့ စိတ်တွင်းမှာတော့ အတော်ပင် ကျေနပ်အားရ တက်ကြွနေကြမည် ဖြစ်သည်။
တကယ်တော့ ကေအဲန်အယ်လ်အေဆိုသည်မှာ ကေအဲန်ယူက မွေးဖွားလာသောတပ်ဖြစ်၍ ကေအဲန်ယူ အစည်းအရုံး ၀င်ပင် ဖြစ်သည်။ ကေအဲန်ယူနှင့် ကေအဲန်အယ်လ်အေကို ခွဲခြားမရ။ အဖွဲ့အစည်းနှင့် တပ်ကို တသီးတခြားစီ ခွဲထုတ်ဆက်ဆံလို ၍လည်း မရ။ ကေအဲန်ယူအဖွဲ့အစည်း ပြိုကွဲနိုင်မည့်ကိစ္စကို စိုးရိမ်စိတ်ဖြင့် ကြားဝင် ညှိနှိုင်း အကြံပြုသော ကရင်အဖွဲ့အစည်းအ ချို့လည်း ရှိသည်။ မိမိတို့အချင်းချင်း စည်းဝေး ဆွေးနွေးပြီးနောက်တွင် ကရင်လူထု၏ အားကိုးအားထားပြုရာ အဖွဲ့အစည်းအ ဖြစ် အနှစ် ၆၀ကျော် မားမားမတ်မတ် ရပ်တည်ခဲ့သော ကေအဲန်ယူသည် ကရင်တမျိုးသားလုံး၏အကျိုးကို ရှေ့ရှုပြီး အဖွဲ့အစည်း ၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွှတ်မှုအတွက် စစ်ဦးစီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များအား မူလရာထူးများ ပြန်လည်အပ်နှင်း ကြောင်း၊ အဖွဲ့အစည်းတွင်းမှ ပြဿနာများကို သင်ပုန်းချေ ပြည်ဖုံးကားချလိုက်ကြောင်း ဆုံးဖြတ်ကြေညာနိုင်ခဲ့သည်။ ရန်သူဝမ်း သာကျေနပ်စေမည့်အဖြစ်မျိုး ရှေ့ဆက် မဖြစ်စေရေး အချင်းချင်း ရင်ကြားစေ့ခဲ့ကြသည်။
မည်မျှပင် သွေဖည်လမ်းလွဲ ခြေချော်လက်ချော် ယိုင်နဲ့မှုများ ရှိခဲ့စေကာမူ ကေအဲန်ယူသည် ပြည်တွင်းပြည်ပ အနယ် နယ်အရပ်ရပ်မှ အားပေးထောက်ကူမှုများဖြင့် မိမိလမ်းကြောင်းအတိုင်း တည့်မတ် ခိုင်ကျည်စွာ ဆက်လက်လျှောက်လှမ်းနိုင်ရေး မဆုတ်မနစ် လုပ်ဆောင်သွားလိမ့်မည် ဖြစ်၏။
(၂)
ဗဟန်းအဲန်အယ်လ်ဒီရုံး၌ အမေရိကားပြန် အတွေ့အကြုံများ ရှင်းလင်းပြနေရင်း ဗမာနိုင်ငံ ပညာရေးစနစ်မှာ အနှစ် ၅၀ ကျော် ညံ့ဖျင်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်သည့်သတင်းကို ဖတ်ရသည်။ ၁၉၆၂ခုနှစ်၊ မတ်လ ဗိုလ်ချုပ်နေ၀င်း တော်လှန်ရေးကောင်စီက တိုင်းပြည်အာဏာကို သိမ်းပိုက်လိုက်ပြီးကတည်းက အရာရာကို ချုပ်ကိုင်နိုင်ဖို့ရန် ကြိုးစားခဲ့ခြင်း ဖြစ် သည်။ အာဏာသိမ်းပြီး မကြာမီမှာပင် နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားခေါင်းဆောင်များကို ထောင်ထဲဖမ်းထည့်၊ ငွေစက္ကူ များ တရားမ၀င် သိမ်းဆည်းသည့်အပေါ် ကျောင်းသားတွေက ဆူပူကန့်ကွက်ခဲ့သည်တွင် ကျောင်းသားသမဂ္ဂကို ဗုံးခွဲကာ ကျောင်းသားတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့သည်။ ယခင်ကတည်းက ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င် ဗမာပြည် လွတ်လပ်ရေးတိုက်ပွဲဝင် ပညာတတ်ကျောင်းသားများကို ယှဉ်ပြိုင်၍ မရပဲ အမုန်းကြီး မုန်းခဲ့ သော ဗိုလ်ချုပ်နေ၀င်းမှာ ဗမာနိုင်ငံ၏ ပညာရေးစနစ်ကို တမင်ပင် အချိန်ယူ ဖျက်ဆီးခဲ့ခြင်း ဖြစ်၏။
ပြည်သူပိုင်သိမ်းသည်ဟုဆိုကာ ပြည်တွင်း အရင်းရှင် လုပ်ငန်းရှင်တို့၏ စက်ရုံအလုပ်ရုံများကို သိမ်းရာတွင် သာသနာ ပြုကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကိုပါ အစိုးရပိုင်အဖြစ် သိမ်းယူလျက် ဗမာနိုင်ငံ၏ ပညာရေးစနစ်ကို ထင်သလိုချယ်လှယ် ချုပ်ကိုင်နိုင်ရန် ကြိုးစားခဲ့သည်။
(၃)
၁၉၆၂ခုနှစ် မတိုင်မီက ကျောင်းဆရာ ဆရာမများအပေါ် ရိုသေလေးစားတတ်ခဲ့သူ အများအပြားမှာ ၁၉၆၂လွန်ကာလ များတွင် တွေ့လာရသော ပညာရေးဝန်ထမ်း (အထူးသဖြင့် ကျောင်းဆရာမ)များအပေါ် လေးစားလိုစိတ်များ ကုန်ခမ်းလာကြ သည်။ တော်လှန်ရေးကောင်စီခေတ်နှင့် မဆလခေတ် ဆရာမ အများစုမှာ စစ်ဗိုလ်၊ အရာခံဗိုလ်၊ တပ်ကြပ် စသူတို့၏ မယားတွေ ဖြစ်၏။ စစ်အုပ်စု၏ အစီအစဉ်အရ အရပ်သားဆရာ ဆရာမအချို့ကို ဖြုတ်ထုတ်၊ အချို့ကို တနယ်တကျေးပို့ကာ ၎င်းတို့လူများ ကို ခန့်ထားကြခြင်း ဖြစ်သည်။
စစ်အုပ်စုက ခန့်လိုက်သော ဆရာမအများအပြားမှာ တပည့်တွေအပေါ် သဘောထား စေတနာမမှန်ကြ၊ အချို့ဆိုလျှင် တပည့်အပေါ် စေတနာလုံးဝ မရှိကြသူတွေဖြစ်သည်။ ဆရာအတတ်သင်ကျောင်းကို တက်ခဲ့သည်ဆိုသော်လည်း သင်ကြားမှု အရည်အချင်း ညံ့ဖျင်းရုံမက၊ သင်ကြားသည့် ဘာသာရပ်ကို ပိုင်နိုင်အောင် ကြိုးစားအားထုတ် လေ့လာမှုမရှိ၊ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ သိလှပြီဟု ထင်နေကြသူတွေသာ ဖြစ်၏။
သင်္ချာသင်သူကလည်း သင်္ချာကို ကောင်းစွာမပိုင်၊ တပည့်တွေနှင့်အတူ ၀ိုင်းတွက်ရင်းမှာပင် ၎င်းတို့ကိုယ်တိုင် ချာလည် လည်နေသော ဆရာမတွေ ရှိသည်။ အင်္ဂလိပ်စာ သင်ကြားရာတွင်လည်း ပြဌာန်းစာအုပ်မှာ အဘိဓာန်ထဲမှ အဓိပ္ပါယ်တွေ ရေး ထားပြီး တနေ့နည်းနည်း ဖတ်ပြ ဘာသာပြန်ပြသည်ကလွဲ၍ အင်္ဂလိပ်စာကို တကယ်တမ်းတတ်မြောက်အောင် မသင်တတ်သူ တွေလည်း ရှိသည်။ သင်္ချာနှင့် အင်္ဂလိပ်စာကို မဆိုထားနှင့် မြန်မာစာ မြန်မာကဗျာကိုပင် အလွဲလွဲအချော်ချော် သင်ကြားတတ် သော စစ်သားမယားများလည်း အများအပြား ရှိလေသည်။
သာသနာပြုကျောင်းများတွင် မူလတန်းကစ၍ အင်္ဂလိပ်စာသင်ခဲ့ရာမှ ပြည်သူပိုင်သိမ်းလိုက်ပြီးသည့်နောက် အခြားအ စိုးရအထက်တန်းကျောင်းများနည်းတူ (၅)တန်းရောက်မှ အင်္ဂလိပ်စာ စသင်သည့်စနစ်ကို ကြုံလိုက်ရသူများမှာ အတော်ပင် ကသိကအောက် ဖြစ်ကြရသည်။ တိုင်းပြည်နှင့်အ၀ှမ်း အင်္ဂလိပ်စာတွေညံ့ကုန်ပြီး ၎င်းတို့သားသမီးများပါ အင်္ဂလိပ်စာ ညံ့ဖျင်း သောအခါမှ မူလတန်းက စသင်သည့်စနစ်ကို ပြန်၍ပြောင်းခဲ့သည်။ ကျောင်းသားကျောင်းသူတို့၏ စိတ်ပါဝင်စားမှုနှင့် ပင်ကိုယ် အရည်အသွေးကို အလေး ဂရုမပြု၊ ဘာသာရပ်တခု၌ သတ်မှတ်ထားသော အောင်မှတ်ထက် မဆိုစလောက် လျော့နည်းရုံဖြင့် ကျန်ဘာသာအားလုံးလိုလို ထူးချွန်သည့်တိုင် ကျရှုံးအဖြစ် သတ်မှတ်တတ်သည့် ပညာရေးစနစ်နှင့်၊ သိပ္ပံဘာသာတွဲ ၀ိဇ္ဖာဘာ သာတွဲများ ခွဲခြားလိုက်ခြင်းတို့မှာ ကျောင်းသားကျောင်းသူတို့အား ၎င်းတို့အားသန်ရာ ဘာသာရပ်ကို ၎င်းတို့သဘောနှင့်၎င်းတို့ လေ့လာလိုက်စားမှု မပြုနိုင်အောင် တားဆီးပိတ်ပင်လျက်၊ ၎င်းတို့စိတ်ပါဝင်စားမှုမရှိသော ဘာသာရပ်ကို အမှီပြု၍ အသက်မွေး ရန် ကန့်သတ်လိုက်သလို ဖြစ်နေပြီး တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်နိုင်မည့် လူငယ်ထု၏ အနာဂတ်ကို မှောင်ချလိုက် ခြင်းသာ ဖြစ်လေသည်။ တော်လှန်ရေးကောင်စီနှင့် မဆလက စမ်းသပ်ခဲ့သည့် ပညာသင်ကြားမှုစနစ်မှာ ဗမာပြည်သား ကျောင်း သားလူငယ်များ၏ တွေးဆ ဆင်ခြင်နိုင်မှု ပမာဏနှင့် ဘ၀လမ်းကြောင်းကို ဘောင်ခတ်ချုပ်ချယ် ချိုးနှိမ်စော်ကားသော ပညာရေး စနစ် ဖြစ်၏။
(၄)
မှတ်ဥာဏ်အရည်အချင်း ညံ့ဖျင်းသည့်အပြင် တွေးဆဆင်ခြင်နိုင်မှု အသိတရားမရှိ၊ လေ့လာအားထုတ်မှု နည်းပါးပြီး ကျောင်းသားတွေအပေါ်မှာပါ စေတနာ ချို့တဲ့ခေါင်းပါးသည့် ဆရာမများမှာ ယခုခေတ်တွင် မဆလခေတ်ကထက် ပို၍ များလာခဲ့ သည်။
ထိုဆရာဆရာမတွေမှာ ငွေပေးနိုင်သော ကျောင်းသူကျောင်းသားကို အတန်းသာအောင်စေပြီး တကယ်တမ်း ပညာ တတ်မြောက်အောင်မူ သင်မပေးနိုင်ကြ။
စာရေးမကို ပါးရိုက်သည့် ပါမောက္ခမ၊ ကျောင်းသူကို အဓမ္မ ကျောင်းထုတ်မည်ပြုသည့် ကျောင်းအုပ်ဆရာမ၊ ကျောင်း သူကျောင်းသားတွေထံမှ ကျောင်းဝင်ကြေးအပြင် လာဘ်ငွေသိန်းချီ၍ ယူနေကြသည့် ကျောင်းအုပ်ဆရာမနှင့် အခြားဆရာမများ၊ မိမိကျူရှင်ကို မတက်ရကောင်းလားဆိုပြီး ကျောင်းသူကျောင်းသားကို နှိပ်စက်သည့် ကျောင်းဆရာမ၊ သူငယ်တန်းကျောင်းသား ကလေးအား မဆင်မခြင် အမှောင်ခန်းပိတ်ပြီး ဒဏ်ပေးခဲ့ရာ အမှောင်ခန်းကြောက်သွားခဲ့သည့် ကလေးကို နောက်တကြိမ်တွင် လည်း ထိုသို့ ဒဏ်ပေးရန် အတင်းဆွဲခေါ်ရာတွင် ကလေးက ခဲတံနှင့်တင်ပါးကို ထိုးသောကြောင့် ကလေးကို လက်လွန်ခြေလွန် ပါးချပြီး ကလေးရူးနေ၍ ကျောင်းသို့လာပို့စရာမလိုကြောင်း၊ ဆေးဆရာဝန်ဆီ သွားပြဖို့လိုကြောင်း ကလေးမိခင်ကို မောက်မာစွာ ပြောဆိုခဲ့သည့် ဆရာမတို့မှာ စစ်အုပ်စုလက်ထက်တွင် အပြိုင်းအရိုင်း ပေါ်ပေါက်လာသော ပညာရေးဌာန အမှိုက်သရိုက်များ ဖြစ်လေသည်။ ၎င်းတို့ ထိုသို့ ပြုကျင့်ရဲခြင်းမှာ ၎င်းတို့ ကျောထောက်နောက်ခံပြုနေသော စစ်အုပ်စုက သင်ကြားပေးလိုက်သော ကြောင့်ပင် ဖြစ်၏။
ပညာရေးဆိုသည်မှာ လောကီ လောကုတ္တရာ ကောင်းကျိုးဆောင်သည့် မွန်မြတ်သောကိစ္စရပ် ဖြစ်သည်။ ဆရာထံ မှောက် ပညာရပ်များကို သင်ကြားရာတွင် ရိုကျိုး တုပ်ကွ ပျပ်ဝပ် နာခံလျက်၊ ဆရာကို ချစ်ကြောက်ရိုသေခဲ့ကြသော ရှေးလူကြီး သူမများအနေဖြင့် ယနေ့ခေတ် ပညာရေးလောကတွင်းမှ ဆရာ့ကျင့်ဝတ်နှင့် မကိုက်ညီ၊ တပည့်များအား တကယ့်ပညာတတ် မြောက်အောင် သင်ကြားပေးနိုင်သည့် အရည်အချင်းမရှိသော ဆရာ ဆရာမများကို မြင်လျှင် မိမိတို့သားမြေးများအတွက် စိတ် လက်မအေး ဖြစ်ကြရပေလိမ့်မည်။
အထူးသဖြင့် ထိုဆရာမတွေကို မိမိတို့ တာဝန်ယူသင်ကြားမည့် ဘာသာရပ်နှင့်ပတ်သက်၍ အဆင့်မြင့်မြင့် တတ်ကျွမ်း နားလည်အောင်သာမက၊ လူ့အသိစိတ်ဓာတ်နှင့် လူ့ယဉ်ကျေးမှုကိုပါ သဘောပေါက် နားလည်နိုင်ရေး လေ့ကျင့်သင်ကြားပေး ဖို့ရန် လိုအပ်မည် ဖြစ်လေသည်။
(၅)
ရောဂါရှာဖွေကုသရေးနှင့် ပတ်သက်၍ ခေတ်မှီ စက်ကရိယာများ တပ်ဆင်ထားသော ပုဂ္ဂလိက ဆေးရုံကြီးတွေ အများ အပြား ပေါ်လာသည်။ ဆေးရုံတက်ခ သိန်းနှင့်ချီ၍ကုန်ကျမည် ဖြစ်သောကြောင့် သာမန်လက်လုပ်လက်စား လူထုအနေဖြင့် အနားပင် မကပ်နိုင်။ စစ်အုပ်စု၏ ခရိုနီတွေနှင့် စစ်အုပ်စု အစွယ်အပွားများ ဖွင့်ထားသည့် ဆေးရုံကြီးများ ဖြစ်သည်။ မဆလ ခေတ်က ခိုင်းနှိုင်း ပြောဆိုခဲ့သော စေတနာဆရာဝန်နှင့် အသပြာဆရာဝန်မှာ ယခုခေတ်တွင် အသပြာဆရာဝန်သာ ရှိတော့ ကြောင်း သရုပ်ဖော်နေခြင်း ဖြစ်သည်။
ယခင်က အခမဲ့ကုသခွင့် ရခဲ့သော ပြည်သူ့ဆေးရုံများမှာ မဆလခေတ်ကတည်းကပင် ထိုက်သင့်သလောက် အကုန်အ ကျခံခဲ့ကြရပြီ ဖြစ်ပြီး ယခုခေတ် စရိတ်မျှပေး ကျန်းမာရေး အစီအစဉ်မှာလည်း ဆေးရုံတွေမှာ ဆေးမရှိ၍ ဆရာဝန်ရေးပေးသော ဆေးဖိုးဝါးခကို ပြင်ပမှဝယ်ယူရပြီး ဆရာဝန် ဆရာမတို့အတွက်ပါ ပူဇော်ပေးကမ်းရသောကြောင့် စရိတ်မျှပေးမဟုတ်တော့ပဲ စရိတ်အကုန်ကျခံရသည့် အစီအစဉ်ပင် ဖြစ်နေလေသည်။
ပုဂ္ဂလိကဆေးရုံကြီးများမှ အထူးကုဆိုသော ဆရာဝန်ကြီးများ၏ အရည်အချင်းနှင့် ပတ်သက်၍လည်း အားထားယုံ ကြည်လောက်စရာမရှိ။ ထိုဆေးရုံကြီးများတွင် ငွေသောက်သောက်လဲ အကုန်ခံပြီး လူ့ဘ၀ကို ကျောခိုင်းစွန့်ခွာသွားကြရသူတွေ မှာ မနည်းမနော ဖြစ်၏။ လက်တည့်စမ်း ကုသတတ်ကြသော ၎င်းတို့အပေါ် ယုံကြည်မှု မရှိသောကြောင့် ငွေတတ်နိုင်သူအချို့မှာ ထိုင်းနှင့် စင်္ကာပူတို့အထိ သွားရောက် ကုသကြရသည်။
စစ်အုပ်စုလက်အောက် ဗမာပြည်လူထုမှာ ရောဂါကုသမှု အတွေ့အကြုံနည်းပါးပြီး လူနာအပေါ် သွေးသားရင်းခြာလို စိတ်စေတနာ မထားနိုင်သော၊ အမှားကို တာဝန်မယူနိုင်သော ဆရာဝန်များနှင့် ယဉ်ပါးအသားကျနေခဲ့ကြပြီ ဖြစ်သည်။ ရန်ကုန် အနီးဝန်းကျင် မြို့နေလူထုအနေဖြင့်မူ ကျော်သူ၏ နာရေးကူညီမှုအသင်းနှင့် မြတ်သုခဆေးခန်းတို့ကိုသာ အားကိုးအားထားပြု နေရလေသည်။
(၆)
ဗမာနိုင်ငံ၏ ပညာရေးစနစ်ကို မြှင့်တင်ရန်အတွက် စစ်အုပ်စုအနေဖြင့် အတွေးအခေါ်တွေကို ပြင်ဖို့လိုကြောင်း ကိုမင်း ကိုနိုင် ပြော၏။ ပညာရေးနှင့် ကျန်းမာရေးကိစ္စကို ကာကွယ်ရေးအသုံးစရိတ်လောက်ပင် တန်ဖိုးမထားသော စစ်အုပ်စု၏ ညံ့ဖျင်း မှုများကို ဆိုလိုခြင်း ဖြစ်သည်။ မည်သည့်ပြည်ပရန်မျှ မရှိပဲ ပြည်တွင်းစစ်ကို အတောမသတ် တောက်လောင်စေပြီး စစ်ရေးအသုံး စရိတ်များကို အဆင့်ဆင့် ခိုးဝှက်စားရင်းပြကြကာ၊ တကယ်တမ်းအားဖြင့် လူထုထံမှသာ ပေါ်တာဖမ်း၊ အဓမ္မ လုပ်အားပေးခေါ်၊ လမ်းပြင်ကြေး၊ ဘာကြေးညာကြေး၊ အမျိုးမျိုးကောက်ခံပြီး ကောက်ရသမျှ အခွန်အတုပ်များကို ဝေစုခွဲလျက် မိမိတို့အာဏာတည် မြဲနိုင်ရေး အထက်ကို အဆင့်ဆင့် ပံ့ပိုးနေကြခြင်း ဖြစ်သည်။ ဗမာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ဆိုသည်မှာ ၎င်းတို့စစ်အုပ်စု အတွက် သပိတ်ဝင်အိတ်ဝင် ဗြောင်ကျကျ ခိုးယူဖို့သာဖြစ်၏။ ကာကွယ်ရေးအသုံးစရိတ်တွေ အများအပြား ရယူထားသော စစ် အုပ်စု၏ တပ်သည် ဗမာပြည်ထဲမှာ ဘာတွေကိုများ ကာကွယ်နေပါသနည်း။
ရခိုင်မှာ အဓိကရုဏ်းတွေ ထပ်မံပြင်းထန်လာသည့်ကိစ္စ။ ကျောက်ဖြူ တောင်ကုတ်၊ စစ်တွေတို့က စခဲ့သည့် ရခိုင်ဘင်္ဂါ လီ ပဋိပက္ခမှာ မြောက်ဦး၊ သံတွဲ၊ တို့မှနေ၍ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်တို့အထိ ပျံ့နှံ့လာခဲ့ပြီဖြစ်ပြီး အိမ်များ မီးရှို့ခံရ၊ နှစ်ဘက်လူများ အပြန်အလှန် သတ်ဖြတ် သေကြေနေကြရသည်။ တခုထူးထူးဆန်းဆန်း ကြားရသည်မှာ မြန် မာစစ်တပ်က ရခိုင်များကို တမင်ပင် သေသေချာချာ ချိန်ရွယ် ပစ်ခတ်ခဲ့ကြသည်ကို မျက်မြင်သက်သေများက ပြန်လည်ဖော် ထုတ်လာခြင်း ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်တပ်သည် အမျိုးသား ရေးတာဝန်ကို သစ္စာဖောက်ကာ ရခိုင်တိုင်းရင်းသားတွေကို ပစ်ခတ်နေပြီ ဖြစ်၏။ တဘက်မှ ငွေကြေးဖြင့် ခိုင်းစေသောကြောင့် လုပ်ပေးကြခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
ရခိုင်ပြည်နယ်ထဲ ကျူးကျော်စော်ကားသည့် ဘင်္ဂါလီရိုဟင်ဂျာများကိစ္စ တပ်မတော်နှင့်လက်တွဲပြီး တတပ်တအား ပါဝင် တိုက်ဖျက်သွားမည်ဟု ၈၈ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးက ပြောခဲ့သည်။ ရွှေည၀ါဆရာတော်ကလည်း စစ်အုပ်စုရဲ့ ထောင် ချောက်ထဲ အ၀င်မခံရန် မိန့်ကြားပြီး တကယ်တမ်း ဖြစ်လာပါက မိမိတို့သံဃာများကပါ တပ်မတော်နဲ့လက်တွဲပြီး ကာကွယ် တိုက်ဖျက်သွားမည့်အကြောင်း ပြောခဲ့သည်။ လူထုအနေဖြင့်မူ ယခုလိုပုံစံမျိုးဖြင့် တပ်မတော်ဆိုသည့် ပြည်ဖျက်စစ်အုပ်စု လက် ပါးစေများနှင့် လက်တွဲရေးကို မည်ကဲ့သို့ ယုံကြည်ကိုးစားရမည်နည်း။
မကြာသေးမီက တိုင်းရင်းသားအင်အားစုများ၏ ယူအဲန်အက်ဖ်စီနှင့် တွေ့လိုကြောင်း ဦးအောင်မင်း ပြောခဲ့သည်။ ကချင် နှင့်လည်း ရွှေလီမှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေ၏။ နှစ်ဘက် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေချိန်မှာပင် စစ်အုပ်စုတပ်များ၏ ကချင် နယ်မြေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တိုက်ပွဲတွေကတော့ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ကေအိုင်အို တည်ထောင်မှု နှစ်ပတ်လည်နေ့မှာတော့ ကေအိုင်အေက မိမိနယ်မြေအတွင်းမှ စစ်အုပ်စု၏ တပ်စခန်းအချို့ကို လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ ကေအိုင်အိုနေ့ကို ဂုဏ်ပြုလိုက်ကြောင်းနှင့် စစ်အုပ်စုတပ်များဘက်ကလည်း ဒေါသတကြီး ပြန်လည်ရမ်း သမ်းပစ်ခတ်ခဲ့ကြောင်း၊ ကေအိုင်အိုဘက်က ပစ်ခတ်မှုမှာ စစ်အုပ်စုတပ်အချို့ကို သေကြေ ထိခိုက်စေခဲ့သော်လည်း စစ်အုပ်စု တပ်၏ လက်နက်ကြီးတွေကတော့ ကေအိုင်အိုကို ထိခိုက်မှုမရှိခဲ့ကြောင်း ကြားသိရသည်။
အခါများစွာ အလိမ်ခံခဲ့ရပြီးဖြစ်သော စစ်အုပ်စုနှင့် တွေ့ဆုံ ဆွေးနွေးပွဲအပေါ် အလေးအနက် မထားကြောင်းနှင့်၊ မှန်မှန် ကန်ကန် မဆွေးနွေးပါက တိုက်ပွဲများကို ဆက်လက်ရင်ဆိုင်ရန် အဆင်သင့် ရှိနေကြောင်း ကေအိုင်အေက ထုတ်ဖော်ပြသလိုက် ခြင်းပင် ဖြစ်သည်။ တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့်လည်း ဖုတ်ပူမီးတိုက် တွေ့ဆုံကာ ဒရောသောပါးနှင့် စကားတွေ စွတ် ကျွံပြီး ရန်သူအဖို့ အားရကျေနပ်စေမည့် ဆွေးနွေးပွဲမျိုးမဖြစ်ရန် ဂရုစိုက်ကြရမည် ဖြစ်သည်။
(၇)
ပြီးခဲ့သည့်အခေါက် နိုင်ငံခြားကို မိမိတို့ကိုယ်စီ အကျိုးအမြတ်အတွက် အသီးသီးအဿက ထွက်ခွာကြစဉ် ဒေါ်အောင် ဆန်းစုကြည်က စန်ရှင်တွေ ရုတ်သိမ်းမယ်ဆိုရင် ထောက်ခံကြောင်း ပြောခဲ့လိုက်သည်နှင့် မရှေးမနှောင်းမှာပင် အရေခြုံ သမ္မတ သိန်းစိန်ကလည်း ဒေါ်စုကို လူထုလက်ခံရင် သမ္မတ ဖြစ်နိုင်ကြောင်း ပြောလိုက်သည်။ အခြေခံဥပဒေအရ မဖြစ်နိုင်မှန်းသိလျက်၊ စန်ရှင် ရုတ်သိမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုအပေါ် တုန့်ပြန်သည့်အနေဖြင့် လောကွတ်ချော် ပြောဆိုလိုက် သော အနှစ်မဲ့စကားသာ ဖြစ်သည်။
ထိုစကားကို ကြားသည်နှင့် စစ်အုပ်စုလက်အောက် လွှတ်တော်မှနေ၍ အခြေခံဥပဒေကို ပြင်ဖို့ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ကြောင်း မကြာသေးမီကမှ အနည်းငယ် ရိပ်မိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိသာ သမ္မတအာ ဏာကိုရလျှင် လူထုအကျိုးအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နိုင်ကောင်းရဲ့ဟူသောအကြံဖြင့် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌအဖြစ် ကော သမ္မတအဖြစ်ပါ လုပ်ဆောင်ရဲကြောင်း ပြောလိုက်ပြန်လေသည်။ သို့ရာတွင် ပြောဆိုပုံ နည်းလမ်းမကျသောကြောင့် သူ့ကို အမှီပြုလျက် အမြတ်ထုတ်ရန် ကပ်ရပ်ချီးပင့် နေကြသူအချို့ထံမှအပ လူထုထံကမူ စိတ်ဝင်တစား လှိုက်လှဲထောက်ခံမှု မရှိသော မလိုလားဖွယ် အသံများကို ပြန်၍ ကြားသိခဲ့ရလေသည်။
စစ်အုပ်စုနှင့် မည်မျှပင် အလွမ်းသင့်သည်ဖြစ်စေ စစ်တပ်ကို မချုပ်ကိုင်နိုင်ပဲ သမ္မတလုပ်မည်ဆိုလျှင် ကြိုးဆွဲခံ သမ္မတ သာ ဖြစ်နိုင်ပေလိမ့်မည်။ ထိုအတွင်း ယခင်ပြည်ပခရီးစဉ်တုန်းက သမ္မတသက်တမ်း တစ်ကြိမ်သာလုပ်မည်ဟု ဆိုခဲ့သော အရေ ခြုံသမ္မတသိန်းစိန်ကလည်း လူထုလက်ခံလျှင်နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် စဉ်းစားမည်ဖြစ်ကြောင်း ဆိုလိုက်ပြန် သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စကားကော၊ အရေခြုံသမ္မတ၏စကားပါ ရှုံ့ချည်နှပ်ချည် ကလေးကလားစကားများပင် ဖြစ်၏။
ဗမာပြည်၏လက်ရှိအနေအထားမှာ သန်းခေါင်ထက်နက်သော ညဥ့်များကို ကျော်ဖြတ်ပြီး ရောင်နီပျို့လုဆဲဆဲ အချိန်အ ခါသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပြည်သူလူထုသည် ပုပ်ဟောင်နံစော်နေသော တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တ နအဖခေတ်များကို အလူးလူးအလိမ့်လိမ့် ကျော်ဖြတ်လာခဲ့ပြီးနောက် အရေခြုံသမ္မတခေတ်မှနေ၍ ရုန်းထွက်လွတ်မြောက် နိုင်ရန် အံခဲကြိုးပမ်းလျက်ရှိနေ၏။ လက်ပန်တောင်းတောင်ကိစ္စ လှုပ်ရှားကြွေးကြော်သံများလို၊ ရန်ကုန် မန္တလေး စက်ရုံအလုပ်ရုံ တို့မှ အလုပ်သမား ဆန္ဒပြပွဲများလို၊ လယ်သိမ်းခံ မြေသိမ်းခံတို့၏ မကျေနပ်ချက်များလို၊ ကျူးကျော်စော်ကားခံ တိုင်းရင်းသား ဒေသများရှိ ဒုက္ခသည်စခန်းများမှ တက်ခေါက်သံများလို၊ အဆင့်ဆင့် ဖိနှိပ်မှုများ ခံနေရသည့် တပ်မတော်အတွင်းမှ အောက်ခြေ အရာခံအကြပ်တပ်သားများ၏ အံကြိတ်သံများလို၊ လူထုအကြား မာန်သွင်းသံများ ညံလာခဲ့ပြီဆိုလျှင် ဗမာပြည်၏ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသားရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကိစ္စအ၀၀သည်လည်း ပွင့်လင်းသော နေရောင်ခြည်အောက် တောက်ပ လာနိုင်တော့မည် ဖြစ်လေသည်။    KAREN   INFORMATION  CENTER

