Tuesday, January 15, 2013

ရင်တွင်းစကား၊ ရခိုင်ပြည်သားများ ကြားစေသား

Posted on 7:57 PM by tun tun


Filed under ပေးစာကဏ္ဍ
မင်္ဂလာပါ
ကျွန်မက ရခိုင်သူတစ်ယောက်ပါ တောင်ကုတ်သူပါ။ တောင်ကုတ် ဆိုပေမယ့် ရွာဘက်မှာ နေခဲ့ပါတယ်။ ပြီးမှ တောင်ကုတ် ကို ရောက်လာတာပါ။ ရန်ကုန်မှာ 2003 ခုနှစ်က ကျောင်းတက်ပြီး ရန်ကုန်မှာဘဲ အလုပ် လုပ်နေတာပါ အဓိက ပြောချင်တာ ကတော့ တောင်ကုတ်မှာ ကုလားမရှိတဲ့အတွက် ကုလားတွေအကြောင်းကို မသိခဲ့ဘူးပေါ့။ သူငယ်ချင်းတွေထဲမှာလည်း ကုလားမရှိဘူး။ ဒါက နဂိုတည်းက ကုလား မကောင်းကြောင်းတွေ ကြားနေရတော့ မပေါင်းချင်ဘူး။ မခင်ဘူး။ လူတွေက အခုလို မသီတာထွေး ပြသနာရှိမှ ကုလား မကောင်းကြောင်းကို သတိထားမိကြတာပါ။ ဒါတောင် ငွေရရင် ကုလားနဲ့ အဆက်အစပ် လုပ် ချင်တဲ့ တို့ရခိုင်တွေ အများကြီး ရှိနေပါသေးတယ်။ ကျမတို့ ရခိုင်တွေ ကုလား မယား ဖြစ်ရခြင်းရဲ့ အဓိက ပြသနာကို စဉ်းစား ကြည့်တော့ ကျမ တို့လူမျိုးး ဘာသာရေးအားနည်းလို့ပါ  လို့ မြင်မိပါတယ်။ ကိုယ့်ဘာသာ အကြောင်းကို အသေအချာ မသိတော့ စိတ်မ၀င်စားကြဘူး။ ဒါကြောင့် ဘာသာခြားတွေကို ယူရင် ဘာမှ မဖြစ်လောက်ဘူုး ထင်ကြတယ်။ အဓိက က သံတွဲ မြို့နဲ့ ပတ်ဝန်း ကျင် အဖြစ်များတယ် ပေါ့နော်. အရမ်းအရေးကြီးတယ် ကျား/မ မရွေး အရေးကြီးပါတယ်။
ကျမ ပြောချင်တာက တော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ စာသင်ကျောင်းတိုင်းမှာ မူလတန်းမှ အထက်တန်းထိ သင့်တော်တဲ့ အရွယ်နှင့် လိုက်ပြီး စာကြည့်တိုက်လိုအပ်ပါတယ်။ ဘာသာရေးကိုင်းရှိုင်းတတ်အောင် သင်ပေးစေချင်ပါတယ်။ မြန်မာယ့ဉ်ကျေးမှုတွေ ထိန်း သိမ်းတတ်အောင် သင်ပေးစေချင်ပါတယ်။ အသက်အရွယ် မရွေး စာဖတ်တတ်စေချင်ပါတယ်။ လူကြီးတွေက အများအားဖြင့် စာဖတ်တာဟာ ကလေးတွေ အလုပ်လို့ ထင်ကြပါတယ်။ ကျမ အမြင်က မဟုတ်ပါဘူး။ လူကြီး တွေလည်း စာဖတ်သင့်ပါတယ်။ အရွယ်နဲ့ လိုက်ပြီးတော့ပေါ့။ လူကြီးက ရွေသွေး ဖတ်စရာတော့ မလိုပါဘူး။ လူကြီး အများစု ဘုန်းကြီး ကျောင်းသွားရင် ကလေး တွေကို မခေါ်ဘဲ သွားတတ်ကြတယ်။ သူများ ဘာသာမှာ အဲလို မဟုတ်ပါဘူး။ ခေါ်သွားသင့်ပါတယ်။ ဒါမှ ဘာသာရေး အကြောင်း စိတ်ဝင်စားလာလိမ့်မယ်လို့ ထင်ပါတယ်။
ကျမတို့ရခိုင်ပြည်မှာ အလုပ်အကိုင်တွေလည်း အရမ်းအားနည်းပါတယ်။ ဒါကြောင့် မလာချင်ဘဲ သူများနေရာတွေကို လာကြရတဲ့ အတွက် စိတ်ပျက်ဖို့လည်းကောင်းပါတယ်။ စိတ်ပျက်မိပါတယ်။ မိဘနဲ့ ဝေးပြီး လာလုပ်ရတဲ့အခါ အဆင်မပြေမှုက အဆင်ပြေမှု ထက်ပိုများပါတယ်။
လူမျိုး အများစုက ရခိုင်လူမျိုးတွေကို သွေးစည်းတယ်လို့ ထင်ကြတယ် ထင်သလောက် မဟုတ်ပါဘူး။ ရန်ကုန်မှာ လာတွေ့လို့ သာ ရခိုင်များ ဆိုပြီး ရှိကောင်းရှိပါလိမ့်မယ်။ ရခိုင်ပြည်မှာ ဒီလိုရှိတာ နည်းပါတယ်။ ကျမ အမြင်ကတော့ ငါ့သားမှ ငါ့ သမီးမှ ငါ့ အမျိုးမှ ဆိုတဲ့ တစ်ကိုယ်ကောင်း စိတ်ဓါတ်တွေ အရမ်းရှိနေပါသေးတယ်။ ရန်ကုန်ရောက်မှ စည်းရုံးတာမျိုး မဟုတ်ဘဲ ရခိုင်ပြည် မှာလည်း ရခိုင်များကို စည်းရုံးစေချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ  တောင်ပိုင်း မြောက်ပိုင်း ခွဲခြားမှု ဆိုတာလည်း ရှိနေသလိုပါပဲ။ ဒါကိုတော့ ကျမ သိပ်နုားမလည်ပါဘူး။  ကျမ   ရေးလိုက်တဲ့ စာကြောင်းတွေက ကောင်းချင်မှ ကောင်းလိမ့်မယ်။ မှန်ချင်မှ မှန်လိမ့် မယ်။ မှားခဲ့ရင်လည်း တောင်းပန်ပါတယ်။
ကျမ အမြင်ကို ရေးပေးခွင့်ရတဲ့အတွက် Arakan Review ကို ကျေးဇူး အများကြီး တင်ပါတယ်။

No Response to "ရင်တွင်းစကား၊ ရခိုင်ပြည်သားများ ကြားစေသား"

Leave A Reply