Sunday, September 29, 2013

လေးမြို့ခေတ် မင်းထီး

Posted on 5:17 PM by tun tun



===========
# မဆိုင်မပိုင်
နန်းတိုင်မှာ ကွမ်းကိုင်လို့ထုံးသုတ်
မိန့်တော်ထုတ်၊ ပြစ်စီရင်။

# ထုံးသုတ်လျှင်ဒဏ်ခတ်
သူ့လက်ညှိုးကိုဖြတ်။

# ဘုရင်မင်းမြတ်သူကိုယ်တိုင်
နန်းတိုင်မှာ ထုံးသုတ်မိလို့
ကိုယ်ထုတ်မိန့်ကိုယ်နာယူ
တိုင်းပြည်သူကြည်ဖြူသည့်မင်းကြီး
တရားစည်ကို အမှန်တီးရေ
လေးမြို့ခေတ်မင်းထီး။

# ကျေးဇူးရှင် ကိုယ်ဝရီး
သူခိုးကြီးနန့်အပေါင်းပါ
မျက်နှာသာသူမပီင်္း
ပြစ်ဒဏ်မှာ
သီဒဏ်ပီးရေ
လေးမြို့ခေတ်မင်းထီး။ ။
(သျှင်အုန်း)
၂၉-၉-၂၀၀၆နေ့ကွယ်လွန်သောကဗျာဆရာကြီးသျှင်အုန်းအမှတ်တရ။

No Response to "လေးမြို့ခေတ် မင်းထီး"

Leave A Reply