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို ဒေသခံအာဏာပိုင်တွေ နှောင့်ယှက်

Friday, January 25, 2013


ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို ဒေသခံအာဏာပိုင်တွေ နှောင့်ယှက်
RFA (2013-01-24)

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့ကနေ KIO ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ်က လိုင်ဇာမြို့ကို လမ်းလျှောက်ချီတက်ကြတဲ့ ငြိမ်းချမ်းရေးလိုလားသူ ၅၀ ကျော်ဟာ ဒီကနေ့မှာတော့ ပဲခူးမြို့ကနေ ဒိုက်ဦးမြို့အထိ ရောက်ရှိနေပါတယ်။

ခရီးစဉ်တလျှောက်မှာ သူတို့တည်းခိုဖို့ ပြင်ဆင်ကြတဲ့နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံ အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေ ရှိတယ်လို့ ငြိမ်းချမ်းရေးခရီးစဉ် လမ်းလျှောက်ရာမှာပါဝင်တဲ့ ကိုရန်နိုင်ထွန်းက RFA ကို ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက်ထားပြီး လမ်းလျှောက်သူတွေဟာ မနက်ဖြန် မနက်အစောပိုင်းမှာ ဒိုက်ဦးမြို့က ဒေသခံတွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူဖို့ ရှိပါတယ်။

ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ နာရေးကူညီမှုအသင်းကလည်း ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေအတွက် ဆေးဝါး၊ အသုံးအဆောင်နဲ့ ငွေကျပ် ၁ဝ သိန်းတို့ကို လှူဒါန်းကြသလို လမ်းတလျှောက်မှာရှိတဲ့ မြို့တွေက ဒေသခံတွေကလည်း စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေဟာ ကြိုတင်ခွင့်ပြုချက် ရယူခဲ့ခြင်းမရှိတာကြောင့် မြို့နယ် ၈ မြို့နယ်က ရဲစခန်း တာဝန်ရှိသူတွေက တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

မိုင်ပေါင်း ၈၀၀ ကျော် လမ်းလျှောက်ပွဲကို ဇန်န၀ါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ် ရရှိ


အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု  မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်မြောက်ဘက်တွင် တည်ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း နေရာ တစ်ခုက ရှာဖွေ တူးဖေါ် ရရှိခဲ့သည်။
Ancient-Bronze-status-unearthed-Bangladesh
ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသနဌာနမှ အဆိုပါ ခရိုင်အတွင်းရှိ Jagdal Vihara ကျောင်းတော် နေရာအား ပြန်လည်တူးဖေါ်စဉ် အဆိုပါ ရှေးဟောင်း  ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။
သုတေသနဌာနကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာက ဖေါ်ပြရာတွင် အဆိုပါ ကြေးဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော် ၁၄ ဆူကို ကျောင်းတော်၏နောက် ရေသွယ်မြောင်းတစ်ခု ထဲမှ ရှာဖွေတွေ့ရှိသည်ဟု ဖေါ်ပြသည်။
ရှာဖွေတွေ့ရှိခဲ့သော ဗုဒ္ဓ ရုပ်ပွားတော်များ၏ အရွယ်အစားမှာ ၃ လက်မမှ ၁၂ လက်မထိ အမြင့်ရှိပြီး အေဒီ ၆ ရာစုမှ ၁၇ ရာစုအတွင်းက လက်ရာများ ဖြစ်ကာ အဆိုပါ ဒေသတွင် နေထိုင်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ် ခဲ့ပုံရသည်ဟု ရှေးဟောင်း သုတေသနဌာနက ခန့်မှန်း ပြောဆိုသည်။
ယခု တူးဖေါ်နေသော Jagdal ကျောင်းတော် နေရာမှာ ရှေးဟောင်းသုတေသန ဆိုက်တစ်ခု ဖြစ်ပြီး ရှာဖွေ တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်များမှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်ဟု ဆိုသည်။
ရုပ်ပွားတော်များကို ဘိုကာရာခရိုင် ရှေးဟောင်းသုတေ သနသို့ ယခုအခါ ပြောင်းရွှေ့ထားလိုက်ပြီဟုဆိုသည်။
ဒေသခံများကမူ Jagdal Vihara တွင် ပြတိုက်ဖွင့်လှစ်ပြီး ထားရှိရန် လိုလားနေကြသည်ဟု သိရသည်။                   NARINJARA

Wednesday, January 23, 2013

ရှက်တတ်ရင် လဲသေဘို့ကောင်းသော လွှတ်တော်အမတ်များ နှင့် သမတ ဦးသိန်းစိန

by Aung Htoo on Wednesday, January 23, 2013 at 3:38pm ·
အရှက်နှင့် ဂုဏ်သိက္ခာကို တန်ဘိုးမထားသော ပုဂ္ဂိုလ်များအား ခိုင်းနိုင်းပြောဆိုသော မြန်မာဆိုရိုးစကား တခုရှိသည်။ ရှက်တတ်ရင် လဲသေဘို့ကောင်းသကွာ ဟူ၍ ဖြစ်သည်။ ဤစကားမှာ လွှတ်တော်အမတ်များနှင့် သမတ ဦးသိန်းစိန် တို့ အတွက် မှန်နေသလိုရှိ သည်။ အဘယ်ကြောင့်နည်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဟု ကတိသစ္စာပြုထားကြသော အမတ်မင်းများသည် ၄င်းတို့ ကိုယ်တိုင်ပင် ဖွဲ့စည်းပုံကို ချိုးဖေါက်နေသောကြောင့်ဖြစ်သည်။

"နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" အား သမတ၏ သဘောထား နှင့် ဆန့်ကျင်ကာ လွှတ်တော်က အတည်ပြုလိုက်ရာ မကြေနပ်သော သမတဦးသိန်းစိန်က ထောက်ပြသည့်အချက် များ အနက် အဓိက အကျဆုံး အောက်ပါပြဌာန်းချက်နှစ်ရပ်ကို နိုင်းယှဉ်လေ့လာ ကြည့်ပါ။

                      -------------------------------------------------------------------------------
 ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၂၁) ။        "နိုင်ငံတော် သမတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည့်သူ့လတ်တော် ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားတ်တော် ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး စုစုပေါင်း ကိုးဦး အမည်စာရင်း ကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး အမည်ကို လည်းကောင်း၊ ပြည်ထောင်စုလတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက်ရယူမည်" 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၆။   နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသား လွှတ်တော်ဥက္ကဌက ရွေးချယ်ထား သည့် အဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း ရွေးချယ်ထားသည့် အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့ အနက် ဥက္ကဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌတို့နှင့် ညှိနှိုင်း၍ ရွေးချယ်သည့် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး သဘောတူညီ ချက် ရယူမည်။
                      --------------------------------------------------------------------------

ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်မှာ သမတ တဦးတည်း၏ သဘောနှင့် ခုံရုံးဥက္ကဌ တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်ကို အမည်စာရင်း တင် သွင်းခွင့် ရှိသည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေတွင်မူ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတို့နှင့် ညှိနှိုင်းပြီးမှ တင်သွင်းခွင့်ရှိသည်။ လုံးဝပင်ကွဲပြားခြားနားနေကြောင်း၊ ခုံရုံးဥပဒေသည် ဖွဲ့စည်းပုံကို အတိအကျဆန့်ကျင်လျှက်ရှိ aကြာင်း လယ်ပြင်တွင် ဆင်သွား သလို ထင်ရှားလှ သည်။ ဥပဒေပညာ တတ်ရန်မလို။ မြန်မာစာ ဖတ်တတ်သူတိုင်းပင် နားလည်နိုင်သည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်နေ၀င်းဦးဆောင်၍ ၁၉၇၄ ဖွဲ့စည်းပုံကို ပြဌာန်းကျင့်သုံးခဲ့စဉ်ကပင် ဤမျှ အရုပ်ဆိုး အကျည်းတန်သော ဥပဒေ တိမ်းစောင်းမှုမျိုး မည်သည့်အခါကမျှ မဖြစ်ခဲ့။ ၁၉၇၄ ဖွဲ့စည်းပုံပါ ပြဌာန်း ချက် ကို အတိအကျ ဆန့်ကျင်ထားသည့် မည်သည့် အခြားဥပဒေတရပ်မှ မပေါ်ထွက်ခဲ့။ ယခုမူ စစ်အာဏာရှင် ဟောင်း သစ်များနှင့် လိုလားသူများသည် ၄င်းတို့ပြဌာန်းထားသည့်ဖွဲ့စည်းပုံကို ၄င်းတို့ကိုယ်တိုင်ပင် မလိုက်နာ သဖြင့် ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ ကြည့်လျှင် ကမ်းကုန်အောင် အောက်တန်းကျသွားပါပြီ။ ဤတချက်တည်းနှင့်ပင် ခုံရုံးဥပဒေ ပြင်ဆင်ချက်ကို ပြဌာန်းကြသော လွှတ်တော်အမတ်များသည် ရှက် တတ် လျှင် လဲသေကြဘို့ ကောင်းသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် လက်နှီးစုတ် တခုမျှလောက်ပင် တန်ဘိုး မရှိတော့ပါ။ မိမိပြဌာန်းထားသည့် ဖွဲ့စည်းပုံကို မိမိ မလိုက်နာ သော လွှတ်တော်သည်လည်း အလားတူပင်။

