Saturday, January 19, 2013
ဗမာ့ကိုလိုနီကျွန်ပြုစနစ်အောက်မှာ မျိုးပျောက်ခါနီးနေပြီ
ဗမာကိုလိုနီကျွန်ပြုစနစ်ဆိုပြီး ပြောလိုက်တော့ ဗမာမျိုးနွယ်စုတွေ ဆက်ဆက်ခါနာကြမှာအမှန်ပါပဲ ဒါပေမဲ့ အကျိုးတူခံစားတတ်ကြတဲ့ ဗမာ့ပညာရှင်တွေကတော့ ကောင်းကောင်းကြီးလက်ခံကြမှာပါ၊ ဗမာပြည်ကိုအင်္ဂလိပ်တို့အုပ်ချုပ်တုန်းက အမျိုးသမီးတွေကို မုဒိမ်းကျင့်
ရွာတွေမှာ ဆပ်ကြေးတောင်း အဲချိန်မှာ ဗမာတွေမျက်ရည်ဝဲဝဲနဲ့ အင်္ဂလိပ်ကိုလိုနီစနစ်ဆိုးကြီးရယ်လို့ အံကိုက်ကာကြိမ်းမောင်းခဲ့ကြတယ် ဒီချိန် အောင်ဆန်းက မြန်မာနိုင်ငံ ဖာနိုင်ငံဖြစ်နေပြီလို့ပြောတော့ အောင်ဆန်းစကားလုံးရိုင်းပေမဲ့ အနှစ်သာရရှိတဲ့ စကားလုံးအဖြစ် မှတ်တန်းတင်ခဲ့ကြတယ်၊ ဒါကြောင့် တိုင်းရင်းသားတို့ရဲ့နွေးထွေးသောအချစ်အင်အားနဲ့ စုပေါင်းကာတော်လှန်တိုက်ပွဲဝင်ခဲ့ကြတယ်၊ပြည်သူတွေမျော်မှန်းနေတဲ့ လွတ်လပ်ရေးရလာတဲ့တနေ့မှာတော့ တိုင်းရင်းသားတွေဟာ အင်္ဂလိပ်ကိုလိုနီစနစ်မှ ဗမာ့ကိုလိုနီကျွန်ပြု စနစ်ဆိုးကြီးကို ပခုံးပြောင်းလိုက်တာပါပဲ၊ ဒါကြောင့် ဒီကနေ့ အောင်ဆန်းစကားလုံးဟာ သံသရာတပတ် လည်ပတ်ကာလာပြန်ပြီ၊ တိုင်းရင်းသူတွေဟာ နှစ်ပေါင်း၆ဝ ကျော် ဗမာကိုလိုနီကျွန်ပြုစနစ်အောက်မှာ ထမင်း နပ်မှန်ဖို့အတွက် တိုင်းတပါးမှာ ဖာခံရပါတော့တယ်၊ တိုင်းရင်းသားတိုင်းပြည်တွေဟာလည်း ဖာပြည်ကြီးထက်ဆိုးတဲ့ပြည်ကြီးဖြစ်လာတော့တယ်၊ ဘယ်မှာလည်းကိုယ်ပိုင် စာပေသမိုင်း ဘယ် မှာလည်း ကိုယ်ပိုင် ပစ္စည်းဉစ္စာ ဘယ်မှာလည်း တိုင်းရင်းသားတွေရဲ့ အသက်လုံခြုံမူ ကိုယ်ရှာလို့ရတဲ့ငါးကိုတောင် ကိုယ်စားပိုင်ခွင့်မရှိ ကိုယ့်ပြည်ကကျောက်တွေကို ကိုယ်ထူးပိုင်ခွင့်မရှိ ကိုယ့်ပြည်က ဂါစ်တွေကို ကိုယ်သုံးပိုင်ခွင့်မရှိ တနိုင်ငံလုံးမှာထွက်သမျအရာဟာ ဗမာ့သွေးစုပ်ဖုတ်ကောင်ဆီရောက်တော့တာပါပဲ၊ ဒါကို ဝေဖန်တို့လည်း သောင်းကျန်းသူဆိုပြီး ဖမ်းစီးသတ်ဖြတ်တော့တာပါပဲ၊ တိုင်းရင်းသားတွေ သခင်အောင်ဆန်းဆိုပြီးဂုဏ်ပြုနေချိန်မှာ တိုင်းရင်းသားဂေါင်းဆောင်တွေကိုတော့ သူပုန်ဂေါင်းဆောင်ဆိုပြီး မျိုးဖြုန်းတော့တာပါပဲ၊ တိုင်းရင်းသူတွေကို မုဒိမ်းကျင့်သတ်ဖြတ်တယ်ဆိုတာတော့ နေ့တူတူဝ အဖြစ်ပျက်တွေမို့ရိုးနေပါပြီ မရိုးနိုင်တာက တိုင်းရင်းသားဂေါင်းဆောင်တွေ သိသိနဲ့ လိမ်တာကိုကြိုက်နေကြတာပါပဲ၊ လုပ်စားခွင့်တွေပေး သွားလာခွင့်တွေပေးလိုက်တော့ မြင်းကိုတန်ဆာဆင်ပေးသလို စီးချင်သလိုစီး ငြိမ်ခံနေတော့တာပါပဲ၊ ကိုယ့်သမိုင်းကိုယ့်ယဉ်ကျေးမူကို ထိမ်းသိမ်းရမယ်ဆိုပြီးပြောခဲ့ကြ တဲ့ဂေါင်းဆောင်တွေစကားလုံးဟာလည်း ငပိရည်တခွက်လောက်တောင် တန်ဖိုးမရှိတော့ဘူး၊ အခွင့်ရေးကို ပြည်သူကိုထက်ချစ်တတ်တာမို့ တော်လှန်ရေးခရီးဟာ ဗမာ့ကိုလိုနီကျွန်ပြုစနစ်အောက်မှာ မျိုးပျောက်ခါ နီးလာတော့တယ်။ ဒုတိယပိုင်းမှာဆက်တွေ့ကြရအောင်နော် တိုက်ပွဲအတွင်းမှာ ဂေါင်းဆောင် အသံတွေပျောက်တာ သီးခံပေးပါ၊ ငြိမ်းချမ်းရေးယူနေလို့ပါ၊
နဒီစောလင်း ၁ ၊ ၁ဝ ၊ ၂ဝ၁၃
⦁
No Response to "ဗမာ့ကိုလိုနီကျွန်ပြုစနစ်အောက်မှာ မျိုးပျောက်ခါနီးနေပြီ"
Leave A Reply