Monday, April 1, 2013
မြောက်ဦးမြို့နယ် ဆူပူမှု အတွင်း ဖမ်းဆီးခံရသူ ၄ ဦး လွတ်မြောက်
Posted on 7:03 PM by tun tun
၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ပေါ်ပေါက်ခဲ့သည့် မြောက်ဦးမြို့နယ် ဆူပူ အကြမ်းဖက် အတွင်း ဖမ်း ဆီးခံခဲ့ရသည့် ရခိုင်အမျိုးသား ၁၇ ဦးထဲမှ ၄ ဦးကို မတ်လ ၂၉ ရက်နေ့က ပြန်လည်လွတ်ပေး လိုက်သည်ဟု သတင်း ရရှိသည်။
လွတ်မြောက်လာသူများမှာ မြောက်ဦးမြို့ ကြက်ဈေးမှ ဦးလှစောအောင်နှင့် ဦးထွန်းကျော်၊ ပရိန်ကုန်းမှ မောင်တင်ဝင်း၊ ဦးစံသိန်းကျော်တို့ ဖြစ်ကြသည်။
ဦးစံသိန်းကျော်မှာ ကျန်းမာရေး မကောင်း သဖြင့် စစ်တွေ ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
ကျန် လွတ်မြောက်လာသူ ၃ ဦးကို မြောက်ဦးမြို့ခံများက ကြိုဆိုခဲ့ကြသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။
“သူတို့ ညနေ ၄ နာရီခန့်မှာ မြောက်ဦးသင်္ဘောဆိပ်ကိုရောက်ပါ
ယခု လွတ်မြောက်လာသူများမှာ မိမိတို့နေအိမ်များသို့ ရောက်ရှိသွားပြီး သူတို့အားလုံးမှာ မြောက်ဦးမြို့နယ် အတွင်းဖြစ်ပွားခဲ့သည့် ဆူပူမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသူများ ဖြစ် သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ် ပုရိန်ကုန်းရွာ ဆူပူမှုတွင် ဘီလူးရွာ မှ ကိုမိုးကျော်အပါအ၀င် ရခိုင်အမျိုးသား ၅ ဦးသေဆုံးကာ လူနေအိမ်ပေါင်း ၁၀၀ ကျော် ပျက်စီးခဲ့ရပြီး လူပေါင်း ၁၀ ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ NARINJARA
Subscribe to:
Post Comments (Atom)
No Response to "မြောက်ဦးမြို့နယ် ဆူပူမှု အတွင်း ဖမ်းဆီးခံရသူ ၄ ဦး လွတ်မြောက်"
Leave A Reply