ဤကိစ္စကို သမတ ဦးသိန်းစိန် အဘယ်ကြောင့် လူသိရှင်ကြား ထုတ်ဖေါ်သနည်းဟူသည်မှာ စိတ်ဝင်စားဘွယ် ဖြစ်လာ သည်။ ယင်းနှင့်စပ်လျှဉ်း၍ စာရေးသူ၏ ဆွေးနွေးချက်ကို ဘီဘီစီ လင့်ခ်တွင် နားဆင်ပါ။ https://docs.google.com/file/d/0BzC8VZhwp11ASWtRTFZmMEVaYTg/edit

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် သမတ ဦးသိန်းစိန်အကြားတွင် ဥပဒေအရ ကစားရင်း ၂၀၀၈ ဖွဲ့စည်းပုံဘောင် အတွင်း အားလုံး ရောက်လာကြရန် ကျုံးသွင်းနေသည် ဟု စာရေးသူက သုံးသပ်ခဲ့သည်။ အဘယ်ကြောင့်နည်း။

လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေမူကြမ်းကို သမတက လက်မှတ်မထိုးစေဦး၊ (၁၄) ရက်ပြည့်သည့် နေ့တွင် လက်မှတ်ထိုး သကဲ့သို့ ဥပဒေဖြစ်လာမည်။ ဦးသိန်းစိန်ဥက္ကဌ လုပ်လျှက်ရှိသော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်အတွင်း နေရာအများစုရထားပါလျှက် ၄င်းကို မထောက်ခံသောကြောင့် ဦးသိန်းစိန်၏ သဘောထားမှတ် ချက် ပယ်ချခံလိုက်ရသည်၊ လွှတ်တော်နှင့် သမတ အားပြိုင်ကြရာတွင် လွှတ်တော်ဘက်က အသာစီးရသွားသည်၊ လွှတ်တော်က လွှမ်းမိုးပြီး လက်စောင်းထက်၊ အာဏာပြနေသည်ဟု သုံးသပ်လျှင် မမှားပါ။ သို့သော် ဦးသိန်းစိန်လည်း မရှုံးပါ။

"ဖွဲ့စည်းပုံ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ပါ ပြဌာန်းချက်များသည် အခြေခံဥပဒေကို ဆန့်ကျင်နေသည် ဟု လူသိရှင်ကြားထောက်ပြလိုက်ခြင်းဖြင့် " အော် ဒီ သမတ ဟာ ဥပဒေပြုရေးလုပ်ငန်းစဉ်[i] ကို ရှင်းရှင်းလင်းလင်း[ii] ရှိ အောင် လုပ်ဆောင်သူဘဲ" ဟု လူထုက အထင်ကြီးသွားနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း သိပါ လျှက် လွှတ်တော် အမတ်လူများစု ၏ သဘောထားကို လေးစား သောအားဖြင့် ဥပဒေအဖြစ် အတည်ပြုလက်မှတ် ထိုး လိုက်ရပါသည် ဆိုခြင်းဖြင့် " အော် ဒီ သမတ ဟာ ဒီမိုကရေစီ ကျင့်စဉ်ကိုလေးစားသူဘဲ" ဟု သိက္ခာတက်သွားနိုင် သည်။ "ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အရ ခန့်အပ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ခန့်အပ်သူ တွေကို အစီရင်ခံစာတင်သွင်းရမယ် ဆိုတာဟာ ဖွဲ့စည်းပုံ ခုံရုံးရဲ့ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ထိခိုက်သွားစေတယ်။ " ဟု ၄င်းက ရှင်းပြခြင်းဖြင့် " အော် ဒီ သမတ ဟာ ဥပဒေစိုးမိုးရေး ကို တကယ်တန်းလေးစားသူဘဲ" ဟု တန်ဘိုးထားသွားနိုင် သည်။ ယင်းအခြေအနေတွင် ဦးသိန်းစိန်သည်လည်း နိုင်ငံရေးအရ အမြတ်ထွက်သွားပါသည်။ လွှတ်တော်ရော သမတ ပါ နှစ်ဘက်လုံးနိုင်သည့်အခြေအနေ[iii] ဖန်တည်းထားခြင်း ဖြစ်သည်။ 

သို့ရာတွင် တချိန်တည်း၌ လူထုအနေဖြင့် ရှင်းလင်းစွာစဉ်းစားနိုင်ပါက ဦးသိန်းစိန်သည်လည်း ရှက်တတ်လျှင် လဲသေ ဘို့ကောင်း သော သမတ သာဖြစ်ကြောင်း နားလည်နိုင်သည်။ လွှတ်တော်အမတ်လူများစု ၏ သဘောထားကိုလေးစား သောအားဖြင့် ဟူသည့် ဆင်ခြေမှာ ယုတ္တိမရှိပါ။ ကြိုတင်မဲများဖြင့် အနိုင်ယူထားသော အမတ်များ၊ လူထုကိုယ်စား လှယ် မဟုတ်သော စစ်သား အမတ်များ လွှမ်းမိုးထားသော လွှတ်တော်အတွင်းတွင် အများစု၏ သဘော ထားဟူသည် မှာ အနှစ်သာရ မရှိပါ။ ဥပဒေ ပြသနာ[iv] ကို ဒီမိုကရေစီဖြင့် မဲခွဲဆုံးဖြတ်၍မရပါ။  ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် နေ ကြောင်း တိတိ ကျကျသိပါလျှက် ဥပဒေအဖြစ် လက်မှတ်ရေးထိုးပေးလိုက်ခြင်းအားဖြင့် ဦးသိန်းစိန်ကိုယ် တိုင် ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖေါက်သူ ဖြစ်သည်။ လက်မှတ်မထိုးဘဲ တင်းမာစွာ ရပ်ခံနေလျှင် ခုံရုံးတရားသူကြီး ကိုးဦးကဲ့သို့ စွပ်စွဲပြစ်တင်ခံရပြီး သမတ ရာထူးတာဝန်မှ ပြုတ်သွားနိုင်သောကြောင့် လက်မှတ်ထိုးလိုက်ရခြင်း ဖြစ်သည်။

" ခန့်အပ်ခံလိုက်ရတဲ့ တရားသူကြီးတွေဟာ ခန့်အပ်သူ တွေကို အစီရင်ခံစာတင်သွင်းရမယ် ဆိုတာဟာ ဖွဲ့စည်းပုံခုံရုံး ရဲ့ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို ထိခိုက်သွားစေတယ်။" ဟု ဦးသိန်းစိန်က ပြောသွားသည်။ အစီရင်ခံစာ တင်သွင်း ရမည်ဟူသည့် ပြဌာန်းချက်ကို ပြန်ဖြုတ် လိုက်ရုံမျှနှင့် ဖွဲ့စည်းပုံခုံရုံးတွင် လွတ်လပ်စွာတရားစီရင်ပိုင်ခွင့် ပြန်လည်ရရှိ တော့မလိုလို လူထုအား ယုံမှားစေသည်။ ၂၀၀၈ ဖွဲ့စည်းပုံတခုလုံးတွင် လွတ်လပ်စွာတရားစီရင်ရေးသည် အခြေခံ အားဖြင့်ပင် ကင်းမဲ့နေသည်။ အသေးစိပ်များကို ခေတ္တထားပါဦး။ အဓိကအားဖြင့် နှစ်ချက်ကို ကြည့်ရန်ဖြစ်သည်။ တရားသူကြီးများကို ဘယ်လိုခန့်အပ်သလဲ၊ တရားသူကြီးတွေရဲ့ရာထူးနေရာ တည်မြဲမှုကို အာမခံတဲ့ ပြဌာန်းချက် ပါရဲ့ လား ဟူ၍ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ဤနှစ်ချက်စလုံးတွင် လစ်ဟာနေသည်။ ဘီဘီစီ တွင် ဆွေးနွေးချက်ကို ဤ လင့်ခ်တွင် နားဆင်နိုင်ပါသည်။ https://docs.google.com/file/d/0BzC8VZhwp11AVHZPSVplaTBNbm8/edit

စစ်ဘက်ဆိုင်ရာတရားရုံးများ သီးခြားဖွဲ့စည်းမှုကို ထည့်သွင်းပြဌာန်းထားသော အခါ တရားစီရင်ရေး လွတ်လပ်မှုသည် သုညအောက် အနုတ်လက္ခဏာအထိ ကျဆင်းသွားခဲ့ပြီ။ သီးခြားဖြစ်သော စစ်ဘက် ဆိုင်ရာ တရားရုံးတွင် အယူခံစီရင် ပိုင်ခွင့်အာဏာ ရယူထား သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တပ်ကို ဦးဆောင်ကာ မည်မျှ ပြင်းထန်သော ပြစ်မှုကြီးများ ကျူးလွန် စေဦး ၄င်းကို မည်သည့်တရားရုံးကမျှ အရေးမယူနိုင်။၂၀၀၈ဖွဲ့စည်းပုံအောက်တွင် ၄င်းသည် ဥပဒေ၏ အထက် ၌ ရောက်လျှက်ရှိသည်။ ဤသည်ကို ရှင်းရှင်းကြီး သိပါလျှက် တရား စီရင်ရေးလွတ်လပ်မှုကို လူထုယုံမှားအောင် ပြောနေသော ဦးသိန်းစိန် သည် ကိုယ့်သိက္ခာကိုယ် ရှက်ဘို့ ကောင်းပါ သည်။

အောင်ထူး (ရှေ့နေ) (မဟာဝိဇ္ဇာ၊ လူ့အခွင့်အရေး)                                            ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ  ၂၃ ရက်    HUGAWNG CAKHIN

"ဘယ် ဗမာခေါင်းဆောင်က ရခိုင်တွေရဲ့အရေးကို အလေးပေး စဉ်းစားခဲ့ကြလို့လဲ"


Font size: Decrease font Enlarge font
-------------
ကွန်ချုပ်ကေ
-------------

Narinjara.com
တိုင်းပြည် အာဏာကို ရယူထားတဲ့သူတွေဟာ လွတ်လပ်ရေး ရပြီးစက ဒီကနေ့ထိ ဗမာအမျိုး သားခေါင်း ဆောင်တွေဘဲ ဖြစ်တယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီ ရင်ရေး စတဲ့ အာဏာသုံးရပ်ကို မောင်ပိုင်စီး ရယူ ထားသူတွေဟာ ဗမာတွေပါပဲ။ လွတ်လပ်ရေးမတိုင်မှီက ဒီအာဏာတွေကို ရယူထားတဲ့ သူတွေဟာ နယ်ချဲ့ အင်္ဂလိပ်တွေ ဖြစ်တယ်။ လွတ်လပ်ရေး ရရှိလာပြီးတဲ့နောက် တိုင်းပြည်ရဲ့ဒီအာဏာတွေကို ရယူထားတဲ့ သူ တွေဟာ ဗမာတွေဘဲ ဖြစ်တယ်။ ဝန်ကြီးချုပ် ဦးနုကနေ ဗိုလ်ချုပ်နေဝင်း၊ ဒီဘက် ခေတ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး စောမောင်၊ နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထိ မြန်မာပြည်ကို အုပ်ချုပ်သူတွေ ကြည့်လိုက်ပါ။ အကုန်လုံး ဗမာ အမျိုးသားတွေဘဲ ဖြစ်ကြတယ်။ ဒီနေ့မှာတော့ ဦးသိန်းစိန်ပေါ့။ ရခိုင်ပြည်ကို ခေတ်အဆက်ဆက် ကြိုးကိုင် အုပ်ချုပ်သူတွေဟာလည်း သူတို့ရဲ့ နောက်လိုက်ငယ်သားတွေနဲ့ အဆက်အနွယ် ဗမာတွေဖြစ်တယ်။ ရခိုင် တွေကတော့ ဘယ်နေရာမှာမှ ပါဝင်ခွင့်ရတာ မဟုတ်ပါဘူး။ အုပ်ချုပ်ခံ နှင်းပြားဘဝနဲ့ နေနေခဲ့ကြရတာ လွတ် လပ် ရေးရပြီးချိန်က ဒီကနေ့ထိပါဘဲ။ ဘယ်ရခိုင်ကမှ မိမိတိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်း လုပ် ပိုင်ခွင့် မရခဲ့ကြဘူး။ လုပ်ပိုင်ခွင့် မရသလို ပြောဆိုပိုင်ခွင့်လည်း မရခဲ့ကြဘူး။ ရခိုင်ပြည်နယ်လို့ ဆိုပေမယ့် ဘယ်ရခိုင် ကမှ မိမိပြည်နယ် တိုးတက်ရေး ကြီးပွားရေးအတွက် ပါဝင်ခွင့်ရခဲ့ကြတာ မရှိပါဘူး။ ဗမာ အုပ်ချုပ်သူတွေရဲ့ ညွန်ကြားချက်အတိုင်း၊ စီမံတဲ့အတိုင်း လိုက်ပါလုပ်ဆောင်ခဲ့ကြရတယ်။ အုပ်ချုပ် သူ ဗမာ အမျိုးသားတွေထဲက လည်း ဘယ်ဗမာခေါင်းဆောင်မှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အရေးတယူ တာဝန်ယူလုပ်ဆောင်ခဲ့တာ မရှိခဲ့ပါဘူး။ ရခိုင်ဆိုတဲ့ အမြင်မျိုးနဲ့ ဘယ်လို ဖိနှိပ်အုပ်ချုပ်ရမယ်။ ဘယ်လို့ ဂုတ်သွေးစုတ်မယ်။ နိုင်ငံရေးအရ ဘယ်လို သပ်လျို ဖြိုခွဲရမယ်။ ဒါတွေကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြတယ်။ ရခိုင်ပြည်နယ်ကို အုပ်ချုပ်နေတဲ့ ဘယ် ဗမာကမှ ရခိုင်ပြည်နယ် တိုးတက်ရေးနဲ့ ရခိုင်ပြည်သူတွေ ချမ်းသာကြီးပွားရေးအတွက် စိတ်ဝင်စားတာ မရှိခဲ့ပါဘူး။

သူတို့ရဲ့ စဉ်းစားလုပ် ဆောင်ချက်တွေဟာ သူတို့ ဗမာအမျိုးသားတွေအနေနဲ့ တိုင်းပြည်အာဏာ ဘယ်လို ဆက်လက် ရယူထားမလဲဆိုတာနဲ့ ရခိုင်တွေ ခေါင်းမထောင်နိုင်အောင် ဘယ်လို ဖိနှိပ်ထားရမလဲဆိုတာဘဲ ဖြစ်တယ်။ ခုလို အုပ်ချုပ်သူတွေက အတွေးအခေါ်အရရော၊ ပေါ်လစီ အရရော လက်တွေ့အရပါ ခုလို ဆောင် ရွက် ခဲ့ကြတဲ့အတွက် ရခိုင်ပြည်ဟာ တိုးတက်နိုင်တဲ့ ရေခံမြေခံကောင်း တွေရှိနေပေမယ့် ဘယ်အစိတ်အပိုင်းမှာ မှ တိုးတက်လာတာ မရှိခဲ့ပါဘူး။ ရခိုင်ပြည်သူတွေဟာ ဆင်းရဲသထက် ဆင်းရဲလာခဲ့တယ်။

ကမ္ဘာပေါ်မှာ အဆင်းရဲ အနိမ့်ကျဆုံး လူမျိုးအဖြစ်ကို ကျဆင်းခဲ့ရတယ်။ ဒီကနေ့ထိ ရခိုင်ပြည်မှာ စက်ရုံဆိုတာ ကိုင်ပြစရာ မရှိသေး ဘူး။ ရခိုင်ပြည်က မြို့တွေမှာ သုံးနာရီထက် လျှပ်စစ်မီး ပိုမရဘူး။ ကျေးရွာတွေမှာဆိုရင် လျှပ်စစ်မီးဆိုတာ ကြားတောင် မကြားဖူးသေးဘူး။ ကမ္ဘာအဝန်း နိုင်ငံတွေကို ပြန်ကြည့်စမ်းပါ။ အဆင်းရဲဆုံး အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ကို ကြည့်လိုက်ပါ။ တောရောမြို့ပါမကျန် ၂၄ နာရီ လျှပ်စစ်မီးရပါတယ်။ တိုင်းပြည် တစ်ပြည် ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ကားလမ်း ရထားလမ်း ဖေါက်လုပ်တာနဲ့ တိုးတက်တယ်လို့ ဆိုတာ မဟုတ်ဘူး။ တက္ကသိုလ် ကောလိပ်ကျောင်းတွေ ဆောက်လုပ်တာနဲ့ ဆေးရုံကြီးတွေ ဆောက်လုပ်တာနဲ့ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ မဆိုဘူး။ ကားလမ်းတွေ ဖေါက်တဲ့အတွက် လူတွေ ကိုယ်ပိုင်ကား ဘယ်နှစ်စီး ဝယ်စီးနိုင်လဲ။ တက္ကသိုလ် ကောလိပ်ကျောင်းတွေ ဆောက်တဲ့အတွက် လူငယ်တိုင်း တက္ကသိုလ်ကောလိပ် သွားနိုင်သလား။ လူတန်းစေ့ မိဖတွေက သားသမီးတွေကို ပညာသင်ပေးနိုင်သလား။ လူတွေ ဆေးရုံကို သွား ဆေးကုနိုင်ကြရဲ့လား။ ဒါတွေနဲ့ဘဲ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရမယ်။ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေနဲ့ တိုင်းတာ ရမယ်။ အခု ရခိုင်ပြည်မှာ မိဖတိုင်းက သားသမီးတွေကို ကျောင်းအပ်နှံနိုင်တဲ့ အနေအထား မရှိဘူး။ ကျန်းမာ ရေး မကောင်းရင် ဆေးရုံကို ပို့နိုင်တဲ့ အခြေအနေမရှိဘူး။ လက်တဆုပ်စာ မိသားစုနဲ့ စစ်အရာရှိတွေရဲ့ သား သမီးတွေ အဆင့်မြင့်ပညာကို သင်ကြားနိုင်တယ်။ အစိုးရက ဆောက်လုပ်တဲ့ တက္ကသိုလ် ကောလိပ် ကျောင်းကြီးတွေ ဖြစ်ပေါ်လာပေမယ့် အများစု ပြည်သူက ပညာ မသင်ကြားနိုင်တဲ့ အတွက် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ဆိုလို့မရဘူး။

ဒီက နေ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ နအဖ စစ်အစိုးရက ပြောဆိုခဲ့တာဟာ သက်သက် ဝါဒ ဖြန့် ပြောဆိုတာထက် မပိုဘူး။ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး၊ စီးပွား ရေး လူမှုရေး အခြေခံကောင်းတွေကို နအဖ မြေလှန် ဖျက်ဆီးပစ်ခဲ့တယ်။ နအဖ လက်အောက်မှာ လူတွေဟာ စားစရာမရှိ နေစရာမရှိ ဖြစ်ခဲ့ရပြီး အကြောက် တရားတွေ ဖုံးလွှမ်းခဲ့ကြရတယ်။ လူတွေ ဘယ်လို ဒုက္ခရောက်ခဲ့ကြသလဲ ဆိုတာကို လူတိုင်း သိပါတယ်။ ဝန်ကြီးချုပ် ဦးနုခေတ်ကနေ ဒီကနေ့ခေတ်ထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူ ဗမာ ခေါင်းဆောင် အဆက်ဆက် ဟာ ရခိုင်ပြည်အပေါ် ဒီလို သဘောထားပြီး အုပ်ချုပ်ခဲ့ကြတာ ဖြစ်တယ်။ ဘယ်ဗမာ ခေါင်းဆောင်က ရခိုင်ပြည် သူတွေဘက်က မား မားရပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ခဲ့တာ ရှိဖူးလို့လဲ။ တာဝန် ကျလာတဲ့ တိုင်းမှူးတွေကလည်း ရခိုင်ပြည်သူတွေကို ဘယ်လို ဖိနှိပ်မယ်။ ဘယ်လို ဂုတ်သွေးစုတ်ပြီး သူတို့ ကြီးပွားချမ်းသာရေးကို လုပ်ရမလဲ။ ဒါတွေ ကိုဘဲ အကောင်အထည်ဖေါ် လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။ ပါးစပ် က တော့ "တို့" ညီအစ်ကို တိုင်းရင်းသားတွေပြောပြီး လက်တွေ့မှာတော့ ရခိုင် ပြည်သူတွေကို အကြီးအကျယ် နိုင်ထက်စီးနှင်း ပြုလုပ်ခဲ့တယ်။

တကယ်တန်းဆိုရင် ဒီနေ့ခေတ်မှာ ဒီလိုအတွေးအခေါ်မျိုး ဒီလိုအုပ်ချုပ်ရေးပုံစံတွေက မလိုအပ်တော့ပါဘူး။ ကိုယ့်ဒေသ ကိုယ့်ပြည်နယ် တိုးတက်ရေးကို ဘယ်သူမဆို လုပ်ကိုင်ခွင့် ရှိရမယ်။ ဒါပေမယ့် ဗမာတွေက နေရာတကာမှာ မောင်ပိုင်စီးပြီး ဒီလို လုပ်ငန်းစဉ်တွေကို ဆက်ပြီး ကျူးလွန်နေတုန်းဖြစ်တယ်။ စက်ရုံအလုပ်ရုံ ဆောက်ရင်၊ ဘယ်မှာလဲ-ဗမာပြည်မှာ။ ၂၄ နာရီ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နေတာ၊ ဘယ်မှာလဲ-ဗမာ ပြည်မှာ။ ကားလမ်းတွေ တံတားကြီးတွေ တည်ဆောက်နေတာ ဘယ်မှာလဲ-ဗမာပြည်မှာ။ အားကစားကွင်း ကြီးတွေဆောက်ရင်၊ ဘယ်မှာလဲ- ဗမာပြည်မှာ။ ဘာလုပ်လုပ် ဗမာပြည်မှာ။ ရခိုင်ပြည်နယ်မှာ သူတို့ ဘာတွေ လုပ်ပေးတာ ရှိလို့လဲ။ ကားလမ်း ရထားလမ်းတွေ ဖေါက်တာကို ထိုးပြမလား။ ဒါတွေက ရခိုင်ပြည်ကို မြေလှန် ဖြိုဖျက်ဖို့ စီမံကိန်းအရ လုပ်ဆောင်နေတာဖြစ်တယ်။ အပြင်ပန်းကကြည့်ရင် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ဖို့အတွက် ရခိုင်မှာ လမ်းတွေဖေါက်တာ ကောင်းတယ်လို့ ယေဘူယျ ပြောနိုင်ပေမယ့် အနှစ်သာ ရအားဖြင့် ပြောရင် ရခိုင်လူမျိုးတွေအတွက် သေမင်းတမန် လမ်းတွေဆိုတာကို သိထားကြဖို့ လိုပါတယ်။

ဒီနေ့ အခြေအနေမှာ လူမျိုးရေးအရ ဘယ်အတိုင်းအတာထိ ရခိုင်လူမျိုးတွေ ဝါးမျိုခံနေရပြီလဲ။ ကားလမ်းတွေ ရထားလမ်းတွေ ဖေါက်ပီးတဲ့နောက်ပိုင်းမှာ ရခိုင်ပြည် ဘာဖြစ်သွားမလဲ။ အမျိုး နဲ့သီလကို စောင့်ရှောက်တဲ့ ရခိုင်တွေအတွက် ဒီလမ်းတွေဟာ ဗမာအုပ်ချုပ်သူတွေအတွက် ရှေ့ပြေး သေမင်းတမန်လမ်းတွေဆိုတာ ရခိုင် အမျိုးသားတွေ အထူး သတိထားကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်ဗမာခေါင်းဆောင်မှ ရခိုင်ပြည်နယ် တိုးတက်ရာ တိုးတက်ကြောင်းကို လုပ်ဆောင်တာ မရှိခဲ့ဘူး။ လုပ်ရင်တောင်မှ ဗမာတွေ အကျိုးစီးပွား အတွက်သာ ဖြစ်တယ်။ ရခိုင်ပြည်သူတွေရဲ့ အကျိုး စီးပွားအတွက် မဟုတ်ဘူးဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။

ကွန်ချုပ်ကေ                                        NARINJARA

အဓိကရုဏ်းအတွင်း ဖမ်းဆီးခံ ရခိုင်အကျဉ်းသား မိသားစုဝင်များအား ၀ံလက်မှငွေကြေးထောက်ပံ့

Written by မိုးဇော်    Wednesday, 23 January 2013 12:29    PDF Print E-mail
U Tun Myint Thei 1၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများတွင်ဖြစ်ပွားခဲ့သော ကုလား-ရခိုင်အဓိကရုဏ်းအတွင်း ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရသော ရခိုင်အကျဉ်းသားများ၏ မိသားစုဝင်များအား ဝံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဇန္န၀ါရီလ (၂၂)ရက်နေ့က ငွေကြေးများထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။
အကျဉ်းသားများ၏ မိသားစုဝင်များ ကြုံတွေ့နေရသော အခက်အခဲတစ်ချို့ကို ဖြေရှင်းနိုင်ရန် မိသားစုတစ်စုစီကို မြန်မာကျပ်ငွေ ၁၀၀,၀၀၀ တစ်သိန်းကျ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ငွေကြေးထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ " ကျနော်တို့ပေးတယ်ဆိုတာက အဲဒီအကျဉ်းသားမိသားစုတွေက ဆင်းရဲနွမ်းပါးကြတယ်။ သားပဲဖြစ်ဖြစ်၊ အဖေပဲဖြစ်ဖြစ် အဖမ်းခံလိုက်ရတယ်ဆိုတော့ ကျန်လိုက်တဲ့မိသားစုက စားတာသောက်တာအဆင်မပြေကြဘူးလေ။ ပြီးတော့ သူတို့က တရားရုံးကိုအမြဲလိုလိုသွားနေရတယ်။ ဆိုတော့ သူတို့မှာ ငွေကြေးဆင်းရဲတဲ့အတွက် သူ့တို့ကို အထောက်အပံ့ဖြစ်အောင်ဆိုပြီးတော့ လှူဒါန်းရတာဖြစ်ပါတယ်။ နောက်တစ်ခုက အဲဒီလိုအဆင်မပြေတဲ့ကြားထဲမှာ ကျန်လိုက်တဲ့ကလေးတွေဟာ ပညာရေးနဲ့ကျန်းမာရေး၊ ဟာအရမ်းအခက်အခဲဖြစ်ကြတယ်။ အဲဒီအခက်အခဲတွေကို အထောက်အကူဖြစ်အောင်ဆိုပြီးတော့ လှူဒါန်းရတာဖြစ်ပါတယ်။ " ဟု ၀ံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုထွန်းမြတ်သိန်းက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
ဇွန်လနှင့် အောက်တိုဘာလများတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း ဖမ်းဆီးခံ ရခိုင်အကျဉ်းသားများမှာ မြောက်ဦးမှ(၂၂) ဦး၊ ကျောက်တော်မှ(၃၃) ဦး၊ ရသေ့တောင်မှ(၂)ဦးနှင့် ရမ်းဗြဲမှ (၁)ဦး စုစုပေါင်း (၅၈)ဦး၏ မိသားစုများအား ဝံလက်ဖောင်ဒေးရှင်းမှ ငွေကြေးများထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ရခိုင်များဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ကိုထွန်းမြတ်သိန်းက " ရခိုင်တွေဟာ ကိုယ့်မြေမှာ ကိုယ်နေတယ်။ အဲဒါကို ကျူးကျော်လာတဲ့လူမျိုးတွေရဲ့ ရန်ကိုခုခံကာကွယ်လို့ အခုလိုမျိုးနိုင်ငံတော်အစိုးရဆီမှာ ဖမ်းဆီးခံနေရတာကိုတော့ အရမ်းပဲစိတ်မကောင်း ဖြစ်မိတယ်။ ဒီလိုဘက်လိုက်မှုတွေရှိနေတယ်ဆိုတော့ ကျနော်တို့က အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ဘာဖြစ်လို့ဆိုတော့ အခုဖြစ်သွားခဲ့တဲ့ ပြဿနာတွေမှာ ရခိုင်တွေ ရာဇ၀တ်မှုကိုကျူးလွန်တာမဟုတ်ပါဘူး။ ရခိုင်တွေက ကိုယ့်မြေ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်နဲ့ အမျိုးဘာသာသနာကို ကာကွယ်တာပဲရှိပါတယ်။ ကျနော်တို့ ရခိုင်တွေဖက်က ကျူးကျော်တာမဟုတ်ဘူး။ လွန်ကျုးနေတာမျိုး မဟုတ်ပါဘူး၊ အားလုံးသိတဲ့အတိုင်းပဲလေ။ ပြဿနာဖြစ်လာတဲ့ တစ်လျှောက်လုံးမှာ ကျနော်တို့ ရခိုင်ဖက်က စပြီးရန်ရှာတာ၊ စော်ကားတာမျိုးမရှိပါဘူး။ ကုလားတွေကသာ ကျုးကျော်ရန်စတယ်။ ပြဿနာစရှာတယ်။ ကုလားတွေခိုးဝင်လာပြီးတော့ နယ်မြေလုတာကို ကာကွယ်ကြတာပါ။ ဆိုတော့ အပြစ်မရှိအပြစ်ရှာကာ ဒီလိုဖမ်းဆီးနေတာဟာ တကယ်လိုများ နောက်ထပ်ပြဿနာတွေပေါ်လာခဲ့ရင် ဖမ်းဆီးခံရမှာကြောက်တယ်ဆိုပြီးတော့ ကိုယ့်ပြည်ကိုယ့်ရွာကို တစ်ယောက်မှ ကာကွယ်ကြမှာမဟုတ်ပါဘူးဆိုတာကို အစိုးရအနေနဲ့ စဉ်းစားပေးစေချင်ပါတယ်။ " ဟု ဆက်လက်ပြောကြားခဲ့သည်။  ARAKAN TIMES

ဆရာတော် ဦးဥတ္တမနဲ့ ဒီမိုကရေစီအတွေးအမြင်

Written by ခိုင်စိုးလင်း(မန်းတက္ကသိုလ်)    Friday, 07 September 2012 17:42    PDF Print E-mail
294570 10152048703920411 1232188588 nငယ်စဉ်ကတည်းက ပညာအရာမှာ ကုတ်ကုတ်ကပ်ကပ် ကြိုးစားရှာဖွေ ဆည်းပူးလိုစိတ် ရှိခြင်း၊ ရဟန်းဘ၀မှာလည်း ပျော်ပိုက်နှစ်သက်မွေ့လျော်ပြီး မြင်တွေ့ကြုံရသမျှကို သည်းခံ နိုင်စွမ်းရည်ရှိခြင်းစတဲ့ အဆင့်အတန်းမြင့်မားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့အတူ မြန်မာ့ လွတ်လပ်ရေးအတွက် ပထမဦးစွာလှုပ်ရှားလှုံဆောာ်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေးရဖို့ နိုင်ငံသားတွေရဲ့အတွေးအခေါ်၊ အမြင်ကို ပြင်ဆင်လာနိုင်အောင် နိုင်ငံရေး အတွေးအခေါ် မျိုးစေ့ချပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရခိုင်တိုင်းရင်းသား ဆရာတော် အသျှင် ဦးဥတ္တမပျံလွန်တော်မူရှာတဲ့ (၇၃)နှစ်မြောက်တဲ့ စက်တင်ဘာလ(၉)ရက်နေ့ ရောက်လာပါတော့မယ်။
ဆရာတော်ဟာ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေးကို ဆောင်ရွက်ခဲ့တဲ့ခါ အင်မတန်နက်ရှိုင်းတဲ့ ပြည်ထောင်စုစိတ်ဓါတ်လို့ပြောရမယ့် မိမိလူမျိုး၊ ဒေသစွဲမရှိဘဲ ပြုမူ ပြောဆိုတတ်သူဖြစ်ပါတယ်။ နိုင်ငံရေးတရားဟော စင်မြင့်ပေါ်ဟောပြောတဲ့အခါ သူ့ကိုယ် သူ ဗမာလူမျိုး(ဗမာနိုင်ငံသား)လို့ ခံယူဟောပြောလေ့ရှိခဲ့ပါတယ်။ တစ်နေ့မှာ ကလကတ္တား သို့ ခေတ္တရောက်နေခိုက် ရန်ကုန်ကကြေးနန်းစာတစ်စောင်ကိုင်ပြီး ရွှင်တပြုံးပြုံးဖြစ်နေတဲ့ ဆရာတော်ကို ဒါယိကာမတစ်ဦးက ဘာကြောင့်ရယ်မောနေတာပါလဲဘုရားလို့ လျှောက်တဲ့ အခါ ဒါယကာမကြီး ဒီတစ်ခါတော့ ကျုပ်ကိုကျုပ်သေပျော်ပါပြီလို့ ၀မ်းသာအားရရှိတာနဲ့ ပြုံးလာတာဘဲလို့ ပြန်မိန့်သတဲ့။ အဲ့ဒီဒါယကာမကဘဲ ဘာဖြစ်လို့လဲဟုထပ်လျှောက်ရာ ငါတို့ဗမာလူမျိုးတွေ လူနဲ့သူနဲ့တူလာပြီ။ လူစိတ်ရှိလာကြပြီ။ ဒီလိုလူစိတ်ရှိလာလို့ ငါဝမ်းသာ လာတာဘဲလို့ ပြန်ဖြေခဲ့တယ်။ ဒီတော့ ဒကာမက အရင်ကတော့ ဗမာတွေ လူစိတ်မရှိ ခွေးစိတ်ရှိနေသလားဘုရားလို့ ထပ်လျှောက်ပြန်ရာ ဒီတစ်ခါမှာတော့ ဆရာတော်က လူစိတ်ရှိတယ်ဆိုတာက ဒီလိုလေ။ လူဟာလူ၊ အခွင့်အရေးဆိုတာ အခွင့်အရေးဘဲ။ အခွင့် အရေးဆိုတာဘာလဲဆိုတာ နားလည်လာကြတယ်။ ကိုယ့်အခွင့်အရေးကိုယ်သိပြီး မရရ အောင် ကြိုးစားတတ်လာရင် ဒါဟာလူစိတ်ရှိလာတယ်လို့ ဦးဇင်းဆိုလိုတာဘဲ။ ဟောအခု ရန်ကုန်မှာ ကောလိပ်ကျောင်းတွေကစပြီး အင်္ဂလိပ်ကျောင်းတွေက သင်ပေးတဲ့ပညာရေးကို မကျေနပ်လို့ သပိတ်မှောက်ကုန်ကြပြီတဲ့။ ရန်ကုန်ကနေပြီး ဦးဇင်းဆီအကြံဥာဏ်တွေ ယူချင်လို့တဲ့။ ဗမာတွေ ဒီလိုစိတ်ဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးဇင်းကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုးနပ်ပြီ။ ဒါကြောင့် ဦးဇင်းသေပျော်ပြီလို့ပြောတာ ဆိုပြီး အကျယ်တ၀င့် မိန့်ကြားခဲ့ဖူးပါတယ်။
ဆရာတော်ဟာ အဲ့ဒီခေတ်ကာလကတည်းက ဒီမိုကရေစီဆိုတဲ့ စကားလုံးရဲ့ အနက် အဓိပ္ပါယ်ကိုနှစ်ခြိုက်ကာ သူကိုယ်တိုင် သဘောပေါက်သလောက်ပင် ၀ံသာနုအမျိုးသား တွေကိုလည်း သဘောပေါက် နားလည်စေလိုလှတဲ့အတွက် ဂျုဗလီကွန်ဖရင့် မိန့်ခွန်းရှည် ပြောပြီး နိုးဆွခဲ့ပါတယ်။ (၂၁)ဦးလူကြီးစုလို့ခေါ်တဲ့ ဦးဘဖေကနေ ကျောက်ဆည်ဦးစိန်ဘ အထိ ဗမာတိုင်းရင်းသားစစ်စစ်တွေကြား ရခိုင်တိုင်းရင်းသား ရဟန်းတော်တစ်ပါးအနေနဲ့ ပြည်ထောင်စုစိတ်ဓါတ် အခြေတည်လျှက် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အကျဥ်းချခံ၊ အနစ်နာခံပြီး မကြောက်မရွံ နောက်မတွန့်ဘဲ နိုင်ငံရေးဟောပြောပွဲတွေ ဆင်နွှဲခဲ့ရုံမျှ အရေးပိုင်တွေကို ဒူးတုန်အောင်ကြောက်လန့် နေကြရတဲ့အချိန်အခါမှာ ဘုရင်ခံ ဆာရယ်ဂျီနယ်ဂရက်ဒေါက်ကို ဗမာပြည်ကထွက်သွားဖို့ မောင်းထုတ်ရဲခဲ့တဲ့ အာဇာနည် ရဟန်းတော်တစ်ပါးလည်းဖြစ်ပါတယ်။
ဆရာတော်က နိုင်ငံရေးလုပ်ကြတဲ့အခါမှာ ငါသာမှန်တယ်။ ငါ့ထက်တော်တဲ့သူမရှိဆိုပြီး မိမိကိုယ်ကိုအထင်ရောက်နေရင် ဘယ်သူမဆို မှားယွင်းနိုင်တယ်ဆိုတာ ငြင်းနိုင်ကြမှာ မဟုတ်ပါဘူး။ သေချာတွေးကြည့် စစ်ဆေးကြည့်ရင် ဒီမိုကရေစီအစစ်အမှန်ကို လိုက်နာ ကျင့်သုံးလိုရင် ငါအမှန်ဆိုတဲ့ဝါဒကို ဖယ်ကြဉ်ရမယ်။ ငါသာအမှန်ဆိုက အတိုက်ခံဘက်မှ ဂိုဏ်းတစ်ခုကို မုချအလွဲထင်ပြီး လိုလားနေနိုင်မယ်မဟုတ်။ ဒါကြောင့် ဒီမိုကရေစီစစ်စစ်ကို လိုလေ သမာသမတ်ကျတဲ့ အတိုက်အခံဂိုဏ်းကောင်း (ပါတီကောင်း)ရှိဖို့ လိုအပ်ကြောင်းနဲ့ တကယ့်တကယ် ဒီမိုကရေစီအစစ် ဥရောပနိုင်ငံ (အင်္ဂလိပ်)ဆိုရင် နန်းရင်းဝန်ချာချီနဲ့ အတိုက်ခံအက်တလီတို့ စစ်တိုက်ချိန်မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် စကားစစ် ထိုးပြီး နိုင်ငံရေးအတွေးအမြင် ဖလှယ်တတ်ကြသလဲ။ နိုင်ငံအနေနဲ့ စစ်ဆင်နွှဲ ကြရတော့မယ်ဆိုရင် ငါးခွေးလျှာလို တစ်ကောင်နဲ့တစ်ကောင် ခွဲမရအောင် ပူးကပ်နေတတ် ကြကြောင်း ဒီနည်းသာလျှင် ဒီမိုကရေစီစံနစ်ရဲ့ အနှစ်သာရကို မိမိနဲ့တကွ မိမိအမျိုးကိုပါ (မိမိနိုင်ငံနဲ့လူမျိုးကိုပါ) ခံစားနိုင်ခွင့် ရှိလာမှာဖြစ်ကြောင်း မှတ်သားဖွယ်ရာ ဆိုမိန့်ခဲ့တာကို ကြည့်ရင် ကျေးဇူးရှင်ဆရာတော် ဦးဥတ္တမရဲ့ ဒီမိုကရေစီအတွေးအမြင်လို့ပြောရင် အခု ခေတ်နဲ့ဆီလျော်နေသေးတာကို တွေ့ရမှာဖြစ်ပါကြောင်း ဆရာတော် ဘ၀နတ်ထံပျံလွန် တော်မူခဲ့တဲ့ (၇၃)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ယူရေးသားလိုက်ပါရစေ။ ။
ခိုင်စိုးလင်း(မန်းတက္ကသိုလ်)
ကိုးကားစာအုပ် ။ ဗမာ့ခေတ်ဦးဘရင်ရေး"ဆရာတော်ဦးဥတ္တမ(လွတ်လပ်ရေးစိတ်ဓါတ်မျိုးစေ့ချခဲ့သူ)"စာအုပ်      ARAKAN TIMES

ကမ္ဘာလှည့်ခရီးသည်များ မြောက်ဦးမြို့သို့လည်ပတ်ရန် အာဏာပိုင်များတားဆီး

Written by မိုးဇော်    Wednesday, 23 January 2013 17:05    PDF Print E-mail
Ko Thaungအာရှတိုက်တွင် ပျက်စီးပျောက်ကွယ်ရမည့် အန္တရယ်နှင့် ရင်ဆိုင်နေရသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်သော မြို့တော် (၁၀) ခုအနက် တစ်ခုအပါအဝင်ဖြစ်သော ရခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ခွင့်အား အာဏာပိုင်များက တားဆီးပိတ်ပင်ထားကြောင်း ဒေသခံများထံမှလာသော သတင်းအရသိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ မြောက်ဦးမြို့တွင် ကုလား-ရခိုင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခြားသားများ မြောက်ဦးမြို့သို့လာရောက်လည်ပတ်ခြင်းအား အာဏာပိုင်များက တားဆီးပိတ်ပင်ခဲ့ကြောင်း သိရသည်။
" အခုလို ကမ္ဘာလှည့်ခရီးသည်တွေကို တားဆီးပိတ်ပင်ထားတာက အာဏာပိုင်တွေအနေနဲ့ ခရီးသည်တွေကို လုံခြုံရေး အပြည့်အဝ မပေးနိုင်လို့ထင်ပါတယ်။ မြောက်ဦးမှာဖြစ်ပွားတဲ့ အဓိကရုဏ်းပြီးဆုံးသွားပြီဆိုပေမယ့် ကုလားတွေက အခွင့်အရေးရရင် ရသလိုလိုက်ပြီးတော့ ဒုက္ခပေးနေတယ်။ ဒါကို အာဏာပိုင်တွေအနေနဲ့လည်း ထိရောက်စွာ ဖြေရှင်းမပေးဘူး၊ ဒါကြောင့် နိုင်ငံခြားခရီးသည်များ မြောက်ဦးမြို့သို့ လာရောက်လည်ပတ်ခြင်းအား ပိတ်ပင်ထားတာ ဖြစ်နိုင်တယ်။ " ဟု မြောက်ဦးမြို့ရှိ တည်းခိုခန်းပိုင်ရှင်တစ်ဦးက ပြောသည်။
နိုင်ငံခြားသားခရီးသည်များ မြောက်ဦးမြို့သို့ လာရောက်လည်ပတ်ခွင့်ကို ပိတ်ပင်တားမြစ်ထားသည့်အတွက် ဧည့်လမ်းညွှန် လုပ်ငန်းဖြင့် အသက်မွေးနေကြသော ဧည့်လမ်းညွှန်များမှာ အကျပ်အတည်းများစွာကျရောက်နေကြရကြောင်း ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုထွန်းနေ၀င်းက အာရ်ကန်တိုင်းမ်စ်အား ပြောကြားခဲ့သည်။
ထို့အပြင် ရခိုင့်ရှေ့ဟောင်းမြို့တော် မြောက်ဦမြို့သည် အာရှတိုက်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်သော မြို့တော် (၁၀) ခုအနက် တစ်ခုဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ (၃) ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ (Global Heritage Fund)မှ ဖော်ပြချက်အရ သိရသည်။     NARINJARA

တောင်ကုတ် ကားတိမ်းမှောက်မူ အနည်းဆုံး လူ ၁၄ ဦးသေဆုံး


အခု နောက်ဆုံး ရရှိတဲ့ သတင်းအရ တောင်ကုတ်မှာ ကားတိမ်းမှောက်တာမှာ လူပေါင်း ၁၄ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
Roma-highway
ရိုးမပေါ်မှာ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်။ (ဓါတ်ပုံ- နိရဉ္စရာ)
အခုအချိန်ထိ အလောင်းတွေကို တောင်အောက်ကနေ တောင်ပေါ်ကို သယ်ယူနေကြတယ်လို့ ဒေသခံတွေက နိရဉ္စရာကို ပြောပါတယ်။ ဒဏ်ရာရသူက (၂၀) ခန့်ရှိပြီး အခု တောင်ကုတ် ဆေးရုံကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
အခု တိမ်းမှောက်သွားတဲ့ကားဟာ ရန်ကုန်ကနေ သံတွဲကို မောင်းနှင် လာတဲ့ အောင်သစ္စာကား ဖြစ်ပြီး  တောင်ကုတ်က မိုင် (၃၀) အကွာ ရိုးမထဲမှာ ကားကို မထိန်းနိုင်ဘဲ ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။ တောင်အောက်ကနေ တောင်ပေါ်ကို လူတွေကို ဆွဲတင်နေရတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ရာမှာ နှောင့်နှေးကြန့်ကြာမူတွေ ရှိနေတယ်လို့ ပြောပါတယ်။
ကားမတော် တဆ ဖြစ်မူဟာ ဒီကနေ့ နံနက် ၃ နာရီခွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာ သက်ဆိုင်ရာက ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။  NARINJARA

စစ်တွေမှ ဟင်းသီးဟင်းရွက်များတွင် အဆိပ်တွေ့၍ ရဟန်းတော် အဖွဲ့က ပြည်နယ် အစိုးရကို တင်ပြ


ရခိုင်ပြည်နယ် စစ်တွေမြို့သို့  နယ်မှ တင်သွင်းနေသော ဟင်းသီးဟင်းသီးများတွင် အဆိပ်များ ပါဝင်နေသဖြင့် စစ်ဆေး ဆောင်ရွက်ရန် ရဟန်းတော်များက ပြည်နယ် အစိုးရ အဖွဲ့ကို ယနေ့တွင် တင်ပြ တောင်းဆိုခဲ့သည်ဟု ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးကေသာရက ပြောသည်။
Sittwe-Vegetable-markets
“ ဦးဇင်းတို့က အဆိပ်တွေ ပါနေတဲ့ ဘူးသီးတွေကို လူကြီးတွေဆီကို ယူသွားတယ်။ သူတို့ကို တင်ပြတယ်။ ဒီမှာကြည့်ကြပါ။ လက်တွေ့ပြပြီး ဘူးသီးတွေမှာ အဆိပ်ပါနေတယ်ဆိုတာကို သူတို့ကို တင်ပြခဲ့ပါတယ်” ဟု ဦးကေသာရက ပြောသည်။
သွားရောက်တင်ပြခဲ့ကြသော ရဟန်းတော်များ အထဲတွင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဥက္ကဌ ဦးဥာဏ၊ အတွင်းရေးမှူး ဦးကေသာရ၊ အရှင် ဦးဓမ္မဓဇ၊ အရှင် ပညာဓဇ စသည့် ရဟန်းတော် (၅) ပါး ပါဝင်သည်ဟု ဆိုသည်။
“ ဦးဇင်းတို့ဆီက ရဟန်း ၅ ပါး ပါဝင်တယ်။ အစိုးရဘက်ကတော့ နယ်စပ်ရေးရာနှင့် လုံခြုံရေး  ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ပါတယ်။ ပြည်နယ် ရဲမှူးကြီးလည်း ပါတယ်။ အထွေထွေ အုပ်ချုပ်ရေးမှူးလည်း ပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ပြည်နယ် အစိုးရ အဖွဲ့မှ လူကြီးများကို တင်ပြရခြင်းမှာ အာဏာပိုင်များဘက်မှ အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်နေ၍ ဖြစ်ကြောင်း ဦးဇင်းက ဆိုသည်။
“ စစ်တွေမှာ သဲချောင်းဘက်က ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ပါနေတဲ့ အတွက် ရဟန်းတော်တွေက မနက်တိုင်း  စစ်တွေကို ၀င်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဆေးတယ်။ ဒါကို ရဲအဖွဲ့က ရဟန်းတော်တွေ လုပ်စရာ မလိုဘူး။ သူတို့ဘဲ လုပ်ပါမယ်လို့ ပြောတယ်။ အခုကျတော့ ဟင်းသီးဟင်းရွက်တွေမှာ အဆိပ်တွေ ထပ်တွေ့ရတယ်။ အထူးသဖြင့် ဘူးသီးတို့၊ ဖရဲသီးတို့မှာ ပါလာတယ်။ ဒါကြောင့် အာဏာပိုင်တွေကို ပိုပြီး အရေးစိုက်ပြီး လုပ်ဆောင်နိုင်အောင် တင်ပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အာဏာပိုင်များက အဆိပ်ပါသည်ဟု တင်ပြထားသော ဘူးသီးများကို လက်ခံ ယူထားလိုက်ပြီး ရန်ကုန်သို့ ပို့ကာ ဓါတ်ခွဲစမ်းသပ်သွားမည် ဟု သိရသည်။
ယမန်နေ့ကလည်း စစ်တွေမြို့မှ ဘူးသီးကြော်ဆိုင် တစ်ခုတွင် ဘူးသီးကြော်နေစဉ် ဘူးသီးကြော်များ ညိုစိမ်းသွားသဖြင့် အဆိုပါ ဘူးသီးကြော်များကို သက်ဆိုင်ရာသို့ စစ်ဆေးရန် ပို့ပေးခဲ့သည်ဟု ရတပ ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။
“ အဆိပ်ပါတဲ့ ဘူးသီးကြော်တွေကို ဆိုင်ရှင်က ကျွန်တော်ကို လာပေးတဲ့ အတွက် ကျွန်တော် သိမ်းထား ပါတယ်။ ဒါကို ဒီကနေ့ ပြည်နယ် အစိုးရ အဖွဲ့ဝင် လူကြီးတွေကို တင်ပြသွားပါမယ်” ဟု ဆိုသည်။
စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ( ဒုံးတိုက်ကွင်း ) မောင်မဲ ( ဘ) ဦးမောင်လှဝင်းသည် (၂၁ ) ရက် မေယူဈေးမှ ၀ယ်လာသော ဖရဲသီး ခွဲစားရာမီ အဆိပ်မိ၍ ဆေးရုံ တင်ပို့ခဲ့ရသည်ဟု သိရ သည်။
ယခုကဲ့သို့ စစ်တွေတွင် ဟင်းသီးဟင်းရွက်များတွင် အဆိပ်ခတ်မူများ ရှိနေသဖြင့် ယခုအခါ ဟင်းသီးဟင်းရွက်ကို ၀ယ်ယူစားသုံးရန် ဒေသခံများအကြား စိုးရိမ်စိတ်များ တိုးပွားနေကြ သည်ဟု သိရသည်။  NARINJARA

Tuesday, January 22, 2013

တရုတ်-မြန်မာ ဂတ်စ်နှင့် ရေနံပိုက်လိုင်း ဇွန်လတွင် လုပ်ငန်း စတင် လည်ပတ်မည်


တရုတ်နှင့် မြန်မာ အကြား တည်ဆောက်နေသော ဂတ်စ်နှင့် ရေနံပိုက်လိုင်းမှာ မေလကုန်တွင် ပြီးစီးမည် ဖြစ်ပြီး ဇွန်လတွင် စတင်ကာ လုပ်ငန်း လည်ပတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
Kyauk-pru-Pipeline
တရုတ် အစိုးရ မီဒီယာကို ကိုးကားပြီး AFP က ရေးသားသော သတင်းတစ်ပုဒ်တွင် မဟာဗျူဟာအရ အရေးပါသော ဂတ်စ်နှင့် ရေနံ ပိုက်လိုင်းမှာ မေလအကုန်တွင် ပြီးစီးမည်ဟု မျှော်လင့်ထားကြောင်း ရေးသား ဖေါ်ပြသည်။
တရုတ် ကုမ္ပဏီ CNPC မှ တည်ဆောက်နေသော အဆိုပါ ပိုက်လိုင်း စီမံကိန်း၏ တာဝန် ခေါင်းဆောင် Geo Jianguo   က Xinhua သတင်းဌာနသို့ ပြောကြားရာတွင် ကီလိုမီတာ ၁၁၀၀ ရှည်လျားသော ဂတ်စ်နှင့် ရေနံပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ပြီးစီးမည် ဖြစ်ပြီး ဇွန်လဆန်းပိုင်းတွင် စတင် လည်ပတ်နိုင်မည်ဟု ပြောဆိုသည်။
အဆိုပါ ပိုက်လိုင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် အကြား  ဆက်သွယ် ဖေါက်လုပ်ခြင်း ဖြစ်သည်။
ပိုက်လိုင်းများမှ တဆင့် ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်ကို သာမက အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ သင်္ဘောများဖြင့် တင်ဆောင် သယ်ယူလာသော ရေနံများကို လည်း တရုတ်ပြည်သို့ ပို့ဆောင်မည် ဖြစ်သည်။  NARINJARA

ရန်ကုန်-တောင်ကုတ်လမ်းတွင် အောင်သစ္စာကား တိမ်းမှောက်၍ လူ ၁၆ ဦး ဒဏ်ရာရ


မောင်ရမ္မာ
ရန်ကုန်မှ သံတွဲသို့ မောင်းနှင်လာသော  အောင်သစ္စာကား ယနေ့ နံနက် ၃ နာရီခန့်တွင် ရခိုင်ရိုးမတွင် ချောက်ထဲ ထိုးကျပြီး တိမ်းမှောက်သွားသဖြင့် ခရီးသည် ၁၆ ဦး ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။
ရခိုင်ပြည်က ကားလမ်း။
ရခိုင်ပြည်က ကားလမ်း။
ယခုအခါ ဒဏ်ရာရသူများမှာ တောင်ကုတ် ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ထိုအထဲမှ (၃) ဦးမှာ စိုးရိမ်ရသော အနေအထားတွင် ရှိသည်ဟု သိရသည်။
ဘတ်စ်ကားမှာ  တောင်ကုတ်မြို့မှ မိုင် ၃၀ ခန့်အကွာ နေပူတောင် အရောက်တွင် ကားကို ထိမ်းမနိုင်ဘဲ ဖြစ်ပြီး ချောက်ထဲကို ထိုးကျသွားခြင်းဖြစ်သည်ဟု ခရီးသည်များကို ကိုးကားပြီး တောင်ကုတ် ဒေသခံ ကိုမင်းအောင်က နိရဉ္စရာကို ပြောသည်။
၎င်းပြင် သေဆုံးမူများလည်း ရှိနေကြာင်း တောင်ကုတ်ဆေးရုံကို ရောက်နေသူ ကိုမင်းအောင်က ပြောသည်။
“ အသေအပျောက်တော့ ရှိနေပါတယ်။ အတိအကျတော့ မသိရသေးဘူး။ အခု လမ်းမှာ လာနေတုန်းပါ။ အခု ဆေးရုံကို ရောက်နေတာကတော့ ၁၆ ဦးရှိနေပြီ၊ အဲဒီအထဲမှာ ၃ ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ကျန် ၁၃ ဦးကတော့ ထူထူ ထောင်ထောင်ရှိပါတယ်။”
ကားမှာ နေပူတောင်အနီးရှိ တောင်ဆင်းလမ်းတွင် ချောက်ထဲသို့ ထိုးကျသဖြင့် ချောက်ထဲမှ ကားလမ်းမပေါ် ပြန်ရောက်အောင် နာရီဝက်ခန့်  ပြန်တက်ရသဖြင့် လူနာများကို ကယ်ဆယ်ရာတွင်  အခက်အခဲနှင့် ကြန့်ကြာမူများ ရှိနေသည်ဟုလည်း ကိုမင်းအောင်က ပြောသည်။
အသေအပျောက် ရှိ မရှိကို နိရဉ္စရာက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါသည်။

အငူမော် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ တန်းဖိုးရှိသဲမှ အကျိုးရလဒ် ဒေသခံများမျှော်လင့်

Written by မိုးဇော် Tuesday, 22 January 2013 15:09 Aneu More 01ရခိုင်ပြည် ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာအနီး မိုင်(၂၀)ခန့်ဝေးကွာသော အငူမော်ပင်လယ်ကမ်းခြေတစ်လျှောက်မှ ထွက်ရှိသော တိုက်တေနီယမ်သတ္တုပါဝင်သည့် တန်းဖိုးရှိသဲမှ ရရှိလာမည့်အကျိုးရလဒ်တစ်စုံတစ်ရာအား ခံစားရရှိရန် ဒေသခံများမျှော်လင့်နေကြောင်း သိရသည်။ တိုက်တေနီယမ်သတ္တုပါဝင်သည့်သဲမှ ရရှိလာမည့် အကျိုးရလာဒ်နှင်ပတ်သက်၍ " Gold Finder ကုမ္ပဏီက ပြောတာကတော့ အဲဒီ သဲထဲမှာ အင်မတန် တန်ဖိုးရှိတဲ့ တိုက်တေနီယမ်သတ္တုတွေ၊ ပြဒါးတွေပါတယ်လို့ ပြောပါတယ်။ ဆိုတော့ ဒီလောက်တန်ဖိုးကြီးတဲ့ သတ္တုတွေက ရလာမဲ့အကျိုးရလဒ်ကို ကျနော်တို့ဒေသခံတွေအနေနဲ့လည်း ခံစားခွင့်ရှိသင့်တယ်။ ပြောရရင်တော့ ၅၀ ရာခိုင်နှုန်း လိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ကထွက်တဲ့ သဘာဝသယံဇာတတွေက အများကြီးဘဲ။ အခုအချိန်ထိ ဒေသခံပြည်သူတွေအနေနဲ့ ဘာတစ်ခုမှ ခံစားခွင့်မရသေးဘူး။ ရခိုင်ပြည်က ထွက်သမျှ သယံဇာတတွေရဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော်အစိုးရနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့တဲ့ကုမ္ပဏီတွေကပဲ ခံစားနေတယ်။ အခုတော့ တိုင်းပြည်လည်း ပြောင်းလည်းလာပြီဆိုတော့ အစိုးရကလည်း ဒေသခံတွေအတွက် လုပ်ပေးလိမ့်လို့မျှော်လင့်ပါတယ်။ " ဟု အငူမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းကျော်က အာရ်ကန်တိုင်းမ်စ်အား ပြောသည်။ ထို့အပြင် စစ်တွေမြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသိန်းရွှေက နစကနှင့်ပေါင်းပြီ အငူမော်ပင်လယ်ကမ်းခြေမှသဲများကို တူးဖော်နေကြောင်းနှင့် အဆိုပါတူးဖော်ပြီးသည့် သဲအိတ်များကို စစ်တွေမြို့ရှိ ရေချမ်းပြင်သို့ ပို့ဆောင်ထားကြောင်းလည်း သိရရသည်။ " ဦးသိန်းရွှေက ကျနော်တို့ရွာနားမှာရှိတဲ့ သဲကိုလုခြုံရေးယူနေကြတဲ့ နယ်မြေ (၈) အမှတ်(၂၅)၊ န.စ.ကတွေနဲ့ပေါင်းပြီးတော့ သဲတွေကိုယူကြတယ်။ ပြီတော့ စစ်တွေကိုပို့ထားကြတယ်။ ကျနော်တို့သိရသလောက် အစိုးရမှ ခွင့်ပြုလို့ယူတာမဟုတ်ဘူးဆိုတာကို သိရတယ်။ သူယူတာက ၂၀၁၂ ဒီဇင်ဘာလ ၁၀ ရက်နေ့က စယူတယ်။ အဲဒါကို အစိုးရကသိတော့ ဟန့်တာပေါ့။ ဆိုတော့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တန့်သွားတယ်။ အဓိကပြောချင်တာက ဒေသခံတွေအတွက် အကျိုးမဲ့စေတဲ့အလုပ်ကို မလုပ်စေချင်ဘူး။ အဲဒီတော့ နိုင်ငံတော်အစိုးရလည်း ဒီတိုက်တေနီယမ်ပါတဲ့သဲကို ဘယ်သူ့ကိုပဲရောင်းရောင်း ဒေသခံတွေရဲ့အကျိုးကိုရှေးရှုပြီး ဦးစားပေးဆောင်ရွက် စေချင်ပါတယ်။ " ဟု ဆိုသည်။ ထို့ပြင် Gold Finder ကုမ္ပဏီမှ ရသေ့တောင်နယ်နဲ့ မောင်တောနယ် တစ်ဝိုက်တွင် တိုက်တေနီယမ်သတ္တုပါဝင်သည့် ၄င်းသဲကိုတူးဖေါ်ရန် ရခိုင်ပြည်အစိုးရထံ လျှောက်လွှာတင်ထားကြောင်း သိရသည်။ ၄င်းတန်ဖိုးရှိ တိုက်တေနီယမ်ပါဝင်သည့် သဲတည်ရှိသော ဧရိယာမှာ ဧက ၅၀၀၀ မှ ၆၀၀၀ ထိရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ARAKAN TIMES

အပစ်ရပ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံနေရဆဲ

PDF | Print | E-mail Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလအတွင်း အကြမ်း ဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေသည့်အပေါ် ရှမ်းလူထုများ စိတ်ပျက်နေကြောင်း SWAN အဖွဲ့က ဆိုသည်။ ရှမ်းပြည်နယ်တ၀ှမ်း သုံးပတ်ကြာ နယ်လှည့်ခရီးစဉ်အတွင်း လူထုနှင့် တွေ့ဆုံဆွေးနွေး ချက်များအပေါ် အခြေခံ၍ ပြည်ပအခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြီး ချင်းမိုင်မြို့ တနေရာတွင် ယနေ့ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။ ဒေသတွင်း စီမံကိန်းများကြောင့် လယ်ယာမြေ အသိမ်းခံရမှု အပါအ၀င် အဓမ္မ လုပ်အား စေခိုင်းမှု၊ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုကြောင့် စစ်ပြေးဒုက္ခသည်များ အခြေအနေနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြောင်း ခရီးစဉ်အတွင်း လိုက်ပါခဲ့သည့် SWAN ပြောခွင့်ရသူ ယိင်းဟန်ဖက အခုလို ပြောဆိုသည်။ “အဓိက ပြဿနာကတော့ ငြိမ်းချမ်းရေး လုပ်ပြီးတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ အခုဆို ကိုယ့်မြို့တောင် ကိုယ်မနေရဲဘူးပေါ့နော်။ တခြားမြို့မှာ သွားပုန်းနေတဲ့သူလည်းရှိတယ်။ တောတောင်တွေထဲ ပုန်းနေရတဲ့သူတွေလည်း ရှိတယ်။ နောက်ပြီး ကျနော်တို့ကို သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ တပ်ထဲမှာ လနဲ့ချီပြီး ချုပ်ထားတယ်။ ကျနော်တောင် လွတ်မြောက်လာတာ မကြာသေးဘူးလို့ သူတို့လာပြောပြတာပေါ့နော်။” ထို့အပြင် ယခုခရီးစဉ်မတိုင်မီ အစိုးရတပ်က ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံရမှု လေးမှုအား ဒေသခံများက လာရောက် တိုင်ကြားခဲ့သည်ဟုလည်း ဆိုသည်။ SWAN အဖွဲ့သည် ရှမ်းအမျိုးသမီးများအား ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည့် မုဒိန်း ကျင့်ခွင့် လိုင်စင် (License to rape) အစီရင်ခံစာကို ၂၀၀၂ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့် ဒေသများအတွင်း ဆန်စပါး ရိတ်သိမ်းချိန် ဖြစ်သော်လည်း တောင်ယာ နှင့် လယ်တောများသို့ မသွားရဲသလို ဆောင်းတွင်းကာလ တောတောင်ထဲ ထွက်ပြေး နေသူများ၏ ကျန်းမာရေးနှင့် နေထိုင် စားသောက်ရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်ဟု ယိင်းဟန်ဖက ဆိုသည်။ ထို့အပြင် ရခိုင်ပြည်နယ်မှ တရုတ်ပြည်သို့ သွယ်တန်းဖောက်လုပ်နေသည့် ဂက်စ် ပိုက်လိုင်း စီမံကိန်း လမ်းကြောင်းက သီပေါမြို့နယ် ဘော်ကြို ဒေသတ၀ှိုက်ရှိ ဆားဓါတ်ပါဝင်သည့် နယ်မြေအား ဖြတ်သန်းသွားမည့်အပေါ် ဒေသခံများက စိုးရိမ်နေကြောင်း အခုလို ဆက်ပြောသည်။ “ဓါတ်မီးတိုင်တောင်မှ စိုက်ထားရင် တနှစ်တောင် မခံဘူးတဲ့။ ငါးလ ခြောက်လလောက် ဆိုရင် ဆားတွေစားပြီး အဲဒီဓါတ်တိုင်တွေက လှဲကျကုန်တယ်ပေါ့။ ပိုက်လိုင်းတွေက အခု စမြုတ်နေပြီတဲ့။ မမြုတ်ခင်တောင်မှ အန္တရာယ် ကြီးနေပြီပေါ့နော်။ မြုတ်ပြီးတော့မှ တကယ်လို့ ဂက်စ်တွေ၊ ရေနံတွေ လွတ်မယ်ဆိုရင် ပေါက်ကွဲသွားတဲ့အခါ လူထုတွေရဲ့ လုံခြုံရေးကို ဘယ်သူတာဝန်ယူမလဲလို့ပြောတယ်။” ယခု ခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ SNDP အပါအ၀င် လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၊ အစိုးရနှင့်အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည့် လက်နက်ကိုင် အဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ ပါဝင်သည်။ ယင်းအဖွဲ့သည် တောင်ကြီး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကျေးသီး၊ သိန္ဒီ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် ကျိုင်းတုံမြို့များရှိ ဒေသခံ လူထုများနှင့် တွေ့ဆုံခဲ့သည်။ လူထု နစ်နာချက်များနှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးမှ မှတ်တမ်းတင်ထားခဲ့ပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လွှတ်တော်မှ တဆင့် တင်ပြသွားရန် စီမံကိန်းချ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ တချိန်တည်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း လူထုကိုယ်စားလှယ်များ လွတ်လပ်စွာ ပါဝင်ခွင့်ရနိုင်ရေး တောင်းဆိုခဲ့ကြသလို နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ တောင်းဆိုချက်အား ချပြခဲ့ရာ လူထုတရပ်လုံးကလည်း ထောက်ခံခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ညီလာခံတွင် “ဖက်ဒရယ်ပြည်ထောင်စုကသာ တန်းတူညီမျှရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်” ဟူသည့် တောင်းဆိုချက်အား တင်ပြခဲ့ရာ အစည်းအဝေး တက်ရောက်သူ အားလုံးကလည်း ထောက်ခံခဲ့သည်။

Monday, January 21, 2013

ဆရာကြီး ဒေါက်တာအေးကျော်အား နှစ်ပတ်လည် ဆွမ်းကျွေးပွဲ နှင့် အောက်မေ့ဖွယ် အခမ်းအနား အမေရိကန်တွင် ပြုလုပ်

Written by အာရ်ကန်တိုင်းမ်စ် Monday, 21 January 2013 10:29 Doctior Aye Kyaw Amrrica၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်အနိစ္စရောက်သွားခဲ့သော ရခိုင်သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးကျော်၏ အောက်မေ့ဖွယ် အခမ်းအနားနှင့် နှစ်ပတ်လည် ဆွမ်းကျွေးပွဲကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့နှင့် နယူးယောက်မြို့တို့တွင် ဇန္န၀ါရီလ ၂၀ ရက်နေ့က ဆရာကြီး၏ တပည့်သားသမီး မြေးမြစ်တို့က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ အခမ်းအနားနှင့် ဆွမ်းကျွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်၍ " ဆရာကြီး ဒေါက်တာအေးကျော်ဟာ ပညာရေးမှာ ဇွဲလုံ့လကြီးမားသူတစ်ဦးဖြစ်သလို ချုံတောမှဘုံဖျားသို့ တက်လှမ်းနိုင်ခဲ့သူတဦးလည်းဖြစ်ပြီး ကိုယ့်ပြည် ကိုယ့်အမျိုးသားများအတွက် တစိုက်မတ်မတ် စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်သွားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာကြီးဟာ သူ့ရဲ့ပညာရေးလမ်းကြောင်းကို ယံမင်္ဂလံ ဒွါဒဿဟိနဲ့ ဆွမ်းတော်ဗျို့ဖြင့် တောရွာဘုန်းကြီးကျောင်းမှာ အစပျိုးကာ ပညာရင်နို့ကို ခက်ခက်ခဲခဲသောက်စို့ခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ကျနော်တို့ ရခိုင်သူရခိုင်သားတွေက နှလုံးသားထဲမှာ အမြဲတမ်းရှိနေပြီး လေးစားအားကျ ဂုဏ်ပြုလျက်ရှိတယ်ဆိုတာကို ပြသလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအခမ်းအနား ဆွမ်းကျွေးပွဲကို ပြုလုပ်ကြတာဖြစ်ပါတယ်။ " ဦးဆောင်ကျင်းပသူများ၏ ကိုယ်စား အမာရီလို မျိုးချစ်ရခိုင်လူငယ်များအဖွဲ့ မှ ကိုချစ်ဆွေက အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။ ထို့အပြင် ဆရာကြီး၏ သန္ဓိဌာန်ခိုင်မာပုံနှင့် ဇွဲလုံ့လကောင်းပုံကို "၂၀၀၇ ခုနှစ်က မလေးရှားနိုင်ငံမှာ ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲကြီးနဲ့ ရခိုင့်ဒုက္ခသည်ရေးရာ အခက်အခဲ ကိစ္စရပ်များကိုလာရောက်ဖြေရှင်းကူညီပေးတဲ့ ဆရာကြီးရဲ့ ပထမဆုံး အကြိမ် ခရီးစဉ်မှာ မလေးရှား ကွာလာလမ်ပူ အင်တာနယ်ရှင်နယ် လေဆိပ်(KLIA-Kualalumpu International Airport) မှာ ဆရာကြီးကို စောင့်ကြိုမယ့် ရခိုင့်အဖွဲ့ အစည်းအသီးသီးက ခေါင်းဆောင်တချို့နဲ့အတူ ကျနော်လိုက်ပါသွားခဲ့ပါတယ်။ လေဆိပ်ခန်းမဆောင်ထဲကနေ လက်ထောက်အကူအညီပေးသူ တဦးရဲ့အကူအညီကိုယူပြီး တွန်းလှည်း (Chair Wheel) လေးနဲ့ ထွက်လာတာကို တွေ့မြင်ခဲ့ရတော့ ဆရာကြီး မျက်စိတော်တော်မှုန်ပြာနေတာကို သိရှိခဲ့ရပါတယ်။ ဆရာကြီးရဲ့ အဓိက လမ်းညွန်ပြောပြ ဆိုဆုံးမခဲ့တာတွေကတော့ မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ချက်တွေဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ၊ ဆန္ဒဓိပတိ၊ ၀ိရိယာဓိပတိ၊ စိတ္တဓိပတိ၊ ၀ိမံသာဓိပတိ နှင့် သူရဲ့နှလုံးသားမှာ သံမှိုရိုက်နှက်သလိုစွဲနေတဲ့ သူ့အဖေရဲ့ "ငါ့သား ဖြစ်ချင်တဲ့အာရုံကို မပျက်စေနဲ့" ဆိုတဲ့ အဆုံးအမ လမ်းညွှန်မှုတွေပါ" ဟု ကိုချစ်ဆွေမှ မှတ်မှတ်ရရ ပြန်ပြောပြသည်။ ရခိုင်လူမျိုးများသည် နိုင်ငံတကာတွင် လူနည်းစု ဖြစ်သည့်အတွက် ဂျူးနိုင်ငံနဲ့ ဂျူးလူမျိုးများကို စံပြနမူနာယူပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ပြိုင်တူလှော်ကြရမည်ဖြစ်ကြောင်းDoctior Aye Kyaw Amrrica 2ကို ဆရာကြီး ဒေါက်တာအေးကျော်က မကြာခဏ မှာကြားခဲ့ကြောင်းကို ကိုတင့်ဝေက ထပ်ဆင့်ပြောကြားခဲ့သည်။ နံနက် ၁၀ နာရီခန့်တွင် စတင်သည့် အမာရီလိုမြို့မှ ဆွမ်းကျွေးပွဲ အခမ်းအနားကို ဧည့်ပရိတ်သတ်ပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ကြပြီး ပင့်ဖိတ်ထားသည့် ကရင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၊ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်နဲ့ သံဃာတော်များ ကြွရောက်ကာ တရားနာရေစက်ချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ညနေ ၂ နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။ ARAKAN TIMES

စစ်တွေက ဘူးသီးမှာ အဆိပ်တွေ့

သန်းမင်းထိုက် (စစ်တွေ) ဒီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့က အိမ်တစ်အိမ်မှာ ဈေးက ၀ယ်လာတဲ့ ဘူးသီး တစ်လုံးမှာ အဆိပ်တွေ့တဲ့ အတွက် အခု ဈေးဝယ်တဲ့ သူတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သတိထား ၀ယ်ယူ စားသုံးနေကြရတယ်လို့ သတင်း ရရှိပါတယ်။ vegetable ဘူးသီးမှာ အဆိပ်တွေ့တာကို ကိုယ်တိုင် သွားရောက် စစ်ဆေးကြည့်ရှု့ခဲ့သူ ရဟန်းပျို စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ အရှင် ဥာဏက မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ခုလို မိန့်ကြားပါတယ်။ “ ဘူးသီးမှာ အဆိပ်ပါတယ်လို့ တိုင်ကြားလာတဲ့ အတွက် ဦးဇင်းသွားကြည့်ခဲ့ပါတယ်။ အဲဒီမှာ ဘာကိုတွေ့သလဲ ဆိုတော့ ဗူးသီးက ခွဲလိုက်ရင် အထဲမှာ ဖြူပြီးတော့ ဘူးသီးကို တွေ့ရမယ်။ ဒါပေမယ့် အခုက အရောင် တမျိုး ပြောင်းနေတာကို တွေ့ရတယ်။ ချက်တဲ့ အခါမှာလည်း အရောင်က အညိုရောင်သန်းပြီး အရောင်က တမျိုး ဖြစ်နေတယ်။ အိမ်သားတွေက ချက်ပြီး စားမလို့ လုပ်မှ အရောင်က ပုံမှန် မဟုတ်တာကို မြင်ပြီး ထူးခြားမူရှိတဲ့ အတွက် သက်ဆိုင်ရာကို တိုင်ကြားတယ်။ အခုတော့ ဘူးသီးချက်ရာက ထွက်လာတဲ့ အရည်တွေကို ရန်ကုန် ကို ဓါတ်ခွဲခန်းမှာ စစ်ဆေးဖို့ ပို့ထားပါတယ်” ဟု ပြောသည်။ အိမ်သားများ၏ နာမည်ကို မမှတ်မိသော်လည်း သွားရောက် စစ်ဆေးကြည့်ရှု့ခဲ့သည့် အိမ်မှာ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ကြက်ကိုင်းတန် ဘုန်းကြီးကျောင်း အနီးတွင် တည်ရှိသည်ဟု အရှင်ဥာဏက မိန့်ကြားသည်။ ထိုသို့ တွေ့ရှိပြီးနောက် ဈေးဝယ်သူများ အနေဖြင့်လည်း ဟင်းသီးဟင်းရွက်များကို သတိထား ၀ယ်ယူနေကြတယ်လို့ ပြောပါတယ်။ “ ဒီဘူးသီးတွေက သဲချောင်းဘက်ကလာတာ ဖြစ်တယ်လို့ သိရတယ်။ အခု ဦးဇင်းတို့ကတော့ ဟင်းသီးဟင်းရွက်တွေ စစ်တွေမြို့ထဲ ၀င်လာတာကိုတော့ မတားဘူး။ လွတ်လွတ်လပ်လပ် သယ်ယူခွင့် ပြုထားတယ်။ ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေကိုတော့ စစ်ဆေးမူတွေ လုပ်နေတယ်။ ရဟန်းတော်တွေကဘဲ လုပ်တာပါ။ အာဏာပိုင်တွေကတော့ ဘာမှ လုပ်တာ မရှိဘူး။ သူတို့ကတော့ ပုံမှန်ပါဘဲ” လို့ ဦးဇင်းက ဆက်ပြောပါတယ်။ အဆိုပါ သတင်းထွက်လာပြီးနောက် ကြက်ကိုင်းတန်ဘက်တွက် ယခုအခါ ဟင်းသီးဟင်းရွက်များကို ၀ယ်ယူ စားသုံးသူများ နည်းပါးသွားသည်ဟု သိရသည်။ NARINJARA

ဘင်္ဂလာဒေခ်ျ့က သချိင်္ုင်းတွေမှာ မြုပ်နှံထားတဲ့ အလောင်းတွေ ပျောက်ဆုံး

ဘင်္ဂလာဒေခ်ျ့နိုင်ငံက ဖါရိပူရ် ( Faridpur) ခရိုင်အတွင်း ရွာတချို့က သချိင်္ုင်းတွေမှာ မြုပ်နှံထားတဲ့ အလောင်းတွေ ပျောက်ဆုံးနေတယ်လို့ ဘင်္ဂလာဒေခ်ျ့ သတင်းစာတွေကရေးသား ဖေါ်ပြကြပါတယ်။ bb လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာဘဲ ဖါရိပူရ် ခရိုင် နာဂါကန်ဒ ( Nagarkanda) မြို့နယ် ချာဂဲလ်ဒီ ကျေးရွာက သချိင်္ုင်းမှာ မြုပ်နှံထားတဲ့ အလောင်း (၃) လောင်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ အဲဒီရွာက လယ်သမားတစ်ဦး ဖြစ်တဲ့ ဟာချက်မတ် ရှိတ် ဆိုသူဟာ သူလယ်ကွင်းကို သချိုင်္င်း အနီးက ဒီလ ၁၃ ရက်နေ့က ဖြတ်သွားစဉ်မှာ အလောင်း (၅) လောင်းကို မြုပ်နှံထားတဲ့ မြေနေရာတွေကို တူးဖေါ်ထားတာကို တွေ့ရတဲ့ အတွက် သွားကြည့်တဲ့ အခါ အလောင်း (၃) လောင်းက ပျောက်ဆုံးနေပြီး ကျန် အလောင်း (၂) လောင်းက အရိုးစု တချို့ကိုသာ တွေ့ရတယ်လို့ ပြောပါတယ်။ သူရဲ့ သတင်းပေးပို့ချက်အရ ကျေးရွာသား အများအပြားဟာ သချိင်္ုင်းကို စုဝေး ရောက်ရှိလာပြီး အလောင်းတွေကို ရှာဖွေကြည့်တဲ့ အခါ အလောင်းတွေ ပျောက်ဆုံးနေတာကို တွေ့ခဲ့ကြရတယ်လို့ ပြောပါတယ်။ ပျောက်ဆုံးသွားသူ အလောင်း (၃) လောင်းကတော့ လေးလ အကြာက မြုပ်ထားတဲ့ Kader Sikder ( ၆၀) နှစ်၊ ၇-လ အကြာက မြုပ်ထားတဲ့ Jahid Hossain ( ၃၅) နှစ်နဲ့ ၃-လ အကြာက မြုပ်ထားတဲ့ Mrs Khairun (၆၀) နှစ်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ခုလို အလောင်းတွေ ပျောက်ဆုံးသွားတဲ့ အတွက် ကျေးရွာသားတွေ အကြားမှာ အထူး စိုးရိမ် ထိတ်လန့်နေကြပြီး ညကျရင် ရွာသားတွေဟာ အိမ်ပြင်တောင် မထွက်ရဲဘဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။ နာဂါကန်ဒမှာ ရှိနေတဲ့ ရဲအရာရှိ ဒေလ၀ါ ဟူစိန် ပြောတာကတော့ ဒီအလောင်းတွေကို သူခိုးဂိုဏ်းတွေက ခိုးယူတာ ဖြစ်ပြီး လူ အရိုးစုတွေကို ဆေးကျောင်းသားတွေကို ရောင်းချဖို့ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အလားတူ လွန်ခဲ့တဲ့ လေးလကလည်း နာဂါကန်ဒ မြို့နယ် အတွင်းက Dhutrahti ရွာ သချိုင်္င်းကနေ အလောင်း (၅) လောင်း ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ NARINJARA

AlJazeera, သတင်းရုပ်သံ ဌာနမှ ထုတ်လွင့်သောကချင်စစ်ပွဲ(21/1/2013)

ရက္ခမာန ကျွန်ဘဝ

          
                မာန်လုံးတောင်းဟိန်း အလွန်ကြီးလည်း၊ ထုံးစဉ်ဗုဒ္ဓြွ မန်ကိုချသည်၊ ရက္ခလူသား ပါတကား၊  ခိုင်သန်းဖေ ရေးတဲ့ ကဗျာထဲက နိဂုံးချုပ်ကို နှစ်သက်လွန်းလို့ မိတ်ဆက်လိုက်တာပါ ၊ ရက္ခ ဆိုတာနဲ့ အရှင်နာဂိန္ဓြွ မော်ဂွမ်းကို ရခိုင်တွေ ပြေးမြင်ပါတော့တယ်။ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူဝင့်ကြွားတတ်ကြတယ်၊ မကောင်းပြောရင်တော့ ဘာကြောင့်လည်း ဆိုတာ မဆန်းစစ်ပဲ ကိုယ့်လူမျိုးကို နှိချတယ်ဆိုပြီး အမျက်ဒေါသ ထွက်တတ်ကြတယ်၊ အမျိုးသား သစ္စာဖောက်လို့တောင် တချို့နုတ်မှာ မှတ်ယူတတ်ကြတယ်၊ ဒါကြောင့် ဒီနေ့ ကျနော်လည်း အမျိုးသား သစ္စာဖောက်ပါပဲ၊ အမှန်တရားကို လက်ခံရမယ်ဆိုတဲ့ စာရေးဆရာ များပင် သူ့အကြောင်းကို ဝေဖန်ကြရင် သိပ်ကြိုက်ကြတာမဟုတ်ပါဘူး၊ ကျနော်နားလည်သလောက် ရက္ခ ဆိုတာ စောင့်ထိမ်းခြင်း ဒီတော့ ရခိုင်တွေ စောင့်ထိမ်းကြပါရဲ့လား အယင်တုန်းကရခိုင်တွေကို မဆိုလိုပါဘူး၊ အခု ရက္ခ ကိုဆိုလိုတာပါ၊၊  ကျနော် အတိအလင်းဝေဖန်ရရင် ရခိုင်ဆိုတာ ကျွန်မျိုးပဲ၊ အခုထိ ကိုယ့်ကိုကိုယ် ကျွန်ဖြစ်နေတာကို ကျွန်ဖြစ်မှန်းမသိပဲ ပျော်မြဲပျော်နေကြဆဲ ပါ၊ အတိတ်ကသမိုင်းကြီးတယ်ဆိုပြီး ဉပမာ ပေးတတ်ကြတဲ့ရခိုင်တွေဟာ ဒီနေ့တော့ နန်းရာလည်း ပျောက်ခဲ့ရပြီ၊ ဘုရား စေတီ ပုထိုးတော်ကြီးတွေလည်း မြေမှာ ကြွေကျခဲ့ရပြီ၊ အမျိုးကောင်းသမီးတွေရဲ့ မျက်ရည်ပေါင်းများစွာလည်း တလိမ်လိမ်စီးကျရုံမက လည်ကြောင်းသွေးနဲ့ ပေးဆပ်ကြရတယ်၊ ဒါဟာ ရခိုင်တို့ရဲ့ မျိုးချစ်စိတ်နဲ့ ဗမာမ အနားမှာကပ်နေလို့ပဲ၊ ရခိုင်အမျိုးသားတွေဟာ    မျိုးချစ်စိတ်တတ် ပြင်းထန်မူကြောင့် ဗမာအမျိုးသမီးတွေ စိန်နားကပ် ပန်ကြရတယ်၊ ရခိုင်တို့ရဲ့ တော်လှန်ရေး ပရိယယ် ကြွယ်ဝမူကြေင့် ရခိုင် အောင်လံ မြေမှာကြွေရတယ်၊ ရခိုင်တို့ရဲ့ နိုင်ငံရေးသမားတွေ သစ္စာရှိမူကြောင့် ချွေးနဲ့ရင်းတဲ့ ဘန္ဒာငွေတွေ ပျောက်ဆုံးရတယ်၊ ရခိုင်စာရေးဆရာတွေ ကလောင်ထက်မူကြောင့် ရခိုင်စာပေ ကွယ်ပျောက်ရတယ်၊ ဘယ်မှာလည်း နာဂိန္ခ မော်ကွမ်းမှ ရက္ခ ရခိုင် ကျနော်မတွေ့ပါဘူး၊  အမျိုးသားရေး အမျိုးသားရေးနဲ့ သမိုင်းဝင်စာစောင်ရေးတဲ့ စာရေးဆရာတွေလည်း မိမယူတော့ ဗမာမပ၊ဲ တော်လှန်ရေး တော်လှန်ရေးနဲ့ သမိုင်းဝင် မိန်းခွန်း ပြောတဲ့ တော်လှန်ရေး ဂေါင်းဆောင်လည်း မိမယူတော့ လူမျိုးခြားပဲ၊ နိုင်ငံရေး နိုင်ငံရေးဆိုပြီး သိမ်မွေ့သော စကားလုံးနဲ့ အဆုံးသတ်တတ်သူ နိုင်ငံရေးဂေါင်းဆောင် တွေလည်း မိမယူတော့ ဗမာမပဲ၊ သာမန်ရိုးရိုး လက်လုပ် လက်စား စက်ရုံအလုပ်သမားလည်း မိမယူတော့ ဗမာမပဲ ဒါမှမဟုတ်ရင် လူမျိုး ခြားပဲ၊ ဒါလည်း အမျိုးကို ချစ်တဲ့ အာရက္ခဆိုပဲ၊ ပိုဆိုးတာက ရက္ခိတ ရက္ခိတ နဲ့ မျက်လုံးမပွင့်တဲ့ အရက် ကျွန်တွေရဲ့တာဝန်သိတတ်မူတွေပဲ၊ ရခိုင်ပြည်ဟာ ဗမာကိုလိုနီ ကျွန်ဖြစ်နေပါတယ်၊ ငါတို့တတ်နိုင်တဲ့ အင်အားနဲ့ကာကွယ်ရမယ်တဲ့၊ နားထောင်ကောင်းတဲ့စကားလုံးဖြစ်ပေမဲ့ ဟာသ မြောက်တဲ့စကားလုံးလည်းဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဆင့်မရှိတဲ့ အရက်ကျွန်ဖြစ်နေတာကို မတော်လှန်နိုင်ပဲ၊  ရခိုင်ပြည် ကျွန်ဘဝကို ကယ်တင်ချင်တယ်ဆိုတာ အဆင့်တန်းမရှိတဲ့စကားလုံးတွေပါပဲ၊ ရခိုင်သားတွေရဲ့ အသုဘ ချရန် အလူခံရင် ငွေတဆယ်ကို တန်ဖိုးထားတတ်ပြီး အရက်ဝိုင်းနဲ့ ညစာစားပွဲဆိုရင်တော့ ငွေတရာ ဆိုရင်တောင် မရေတွက် တတ်တော့ပါဘူး ဒါဟာ အရက်ကျွန်တို့ရဲ့ ပုံမှန်ကကွက်တွေပါပဲ၊  ဒါကြောင့် မာန ရှိပေမဲ့  ကျွန်စိတ်မြဲနေတဲ့ အထက်ပါ ကျွန်ရက္ခတွေကို၊ ရက္ခ မာန ကျွန်ဘဝ လို့ အမည်ပေးလိုက်တာပါ၊ စိတ်မဆိုးကြပါနဲ့ ကျွန်ကို ကျွန်လို့ပြောတာ အမှန်တရားပါပဲ၊ ဒါပေမဲ့ တချိန်ချိန်မှာ ကိုယ်ပိုင် ကျွန်ဘဝကို မောင်းထုပ်ပြီး၊ ရခိုင်ပြည်ကျွန်ဘဝကို စုပေါင်းကယ်တင်ကာ ကျွန်တော်တို့ရဲ့ သားသမီးတွေကို ဒါဟာ ရခိုင့်အောင်လံရယ်လို့ ပြူံးပြူံးနဲ့အလေးပြုခွင့် ပေးနိုင်ကြပါစေလို့-------------------။                        
                                                    ဆရိန်ရနဒီ ကျော်မင်းခိုင်

ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက်နှင့် ဒေသခံများဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်


မောင်ရမ္မာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း လီမိတက် (Rakhine Development Corporation Limited)တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံ ဆွေးနွေး ပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဦးသိန်းဇော် မန်နေဂျင် ဒါရိုက်တာ မိန်းခွန်းပြောနေစဉ်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်  မိန်းခွန်းပြောနေစဉ်။
ဆွေးနွေးပွဲ့ကို ကျောက်ဖြူမြို့ ရမ္မာဝတီ ခန်းမတွင် ဇန္န၀ါရီလ ၂၀ ရက်နေ့ နေ့လည် ၁ နာရီတွင်  ကျင်းပခဲ့သည်။
ပြည်နယ် ၀န်ကြီး ချုပ် ဦလှမောင် တက်ရောက်လာခဲ့ကြောင်းကို  ရခိုင်ဖွံဖြိုးရေး ကော်ပိုရေးရှင်း လီမိ တက် ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးထွန်းနိုင်က နိရဉ္စရာသို့ ယခုလို ပြောသည်။
“  ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ရယ် နောက်ထပ် ၀န်ကြီး ဦး ကျော်သိန်းတို့ တက်ရောက်ပါတယ်။  ကျောက်ဖြူ ခရိုင်နဲ့ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ကျောက်ဖြူမြို့က လူထုလူတန်းစား အဖွဲ့အစည်း က လူပုဂ္ဂိုလ်တွေ၊ မြို့မိမြို့ဖတွေ စုစုပေါင်း လူ ၁၅၀ လောက် ရောက်ပါတယ်”  ဟုဆိုသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ပြည်နယ် အစိုးရ အနေဖြင့်  အများပိုင် ကုမ္ပဏီ ပေါ်ပေါက်လာသည်ကို ကြိုဆိုပါကြောင်း၊ တခြားတိုင်းနှင့် ပြည်နယ်များမှာလည်း ပေါ်ပေါက်နေပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာလည်း ပေါ်ပေါက်လာသောကြောင့် ၀မ်းမြောက်ပါကြောင်း၊ ကျောက်ဖြူတွင် ပေါ်ပေါက်နေသော ကျောက်ဖြူ ခရိုင် အများပိုင် ကုမ္ပဏီ အနေဖြင့် အများကျိုး အတွက် ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း  အားပေးစကား ပြောကြားခဲ့သည်ဟု ဦးထွန်းနိုင်က ပြောသည်။
ဆွေးနွေးပွဲတွင် ရန်ကုန်မှ ရောက်ရှိလာသော ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက်မှ တာဝန်ရှိသူများနှင့် တက်ရောက် လာသူများက အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်ဟု လည်း ဦးထွန်းနိုင်က ပြောသည်။
“ ရခိုင်ဖွံ့ဖြိုးရေး ကော်ပေါ်ရေးရှင်း လီမိတက် (ရန်ကုန်)က လူတွေကလာပြီးတော့ ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် လုပ်ရတဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ လုပ်ငန်း ၈ မျိုးလုပ်ဖို့ အစီအစဉ်တွေကို ရှင်းပြကြပါတယ်။ နောက်ပြီးတော့ စတော့ ရှယ်ယာအကြောင်း၊ အများပိုင်ရှယ်ယာမှာ ရှယ်ယာတခုကို ကျပ်ငွေ (၁၀၀၀၀ ) နဲ့ ရောင်းပြီးတော့ အများပြည်သူတွေ ပါဝင် ထည့်ဝင်ဖို့ ကိစ္စတွေကို ရှင်းပြကြပါတယ်။ နောက်ပြီး အမေးအဖြေ ကဏ္ဍလဲပါတယ်။ တက်ရောက်လာသူတွေက စိတ်ဝင်တစား အပြန်အလှန်မေးမြန်း ဖြေကြားခဲ့ကြပါတယ်” ဆိုသည်။
ယနေ့ ပြုလုပ်သော ဆွေးနွေးပွဲတွင် (ရန်ကုန်)နှင့် ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း (ကျောက်ဖြူ) တို့အကြား အကျိုးတူ ပူးပေါင်းဆောင် ရွက်သွားရန် သဘောတူညီမှုများ ရရှိခဲ့သည့် အပြင် ဒေသဖွံ့ဖြိုးရေးကို အခြေခံသည့် သင်တန်းများကို လုပ်ဆောင်သွားရန်လည်း သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။
Meeting
“ ကျောက်ဖြူမှာလဲ ကျောက်ဖြူ ခရိုင် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း ဆိုတာလည်း ရှိပါတယ်။ အဲဒီကလူတွေနဲ့ အကျိုးတူ လုပ်ငန်းတွေ ကို ပူးပေါင်းဆောင်ရွက်သွားဖို့၊ နောက်ပြီး ဒေသဖွံ့ဖြိုးရေးကို အခြေခံတဲ့ လုပ်ငန်းတွေ၊ သင်တန်းတွေ ဖွင့်လှစ်မယ်။ အဲဒါ တွေကို သဘောတူညီမှု ရရှိခဲ့ပါတယ်” ဟု ဆိုသည်။
ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (အများပိုင်ကုမ္ပဏီ)ကို မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ၄၂၀၁/ ၂၀၁၂-၂၀၁၃ အရ  ဇန္န၀ါရီ လ ၈ ရက်နေ့က တရားဝင် အဖွဲ့အစည်း အဖြစ် အတည်ပြုပေးခဲ့သည်။
ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းလီမိတက်တွင် ဥက္ကဌ အဖြစ် ဦးရွှေသိန်းကျော်က ဆောင်ရွက်မည် ဖြစ်ပြီး ဒုဥက္ကဌများ အဖြစ် ဦးဦးဖိုးသိန်း (အင်းပေါက်ဝ ကုမ္ပဏီ )၊ ဦးငြိမ်းချမ်းမောင် (ကျောက်ဖြူ)၊ နိုဗယ် ဟိုတည်ပိုင်ရှင် ဦးအောင်နိုင်ဝင်း၊ ဦးတင်ဝင်း (ရန်ကုန်) စသည့် လုပ်ငန်းရှင်များ ပါဝင်ကြသည်ဟု သိရသည်။ NARINJARA

မင်းပြားတွင် ဒုဦးစီးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပေါင်းပြီး လယ်သမားများထံမှ စပါးသိမ်း


ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သက်ဖုန် ကျေးရွာတွင် လယ်သမားများပိုင်သော စပါးများကို မြို့နယ် ဒုဦးစီးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က သိမ်းယူနေသည်ဟု ကျေးရွာသားများက ပြောသည်။
Comana Chapman
Photo by: Comana Chapman
“ အခုဘဲ စပါးတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်ကို ပြောင်းရွှေ့နေကြပါတယ်။ အခုဘဲ စပါးတွေကို တောင်းအလိုက်  ချိန်တွယ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ကျော်ဝင်းအိမ်ကို အလုပ်သမားတွေနဲ့ ပြောင်းရွှေ့နေကြပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။
စပါးများကို တလင်းမှ သိမ်းယူနေကြခြင်း ဖြစ်ပြီး သိမ်းယူရာတွင် မြို့နယ် ဒုဦးစီးမှူး ဦးမောင်ထွေးခိုင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ကျော်ဝင်းနှင့် ဒုရဲအုပ်ဝင်းနိုင်နှင့် နောက်ထပ် ရဲသား တစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။
“ စပါး ၄၀၀၅ တောင်းကို ချိန်တွယ်ပြီး ယူနေပါတယ်။ ကျွန်တော်တို့ ဘယ်လိုမှ ပြောလို့ မရပါဘူး။ ကျွန်တော်တို့  ပြောတာကို မြို့နယ် အာဏာပိုင်တွေက လုံးဝ နားမထောင်ဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူး စကားကိုဘဲ နားထောင်ပြီး မြို့နယ်က လူတွေက ဆောင်ရွက်နေကြတာပါ” ဟု ဆိုသည်။
စပါး အသိမ်းခံရသော လယ်သမားများမှာ  ဦးသာထွန်းစိန်၊ ဦးထွန်းသာစံ၊ မောက်သာထွန်း၊ မောင်ဖြူ၊ သန်းနုအေး၊ စံသာထွန်း၊ လှဝင်းမောင် အပါအ၀င် လယ်သမား (၈) ဦး ဖြစ်ပြီး  လယ် ၇၄ ဧကမှ စပါးများ ဖြစ်ကြသည်ဟု ဆိုသည်။
လယ်ဧက ၇၄ ကို လယ်သမား ၈ ဦးက မိဘ ဘိုးဘွားလက်ထက်က ပိုင်ဆိုင်လာသည်ဟု သိရပြီး  ၂၀၀၄ ခုနှစ်က စစ်တပ် အကူအညီဖြင့် မင်းပြားမြို့မှ စီးပွားရေး သမား ဦးမောင်မောင်ထွန်းနှင့် ဦးစိန်ကျော်ဝင်တို့မှ သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တို့မှာ ပြေစာတွေ၊ အခွန်သွင်းခဲ့တဲ့ ငွေဖြတ်ပိုင်းတွေ အကုန်လုံးရှိပါတယ်။ ဘိုးစဉ် ဘောင်ဆက် ဓါးမဦးချ လုပ်စားလာတာပါ။ ဒါကို မင်းပြားမြို့က စီးပွားရေး သမား ဦးမောင်မောင်ထွန်းနဲ့ ယခင် ရယက ဥက္ကဌ ဖြစ်နေခဲ့တဲ့ ဦးစိန်ကျော်ဝင်းတို့က စစ်တပ်နဲ့ပေါင်းပြီး မြေလွှတ် မြေရိုင်းတွေ ဆိုပြီး သိမ်းယူသွားပါတယ်။ ဒီနှစ်မှာ လယ်သမား ၈ ဦးက မိမိ လယ်မြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးပြီး စပါးမှည့်လာတဲ့ အခါ ဦးစိန်ကျော်ဝင်းက သူပိုင်တဲ့ လယ်တွေ ဖြစ်တယ်ဆိုပြီး မြို့နယ်က အရာရှိတွေနဲ့ ပေါင်းပြီး စပါးတွေကို သိမ်းယူနေတာပါ” ဟု လယ်သမား တစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်အား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ မျှမျှတတ ဆောင်ရွက်ကြရန် သက်ဆိုင်ရာကို အကြံပြုထားကြောင်း သူက ပြောဆိုသည်။
“ ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်သာ ဖြစ်ပြီး အုပ်ချုပ်ရေး အာဏာပိုင် မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က ၀င်ရောက် ဆုံးဖြတ်ပေးလို့ မရဘူး။ ဒါကြောင့် မျှမျှတတ လယ်သမားတွေဘက်ကလည်း မနစ်နာရအောင် ဆောင်ရွက်ကြဖို့ ကျွန်တော်က အကြံပြုထားတယ်။ အခု ကြားတာက မြို့နယ်က လူတွေပါ သွားရောက်ပြီး စပါးတွေကို သိမ်းနေတယ်လို့ ကြားရပါတယ်” ဟု ဦးသာကျော်က ပြောသည်။
လယ်ဧက ၇၄ ဧကရှိ စပါးများကို တက်ရောက် ရိတ်သိမ်းရာတွင် စပါးရိတ်ခ ကျပ်ငွေ (၃၈) သိန်း ကုန်ကျသည်ဟု ပြောပြီး  ဦးစိန်ကျော်ဝင်းက မြို့နယ် အုပ်ချုပ်ရေး အရာရှိများ၏ အကူအညီကိုယူကာ စပါးတောင်းပေါင်း (၄၀၀၀) ကျော်ကို တလင်းမှ ချိန်တွယ်ပြီး ယူဆောင်နေသည်ဟုတစ်ခြား ဒေသခံ တစ်ဦးကလည်း ပြောသည်။
လယ်သမားများ အကြား အငြင်းပွားနေရာတွင် မြို့နယ် ဒုဦးစီးမှူး ဦးမောင်ထွေးခိုင် အပါအ၀င် မြို့နယ် အရာရှိများမှ ကြားထဲမှ မရပ်တည်ဘဲ မည်သည့်အတွက်ကြောင့် ဘက်လိုက် ရပ်တည်ရပါသလဲဟု ဦးသာကျော်ကို ဆက်လက် မေးမြန်းရာ သူက ယခုလို ပြောသည်။
“ ပြောရခက်ပါတယ်။ ဦးစိန်ကျော်ဝင်းက လက်ရှိ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်။ မြို့နယ်က လူတွေလည်း သူတို့ဘက်ကို ပါနေတာက တန်စိုးလက်ဆောင်တွေလည်း ရတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တစ်ခြား ဒေသခံ တစ်ဦးကလည်း မြို့နယ် အာဏာပိုင်များ အနေဖြင့် ငွေယူပြီး ဦးစိန်ကျော်ဝင်းဘက်မှ လိုက်ပါ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဖုံးဖြင့် ဆက်သွယ်မေးမြန်းရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှာ ရုံးသို့ မရောက်ရှိသေးကြောင်း ရုံးစာရေးမ တစ်ဦးက ပြောဆိုပြီး အိမ်သို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူးမှာ ရုံးသို့သွားပြီဟု ပြောသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။
လယ်သမား (၈) ဦးမှာ သူတို့ စိုက်ပျိုးထားသော စပါးများကို မြို့နယ် အာဏာပိုင်များကိုယ်တိုင် ကျေးရွာ အုပ်ချုပ်ရေးမှူးဘက်မှ ရပ်တည်ပြီး စီးပွားရေး သမားများနှင့် ပေါင်းကာ သိမ်းယူနေသဖြင့် သူတို့ အရေးကို ဆောင်ရွက်ပေးရန် တိုင်ကြားစရာလည်း နေရာ မရှိဘဲ ဖြစ်နေကြရာမှ အထူး စိတ်ဓါတ်ကျကာ အခက်အခဲ  ဖြစ်နေကြသည်ဟု သိရသည်။  NARINJARA

ဧရာဝတီတိုင်းတွင်လည်း အုပ်ချုပ်သူများ၏ အနိုင်ကျင့်ခြင်းကို ရခိုင်များ ခံနေကြရ


ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကန္နီကျေးရွာအုပ်စု၊ ရခိုင်ကုန်းကျေးရွာတွင် နေထိုင်သော ရခိုင် လူမျိုးများ အနေဖြင့် အုပ်ချုပ်သူများ၏ အနိုင်ကျင့်မူကို ခံနေကြရသည်ဟု ဒေသခံများက ပြောသည်။
m_rakhine
“ ကျွန်တော်တို့ ဒီဒေသမှာ ရှေ့နှစ်ပေါင်း များစွာက နေထိုင် လာခဲ့ကြပါတယ်။ ရခိုင်လူမျိုးတွေ ပိုင်ဆိုင်တဲ့ နွားစားကျက် မြေတွေကို ဦးကျော်ဝင်းလှိုင် (အဖ ဦးဖိုးနု) က ကန္နီ ရွာမှာ ရယက ဥက္ကဌ ဖြစ်စဉ်က သိမ်းယူသွားပြီး အခုအဲဒီ  စားကျက်မြေတွေကို တစ်ကွက်ကို ကျပ် တစ်သိန်းနုန်းနဲ့  ဆင်းရဲသူ၊ ဆင်းရဲသား  ရခိုင်ကုန်းရွာသူ ရွာသားတွေကို ပြန်ရောင်းစားနေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
၎င်းအပြင် ကန္နီ ကျေးရွာနေ ဦးမြင့်စိုး (ဘ) ဦးချမ်းမောင် သည်လည်း ရခိုင်ကုန်းရွာ၏ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ကန္နီအုပ်စု၊ ဟင်းအိုးချောင်းအုပ်စု၊ ကွင်းချောင်းအုပ်စု၊ တမန်ချောင်း အုပ်စု အတွင်းရှိ  လေးအုပ်စုပိုင် သစ်တောစိုက်ခင်းများအားလည်း ကိုယ်ပိုင် အဖြစ် ပြုလုပ်ပြီး သစ်ပင်များကို ရောင်းစားနေသည်ဟု ဆိုသည်။
“ မြို့နယ် သစ်တော ဦးစီးဌာနက လူတွေကို  လာဘ်ငွေထိုးပြီး သစ်ပင်တွေကို သူတစ်ဦးတည်းပိုင် ပြုလုပ်ပြီး အသုံးချနေပါတယ်။ တောသူ တောင်သားတွေမှာ အိမ်ဆောက်မယ့် သစ်က အစ တောတက် ခုတ်မယ်ဆိုရင် သူ့ဆီက ၀ယ်နေရပါတယ်။ ထင်းခုတ်တာက အစ ပိုက်ဆံ ကောက်နေ ပါတယ်” ဟု ပြောသည်။
ထိုသို့ မတရား လုပ်နေကြသူ ဦကျော်ဝင်းလှိုင်နှင့် ဦးမြင့်စိုးတို့အား နိုင်ငံတော် သမ္မတနှင့် ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီချူပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ အာဏာရ ပုဂ္ဂိုလ်များမှ အမြန်ဆုံးအရေးယူရန် ကျေးရွာသားများက လိုလားနေကြသည်ဟု ကျေးရွာသားများက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကန္နီကျေးရွာအုပ်စု၊ ရခိုင်ကုန်းကျေးရွာတွင် နေထိုင်သော ရခိုင် လူမျိုးများ အနေဖြင့် အုပ်ချုပ်သူများ၏ အနိုင်ကျင့်မူကို ခံနေကြရသည်ဟု ဒေသခံများက ပြောသည်။
m_rakhine
“ ကျွန်တော်တို့ ဒီဒေသမှာ ရှေ့နှစ်ပေါင်း များစွာက နေထိုင် လာခဲ့ကြပါတယ်။ ရခိုင်လူမျိုးတွေ ပိုင်ဆိုင်တဲ့ နွားစားကျက် မြေတွေကို ဦးကျော်ဝင်းလှိုင် (အဖ ဦးဖိုးနု) က ကန္နီ ရွာမှာ ရယက ဥက္ကဌ ဖြစ်စဉ်က သိမ်းယူသွားပြီး အခုအဲဒီ  စားကျက်မြေတွေကို တစ်ကွက်ကို ကျပ် တစ်သိန်းနုန်းနဲ့  ဆင်းရဲသူ၊ ဆင်းရဲသား  ရခိုင်ကုန်းရွာသူ ရွာသားတွေကို ပြန်ရောင်းစားနေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
၎င်းအပြင် ကန္နီ ကျေးရွာနေ ဦးမြင့်စိုး (ဘ) ဦးချမ်းမောင် သည်လည်း ရခိုင်ကုန်းရွာ၏ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ကန္နီအုပ်စု၊ ဟင်းအိုးချောင်းအုပ်စု၊ ကွင်းချောင်းအုပ်စု၊ တမန်ချောင်း အုပ်စု အတွင်းရှိ  လေးအုပ်စုပိုင် သစ်တောစိုက်ခင်းများအားလည်း ကိုယ်ပိုင် အဖြစ် ပြုလုပ်ပြီး သစ်ပင်များကို ရောင်းစားနေသည်ဟု ဆိုသည်။
“ မြို့နယ် သစ်တော ဦးစီးဌာနက လူတွေကို  လာဘ်ငွေထိုးပြီး သစ်ပင်တွေကို သူတစ်ဦးတည်းပိုင် ပြုလုပ်ပြီး အသုံးချနေပါတယ်။ တောသူ တောင်သားတွေမှာ အိမ်ဆောက်မယ့် သစ်က အစ တောတက် ခုတ်မယ်ဆိုရင် သူ့ဆီက ၀ယ်နေရပါတယ်။ ထင်းခုတ်တာက အစ ပိုက်ဆံ ကောက်နေ ပါတယ်” ဟု ပြောသည်။
ထိုသို့ မတရား လုပ်နေကြသူ ဦကျော်ဝင်းလှိုင်နှင့် ဦးမြင့်စိုးတို့အား နိုင်ငံတော် သမ္မတနှင့် ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီချူပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ အာဏာရ ပုဂ္ဂိုလ်များမှ အမြန်ဆုံးအရေးယူရန် ကျေးရွာသားများက လိုလားနေကြသည်ဟု ကျေးရွာသားများက ဆိုသည်။  NARINJARA

ဒေါက်တာအေးကျော် ကွယ်လွန်သည့် နှစ်ပတ်လည်နေ့ အခမ်းအနား နယူးယောက်တွင် ကျင်းပပြုလုပ်


ဒေါက်တာအေးကျော် ကွယ်လွန်သည့် နှစ်ပတ်လည်နေ့ ဆွမ်းကျွှေးပွဲအခန်းအနားတရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြိုတွင် ဆရာကြီး၏ တပည့်သားသမီးများမှ  ပြုလုပ်ခဲ့ကြသည်။
WAO-usa
အခမ်းအနားကို ဇန္န၀ါရီလ ၁၉ ရက်နေ့က ကျင်းပရာ တပည့်သားသမီးများအပါအ၀င် ဆရာကြီးကြည်ညိုလေးစားသူ စုစုပေါင်း လူ ၅၀ကျော်ခန့်တက်ရောက်ခဲ့ကြသည်။
ဆရာကြီးကို လေးစားချစ်ခင်လျှင် ဆရာကြီးမှာကြားခဲ့တဲ့ အတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့လိုကြောင်း အခမ်းအနားသို့ ကြွရောက်ခဲ့သူ ဒေါက်တာ အသျှင် နာယကမှ သူ၏ သြ၀ါဒစကား မိန့်ခွန်းတွင် တက်ရောက်လာသူများအား ပြောကြားသည်။
” တကာကြီး ဒေါက်တာအေးကျော်ကို  အမှန်တကယ် လေးစားကြတယ်ဆိုရင် တကာကြီးရဲ့ မှာကြားခဲ့တဲ့ စကားတွေကို မမေ့ကြဖို့နဲ့။ တကာကြီး ဒေါက်တာ အေးကျော် ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို အကောင်အထည်ဖေါ် လုပ်ဆောင်ခြင်းဖြင့် တကာကြီးကို သူ့ကို ဂုဏ်ပြုရာ ကျေးဇူးဆပ်ရာ ရောက်ပါတယ်” မိန့်ကြားသည်။
ဆရာကြီး နှစ်ပတ်လည်နေ့ အခမ်းအနား ဖြစ်မြောက်အောင် ဦးဆောင်ပြုလုပ်သူများထဲမှ တစ်ဦး ဖြစ်သည့် ကိုတင့်ဝေကလည်း ဆရာကြီးအား ရခိုင်လူငယ်များ အတုယူနိုင်စေဖို့ ရည်ရွယ်ချက်ဖြင့် အခမ်းအနားကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောသည်။
WAO-global
“ ဆရာကြီး ဒေါက်တာအေးကျော်ဟာ ရခိုင်အမျိုးသားထဲက အလွန်တရာ ရှားပါးတဲ့ ပညာရှင်ကြီးတဦး၊ ရခိုင်အမျိုးသား ရေးရာ၊ ရခိုင်အချုပ်အခြာ အာဏာ ပြန်လည် ရရှိရေး၊ ရခိုင်သမိုင်းများ တည်တန့်ခိုင်မြဲရေးတွေကို ကြိုးစား အားထုတ်ခဲ့တဲ့ ဆရာကြီး တယောက်ဖြစ်တယ်။ အဲဒီလို ရခိုင် လူမျိုး အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ပုဂ္ဂိုလ် တစ်ဦး ကွယ်လွန် အနိစ္စ ရောက်သွားတာဟာ ကျွန်တော်တို့ ရခိုင်ပြည်သူ တရပ်လုံးအတွက် အလွန်တရာ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းပြင် သူက “ ဆရာကြီး ကွယ်လွန်ခဲ့ပေမယ့်လို့ ဆရာကြီးဟာ ရခိုင် လူမျိုးတွေ အတွက် မမေ့ပျောက် မမေ့ပျောက်အပ်တဲ့ သူတစ်ဦး ဖြစ်တယ်။ သူရဲ့ ပုံရိပ်တွေကို နောင်လာ နောက်သား မျိုးဆက် ရခိုင်လူငယ်တွေအတွက် အားကျအတူယူဖွယ် ဖြစ်နေစေဖို့ ရည်ရွယ်ပြီး ဆရာကြီးကွယ်လွန်တဲ့ နှစ်ပတ်လည် ဆွမ်းကျွှေးပွဲ အခမ်းအနားကို ကျွန်တော်တို့ ပြုလုပ်ရတာဖြစ်တယ်″ ဟု ပြောသည်။
ရခိုင် သမိုင်းပါမောက္ခ ဒေါက်တာ အေးကျော် သည် ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၁၉  ရက်နေ့တွင် အမေရိကန် နိုင်ငံ နယူးယောက်မြို့ရှိ Maimonides Medical Center ဆေးရုံသို့ တက်ရောက် ကုသနေစဉ် အဆိုပါ ဆေးရုံ၌ပင် ကွယ်လွန်သွာသည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးမှာ အသက် (၇၇) ရှိကြောင်း သိရသည်။   NARINJARA

Sunday, January 20, 2013

ဘယ်ပုံဘယ်နည်း ကာကွယ်ကြမှာလဲ

နိုင်ငံတကာ သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို

ဗွီအိုအေ (မြန်မာဌာန) 20.01.2013 အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သမ္မတကတော် မစ်ရှဲလ်အိုဘားမား ရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်း တာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။ အစောပိုင်းကတော့ သမ္မတ အိုဘားမား ဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိ သူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အုတ်ဂူမှာ သွားရောက် ပန်းခွေချခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန် ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသား ရင်ပြင်ကို မျက်နှာမူထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ VOA

BBC,သတင်းရုပ်သံဌာန မှ တင်ပြသော ဦးသိန်းစိန် ၏ထိုးစစ်ရပ် ကြေငြာချက် နှင့် လက်ရှိ ရှေ့တန်း စစ်မြေပြင် မှ တိုက်ပွဲ အခြေအနေ။

ဓညဝတီ ခေတ်(၃)ခေတ်မှ ဘုရင်သုံးဆူအား ရုပ်ထုသွန်းလောင်းရန် ရှင်သီဝလိစီစဉ်

Written by မိုးဇော် Sunday, 20 January 2013 08:33 PDF Print E-mail The Wai Leeရခိုင်လူမျိုးများ၏ ခေတ်ကြီးသုံးခေတ်ဖြစ်သော ပထမ၊ ဒုတိယ၊ တတိယဓညဝတီခေတ် စသည့်ခေတ်အဆက်ဆက်တွင် ထင်ရှားခဲ့သော ဘုရင်သုံးပါးအား ကျောက်တော်မြို့၌ ရုတ်ထုသွန်းလောင်းရန် ဒေသန္တရလှည့်လည်တရားဟောကြားနေ သော ဆရာတော်အရှင်သီဝလိက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့်ပူးပေါင်းပြီး စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။ အဆိုပါ ရုပ်ထုသွန်းလောင်းရန် ဘုရင်သုံးပါးမှာ မာရယုမင်း ပထမဓညဝတီခေတ်၊ ကံရာဇာကြီး ဒုတိယဓညဝတီခေတ်နှင့် မဟာစန္ဒသူရိယမင်း တတိယဓညဝတီခေတ်တို့ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။ ဘုရင်များကို ရုပ်ထုသွန်းလောင်းတည်ထားရန် ရည်ရွယ်ချက်အား " ရခိုင်တွေဟာ တစ်ချိန်က အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား ခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ ဆင်းရဲပင်ပမ်းပြီး လူတောမတိုးရဲတော့ဘူး၊ ပြီးတော့ မိမိတို့ရဲ့ သမိုင်းတွေကို မေ့ပျောက် လုနီပါးဖြစ်နေကြပြီ။ ဒါကြောင့် အခုရှိနေတဲ့မျိုးဆက်သစ်နဲ့ နောက်နောင်ပေါက်ဖွားလာမယ့် မျိုးဆက်သစ်လေးတွေအနေနဲ့ မိမိတို့ရဲ့သမိုင်းကို မေ့ပျောက်မသွားရအောင် လေ့လာမှတ်သားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်ထုသွန်းလောင်းရမှာ ဖြစ်ပါတယ်။ " ဟု ဆရာတော်က မိန့်ကြားသည်။ အဆိုပါ ဘုရင်ရုပ်ထုများအား အမြင့်ပေ ၆ ပေ ၈ လက်မ၊ ရပ်လျှက်အနေအထားဟန်ဖြင့် ကြေးရုပ်ထုသွန်းလုပ်မည်ဖြစ်ပြီး လူအများ အလွယ်တကူဖူးမြင်နိုင်အောင် အမိုးအကာအဖြစ် ဖန်သားဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဆက်လက် မိန့်ကြားခဲ့သည်။ " ဘုရင်တွေကို ရုပ်ထုသွန်းလောင်းဖို့အတွက် ကြေးပိဿချိန် ၁၀၀ ကျော်ရရှိထားပါတယ်။ ဒီလောက်နဲ့တော့ မလုံလောက် သေးပါဘူး။ ရုပ်ထုတွေ အပြီးအစီး ကျပ်ငွေ သိန်း ၅၀၀ လောက် ကုန်ကျမယ်ထင်ပါတယ်။ အဲဒါကြောင့် ဘုရင်သုံးပါ ကြေးရုပ်ထုဖြစ်လာဖို့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနဲ့ ပူးပေါင်းကြိုးပမ်းနေတာပါ။ ဘုရင်သုံးပါး ကြေးရုပ်ထု သွန်းလောင်းနိုင်ဖို့အတွက် ဒါကာ ဒါကာမတွေအနေနဲ့လည်း မိမိတို့ တတ်အားသလောက် ဝိုင်းဝန်းကူညီကြဖို့ ဦးဇင်းအနေနဲ့ တိုက်တွန်း ဖိတ်ခေါ်ပါတယ်။ " ဟု ဆရာတော်က မိန့်ကြားခဲ့သည်။ အဆိုပါ ခေတ်သုံးခေတ်မှ ဘုရင်သုံးပါးအားကြေးရုပ်ထု သွန်းလောင်းခြင်းကို ၂၀၁၃ ခုနှစ် မကုန်မီအချိန်အတွင်း စတင်နိုင် ရန် ရည်ရွယ်ထားကြောင်းလည်း ထပ်မံမိန့်ကြားခဲ့သည်။ ထို့အပြင် ကြေးရုပ်ထုသွန်းလောင်းတည်ထားရာတွင် အလှူငွေများထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် (ဖုန်း - (+95) 0949675155) ဆရာတော်အရှင်သီဝလိထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။ ARAKAN TIMES